မင်ဖုန်းအဆောက်အအုံ၊ ခက်ခဲသောတိုက်ပွဲ
Vol. 15 Ch. 212
"တုရှန်းရှို ဘယ်တုန်းက သေသွားတာလဲ"
ချန်ရှီဟာ ပျော်ရွှင်သစ်တောမှ ထွက်ခွာပြီး မင်ဖုန်းအဆောက်အအုံသို့ ဦးတည်သွားခဲ့ပြီ ဖြစ်သော်လည်း စီးထူဝမ်းကတော့ ထိုမေးခွန်းအတွက် စဉ်းစားနေဆဲ ဖြစ်သည်။
ချန်ရှီ လှုပ်ရှားနေတာကို သူ မမြင်ခဲ့ရသလို ချန်ရှီ ဘယ်လို စွမ်းအားကို ဘယ်လို သုံးသွားသလဲ ဆိုတာကိုလည်း နားမလည်ခဲ့ပေ။ သူသည် ရုပ်သေးကို ချန်ရှီ၏ နားပေါက်ထဲတွင် ဝှက်ထားနိုင်ဖို့ ထိန်းချုပ်ခဲ့သည်။ ချန်ရှီ အမြန်လှည့်ပြီး လောင်းကစားအိမ်နဲ့ သစ်တောထဲက ထွက်သွားတာကိုသာ သူသိလိုက်သည်။
အခြေတည်ဝိညာဥ် နယ်ပယ်ကို သတ်ပစ်ခြင်းက လုံးဝတိတ်ဆိတ်နေလိမ့်မည် မဟုတ်ပေ။ အထူးသဖြင့် ဤအခြေတည်ဝိညာဥ် သခင်သည် တခြားအခြေတည်ဝိညာဥ် သခင်ရှစ်ဦးဖြင့် ဝန်းရံထားသောအခါတွင်ပင်။
တုရှန်းရှိုဟာ အသံတိတ်နတ်ပြောင်းကျင့်စဥ်ကို လုံးဝ မဖျော်ဖြေခဲ့ရသလို ၎င်း၏ အခြေတည်ဝိညာဉ်ကိုလည်း မထုတ်ခဲ့ပေ။ သူ့တွင် ရွှေချည်ကြိုး ၀တ်ရုံကို အသုံးပြုရန် အချိန်မရှိခဲ့ဘဲ ကင်းကောင်ကြီး ၈ကောင်ကလည်း ဘယ်လိုမှ မလှုပ်ရှားခဲ့ရချေ။
သူဒီလိုပဲသေသွားတာလား?
ချန်ရှီ ကြွားလုံးထုတ်နေတယ်လို့သာ သံသယ ဝင်နေခဲ့သည်။
"သူ ဘယ်လိုသေသွားတာလဲ"
"ရွှေဝတ်ရုံက ခေါင်းကို မဖုံးထားဘူးလေ!"
ချန်ရှီက အပြစ်တင်လိုက်သည်။
"ရွှေ၀တ်ရုံရဲ့ လုပ်ဆောင်ချက်က ချပ်ဝတ်တန်ဆာနဲ့ ညီမျှတယ်... ဘယ်သူက ချပ်ဝတ်တန်ဆာကို ခေါင်းမှာ ဝတ်လို့လဲ? အဲ့တော့ ချပ်ဝတ်တန်ဆာကို ဘာလို့ ဝတ်ထားနေသေးတာလဲ... ခေါင်းကို မကာကွယ်ဘဲ ရွှေဝတ်ရုံကို ဝတ်မနေနဲ့ပေါ့ ၀တ်စုံကို ကျွန်တော် သူ့ကို ခေါင်းနောက်ကို ထိုးလိုက်တာ!"
စီးထူဝမ်းက သူဆက်ပြောမည့်စကားကို စောင့်ဆိုင်းခဲ့သော်လည်း အချိန်အတော်ကြာအောင် စောင့်ပြီးနောက် ချန်ရှီက စကားမပြောသေးပေ။
"ထိုးပြီးတော့ ဘာဖြစ်သွားလဲ"
"သူသေသွားတယ်လေ..."
စီးထူဝမ်း ရူးလုမတတ် ဖြစ်သွားသည်။
"သူဘယ်လိုလုပ် သေနိုင်မှာလဲ သူ့ရဲ့အခြေတည်ဝိညာဉ်က ဘယ်မှာလဲ သူ့ရဲ့ အသံတိတ်နတ်ပြောင်း ကျင့်စဥ်ကရော ကင်းကောင်ကြီး ၈ကောင်ကရော? အဲ့ရှစ်ကောင် မသုံးရသေးတဲ့ ပေါင်းစပ်တိုက်ခိုက်ရေး စွမ်းရည်လည်း ရှိသေးတယ်လေ... သူဘယ်လိုလုပ် သေနိုင်မှာလဲ"
ချန်ရှီလည်း အနည်းငယ် ပဟေဠိဆန်သွားသည်။
"ကျွန်တော် တစ်ယောက်ယောက်ကို သတ်ပစ်မယ်... တစ်ယောက်ယောက်ကို သတ်ဖို့က ပိုလွယ်လေ ပိုကောင်းလေပဲ...အဲ့ကျရင် ကျွန်တော် သူ့ကို သတ်လိုက်ရုံပဲ... ခက်ခက်ခဲခဲ မတိုးချင်ဘူး ကျွန်တော်က သူ အသံတိတ်နတ်ပြောင်းကျင့်စဥ် ထုတ်သုံးတာတို့ ကင်းကောင်ကြီး ၈ကောင် ပေါင်းစပ်ထားတဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပြခိုင်းနေရမှာလဲ... သူတို့ရဲ့ ကျွမ်းကျင်မှုကို မသုံးနိုင်ခင် တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာက ပိုထိရောက်တယ်လေ..."
စီးထူဝမ်း ခဏမျှ တိတ်ဆိတ်သွားပြီး ရေရွတ်လိုက်သည်။
"သူ့ရဲ့ ရွှေဝတ်စုံ..."
"သူ ဦးထုပ်မဆောင်းဘူး"
စီးထူဝမ်းက ဒေါသအရမ်းထွက်လာပြီး "လောင်းကစား အိမ်ထဲကို ဘယ်သူက ဦးထုပ်ဆောင်းလာမှာလဲ?"
အထူးသဖြင့် ဤလောင်းကစားအိမ်သည် ၎င်းရဲ့ ပိုင်ဆိုင်မှု ဖြစ်သောကြောင့် ဖြစ်သည်။ ကိုယ်ပိုင်အိမ်ထဲ ဝင်တဲ့အခါ နေရာတိုင်းမှာ အစောင့်တွေရှိပြီး သူ့ကိုကာကွယ်ပေးတဲ့ သခင်ရှစ်ယောက်လည်း ရှိလေရာ ဦးထုပ်ဆောင်းဖို့ ဘယ်လိုသေးပါ့မလဲ။
ချန်ရှီ အံ့ဩသွားပြီး ပြန်ပြောလိုက်သည်။
"ဦးထုပ်မဆောင်းရင် သူဘာလို့ ရွှေရောင် ၀တ်စုံကို ဝတ်ထားတာလဲ... အဲဒါ မလိုတော့ဘူး မဟုတ်ဘူးလား"
"မင်းသာ ငါ့ကိုသတ်ရင် ဘယ်နှစ်ချက်လောက်သုံးမှာလဲ" လို့ မပြောခင် စီးထူဝမ်း အကြာကြီး နှုတ်ဆိတ်နေခဲ့သည်။
ချန်ရှီ ခဏလောက် စဉ်းစားလိုက်ပြီးမှ "နှစ်ချက်ရွှေ့" လို့ ပြောလိုက်လေသည်။
စီးထူဝမ်းက မသိချင်ယောင်ဆောင်ကာ ထပ်မေး၏။
“ဘယ်လိုလုပ်မှာလဲ ပြောပြလို့ရမလား”
"ကျွန်တော်ခင်ဗျားကို သတ်ချင်ရင် ငွေအပ်တွေကို နှံကောင်ဖြစ်အောင် အရင်ပြောင်းမယ်... ပြီးရင် ခင်ဗျားရဲ့ ရုပ်သေးမှာ ချိတ်ပြီး ကွမ်းရှန်းအဖွဲ့ထဲ ဝင်မယ် ပြီးရင်တော့ အဲဒီနှံကောင်လေးတွေက စွမ်းအင်ဗဟိုချက်ပေါ်မှာ တွားသွားပြီး အခန်းတွေထဲ ဝင်လာမယ်။ ခင်ဗျား ခန်းမထဲမှာ ရပ်နေရင်တော့ ခင်ဗျားရဲ့အာရုံကိုဆွဲဆောင်ဖို့ ကျွန်တော်ကတော့ လမ်းပေါ်မှာ ပေါ်လာလိုက်မယ်လေ...."
စီးထူဝမ်း အသက်ပြင်းပြင်းရှူပြီး ညည်းညူလိုက်သည်။
"မင်းရဲ့ အာရုံကို စွဲဆောင်ပြီး ငါ့ရဲ့ ခွန်အားရှိသမျှကို စွမ်းအင်ဗဟိုချက်ထဲ အသက်သွင်းနေတဲ့ အချိန်မှာ အဲဒီနှံကောင်တွေက ငွေအပ်တွေအဖြစ် ပြန်ပြောင်းလာပြီး ငါ့ကို ချက်ချင်း ထိုးဖောက်လိုက်မှာပဲ ဟုတ်တယ်လား?"
"မှန်တယ်!"
စီးထူဝမ်း တုန်လှုပ်သွားပြီး ခဏအကြာတွင်တော့ သူက "ဒါက အရမ်းကောင်းတဲ့ လှုပ်ရှားမှုတစ်ခုပဲ" လို့ မှတ်ချက် ပေးလိုက်တော့သည်။
ချန်ရှီ: "ခင်ဗျားရဲ့ အာရုံကို စွဲဆောင်ဖို့ ကျွန်တော် လူကိုယ်တိုင် ပေါ်လာတယ်... ဒါက တစ်ချက်၊ ဓားပျံတွေနဲ့ လူကို သတ်လိုက်တာ နောက်တစ်ချက်... စုစုပေါင်း လှုပ်ရှားမှု နှစ်ခု..."
စီးထူဝမ်း တိတ်ဆိတ်သွားပြန်သည်။
"ဒါဆို မင်းငါ့ကို ဒီနည်းနဲ့ ဘာလို့ မသတ်တာလဲ"
ချန်ရှီ ပြုံးလိုက်သည်။
"ခင်ဗျားရဲ့ ရုပ်သေးပညာက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် ခင်ဗျားလည်း စိတ်ဝင်စားဖို့ကောင်းတယ် ကျနော့်အဘိုးက တခြားသူတွေကို အမြဲတမ်း ရန်ဖြစ်ပြီး မသတ်တတ်ဖို့နဲ့ ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ သူငယ်ချင်းဖြစ်အောင် လုပ်ဖို့ သင်ပေးခဲ့တယ် အဲဒါကြောင့် ခင်ဗျားက စိတ်ဝင်စားစရာကောင်းတဲ့လူ ဟုတ်မဟုတ် သွားကြည့်ဖို့ ကွမ်းရှန်းအဖွဲ့အစည်းကို လာဖို့ ဆုံးဖြတ်လိုက်တာ!"
အဘိုးပြောတာကို အရမ်းနားထောင်တတ်တဲ့ ကလေးတစ်ယောက်ပါ။
စီးထူဝမ်း အကြာကြီး နှုတ်ဆိတ်နေပြီး “ကျေးဇူးပဲ အဘိုး” လို့ ပြောလိုက်မိတော့သည်။ အဲဒီအဘိုးအိုရဲ့ စကားကြောင့်သာ မဟုတ်ရင် သူ့ခန္ဓာကိုယ်ဟာ အခုအချိန်မှာ အေးစက်နေလောက်ပြီ။
ချန်ရှီ: "ရပါတယ်ဗျာ"
သူတို့နှစ်ဦးသည် အော်ပရာများကို အဓိကထားဖျော်ဖြေသည့် ပြဇာတ်ရုံဖြစ်သည့် မင်ဖုန်းအဆောက်အအုံသို့ ရောက်လာကြသည်။ ယွိတူးတွင် အရွယ်အစား အမျိုးမျိုးရှိသော အော်ပရာအဖွဲ့ တစ်ဒါဇင်ကျော်ရှိပြီး ဆိုင်ရှင်ချိုကတော့ ၎င်းတို့အားလုံး၏ ပိုင်ရှင်ဖြစ်သည်။
ဆိုင်ရှင်ချိုသည် မင်ဖုန်းအဆောက်အအုံ၏ မူတန်းနန်းဆောင်ထဲတွင် နေထိုင်သည်။ ယခုည၏ ဒုတိယ အချိန်ဖြစ်ပြီး ကောင်းကင်သည် မတောက်ပသေးဘဲ လရောင်ကသာ တောက်ပနေပေပြီ။
ချန်ရှီသည် ဟေးကော်နဲ့အတူ နံရံကို ကျော်တက်ပြီး မင်ဖုန်းအဆောက်အအုံထဲ ဝင်လာခဲ့သည်။ အထဲ၌ အခန်းများရှိပြီး မီးများဖွင့်ထားသည်။ အချို့သော အကြီးတန်း ကျောင်းသားများသည် စောစောထပြီး သူတို့ရဲ့ အသံများကို နွေးထွေးစေပြီး အခန်းထဲတွင် ရယ်မောလေ့ကျင့်နေကြသည်။
"ဝိုး... အဟားဟားဟား-"
ချန်ရှီသည် မူတန်းနန်းဆောင်ဆီသို့ စင်္ကြံအတိုင်း လျှောက်သွားခဲ့သည်။ ခြံဝင်းထဲတွင် အမျိုးသမီးတစ်ဦးသည် သူမ၏ အင်္ကျီလက်စများကို ဖြန့်ကာ မြူခိုးထဲတွင် ကခုန်နေ၏။ အစောကြီးနိုးပြီး ကခုန်လေ့ကျင့်နေတဲ့ အမျိုးသမီး ဇာတ်ဆောင်ဖြစ်ရမည် သူမသည် ချောမောပြီး ဆွဲဆောင်မှုရှိသော ရုပ်ရည်ရှိသည်။
ချန်ရှီ ရေခိုးရေငွေ့များကြား ဖြတ်လျှောက်သွားစဥ် အဝေးမှ အခြားကျောင်းသားဟောင်း တစ်ဦး၏ လည်ချောင်းရှင်းသံကိုပါ ကြားလိုက်ရသည်။
"မြင်းဖြူစီးလို့....နယ်မြေတိုးချဲ့!"
"ယန်လျောင်ကို သတ်ပြီး ဝမ်ချိုကို သေဒဏ်ပေး!"
"ရှေးမြို့ဟောင်းက ချိုင်ယန်ရဲ့ ဦးခေါင်းကို ဖြတ်...!"
"တတိယမြောက်ညီဟာ လည်ချောင်းကို ကိုက်လို့ကောင်းတဲ့ မြွေလှံလို စိတ်ထားရှိပါတယ်"
……
ချန်ရှီသည် ဥယျာဉ်တစ်ခုရှိ ရေကန်ငယ်တစ်ခုကို ဖြတ်သွားကာ ရေကန်၏ တစ်ဖက်ခြမ်းရှိ မူတန်းနန်းဆောင်သို့ ရောက်လာခဲ့သည်။ မူတန်းနန်းဆောင်ကတော့ စင်မြင့်တစ်ခု ဖြစ်ကာ သူ လှမ်းကြည့်နေတုန်း စီးထူဝမ်းရဲ့အသံက ထပ်ထွက်လာသည်။
"ဆိုင်ရှင်ချိုနဲ့ အကြိမ်ကြိမ် တွေ့ဖူးတယ်... ဒါပေမဲ့ တစ်ခါတလေ သူက ယောက်ျား၊ တစ်ခါတလေ မိန်းမ၊ တစ်ခါတလေ ပိန်တဲ့အဘိုးကြီး၊ တစ်ခါတလေ မိန်းကလေးတစ်ယောက်... သခင်လေးလိုပဲ မျက်နှာမှန်နဲ့ သိပ်မတွေ့ရဘူး... ဒီလူအကြောင်း သိပ်မသိရဘူး... သူက အော်ပရာအဆိုတော် ဖြစ်ခဲ့ဖူးပြီး နောက်ပိုင်းမှာ ချမ်းသာကြွယ်ဝလာလို့ ဇာတ်ရုံပိုင်ရှင် ဖြစ်လာတယ်... သူ့ကို သခင်လေးက မိုးကြိုးခန္ဓာကျင့်စဥ် သင်ပေးလိုက်တော့ အရင်ကထက် ပိုအားကောင်းလာတယ်..."
ချန်ရှီ ရေကန် တစ်ဖက်ကမ်းမှ ထွက်လာသော အသံကို ကြားလိုက်ရသည်။
"...သူ ရေသောက်ပြီး တံတားကို ချိုးလို့ ရေတွေကို နောက်ပြန်စီးဆင်းစေတယ်... သူ့ရဲ့ စတုတ္တတပည့် စစ်သူကြီး လုံချောင်ရှန်းက သူရဲကောင်းပါ... သူက အားသို့ ကို ချောင်ပန်းဖော့မှာ ကယ်တင်ပြီး စစ်သည်တွေ အားလုံးကို သတ်ပစ်ခဲ့တယ်"
ချန်ရှီသည် မူတန်းနန်းဆောင်ရဲ့ တံခါးသော့ကို ချိုးဖျက်ဖို့ လက်ဖဝါးကို ညင်သာစွာ ယမ်းလိုက်သည်။ သူသည် အထဲသို့ ဝင်ကာ တံခါးကိုပိတ်ရန် လှည့်ကြည့်လိုက်သည်။
အပေါ်ထပ်မှ အသံများ ထွက်ပေါ်လာသည်။
စီးထူဝမ်း : "ဆိုင်ရှင်ချိုရဲ့ ခွန်အားကို ကျုပ် တစ်ခါမှ မတွေ့ဖူးဘူး ဒါပေမယ့် လူတိုင်းက အတူတူလောက်ပါပဲ ဒါပေမယ့် သူ့ရဲ့ မိုးကြိုးခန္ဓာကျင့်စဥ်က အရမ်း အစွမ်းထက်ပြီး ကြီးစိုးတဲ့ ကိုယ်ခံပညာတစ်ခုလို့ ကြားဖူးတယ်"
"... လျိုပေ့ကို သတ်ရင် အရေးမကြီးပါဘူး ဒါပေမယ့် သူ့အစ်ကိုတွေက ဒါကိုကြားပြီးရင် ဘယ်လိုလုပ် လွှတ်ထားနိုင်ပါ့မလဲ"
ချန်ရှီ ပတ်ပတ်လည်ကို ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားသည်။ မူတန်းနန်းဆောင်ရဲ့ နံရံများပေါ်တွင် အော်ပရာ မျက်နှာဖုံးများ ချိတ်ဆွဲထားသည်။ အဘိုးကြီး၊ လူငယ်၊ ကိုယ်ခံပညာရှင်၊ ပန်းပွင့်လို အမျိုးသမီး၊ မိန်းမပျို၊ စစ်သည်တော်၊ ကလေးကဲ့သို့ အမျိုးသား၊ စစ်သူကြီး၊ အဓိက ဇာတ်ကောင်နှင့် သိုင်းပညာရှင် စသည့် အခန်းကဏ္ဍများအတွက် မျက်နှာဖုံးများစွာ ရှိကာ အားလုံးက အသက်ဝင်လှသည်။
ချန်ရှီ လျင်မြန်စွာ လှည့်ကြည့်လိုက်ပြီး လှေကားကို တွေ့တော့ အပေါ်ထပ်သို့ တိတ်တဆိတ် တက်လာခဲ့သည်။
"....လှည့်ကြည့်တော့ မယ်တော်ဘုရင်မ~"
သီချင်းဆိုသံ ကြားတော့ ချန်ရှီလည်း လန့်သွားသည်။ "လှည့်ပါ" ဆိုတဲ့ စကားလုံးကို အဆိုတော်က ဆိုလိုက်စဥ် ချန်ရှီ မူတန်းနန်းဆောင်ကို ရောက်နေပြီ။
သီချင်းဆိုသံက အောက်ထပ်ကနေ ထွက်လာသလို သို့မဟုတ် နံရံထဲကနေ ထွက်လာသလိုပင်။ အောက်ထပ်တွင် ဘယ်သူမျှမရှိ၊ နံရံပေါ်က လူရွှင်တော် မျက်နှာဖုံးများသာ ရှိနေသည်။
ယခုအချိန်တွင် ဆေးခြယ်ထားသော မျက်နှာဖုံးသည် အော်ပရာတစ်ခု ဖျော်ဖြေနေသည်ဟုပင် ထင်စရာ ဖြစ်နေ၏။
ချန်ရှီရဲ့ နှလုံးခုန်သံများ ပြင်းထန်လာခဲ့ကာ အပေါ်ထပ်သို့ အရှိန်ပြင်းပြင်းဖြင့် ပြေးသွားခဲ့သည်။ မူတန်းနန်းဆောင်ရဲ့ ဒုတိယထပ်တွင် အိပ်ခန်းတစ်ခန်းရှိသည်။ ဒါဇင်နဲ့ချီတဲ့ အဖြူရောင်ပိတ်ပါးလွှာ ကုလားကာတွေ တွဲလောင်းချထားရာ ချန်ရှီ ပိတ်စ ကန့်လန့်ကာများကို အမြန်ဖြတ်ကာ အခန်းအလယ်သို့ ပြေးဝင်သွားခဲ့သည်။ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ကုတင်က လွတ်နေပြီး စောင်ကို ရုတ်သိမ်းထားတာ တွေ့လိုက်ရသည်။
၎င်းကိုထိရန် လက်လှမ်းလိုက်သောအခါ စောင်က ပူနေသေးသည်။
ဆိုင်ရှင်ချို ထသွားတာ မကြာသေးချေ။
ချန်ရှီ လှည့်ကြည့်လိုက်တော့ ဒီအိပ်ခန်းက အံ့သြစရာ ကောင်းလောက်အောင် ကျယ်နေတာ တွေ့လိုက်ရသည်။ အပြင်ဘက်လေက ကန့်လန့်ကာတွေကို မှုတ်ထုတ်လိုက်ပြီး နံရံတွေပေါ်မှာ ခြယ်ထားတဲ့ သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေရဲ့ မျက်နှာကြီးများကို ဖော်ထုတ်လိုက်ပါ၏။
နံရံလေးခုစီတွင် သရဲမျက်နှာ တစ်ခုစီ ရှိသည်။ အချို့မှာ မျက်နှာစိမ်းနှင့် အစွယ်များ ၊ အချို့မှာ မျက်လုံးသုံးလုံးနှင့် ဆံပင်နီများ ၊ အချို့မှာ ခေါင်းသုံးလုံး ရှိပြီး နောက်ဆုံး မျက်နှာက လည်ပင်းတွင် သွေးစွန်းနေသော လူဦးခေါင်း ရှိသည်။ နံရံလေးခုရှိ သရဲများနှင့် နတ်များ၏ မျက်နှာများကို ဂရုတစိုက် စုတ်တံဖြင့် ခြယ်သထားသည်။ သရဲတစ္ဆေများနှင့် နတ်များ၏ မျက်နှာများကို သရုပ်ဖော်ခြင်းသည် လူတို့ကို လှောင်ပြောင်၊ ကြမ်းတမ်းသော မျက်လုံးများဖြင့် နံရံများထဲတွင် ပုန်းအောင်းနေကြောင်း လူတို့ကိုပင် ခံစားရစေသည်။
မင်းကို အရပ်ရပ်ကနေ စောင့်ကြည့်နေတယ်ဟု ထင်စေလိမ့်မည်။ တစ္ဆေနှင့် နတ်လေးပါးတို့ရဲ့ မျက်နှာများသည် အလွန်ကြီးမားပြီး နံရံတစ်ခုလုံးကို သိမ်းပိုက်ထားသည်။
"မိမိတို့ရဲ့ ဉာဏ်ပညာကို အခွင့်ကောင်းယူပါ!"
သီချင်းဆိုသံက အောက်ထပ်မှာ ပဲ့တင်ထပ်နေ၏။ ရန်သူကို တန်ပြန် တိုက်ခိုက်ရန် အစီအစဥ်ကို အသုံးပြုသည့် အပိုင်းသို့ ရောက်သောအခါ ဒုတိယထပ် နံရံလေးဘက်ရှိ သရဲတစ္ဆေများနှင့် နတ်ဘုရားများ၏ မျက်နှာများမှာ ပြင်းထန်သော အော်ပရာ လေယူလေသိမ်းဖြင့် ပါးစပ်ကို ရုတ်တရက် ပွင့်ဟလာသည်။
"ငါတို့ ထာဝရ အတူနေမယ်"
ချန်ရှီလည်း တစ်ခုခုမှားနေပြီဆိုတာ သိတဲ့အတွက် အစွန်းရှစ်ပါး ရွှေနန်းတော်ကို ဖွင့်ဖို့ ချက်ခြင်း ဆုံးဖြတ်လိုက်သည်။ တံခါးရှစ်ပေါက်ကို ဆောက်လိုက်တဲ့အခါ တံခါးများတွင် ရွှေရောင်အလင်းတန်းက ဘောလုံးတစ်လုံး အသွင် ပေါ်လာသည်။ တဟုန်းဟုန်း တောက်နေသော နတ်တန်ခိုးသည် ချန်ရှီရဲ့ အသက်ရင်းမြစ်ထဲရှိ အဆင့်၉ ရွှေအမြုတေရဲ့ အလယ်ဗဟိုသို့ တိုးလာသည်။
တစ်ချိန်တည်းမှာပင် နံရံလေးခုရှိ သရဲများနှင့် နတ်ဘုရားများ၏ မျက်နှာများသည် အပြင်ဘက်ကို ရုန်းကန် ဖောင်းကားတာကြောင့် ပြားချပ်ချပ်မှ သုံးဖက်မြင်အဖြစ်သို့ ပြောင်းလဲသွားသည်။ အက်ကွဲနေသော အလင်းရောင်ကြောင့် ၎င်းတို့သည် နံရံများထဲမှ အမှန်တကယ် ပေါက်ထွက်ခဲ့သည်။
ချန်ရှီ အနီးတစ်ဝိုက်က တစ္ဆေမျက်နှာ လေးခုသည် အရပ်ရပ်မှ ထွက်ပေါ်လာပြီး သူ့အပေါ်တွင် ထိတ်လန့်တုန်လှုပ်ဖွယ် ဖိအားများ ပေးလာ၏။ သူ့ရဲ့ အစွန်းရှစ်ပါး ရွှေနန်းတော်က တခဏချင်း ကြေမွသွားကာ လျင်မြန်စွာ ကျုံ့သွားသလို သူ့ခန္ဓာကိုယ်သည်လည်း ပြင်းထန်စွာ ညှစ်ခံထားရပြီး တွန့်သွားသည်။
ခဏလေးအတွင်းမှာပဲ သရဲတစ္ဆေနဲ့ နတ်တွေရဲ့ မျက်နှာလေးခုဟာ အတုကနေ အစစ်အမှန်အဖြစ် ပြောင်းလဲသွားပြီး အသွေးအသားအဖြစ် ပြောင်းလဲသွားကာ သွေးထွက်သံယို ပါးစပ်ကြီးများကို ဖွင့်ရင်း ဘက်ပေါင်းစုံကနေ လှမ်းကိုက်လိုက်ကြပါ၏။
ချန်ရှီ ခေတ္တရပ်လိုက်ပြီး ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဒုတိယထပ်၏ ကြမ်းပြင်ပြိုကျကာ သူ့ခန္ဓာကိုယ် လဲကျသွားခဲ့သည်။
မြေပြင်ပေါ် ဆင်းပြီးတာနဲ့ ခေါင်မိုး ပြိုကျလာတာကို တွေ့လိုက်ရသည်။ တစ္ဆေမျက်နှာ လေးခုသည် နှာခေါင်းများ၊ မျက်လုံးများထဲမှ မီးခိုးများ ထွက်လာကာ အိမ်ခေါင်မိုးကို မှုတ်ထုတ်လိုက်ကြသည်။
ချန်ရှီသည် သူ၏ စွမ်းအင်နှင့် သွေးများကို စုစည်းနေစဥ် နံရံများမှ ဆေးသုတ်ထားသော မျက်နှာဖုံးများ ပျံတက်လာတာ တွေ့လိုက်ရသည်။ သူ့ပတ်ဝန်းကျင်မှာ မျက်နှာဖုံးလေးဆယ်ငါးဆယ်လောက်က ပျံဝဲနေသည်။
"မင်းက ချန်ရှီလား?"
အသံတစ်သံ ထွက်ပေါ်လာပြီးနောက် အဖြူရောင်အဝတ်အစား ဝတ်ထားသည့် အရိပ်တစ်ခုက သူ့ထံကျောပေးကာ လေထဲတွင် လွင့်မျောနေသော မင်းသားဟောင်း၏ မျက်နှာဖုံးကို ယူရန် လက်လှမ်းပြနေတာ သတိပြုမိလိုက်သည်။
အဖြူရောင် ၀တ်ထားတဲ့ ပုံရိပ်က သူ့ပုခုံးကို မလှုပ်ဘဲ သူ့လည်ပင်းကိုသာ အရင် ရွှေ့ရင်း ခေါင်းကို ရုတ်တရက် လှည့်လိုက်သည်။
"မင်း ငါ့ကို သတ်ဖို့လာတာလား"
အစိတ်အပိုင်းတွေ မရှိသော မျက်နှာဖြစ်သည်။
မျက်နှာဗလာကြီး!
မျက်လုံး၊ ပါးစပ်၊ နှာခေါင်း၊ နား မရှိ။
သူသည် မင်းသားဟောင်း၏ မျက်နှာဖုံးကို တင်လိုက်သည်နှင့် သူ့မျက်နှာသည် ရုတ်တရက် အသက်ဝင်လာပြီး စင်ပေါ်မှ မင်းသားဟောင်းတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ အလွန်ပင် ကွက်ကွက်ကွင်းကွင်း ဖြစ်သွားသည်။
"မင်းငါ့ကိုသတ်ဖို့ ဒီကိုလာတာပေါ့! ဟားဟားဟား--"
သူ လှုပ်ခါလိုက်တဲ့အခါ သူ့ခြေအောက်မှာ လျှပ်တပြက် လျှပ်စီးလက်သွားပြီး တစ္ဆေတစ်ကောင်လို မြန်ဆန်သွားသည်။ နောက်အခိုက်အတန့်တွင် သူသည် ချန်ရှီ၏ ရွှေအမြုတေ စွမ်းအားနယ်မြေထဲသို့ ဖြတ်သွားခဲ့သည်။
ချန်ရှီ ချက်ချင်း သတ် နိုးကြားလာပြီး မတွေးဘဲ သူ့မိုးကြိုးကိုယ်ထည်ကို တွန်းထုတ်လိုက်သည်။ လျှပ်စီးကြောင်းသည် သူ၏ခြေရင်းအောက်တွင် ပေါက်ကွဲသွားပြီး သူ့ခေါင်းကို တိုက်ခိုက်နေခြင်းအား ရှောင်ရှားလိုက်သည်။
"ဗုန်း!"
လျှပ်စီးကြောင်းများက သူ့ဆီသို့ အပြေးအလွှား ပျံသန်းသွားကြသည်။ ချန်ရှီရဲ့ ဆံပင်များ ပေါက်ကွဲကာ လျှပ်စီးကြောင်းပေါ် လှမ်းတက်ကာ အမြန်ပြန်ဆုတ်သွားခဲ့သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူသည် မူတန်းနန်းဆောင်ကို ဖြတ်သွားခဲ့သည်။ သူ ရုတ်တရက် လှည့်ပြန်ကာ တိုက်ခိုက်မှုကို ရှောင်ရှားရန် ခုန်ဆင်းခဲ့သော်လည်း လျှပ်စီးကြောင်းက ထပ်မံ ဖြတ်သွားကာ နန်းဆောင်ရှေ့ရှိ ရေကန်ငယ်ထဲသို့ ပျက်ကျသွားသည်။
ရေကန်၏မျက်နှာပြင်သည် နေရာတိုင်းတွင် လျှပ်စီးလက်နေပြီး လေလှိုင်းများ ပေါက်ကွဲသွားသည်။
ချန်ရှီ လေထဲ ရောက်နေစဥ် တစ္ဆေနှင့် နတ်ကြီးလေးပါးက သူ့ဆီသို့ စူးစူးဝါးဝါး အော်ဟစ်ရင်း ပြေးလာကြလေ၏။ မျက်နှာစိမ်းနှင့် အစွယ်များပါသော သရဲဦးခေါင်းသည် ပါးစပ်ကိုဖွင့်ကာ အေးစက်သော လေပြင်းများကို မှုတ်ထုတ်သည်။ အေးစက်စက် လေများ တိုက်ခတ်လာသောအခါ ချန်ရှီသည် သူ့အရိုးများကို ကိုက်ပစ်လိုက်သလို ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး တုန်ခါနေပြီး သူ့သွေးတွေ အေးခဲသွားသည်။
မြေပြင်ပေါ် လဲကျသွားစဥ် ကြွက်သားများ တဆတ်ဆတ်တုန်ကာ နာကျင်လာ၏။ မျက်လုံးသုံးလုံးနဲ့ ဆံပင်နီနီ တစ္ဆေဦးခေါင်းက မျက်လုံးသုံးလုံးပွင့်လာပြီး နတ်အလင်းတန်း သုံးစင်းကို ပစ်လွှတ်လိုက်သည်။
ချန်ရှီလည်း ပြင်းထန်သော နာကျင်မှုကို တောင့်ခံရင်း မျက်လုံးသုံးလုံးရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားရန် လှည့်ထွက်သွားခဲ့သည်။ ခေါင်းသုံးလုံး သရဲ၏ ဦးခေါင်းခွံက လေထဲတွင် လှိမ့်သွား၏။ ခေါင်းသုံးလုံးက တဟီးဟီး ရယ်မောနေကြပြီး အသီးသီးက ချန်ရှီဘက်သို့ လောင်ကျွမ်းနေသော မီးချောင်းများကို မှုတ်ထုတ်လိုက်ကြသည်။
"စီးထူဝမ်း!"
ချန်ရှီ ပေသို့ခုနှစ်စင်ကြယ်ပေါ် တက်ပြီး လေထဲတွင် လမ်းလျှောက်နေခဲ့သည်။ သူ့ခြေအောက်မှာလည်း လျှပ်စီးလက်နေ၏။ တိုက်ခိုက်မှုများကို ရှောင်ရှားရန် သူသည် မိုးကြိုးခန္ဓာကျင့်စဥ်ကို အသက်သွင်းနေတာပင်။ ပါးစပ်ကလည်း ဒေါသတကြီးနဲ့ စီးထူဝမ်းကို ခေါ်လိုက်သည်။
"ခင်ဗျားက ဆိုင်ရှင်ချိုနဲ့ သိပ်မကွာဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား...."
ဆိုင်ရှင်ချိုရဲ့ တိုက်ခိုက်မှုကြောင့် စီးထူဝမ်းလည်း ထိတ်လန့်သွားသည်။
"သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို ကျုပ်သိပါတယ်... ဒါပေမယ့် သူ့ကို ဒီလောက်အထိ အစွမ်းထက်မယ်လို့ မမျှော်လင့်ထားဘူး... မိုးကြိုးခန္ဓာ အပြင် သူ့မှာ အရမ်း အစွမ်းထက်တဲ့ စွမ်းရည်တစ်ခုလည်း ရှိနေတယ်... သတိထား!"
ချန်ရှီသည် လည်ပင်းကို လှမ်းကိုက်လာတဲ့ တစ္ဆေခေါင်းကို ရှောင်ခဲ့ပေမယ့် ဆိုင်ရှင်ချိုက အနောက်ကနေ လှမ်းရိုက်ပစ်ခဲ့ရာ ကျောပေါ်ရှိ အဝတ်အစားများ လွင့်ပါးသွားကာ ရေကန်ငယ်ဆီသို့ လှိမ့်သွားခဲ့သည်။
စီးထူဝမ်း အံ့အားသင့်သွားသည်။
"ဘုရင်အစစ်က သူ့တာဝန်ကို မပြီးမြောက်တော့ဘဲ အသေခံရတော့မယ်!"
မိုးကြိုးခန္ဓာကျင့်စဥ်ရဲ့ ကြောက်စရာကောင်းသော စွမ်းအားကို သူ ကောင်းကောင်းသိသည်။
ဤကျွမ်းကျင်မှုသည် မိုးခြိမ်းသံကို ထိန်းချုပ်နိုင်သည်။ ကျင့်ကြံသူတစ်ယောက်ရဲ့ ရွှေအမြုတေ၊ အခြေတည်ဝိညာဥ်နဲ့ ရှေးဦးနတ်ဝိဉာဉ်များသည် အဆောင်လက်ဖွဲ့နဲ့ လက်နက်များကို မကြောက်သော်လည်း ၎င်းတို့အားလုံးတွင် မဖယ်ရှားရသေးသော ယင်စွမ်းအင်များပါရှိပြီး မိုးခြိမ်းသံကို အလွယ်တကူ ခေါ်ယူမိနိုင်သည်။
မိုးကြိုးခန္ဓာကျင့်စဥ်ရဲ့ လှုပ်ရှားမှုတိုင်းတွင် မိုးခြိမ်းသံ ပါရှိသည်။ မိုးကြိုးနဲ့ တွေ့မိရင် ရွှေအမြုတေ ကွဲအက်သွားမည်၊ အခြေတည်ဝိညာဥ် ပျက်စီးသွားကာ နတ်ဝိညာဥ်ဆိုလည်း ပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မည်။
အထူးသဖြင့် မိုးခြိမ်းသံသည် ခန္ဓာကိုယ်ထဲသို့ ဝင်လာသောအခါ ဝိညာဉ် ပျက်စီးပြီး ပျောက်ကွယ်သွားမည်။ မရဏကမ္ဘာကို သွားကာ လူပြန်ဝင်စားမယ့် အခွင့်အလမ်းလည်း ရှိလာမည်မဟုတ်ပေ။
ချန်ရှီဟာ ဆိုင်ရှင်ချိုရဲ့ လက်ဖဝါးကို နောက်ကျောဘက်မှ လက်ခံလိုက်ရသည်။ သူသည် ရွှေအမြုတေနယ်ပယ် အဆင့်၉ တွင်သာရှိသောကြောင့် သူ့ရဲ့ ရွှေအမြုတေက ကွဲအက်သွားကာ သူ၏ဝိညာဉ်သည်လည်း လွင့်ထွက်သွားပြီး သေသွားလိမ့်မည်။
ဒါပေမယ့် ချန်ရှီ မသေသေးချေ။
သူ ရေထဲ ကျသွားတာနဲ့ သူ့ရဲ့ ချီစွမ်းအင် နဲ့ ချီသွေးကို ချက်ချင်း စုစည်းလိုက်ပြီး သူ့ခြေတွေ လက်တွေ နဲ့ အရိုးတွေကို ထိခိုက်စေကာ သူ့ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ လေဆိုးများကို သန့်စင်ပစ်လိုက်သည်။
သူသည် မရေမတွက်နိုင်သော ဝိညာဉ်ပြန် ကြာပန်းများကို စားသုံးခဲ့သူမို့ ဝိညာဥ်က အလွန် သန်မာနေပြီ။ ဆိုင်ရှင်ချိုရဲ့ တိုက်ခိုက်မှုတွင် မိုးခြိမ်းသံ ပါနေသော်လည်း သူ့ဝိညာဉ်ကို ပြာဖြစ်စေတဲ့အထိ မဖျက်ဆီးနိုင်ခဲ့ပေ။
ချန်ရှီ လှည့်၍ ခြေထောက်ကို မြှောက်ကာ ရေကန်မျက်နှာပြင်ပေါ် နင်းရင်း ပေါက်ကွဲသွားတဲ့ အသံနဲ့အတူ သူ့ခန္ဓာကိုယ်သည် လျင်မြန်စွာ ဖောင်းကားလာသည်။ တခဏချင်းတွင် သူသည် ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်း၊ မျက်နှာစိမ်းနှင့် အစွယ်များပါရှိသော နတ်တစ္ဆေတစ်ကောင်လို ဖြစ်သွားသည်။
ဆင်စွယ်၊ ကြိုး၊ လက်ကိုင်တုတ်၊ လေးနှင့်မြှား၊ ဒုစရိုက်သုတ်သင်ရန် ဓားတစ်ချောင်း၊ ဧကရာဇ်မင်းမြတ်၏ ခေါင်းလောင်းကို ကိုင်ဆောင်ထားသော အရပ်ခြောက်ပေရှိ ဧရာမရုပ်ပွားတော်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့ခေါင်းမှာ အနီရောင်ဆံပင်တွေရှိပြီး လျှပ်စီးကြောင်းတွေက ကောင်းကင်အထက်ကို ပျံတက်သွား၏။
"လေနဲ့ မိုးကြိုးပစ်!"
ချန်ရှီရဲ့ တဟုန်ထိုး သွေးနှင့် ချီစွမ်းအင်များသည် ကောင်းကင်သို့ ပြေးတက်သွားကာ ရုတ်တရက် မိုးခြိမ်းသံနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းလာခဲ့သည်။
သူသည် မူတန်းနန်းဆောင်ဆီ ပြေးသွားကာ မျက်နှာစိမ်းနှင့် သွားစွယ်ရှိသော သရဲ၏ ဦးခေါင်းကိုဖြတ်ဖို့ မြှားတစ်စင်းကို ပစ်လိုက်ရင်း ဆယ်ပေကျော်ရှည်သော ဓားရှည်ဖြင့်လည်း ခေါင်းကို တစ်ခြမ်းခွဲပစ်လိုက်သည်။ သူသည် နတ်ထောင်ချောက်ကြိုးကို ဆွဲထုတ်ကာ မျက်လုံးသုံးလုံး၊ ဆံပင်နီရောင် နတ်တစ္ဆေရဲ့ ဦးခေါင်းကို ရစ်ပတ်ကာ ခက်ခက်ခဲခဲ ဆွဲထုတ်လိုက်သည်။ ထို့နောက် တခြားလက်မောင်းက လှံတိုဖြင့် ထိုးချကာ မျက်လုံးသုံးလုံးကို ဖောက်ထုတ်ပစ်လိုက်သည်။
ချန်ရှီ လှည့်၍ ပုဆိန်ဝိုင်းကို လှည့်လိုက်ပြီး ခေါင်းသုံးလုံး သရဲ၏ ခေါင်းကို အလယ်တည့်တည့်မှ ဒေါင်လိုက်ခွဲကာ မကောင်းဆိုးဝါး ဓားဖြင့် အလျားလိုက် လှီးဖြတ်ပစ်လိုက်သည်။
လည်ပင်းတစ်ဝိုက်တွင် လူခေါင်းလည်ဆွဲပါသော တစ္ဆေက ၎င်းကိုမြင်သောအခါ လန့်ဖျပ်သွားပြီး ထွက်ပြေးဖို့ ကြံရွယ်လိုက်သော်လည်း ချန်ရှီက သူ့ကို မြေပြင်ပေါ်သို့ ကန်ထုတ်လိုက်သည်။ ချန်ရှီသည် တစ္ဆေဦးခေါင်းကို နောက်တစ်ကြိမ်ထပ်နင်းပြီး ၎င်းကို ဖောက်လိုက်သည်။
သူသည် လက်ထဲတွင်ရှိသော လက်နက်ခြောက်ခုလုံးကို ဝှေ့ယမ်းကာ ကောင်းကင်မှ မိုးခြိမ်းသံကို ဆွဲဆောင်နေသည်။ လျှပ်စီးကြောင်းသည် လက်နက်ခြောက်လက်ကြားမှ ပြင်းထန်စွာ ပြေးထွက်လာပြီး ဆိုင်ရှင်ချိုဆီသို့ ပြေးသွားသည်။
မိုးကြိုးကိုယ်ထည် ကျင့်စဥ်နဲ့ ထျန်းဖန်ဖူ နတ်ဆိုးနှင်ကျင့်စဥ်တို့က ဆိုင်ရှင်ချိုရဲ့ မိုးကြိုးခန္ဓာကျင့်စဥ်နဲ့ ယှဥ်ပြိုင်နေ၏။ စွမ်းအားက ဆိုင်ရှင်ချိုရဲ့ ခေါင်းကို မှုတ်ထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ် ပေါက်ကွဲလုနီးနီး ဖြစ်သွားသည်။ သွေးမြူမှုန်များက သူ့ပတ်ပတ်လည်တွင် ဝေ့ဝဲနေပြီး သူ့မျက်နှာပေါ်ရှိ အဘိုးအို မျက်နှာဖုံးမှာလည်း ပေါက်ကွဲ ကွဲအက်သွားသည်။
ဆေးခြယ်ထားသော မျက်နှာဖုံးများက သူ့အနီးတစ်ဝိုက်တွင် ပျံဝဲနေပြီး ချက်ချင်းဆိုသလိုပင် ကိုယ်ခံပညာရှင် မျက်နှာဖုံးတစ်ခု ပျံဝဲလာသည်။ သူ့မျက်နှာပေါ် ရောက်သွားချိန်မှာတော့ ဆိုင်ရှင်ချိုရဲ့ မျက်နှာမဲ့ မျက်နှာဟာ မျက်လုံး၊ နား၊ ပါးစပ်နဲ့ နှာခေါင်းတွေ ချက်ချင်း ပေါက်ဖွားလာပြီး သူ့နောက်မှာ အလံလေးခု ထည့်သွင်းထားတဲ့ ဆေးခြယ် မျက်နှာကြီးအဖြစ် ပြောင်းလဲသွားပါ၏။
ချန်ရှီ: "မင်း ဘယ်လိုမှော်ပညာကို သုံးသုံး!"
ချန်ရှီသည် ကောင်းကင်တွင် မိုးခြိမ်းသံနှင့်အတူ ဧကရာဇ်ဓားကို လွှဲပစ်ကာ မိုးခြိမ်းသံနှင့်အတူ ခုတ်လှဲလိုက်သည်။
"မြောက်ဧကရာဇ်ရှေ့မှာ အရာအားလုံးက လွဲမှားနေမှာပဲ!"
ဧကရာဇ်ဓား ကျလာပြီးတာနဲ့ အလံကလည်း လွင့်တက်လာသည်။ ဧကရာဇ်ဓားသည် အလံကို ဖြတ်လိုက်ရာ အလံ ကျိုးသွားကာ မျက်နှာဖုံးလည်း အက်ကွဲသွားသည်။ ဆိုင်ရှင်ချို၏ မျက်ခုံးများကြားတွင် သွေးတစ်ကြောင်း ပေါ်လာသည်။
နောက်ထပ် အမျိုးသမီး စစ်သည်တော်၏ မျက်နှာဖုံးသည် ပျံတက်လာပြီး သူ့မျက်နှာပေါ်သို့ ကျရောက်လာသည်။ သူ့ခန္ဓာကိုယ်က အမျိုးသမီးတစ်ယောက်လို ဖြစ်သွားချိန်၌ ချန်ရှီရဲ့လက်ထဲက လှံတိုက သူမခန္ဓာကိုယ်ကို ထိုးဖောက်ပြီးသွားပြီ။
"အား--"
ချန်ရှီသည် အရပ်ခြောက်ပေရှိပြီး ရိုင်းစိုင်းစွာ ပြေးသွားနေဆဲ။ သူ၏ ချီသွေးများနှင့် စွမ်းအင်များ ပေါက်ကွဲထွက်ကာ သူ့ခေါင်းပေါ်က မိုးကြိုးပစ်ချက်အား ဆိုင်ရှင်ချိုနှင့်အတူ လှံတိုဆီကို ပစ်လွှတ်လိုက်သည်။
လှံတိုသည် ဆိုင်ရှင်ချိုရဲ့အလောင်းကို သယ်ဆောင်ကာ မိုင်ပေါင်းများစွာ အဝေးအထိ ပျံသန်းသွားပြီး ယွိတူးမြို့ရိုးအတွင်းသို့ တိုးဝင်သွားခဲ့သည်။
ယွိတူးက သခင်ငယ်၏ စွမ်းအားများဖြစ်သော ဂိတ်ပေါက်များ၊ လမ်းကြားများ၊ အသင်းအဖွဲ့များ၊ သစ်တောနှင့် ဖီးနစ်မဏ္ဍပ်အားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။
ချန်ရှီ လှည့်ကြည့်လိုက်ရင်း ဆွေးမြေ့နေတဲ့ ချီနဲ့ သူ့ခန္ဓာကိုယ်ထဲက သွေးတွေကို ခွဲထုတ်လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်က ပုံမှန်ပြန်ဖြစ်သွားပြီး ကြီးမားလှတဲ့ မိုးကြိုးမုန်တိုင်းထဲကို လမ်းလျှောက်သွားခဲ့သည်။
မြို့အပြင်ဘက်တွင်တော့ ကောင်းကင်က ဖြူဖျော့နေ၏။