စုံစမ်းစစ်ဆေးမှုကို ဘယ်သူမှ သည်းမခံနိုင်ဘူး
Vol. 15 Ch. 214
"တံဆိပ်တုံးကို ထုနိုင်ဖို့အတွက် အချက်နှစ်ချက်လိုတယ်"
သခင်ကြီးကျန့်သည် ယွိတူးရှိ မင်းသားကျန့်ဘုံကျောင်းသို့ ပြန်ရောက်လာခဲ့သည်။ ထူးကဲသော တန်ခိုးကို စုပ်ယူထားသော မင်းသားကျန့်၏ ရွှေရုပ်တုကို ကြည့်ရင်း ရေရွတ်လိုက်၏။
"တစ်ခုက တော်ဝင်တန်ခိုး၊ နောက်တစ်ခုက နတ်တန်ခိုး... တော်ဝင်တန်ခိုး အာဏာက သူ့လက်ထဲမှာ ကိုင်ထားတာက အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်တုံး... နတ်တန်ခိုးက ဘာလဲ?"
သီအိုရီ အကြောင်းကို သူဘာမှမသိပါ။ သို့သော် ဤတန်ခိုးသည် အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်တုံးထက် မနိမ့်ကျတာကိုတော့ သေချာပါသည်။
ဒါပေမဲ့ စိတ်ထဲမှာ မေးခွန်းတွေကသာ ပိုများလာ၏။
အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်ကို ရှောင်ဝမ်စွင်းက ခိုးယူသွားခဲ့တာ မဟုတ်ပါလား။ ချန်ရှီရဲ့လက်ထဲမှာ ဘယ်လိုလုပ် အဆုံးသတ်သွားတာလဲ။
ကျူးမိသားစုက ဘာကြောင့် အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်ကို ချန်ရှီ လက်ထဲ ပေးခဲ့တာလဲ။
ပဒေသရာဇ်မင်းတွေရဲ့ မြင့်မြတ်တဲ့ အာဏာက ဘယ်ကလာတာလဲ။ ဒီတန်ခိုးအာဏာကို ဘယ်သူက သူ့ထံ အပ်နှင်းခဲ့တာလဲ။ နတ်တန်ခိုးကို ဒီလို လွှဲပြောင်းပေးဖို့ ဘယ်သူကများ အရည်အချင်းပြည့်မီခဲ့သလဲ။
"သခင်လေး... မင်းရဲ့ တန်ခိုးကြီးမားတဲ့ ရန်သူက ဒီမှာပဲ!"
သခင်ကြီးကျန့် ထွက်သွားပြီး တိုးတိုးလေး ပြောနေခဲ့သည်။
"အခု ယန်းကျစ်လမ်းကြားက စွန့်ပစ်ခံရတော့မယ် ဟုန်ညောင်အဖွဲ့က ချိနဲ့လာတယ်၊ ပျော်ရွှင်သစ်တောက ပိုင်ရှင်မရှိ၊ မင်ဖုန်းအဆောက်အအုံက ခေါင်းဆောင်မရှိသလို မင်းသားကျန့် စံအိမ်မှာ ဘာအတားအဆီးမှ မရှိတော့ဘူး... ယွိတူးရဲ့ အာဏာကို ပြန်လည်ဖွဲ့စည်းဖို့ ငါ့အတွက် အခုက အကောင်းဆုံးအချိန်ပဲ!"
မှိတ်တုတ်မှိတ်တုတ် မျက်လုံးများဖြင့် ဘုံကျောင်းထဲမှ ထွက်လာခဲ့သည်။
"သခင်လေး.. မင်းကို ငါ့ရဲ့ ကျန့်အိမ်တော်က နှစ်အတော်ကြာ အကာအကွယ် ပေးထားတယ်... တကယ့်နဂါးအစစ်က တဖြည်းဖြည်း ပိုကြီးလာပြီ... ကျန့်အိမ်တော်ကို သိမ်းပိုက်ထားကနေ ကျန့်မိသားစုဆီ ပြန်ပေးဖို့ အချိန်တန်ပြီ!"
ချန်ရှီက ယွိတူးရှိ သခင်ငယ်၏တပ်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုက်သောအခါ သခင်ကြီးကျန့်အတွက် အာဏာပြန်ယူရန် အကောင်းဆုံး အခွင့်အရေး ဖြစ်လိမ့်မည်။
ချန်ရှီနဲ့ ဟေးကော်တို့ တစ်လမ်းလုံး အရှိန်ပြင်းပြင်းနဲ့ ပြေးလာကြသည်။ ဟေးကော်လည်း သူ၏ခြေထောက် လေးချောင်းပေါ်ရှိ သံချပ်ကာမြင်းအဆောင်လက်ဖွဲ့များကို အသက်သွင်းကာ လေနှင့် နေကို လိုက်ရင်း အရှေ့သို့ ရူးသွပ်စွာ ပြေးသွားခဲ့သည်။ သတိရပြီး ပြန်ကြည့်လိုက်သောအခါ ချန်ရှီ၏ ခြေရာလက်ရာက မရှိတော့ပေ။
သူက မြန်လွန်းသဖြင့် ချန်ရှီကို အနောက်မှာ ထားခဲ့မိသည်။ ဟေးကော်လည်း ချန်ရှီကို စောင့်ရမလားလို့ တွေးရင်း တုံ့ဆိုင်းသွားပေမယ့် ချန်ရှီ အဝေးကနေ ပြေးလာတာတွေ့လိုက်ရသည်။
"ဟေးကော်ာ... မင်းငါ့ကို စောင့်စရာ မလိုဘူး ရွာကို အရင်ပြန်သွားပြီး နန်းနန်းနဲ့ လှည်းကို သွားခေါ်!"
ဟေးကော်လည်း တုံ့ဆိုင်းမနေတော့ဘဲ လှည့်ကာ ပြေးသွားရာ မကြာခင်မှာပဲ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။ ချန်ရှီ မြေခွေးရွာကို မပြေးသွားဘဲ ကမ်းရိုးတန်းမှ ထွက်ခွာကာ ဟန်ကုံးတောင်များဆီသို့ ပြေးသွားခဲ့သည်။
ဟန်ကုံးတောင်များတွင် တောင်များနှင့် သစ်ပင်များ ထူထပ်သည်။ တောထဲ ဝင်သွားပြီးပါက နယ်မြေမကျွမ်းကျင်ရင် ချန်ရှီကို ရှာတွေ့ရန် အလွန်ခက်ခဲပေလိမ့်မည်။ ကမ်းရိုးတန်းမှာက အမိုးအကာတွေ သိပ်မရှိတာကြောင့် ရှာဖွေရလွယ်သည်။ ရှင်းရှန်သို့ ပြန်သွားမယ့် ရည်ရွယ်ချက်က ပေါ်လွင်နေပြီမလို့ လူအများက ၎င်းတို့အား ခြုံခိုတိုက်ခိုက်ရန် လွယ်ကူသည်။
သူ့အနောက်မှာတော့ သခင်လေးရဲ့ လူငယ်တွေက သူ့ကို မဆုတ်မနစ် လိုက်နေကြဆဲ။ သူတို့က ရွှေအမြုတေနယ်ပယ်တွေပင်။ တိုက်ခိုက်ရေးသမားကောင်းများ ဖြစ်ရန် အဆင်ပြေသော်လည်း ချန်ရှီဟာ စစ်ရေးဝိုင်းရံမှု မဟုတ်သရွေ့ သာမန် ရွှေအမြုတေ နယ်ပယ်မှ တိုက်ခိုက်ရေးသမားများရဲ့ ဝိုင်းရံမှုကို မကြောက်ပါ။
သို့သော် ရွှေအမြုတေ နယ်ပယ်က သခင်များအပြင် အခြေတည်ဝိညာဥ် နယ်ပယ်က သခင်များစွာနှင့် နတ်ပြောင်းလဲခြင်း နယ်ပယ်တွင် သန်မာသော လူသုံးယောက်လည်း ရှိသေးသည်။
ဒီလူတွေက သူ့ကိုသတ်ဖို့ သီးသန့်လာတာ။ သူတို့သည် သူ၏ နတ်ဝိညာဥ်၊ အခြေတည်ဝိညာဥ်နဲ့ ရွှေအမြုတေများကို အသင့် ထုတ်ထားကြသည်။ သူတို့ဖြတ်သွားတိုင်း အနီရောင်မီးတောက်တွေက မြက်ခင်းပြင်တစ်လျှောက် ပျံ့နှံ့သွားသည်။ မြေပြင်ပေါ်ရှိ ကျောက်တုံးများ၊ သစ်ပင်များ၊ ပန်းများနှင့် မြက်ပင်များအားလုံး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် ကြေမွသွားခဲ့သည်။
မြစ်ငယ်တွေတောင် အငွေ့ပျံသွားပြီ။
ချန်ရှီ လမ်းပေါ်ရှိ လမ်းသွားလမ်းလာများနှင့် ရွာများကို ရှောင်ရန် အတတ်နိုင်ဆုံး ကြိုးစားကာ ပွင့်လင်းသော နေရာဆီသို့ ပြေးကာ အရှိန်လွန်ကဲစွာ မြှင့်တင်လိုက်သည်။ သူသည် လေပြေများကို ဖြတ်နင်းနေပြီး သူ့ခြေလှမ်းများ ဆင်းသက်လာသည်နှင့်အမျှ ချီ နှင့် သွေးများက နတ်ခရီးသွားအဆောင်လက်ဖွဲ့နဲ့ သံချပ်ကာမြင်းအဆောင်လက်ဖွဲ့များ အလိုအလျောက် ဖြစ်ပေါ်လာသည်။ ခြေလှမ်းတွေက မြေပြင်ကို မထိဘဲ ပြေးလွှားနေ၏။
ချန်ရှီ သူ့လက်ဖြင့် ဓားအမူအရာများလုပ်ကာ ပြေးလွှားနေစဉ်တွင် ကောင်းကင်ကိုးခုနှင့် မိုးကြိုးငါးလုံး အဆောင်စာလုံးများကိုလည်း ဖန်တီး ရေးဆွဲနေခဲ့သည်။ တောက်ပသော အဆောင်စာလုံးက လေညင်းဖြင့် ကောင်းကင်သို့ လွှတ်တင်ခံလိုက်ရပြီး လေထဲတွင် မြင့်တင်ထားလိုက်သည်။
ရုတ်တရက်ပင် လေပြင်းတစ်ချက် တိုက်ခတ်သွားကာ ကောင်းကင်အထက်၌ မိုးခြိမ်းသံတွေ ဟိန်းဟောက်ပြီး လျှပ်စီးကြောင်းတွေ တဖျပ်ဖျပ် ခတ်သွားသည်။
ချန်ရှီ နောက်ကို လိုက်လာသော ဝိညာဉ်တစ်ခု ထိမှန်ပြီး တုန်လှုပ်သွားသည်။ ဝိညာဉ်က ပေါက်ကွဲလုနီးပါး ဖြစ်လာပြီး နတ်ဝိညာဥ် စွမ်းအားနယ်မြေက အပြင်သို့ လျှင်မြန်စွာ ကျယ်ပြန့်လာသည်။ နောက်ဆုံးတွင်တော့ ထိုသူသည် နတ်အသွင်ပြောင်း နယ်ပယ်တွင်ရှိပြီး ခိုင်မာသော ကျင့်ကြံမှုရှိသည်။ ဒါကြောင့် နတ်ဝိညာဉ်ကို မပြိုကျစေဘဲ အတင်းအကျပ် တားဆီးနိုင်ခဲ့သည်။
နတ်ဝိညာဉ်ဟာ လျင်မြန်စွာ ပြန်ကျုံ့သွားပြီး တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသော်လည်း အနည်းငယ် မှုန်ဝါးသွားချေပြီ။
မင်းသားကျန့်အိမ်တော်က သခင်တစ်ဦးသည် ထိုသူ့ဝိညာဉ်ကို ကာကွယ်ရန် အလျင်အမြန် ပြေးလာသည်။ ထိုသူရဲ့ ပါးစပ်ထောင့်မှ သွေးများ စီးကျနေတာကြောင့် ဒဏ်ရာရသွားကြောင်း ဖော်ပြနေ၏။
မိုးကြိုးပစ်ချက်ကြောင့် အသတ်မခံလိုက်ရချေ။ သူသည် ချက်ချင်းပင် ကောင်းကင်အထက်က တိမ်ပြာများအပေါ် လှမ်းတက်ကာ မျှော်ကြည့်လိုက်သည်။ အဝေးက လေထဲမှာ ချိတ်ဆွဲထားတဲ့ ရွှေရောင် အဆောင်လက်ဖွဲ့ကြီးကို မြင်နေရပါသည်။ အက္ခရာများက ကြီးမားပြီး တန်းစီလျက် ချထားတာ မြင်တာနဲ့ သူက ချက်ချင်း လက်ကို ဆန့်ပြီး အဝေးကနေ ရိုက်ချပစ်ခဲ့သည်။
ချန်ရှီရဲ့ လေကိုးလွှာကောင်းကင် စွမ်းအင်နဲ့ မိုးကြိုးငါးလုံး စွမ်းအင်တွေက လေပြင်းနဲ့ မိုးခြိမ်းသံကို ဆွဲဆောင်ရန်၊ လေပြင်းနဲ့ မိုးခြိမ်းသံများကို ဖြစ်ပေါ်လာစေရန် အတွက်သာ သုံးနိုင်သည်။ နတ်ဝိညာဉ် ပြောင်းလဲခြင်းနယ်ပယ်က ဆရာတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိနိုင်ဘဲ ချက်ချင်းပဲ ပြိုကျသွားခဲ့သည်။
မင်းသားကျန့်အိမ်တော်က သခင်လည်း သက်ပြင်းချကာ ဆင်းသက်လိုက်သည်။ ခဏလေးအတွင်းမှာပဲ လူလေးယောက်က သူတို့ရဲ့ ရွှေအမြုတေနဲ့ အခြေတည်ဝိညာဥ်တွေဟာ ကောင်းကင်က မိုးခြိမ်းသံကြောင့် ကွဲအက်ပြီး သေဆုံးသွားသည်။
ထို့အပြင် အခြေတည်ဝိညာဥ် အဆင့်တွင် သခင်ဆယ်ယောက်ကျော် ရှိသည်။ သူတို့၏ အခြေတည် ဝိညာဉ်များက ပြင်းထန်သော လေကြောင့် လွင့်သွားကြသည်။ သူတို့သည် အလွန်စိတ်မချမ်းမသာ ဖြစ်ကုန်ကာ တုန်လှုပ်သွားကြ၏။ ထိုလေပြင်းသည် သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကာ အခြေတည် ဝိညာဉ်များကိုပါ ခွဲထုတ်လုနီးပါး ဖြစ်သွားခဲ့သည်။
အခြေတည်ဝိညာဥ်ဟာ ရှေးဦး နတ်ဝိညာဥ် မဟုတ်ဘဲ ကွာခြားချက်က ကြီးမားသည်။ တာအို အဆောင်လက်ဖွဲ့ မှော်ပညာမျိုးစုံက နတ်ဝိညာဥ်ကို မထိနိုင်သော်လည်း လေနှင့် လျှပ်စီးတို့က အခြေတည်ဝိညာဥ် အတွက်ကတော့ အလွန်အန္တရာယ်များလှသည်။
ချန်ရှီကို မဖမ်းမိခင်မှာ ငါးယောက်ဟာ ချန်ရှီရဲ့လက်ချက်ကြောင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့တာဟာ တကယ့်ကို စိတ်ဓာတ်ကျစရာပင်။
လူတိုင်း စိတ်ပျက်သွား၏။
ကျန့်အိမ်တော်က နတ်ဝိညာဉ်ရေးရာ အသွင်ပြောင်းနယ်ပယ်၏ သခင်က အော်လိုက်သည်။
"ကောင်းကင်ကို အာရုံစိုက်ထား! လေပြင်းနဲ့ မိုးကြိုးတွေ ပြေးနေတယ့! ရွှေအမြုတေ နဲ့ အခြေတည် ဝိညာဉ်၊ နတ်ဝိညာဉ်ကို ချက်ချင်း ပြန်သိမ်းကြ!"
ကျန်သခင်များသည် တခဏမျှ တုံ့ဆိုင်းသွားကာ အများစုမှာ ၎င်းတို့၏ ရွှေအမြုတေနဲ့ အခြေတည်ဝိညာဉ်များကို ပြန်ယူသွားကြသည်။ နတ်ဝိညာဥ်နယ်ပယ်တွင် ရှိသူများသည်ပင် သတိလက်လွတ်မခံဝံ့ဘဲ ချန်ရှီရဲ့ ဝရဇိန်မိုးကြိုးမှ ချုံခိုတိုက်ခိုက်တာကို ရှောင်ရှားရန် နတ်ဝိညာဥ်ကို နတ်ကွန်းထဲသို့ ပြန်ထည့်ထားလိုက်ကြသည်။
ဆက်လက် လိုက်ကြသော်လည်း ချန်ရှီကို အရှေ့တွင် အရိပ်အယောင် မတွေ့ရပေ။ နတ်ပြောင်းလဲခြင်း နယ်ပယ်မှ လူသုံးယောက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုခဲ့ရာ ထူးဆန်းသော သားရဲအချို့မှလွဲ၍ သစ်တောတစ်ခုလုံး တိတ်ဆိတ်နေကြောင်းကိုသာ တွေ့လိုက်ရ၏။ တခြား ဘယ်သူကိုမှ မတွေ့ရတော့ပေ။
"သူက ငါတို့ကို မျက်ခြေဖျက်ဖို့ ဟန်ကုံးတောင်ရဲ့ မြေပြင်ကို အသုံးချဖို့ စီစဉ်ထားတာ... ငါ သူ့ကို တားဖို့ ဟန်ကုံးတောင်ကို သွားမယ်"
နတ်ဝိညာဥ် နယ်ပယ်မှ သခင်တစ်ဦးက ပြောကာ အဝေးသို့ ထွက်ခွာသွားခဲ့သည်။ ကျန်လူနှစ်ယောက်ကလည်း ချန်ရှီကို ရှာဖွေရန် ဝိညာဉ်ရှာဖွေ အဆောင်စာလုံးများကို စီချကြသည်။
မင်းသားကျန့်အိမ်တော် အိမ်ကြီးမှ သခင်များသည် မှော်ပညာ အမျိုးမျိုးကို အသုံးပြု၍ အမျိုးမျိုးသော ပစ္စည်းများကို ခိုးယူခြင်း၊ အချို့က သူတို့ကိုယ်သူတို့ သိမ်းငှက်များအဖြစ် ပြောင်းလဲကာ လေထဲသို့ ပျံသွားသည်။ သို့မဟုတ် မြေကြီးကို အနံ့ခံရင်း ချန်ရှီ၏ တည်နေရာကို ရှာဖွေရန်လည်း ရှိသေးသည်။
ထိုအချိန်တွင် အခြေတည်ဝိညာဥ် နယ်ပယ်က သခင်တစ်ယောက်သည် ငန်းခေါင်းဆောင်တစ်ကောင် ဦးဆောင်သော ငန်းရိုင်းအုပ်စုကို မြင်လိုက်တဲ့အခါ တောင်များဆီသို့ ပျံသန်းလာခဲ့သည်။
"အဲဒီ တောငန်းတွေကို ပစ်ချ!"
သူ စကားမဆုံးခင်မှာဘဲ ငန်းတွေက ရုတ်တရက် အရှိန်ပြင်းလာပြီး အတောင်ပံတွေကို ခတ်လိုက်တဲ့အခါ သာမန်တခြား ငန်းတွေထက် သုံးဆကနေ ငါးဆလောက် အထိ မြန်မြန်ဆန်ဆန် ပြေးထွက်လာခဲ့ကြလေသည်။
အားလုံး တုန်လှုပ် ခြောက်ခြားသွားပေမယ့် ဒေါသတွေ ပိုထွက်လာပြီး ပြေးလိုက်ကြတော့သည်။ အဆောင်စာလုံးနဲ့ စွမ်းအင်မျိုးစုံက အဝေးမှ ပျံဝဲကာ ခေါင်းဆောင်ငန်းဆီသို့ ပြေးသွားကြသည်။
ငန်းကလည်း တအားမြန်လာ၏။ ရုတ်တရက် အတောင်ကို ခေါက်လိုက်ရင်း ခန္ဓာကိုယ်ကို လှည့်ပတ်ကာ မြှားတစ်စင်းလို အောက်ခြေတောထဲသို့ ပြေးဝင်သွားခဲ့သည်။
"ဝူးစ်--"
ငန်း တောထဲသို့ ပျံသွားတဲ့အခါ လူတိုင်းရဲ့ မှော်စွမ်းအင်နဲ့ လက်နက်များကလည်း အလောတကြီး လိုက်ကြသည်။ ရုတ်တရက် တောင်များနှင့် သစ်တောများ တုန်ခါသွားကာ သစ်တောထဲရှိ သစ်ပင်များသည် ဓားစွမ်းအင်၊ မီးတောက်၊ လက်နက်များကြောင့် ပြိုကျပျက်စီးသွားကြသည်။
လူတိုင်း အခင်းဖြစ်ပွားရာသို့ အပြေးအလွှားသွားကာ ရှာကြည့်လိုက်သော်လည်း ချန်ရှီကို ရှာမတွေ့ခဲ့ပေ။
ရုတ်တရက် လူတစ်ယောက်က ကြောက်လန့်တကြား ပြေးလွှားနေတဲ့ ဆတ်အုပ်စုကို မြင်ပြီး အော်လိုက်သည်။
“အဲဒီ အကောင်တွေ တစ်ခုခုမှားနေပြီ ထင်တယ်!"
ကောင်းကင်မျက်လုံး အဆောင်လက်ဖွဲ့ကို ထုတ်မသုံးခင် ဆတ်တစ်ကောင်သည် ခြေထောက်အောက်မှာ မီးခဲတက်နင်းမိသလို ခုန်ကာ ပေါက်ကာဖြင့် ကမ်းပါးပေါ်သို့ ခြေလှမ်းအနည်းငယ်သာ တက်ကာ အခြားဆတ်များကို ထားခဲ့ကာ ချောက်ကမ်းပါးတစ်ဖက်သို့ ပြေးသွားတာ တွေ့လိုက်ရသည်။
အားလုံးက အလျင်အမြန် အစွမ်းကုန်လိုက်ဖို့ ကြိုးစားကြသည်။ နတ်ဝိညာဥ်နယ်ပယ်က သခင်သုံးယောက်က အလျင်မြန်ဆုံး လေထဲတွင် ပျံဝဲကာ ချောက်ကမ်းပါးထိပ်သို့ ရောက်သွားသည်။ ဟန်ကုံး တောင်တန်းတွေပေါ် ဖြတ်သွားရင်း တောင်ခြေရင်းမှာ အပြာရောင်မြစ်တစ်စင်း တွေ့လိုက်ရသည်။
ဤမြစ်ကို တန်းကျန်ဟွားမြစ်လို့ ခေါ်တွင်ပြီး ယွိတူးရှိ ယွင့်မြစ်တူးမြောင်းက ၎င်း၏အစိတ်အပိုင်းဖြစ်သည်။ အပူရှိန်ကြောင့် ဆတ်သည် တဟုန်းဟုန်း ခုန်ပေါက်ရင်း တန်းကျန်ဟွား မြစ်ထဲသို့ ခုန်ဆင်းသွားခဲ့သည်။ ထို့နောက် ၎င်းက ပျောက်သွား၏။
ကျယ်ပြန့်သော ငါးအမြီးသည် ရေပေါ်တွင် လှိုင်းဂယက်များ ဖန်တီးနေတာကိုသာ မြင်တွေ့ရသည်။ ထို့နောက်တွင်တော့ ငါးကြီးများ၏ အရိပ်အယောင်ကို မတွေ့ရပြန်ပေ။
လူတိုင်း ရောက်လာသောအခါ နတ်ဝိညာဓ်နယ်ပယ်မှ သခင်သုံးဦးသည် မြင့်မားသော ရှုထောင့်မှ ငုံ့ကြည့်နေကြတာ တွေ့လိုက်ရလေ၏။ မြစ်ထဲတွင် ရေမှော်များ စီးဆင်းနေသော်လည်း မြစ်အောက်ပိုင်းကိုတော့ သေချာမမြင်ရ။ ချန်ရှီ ရေထဲဆင်းလား မဆင်းလား လောင်းကစားတစ်ခုသာ ပြုလုပ်နိုင်သည်။
မြစ်ရေမျက်နှာပြင်ပေါ်၌ ငြိမ်သက်စွာ ရပ်နေကြတော့မည့် အချိန်တွင် မြစ်အတွင်းရှိ ရေနေသတ္တဝါများ ရုတ်တရက် လန့်ဖျပ်သွားကြသည်။ မိကျောင်းများသည် ရေထဲမှ ပြေးတက်လာကာ မြစ်ကမ်းနှစ်ဖက်ရှိ တောတောင်များထဲ ပြေးဝင်ကြသည်။ ထူးခြားဆန်းပြားသော သားရဲများစွာတို့ကလည်း တောင်များနှင့် သစ်တောများမှ ပြေးထွက်လာကြပြီး မြစ်ထဲသို့ ခုန်ဆင်းကာ မြစ်ကို ဖြတ်ကူးကုန်ကြသည်။
အားလုံးက ခဏလောက် မှင်တက်သွားပြီး ချန်ရှီက ဘယ်သူလဲ မသိတော့ချေ။
"ရှင်းရှန်ခရိုင်ကို သွားတဲ့လမ်းမှာ သူ့ကို ပိတ်ဆို့လိုက်ရအောင်!"
နတ်ပြောင်းလဲခြင်းနယ်ပယ်ရှိ ထိပ်တန်းသခင်က အမိန့်ပေးလိုက်တဲ့အခါ လူတိုင်း တစ်ပြိုင်တည်း ပြေးထွက်သွားကြတော့သည်။
ဟေးကော်က သံလိုက်အိမ်မြှောင် တစ်ခုကို ကိုင်ဆောင်ကာ ဦးတည်ချက်ကို ဖော်ထုတ်ထားခဲ့သည်။ ဟူဖေးဖေးက သစ်သားတွန်းလှည်းပေါ်တွင် နန်းနန်းနှင့်အတူ ထိုင်နေ၏။ သစ်သားလှည်းသည် ဟေးကော်၏ ထိန်းချုပ်မှုအောက်တွင် ရှင်းရှန်သို့ မောင်းနှင်သွားခဲ့သည်။
ဟူဖေးဖေးခမျယ သူမမှာ အရည်အချင်းမရှိဘူးဟု ပထမဆုံးအကြိမ် ခံစားလာခဲ့ရသည်။
ဟေးကော်က နန်းနန်းကို ရှင်းရှန်ဆီ ခေါ်သွားဖို့ စီစဉ်ထားခဲ့သည်။ ဟေးကော် ကောင်းကောင်း ဂရုမစိုက်နိုင်တော့မှာကို စိုးရိမ်တာကြောင့် သူမနဲ့အတူ လိုက်လာခဲ့ဖို့ တောင်းဆိုခဲ့သည်။
မထင်မှတ်ပဲ ခရီးတစ်လျှောက်လုံး လှည်းကို မောင်းလာတဲ့သူက ဟေးကော်၊ မီးနဲ့ ထမင်းချက်တဲ့သူက ဟေးကော်၊ အဝတ်လျှော်ပြီး အခြောက်ခံတာ ဟေးကော်၊ ညဘက်တောင်မှ စာတိုက်လမ်းကို ရှာတဲ့သူကလည်း ဟေးကော်ပဲ ဖြစ်နေ၏။
ဟေးကော်ရဲ့ အလုပ်မှာ နတ်ဆိုးများကို သုတ်သင်ရန်နှင့် သူ့မိသားစုကို ထောက်ပံ့ရန်၊ ငွေရှာရန် အဆောင်လက်ဖွဲ့များဆွဲရန် ဖြစ်သည်။ ဟူဖေးဖေးခမျာ လမ်းတစ်လျှောက်တွင် ဘာမှလုပ်စရာမရှိ၊ အလကားစား သောက်ရုံမျှသာဖြစ်ပြီး ကုံကျိုးသို့ပင် တဖြည်းဖြည်း ရောက်ရှိလာခဲ့ရာ သူမကို ရှက်သွားစေသည်။
မင်ကျန်းမြစ်ကို ရောက်တဲ့အခါ ဟေးကော်က လှည်းကိုရပ်ပြီး လှေကိုရှာသည်။ ခဏကြာတော့ သူပြန်လာပြီး အားလုံးကို သင်္ဘောဆိပ်သို့ ခေါ်သွားပြီး အပျော်သဘော လှေပေါ်တက်လိုက်သည်။
အပျော်သဘော လှေပေါ်မှာ လှေသမားနဲ့ သူ့သမီး ပါ၏။ လှေသမားသည် အသားအရေညိုမဲကာ ခြေလက်များက ကြီးမားပြီး စကားမပြောရတာကို နှစ်သက်သည်။ သို့သော် လှေသမလေးကတော့ အလွန်စကားပြောတတ်ပြီး ဟေးကော်နဲ့လည်း ရင်းနှီးပုံရကာ သူ့ကို နွေးထွေးစွာ နှုတ်ဆက်လေသည်။
ကုံကျိုးကနေ ရှင်းရှန်သို့သွားသော လှေပေါ်တွင် အခြားလူများလည်း ရှိခဲ့သည်။
"ငါတို့နောက်ဆုံး တွေ့တာ ကြာပြီနော်"
လှေသမသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ဖရဲသီးအစေ့များကို ဖောက်ထုတ်ပြီး လက်တစ်ဆုပ်စာအား ဟူဖေးဖေးကို ပေးလိုက်သည်။ သူမကို ကြည့်ရတာ လေထဲမှာ စကားပြောနေသလိုပင်။
"နောက်ဆုံးအကြိမ် လမ်းခွဲပြီးတဲ့ အချိန်မှာ ငါတို့ ရှင်းရှန်ကို ပြန်လာခဲ့တယ်... ဒါပေမယ့် ပြန်ပေးဆွဲခံရတဲ့ ဝိညာဉ်က လွတ်မြောက်သွားမှာကို မကြောက်ဘူးလား... ဒါနဲ့ ယွိတူးကို သွားပြီးတော့ တူးမြောင်းထဲမှာ စီးပွားရေး လုပ်လိုက်တယ်ဆို?"
ဟူဖေးဖေးမှာ ဒီမြင်ကွင်းကို တအံ့တသြကြည့်ရင်း "သူမနဲ့ ဘယ်သူနဲ့ စကားပြောနေတာလဲ" လို့ တွေးလိုက်မိသည်။
အခြေအနေက တစ်ခုခုမှားနေပြီဆိုတာ လှေသမားက သဘောပေါက်သွားတာကြောင့် လှေပေါ်က မိန်းကလေးရဲ့ ညာဘက်ပုခုံးပေါ်မှာ သူ့လက်ကို တင်လိုက်သည်။
လှေသမလေးလည်း ရုတ်တရက် သတိဝင်လာကာ သတိကြီးစွာဖြင့် ပတ်ပတ်လည်ကို လှမ်းကြည့်ရင်း ဟေးကော်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ သူမရဲ့ စိတ်နှလုံးက တင်းမာနေကာ ငြိမ်သက်စွာ စောင့်ကြပ်နေ၏။
"မရဏကမ္ဘာမှာ နင် သုံးကွက်လောက် အနိုင်ယူ နိုင်ပေမယ့် သက်ရှိကမ္ဘာမှာတော့ ငါ့အဖေနဲ့ ငါ နင့်ကို မကြောက်ဘူး!"
အခုနတုန်းက သူမဟာ ဟေးကော်ကြောင့် ချန်ရှီကို မြင်လိုက်ရတယ်လို့ ထင်မိတဲ့အတွက် လေထဲမှာ စကားပြောနေခဲ့ခြင်း ဖြစ်လေသည်။ ဟေးကော်က ကုန်းပတ်ပေါ်တွင် ထိုင်ကာ စကားတစ်ခွန်းမှ မပြောဘဲ ငြိမ်သက်စွာ ပြန်ကြည့်နေသည်။
မူလက ရှင်းရှန်သို့ ခိုးဝင်ချင်သော်လည်း လှေသမား၏ ကျွမ်းကျင်မှုမှာ နားမလည်နိုင်လောက်အောင် အားကောင်းနေမယ်လို့ မမျှော်လင့်ထားတာကြောင့် ၎င်းရဲ့ အစီအစဉ်ကို မြင်ခွင့်ပေးမိသွားသည်။
လှေသမားနှင့် လှေသမလေးသည် အလွန်ငြိမ်သက်နေကြသည်။ ဟေးကော်ရဲ့ ခွန်အားကို မမြင်နိုင်တာကြောင့် ခဏလောက်အထိ စလှုပ်ရှားဖို့ မဝံ့ရဲကြပေ။
ဟူဖေးဖေးလည်း ဒီမြင်ကွင်းကို မြင်လိုက်တဲ့အခါ သူမရဲ့ ဦးရေပြားက ထုံကျင်သွားတော့သည်။
"ဘာလို့ ဒီကို လိုက်လာခဲ့မိတာလဲ...ငါက လုံးဝ မကူညီနိုင်ဘူး ထင်တယ်..."
နှစ်ဖက်စလုံးက ငြိမ်သက်နေကြမှ ဟူဖေးဖေးလည်း နန်းနန်းကို ရင်ခွင်ထဲတွင် ဆုပ်ကိုင်ထားရင်း သက်သာရာရသွားသည်။
ရုတ်တရက် လှေသမလေးရဲ့ မျက်လုံးများသည် နန်းနန်းပေါ်သို့ ကျရောက်သွားရာ သူမ နှလုံးခုန်သံ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြန်သည်။ မိန်းကလေးက လှေသမား၏ အဝတ်အစားထောင့်ကို အမြန်ဆွဲတင်လိုက်ပြီး တုန်တုန်ယင်ယင် အသံဖြင့် ဆို၏။
"ဖေဖေ... မြန်မြန်ကြည့်......"
လှေသမားလည်း နန်းနန်းကို ကြည့်လိုက်မိချိန် သူ့စိတ်တွေ လုံးဝ ထိတ်လန့်သွားပြီး တစ်ကိုယ်လုံး အေးခဲကာ ငိုယိုလုမတတ် ဖြစ်လာသည်။
"ဘုရားသခင်က ငါတို့ကို သနားတော်မူတာပဲ!"
လှေသမားက ဝါးတိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ ဟေးကော်ကလည်း လူသတ်ချင်တဲ့ ရည်ရွယ်ချက်ကို သတိပြုမိတာကြောင့် ချက်ချင်း မတ်တပ်ထရပ်ကာ အဖေနှင့်သမီးကို စိုက်ကြည့်နေ၏။
လှေသမလေးက လှည့်၍ သာယာသော လှေဝမ်းထဲသို့ ဝင်သွားခဲ့သည်။ သူမ ထွက်လာချိန်မှာတော့ လူအရပ်ရဲ့ တစ်ဝက်ကျော်လောက်ရှိတဲ့ အစိမ်းရောင် ဆီမီးခွက်ကို ကိုင်ဆောင်လာခဲ့သည်။ ၎င်းက ကြာပန်းခုံပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ဦးခေါင်းကြီး အရုပ်လေးတစ်ရုပ်နှင့် အစိမ်းရောင် မီးအိမ်တစ်ခုပင်။
လှေပေါ်က မိန်းကလေးဟာ လူသတ်ချင်စိတ် အပြည့်နဲ့ ကြည့်နေကာ သူ့ခန္ဓာကိုယ်တစ်ဝိုက်က ယင်စွမ်းအင်တွေ ထွက်လာ၏။
အပျော်လှေလေးက အနည်းငယ် ခေတ္တရပ်သွားပြီး နောက်အခိုက်အတန့်တွင် နှစ်ဖက်စလုံးရှိ ကုံကျိုး မြစ်ကမ်းမြင်ကွင်းများ ပျောက်ကွယ်သွားပြီး မိုင်ထောင်ချီသော တိမ်များ ဖုံးလွှမ်းနေသည့် အမှောင်ကမ္ဘာနှင့် အစားထိုးသွားသည်။
သူတို့ခြေထောက်အောက်ရှိ မင်ကျန်းမြစ်သည်လည်း မေ့လျော့ခြင်းမြစ် ဖြစ်လာသည်။ ကောင်းကင်မှာ နေလမရှိ၊ လေထုက အုံ့မှိုင်းနေပြီး တစ္ဆေမီးတွေသာ မြစ်ထဲမှာ လွင့်မျောနေသည်။
လှေသမားနှင့် လှေသမလေးတို့ ထိတ်လန့်တကြား မျှော်ကြည့်လိုက်ကြရာ ၎င်းတို့ရှေ့တွင် တောင်ကဲ့သို့ ကြီးမားသော ခွေးကြီးတစ်ကောင်က ငုံ့ကြည့်နေတာ တွေ့လိုက်ရလေ၏။ အနက်ရောင် အခိုးအငွေ့နှင့် မီးခိုးငွေ့များက ၎င်းခန္ဓာကိုယ်ထဲမှ လျှံထွက်လာနေတာကိုလည်း တွေ့နေရသည်။
ဆေးခြယ်ထားသော လှေသည် မေ့လျော့ခြင်း မြစ်ပေါ်ရှိ သစ်ရွက်တစ်ရွက်နှင့်တူပြီး လှေပေါ်ရှိ အဖေနှင့်သမီးတို့သည် အရွက်ပေါ်ရှိ ပုရွက်ဆိတ်များ ဖြစ်လာကြပေသည်။ ၎င်းတို့၏ စွမ်းရည်များကို လွန်ကဲစွာ ခန့်မှန်းကာ ဤဘီလူးကြီးကို စိန်ခေါ်ရန် ကြိုးစားမိခဲ့ကြသည်။
ညှဉ်းပန်းနှိပ်စက် ခံရတော့မယ့် ခံစားချက်တစ်ခုက အလိုလို ပေါ်လာခဲ့သည်။
လှေပေါ်၌ အခြားဧည့်သည်များလည်း ရှိနေခဲ့ရာ အားလုံး ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကြောက်ရွံ့ထိတ်လန့်သွားပြီး ထောင့်တစ်နေရာတွင် ကွေးကောက်ကာ ပုန်းနေကြသည်။
ဟူဖေးဖေးမှာ အမြင်အာရုံနှင့် အတွေ့အကြုံအချို့ရှိသော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သေလုနီးပါးထိ ထိတ်လန့်သွားကာ နန်းနန်းကို ပွေ့ဖက်ရင်း တုန်လှုပ်သွားခဲ့သည်။
"အစ်ကိုချန်ရဲ့ခွေးက ဘယ်လိုနတ်ဆိုးမျိုးလဲ"
ဒါကို တွေးနေတုန်း လှေသမားနဲ့ သူ့သမီးဆီက အရှိန်အဝါကလည်း ပျောက်သွားတာကို တွေ့လိုက်ရသည်။ တစ်ဆက်တည်း ပတ်ဝန်းကျင်က တဖြည်းဖြည်း တောက်ပလာပြီး ပျော်ရွှင်စရာ လှေက မင်ကျန်းမြစ်ပေါ်မှာ တဖန် ရွက်လွှင့်နေပြီး မြစ်ရဲ့ နှစ်ဘက်စလုံးက ရှုခင်းတွေကလည်း အရင်အတိုင်း ပြန်ဖြစ်လာသည်။
လှေသမားသည် ဝါးတိုင်ကို ချလိုက်ပြီး လမ်းကြောင်းကို နာခံစွာ ထိန်းချုပ်သည်။ ပုံမှန်အတိုင်း ပြန်ရောက်လာတဲ့အခါ လှေပေါ်ကမိန်းကလေးက ဟေးကော်ကို ဦးညွတ်လိုက်လေ၏။
"ကျွန်မတို့ အခုနက မဆင်မခြင် လုပ်မိသွားတယ်... ခွင့်လွှတ်ပါ သခင်လေး"
"ဝုတ်!"
"အဖေ့ကိုယ်စား တောင်းပန်ပါတယ်!"
"ဝုတ် ဝုတ်!"
လှေပေါ်က မိန်းကလေးခမျာ နဖူးတစ်ခုလုံး ချွေးတွေ ရွှဲနေ၏။
"ပိုက်ဆံမလိုပါဘူး... ပိုက်ဆံမလိုပါဘူး"
ဟေးကော်လည်း ကျေနပ်စွာနဲ့ ဟူဖေးဖေးရဲ့ခြေရင်းကို ပြန်သွားပြီး အိပ်နေလိုက်သည်။
ဟူဖေးဖေးလည်း ဟေးကော်ကို ပို၍ လေးစားကြောင်း မသိစိတ်က ပြသနေခဲ့သည်။ ညစာစားချိန်ရောက်တော့ ထမင်းချက်၊ အိုး၊ ပန်းကန်များကို ဆေးကြောရန် အမြန်လုပ်သည်။ အဝတ်တွေ ညစ်ပတ်နေတာ တွေ့တော့ လျှော်ဖို့ သွားကာ ဟေးကော်နဲ့ နန်းနန်းကို တစ်လမ်းလုံး ကောင်းကောင်း ဂရုစိုက်ခဲ့ပြီး သူတို့အား အလွန်သက်တောင့်သက်သာ နေစေခဲ့သည်။
ဟေးကော်လည်း နည်းနည်း ပျင်းလာတာကြောင့် ဒီလိုနေ့မျိုးကို ပျော်နေ၏
"ဘာဖြစ်နေတာလဲ... အစ်ကိုချန် ဘယ်မှာလဲ"
အပျော်လှေသည် မင်ကျန်းမြစ်တစ်လျှောက် ကုံကျိုးကနေ ထွက်ခွာနေ၏။ မြို့အပြင်ဘက်ရှိ ဖုန်ထူသော ကျေးလက်တောရွာတွေကို ဖြတ်ကာ ကူရှန်မြို့သို့ အမြန်သွားခဲ့သည်။ ကူရှန်မြို့က ဝေးလံခေါင်သီသော နေရာဖြစ်သည်။ ကုံကျိုးတွင် မှော်ပညာပြောင်းလဲမှုပြီးနောက် ကောင်းကင်အဘွားအဖွဲ့အစည်းက ထိပ်တန်းခေါင်းဆောင်များ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ကောင်းကင်အဘွားက ပြင်းထန်စွာ ပျက်စီးသွားပြီး သူမ၏ နတ်သဏ္ဌာန်ကလည်း ပျက်စီးသွားလေရာ ထိုအချိန်မှစ၍ ကောင်းကင်အဘွား အဖွဲ့အစည်းလည်း ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ယခုအချိန်တွင် ကောင်းကင်အဘွား အဖွဲ့အစည်းသည် ကူရှန်မြို့၌ ပုန်းနေပြီး ကောင်းကင်အဘွားကလည်း သူ့နတ်သဏ္ဌာန်ကို ပြန်လည်ပေါင်းစည်းရန် ကြိုးစားနေကြောင်း သိလိုက်ရသည်။
သူသည် တောင်လမ်းတစ်ခုကို ဖြတ်သွားရင်း လမ်းထောင့်ကို လှည့်ကြည့်လိုက်သောအခါတွင် အလေးချိန် ကျင်တစ်ရာကျော်ရှိသော ထင်းစည်းကြီးကို ထမ်းထာသော ထင်းခုတ်သမားက လမ်းဘေးမှာ ရပ်နေတာ တွေ့လိုက်ရသည်။
တောင်တက်လမ်းက ကြမ်းတမ်းပြီး သွားလာရခက်ခဲသည်။ လမ်းက ချောက်ကမ်းပါးဘေးမှာ ဆောက်ခဲ့ကာ ချောက်ကလည်း ခြေတစ်လှမ်းသာ ဝေးသည်။ ထင်းခုတ်သမားသည် ချောက်ကမ်းပါးကို မှီ၍ ပိုက်ကို ပွတ်နေ၏။ သူ ရောက်လာတာ မြင်သောအခါ ခြေကိုတွန့်ကာ အသာ လမ်းဖယ်ပေးလေ၏။
ကျူကဲကျန်းလည်း ကျေးဇူးတင်စကား ပြောကြားရန် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် ချောက်ကမ်းပါးမှ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ လှမ်းကြည့်လိုက်တော့ ကမ်းပါးပေါ်၌ ဆေးဖက်ဝင်အပင် ခူးနေသော ပညာရှင်တစ်ဦးသည် သူ့ခန္ဓာကိုယ်ကို ကြိုးတစ်ချောင်းဖြင့် ချည်နှောင်ကာ ချောက်ကမ်းပါးပေါ်ရှိ အပင်တစ်ပင်ကို ခူးရန် ကြံရွယ်နေတုန်း လှေကားထစ် ဒါဇင်ပေါင်းများစွာ၌ တွဲလောင်းကျနေတာ တွေ့လိုက်ရသည်။ သူ့ခမျာ ချော်လဲလုမတတ်ပင်။
ကျူကဲကျန်း သူ့အကြည့်ကို ဆုတ်လိုက်ပြီး ကျဉ်းမြောင်းသော တောင်လမ်းအတိုင်း လျှောက်သွားလိုက်သည်။ ထိုအချိန်တွင် ဆန့်ကျင်ဘက် တောင်လမ်းမှ လူ ၃ ဦးဟာ နွားတစ်ကောင်နဲ့အတူ သူ့ဆီ လျှောက်လာနေတာ လှမ်းမြင်လိုက်ရသည်။ နွားက အရှေ့ဆုံးကနေ လျှောက်လာနေပြီး ၎င်း၏ ချိုရှည်နှစ်ချောင်းက ချွန်ထက်သော ဓားနှစ်ချောင်းနှင့် တူသည်။
ဒီလို ကျဉ်းမြောင်းတဲ့ တောင်ပေါ်လမ်းကို ဖြတ်ကျော်ဖို့ မဖြစ်နိုင်မှာ ကြောက်ရသည်။
"ပြန်သွား... ပြန်သွား!"
နွားသခင်က သူ့ကို ဝှေ့ယမ်းပြီး ပြောလာသည်။
"လှည့်ပတ်သွားဖို့ တခြား နေရာရှာလိုက်!"
ကျူကဲကျန်း နောက်ပြန် လှည့်ကြည့်သောအခါ ထင်းခုတ်သမားက ထင်းစည်းကိူ သယ်လာပြီး သူ့ဆီသို့ လျှောက်လာနေတာ တွေ့လိုက်ရသည်။
နွားကလည်း ရှေ့ကို ဆက်လာနေတာကြောင့် သူက အလယ်မှာ ထောင်ချောက်ဆင်ခံနေရသလို ဖြစ်နေကာ နွားက သူ့အမြင်ကို ကာထားသည်။ နွားဖင်နောက်က လူသုံးယောက်သည် နတ်ကွန်းရှိ နတ်သန္ဓေသားအား တိတ်တိတ်ဆိတ်ဆိတ် ထုတ်ကာ ရွှေအမြုတေများကို နတ်ကွန်းထဲမှ ပျံထွက်သွားစေသည်။
ကျူကဲကျန်း၏ ဦးခေါင်းထက်တွင် ဆေးပင်ရှာသူသည် ပါးစပ်ကိုဖွင့်ကာ သေးငယ်သော ဓားရှည်တစ်ချောင်းကို ထုတ်ပစ်လိုက်၏။ ဓားပေါ်တွင် ရေးထိုးထားသော အဆောင်လက်ဖွဲ့ စာလုံးက အကြိမ်ပေါင်း ထောင်နှင့်ချီ၍ ဖြတ်သွားနိုင်သော ဓားလက်နက်တစ်ခု ဖြစ်သည်။
အနောက်တွင် ထင်းခုတ်သမားရဲ့ မျက်လုံးများကလည်း တောက်ပလာပြီး သူ့ခေါင်းနောက်ဘက်ရှိ နတ်ကွန်းထဲမှ မီးတောက်များ လျှံထွက်နေသည်။ နတ်သန္ဓေသားသည် မိုးကြိုးပစ်ရန် အဆင်သင့် ဖြစ်နေဟန် တိတ်တဆိတ် ပြင်ဆင်နေသည်။
“ဒိုင်း!”
ကျူကဲကျန်း သူ့နောက်ကျောမှ သုံးလုံးပြူး သေနတ်ကို ဆွဲထုတ်လိုက်ပြီး နောက်ပြန်လှည့်မကြည့်ဘဲ ပုခုံးပေါ်တင်ကာ သစ်ခုတ်သမား၏ ဦးခေါင်းကို ခွဲလိုက်သည်။
ထို့နောက် သူသည် လှည့်၍ နွားနောက်ကျောပေါ်သို့ ဆင်းသက်ကာ အထက်မှနေ၍ ထိုးနှက်လာနေသော ရွှေအမြုတေများကို ရှောင်ရှားလိုက်သည်။ မိုးခြိမ်းသံနှင့် မီးလုံးကြီးက ကျည်တောက်မှ ပြေးထွက်လာပြီး လေထဲတွင် တွဲလောင်းကျနေသော ဆေးပင်ရှာသူ ဆေးဆရာ၏ ကြိုးကို ချိုးဖျက်လိုက်သည်။
ဆေးဆရာလည်း ကျယ်လောင်သော အော်သံကို ထုတ်လွှတ်လိုက်ပြီး လေထဲမှ ပြုတ်ကျလာကာ အောက်ဘက်ရှိ ချောက်ထဲသို့ တည့်တည့်မတ်မတ် ပြုတ်ကျသွားတော့သည်။
ကျူကဲကျန်းသည် နွားနောက်ကျောမှ ခုန်ဆင်းကာ နွားနောက်မှ လူ၏ဦးခေါင်းကို ခုတ်ထစ်ရန် သေနတ်ကို ယမ်းပစ်လိုက်သည်။ တစ်ဆက်တည်း သူသည် ကျည်ခွံကို လှည့်၍ အခြားလူ၏ ရင်ဘတ်ကို သေနတ်ထိပ်ဖြင့် ထိုးဖောက်လိုက်ပြန်သည်။
ကျည်ဆံကို လှန်လိုက်သည်နှင့် နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ လွတ်မြောက်သွားသော တတိယမြောက် နွားကျောင်းသားရဲ့ ခန္ဓာကိုယ်က လွင့်ပျံလာပြီး သူ၏ ရွှေအမြုတေခမျာ ကြီးမားသော သက်ရောက်မှုကြောင့် ကွဲအက်သွားသည်။ ထိုသူသည် ခြေလှမ်း ဆယ်လှမ်းကျော် ပြေးပြီးနောက် ချောက်ကမ်းပါးကို ဝင်တိုက်ပစ်သည်။
ဤချောက်သည် သူ့အတွက်တောင် အလွန်အန္တရာယ်များရာ အခြားသူများအတွက်လည်း ပို၍ပင် အန္တရာယ်ရှိပေသည်။ ဒီလိုနေရာမှာ သူ့ကို ချောင်းမြောင်း တိုက်ခိုက်ဖို့ ရွေးချယ်တာက သေခြင်းတရားကို ရှာဖွေတာနဲ့ အတူတူပင်။
ကျူကဲကျန်း ရပ်တန့်လိုက်သည်။ သေနတ်ထိပ်မှ သွေးများကို ဆေးကြောသန့်စင်ကာ ကျည်ဆန်ကို ဂရုတစိုက် သုတ်သည်။ ထို့နောက် ယမ်းမှုန့်များကိုလည်း ပြန်ထည့်လိုက်သည်။
သူသည် ခွေးနက်သွေးနှင့် သစ်ကြံပိုးခေါက်ပါသည့် ပုလင်းငယ်ကို ထုတ်ကာ ကျည်ဆံပေါ်ရှိ အဆောင်စာလုံးကို ခြေရာခံရန် အလွန်ကောင်းမွန်သော စုတ်တံကို အသုံးပြုနေခဲ့သည်။
"ငါတို့နေရာမှန်ကို ရောက်နေပြီ ထင်တယ်... ကူရှန်မြို့!"
"ဝူး!" ချောက်ကမ်းပါးပေါ်က နွားက လှည့်ပြီး အော်တယ်။
ကျူကဲကျန်း သေနတ်ကို သူ့ကျောမှာ ထောင့်ဖြတ်ဆွဲထားပြီး နွားကို လက်ဝှေ့ယမ်းပြကာ ကူရှန်မြို့ဆီသို့ လျှောက်သွားခဲ့သည်။
"ဒါက သခင်လေးရဲ့ ပိုင်ဆိုင်မှု ဟုတ်မဟုတ် ပြောရတာ အရမ်း ရိုးရှင်းပါတယ်.... ကူရှန်မြို့ကို သွားလိုက်မယ် ကောင်းကင်အဘွား အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်အားလုံးကို သတ်ပစ်မယ်... ကောင်းကင်အဘွားကို ဖြိုချမယ်... ပြီးရင် ငွေစာရင်း စာအုပ်ကို စစ်ကြည့်လိုက်မယ်... ဒါဆို အားလုံး ရှင်းသွားလိမ့်မယ်!"