တရားမျှတမှုသခင်
Vol. 15 Ch. 216
ချင်းယန် ဟူရှောင်လျောင်ကို ကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ သူသည် မြေခွေးမျိုးနွယ်စု၏ အကြီးအကဲဖြစ်ပြီး မြေခွေးမျိုးနွယ်စုကို အနောက်နွားရှင်းကျိုးရဲ့ နေရာတိုင်းတွင် ဖြန့်ကျက်ထားသောကြောင့် သတင်းတွေ ရယူလွယ်သည်။
"သခင်လေးကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က မင်းသားကျန့်အိမ်တော်က မွေးစားခဲ့တာ.. သူ့အဖေအရင်းရဲ့ မျိုးရိုးက ရန့်... နာမည်က ရှောင်း...သူက ရှီးကျင်းမှာ စစ်ဝန်ကြီးဖြစ်ပြီး တိုင်းပြည်မှာရှိတဲ့ တပ်ဖွဲ့အားလုံးကို တာဝန်ယူပါတယ်... ဒါပေမဲ့ အခု သခင်လေးရဲ့ မျိုးရိုးနာမည်က ကျန့် ဖြစ်နေတယ်...ရန့်ဆိုပြီး ပြန်မပြောင်းသေးဘူး အဲဒါကြောင့် သူ့နာမည်အတိအကျကို ငါလည်း မသိဘူး"
အဘွားရှားလည်း အံ့အားသင့်သွားပြီး "ရန့်မျိုးရိုး? စစ်ဝန်ကြီးလား? သူ့မျိုးရိုးအမည်က မိသားစုကြီး ၁၃ခုထဲမှာ မပါဘူး... ဒါကို စစ်ဝန်ကြီးဖြစ်လာပြီး တိုင်းပြည်တစ်ခုလုံးရဲ့ စစ်တပ်ကို ဘယ်လိုလုပ် တာဝန်ယူမှာလဲ"
ယခုဆို နန်းတွင်းရှိ အရေးပါသော ရာထူးများကို မိသားစုကြီးဆယ့်သုံးခုမှ အရည်အချင်းရှိသူများမှ ချုပ်ကိုင်ထားလေ့ရှိသည့် ဓလေ့တစ်ခုဖြစ်လာပြီ။
စစ်ဝန်ကြီးဌာနသည် ဝန်ကြီးဌာနခြောက်ခုတွင် ရှိပြီး စစ်ဝန်ကြီးက ဒုတိယအဆင့် အမှုထမ်း အရာရှိဖြစ်သည်။ သူ့အင်အားသည် အတွင်းပညာရေးအဖွဲ့က ပညာရှင်တွေလောက် မကြီးမားသော်လည်း အမှန်တကယ် အာဏာကို ဆုပ်ကိုင်ထားသော အရာရှိတစ်ဦးဖြစ်သည်။ မိသားစုကြီးဆယ့်သုံးခုဟာ ဤတရားဝင်ရာထူးကို ပြင်ပလူရဲ့ လက်ထဲကို အရောက်ခံလိမ့်မည် မဟုတ်ချေ။
ချင်းယန် : "ရန့်မိသားစုကလည်း မိသားစုကြီးလား?"
ဟူရှောင်လျောင်က ခေါင်းယမ်းပြီး :“ငါတော့ တစ်ခါမှ မကြားဖူးဘူး”
အဘွားရှား: "ထူးဆန်းတယ်... ရန့်ရှောင်းက စစ်ဝန်ကြီး ဖြစ်ရင်တောင် သူ့မွေးစားသားက သူ့မျိုးရိုးကို ပြောင်းစရာ မလိုဘူး... ရန့်ရှောင်းရဲ့ သားဖြစ်နေရုံနဲ့ မိသားစုကြီး ၁၃စုနဲ့ ဆရာတော်ဝါးခါးက မျက်နှာသာပေးနိုင်စေမယ့် တန်ခိုးမရှိဘူး"
ဟူရှောင်လျောင်လည်း ခဏတုံ့ဆိုင်းသွားပြီး ဆို၏။
"ဒဏ္ဍာရီအရဆို ရန့်ရှောင်းရဲ့ အကိုင်းအခက်မှာ အစက ဒီလိုမျိုးရိုးနာမည် မရှိဘူး တော်ဝင်မျိုးရိုးဖြစ်တဲ့ ကျူးမျိုးရိုးအမည်ပဲ... နောက်ပိုင်းမှာ လူတွေက မျိုးရိုးအမည် ကျူး ကို ခွင့်မပြုတဲ့အတွက် သူတို့ရဲ့ မျိုးရိုးအမည်ကို ရန့်ဆိုပြီး ပြောင်းလိုက်တာ!"
အဘွားရှားလည်း ခဏလောက် နှုတ်ဆိတ်သွား၏။
"မထူးဆန်းပါဘူး... ကျူးသာ နောက်ဆုံးနာမည်ဖြစ်သွားရင် အဓိပ္ပာယ်ရှိမှာပဲ"
ဒ.က တားမြစ်ထားသော မျိုးရိုးအမည် ဖြစ်သည်။
ယနေ့ခေတ် ကမ္ဘာပေါ်တွင် ဘယ်သူမှ မျိုးရိုးအမည် ကျူးကို မယူဝံ့ကြပေ။
သူမသည် ခက်ခဲတဲ့ အခြေအနေတစ်ခုလို့ ခံစားလိုက်ရတာကြောင့် သက်ပြင်းချလိုက်မိ၏။
"ရှောင်ရှီက သခင်ငယ်လေးနဲ့ ဘယ်လိုလုပ်များ ပဋိပက္ခဖြစ်နေရတာလဲ... ဒါက နည်းနည်းတော့ ခက်တာပဲ..."
ချင်းယန်က ခေါင်းခါပြီး "ဒါက တစ်ဆယ်လေးရဲ့ အမှားမဟုတ်ဘူး..ရန့်မျိုးရိုးကိုက လူမိုက်ပဲ"
အဖွားရှားလည်း တခြားဘာမှ ပြန်မပြောနိုင်တော့ပေ။ သူတို့ ယွိတူးကို သွားခဲ့ကြတာကြောင့် သခင်လေးရဲ့ လက်အောက်ခံ အင်အားစုများကို ကောင်းစွာ သိရှိခဲ့ကြသည်။
အဘွားရှား :"သခင်လေးရန့်ရဲ့ မူလ မျိုးရိုးအမည်က ကျူးဆိုရင် သူ ငွေလိုမယ်... လူတွေရဲ့ နှလုံးသားကို အနိုင်ယူပြီး အင်အားစုအမျိုးမျိုးနဲ့ မိတ်ဆွေဖွဲ့နိုင်တယ် ဆိုတာ ရှင်းပြနေတာပဲ"
ကျန်နှစ်ယောက်လုံး အံ့အားသင့်သွားပြီး သူမဆိုလိုတာကို ချက်ချင်း နားလည်သွားကြသည်။
"ဆရာတော်ဝါးခါးက သူ့ကို ဉာဏ်ပညာကြီးတဲ့ မင်ဧကရာဇ်နတ် ရွှေအလင်းမန္တန်ကို သင်ပေးခဲ့တာ အံ့သြစရာတော့ မရှိပါဘူး... မိသားစုကြီး ၁၄ ထဲက လူတွေကလည်း သူ့ကို စွမ်းရည်တွေကို သင်ပေးနေကြတာ ဒါကြောင့်ကိုး..."
ဟူရှောင်လျောင်လည်း သက်ပြင်းသာ ချနိုင်လေတော့သည်။
"ဒီတစ်ခါ တစ်ဆယ်လေးရဲ့ ပြိုင်ဘက်က ကိုင်တွယ်ရ ခက်တယ်... အဖွား... အဘိုးကြီးချန်ကို မြေအောက်ကမ္ဘာကနေ ဆွဲထုတ်ကြရင်ရော?"
အဖွားရှားလည်း ခေါင်းကိုက်သွားတော့သည်။ သူတို့သုံးယောက်နဲ့တင် တစ်ဆယ်လေးရဲ့ လုံခြုံရေးကို မကာကွယ်နိုင်တော့မှာကို ကြောက်ရ၏။ အဲဒါကို သူတို့မကာကွယ်နိုင်ရင် ကုံကျိုးမှာ နောက်ထပ် နတ်ဆိုးပြောင်းလဲမှုတစ်ခု ရှိကောင်းရှိလာလိမ့်မည်။
"ရှောင်ဝမ်စွင်းကလည်း မျိုးရိုးနာမည် ကျူးမလား?"
ချင်းယန် ရုတ်တရက် သတိရသွားတာကြောင့် မေးလိုက်သည်။
အဘွားရှား: "ဒီကမ္ဘာကို မြင်ပြီးကတည်းက ရှောင်ဝမ်စွင်းလည်း မျှော်လင့်ချက်နဲ့ ရည်မှန်းချက်တွေ ဆုံးရှုံးသွားပြီ... သူအခု ဟွမ်ဖောရွာအပြင်ဘက်က သစ်ပင်ကောက်ကောက်မှာ ကြိုးဆွဲချချင်နေမှာတောင် ကြောက်ရတယ်... တစ်ဆယ်လေးရဲ့ လက်ထဲက တံဆိပ်တုံးတောင် ရှောင်ဝမ်စွင်းက အဲ့သစ်ပင်ပေါ်မှာ ထားခဲ့လိုက်တာ... တစ်ဆယ်လေးသာ ပြေးမယူလိုက်ရင် သူကိုယ်တိုင် တံဆိပ်နေရာမှာ ဝင်နေလိုက်မှာ.... ဟုတ်ပြီ ဒီဒုက္ခတွေကို မေ့ပြီး အိမ်ပြန်ကြရအောင် နောက်ဆုံးတော့ အေးချမ်းသာယာပြီး ရိုးရှင်းတဲ့ဘဝကို ဖြတ်သန်းရတော့မယ်... ချင်းယန်... မင်းမှာ ပိုက်ဆံရှိလား မင်းမှာ ပိုက်ဆံရှိရင် သုံးလို့ရတယ်။"
ချင်းယန်က သူမကို မျက်လုံးပြူးပြလိုက်သည်။
"ငါ့ခန္ဓာကိုယ်မှာ အိတ်ကပ်မရှိဘူးလေ... ပိုက်ဆံကို ဘယ်မှာသွားထားရမှာလဲ... ငါက ယဇ်ပူဇော်တာကို မဟုတ်ဘဲ ပိုက်ဆံပဲ လက်ခံတာဆိုရင်တော့ ရှိမှာပေါ့... ရွာက မြေးတွေက ငါ့ကို ယဇ်ပူဇော်တယ် သူတို့တောင်းတာ အများဆုံးက ပိုက်ဆံပြန်ပေးခိုင်းတာပဲ"
အဖွားရှားက မုတ်ဆိတ်မွေးကိုလည်း တစ်ချက် ကြည့်လိုက်ပြီးမှ ပြောလေ၏။
"ရှောင်လျောင်... ငါ အလုပ်မလုပ်တာ ကြာနေပြီ ငါ့မှာ ပိုက်ဆံမရှိဘူး... လာ ပိုက်ဆံယူလာခဲ့... ငါ အိမ်မှာသိမ်းထားတဲ့ ဥတွေကို ရောင်းပြီးရင် ပြန်ပေးမယ်"
မုတ်ဆိတ်မွေးလည်း သက်ပြင်းချပြီး “မင်းတို့က သခင်တွေပါပဲ” ဟု ရေရွတ်လိုက်တော့သည်။
နောက်ဆုံးတွင်တော့ သူသည် မြေခွေးမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သည်။ မြေခွေးကလေးက သူ့ကို လက်ဆောင်အဖြစ် ငွေပေးတတ်သည်။
လူသုံးယောက် ထွက်သွားကြ၏။
ချန်ရှီကတော့ တောင်နီခန်းမ၏ ခန်းမဆောင်တွင် တည်းခိုခဲ့ပြီး နောက်ဆုံးတော့ စိတ်ချလက်ချ အနားယူနိုင်ခဲ့သည်။ တောင်နီခန်းမက သူ့အတွက် တစ်ဝက်တစ်ပျက်အိမ်နှင့်တူပြီး ဒီနေရာကို ရောက်ရင် လုံခြုံသလိုခံစားရသည်။
သူ စိတ်ငြိမ်သွားပြီးနောက် အစွန်းရှစ်ပါးရွှေနန်းတော် နတ်အခန်းကို လေ့ကျင့်လိုက်သော်လည်း သူသည် ထျန်းဖန်ဖူ နတ်ဆိုးခန္ဓာစွမ်းရည်ကို သုံးထားတာကြောင့် သူ၏ စွမ်းအင်နှင့် သွေးများက အနည်းငယ် ကုန်ဆုံးသွားချေပြီ။
အစွန်းရှစ်ပါးရွှေနန်းတော် နတ်အခန်းကို ပုံမှန် အရှိန်အဟုန် အတိုင်း လေ့ကျင့်ခြင်းဖြင့် သူသည် ရွှေအမြုတေနယ်ပယ်ကို ဖြတ်ကျော်ပြီး အခြေတည်ဝိညာဥ် နယ်ပယ်ထဲကို ဝင်လာနိုင်ပြီဖြစ်သည်။ သို့သော် ချီနှင့် သွေးများ ကုန်သွားပါက ဖြတ်ကျော်ရန် မဖြစ်နိုင်တော့ပေ။
"ဟေး ငါ့သက်တမ်းက အနှစ် ၅၀၀ ကျော်သွားပြီဟ!"
ချန်ရှီ အလွန်အံ့သြသွားသည်။ ဤတစ်ကြိမ်တွင် သူသည် လုံ့လစိုက်ထုတ် လေ့ကျင့်ခဲ့ပြီး သူ့သက်တမ်းသည်လည်း အနှစ် ၅၀၀ အမှတ်အသားကို မထင်မှတ်ဘဲ ချိုးဖျက်ကာ အနှစ် ၆၀၀ အထိ တိုးသွားတာ တွေ့လိုက်ရသည်။
ထိုစဥ် မယ်မယ်ရှစ်ကျီရဲ့ စကားသံကို ကြားလိုက်ရသည်။
"အနှစ်ငါးရာသက်တမ်းက ရွှေအမြုတေရဲ့ ကန့်သတ်ချက်ပဲ... အဲဒီကန့်သတ်ချက်ကို ဖြတ်ကျော်ဖို့က မဖြစ်နိုင်ပါဘူး... သံတမန် မင်းရဲ့အရည်အချင်းက တကယ်မဆိုးဘူးပဲ... ရွှေအမြုတေရဲ့ သက်တမ်း ကန့်သတ်ချက်ကိုတောင် မြန်မြန် ဖြတ်ကျော်နိုင်တယ်... ဒါပေမယ့် ထျန်းဖန်ဖူ နတ်ဆိုးခန္ဓာစွမ်းရည်က ခန္ဓာကိုယ်အတွက် နည်းနည်းအန္တရာယ် ရှိပြီး ခွန်အားကိုပြန်လည် ဖြည့်တင်းဖို့လည်း ခက်တယ်။"
ချန်ရှီက ပြုံးပြီး "ကျွန်တော် ပြန်အိပ်လိုက်ရင် အဆင်ပြေသွားမှာပါ"
မယ်မယ်ရှစ်ကျီက ပြုံးလိုက်သည်။
"သံတမန်သာ ထိခိုက်ဒဏ်ရာရမှာကို မကြောက်ဘူးဆိုရင် မြောက်ပိုင်းဧကရာဇ်မျိုးရိုးမှာ မိုးကြိုးကျောက်စိမ်းကျင့်စဥ် လို့ခေါ်တဲ့ ပိုအစွမ်းထက်တဲ့ တိုက်ပွဲဝင်ကျင့်စဥ် တစ်ခုရှိတယ်... ဒါပေမဲ့ ခန္ဓာကိုယ်ကို ထိခိုက်တာက ပိုအန္တရာယ်များစေတယ်"
ချန်ရှီ ဒါကိုကြားပြီး အနည်းငယ် စိတ်ဝင်စားလာသည်။
"ဘယ်လို ထိခိုက်မှာလဲ"
"ဒီမိုးကြိုးကျင့်စဥ်က လူတစ်ယောက်ကို နတ်ဘုရားအဖြစ် ပြောင်းလဲပေးနိုင်တယ်... ကောင်းကင်ကိုးလွှာ ရင်းယွမ်မိုးကြိုးလို့လည်း ခေါ်တဲ့ မိုးကြိုးနတ်ဘုရား ဖြစ်သွားအောင်အထိ ပြောင်းလဲပေးနိုင်တာ... မျက်လုံးသုံးလုံး ဖွင့်လိုက်ရင် မိုးကြိုးနဲ့ လျှပ်စီးကြောင်းတွေကို ထိန်းချုပ်နိုင်တယိ... နတ်ဆိုးတွေနဲ့ မိစ္ဆာတွေကိုတောင် ခဏအတွင်း ပြာချပစ်လို့ရတယ်"
မယ်မယ်ရှစ်ကျီက ပြုံးပြီး ရှင်းပြလေသည်။
"ဒီမိုးကြိုးကျင့်စဥ်ကို လေ့ကျင့်ပြီးရင် သုံးပြီရင်တော့ မင်းရဲ့ ချီနဲ့ သွေးတွေက ပင်ပန်းနွမ်းနယ်နေလိမ့်မယ်... တစ်နှစ်ကျော်လောက် ကြာပြီးရင်တောင် ပြန်ကောင်းလာဖို့ မမျှော်လင့်နဲ့... မင်းစစ်မှန်တဲ့ ဘုရင်ကျန်းရဲ့ ဂူဗိမာန်ကို နောက်ဆုံးအကြိမ် သွားတုန်းက ကျွန်မ ဒီတိုက်ပွဲနည်းလမ်းတွေကို သစ်တောရဲ့ အတွင်းဘက်စွန်းမှာ တွေ့ခဲ့တယ်..."
ဤစကားကို ကြားသောအခါ ချန်ရှီ နှလုံးခုန်သံက မြန်လာသော်လည်း အနည်းငယ် ချီတုံချတုံလည်း ဖြစ်နေသည်။
ဘုရင်ကျန်း၏ ဂူဗိမာန်အပြင်ဘက်ရှိ တောအုပ်ထဲတွင် မှတ်တမ်းတင်ထားသော လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်များသည် ဘုရင်ကျန်း ဂူဗိမာန်နှင့်နီးကပ်လေလေ ပိုအားကောင်းလေ ဖြစ်သည်။ မိုးကြိုးကျောက်စိမ်းကျင့်စဥ်သည် အတွင်းအကျဆုံးမှာ ရှိနေတယ် ဆိုကတည်းက ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ စိတ်ကူးကြည့်နိုင်သည်။
မယ်မယ်ရှစ်ကျီ : "မင်းက မြောက်ဧကရာဇ် မျိုးရိုးရဲ့ ကျင့်စဥ်တွေကို လေ့ကျင့်နေတာလေ... ထျန်းဖန်ဖူ နတ်ဆိုးခန္ဓာစွမ်းရည်က ထိုက်ချင်မြောက်ဘက်စွန်းနတ်စည်းတံဆိပ်ကနေ ဆင်းသက်လာတာ.. မိုးကြိုးခန္ဓာကိုယ် နဲ့ ပေါင်းလိုက်တဲ့အခါ ပိုအားကောင်းတယ်... ဒါပေမယ့် ဒီနှစ်ခုက မတူညီတဲ့ တိုက်ခိုက်ရေး နည်းလမ်းနှစ်ခုပဲ... တစ်ချိန်တည်းမှာ သုံးလိုက်ရင် အဆင်မပြေနိုင်ဘူး"
ချန်ရှီ အနည်းငယ် ခေါင်းညိတ်လိုက်သည်။
သူ မင်ဖုန်းအဆောက်အအုံက ဆိုင်ရှင်ချိုနှင့် တိုက်ခိုက်သောအခါက မိုးကြိုးကိုယ်ထည်ကို အသက်သွင်းစဉ်တွင် ထျန်းဖန်ဖူ နတ်ဆိုးခန္ဓာစွမ်းရည်ကိုလည်း အသက်သွင်းခဲ့သည်။ မိုးကြိုးနှင့် မိုးများ သည်းသည်းထန်ထန် ရွာသွန်းလာစေဖို့ သူ၏ချီသွေးနှင့် ချီစွမ်းအင်ကို သုံးကာ အဆောင်စာလုံးများ ဆွဲခဲ့သည်။ ဤနည်းဖြင့်သာ မိုးခြိမ်းသံကို ဆွဲဆောင်နိုင်၏။ ထျန်းဖန်ဖူ နတ်ဆိုးခန္ဓာစွမ်းရည် ခန္ဓာကိုယ်သည် မှော်လက်နက် ခြောက်ခုကို ကိုင်ဆောင်ထားပြီး ဆိုင်ရှင်ချိုကို အမြန်သတ်ပစ်ရန် မိုးကြိုးပစ်သည့် စွမ်းအားကိုပါ ရောသုံးခဲ့သည်။
ဆိုင်ရှင်ချိုကလည်း သူကြုံတွေ့ဖူးသမျှ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေထဲမှာ အပြင်းထန်ဆုံးဖြစ်သည်။ အကယ်၍ သူသာ နည်းလမ်းများစွာကို မသုံးခဲ့ပါက တိုက်ပွဲကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း မယ်မယ်ရှစ်ကျီ ပြောသည့်အတိုင်းပင် တိုက်ခိုက်ရေး နည်းလမ်းနှစ်ခုကို တစ်ပြိုင်နက်သုံးပြီး အဆောင်စာလုံးတွေကို အသက်သွင်းလိုက်တာက အမှန်တကယ်ပင် အဆင်မပြေဖြစ်စေပြီး ခန္ဓာကိုယ်ကို အနှောင့်အယှက် ဖြစ်သွားစေဖို့ လွယ်ကူပေသည်။
"မိုးကြိုးကျောက်စိမ်းကျင့်စဥ်ကို တကယ် စမ်းသပ်နိုင်လောက်တယ် ထင်တယ်" သူ့ကိုယ်သူ ပြန်ပြောနေ၏။
နောက်တစ်နေ့တွင် ယွိထျန်းချန်၊ စီးထူဝမ်း၊ ကျူကဲကျန်းနဲ့ တခြားသူများ တောင်နီခန်းမကို ပြန်ရောက်လာခဲ့ကြသည်။ ယွိထျန်းချန်က ပြုံးပြီး ပြောလေ၏။
"သခင်ခေးရဲ့ ကွပ်ကဲမှုအောက်ကနေ လိုက်ရှာသူတွေ အားလုံး ဖြေရှင်းပြီးသွားပါပြီ နည်းပြက စိတ်ချနိုင်ပါတယ်"
ချန်ရှီလည်း ဝမ်းသာအားရနဲ့ ဆိုလိုက်သည်။
"ခန်းမသခင်ယွိ... ခင်ဗျား သင်ထားတာတွေကို အသုံးချနိုင်နေပြီ... အသိပညာ တိုးတက်မှုက တကယ်ကို အထင်ကြီးလောက်စရာပဲဗျ... နောက်နှစ် ပညာသင်စာမေးပွဲမှာ ခင်ဗျားရဲ့အဆင့်က ဘယ်လောက်အထိ မြင့်မားမလဲဆိုတာ တွေးတောင် မတွေးရဲတော့ဘူး!"
ယွိထျန်းချန်ကလည်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဒါလည်း ကလေးပညာရှင် နည်းပြရဲ့ ကောင်းမွန်တဲ့ သွန်သင်မှုကြောင့်ပါ!"
"ဟေး... အခု ကျနော်က ပြည်နယ်နှစ်ခုမှာ အမှတ်အများဆုံး ဖြစ်နေပြီနော်..."
"ဒါဆို သခင် ကျဲယွမ်ပေါ့!"
"ဟားဟားဟား!"
နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် ချော့မော့နေကြပြီး ဂုဏ်ယူနေကြလေသည်။ ကျူကဲကျန်းလည်း သူတို့ အချင်းချင်း ချော့မော့ပြီးတဲ့အထိ စောင့်ပြီးမှ ဆိုလိုက်သည်။
"ချန်ရှီ ငါ မနေ့က ကောင်းကင်အဘွား အဖွဲ့အစည်းရဲ့ မှတ်တမ်းတွေကို စစ်ဆေးပြီးပါပြီ.. အဲဒါက သခင်ငယ်ရဲ့ တန်ခိုးပါပဲ.. သခင်လေးသာ မကောင်းမှုလုပ်ရင် သူ့ကို နှိမ့်ချပြီး အသက်စွန့် ပုန်ကန်ပါ့မယ်လို့ ငါ ကတိပေးခဲ့တယ်!"
ချန်ရှီ ပြုံးပြီး။
"အစ်ကိုကြီးကျူကဲ ယုံကြည်ထိုက်သူပါ...အမိန့်ပေးတာတော့ မလုပ်ရဲပါဘူး။ ကျနော်တို့ စန့်ရန် နာမည်အောက်မှာ ကောင်းကင်နန်းတော် ဆိုတဲ့ တရားရုံးလို အဖွဲ့အစည်းတစ်ခု ရှိတယ် အဲဒါက သူပုန်အဖွဲ့အစည်း မဟုတ်ဘူး... ယုံပါဗျာ..... ကျနော်တို့ရဲ့ ကောင်းကင်နန်းတော် အဖွဲ့အစည်းက ဟွာရှနတ်ဘုရားတွေကိုရှာဖို့၊ ဒီနတ်တွေကိုကာကွယ်ပြီး ဘုရင်ကျန်းခေတ်က ပျောက်ဆုံးသွားတဲ့ အမှန်တရားကို စူးစမ်းလေ့လာဖို့ ရည်မှန်းထားတာ... အစ်ကိုကြီးကျူကဲရော အဖွဲ့ဝင်ဖို့ ပြန်မတွေးချင်ဘူးလား?"
စီးထူဝမ်းက ငုတ်တုတ်လေး ထိုင်ကြည့်နေသည်။
"ကောင်းကင်နန်းတော်မှာ ငါ့ရဲ့နာမည်ဝှက်က ကောင်းကင်လုပ်သား!"
ကျူကဲကျန်းရဲ့ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလာသည်။
"ငါပူးပေါင်းလိုက်မယ် ဒါဆို ငါ့ရဲ့နာမည်ဝှက်က... ဂန္တာဝင်သမိုင်း!"
ချန်ရှီ ယွိထျန်းချန်ကိုလည်း ကြည့်လိုက်သည်။ ယွိထျန်းချန်က တုံ့ဆိုင်းသွားပြီးမှ စဥ်းစားပြီး ပြောလာသည်။
"ငါ့ရဲ့နာမည်ဝှက်က ကျောက်စိမ်းယုန်ပေါ့!"
စီးထူဝမ်းနဲ့ ကျူကဲကျန်းတို့ နှစ်ယောက်လုံး အလွန်အံ့သြသွားကြသည်။ ယွိထျန်းချန်က နတ်ဆိုးအသွင် အချိန်မရွေး ပြောင်းလဲသွားနိုင်တယ် ဆိုတာ သူတို့ မသိခဲ့ကြပါဘူး။ နတ်ဆိုးအငွေ့အသက်များ စွဲလာသည်နှင့် တပြိုင်နက် လူခန္ဓာကိုယ်နှင့် ယုန်ဦးခေါင်းတို့ ထွက်လာကာ ထွားကြိုင်းသော ယုန်ကြီးအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ ထို့ကြောင့် သူ့ဆီမှာ ကျောက်စိမ်းယုန် ဟူသော အမည်ဝှက် ပေါ်ပေါက်လာခဲ့သည်။
ချန်ရှီ အလွန်ကျေနပ်သွားသည်။ သူက စာရွက်ပေါ်တွင် သံလိုက်အိမ်မြှောင် တစ်ခုနှင့် ပေတံတစ်ချောင်းကို ကိုင်ထားသော ရုပ်ပုံတစ်ခု ရေးဆွဲလိုက်သည်။
"ကျွန်တော်တို့ရဲ့ စန့်ရန် သင်္ကေတက မြွေနှစ်ကောင်ရဲ့ ဦးခေါင်းနှစ်လုံးပါတဲ့ လူတစ်ယောက်... လက်တစ်ဖက်က သံထောက်ချွန်၊ နောက်တစ်ဖက်မှာက ပေတံတစ်ချောင်းကို ကိုင်ထားတာ...အဲဒါကြောင့် ကျနော်တို့ ကောင်းကင်နန်းတော်မှာလည်း သင်္ကေတတစ်ခု ရှိရမယ်...အဲ့တော့ သံထောက်ချွန်နဲ့ ပေတံကို လေးထောင့်ပုံလုပ်ပြီး... ကောင်းကင်နဲ့မြေကြီးလို့ သတ်မှတ်ပြီး အပြင်ကနေ စက်ဝိုင်းပုံသင်္ကေတအဖြစ် သုံးလိုက်မယ်!!"
စီးထူဝမ်းက စိတ်လှုပ်ရှားစွာနဲ့ :"ဒါက စည်းကမ်းတွေကို ကိုယ်စားပြုတယ်.. စည်းကမ်း မလိုက်နာတဲ့သူ အရိုက်ခံရလိမ့်မယ်!"
ကျူကဲကျန်းကလည်း သံလိုက်အိမ်မြှောင်လို သံထောက်ချွန် ပုံစံနှင့် လေးထောင့်ပုံစံကို ကြည့်လိုက်ရာ အတွင်းကို ဖြတ်သွားသော သံလိုက်အိမ်မြှောင်ကို တွေ့လိုက်ရသည်။
“ဒါက ဥပဒေနဲ့ စည်းကမ်းတွေကို ကိုယ်စားပြုတာပဲ”
ယွိထျန်းချန်ကလည်း ပုံစံကို ကြည့်ပြီး ပြုံးလျက်။
"ပညာနဲ့ အမွေလို့ ခံစားရတယ်...!"
ချန်ရှီက ပြုံးပြီး :"ခင်ဗျားတို့မှာ ကိုယ်ပိုင် အကြံဥာဏ်တွေ ရှိကြတာပဲ...ကိုယ့်ဘာသာပဲ သတ်မှတ်လိုက်ကြပါ... ကောင်းကင်နန်းတော် သင်္ကေတကို အခု လောလောဆယ် ဒါလို့ပဲ သတ်မှတ်လိုက်ရအောင်.. ကျနော် အနားယူပြီးရင် နောက်နှစ် စာမေးပွဲအတွက် ပြင်ဆင်ဖို့ ရှင်းရှန်ကို ပြန်သွားရမယ်..."
အားလုံးကို နှုတ်ဆက်ပြီး ပြန်ထွက်သွား၏။ ယွိထျန်းချန်၊ စီးထူဝမ်းနဲ့ ကျူကဲကျန်းတို့သည် စားပွဲဆီသို့ ပြန်လာပြီး စာရွက်ပေါ်ရှိ ကောင်းကင်နန်းတော်ရဲ့ သင်္ကေတကို ကြည့်လိုက်ကြသည်။
"ကောင်းကင်နန်းတော်က ကမ္ဘာကြီးကို ပြောင်းလဲနိုင်မယ်လို့ မင်းတို့ ထင်လား" ယွိထျန်းချန်က ရုတ်တရက် မေးလိုက်သည်။
"မပြောတတ်ဘူး"
ကျူကဲကျန်းနဲ့ စီးထူဝမ်းတို့က အသီးသီး ခေါင်းယမ်းလိုက်ကြသည်။ စီးထူဝမ်းသည် သံလိုက်အိမ်မြှောင်သဖွယ် သံထောက်ချွန်နဲ့ ပေတံကိုကြည့်ကာ ခဏမျှ တုံ့ဆိုင်းနေခဲ့သည်။
"ဒါပေမဲ့ ဘုရင်အစစ်က ဒါကို လုပ်နိုင်မယ်ထင်တယ်... သူက ယွိတူးမှာ တချို့အရာတွေကို ပြောင်းလဲခဲ့တယ် အနည်းဆုံးတော့ သူက ငါ့ကိုလည်း ပြောင်းလဲပစ်ခဲ့တယ်..."
ယွိထျန်းချန်က "ပြီးတော့ ငါရောပဲ... သူက ကုံကျိုးမှာနေတုန်းက ငါ့ရဲ့အမြင်တွေကို ပြောင်းလဲခဲ့တယ်"
ကျူကဲကျန်း: "လူတွေရှေ့မှာ ဘုရင်ကျန်းရဲ့ နာမည်ဝှက်ကို မပြောပါနဲ့ အဲဒါက မမျှော်လင့်ထားတဲ့ ဘေးဥပဒ်တွေကို အလွယ်တကူ ဖြစ်လာစေနိုင်တယ်... အခုကစပြီး သူ့ကို နည်းပြ လို့ခေါ်သင့်တယ်... ဘုရင်ကျန်းက ထူးခြားတဲ့ ကျက်သရေရှိတယ် ဒါပေမယ့် ကမ္ဘာကြီးကို ပြောင်းလဲဖို့က မလွယ်ဘူး... ငါတို့ နည်းပြနဲ့ စလုပ်လို့ရတယ် ဘုရင်ကျန်းက အခွင့်ကောင်းတစ်ခုဖြစ်တဲ့ နယ်ချဲ့စာမေးပွဲဖြေဖို့ ရှီးကျင်းကို သွားတော့မှာ... "
.........
လေးရက်ကြာပြီးနောက် ချန်ရှီ ဟွမ်ဖောရွာသို့ ပြန်လာခဲ့သည်။ ရွာအဝင်ဝက ယွိတိုက်မြစ်ထဲတွင် လှေတစ်စင်း လှော်ခတ်လာတာမြင်တော့ သူ အံ့သြသွားမိသည်။
လှေက မကြီးပေမယ့် မြစ်ကလည်း မကျယ်ပါ။ တစ်ဖက်မှတစ်ဖက်သို့ တစ်ချက်လေးနဲ့ ကူးခတ်သွားနိုင်သည်။ ကူးတို့ဖို့ အပျော်သဘောလှေကို သုံးဖို့ လိုအပ်လို့လား။
လှေသူမလေးသည် လှေပေါ်မှ ဆင်းကာ ရင်ဘတ်ရှေ့တွင် ကျစ်ဆံမြီးရှည်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ပြုံးပြလာသည်။ ချန်ရှီလည်း ပြန်ပြုံးပြီး ပဟေဋ္ဌိဖြစ်သွားသလို ခံစားလိုက်ရပြီး နောက်လှည့်ကာ ဟွမ်ဖောရွာထဲကို လျှောက်ဝင်သွားလိုက်သည်။
"တရားမျှတမှုသခင်နဲ့ ပြန်ပေးဆွဲခံရတဲ့ ဝိညာဉ်က ဒီမှာ ရှိနေပြီလား!"
လှေသမားက သူ့ရဲ့စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ လှေပေါ်က မိန်းကလေးကို ပြောလိုက်သည်။
“သမီးလေး.. ငါတို့ မကြာခင် မြေအောက်ကမ္ဘာကို ပြန်နိုင်တော့မှာပါ”
သူသည် ရိုးရှင်းသော အထိုင်တစ်ခုကို တည်ဆောက်ပြီး လျှော်ကြိုးများအား ချည်နေလိုက်သည်။ ထို့နောက် သူ့အလုပ်ကို လျှော့လိုက်ပြီး ဟွမ်ဖောရွာဆီသို့ လှမ်းကြည့်နေ၏။
"ဒီခွေးကို ငါတို့ ထိန်းနိုင်သရွေ့ပေါ့...."
လှေပေါ်က ကောင်မလေးက “ပြန်သွားပြီး သတင်းပေးမလို့လား... ဖေဖေ သမီးတို့က ဘယ်သူကို သတင်းပို့ရမှာလဲ”
လှေသမား: "တရားမျှတမှုသခင်ကိုလေ...."
ဒီလိုပြောတဲ့အခါ သူ့ဘာသာ အံ့ဩသွားမိသည်။ ထိုအခိုက် လှေပေါ်က မိန်းကလေးက လှေပေါ်ကနေ ခုန်ဆင်းလာပြီး သူ့ကို ကူညီပေးလိုက်သည်။
“တရားမျှတမှုသခင်က ဒီနေရာမှာ... သမီးတို့ ပြန်သွားတဲ့အခါ ဘယ်တရားမျှတမှု သခင်ကို အစီရင်ခံသင့်လဲ”
လှေသမားသည်လည်း ဤမေးခွန်းကြောင့် စိတ်ရှုပ်ထွေးသွားပြီး။
"တရားမျှတမှု အရှင်သခင် ကြွလာပြီဆိုတော့ ပြန်ပေးဆွဲခံရတဲ့ ဝိညာဉ်က
လည်း ဒီနေရာမှာ ရှိနေမှာပဲ... အဲဒီခွေးကို ဖယ်ရှားလိုက်နိုင်ရင် တစ္ဆေတမန်အဖြစ် မရဏကမ္ဘာကို ပြန်သွားလို့ရပြီ အပြစ်လည်း မရှိတော့ဘူး... ကလေးမ ဒီအခွင့်အရေးကို စွန့်လွှတ်မလို့လား"
လှေသမလေးက အံသွားကိုက်ပြီး သစ်သားသစ်ကိုင်းကို တင်းတင်းကြပ်ကြပ် ဆုပ်လျက် မေးလိုက်သည်။
"တရားမျှတမှုရဲ့ အရှင်သခင်က ကလေးမလေးလို လူဝင်စားနေတာ ဘာကြောင့်များလဲ.. တရားမျှတမှုရဲ့ အရှင်သခင်ကို ဘယ်သူက မောင်းထုတ်လိုက်တာလဲ အခု သခင်က ဘယ်သူလဲ ဖေဖေ စဉ်းစားဖူးလား"
သူမသည် ကြိုးကိုချည်ပြီး ခေတ္တရပ်လိုက်သည်။
"သခင်ကြီးကို သမီးတို့နဲ့အတူ ပြန်ခေါ်သွားမယ်... ပြန်လာတဲ့နေ့မှာပဲ သေရမယ် ဆိုရင်တောင် သခင်ကြီးနဲ့ အတူသေမယ်!"
"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ" လှေသမားက နည်းနည်းတော့ စိုးရိမ်လာသည်။
လှေပေါ်က မိန်းကလေးသည် ကြိုးချည်ထားတာ ခိုင်ခံ့မှုရှိမရှိ စမ်းသပ်ရန် ရိုးရှင်းသော လှေကားပေါ်မှ ခက်ခက်ခဲခဲ နင်းဝင်ကာ “စောင့်မယ်” ဟု ဆိုလေ၏။
သူမသည် လှေပေါ်မှ ခုန်ဆင်းကာ ဝါးတိုင်ကို ကိုင်ကာ ရေထဲသို့ ပေါ့ပေါ့ပါးပါး ပုတ်လိုက်သည်။ လှေက ချက်ချင်း ငါးဖမ်းလှေအဖြစ်သို့ ပြောင်းလဲသွားသည်။ သူမပြောသည်မှာ။
"တရားမျှတမှုသခင် သူ့မှတ်ဉာဏ်နဲ့ ခန္ဓာကိုယ်အစစ်အမှန်ကို ပြန်ရတဲ့အထိ စောင့်ကြမယ်... မရဏကမ္ဘာမှာ မမျှော်လင့်ထားတဲ့ အရာတစ်ခုဖြစ်လာတဲ့အထိ စောင့်မယ်... ပြီးရင် ဖမ်းခေါ်သွားတဲ့ဝိညာဉ်ကို ကယ်ထုတ်နိုင်ပြီး စည်းစနစ်ပြန်လည်ထူထောင်မယ်... ကုသိုလ်တစ်ခု လုပ်ရင်း သခင်ကြီးကိုလည်း မရဏကမ္ဘာကို ပြန်ပို့လိုက်မယ်လေ!"
သူမသည် ကောင်းကင်မီးခွက်ကို ထုတ်ကာ အသက်ရှုကြပ်လာခဲ့သည်။ သို့သော် မီးခွက်ကို ငါးမျှားပိုက်အဖြစ် ပြောင်းလိုက်ပြီး အပြုံးတစ်ပွင့်နဲ့ ဆက်ပြော၏။
"တို့မြေကွက်ကို တို့ကောင်းကောင်းဂရုစိုက်နေသရွေ့ တို့နှစ်ယောက်က နဂါးမြေပုံကနေ ရာဇပလ္လင် ပြန်လည်ထူထောင်ရေးမှာ ကြီးကျယ်တဲ့ ပံ့ပိုးကူညီသူတွေ ဖြစ်ကြလိမ့်မယ်!"
လှေသမလေးက ပြုံးပြီး "ဖေဖေ...သမီး အနာဂတ်မှာ နောက်ထပ် နတ်ဘုရားရေးရာ အဆင့်ကို ရောက်နိုင်မှာပါ"
ချန်ရှီ ရွာသို့ ပြန်ရောက်သောအခါ နန်းနန်းသည် ရွာတစ်ဝိုက်တွင် ဟေးကော်ကို တက်စီးနေတာ သူ တွေ့လိုက်ရသည်။ သူမသည် ခွေးနောက်ကျောမှ ခုန်ဆင်းကာ ဘဲဥများကို ညှစ်ရန် ဘဲတစ်ကောင်ကို ကိုင်ထားသည်။
ရွာရှိ ဘဲများခမျာ ဒေါသမထွက်ရဲ၊ စကားမပြောရဲဖြင့်။
"နန်းနန်း...ငါ အိမ်ပြန်မယ်!"
ချန်ရှီ သူတို့ကို ချန်အိမ်ဆီ ပြန်ခေါ်လာခဲ့သည်။ ခြံထဲဝင်တော့ ဟင်းချက်သံတွေကို ကြားလိုက်ရသည်။ ချန်ရှီ ပြေးကြည့်လိုက်တဲ့အခါ ဟင်းချက်နေသော ဟူဖေးဖေးကို တွေ့လိုက်ရသည်။ သူမမျက်နှာကို ကြည့်လိုက်တော့ အနက်ရောင်ကျပ်ခိုး အစင်းကြောင်း အနည်းငယ်က အထင်းသား။
"ခဏနေ ရတော့မှာ!"
ဟူဖေးဖေးက ပြောလေ၏။
"ကလေးနဲ့ ခွေးကို အရင်လမ်းလျှောက်ထွက်ခိုင်းလိုက်... အိမ်မှာ အသံတွေ အရမ်းထွက်နေပြီ... ဒီဟင်းချက်ပြီးရင် လှမ်းခေါ်လိုက်မယ်!"
ချန်ရှီလည်း တုံ့ပြန်ပြီး နန်းနန်းနဲ့ ဟေးကော်ကို ခေါ်ထုတ်လာခဲ့သည်။ သိပ်မကြာခင်မှာပဲ ဟူဖေးဖေးရဲ့အသံက ရွာတစ်ရွာလုံးမှာ ပဲ့တင်ထပ်သွားတော့သည်။
"အစ်ကိုချန်... အစ်ကို... ညစာစားဖို့ အိမ်ပြန်လာလို့ရပြီ!"
ချန်ရှီကလည်း ကျယ်လောင်စွာ သဘောတူလိုက်သည်။ သူအိမ်ပြန်ရောက်တော့ အဘွားအို ဝူကျူက သူ့ကို လက်မထောင်ပြလာ၏။
"ကျဲယွမ်သခင်တစ်ယောက်ရဲ့ လက်စွမ်းကတော့ မျှော်လင့်ထားသလိုပဲဟေ... သူအိမ်ပြန်ခေါ်လာတဲ့ မိန်းကလေးက အလိုက်သိလေး... ထွက်သွားတာ နှစ်လပဲ ရှိသေးတယ် ကလေးကတောင် လေးငါးနှစ်ရှိနေပြီ"
"သူက မြေခွေးမလေး... ကျွန်တော့်ကောင်မလေး မဟုတ်ဘူးဗျ!
ချန်ရှီရ သူမကို ပြင်ပေးလိုက်သည်။
"ဒါ့အပြင် ကျွန်တော်က ယွိတူးနဲ့ အရမ်းကွာခြားတဲ့ ပြည်နယ်နှစ်ခုရဲ့ ပထမဆုရှင်..."
အဘွားကြီး ဝူကျူက နှုတ်ခမ်းကို တွန့်ပြရင်း လှည့်ကာ အိမ်ထဲသို့ ပြန်ဝင်သွားလေသည်။
"နယ်ချဲ့ စာမေးပွဲ အောင်ပြီးတာနဲ့ မြေခွေးတစ်ကောင်နဲ့ ကစားတော့တာပဲ.... မင်းဘာလို့ ကောင်းကင်ကို မတက်သွားတာလဲ... ထိပ်တန်းကျဲယွမ် ပညာရှင် ဖြစ်နေတုန်းပဲ ရှိသေးတယ် မျက်လုံးတွေက နဖူးပေါ် ရောက်နေပြီ... အနှေးနဲ့အမြန်တော့ လဲကျသွားလိမ့်မယ်"