← Chapters

ငရဲက အပြင်းထန်ဆုံး တိုက်ခိုက်ရေးသမားများ

Vol. 15 Ch. 218

ငရဲက အပြင်းထန်ဆုံး တိုက်ခိုက်ရေးသမားများ

Vol. 15 Ch. 218

မရဏကမ္ဘာရဲ့ ပထဝီဝင်အနေအထားသည် သက်ရှိကမ္ဘာနှင့် ကွဲပြားသော်လည်း သက်ရှိကမ္ဘာပေါ်က တည်နေရာ ပြောင်းလဲသွားပါက မရဏကမ္ဘာရဲ့ တည်နေရာသည်လည်း ပြောင်းလဲသွားမည် ဖြစ်ကြောင်း ချန်ရှီ တစ်ချိန်က သိရှိခဲ့ရသည်။

ဥပမာ ဟွမ်ဖောရွာမှ မရဏကမ္ဘာသို့ ဝင်ရောက်သောအခါတွင် မြူခိုးထူထပ်နေပြီး လူသေများကို ကိုက်စားတတ်သော ကြောက်မက်ဖွယ်ကောင်းသည့် သရဲတစ္ဆေများနှင့် ပြည့်နေသည့် နေရာကို ရောက်သွားတတ်သည်။ တဲကျန်းမှ မရဏပြည်သို့ ဝင်ပေါက်သည် အခွံများအောက်တွင် ပုန်းအောင်းနေသော ကလေးများနှင့် ပြည့်နေသော မေ့လျော့ခြင်း မြစ်ဖြစ်သည်။

ဖီးနစ်တောင်ထွတ်မှ မရဏကမ္ဘာသို့ ဝင်ရောက်ရာ၌ ကြာပန်းခင်းကို စောင့်ကြပ်နေသည့် ကောင်းကင်ယံက နတ်တစ္ဆေကြီး ပုန်းအောင်းနေသည့် နေရာဖြစ်သည်။

အရှင်ဝူဝမ့်သည် လခြမ်းက နောက်ဆုံးတွင် ယွိတူး၌ ပေါ်ထွက်ခဲ့တာကြောင့် မရဏကမ္ဘာ၏ ပထဝီဝင်အနေအထားကို အခြေခံ၍ ဆုံးဖြတ်ခဲ့သည်။

"မရဏကမ္ဘာက သရဲနဲ့ နတ်တစ္ဆေတွေကို ရှောင်ချင်ရင် ယွိတူးမှာ ပုန်းမနေသင့်ဘူး... မွေးတော့မယ့် ကလေးအဖြစ် လူပြန်ဝင်စားဖို့ မသင့်တော်ဘူး... မမွေးသင့်တဲ့ ကလေးနေရာမှာ လူပြန်ဝင်စားဖို့ကပဲ အသင့်တော်ဆုံး နည်းလမ်းပဲ..."

အရှင်ဝူဝမ့်က အသံနက်ကြီးဖြင့် ဆိုသည်။

"အညစ်ပတ်ဆုံးနဲ့ အရှုပ်ဆုံးနေရာ၊ ဆုံးပါးသွားတဲ့ မိခင်၊ မမွေးသင့်တဲ့ကလေး၊ အဲဒီထဲမှာ ပုန်းအောင်းနေတဲ့ လခြမ်းကတော့ မရဏကမ္ဘာက ရှာဖွေဖို့ ရှောင်လွှဲနိုင်မှာပဲ"

လူတိုင်း အနည်းငယ် ထိတ်လန့်သွားကြသည်။ နန်းနန်းက ယွမ်ချန်နန်းတော်မှ လွတ်မြောက်လာသော လခြမ်း ဖြစ်နိုင်နေပြီမလား။

မြွေကြီး : "သူမက မရဏကမ္ဘာကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ လခြမ်း ဟုတ်မဟုတ်ဆိုတာ သိဖို့ အရမ်းလွယ်ပါတယ် သူမရဲ့ ယွမ်ချန်နန်းတော်ကို စစ်ဆေးကြည့်လိုက်... ယွမ်ချန်နန်းတော်က ဝိညာဉ်တွေကျိန်းဝပ်တဲ့ နေရာပဲ... သူမကသာ လခြမ်း လူပြန်ဝင်စားတာဆိုရင် ယွမ်ချန်နန်းတော်ကိုလည်း သူမနဲ့အတူ ယူဆောင်လာမှာပဲ..."

ချန်ရှီသည် အရိုက်ခံရသော ရိုးသားလေး မယ်မယ်ရှစ်ကျီကို သတိရသွားတာကြောင့် တခဏမျှ တုံ့ဆိုင်းသွားမိသည်။

"လူတိုင်း နားထောင်ကြပါဦး... ခင်ဗျားတို့ သူ့ကို ခြိမ်းခြောက်ရင် အရမ်း အစွမ်းထက်တဲ့ အဖြူအမည်း မတည်မြဲခြင်းလို့ ခေါ်တဲ့ ဟေးပိုင်ဝူချန်ကို မရဏကမ္ဘာထဲကနေ ထွက်လာအောင် ဆွဲဆောင်မိနိုင်တယ်"

အဘွားရှားက ပြုံးပြီး နှစ်သိမ့်ပေးလာသည်။

"စိတ်ဝိညာဉ်နဲ့ဆိုင်တဲ့ မှော်ပညာမှာ ဘယ်သူမှ ငါ့ကို မကျော်နိုင်ပါဘူး"

သူမ အတော်လေး စိတ်လှုပ်ရှားနေသည်။

မကြာသေးမီနှစ်များအတွင်း သူမသည် စိတ်ဝိညာဉ်ဆိုင်ရာ မှော်ပညာကို လေ့လာခဲ့ပြီး အောင်မြင်မှုများကလည်း ကမ္ဘာပေါ်တွင် အမှန်တကယ် ရှားရှားပါးပါး ဖြစ်လာခဲ့သည်။ မဟုတ်ပါက ချန်ယင်တူးက သူ့မြေးကို ကယ်တင်ဖို့ အကြိမ်များစွာ အကူအညီ တောင်းခဲ့လိမ့်မည် မဟုတ်ပေ။

အရှင်ဝူဝမ့်က အနည်းငယ်ပြုံးပြီး :"အဘွားရဲ့ စိတ်ဝိညာဉ်နဲ့ ပတ်သက်တဲ့ ကျင့်စဥ် နည်းလမ်းတွေက တကယ်ကို မွန်မြတ်ပါတယ် ဒါပေမယ့် ငါကလည်း သူ့ထက်နိမ့်ကျနေတာတော့ မဟုတ်ဘူး"

မြွေကြီး : "တစ်ဆယ်လေး စိတ်မပူပါနဲ့ ငါတို့ နန်းနန်းရဲ့ ဝိညာဉ်ကို စစ်ဆေးပြီး သူ့နေရာကို ရှာရုံပဲလုပ်မှာ... ငါတို့ သူ့ကို လုံးဝ ထိခိုက်အောင် မလုပ်ဘူး ပြီးတော့ သူက ကောင်းလား ဆိုးလား မသိ​သေးဘူးလေ... သူ့နောက်ကြောင်းကို အရင်ရှာရမယ် မဟုတ်ရင် ချန်ယန်တောင်မှာ နေရတာ ဘေးကင်းမှာ မဟုတ်ဘူး"

ချန်ရှီ တုံ့ဆိုင်းနေသေးတာကြောင့် ချင်းယန်က ပြုံးပြီး နှစ်သိမ့်ပေးလိုက်သည်။

"စိတ်မပူပါနဲ့ ဒီမှာ ရှိနေသူတိုင်းက ချန်ယန့တောင်ရဲ့ ထိပ်တန်း ကျွမ်းကျင်သူတွေ..."

ချန်ရှီလည်း တွေးလိုက်သည်။ တောင်တန်းအရှင်နဲ့ ကျားဝါတို့အတွက် ကြီးကြီးမားမား အရှုပ်အထွေး မဖြစ်လာသင့်ပေ။

"ခင်ဗျားတို့ သတိထားသင့်တယ်.... နန်းနန်းက အခု ဟွမ်ဖောရွာမှာ ဟေးကော်နဲ့ ကစားနေတာ"

မြွေကြီး : "ငါသူမကို မြင်ပါတယ်"

သူသည် အနက်ရောင် လူငယ်အသွင်ဖြင့် ကောင်းကင်အထက်တွင် လမ်းလျှောက်ကာ ဟွမ်ဖောရွာသို့ တည့်တည့် သွား​နေခဲ့သည်။

သူ့ခြေထောက်အောက်က ကောင်းကင်ကြီးက မြေပြင်လို ပြန့်ပြူးနေရာ ချန်ရှီကို အတော်လေး မနာလို ဖြစ်သွားစေခဲ့သည်။

"အခြေတည်ဝိညာဥ် အဆင့်အထိ လေ့ကျင့်ပြီးရင်တော့ ပျံသန်းတဲ့ ကျင့်စဥ်ကို လေ့ကျင့်နိုင်မှာပါ... ဘုရင်ကျန်းရဲ့ ဂူအပြင်ဘက်မှာရှိတဲ့ သစ်တောမှာ ဒီလိုကျင့်စဥ်မျိုး ရှိလောက်လား"

ချင်းယန်က ငိုယိုလျက် ပြေးထွက်သွားပြီး အဘွားရှားကလည်း ခြင်းတောင်းကို ထမ်းကာ တောင်တန်းအရှင်၊ ကျားကြီးတို့နဲ့ အတူတူ အားလုံးက ဟွမ်ဖောရွာဆီသို့ ထွက်သွားကြသည်။

"ကျွန်တော့်ကိုစောင့်ပါဦး!"

ချန်ရှီမှာ မပျံသန်းနိုင်သဖြင့် သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ကိုသာ လျင်မြန်စွာ အသက်သွင်းပြီး ဟွမ်ဖောရွာဆီသို့ လျှပ်စီးကြောင်းများဖြင့် အမြန်ဆင်းပြေးလာခဲ့သည်။ အနက်ရောင်ဝတ် ဆန်းကြယ်ဝိညာဥ်၊ အရှင်ဝူဝမ့်နှင့် အခြားသူများ ဟွမ်ဖောရွာအပြင်ဘက်သို့ ရောက်ရှိ​နေချိန်တွင် တောင်ခြေရင်းသို့သာ ရောက်သေး၏။

လှေသမားနှင့် သူ့သမီးတို့သည် ယွိတိုက်မြစ်ပေါ်တွင် ပိုက်ကွန်ချနေကြ၏။ သူတို့သည် ဤနေရာတွင် အခြေချ နေထိုင်ကြသလိုမျိုး ဟွမ်​ဖောရွာတွင် အိမ်တစ်လုံး ဆောက်ထားကြသည်။ ဟေးကော်နဲ့ နန်းနန်းတို့သည် ငါးမျှားတံကိုကိုင်ပြီး ရွှေကောက်ရိုး ဦးထုပ်များဆောင်းကာ ကမ်းပေါ်တွင် ငါးမျှားနေကြသည်။ လူနှင့် ခွေးနှစ်ကောင်စလုံးသည် ၎င်းတို့၏မျက်လုံးများကို မထိခိုက်စေရန် မြစ်မျက်နှာပြင်မှ ရောင်ပြန်ဟပ်မှုကို တားဆီးရန်အတွက် အပြာရောင်မျက်မှန် တစ်ရံကိုလည်း ၀တ်ဆင်ထား​သေးသည်။

"လမ်းက ထွက်သွား ခွေး!!"

အဘွားရှား အော်လိုက်သောအခါ ဟေးကော်က လှည့်ကြည့်လိုက်ပြီး ရှုပ်ယှက်ခတ်နေသော သူတို့ကို ကြည့်လိုက်သည်။

"မိတ်ဆွေ မကြောက်ပါနဲ့"

အနက်ရောင်ဝတ်ထားသော ဆန်းကြယ်ဝိညာဥ်က သူမထံ ရောက်လာပြီး လက်ချောင်းတစ်ချောင်းကို ဆန့်ကာ နန်းနန်းနဖူးကို ညင်သာစွာ ထိလိုက်သည်။

"ငါတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး ငါတို့မင်းရဲ့ ယွမ်ချန်နန်းတော်ကို ကြည့်ချင်ရုံပါပဲ"

လှေသမားနှင့် သူ့သမီးတို့ လန့်ဖျပ်သွားပြီး သူ့ကို တားတော့မည် ဖြစ်သော်လည်း အနက်ရောင် ၀တ်ဆင်ထားသည့် ဆန်းကြယ်ဝိညာဥ်က နန်းနန်း၏ နဖူးကို လက်ညှိုးနဲ့ ထိပြီးပြီဖြစ်သည်။ ကောင်းကင်ကြီးက ရုတ်တရက် မည်းမှောင်သွားပြီး လေအေးတွေ တိုက်ခတ်လာကယ အနက်ရောင်လေသည် နန်းနန်းအနောက်သို့ လှိမ့်ဝင်ရင်း ကြီးမားသော သံကြိုးများကဲ့သို့ ချည်နှောင်ကာ ဖြတ်သွားသည်။

ရုတ်​တရက်​ပင်​ သေမင်းတုတ် တစ်​​ချောင်းက အနက်ရောင်ဝတ် လူငယ်ရဲ့ လက်​များကို ထိမှန်​သွားသည်​။ နတ်ဆိုးနတ်ဘုရား နှစ်ကောင် ရုတ်ချည်း ပေါ်လာသည်။ အနက်ရောင်နှင့် အဖြူတစ်ကောင်သည် အမှောင်ထုထဲမှ ပြေးထွက်လာကြကာ သူ့စွမ်းအင်ကို နှောင့်ယှက်လိုက်သည်။ သေမင်းတုတ်နှစ်ချောင်းသည် အပေါ်နှင့်အောက်၊ ဘယ်ညာ ပျံသွားကာ သူ့ကို ထိမှန်သွားသည်။

အနက်ရောင်ဝတ် ဆန်းကြယ်ဝိညာဥ်မှာ ညည်းတွားပြီး သူ့ခန္ဓာကိုယ်က လှုပ်ယမ်းသွားသည်။ သေမင်းတုတ်ဖြင့် ထိမှန်သွားသော်လည်း ခန္ဓာကိုယ်ကို ထိခိုက်သွားခြင်း မရှိပေ။ ယင်းအစား ၎င်းသည် သူ့ဝိညာဉ်နှင့် စိတ်ဝိညာဉ်ကို ပြင်းထန်စွာ နာကျင်စေခဲ့သည်။

သူ့ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး ဆယ်မိုင်အကွာကို ပျံသန်းနေတဲ့ သူ့ရဲ့ နတ်ရုပ်တုကိုတောင် သူမြင်လိုက်ရလေ၏။

"သတိထား!"

အနက်ရောင်ဝတ် ဆန်းကြယ်ဝိညာဥ်မှာ နာကျင်စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ဤတော့မှ ရုတ်တရက် သူ့အသိစိတ် ပြန်ဝင်လာကာ အားလုံးကြားအောင် အော်ပြောလိုက်သည်။

"သူတို့က မင်းတို့ရဲ့ဝိညာဉ်နဲ့ နတ်သဏ္ဍာန်ကို ထိနိုင်တယ်!"

သူ စကားမဆုံးခင်မှာပဲ အဘွားရှားက သူ့လက်ကို မြှောက်ပြီး သူ့ဝိညာဉ်နဲ့ စိတ်ဝိညာဉ်ကို ပြန်ဖမ်းပြီး သူမခန္ဓာကိုယ်ထဲကို ​ပြန်ထည့်လိုက်သည်။

ချင်းယန် ရှေ့သို့ အမြန်ပြေးသွားစဥ် သေမင်းတုတ် သူ့ဆီပြေးလာတာ မြင်လိုက်ရသောအခါ ပိတ်ဆို့ရန် သူ့လက်ကို အလိုလို မြှောက်လိုက်မိသည်။ ရလဒ်ကတော့ ဆယ်မိုင်ကျော်အကွာကို ပျံသန်းသွားကာ သူ့စိတ်ဝိညာဉ်ကလည်း တုန်လှုပ်သွားပြီး သူ့ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံရလုနီးနီး ဖြစ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်သည် ဝက်ရူးပြန်ရောဂါ ဖြစ်နေသကဲ့သို့ တဆက်ဆက် တုန်သွားကာ ပါးစပ်ကလည်း အဆက်မပြတ် လှုပ်ယမ်းကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

ကျားဝူကလည်း ဟောက်ပြီး ရှေ့ကို ခုန်ပြေးသွားပေမယ့် ဦးခေါင်းကို တုတ်နဲ့ အရိုက်လိုက်ရတာကြောင့် နတ်ရုပ်တုကို နောက်ပြန်ခေါက်လိုက်ရသည်။

"သူတို့က စိတ်ဝိညာဉ်တွေ၊ ဝိညာဉ်တွေနဲ့ နတ်ရုပ်တုတွေကို ပစ်မှတ်ထားတဲ့ နေရာမှာ အစွမ်းထက်ကြတယ်... သတိထားပါ!"

နဂါးဖြူနဲ့ အဘွားကျွမ်းတို့သည် တစ်ဖက်မှ အပြေးအလွှား ပြေးလာကြသော်လည်း မလှုပ်ရှားနိုင်မီတွင် တုတ်နှစ်ချောင်းဖြင့် ထိမှန်သွားကြသည်။ သူတို့ရဲ့ ဝိညာဉ်များ လွင့်ထွက်သွားပြီး နာကျင်မှုကြောင့် ၎င်းတို့ ခန္ဓာကိုယ်များပါ ထုံးကျင်လုနီးပါး ဖြစ်သွားခဲ့သည်။

အဘွားရှားမှာ လက်ချောင်း ဒါဇင်များစွာ ထွက်ပေါ်လာသည်။ သူမသည် လက်များကို ဆန့်ထုတ်ကာ သူတို့၏ဝိညာဉ်များ သို့မဟုတ် နတ်ရုပ်တုများကို ဆုပ်ကိုင်ထားသည်။ သူမသည် လျင်မြန်သော်လည်း ဟေးပိုင်ဝူချန်က ပိုမြန်နေ၏။

ချင်းယန်ရဲ့ ဝိညာဉ်သည် သူ့ခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိပြီး နောက်တစ်ကြိမ် ထပ်၍ ပြေးသွားခဲ့ပြန်သည်။ သူသည် ဟေးပိုင်ဝူချန်ကို ပြန်တိုက်ခါနီးတွင်ပင် သေမင်းတုတ်ချောင်းဖြင့် ဦးချိုကို အရိုက်ခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး သူ့ဝိညာဉ်က ပြန်ထွက်သွားပြန်၏။

ချင်းယန်: "နာပေမယ့် သူတို့က ငါ့ကို သေအောင် မသတ်နိုင်ပါဘူး! စိတ်မပူနဲ့!"

နတ်ဆိုးနတ်ဘုရား နှစ်ပါးသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး အနက်ရောင်မီးခိုးနှင့် မီးခိုးဖြူများ အဖြစ်သို့ ပြောင်းလဲသွားသည်။ သူတို့ရုတ်တရက် ပြန်ပေါ်လာတာနဲ့ လူအုပ်ကြားထဲ ပေါ်လာကာ တုတ်တွေ လှုပ်ယမ်းပြီး ပတ်ရိုက်တော့သည်။ တခါတစ်ရံ သူတို့သည် မြေအောက်ကမ္ဘာတွင် ပုန်းအောင်းကြပြီး တစ်ခါတစ်ရံ သက်ရှိလောကထဲသို့ ဝင်ရောက်လာကြသည်။ သူတို့သည် သရဲတစ္ဆေများကဲ့သို့ ပေါ်လာပြီး ပျောက်ကွယ်သွားသဖြင့် တန်ပြန် တိုက်ခိုက်ဖို့က မဖြစ်နိုင်ပေ။

သေမင်း တုတ်နှစ်ချောင်းသည် အတက်အဆင်း ပျံသန်းနေကြသလို ထူးထူးခြားခြားလည်း ပျောက်ကွယ်သွားတာကြောင့် ကာကွယ်ရခက်စေသည်။

အရှင်ဝူဝမ့်သည် အနည်းငယ်ပြုံးကာ နတ်ဆိုးနတ်ဘုရား နှစ်ပါး၏ ရည်ရွယ်ချက်ကို မြင်တာကြောင့် သူရှေ့သို့ တိုးလာခဲ့သည်။ ဝူဝမ့်မြို့က သူ့အနောက်တွင် ပေါ်ထွက်လာ၏။ သူသည် အကန့်အသတ်မရှိသော မှော်စွမ်းအားကို ပြသပြီး ဟေးဝူချန်ကို ဖမ်းကိုင်လိုက်ဖို့ ပြင်လေသည်။

"တာအိုဝါဒီတို့ နှစ်ယောက်... ငါတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး..."

ဟေးဝူချန်က ဆုတ်ခွာသွားပြီး ပိုင်ဝူချန်ကတော့ သေမင်း တုတ်ချောင်းက သူ့လက်မောင်းကို ရိုက်ချပစ်လိုက်ရာ အသံကျယ်ကြီးဖြင့် ပေါက်ကွဲသွားခဲ့သည်။

အရှင်ဝူဝမ့်ရဲ့ မျက်နှာပေါ်က အပြုံးသည် အေးခဲသွားပြီး မထင်မှတ်နိုင်သော နာကျင်မှုများ ထွက်ပေါ်လာခဲ့သည်။

ဟေးဝူချန်က ရှေ့ကို တိုးလာပြီး သူ့လက်တစ်ဖက်ကို သေမင်းတုတ်ချောင်းနဲ့ ထပ်ရိုက်သွားသည်။ အရှင်ဝူဝမ့် မျက်နှာပေါ်ရှိ အပြုံးက လုံးဝ ပျောက်ကွယ်သွား​တော့သည်။ ဟေးပိုင်ဝူချန် နှစ်ယောက်စလုံး သူ့အနားရောက်လာကာ တုတ်များ မြှောက်ကာ သူ့ကို ဆယ်ကြိမ်ထက်မနည်း ဆက်တိုက် ရိုက်ပစ်ခဲ့သည်။

အဖြူအမည်း နတ်ဆိုးနတ်ဘုရားတွေရဲ့ ရိုက်ချက်က သူ့ကိုသေစေတဲ့အထိ နာကျင်စေတာ မဟုတ်ပေမယ့် နာကျင်မှုက မသေးချေ။ ​သေမင်းတုတ်ရဲ့ အစွမ်းက သိပ်တော့ မကြီးမားပေမယ့် ခန္ဓာကိုယ်ကို ထိလိုက်တာနဲ့ တကယ်ကို နာကျင်သွားစေသည်။

နာကျင်​မှု​တွေက သိပ်​သည်းမခံနိုင်​ဘူး!

နာကျင်မှုက အရမ်း ပြင်းထန်တဲ့အတွက် စိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲကနေ ထွက်သွားပြီးတာနဲ့ မူလဝိညာဉ်ကပါ ခန္ဓာကိုယ်ထဲက ထွက်သွားသလို ခံစားရလေသည်။

အဖြူအမည်း နတ်ဆိုးနတ်ဘုရား နှစ်ယောက်ကြောင့် အရှင်ဝူဝမ့်ရဲ့ ဝိညာဉ်က အဆက်မပြတ် တုန်ခါနေသည်။ သူ့ခန္ဓာကိုယ်က ကြာကြာမထိန်းနိုင်တော့ဘူးလို့ ခံစားလာရတဲ့အခါ သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ်ကို စွန့်ခွာပြီး အဝေးကို ထွက်သွားချင်ခဲ့လာသည်။ သူက တကယ်ပဲ အမြန်လှည့်ပြီး ဝူဝမ့်​မြို့ထဲကို ဝင်သွားတော့၏။ ထို့နောက် ဝူဝမ့်မြို့သည် မြေအောက်ကမ္ဘာထဲသို့ ရောက်သွားပြီး ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့သည်။

အဖြူအမည်း နတ်ဆိုးနတ်ဘုရား နှစ်ယောက်သည် အရှင်ဝူဝမ့်ကို နှင်ထုတ်လိုက်ပြီးနောက် အဘွားရှားသည် လူအများ၏ ဝိညာဉ်များကို ဝိုင်းဆွဲနေသေးတာ မြင်လိုက်ရသဖြင့် ချက်ချင်းပင် သူမကို သတ်ပစ်ရန် အလျင်အမြန် ပြေးသွားကြသည်။

အဖွားရှားက ခေါင်းငုံ့ပြီး လှည့်ကြည့်လိုက်သည်။ သူမလက်ထဲတွင် သိုးချိုမိုးကောင်းကင်ဝိညာဉ်မီးအိမ် တစ်ခုရှိ​နေသည်။ သူမသည် လှောင်ပြောင်ပြီး။

"အခြားသူတွေက နင်တို့ရဲ့သေမင်းတုတ်ကို ကြောက်ပေမယ့် ငါ​တော့ မဟုတ်ဘူး!"

သိုးဦးချိုကောင်းကင်ဝိညာဥ် မီးအိမ်၏ အလင်းရောင်သည် မိုင်ရာနှင့်ချီဝေးကွာသော နေရာအထိ လင်းထိန်သွားကာ ပိုင်ဝူချန်အား မရဏကမ္ဘာထဲသို့ လွင့်စင်သွား​စေသည်။ ထိုစဥ် ဟေးဝူချန်က အရှေ့ကို ပြေးပြီး အဘွားရှားကို တုတ်နဲ့ ရိုက်လေ၏။

အဖွားရှားမှာ သူမရဲ့ စိတ်ဓာတ်က ကြံ့ခိုင်ပြီး ခံနိုင်ရည်ရှိမယ်လို့ ထင်ခဲ့ပေမယ့် သူမရဲ့ ခန္ဓာကိုယ်ပေါ် တုတ်ကျလာတဲ့အခါ မျက်ရည်တွေ စီးကျလာပါတော့သည်။

ဟေးဝူချန်က သူ့တုတ်ကို ထပ်ပြီး မြှောက်လိုက်ပြီး သူမရဲ့ ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ထဲက ခေါက်ထုတ်လိုက်ရာ အဘွားရှားရဲ့ ခန္ဓာကိုယ်ခမျာ မြေပြင်ပေါ်မှာ နာကျင်စွာ လှုပ်ခါနေလေသည်။ ထိုအချိန်တွင် လူတိုင်းရဲ့ စိတ်ဝိညာဉ် သို့မဟုတ် နတ်သွင်ပြင်မှာ အားလုံးပြိုကွဲသွားခဲ့ပြီး တောင်တန်းအရှင်သာ ကျန်ရှိတော့သည်။

တောင်တန်းအရှင်က အရှေ့ကို တိုးလာပြီး ဆို၏။

"တာအိုမိတ်ဆွေတို့ နှစ်ယောက်... ရှန်ကျိုးက သူငယ်ချင်းဟောင်းကို မှတ်မိသေးလား"

သူ စကားမဆုံးခင်မှာပဲ အဖြူအမည်း နတ်ဆိုးနတ်ဘုရား နှစ်ယောက်က သူ့ကို စိုက်ကြည့်လာသည်။ ဆိုရိုးစကားအတိုင်း ရန်သူတွေဆုံတဲ့အခါ အချင်းချင်း မနာလိုဖြစ်တတ်ကြသည်။ နတ်ဆိုးနတ်ဘုရား နှစ်ပါးသည်လည်း ဒေါသအမျက် ထွက်နေကြ၏။

ဟေးဝူချန် : "ငါတို့ အလိုရှိတဲ့ ရာဇ၀တ်ကောင်တွေကို ဘယ်နှစ်ခါလောက် ဖမ်းဖမ်း မင်းက သူတို့ကို အမြဲတမ်း ကယ်သွားတယ် ငါ မင်းကို ရိုက်နှက်ပစ်မယ်!"

ချန်ယန်တောင်ရဲ့သခင်က သူတို့လာနေတာကိုမြင်တော့ အမြန်လှည့်ပြီး ကျားအဝါရောင်ကို စီးလိုက်သည်။ သူ့လက်ထဲတွင် လျှပ်စီးကြောင်းကို စုစည်းလိုက်ရာ ယန်ကိုးစင်းမိုးကြိုးနှင့် မီးတို့သည် လေထဲတွင် တဟုန်ထိုး လှိမ့်တက်လာသည်။ လေထဲတွင် ယမ်းနံ့များ ပြည့်နှက်နေပြီး အချိန်မရွေး ပေါက်ကွဲနိုင်သည့် အခြေအနေ ဖြစ်လာ၏။

အဖြူအမည်း နတ်ဆိုးနတ်ဘုရား နှစ်ယောက်ကလည်း ကြောက်မက်ဖွယ် မိုးခြိမ်းသံနှင့် မီးများ ပေါက်ကွဲတော့မည်ကို သတိပြုမိကြပြီး ထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်သဖြင့် ပေါ့ပေါ့ဆဆ မလုပ်ဆောင်ဝံ့ကြပေ။ နန်းနန်း၏ ဘယ်ညာတွင် ပုန်းလျှိုးကွယ်လျှိုး ဆုတ်ခွာသွားကာ သူ့ကို သတိကြီးစွာ စိုက်ကြည့်နေသည်။

တောင်တန်းအရှင်ကလည်း သက်ပြင်းတစ်ချက်ချကာ ဆိုလိုက်သည်။

"ငါက ဆေးပညာ ကျွမ်းကျင်ပေမယ့် လျှပ်စီးကြောင်းနဲ့ မီးအတတ်ပညာကလည်း သိပ်မနိမ့်ပါဘူး... ကျေးဇူးပြုပြီး ငါ့ကို အင်အားသုံးဖို့ အတင်းမတိုက်တွန်းပါနဲ့"

အဖြူအမည်း နတ်ဆိုးနတ်ဘုရား နှစ်ယောက်သည် မမြဲသောလောက၌ ပုန်းအောင်းနေပြီး ဆိုးရွားသော အသံဖြင့် ဆိုလိုက်သည်။

"ငါတို့မှာ တာဝန်ရှိတယ်... အဲဒါကြောင့် ငါတို့အတွက် ခက်ခဲအောင် ဝင်မလုပ်ပါနဲ့..."

"မင်းအရင်တုန်းက ငါတို့ ညီအစ်ကိုတွေလက်ကနေ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တယ်... ဒီနေ့ မင်းက ကိုယ်ပွားတစ်ကောင်ပဲ! ငါတို့နဲ့ မယှဉ်နိုင်တော့ဘူး!"

တောင်တန်းအရှင် : "မင်းတို့နှစ်ယောက်က အနောက်နွားရှင်းကျိုးရဲ့ လူ့ဇာတိသစ်တွေ... မင်းတို့ဘယ်လောက်ထိ စွမ်းဆောင်နိုင်မှာလဲ"

ထိုသို့ပြောနေသော်လည်း သေမင်းတုတ်များကိုလည်း ကြောက်၍ ခြိမ်းခြောက်ခြင်း မပြုဝံ့ပေ။ သူက အဖွားရှားနဲ့ ဆန်းကြယ်ဝိညာဥ်တို့ကို ပြောလိုက်သည်။ "မဖြစ်ဘူး... ငါ့ခွန်အားအကုန်သုံးရင် ကောင်းကင်က နတ်ဘုရားကို စွဲဆောင်မိမှာ ကြောက်ရတယ်" အဲဒီနောက် ကျားစီးပြီး ပြန်လှည့်သွားခဲ့သည်။

အဖြူအမည်း နတ်ဆိုးနတ်ဘုရား နှစ်ယောက်က သူ့ကို မတားဆီးခဲ့ချေ။

ချန်ရှီ ဟွမ်​ဖောရွာအပြင်ဘက်သို့ ရောက်သောအခါ မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူများကို မြင်လိုက်ရသဖြင့် တုန်လှုပ်သွားသလို အလွန် အံ့သြသွားခဲ့သည်။

သူတို့ဟာ ဒဏ်ရာအပြင်းအထန် ရထားပုံရပေမယ့် တကယ်တမ်းမှာတော့ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပါဘူး။ နာကျင်စွာ အော်ဟစ်ခဲ့ကြသော်လည်း ဘယ်နေရာက ဒဏ်ရာရသွားခဲ့တာလဲ ဘယ်သူမှ မသိကြ။

"ဒီပုံစံက မယ်မယ်ရှစ်ကျီ အရိုက်ခံရတုန်းကနဲ့ သိပ်မကွာဘူး" ချန်ရှီ သူ့ဘာသာသူ တွေးနေမိသည်။

နန်းနန်းကို စစ်ဆေးကြည့်ရာ ကလေးမလေးမှာ အနည်းငယ် ထိတ်လန့်သော်လည်း ဒဏ်ရာမရရှိခဲ့သဖြင့် သက်သာရာရသွားခဲ့သည်။

ဝေဒနာ သက်သာသွားသောအခါ အဘွားရှား၊ အနက်ရောင်ဝတ် ဆန်းကြယ်ဝိညာဥ်နဲ့ တခြားသူများက နန်းနန်းရဲ့ နောက်လိုက်ကိစ္စအား မပြောကြတော့ပေ။ ထိုမိန်းကလေးကို လက်ခံလိုက်ပုံရသည်။

ချန်ရှီ နန်းနန်းကို အဖွားရှားဆီ ခေါ်လာတဲ့အခါ အဖွား အဘွားရှားမှာ သူတို့နဲ့ စကားမပြောရဲခင် သိုးချိုမိုးကောင်းကင်ဝိညာဥ် မီးအိမ်ကို ကိုင်ထားရလေသည်။ ဦးလေးချင်းယန်နဲ့ တွေ့ချင်ပေမယ့် ချင်းယန်ကလည်း သူ့ကို အတွေ့မခံချေ။

ချန်ရှီ တောင်တန်းအရှင်ဘုံကျောင်းကို ပြန်သွားတဲ့အခါ တောင်တန်းအရှင် ပေါ်လာခဲ့သည်။

"နန်းနန်းရဲ့ မူလဇစ်မြစ်ကို ငါ အခြေခံ​တော့ သိပါတယ် သူက နေ့ဘက်မှာ လူတွေကို စီရင်ပြီး ညဘက် သရဲတစ္ဆေတွေကို စီရင်တယ်... သူက ဟွာရှရှန်ကျိုးရဲ့ ဖြောင့်မတ်တဲ့ နတ်ဘုရားလည်း ဖြစ်ပေမယ့် အကြောင်းတစ်ခုခုကြောင့် ကျဆင်းသွားခဲ့တယ်"

ချန်ရှီ: "နေ့ခင်းအချိန်မှာ လူတွေနဲ့ ညမှာ သရဲတစ္ဆေတွေကို ဘယ်လို စီရင်နိုင်မှာလဲ"

"လူ့ဝိညာဉ်က ယွမ်ချန်နန်းတော်မှာ နေထိုင်တယ်... ယွမ်ချန်နန်းတော်က မရဏကမ္ဘာမှာ ရှိတယ်လို့ ပြောလို့ရတယ်..နန်းနန်းရဲ့ သူ့အရင်ဘဝတုန်းက ကုသိုလ်ကောင်းမှုတစ်ခုပေါ့.. သူ့ကို ဟွာရှမှာ တရားမျှတသူလို့ ချီးကျူးခံရတယ်။ သူ့ရဲ့ ကုသိုလ်ကံက သူအသက်ရှင်နေသေးချိန်မှာ သူ့ဝိညာဉ်က မရဏပြည်မှာ ရာထူးတစ်ခုရခဲ့တယ်... မရဏနတ်ဘုရင် ယန်လော်လို့ ခေါ်ပြီး ညဘက်ဆို တစ္ဆေတွေကို တရားစီရင်ဖို့ တာဝန်ရှိတယ်"

"ကျနော်ရော မရဏကမ္ဘာမှာ နတ်ဘုရင် ဖြစ်နိုင်လား"

"မရဘူး... မင်းမှာ ကုသိုလ်မရှိဘူး"

ချန်ရှီ အရမ်းဝမ်းနည်းသွားသည်။ ခဏလောက်စဉ်းစားပြီးမှ သူက ဆက်ပြောလိုက်သည်။

"အဘွား၊ အကြီးအကဲ ဆန်းကြယ်ဝိညာဥ်တောင်နဲ့ တခြားသူတွေကို ဒီကိစ္စကို သိပ်စိတ်မပူဖို့ ပြောပေးပါဦး"

"နန်းနန်းရဲ့ မရဏနတ်ဘုရင် မှတ်ဉာဏ်က မနိုးထသေးဘူး ဒါကြောင့် သူတို့အတွက် စိတ်ပူရတာ သဘာဝပါပဲ... အမှန်တော့ သူမ မင်းကို ဦးညွှတ်လိုက်ရင် မင်းဘဝသက်တမ်းက တိုသွားလိမ့်မယ်.... အခု မရဏနတ်ဘုရင်က မင်းစကားကိုပဲ နားထောင်နေတော့ မင်းဘယ်သွားသွား သူ့ကို ခေါ်သွားရမှာပဲ မဟုတ်ရင် ကုသိုလ်ကြီးကြီးမားမား ရှိပေမယ့် နိုးကြားလာတဲ့ မှတ်ဉာဏ်မရှိရင် ဒီကမ္ဘာကြီးမှာ ကျင်လည်နေဖို့ အဆင်မပြေနိုင်ဘူး"

ချန်ရှီလည်း အနည်းငယ် စိတ်ပူသွားသည်။

ကလေးမလေး သူ့နောက်လိုက်နေတဲ့ နေ့ရက်တွေမှာ သူက နေရာတိုင်းက လူတွေအတိုင်း အမွှေးတိုင်တွေ မီးရှို့နည်းကို သင်ပေးခဲ့သည်။ ဒါပေမယ့် ချန်ယန်တောင်က သူမရဲ့ နံ့သာပေါင်းကို ဘယ်လောက်များ ခံနိုင်မတဲ့လဲ။ မင်းသိတဲ့လူသေသွားရင် မကောင်းဘူး။

"နန်းနန်းက သူ့အမေကို အမွှေးတိုင်တွေ လှူချင်ရင် ဘာဖြစ်သွားမလဲ"

ချန်ရှီ၏ မျက်လုံးများ တောက်ပလာကာ ထိုအချိန်မှ စ၍ ကန့်ညောင်ဆီ သွားတိုင်း နန်းနန်းကိုပါ ခေါ်သွားလိုက်သည်။

နန်းနန်း ဘယ်သူ့ကို ကန်တော့လိုက်ပါစေ သေသွားသော်လည်း ကျောက်ပြားပေါ်ရှိ သူ့ရဲ့ ကန့်ညောင်ထံ အမွှေးတိုင် ပူဇော်လိုက်သောအခါ အမွှေးတိုင်၏ ကြီးမားသော အမွှေးအကြိုင်သည် သမုဒ္ဒရာအတွင်းက ရေတစ်စက်ကဲ့သို့ ပျောက်ကွယ်သွားကာ ကျောက်စာက လုံခြုံနေဆဲ။ ထို့အပြင် ကျောက်ပြားပေါ်ရှိ ကမ္ပည်းစာသည်လည်း တဖြည်းဖြည်း ပိုရှင်းလင်းလာသည်။

ချန်ရှီသည် ကန့်ညောင်အတွက် အမွှေးတိုင်ကို ပူဇော်ပြီးတိုင်း မယ်မယ်ရှစ်ကျီကိုပါ ကန့်ညောင်ကို ကန်တော့ခိုင်းသည်။ သို့သော်လည်း မယ်မယ်ရှစ်ကျီမှာ နန်းနန်းကို မြင်သောအခါ သေမင်းတုတ်ကိုင်ထားသော နတ်ဆိုးနှစ်ကောင် ပြေးထွက်လာမည်ကို စိုးရိမ်​နေသဖြင့် အမြဲလိုလို ကြောက်ရွံ့နေခဲ့သည်။

ဤရက်များတွင် ပူဇော်ပြီးနောက် ကျောက်ပြားကန့်ညောင်သည် အလွန်လျှို့ဝှက် ဆန်းကြယ်သော မီးခိုးဖြူများ ရစ်ဝဲကာ ထူးကဲသော စွမ်းအားများ စီးဆင်းနေတာ ခံစားလာရသည်။ ၎င်းနဲ့ နီးကပ်လာသောအခါတွင် လျှို့ဝှက်ဆန်းကြယ်ပြီး ကြီးကျယ်ခမ်းနားသော အော်ဟစ်သံများကိုပင် ကြားရသည်။

ချန်ရှီ ဂရုတစိုက် နားထောင်လိုက်ပေမယ့် သူကြားလိုက်ရတာက လူတွေရဲ့ အော်ဟစ်သံမဟုတ်ဘဲ နတ်ဆိုးတွေရဲ့ အော်ဟစ်သံတွေ ဖြစ်နေသည်။ ကန့်ညောင်သည် လူသားများ မဟုတ်ဘဲ လူသားများကိုးကွယ်သည့် ကောင်းကင်နတ်ဆိုး နတ်ဘုရားများ ဖြစ်ကြပုံရသည်။

အသံသည် မရေမတွက်နိုင်သော ဝေးကွာလှသည့် တောင်တန်းများနှင့် ကုန်းမြေပေါ်ရှိ မရေမတွက်နိုင်သော ဘုံကျောင်းများမှ ဆင်းသက်လာသကဲ့သို့ပင်။ ၎င်းက အချိန်နှင့် အာကာသထဲသို့ ထိုးဖောက်ကာ ဤကမ္ဘာထဲ ဝင်လာသည့်အလား။

"အဖိုးက ကျောက်ပြားကန့်ညောင်ကို ကိုးကွယ်ခိုင်းတာက တော်တော်လေး အစွမ်းထက်လို့ ဖြစ်မယ်!"

ကြေးမုံအိုင်အိမ်တော်တွင် ချန်ရှီ နိုးလာကာ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ရင်း ခေါင်းတလားအဖုံးကို တွန်းဖွင့်လိုက်သည်။

ယခု သူသည် သူ့အတွက် အသစ်စက်စက် ခေါင်းတလားကို မှာကြားထားခဲ့သည်။ အိပ်ဖို့က အဆင်ပြေပေမယ့် နည်းနည်း ကြီးနေတုန်းပါပဲ။ လအနည်းငယ် ကြာပြီးနောက် ခေါင်းတလားက သူ့အတွက် အံကိုက် ဖြစ်ကောင်းဖြစ်လာနိုင်သည်။

နန်းနန်းက စိတ်ဝင်တစားဖြင့် အနီးတဝိုက်တွင် လှည့်လည်ကာ ဤခေါင်းတလားကို ခေါက်ကာထိကာဖြင့် ကစားနေသည်။ အိမ်​ခြံဝန်းကြီးထဲမှာ ဘယ်သူမှ စကားမပြောရဲကြပါ။

ချန်ရှီ ခေါင်းတလားထဲမှ ထွက်လာပြီးတာနဲ့ သူမကို ပြေးခေါ်လိုက်သည်။

"နန်းနန်း... မကစားတော့နဲ့ ဝူဝမ့်မြို့ကို သွားရအောင်!"

နန်းနန်းကလည်း တုံ့ပြန်ပြီး သူ့နောက်ကို လိုက်သွားခဲ့သည်။ အပြင်ဘက်မှာတော့ ဟေးကော်က အသင့်စောင့်နေ၏။ ဝူဝမ့်မြို့ ဒီခရီးစဉ်ကို အရှင်ဝူဝမ့်ကဖိတ်ကြားထားတာကြောင့် သူသွားရမှာ မဟုတ်ရင် သူ့လျှာက အမြဲတမ်း ဂနာမငြိမ်ဖြစ်နေမှာပင်။

ချန်ရှီသည် လျှို့ဝှက်ဆန်းကြယ်သော အရှင်ဝူဝမ့်အကြောင်းကို ဘာမှမသိသော်လည်း နန်းနန်း သူ့အနားမှာ ရှိနေသရွေ့တော့ ဘာမှမဖြစ်လောက်ဘူးဟု ထင်​နေသည်။

ညမိုးချုပ်သည်နှင့် သစ်သားလှည်းသည် တောင်တိုင်လမ်းအတိုင်း ရွေ့လျားသွားခဲ့သည်။ တောင်ပေါ်ရှိ ကျိုးကျနေသော တံတားတစ်စင်းကို ရောက်သောအခါ ကျိုးကျနေသော တံတားပေါ်တွင် လရောင်က ရုတ်တရက် လင်းလက်လာသည်။ လရောင်အောက်မှာ ကျိုးနေတဲ့ တံတားက နောက်ထပ် တစ်ဝက်လောက် ကြီးလာပြီး အကောင်းအတိုင်း ပြန်ဖြစ်သွား၏။

တံတားရဲ့ အခြားအဆုံးမှာတော့ ဝူဝမ့်မြို့ ဖြစ်ပြီး မြို့ထဲတွင် သရဲတစ္ဆေများ နေထိုင်သည်။ မြို့အပြင်ဘက်မှာ တောင်ပေါ် ထွက်ကုန်တွေကို မြို့ထဲကို သယ်ပြီးရောင်းတဲ့ ရဲရင့်တဲ့ တောင်တန်းသားတွေလည်း ရှိသေးသည်။

လူ့လောကမှ ပစ္စည်းများကို သရဲတစ္ဆေများထံ ရောင်းချတာက မကြာခဏ ဈေးကောင်းရနိုင်သည်။ သရဲတစ္ဆေများအတွက် ရွှေ၊ ငွေနှင့် ရတနာများသည် တန်ဖိုးမရှိ၊ စက္ကူငွေသာလျှင် အဖိုးတန်သောကြောင့် ၎င်းတို့သည် တန်ဖိုးမရှိသော ရွှေ၊ ငွေနှင့် ဘဏ္ဍာများကို အစားအစာအတွက် လဲလှယ်လိုစိတ်ရှိကြသည်။

သစ်သားလှည်းက မြို့ထဲကို မောင်းဝင်လာချိန်မှာ ချန်ရှီ နန်းနန်းကို စကားမပြောဖို့နဲ့ လိမ်မပြောဖို့ အကြိမ်ကြိမ် ပြောနေခဲ့သည်။

"ကိုကိုတစ်ဆယ်လေး... ငါလိမ်ပြီး ပြောလိုက်ရင် လျှာကို အထုတ်လိုက်ရမှာကို ကြောက်နေတာလား"

နန်းနန်းက မော့ကြည့်ကာ မေးလာသည်။ ချန်ရှီလည်း မလိမ်ဝံ့ဘဲ ရိုးရိုးသားသားလေး ပြောခဲ့သည်-

"မဟုတ်ဘူး... အဖြူအမည်း နတ်ဆိုးနတ်ဘုရားနှစ်ပါး အရှင်ဝူဝမ့်ကို မောင်းထုတ်သွားမှာကို ငါကြောက်တာ..."

မီးပုံးသရဲတစ္ဆေကြီးက ဦးဆောင်ကာ စံအိမ်ထဲသို့ ခေါ်သွားပေးသည်။

မီးပုံးတစ္ဆေတွင် လူ့ခန္ဓာကိုယ်နှင့် မီးပုံးခေါင်းပါရှိသည်။ သူ့ခေါင်းထဲမှာတော့ ဆီမီးခွက်တစ်ခုရှိတယ်။ ၎င်းက ရေကစားနေသည့် ဘဲများ၏ ရုပ်ပုံပါရှိသည့် အနီရောင် မီးပုံးတစ်ခုဖြစ်ကာ လမ်းလျှောက်ရင်း မီးတောက်က တောက်လောင်သွားသည်။

ဟေးကော်က နန်းနန်းကို တိတ်တဆိတ် ချီမြှောက်လိုက်သည်။ ကလေးမလေးက မီးပုံးထဲကို ချောင်းကြည့်လိုက်ပြီး ဆိုလေ၏။

"ဗိုက်ထဲမှာ ဆီမီးတွေ အပြည့်ပဲ!"

ချန်ရှီ ကြည့်လိုက်တော့ မီးပုံးသရဲတစ္ဆေရဲ့ ဗိုက်ထဲမှာ အူတွေပြည့်နေပြီး မီးစာက အူထဲကတစ်ခုဖြစ်နေတာကို တွေ့လိုက်ရတယ်။

နန်းတော်ထဲသို့ ဝင်သောအခါ ဝူဝမ့်နန်းတော်သခင်က သူတို့ကို နှုတ်ဆက်သည်။ သူသည် ကလေးမလေးအား ရဲရင့်စွာ စိုက်ကြည့်ကာ ချန်ရှီကို ထိုင်ခိုင်းလိုက်၏။

"မိတ်ဆွေလေး....ဝူဝမ့်မြို့ရဲ့ မူလအစကို သိလား?"

ချန်ရှီ ခေါင်းယမ်းလိုက်သည်။ အရှင်ဝူဝမ့်ကတော့ ပြုံးပြီးပြောပြနေ၏။

"ဝူဝမ့်မြို့က ငါ့ရဲ့ နတ်တစ္ဆေနယ်မြေလို့ ပြောကြတယ်.. တကယ်တော့ သူတို့က ငါ့ကို ပိုအထင်ကြီးနေကြတာ ဝူဝမ့်မြို့ကြောင့် ငါဖြစ်လာတာ... ငါကြောင့် ဝူဝမ့်မြို့ ဖြစ်လာတာ မဟုတ်ဘူး.... ဒီနေရာက မရဏကမ္ဘာရဲ့ အပိုင်းအစပဲ ငါက ဒီအပိုင်းအစကို မတော်တဆ ရသွားပြီး အရှင်ဝူဝမ့် ဖြစ်လာတာ"

သူက ချန်ရှီအတွက် လက်ဖက်ရည် လောင်းထည့်ပေးလိုက်သည်။

"ငါအပါအဝင် ဝူဝမ့်မြို့မှာ ဘယ်သူမှ လိမ်လို့မရဘူး... ဒီဝူဝမ့်မြို့ရဲ့ မြေအောက်ကမ္ဘာမှာ လျှာဆွဲငရဲရဲ့ အကြွင်းအကျန်တွေ ရှိတယ်"

All Chapters