← Chapters

ငရဲတရားသူကြီးရဲ့ စုတ်တံ

Vol. 15 Ch. 219

ငရဲတရားသူကြီးရဲ့ စုတ်တံ

Vol. 15 Ch. 219

ချန်ရှီ အံ့ဩသွားသည်။ ဝူဝမ့်မြို့ဟာ မရဏကမ္ဘာက လျှာဆွဲငရဲရဲ့ အကြွင်းအကျန် ဖြစ်နေခဲ့တာလား။

စကားလုံးတချို့ သူ့စိတ်ထဲ ရောက်လာခဲ့သည်။

ကာမဂုဏ်မရှိသူတို့သည် မကောင်းသော လမ်းကို မလိုက်၊ လှည့်စားခြင်းငှါ မဝံ့ကြ။

ရှေးစကားအရ သဘောထားကွဲ​လွဲ​စေသူ၊ သူတစ်ပါးကို ပုတ်ခတ်ပြောဆိုတတ်သူ၊ လိမ္မာပါးနပ်စွာ ငြင်းခုံတတ်သူ၊ မုသားပြောသူ မည်သူမဆို လျှာဆွဲငရဲသို့ ရောက်သွားပေလိမ့်မည်။

ယခု ဝူဝမ့်မြို့သည် လိမ်လည်သူများ၏ လျှာများကို ဆွဲထုတ်ပစ်မည့် ငရဲပြည်၏ နတ်တစ္ဆေဘုံ တစ်စိတ်တစ်ပိုင်း ဖြစ်နေသည်။

သူ့စိတ်ထဲမှာ မေးခွန်းပေါင်းများစွာ ရုတ်တရက်ပေါ်လာတာကြောင့် နောက်ဆုံးတော့ ထုတ်မေးလိုက်သည်။

"အရှင်... လျှာဆွဲငရဲရဲ့ အပိုင်းအစတွေက သက်ရှိလူသားတွေရဲ့ ကမ္ဘာထဲကို ဘာလို့ဝင်လာတာလဲ... လျှာဆွဲငရဲက ဘာလို့ အပိုင်းပိုင်းကွဲသွားတာလဲ ဘယ်သူကြောင့် ကွဲသွားတာလဲ။ လျှာဆွဲငရဲရဲ့ အပိုင်းအစတွေကို ခင်ဗျားက ဘယ်လိုလုပ်ပြီး ဝူဝမ့်မြို့ဖြစ်လာအောင် ဆောက်လိုက်တာလဲ"

အရှင်ဝူဝမ့်က ပြုံးပြီး သူမေးတာကို မဖြေခင် မေးလို့​ပြီးတဲ့အထိ စောင့်ပေးခဲ့သည်။

"ငါလည်း အစက လူ့လောကကြီးမှာ ကျင့်ကြံတဲ့ လူတစ်​ယောက်ပဲ... ကျားကျင့် နန်းစံ ၅၁၈၇ ခုနှစ်မှာ ငါ ချန်ယန်တောင်မှာ ကျင့်ကြံခဲ့တယ်...."

"ကျားကျင့်နန်းစံ ၅၁၈၇ နှစ်?"

ချန်ရှီ အံ့ဩသွားသည်။

"အခုက ကျားကျင့်ရဲ့ ၆၆၄၂နှစ်ပဲ... ဒါဆို ခင်ဗျားက အနည်းဆုံး နှစ်ပေါင်း ၁၄၀၀ အသက်ရှင်နေတာပေါ့"

အရှင်ဝူဝမ့်က ပြုံးလိုက်သည်။

"အတိအကျ ပြောရမယ်ဆိုရင် အသက်က ၁၄၉၆ နှစ် ရှိလောက်ပြီပေါ့"

ချန်ရှီ မျက်လုံးပြူးသွားသည်။ သူမှလွဲ၍ ဒီလောက်ကြာအောင် အသက်ရှင်နိုင်သော တခြားလူသား တစ်ယောက် ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

သို့သော် ချန်ရှီသည် ရွှေအမြုတေ၏ ကြီးကျယ်သော ပြီးပြည့်စုံမှုကို မွေးမြူထားသောကြောင့် နှစ် ၆၀၀ အသက်ရှင်ခွင့် ရှိခဲ့သည်။ အရှင်ဝူဝမ့် ဤမျှကြာအောင် အသက်ရှင်နိုင်သည်ဟူသော အချက်သည် သူ့ရဲ့ ကျင့်ကြံမှုကြောင့်မဟုတ်ဘဲ ဝူဝမ့်မြို့ကို သိမ်းယူထားတာနဲ့ ဆက်စပ်နေလောက်သည်။

အရှင်ဝူဝမ့်သည် သူ့ကို နန်း​ဆောင်​​ကြီး တစ်ခုလိုဖြစ်သည့် အိမ်ကြီးရှိ လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားခဲ့သည်။ ပြတင်းပေါက်ကို ဖွင့်လိုက်တဲ့အခါ တစ်ဖက်ခြမ်းမှာ ငရဲမြင်ကွင်းကို တွေ့လိုက်ရသည်။ တောင်များနှင့် မြစ်များသည် အုံ့မှိုင်းနေပြီး အကန့်အသတ်မရှိသော တစ္ဆေမီးများသာ လင်းထိန်နေပြီး ထိုနေရာက တစ္ဆေမီးတွေဟာ ကမ္ဘာမြေတစ်ခွင်လုံးတွင်က ပိုးစုန်းကြူးတွေ စုစည်းနေသလိုပင်။

လေအေးတစ်ချက် တိုက်ခတ်လာခဲ့စဥ် အလွန်အေးမြသွားသလို ခံစားလိုက်ရသည်။ ဒီအအေးဓာတ်က အရိုးတွေထဲကို မှုတ်သွင်းနိုင်သလိုပဲ၊ သွေးတွေပါ အေးခဲသွားသလို ခံစားရလေ၏။

ချန်ရှီသည် သူ၏ ချီနှင့် သွေးများကို နှိုးဆွပြီး ခုခံထားတာတောင် အလွန်အေးမြနေတယ်လို့ ခံစားနေရဆဲပင်။ ပူနွေးသော လျှပ်စီးကြောင်းက သူ့ခန္ဓာကိုယ်ထဲ ဖြတ်သန်းစီးဆင်းလာကာ သူ့အား အမှန်တကယ် တက်ကြွသွားစေသည်။

"လူသေကောင်- လူဝင်စား အမတအလောင်းကောင် ဖြစ်ထိုက်ပါတယ်"

အရှင်ဝူဝမ့်က ချီးကျူးစကား ဆိုလိုက်သည်။

"မင်းရဲ့ ခန္ဓာကိုယ်က မရဏကမ္ဘာကြီးဆီက တိုက်စားခံရမှာကို ကြောက်စရာ မလိုဘူး... မရဏကမ္ဘာရဲ့ စွမ်းအားကို စုပ်ယူနိုင်တယ်... ဒါက နတ်ခန္ဓာကိုယ်လိုပဲ"

ချန်ရှီရဲ့ နှလုံးလည်း အနည်းငယ် လှုပ်ရှားသွားသည်။ သူ့ခန္ဓာကိုယ်က တခြားသူတွေနဲ့ တကယ်ကို ကွဲပြားနေပုံရ၏။ သူ မရဏကမ္ဘာထဲသို့ ဝင်သောအခါ ရေထဲရောက်နေတဲ့ ငါးတစ်​ကောင် အတိုင်းပင်။ အခြားသူများနှင့် မတူဘဲ မရဏကမ္ဘာ၏ အပျက်သဘောဆောင်သော ယင်စွမ်းအင်ကြောင့် အမြဲတစေ ဒဏ်ရာမရခဲ့ချေ။

ရေမီးအဂ္ဂိရတ် သန့်စင်နည်းရဲ့ သက်ရောက်မှုကြောင့် ဖြစ်နိုင်သည်။ ချန်ရှီကို ထိုင်ပြီးတဲ့အခါ တစ္ဆေတစ်ကောင်က သူ့ဘေးမှာ လက်ဖက်ရည် လာဖျော်ပေးလေသည်။

တစ္ဆေငယ်လေးသည် အရပ်လေးငါးပေ မြင့်သော ဘီလူးတစ်ကောင်ဖြစ်ပြီး ဦးခေါင်းကြီးကြီး၊ နားရွက်ချွန်၊ ပါးစပ်ထဲတွင် အစွယ်များ ရှိကာ အလွန်လိမ္မာပြီး လျင်မြန်စွာ လက်စွမ်းပြတတ်သူ ဖြစ်သည်။

အမဲသားလို ကိုယ်ထည်နှင့် စုတ်ပြတ်နေသော ပိတ်စတို အဖြူတစ်ထည်ကိုသာ ၀တ်ဆင်ထားသည့် မရဏကမ္ဘာမှ သတ္တဝါသာ ဖြစ်သည်။

"ကစားဖို့ နန်းနန်းကို အောက်ထပ်ကို ခေါ်သွားလိုက်ပါ... ဒီမှာ ကျွေးစရာ မလိုဘူး.."

အရှင်ဝူဝမ့်က အမိန့်ပေးသည်။ တစ္ဆေလေးကလည်း အမိန့်နာခံကာ နန်းနန်းကို အောက်ထပ်မှာ ဆော့ကစားခိုင်းလိုက်သည်။ ချန်ရှီမှာ တစ္ဆေက နန်းနန်းကို အန္တရာယ်ပြုမှာ စိုးရိမ်နေတာကြောင့် ဟေးကော်ကို မျက်လုံးနဲ့ အချက်ပြလိုက်ရာ ဟေးကော်လည်း နားလည်ပြီး သူမနောက်ကို လိုက်သွားခဲ့၏။

ချန်ရှီ အရှင်ဝူဝမ့်အကြောင်း သိပ်မသိပါ။ သူ့ကို ဆန်းကြယ်မြွေတောင်ကြီးက ဖိတ်ခေါ်ထားပေမယ့် မသိတဲ့လူတွေကို အမြဲသတိထားသင့်သည်။ အရှင်ဝူဝမ့်ကလည်း ဒါကို အလေးအနက်မထားပါ။ သူ့လက်ကို မြှောက်ပြီး အဝေးက မရဏကမ္ဘာကို ညွှန်ပြရင်း ပြောလာသည်။

"တကယ်တော့ မင်းမြင်ရတဲ့ တစ္ဆေမီးတွေက သင်္ချိုင်းမှာ ထိုင်နေတဲ့ သင်္ချိုင်းပိုင်ရှင်တွေပဲ... တစ္ဆေမီးတွေက အဲဒီတစ္ဆေတွေရဲ့ ခေါင်းပေါ်က မီးတောက်တွေ..."

ချန်ရှီ သူ့လက်ချောင်းများတစ်လျှောက် လှမ်းကြည့်လိုက်သော် အဆုံးမရှိ တစ္ဆေမီးအစက်များကို တွေ့လိုက်ရသည်။

"ဒီတစ္ဆေမီးတွေက သက်ရှိကမ္ဘာပေါ်မှာ သွေးသားတွေ ကျန်ရှိနေကြတုန်းပဲ... သူတို့ကို မှတ်မိနေသေးတယ် ဆိုရင် ပွဲတော်တွေမှာ သူတို့အတွက် အမွှေးနံ့သာနဲ့ စက္ကူပိုက်ဆံတွေ မီးရှို့ကြလို့ သေပြီးရင်တောင် မီးတောက်က မငြိမ်းဘူး အသက်လည်း ရှည်မယ်"

အရှင်ဝူဝမ့်က လက်ဖက်ရည်အိုးထဲ လက်ဖက်ရွက်ထည့်ကာ စကားဆက်လိုက်သည်။

"ကမ္ဘာပေါ်က လူတွေက သူတို့ကို အောက်မေ့ရင် သူတို့လည်း မရဏကမ္ဘာမှာ အသက်ရှည်ရှည် နေနိုင်ကြတယ်"

ချန်ရှီ: "အမွှေးတိုင်ကို ပြတ်သွားရင် ဘယ်လိုလုပ်မလဲ ဒါမှမဟုတ် နောင်လာနောက်သားတွေ မေ့သွားရင် ဘာဖြစ်မလဲ"

အရှင်ဝူဝမ့်က လက်ဖက်ရည်သောက်ရင်း အပြုံးနဲ့ပြော၏။

"အမွှေးတိုင်တွေ ပြတ်သွားရင် ဒါမှမဟုတ် သားစဉ်မြေးဆက်တွေက မေ့သွားတဲ့အခါကျရင် သူတို့ခေါင်းပေါ်က မီးတောက်တွေက တဖြည်းဖြည်း မှိန်သွားပြီး နောက်ဆုံးမှာ ဖြည်းဖြည်းချင်း သေဆုံးသွားလိမ့်မယ်"

"တစ္ဆေတွေလည်း သေနိုင်တယ်ပေါ့?"

"လူသေရင် တစ္ဆေဖြစ်သွားတယ်လို့ ပြောထားတယ်... တစ္ဆေ​တွေ သေတဲ့အခါ နတ်ဆိုးဖြစ်လာတယ်... နတ်ဆိုးသေတဲ့အခါ ရှားပါးတဲ့လူ ဖြစ်လာတယ်။ ရှားပါးတဲ့အရာ သေတော့ လူရိုင်းဖြစ်လာတယ်။ လူရိုင်းတစ်ယောက်သေတဲ့အခါ မျှော်လင့်ချက် ​ဖြစ်လာတယ် တကယ်တော့ မင်းကိုမမေ့ဘူးဆို မင်း အသက်ရှည်မယ်... မဟုတ်ရင်တော့ ပြာ​ဖြစ်​သွား​မယ်... ဘယ်အရာကမှ မ​တည်​​မြဲဘူး ..."

ချန်ရှီအတွက် လက်ဖက်ရည် လောင်းထည့်​ပေးပြီး ပြုံးလိုက်သည်။

"အဲ့မိသားစုကြီးတွေရဲ့ ဘိုးဘေးတွေက မရဏကမ္ဘာမှာဆို ကြီးမားတဲ့ မိသားစုတစ်ခုပဲ... သူတို့က မျိုးဆက်တစ်ခုကနေ တစ်ခုကို ကိုးကွယ်နေသူတွေရှိတော့ နံ့သာပေါင်းတွေကလည်း အဆက်မပြတ် တောက်နေကြတာ... သာမန်လူ​တွေအတွက်ကတော့ ရှင်သန်ရတာ ခက်ခဲစေတယ်...သူတို့ရဲ့ ဘိုးဘေးတွေကို ဘယ်သူက အမှတ်တရနဲ့ မီးထွန်းပေးမှာလဲ"

ချန်ရှီ အဝေးကို လှမ်းကြည့်လိုက်ရာ ကောင်းကင်နှင့် မြေကြီးကြားတွင် ကြီးမားသော အခေါင်းကြီးတစ်ခုကို တွေ့လိုက်ရသည်။ တောင်ကြီးကဲ့သို့ ကြီးမားလှသည်။ တုန်လှုပ်သွားပြီး “အဲ့အခေါင်းက ဘယ်သူ့ဟာလဲ” လို့ မေးလိုက်သည်။

"ဟိုမှာ?"

အရှင်ဝူဝမ့် ပြုံးပြီး :"အဲဒါက ကြေးမုံအိုင်အိမ်တော်က အခေါင်း... မင်းရဲ့ ရုပ်အလောင်းကို ရှာတွေ့လား..."

ချန်ရှီ မျက်လုံးပြူးသွားသည်။ ဒါတကယ်တော့ မရဏကမ္ဘာက ကြေးမုံအိုင်အိမ်တော်ရဲ့ မြင်ကွင်းလား။ !

"ကြေးမုံအိုင်အိမ်တော် သိမ်းပိုက်ထားတဲ့ နေရာက ယင်စိမ့်စမ်းပင်လယ်လို့ ခေါ်တဲ့ မရဏကမ္ဘာရှိ အင်မတန် မှောင်မိုက်တဲ့ လှိုဏ်ဂူတစ်ခုပဲ... မရဏကမ္ဘာရဲ့ အနက်ပိုင်းထဲကို တိုက်ရိုက်ပို့ဆောင်ပေးတဲ့ နေရာ..."

"မရဏကမ္ဘာရဲ့ ပထဝီဝင်အနေအထားက သက်ရှိကမ္ဘာနဲ့ ကိုက်ညီပေမယ့် အဆမရေမတွက်နိုင်အောင် ကြီးမားတယ်... ယင်စိမ့်စမ်းပင်လယ်က ကြေးမုံအိုင်အိမ်တော်နဲ့ သက်ဆိုင်တယ်...အဲ့ပင်လယ်ထဲမှာ ကြီးမားတဲ့ စမ်းရေတွင်းတွေ အများကြီး ရှိတယ် ယင်စွမ်းအင်ကို လှည့်ပတ် ဖြန်းပေးပြီး ကြီးမားတဲ့ ရေပတ်ပတ်လည်ကို ဖန်တီးပေးထားတာ... လွန်ကဲတဲ့ ယင်စွမ်းအင်ကို သုံးပြီး မင်းရဲ့အသက်စွမ်းအင်ကို ဖြည့်တင်းပေးလို့ မင်းကိ အသက် ရှည်စေတယ်.."

ချန်ရှီစိတ်ထဲ ကမောက်ကမ ဖြစ်သွားသည်။

ကြေးမုံအိုင်အိမ်တော်ကို အဘိုးနှင့် သူငယ်ချင်းအချို့က တည်ဆောက်ခဲ့သည်။ အဲဒီတုန်းက အဖိုးနဲ့ သူ့သူငယ်ချင်းတွေက ယင်စိမ့်စမ်းပင်လယ်လို နေရာမျိုးတွေကို ရှာဖွေပြီး ပြန်လည်သက်သာရာ ရဖို့အတွက် ခိုကိုးရာကို ဖန်တီးဖို့ မရဏကမ္ဘာရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို စူးစမ်းနေခဲ့ကြတာ ဖြစ်မည်။

သို့သော် မရဏကမ္ဘာရှိ အမှောင်ဆုံးနေရာကို သန့်ရှင်းရာဌာနအဖြစ် အသုံးပြုခြင်းသည် အဘိုးလို သာမန် မဟုတ်တဲ့ လူများသာ စဥ်းစားတွေးခေါ်နေသော အရာဖြစ်ပေမည်။

အရှင်ဝူဝမ့်က လက်ဖက်ရည် မော့သောက်လိုက်ပြီး။

"ကြေးမုံအိုင်အိမ်တော်ရဲ့ ခေါင်းတလားမှာ လူငါးယောက်ရှိတယ်... ဒါပေမဲ့ အဲဒီကောင်တွေက အရမ်းအိုနေပြီ။ ယင်စိမ့်စမ်းပင်လယ်ကို မှီခိုပြီး အသက်ရှင်နေရတာ ဒါပေမယ့် ယင်စွမ်းအင်ကို အရမ်းစုပ်ယူလိုက်ကြတယ် သေဖို့ထိုက်တန်ပေမယ့် မသေသေးဘူး နတ်ဆိုး အသွင်ပြောင်းဖို့ကတော့ လွယ်နေပြီ"

ချန်ရှီ ဘာမှပြန်မပြောမီတွင် ခေါင်းတလားတစ်ခု ရုတ်တရက် ပွင့်လာတာ တွေ့လိုက်ရသည်။ နတ်ဆိုးတစ်ကောင်လို ကြီးမားသော အသွင်အပြင်သည် ယင်စိမ့်စမ်း ပင်လယ်ပြင်မှ တည့်တည့် ပျံသန်းလာပြီး မရဏကမ္ဘာ၏ ဆည်းဆာထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။

အရှင်ဝူဝမ့်: "ဒါက ပထမဆုံး နတ်ဆိုးအသွင်ပြောင်းမယ့်သူပေါ့... သူက မရဏသတ္တဝါ ဖြစ်လာတော့မှာ... ဒီတစ်ခါတော့ မရဏကမ္ဘာက သရဲတစ္ဆေတွေနဲ့ နတ်ဆိုးတွေကို လုယူဖို့ ထွက်ပြေးသွားတာ ဖြစ်မယ်"

ချန်ရှီရဲ့ နှလုံးသားက အနည်းငယ် တုန်ခါသွားသည်။ သူ့လည်ချောင်းကို စိုစွတ်စေဖို့အတွက် လက်ဖက်ရည်တစ်ခွက်ကို အမြန်သောက်လိုက်ပြီး သူ့ရင်ထဲက တုန်လှုပ်ချောက်ချားမှုကို သက်သာသွားအောင် လုပ်လိုက်ရသည်။

ခေါင်းတလားထဲက လူတွေက အဖိုးတောင် နည်းနည်း ကြောက်နေတဲ့သူတွေပဲ။ ဒီလူငါးယောက်ကို ကြေးမုံအိုင်အိမ်တော်ထဲမှာ ချုပ်နှောင်ထားပြီး သူတို့ကိုယ်သူတို့ နတ်ဆိုးတွေအဖြစ် ပြောင်းလဲလုနီးပါး ဖြစ်နေပြီဆိုတာကို သူ မမျှော်လင့်ထားပါဘူး။

အလောင်းကောင် ငါး​ယောက်စလုံးသာ နတ်ဆိုးများအဖြစ်သို့ ပြောင်းလဲသွားပါက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လေမလဲ။

အရှင်ဝူဝမ့်က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အပြုံးနဲ့ပြောလိုက်သည်။

"မင်းစိတ်မပူနဲ့တော့ သူတို့ အခုထိတော့ ဆင်ခြင်တုံတရား ရှိနေတုန်းပဲ နိုးရင် ချက်ချင်းသေမယ် မဟုတ်ရင်လည်း နတ်ဆိုးအသွင် ပြောင်းလိမ့်မယ် အခု မနိုးသရွေ့တော့ မသေဘူး မသေရင် နတ်ဆိုးအဖြစ်လည်း ပြောင်းလဲမှာ မဟုတ်ဘူး"

ချန်ရှီလည်း ထိုစကားကို ကြားမှသာ စိတ်သက်သာရာ ရသွားသည်။

"​ကြေးမုံအိုင်အိမ်တော်က လူမှ မရှိတာ... သူတို့ကို နှိုးပေးမယ့်သူလည်း မရှိဘူး"

ထို့နောက် အရှင်ဝူဝမ့်က ယခင်အကြောင်းအရာကို ဆက်ပြီး ပြောလေသည်။

"ငါ နတ်အသွင်ပြောင်းနယ်ပယ်မှာ ကျင့်ကြံနေတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်က ဒီနေရာကို ရှာတွေ့ခဲ့တာ... ငါ့ရဲ့ကျွမ်းကျင်မှုနဲ့ နားလည်မှုနဲ့အရဆို နတ်ပြောင်းလဲခြင်း နယ်ပယ်ကို ကျင့်ကြံရတာက အကန့်အသတ်ရှိပြီးသား... အခြေခံအားဖြင့်တော့ နောက်ထပ်ကြားဖူးတဲ့ နယ်ပယ်ကို ဝင်ဖို့မျှော်လင့်ချက် မရှိပါဘူး။ ဒါပေမဲ့ ငါဒီတစ်သက်မှာ လုံးဝ အရှုံးမပေးခဲ့ဘူး.... ငါကံစမ်းဖို့ ချန်ယန်တောင်ကို သွားခဲ့တယ်... အဲဒီတစ်ကြိမ်မှာ အခွင့်ကောင်းတစ်ခု ရသွားတာနဲ့ ထာဝရရှင်သန်နေခဲ့တာ..."

သူသည် ချန်ယန်တောင်က သူ့​အတွေ့အကြုံများ အကြောင်း ချန်ရှီကို ပြောပြလိုက်သည်။

ထိုအချိန်တုန်းက အရှင်ဝူဝမ့်သည် နတ်ပြောင်းလဲခြင်းနယ်ပယ် ရောက်ထားကာ အနောက်နွားရှင်းကျိုး ကျွန်းပေါ်မှာတော့ အလယ်အလတ်အဆင့် ကျင့်​ကြံသူများအဖြစ်သာ မှတ်ယူနိုင်ပြီး အဆင်မပြေသည့်အနေအထားတွင် ရှိနေသည်။ သူ့တွင် မိသားစု နောက်ခံ ကောင်းကောင်း မရှိသောကြောင့် အသေးအဖွဲ့ အရာရှိအဖြစ် လျှောက်ထားခဲ့သော်ငြား သူ့မှာ နယ်မြေခံအရာရှိဖြစ်ဖို့ မိသားစုနောက်ခံလည်း မရှိချေ။

ခြေတစ်လှမ်း လှမ်းပြီး ဖြတ်ကျော်လိုက်တာနဲ့ နတ်ဆင်းသက်နယ်ပယ်သို့ ဝင်ရောက်နိုင်လျှင် နယ်ချဲ့တရားရုံးမှာ လေးမြတ်လာပြီး ဒေသဆိုင်ရာ အရာရှိတစ်ဦး ဖြစ်လာနိုင်သည်။

သူသည် နေရာတိုင်း၌ ကျင့်ကြံရင်း နတ်ဆိုးများ ရှိရာ ချန်ယန်တောင်သို့ ရောက်လာခဲ့သည်။ အချို့သော ဝိညာဉ်များသည် အလွန်တန်ခိုးကြီးသဖြင့် သူ သူတို့ကို နှိုးဆွရန်ပင် မဝံ့မရဲ ဖြစ်နေခဲ့သည်။

သူသည် နေ့ခင်းဘက် နေရာတိုင်းမှာ ကျင့်ကြံဖို့ နေရာ ရှာဖွေခဲ့သော်လည်း တောင်တန်းများက ကြမ်းတမ်းကာ ပထဝီဝင်အနေအထားကလည်း ပြောင်းလဲနိုင်သဖြင့် ဘုရင်ကျန်း၏ အုတ်ဂူကို ရှာဖွေစဥ်ကလည်း အလွန်ခက်ခဲခဲ့သည်။

ထိုညတွင် သူသည် လူသူကင်းမဲ့သော ဘုံကျောင်းတွင် အနားယူရင်း သူ့ပိုက်ဆံများ ကုန်သွားချိန်ကို ရေတွက်နေခဲ့သည်။ ဘုရင်ကျန်းရဲ့ အုတ်ဂူအစစ်အမှန်ကို ရှာမတွေ့ပါက သူသည် လောကီလောကတွင် ဦးညွှတ်ရမည့် အရာရှိငယ်တစ်ဦး ဖြစ်လာမည် ဖြစ်သည်။ ထိုအခိုက်အတန့်တွင် မြေကြီးက ရုတ်တရက်တုန်ခါကာ တောင်များပြိုကျကာ နေရာအနှံ့ ကျောက်ဆောင်များ ပျံသွားသည်။ ချန်ယန်တောင်တွင် မထင်မှတ်ထားသော ငလျင်တစ်ခုဖြစ်ပွားခဲ့သည်။

မိုင်ဒါဇင်ချီသော အချင်းဝက်အတွင်း လူ၊ တိရိစ္ဆာန် သို့မဟုတ် နတ်ဆိုးများဖြစ်စေ သက်ရှိအားလုံး မြေငလျင်ကြောင့် သေဆုံးသွားခဲ့ကြသည်။ သူ့ရဲ့ ကျင့်ကြံမှုက အားကောင်းနေခဲ့တာကြောင့် ငလျင်ဒဏ်မှ လွတ်မြောက်ခဲ့သည်။ လရောင်အောက်ကနေ ငလျင်ဗဟိုချက်ဆီသို့ လှမ်းကြည့်လိုက်ရာ ထိုနေရာတွင် အပိုမြေကွက်တစ်ခု ရှိနေတာ တွေ့လိုက်ရသည်။

ထိုမြေသည် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများဖြင့် ပြည့်နှက်နေပြီး သွေးရောင်တွေ ဖုံးလွှမ်းနေ၏။ ဒါ့အပြင် နတ်တစ္ဆေများနဲ့ နတ်ဆိုးများရဲ့ အလောင်းများကလည်း ပြန့်ကျဲလျက်ရှိသည်။ ၎င်းတို့ကို ချန်ယန်တောင်တွင် မြှုပ်နှံထားခဲ့သည်။

ရောင်ဝါတစ်ခုက အလွန်မတည်မငြိမ် ဖြစ်နေသည့် အခြေအနေတွင် ပေါ်လာပြီး ပျောက်ကွယ်သွားတတ်သည်။ သူ သည်သတ္တိရှိရှိ လမ်းလျှောက်ပြီး သူလာရာ ဒီနေရာကို စူးစမ်းကြည့်လိုက်သည်။

သူ ပျံသန်းလာတဲ့ အရပ်မှာ တစ္ဆေတစ်ကောင်ရဲ့ အလောင်းဘေး၌ အလွန်အစွမ်းထက်တဲ့ မှော်လက်နက်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းက တစ်ဝက်လောက်သာရှိ​တော့တဲ့ တရားသူကြီးရဲ့ စုတ်တံ ဖြစ်ကာ ကျိုးပဲ့သွားချေပြီ။ စုတ်တံပစွန်းနှင့် ထိပ်စွန်းတို့က ပျောက်ဆုံးနေသည်။

ဒါပေမဲ့ ကျိုးနေတဲ့ စုတ်တံကို ကောက်ကိုင်လိုက်တဲ့ အခါမှာတော့ သူဟာ ဒီနေရာရဲ့ ပိုင်ရှင်အသစ် ဖြစ်လာခဲ့တော့သည်။ စုတ်တံအကျိုးကို ကိုင်ရင်း သူပျံသန်းရာအရပ်၌ နတ်တစ္ဆေဘုံကို ရှာတွေ့ခဲ့သည်။ ဤနေရာ၌ ကောင်းကင်နှင့်မြေကြီး၏ တက်ကြွမှုကို အသုံးပြုကာ နတ်တစ္ဆေဘုံရဲ့ အသက်ရှည်ခြင်း လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့သည်။

ဤပျံကျမြေသည် နေ့အခါ၌ မြေအောက်ကမ္ဘာ၌ရှိပြီး ညအခါ၌ သက်ရှိလောက၌ ပေါ်လာတတ်သော နောက်ထပ် ထူးဆန်းသည့် အချက်တစ်ချက်ကိူလည်း ရှာတွေ့ခဲ့သည်။

"ငါ ဒီပျံသန်းမြေကို မတော်တဆ ရခဲ့တော့ ဒီနေရာလေးမှာပဲ နေထိုင်ခဲ့တယ်... တရားသူကြီးရဲ့ စုတ်တံတစ်ဝက်အကူအညီနဲ့ ကမ္ဘာကြီးနဲ့ တစ်သားတည်း ဖြစ်လာခဲ့တယ်။ အဲဒါကြောင့် ဝူဝမ့်မြို့ကို တည်ဆောက်ခဲ့တာကနေ ဝူဝမ့်မြို့ရဲ့ အရှင်သခင်အဖြစ် လေးစားခံခဲ့ရတယ်... ဒီနေရာက ယင်းနဲ့ယန် ချိတ်ဆက်ထားတဲ့ လမ်းကြောင်းတစ်ခု ဖြစ်လာတယ်... နောက်တော့ ငါ့သက်တမ်းကလည်း ရှည်လာတယ်။"

အရှင်ဝူဝမ့်က စိတ်ခံစားချက်အပြည့်ဖြင့် ပြောနေသည်။

"ငါ့မျိုးဆက်တွေ... ကောင်းကင်ဘုံက ရွေးချယ်ခံရသူတွေဆိုတဲ့ ပါရမီရှင်တွေတောင် အချိန်ကာလရဲ့ ဖြတ်သန်းမှုကို မဆီးတားနိုင်ဘဲ အသက်ကြီး​ပြီး သေဆုံးသွားခဲ့ကြတယ်... ဒါပေမဲ့ ငါလည်း အချိန်ကြာလာတာနဲ့အမျှ မေ့လျော့ခံလိုက်ရပုံပဲ...ဒါပေမဲ့ ဝူဝမ့်မြို့မှာတော့ နေထိုင်နေတယ်လေ..."

သူ့ရဲ့ အရည်အချင်းနဲ့ နားလည်နိုင်စွမ်းက မကောင်းပေမယ့် သာမာန်လူတွေထက် ဆယ်ဆလောက် အချိန်ပိုပေးပြီး လေ့ကျင့်လိုက်ရင်း ကန့်သတ်ထားတဲ့ နယ်ပယ်တွေကို ဖြတ်ကျော်နိုင်ခဲ့သည်။

တခြားလူများအနေနှင့် သူတို့၏ အရည်အချင်းနှင့် စွမ်းအင်များ ဘယ်လောက်ပဲ မြင့်မားပါစေ ကျင့်စဥ်တွေက ဘယ်လောက်ပဲ ကောင်းမွန်ပါစေ၊ နောက်ဆုံးတွင် သူတို့သည် အနှစ်တစ်ရာသာ အသက်ရှင်နေထိုင်နိုင်သည်။

သူကတော့ နှစ်ပေါင်း ၁၄၀၀ ကျော် အသက်ရှင်ခဲ့သည်။

သူသည် လူသုံးအများဆုံး ကျင့်စဥ်ကိုပဲ လေ့ကျင့်ထားသော်လည်း သူ့ရဲ့ မှော်စွမ်းအားက အလွန်ပြင်းထန်လာသည်။ သူသည် အရိုးရှင်းဆုံးသော အဆောင်လက်ဖွဲ့ စာလုံးကို လေ့ကျင့်ထားသော်လည်း စွမ်းအားက မယုံနိုင်လောက်အောင် ဖြစ်လာသည်။

အနှစ်တစ်ထောင်ကျော်တွင် သူသည် သာမန်သံအား အစွမ်းထက်သော မှော်လက်နက်တစ်ခုအဖြစ် ပြောင်းလဲနိုင်ပြီး သူ့ကိုယ်သူ နတ်ဆိုး သို့မဟုတ် နတ်ဆိုးနတ်ဘုရား ဖြစ်လာအောင်လည်း ပြုစုပျိုးထောင်နိုင်ခဲ့သည်။

သူသည် အထွတ်အထိပ်သို့ ရောက်သည်အထိ လေ့ကျင့်ခဲ့ပြီး သူ၏ စွမ်းရည်များသည်လည်း နားမလည်နိုင်လောက်အောင် ဖြစ်ခဲ့ရကာ ဘယ်သူမှ မယှဉ်နိုင်ပေ။

"ဒါပေမယ့် ငါ့ဘဝရဲ့အဆုံးသတ်ကိုလည်း ငါရှာတွေ့ခဲ့တယ်"

အရှင်ဝူဝမ့်က သက်ပြင်းချလိုက်သည်။

"ဝူဝမ့်​မြို့မှာ အကြာကြီးနေခဲ့ရတာ ကောင်းကင်နဲ့ မြေကြီးအတိုင်း အသက်ရှင်နေနိုင်မယ်လို့ ငါထင်ခဲ့တာ... နောက်ပိုင်းမှာ ငါ့ဘဝရဲ့အဆုံးသတ်ကို သိလာရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး ငါ့မှာ အနှစ် ၂၀၀ ပဲကျန်တော့တယ်"

ချန်ရှီက လက်ဖက်ရည်အိုးကို ကောက်ကိုင်လိုက်ပြီး လက်ဖက်ရည်သောက်ရင်း ဝင်ပြောလိုက်သည်။

"အနှစ်နှစ်ရာရဲ့ သက်တမ်းက သိပ်ကို အထင်ကြီးစရာ ဖြစ်နေပါပြီ.. မဟာယာနနယ်ပယ်က ဆရာတော်ဝါးခါးတောင် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ပေမယ့် အနှစ်တစ်ရာကျော်ပဲ အသက်ရှင်ခဲ့တယ်"

အရှင်ဝူဝမ့် : "ငါ ဝူဝမ့်မြို့မှာ ပိတ်မိနေပေမယ့် အသက်ပိုရှည်ချင်ပါသေးတယ်။ ငါ့လက်ထဲမှာ တရားသူကြီးရဲ့ စုတ်တံတစ်ချောင်းက တစ်ခုခုတော့ မှားနေပြီလို့ ထင်တယ်"

ချန်ရှီလည်း စိတ်ရှုပ်စွာဖြင့်: "ဘာဖြစ်နေလို့လဲ?"

"တရားသူကြီးရဲ့ ကလောင်မှာ စုတ်တံတစ်ချောင်းပဲ ကျန်တော့တာ... အခုဆို သူ့အတွင်းထဲက စွမ်းအင်တွေက တဖြည်းဖြည်း ဆုတ်ယုတ်သွားနေပြီ ဖြည်းဖြည်းချင်း ဆုတ်ယုတ်သွားပေမယ့် ဒီနှုန်းအတိုင်း ဆက်သွားနေမယ်ဆိုရင် စွမ်းအင်က အနှစ်နှစ်ရာအတွင်းမှာ ကုန်ဆုံးသွားလိမ့်မယ်"

"ငါ့ရဲ့ ကျန်ရှိတဲ့ သက်တမ်းနဲ့ အတူတူပဲ ဒါကြောင့် တရားသူကြီးရဲ့ စုတ်တံကို ရှာတွေ့တဲ့ အချိန်မှာပဲ ငါ့ရဲ့ သက်တမ်းကလည်း ရှည်လာတာဆိုတော့ ငါနဲ့ တရားသူကြီးရဲ့ စုတ်တံ သက်တမ်းနဲ့က ဆက်စပ်နေတာ ဖြစ်နိုင်တယ်... သူ သေသွားရင် ငါလည်း သေမှာပဲ"

ခေတ္တရပ်ပြီး။

"ဝူဝမ့်မြို့က ညအချိန်ကျရင် မရဏကမ္ဘာဆီ ပြန်ရောက်သွားလိမ့်မယ်...မင်းတို့ လူသား ကျင့်ကြံသူတွေ မြင်ဖူးတဲ့ မရဏကမ္ဘာက တကယ့် မရဏကမ္ဘာရဲ့ အပေါ်ယံ မျက်နှာပြင်လေးပဲ... ငရဲက ပိုနက်ရှိုင်းတယ်.. သက်ရှိလူသားတွေကို ဝင်ခွင့်မပြုဘူး... အထူးသဖြင့် လျှာဆွဲငရဲမှာ သရဲတစ္ဆေတွေ သောင်းကျန်းပြီး ဝင်သွားရင် အသက်ရှင်ဖို့ ခက်ခဲလှတယ်...ငါ ဒီနှစ်တွေထဲမှာ စုတ်တံရဲ့ အစွန်းနဲ့အဖျားကို ရှာနေတာကြာပြီ... မကြာသေးခင်ကမှ သတင်းရခဲ့တာ..."

ချန်ရှီ လက်ဖက်ရည် မော့သောက်လိုက်သည်။

"ဒါပေမယ့် အဲဒီနေရာက ချန်ယန်တောင်ရဲ့ နယ်နိမိတ်ကို ကျော်လွန်နေတယ်... ငါ့ဘဝက ဒီမြို့နဲ့ ချည်နှောင်ထားလို့ ထွက်သွားလို့ မရဘူး အဝေးက ထွက်သွားလေ မြန်မြန်သေလေပဲ.. ဒါကြောင့်... ငါ့မှာ ယုတ္တိမရှိတဲ့ တောင်းဆိုမှုတစ်ခုလေး ရှိတယ်"

သူက ချန်ရှီရဲ့ မျက်လုံးတွေကို တိုက်ရိုက်ကြည့်ပြီး ဆိုလိုက်သည်။

"တရားသူကြီးရဲ့ စုတ်တံအစွန်အဖျားကို မိတ်ဆွေလေး ရှာပေးနိုင်မလား"

ချန်ရှီ မျက်မှောင်ကြုတ်ကာ အနည်းငယ် ရှက်သွားခဲ့သည်။

"ဒါက ရိုးရှင်းတဲ့ အလုပ်သာဖြစ်ခဲ့ရင် ကျနော်ခင်ဗျားကို ကူညီနိုင်ပါတယ်... ဒါပေမယ့် မရဏကမ္ဘာက အရမ်းအန္တရာယ်များတယ်..."

အဝေးကို လှမ်းကြည့်လိုက်တော့ ကြေးမုံအိုင်အိမ်တော်က သူ့အဖော်များ အဝေးကို ပျံသန်းသွားသည့် မြင်ကွင်းက သူ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။

ဒီအရာနဲ့သာ ကြုံရရင် အသက်အန္တရာယ် ဖြစ်လာမှာကို ကြောက်ရလေသည်။

အရှင်ဝူဝမ့်: "မင်းခန္ဓာကိုယ်က ရှင်ပြန်ထမြောက်လာတဲ့ အမတအလောင်းကောင်... ယင်စွမ်းအင်တွေ တိုက်စားမှာကို ကြောက်စရာ မလိုဘူး အဲဒါကြောင့် ငါ့မှာ ယုတ္တိမရှိတဲ့ တောင်းဆိုမှုတစ်ခု ရှိနေတာ... မင်းကို အန္တရာယ်ပြုခိုင်းရင် မင်းအသက်ကို စိတ်ပူလိမ့်မယ်ဆိုတာ ငါသိတယ် မကြာသေးတဲ့ နှစ်တွေအတွင်းမှာ ဝူဝမ့်မြို့ကလည်း ​​ကမ္ဘာမြေကြီးအောက်မှာ နေနေရတော့ ယန်စွမ်းအင်ရဲ့ လွှမ်းမိုးမှုလည်း မရှိတော့ဘူး... နန်းနန်းက သက်ရှိကမ္ဘာမှာပဲ နေသွားမှာ မဟုတ်ဘူး မှတ်ဉာဏ်တွေ ပြန်နိုးထလာရင် မရဏကမ္ဘာမှာ တရားမျှတမှုသခင် ပြန်သွားလုပ်လိမ့်မယ်... အဲ့အချိန်ကျရင် ငါ မင်းကို ခွေးတစ်ကောင်နဲ့ မြင်းတစ်ကောင်လို အစေခံပါ့မယ်"

ချန်ရှီ ခဏလောက် စဉ်းစားပြီးနောက် ဘေးတိုက်ရွှေ့ကာ အရှင်ဝူဝမ့်အနား ချဉ်းကပ်လိုက်သည်။

"အရှင်... ကောင်းကင်နန်းတော် အကြောင်း ကြားဖူးလား ကျနော့်အဖိုးက ကောင်းကင်နန်းတော်လို့ခေါ်တဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုကို တည်ထောင်ထားခဲ့တယ်"

သူသည် ကောင်းကင်နန်းတော် တရားရုံး အကြောင်းကို ရည်ရွယ်ချက်နှင့် မိတ်ဆက်ပြီး လူအင်အားကို စုဆောင်းလိုက်သည်။

"ကောင်းကင်နန်းတော် တရားရုံးက အခု လူအင်အား နည်းနေတယ်..."

အရှင်ဝူဝမ့်က ငြိမ်သက်စွာဖြင့် :"ဘုရင်ကျန်းရဲ့ ဦးဆောင်မှုနောက် လိုက်ချင်ပါတယ်!"

ချန်ရှီ ပြုံးပြီး မေးလိုက်သည်မှာ။

"စုတ်တံက ဘယ်မှာလဲ"

အရှင်ဝူဝမ့်က အောက်ထပ်သို့ ဆင်းသွားကာ လှံတစ်ချောင်းကို ထုတ်ယူလာသည်။

"ဒါက စုတ်တံ...ငါ လှံခေါင်းကို ထည့်ပြီး လှံအဖြစ်နဲ့ သုံးနေတာ...စုတ်တံခေါင်းက မရဏကမ္ဘာမှာ နဂါးမုတ်ဆိတ်မွေးနဲ့ လုပ်ထားတာ... ဒီနှစ်တွေထဲမှာ ငါ မရေမတွက်နိုင်တဲ့ သရဲတွေကို လွှတ်ခဲ့ဖူးတယ်... သရဲတစ်ကောင်က ခေါင်းရှိနေတဲ့ သဲလွန်စကို ရတယ်... မြေပုံကို ရခဲ့ပေမယ့် လမ်းက အန္တရာယ်​​တွေနဲ့ ပြည့်​​နေတာ..."

ချန်ရှီလည်း ပထဝီဝင်မြေပုံကို အသေအချာ စစ်ဆေး​နေခဲ့သည်။ ခဏအကြာတွင်တော့ သူက မျှော်ကြည့်လိုက်ပြီး။

“သက်ရှိကမ္ဘာနဲ့ သက်ဆိုင်တဲ့ ပထဝီဝင်မြေပုံရှိလား”

အရှင်ဝူဝမ့် အနည်းငယ် ထိတ်လန့်သွားသည်။

"သက်ရှိကမ္ဘာရဲ့ ပထဝီဝင်မြေပုံတစ်ခုလား?"

ချန်ရှီသည် မရဏကမ္ဘာ မြေပုံပေါ်ရှိ နဂါးမုတ်ဆိတ်စုတ်တံ တည်နေရာကို ညွှန်ပြပြီး ပြောလိုက်သည်။

"မရဏကမ္ဘာကို ဖြတ်လျှောက်ရတာ အရမ်းအန္တရာယ်များမှတော့ သက်ရှိကမ္ဘာကနေ အဲဒီကို သွားလို့မရဘူးလား ? ဘာလို့စိတ်ရှုပ်ခံပြီး မရဏကမ္ဘာမှာ သတ်ဖြတ်ရင်း လမ်းဖောက်နေရမှာလဲ?"

အရှင်ဝူဝမ့် ထပ်ပြီး အနည်းငယ် ထိတ်လန့်သွားမိပြန်သည်။

"အဲဒီလို နည်းလမ်းရှိတယ်လား?"

All Chapters