← Chapters

လီထျန်းချင်ထံမှပေးစာ

Vol. 15 Ch. 220

လီထျန်းချင်ထံမှပေးစာ

Vol. 15 Ch. 220

တစ်လျှောက်လုံး အရှင်ဝူဝမ့်သည် သူ၏ စုတ်တံထိပ်ဖျားကို ရယူရန် မရဏကမ္ဘာရဲ့ အထက်မှာ ဘယ်လို သက်ရှိကမ္ဘာ ရှိနေသလဲ စဉ်းစားနေခဲ့သည်။ သို့သော် တစ္ဆေများနှင့် နတ်များသည် နေရာတိုင်းတွင် ရှိနေသောကြောင့် ခရီးသည် အမှန်တကယ်ပင် အန္တရာယ်များပြီး သူ လွှတ်လိုက်သော သရဲတစ္ဆေများနှင့် ဘီလူးများသည် လမ်းတွင်ပင် မကြာခဏ သေဆုံးသွားလေ့ရှိသည်။

ထိုသရဲတစ္ဆေများဟာ အလွန်အစွမ်း ထက်နေတာမျိုးတော့ မဟုတ်ပေ။ ၎င်းတို့ စုတ်တံ ထိပ်ဖျားသို့ရောက်လျှင်ပင် အနားမကပ်နိုင်ကြ။ ဝူဝမ့်မြို့တွင် သူသည် တစ်ခုတည်းသော သခင်အစစ်ဖြစ်သော်လည်း သူကိုယ်တိုင် ဝူဝမ့်မြို့ကနေ အဝေးကြီးကို မထွက်ခွာနိုင်ပါ။

တစ်ခါက သူသည် စုတ်တံထိပ်ဖျားကို ရှာဖွေရန် သက်ရှိကမ္ဘာမှ သခင်များကို တောင်းဆိုခဲ့သော်လည်း မကြာခဏဆိုသလို တစ်ယောက်ယောက် အသက်ရှင်လျက် ပြန်လာရင်တောင် သူတို့ဟာ စုတ်တံထိပ်နဲ့ အလှမ်းဝေးနေသေးပြီး နောက်တစ်ကြိမ် ပြန်သွားရမှာပဲ ဖြစ်သည်။

ထို့အပြင် ၎င်းတို့သည် မရဏကမ္ဘာ၏ အပျက်သဘောဆောင်သော ယင်စွမ်းအင်ကြောင့် ပြင်းထန်လွန်းသော ဒဏ်ရာများ ရှိသွားရာ ပြန်လည်ရောက်ရှိလာသော သခင်များသည် နှစ်အနည်းငယ်အတွင်း မကြာခဏ သေဆုံးလေ့ရှိသည်။

ဒီတစ်ကြိမ်မှာတော့ ချန်ရှီဟာ လူသေကောင်ဝင်စားပြီး အမတအလောင်းကောင် ခန္ဓာကိုယ်ရှိသည်။ ယင်စွမ်းအင်ရဲ့ တိုက်စားမှုကို မကြောက်နိုင်ဘူးလို့ ထင်တဲ့အတွက် လှုပ်ရှားပေးဖို့ တောင်းဆိုခဲ့ရသည်။ သူ ထက်မြက်နေသ၍ ဝူဝမ့်မြို့မှ သရဲတစ္ဆေများနှင့် ဘီလူးများစွာ၏အကူအညီဖြင့် စုတ်တံထိပ်ဖျားကို ရှာတွေ့နိုင်မည်ဖြစ်သည်။

မမျှော်လင့်ဘဲ ချန်ရှီက သက်ရှိလောကကနေ ဖြတ်ကျော်ရန် အကြံပြုခဲ့သည်။ မှန်ပေသည်။ ဤနည်းအားဖြင့် လမ်းပေါ်တွင် အန္တရာယ်များ နည်းပါးလာမည် ဖြစ်သလို အသက်ရှင် ရပ်တည်နိုင်ခြေ အလွန်များပြားလာမည် ဖြစ်သည်။

"ဒါပေမဲ့ ခက်ခဲတဲ့ ပြဿနာနှစ်ခု ရှိသေးတယ်"

အရှင်ဝူဝမ့်က ပြောသည်။

"ပထမအချက်က သက်ရှိကမ္ဘာရဲ့ ပထဝီဝင်အနေအထားက မြေအောက်ကမ္ဘာရဲ့ ပထဝီဝင်အနေအထားနဲ့ ဘယ်လိုကိုက်ညီလဲ...ငါ ပထဝီဝင်မြေပုံကို ဆုံးဖြတ်ဖို့ နေရာနည်းနည်းပဲ ရောက်ဖူးတယ်"

ချန်ရှီက ပြုံးပြီး :"ဒါက မင်းအတွက် ခက်ခဲတဲ့ ပြဿနာပဲပေါ့... ဒါပေမယ့် အဘွားရှားအတွက်တော့ ပြဿနာကြီး မဟုတ်​တော့ဘူး"

သိုးဦးချိုကောင်းကင်ဝိညာဥ် မီးအိမ်ကို ရရှိပြီးနောက် အဖွားရှားသည် ၎င်းကို မရဏကမ္ဘာကို ရှာဖွေပြီး နယ်မြေ ကိုးခုခွဲခဲ့သည်။ တရားသူကြီး၏ စုတ်တံရဲ့ လမ်းညွှန်မှုကို ခြေရာခံလိုက်ရင် နဂါးမုတ်ဆိတ်စုတ်တံရဲ့ တည်နေရာကို ဆုံးဖြတ်နိုင်မည်ဟု သူ ထင်ပါသည်။

"နောက်တစ်ခု မေးချင်တာက မင်း မရဏကမ္ဘာကို ဘယ်လိုဝင်မှာလဲ... မင်း ဝူဝမ့်မြို့ကနေ သွားမယ်ဆိုရင် မရဏကမ္ဘာကို တိုက်ရိုက် ဝင်သွားလို့ရတယ်... မင်းရဲ့ ရုပ်ခန္ဓာနဲ့ အဲဒီကို သွားနိုင်တယ်... ရုပ်ခန္ဓာနဲ့ဆို မင်းရဲ့ ခွန်အားတွေ အရမ်းတိုးလာပြီး မင်းအသက်ကို ​ပြန်ကယ်တင်ဖို့လည်း အခွင့်အလမ်းက ပိုကြီးလာလိမ့်မယ်... တခြားနေရာတွေမှာဆို မင်းရဲ့ ရုပ်ခန္ဓာက မရဏကမ္ဘာကို မသွားနိုင်ဘူး"

ချန်ရှီက ပြုံးပြီး :"အဖွားရှားက ဒီကိစ္စကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်... အရှင်ဝူဝမ့် ဒီကိစ္စအတွက် စိတ်ပူစရာ မလိုပါဘူး ကျနော့်ဆီက သတင်းကိုသာ စောင့်နေလိုက်...."

အရှင်ဝူဝမ့်က သူ့ကို လေးလေးနက်နက် ကြည့်ပြီး ပြုံးလိုက်သည်။

"ဘုရင်အစစ်က အရမ်းယုံကြည်ရတဲ့အတွက်... ဘုရင်ကြီးနဲ့ အောင်ပွဲခံဖို့ ဒီမှာစောင့်နေပါ့မယ်... ဘုရင်ကျန်း ဒီလှံကို ဆောင်ထားသင့်တယ် ဒီလှံနဲ့ စုတ်တံထိပ်က တစ်သားတည်းပဲ... မင်းရဲ့ဘေးကင်းမှုကို ကာကွယ်နိုင်တယ် နဂါးမုတ်ဆိတ်စုတ်တံနဲ့ တွေ့ရင် မင်း ဒါနဲ့ဆို အနိုင်ယူနိုင်လိမ့်မယ်"

ချန်ရှီ မတ်တပ်ထရပ်ပြီး စုတ်တံကိုယ်ထည်နဲ့ လှံကို ကိုင်လိုက်သည်။ စုတ်တံကို ဝါးဖြင့်ပြုလုပ်ထားပြီး မရဏတရားစီရင်သူ၏ အသွေးနှင့် စွမ်းအင်တို့ကို နှစ်ပေါင်းများစွာ သန့်စင်ထားသောကြောင့် ကျောက်စိမ်းကဲ့သို့ အဖြူရောင် ဖြစ်လာသည်။

လှံက လေးပေရှည်ပြီး လက်တစ်ဖက်တည်းတွင် ကိုင်ထားရသည့်အခါ အလွန်လေးလံနေသလို ခံစားရ၏။ ချန်ရှီ လှံကို ကိုင်ပြီး လက်တစ်ဖက်နဲ့ အလျားလိုက် မြှောက်ကြည့်လိုက်သည်။ လှံထိပ်၊ ကိုယ်ထည်နှင့် အမြီးတို့က မျဉ်းဖြောင့်အတိုင်း တစ်ပြေးတည်းပင်။

လှံကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ကာ လှံရဲ့အမြီးကိုမလှုပ်ဘဲ ခါးကနေ ဝေ့ယမ်းလိုက်တဲ့အခါ လှံက နဂါးတစ်ကောင်ရဲ့ ခန္ဓာကိုယ်လို တုန်ခါသွားက လှံထိပ်ဖျားသည်လည်း လှည့်ပတ်သွားသည်။

"ကောင်းလိုက်တဲ့ လှံပဲ!"

ချန်ရှီ လှံကို ချီးကျူးပြီး သေသေချာချာ ဆက်ကြည့်နေသည်။ လှံကို မရဏကမ္ဘာမှ သဘာဝသရဲတစ္ဆေ စာလုံးတချို့ဖြင့် တံဆိပ်ရိုက်ထားတာ သူမြင်ရသည်။ အနီးကပ် ကြည့်လိုက်တော့ ဒီသရဲတစ္ဆေ စာလုံးတွေဟာ ပုံပျက်ပန်းပျက်နဲ့ မရှင်းမလင်း ဖြစ်နေတာကို သတိထားမိလိုက်၏။

မရဏကမ္ဘာမှ သရဲတစ္ဆေ စာများအပြင် အရှင်ဝူဝမ့်၏ လက်ရာဖြစ်သင့်သော သက်ရှိလောကမှ အဆောင်စာလုံး တချို့လည်း ရှိသေးသည်။

ချန်ရှီက ၎င်းတို့ကို သေသေချာချာ ဆန်းစစ်ကြည့်တော့ သက်ရှိကမ္ဘာက ဒီစာလုံးတွေဟာ ထိပ်တန်း အဆင့်တွေ မဟုတ်ကြောင်း တွေ့ရလေသည်။ ၎င်းတို့သည် သာမန်လူများသာဖြစ်ပြီး အဆောင်ဆွဲဆရာ နယ်ပယ် အောင်မြင်မှုက အလွန်မြင့်မားခြင်း မရှိပေ။

အရှင်ဝူဝမ့်ဟာ ဇာတိနှင့် အဆင့်အတန်း အတော်အတန် နိမ့်ပါးသူဖြစ်ပြီး ထိပ်တန်းအဆင့် မှော်ဆရာများနှင့် ထိတွေ့ဖူးခြင်း မရှိပေ။ နောက်ဆုံးတော့ အရှင်ဝူဝမ့် ဆိုတာကိုတောင် မတော်တဆ ဖြစ်လာခဲ့ခြင်းသာ။ သူသည် အထီးကျန်စွာ နေထိုင်ခဲ့ပြီး ပြင်ပက ကျွမ်းကျင်မှုနှင့် ပါရမီရှင်များကို ထပ်မံရှာဖွေနိုင်ခြင်း မရှိခဲ့ပေ။ သူရနိုင်သော အဆောင်စာလုံးများဟာ ဝူဝမ့်မြို့သို့ ရောက်လာသော သက်ရှိကမ္ဘာက ကျင့်ကြံသူတွေဆီကသာ။

ဤလှံတွင်ပါသော အဆောင်စာလုံးများသည် အရည်အသွေး မမီသော်လည်း ၎င်းတို့၏ စွမ်းအားက ကြောက်စရာကောင်းသည်။ အရှင်ဝူဝမ့်ရဲ့ ကျင့်ကြံမှုကား အလွန်လေးနက်ပြီး ရိုးရှင်းသော မှော်ဆန်သည့်တိုင် လူကို ပျက်စီးယိုယွင်းမှုမှ မှော်အဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။

သူလေ့ကျင့်ခဲ့သည့် ကျင့်စဥ်သည် ထိပ်တန်းအဆင့် အမွေဆက်ခံထားသော ကျင့်စဥ် မဟုတ်သော်လည်း သူသည် နှစ်ပေါင်းတစ်ထောင်ကျော်ကြာအောင် ရိုးရှင်းသော ကိုယ်ခံပညာနည်းကို အားကိုးကာ နားမလည်နိုင်သော အဆင့်အထိ မွေးမြူထားနိုင်တာကြောင့် ကံကြမ္မာကိုတောင် အံ့ဩစွာ သက်ပြင်းချနိုင်ခဲ့သူ ဖြစ်ပေ၏။

အရှင်ဝူဝမ့်: "ဒီလှံကို ဝူဝမ့်လို့ နာမည်ပေးလိုက်တယ်... သူက အကောင်းနဲ့အဆိုးကို ဆုံးဖြတ်နိုင်ပြီး သေရေးရှင်ရေးကိုလည်း အဆုံးအဖြတ် ပေးနိုင်တယ်..."

ချန်ရှီသည် သူ့လက်ထဲ ရောက်လာသော ဘယ်လက်နက်ကိုမဆို အမြဲအသုံးပြုနိုင်သော်လည်း ဝူဝမ့်လှံကတော့ အလွန်ရှည်လျားတာမို့ သူ့လက်နှင့် အံမဝင်ပေ။ ဤလှံသည် အလွန်ကြီး၏။ နတ်ဘုရား၌ ဓားတို သို့မဟုတ် ဓားမြောင်လို လက်နက် ဖြစ်ပေမည်။

အရှင်ဝူဝမ့်က ပြုံးပြီးပြော၏။

"ဒီလှံက မကြီးပါဘူး...ဘုရင်ကျန်းက ဝူဝမ့်လှံကို ဒီယဇ်ပလ္လင်ပေါ်မှာ တင်လိုက်... ပြီးရင် နံ့သာတစ်ချောင်းကို မီးညှိပြီး လှံကို ပူဇော်လိုက်ပါ... အကြောင်းရင်းကို သိရလိမ့်မယ်"

ချန်ရှီလည်း သူ့ညွှန်ကြားချက်တွေကို လိုက်နာပြီး ဝူဝမ့်လှံကို ယဇ်ပလ္လင်ပေါ်တင်ကာ အမွှေးတိုင်တစ်ချောင်းကို မီးညှိပြီး သူ့ရှေ့က ခုံတိုင်သေးလေးထဲကို ထည့်လိုက်သည်။ အမွှေးနံ့သာသည် လှံက စုပ်ယူလိုက်သလိုမျိုး တဖြည်းဖြည်း လွင့်ပျံသွားသည်။

ထိုအခိုက် ချန်ရှီမှာ သူ့​ဝိညာဉ်သည် ဤလှံနှင့် ဆက်နွယ်နေပုံရသလို တဖြည်းဖြည်း နားလည်လာသည်။ အမွှေးတိုင်တွေ တောက်လောင်နေတော့ ဒီခံစားချက်ကလည်း ပိုကြည်လင်လာသည်။

အရှင်ဝူဝမ့် : "အခု ဘုရင်ကျန်း ဒီလှံကိုကိုင်ထားပြီး စိတ်ထဲမှာ အတွေးတစ်ခုနဲ့ အမိန့်ပေးကြည့်လိုက်..."

ချန်ရှီ ဝူဝမ့်လှံကို ဖမ်းကိုင်လိုက်သည်။

"သေးလိုက်..."

ဝူဝမ့်လှံက တကယ်ပင် သေးသွား၏။ ချန်ရှီသည် ဓားငယ်များကို ဓားပျံလို သုံးခဲ့ပုံအကြောင်း၊ ဝါးစိမ်းကို သုံးပုံအကြောင်း တွေးကြည့်ရာ ဝူဝမ့်လှံသည် တစ်ပေ သို့မဟုတ် နှစ်ပေခန့် အရှည်​ဖြစ်သွားကာ သူ့ပတ်ဝန်းကျင်သို့ ပျံသန်းလာခဲ့သည်။ ချန်ရှီ လက်ကို မြှောက်ပြီး ဖမ်းကိုင်လိုက်ရာ လှံသည် ဆယ့်လေးပေ သို့မဟုတ် ငါးပေခန့် ရှည်သွားသည်။

ချန်ရှီသည် လက်ထဲက လှံတစ်လက်နှင့်အတူ ပြေးထွက်သွားပြီး လှံထိပ်က မြေပြင်ကို ညွှန်ပြရင်း အရှိန်ပြင်းပြင်းဖြင့် အဆောက်အဦးထဲမှ ပြေးထွက်လာခဲ့သည်။ သူက ခုန်တက်လာပြီး လေထုထဲမှာ အမိန့်ပေးလိုက်သည်။

"ကြီး!"

ဝူဝမ့်လှံကလည်း လေချွန်သံတစ်ချက်ပေးကာ လျင်မြန်စွာ ကြီးထွားလာပြီး သူ့လက်များကြားမှ ခွဲထုတ်လိုက်သည်။ လှံထိပ်ဖျားသည် ဆယ်ပေထူကာ ပေသုံးဆယ်ကျော် ရှည်လာသည်။ ၎င်းကို ပိုကြီးအောင် ပြုလုပ်ချင်သော်လည်း ဝူဝမ့်လှံက မလှုပ်မယှက် ဖြစ်နေဆဲ။ ပေသုံးဆယ်ကျော်သည် ဤမှော်လက်နက်၏ ကန့်သတ်ချက် ဖြစ်ပေမည်။

ချန်ရှီ လှံထိပ်ပေါ်တွင် ရပ်ကာ အောက်ကို ငုံ့ကြည့်လိုက်သည်။ ဝူဝမ့်မြို့က သူ့ခြေဖဝါးအောက်တွင် ရွေ့လျားနေ၏။ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး လှံကို တစ်ပေအရှည်သို့ တဖြည်းဖြည်း ပြန်လည် ကျုံ့ထားလိုက်သည်။ ချန်ရှီ မြေပြင်ပေါ် ပြန်ဆင်းလာပြီး သူ့လက်ထဲမှ လှံကို ကိုင်လိုက်သည်။

အရှင်ဝူဝမ့်က ရှေ့ကိုလှမ်းပြီး ​ပြောပြသည်။

"ယဇ်လို့ ခေါ်တဲ့ အမွှေးနံ့သာလိုတယ်... အမွှေးနံ့သာမရှိရင် ယဇ်လို့ ခေါ်ဆိုလို့မရဘူး လက်နက်တွေကို အဆက်မပြတ် သန့်စင်ဖို့ဆို ကိုယ်ပိုင်သွေးနဲ့ လက်ကိုသုံးရင် ယဇ်ပူဇော်တာနဲ့ မတူတဲ့ စိတ်အေးမှုလို့ ခေါ်တယ်... အမွှေးတိုင်နဲ့ အချိန်အတော်ကြာကြာ ပူဇော်ခံပြီးတဲ့အခါ ရတနာက ဝိညာဉ်ရှိလာပြီး ကိုယ့်ဆန္ဒအတိုင်း ပြောင်းလဲသွားနိုင်တယ်... ဘုရင်ကျန်း မှော်လက်နက်ကို သယ်သွားရင် မနက်ခင်းမှာ နံ့သာချောင်းနဲ့ ညနေခင်းမှာ နံ့သာသုံးချောင်း ပူဇော်ရမယ်... မတရားမလုပ်နဲ့!"

ချန်ရှီက ပြုံးပြီး :"ဒီခရီးက ကျနော်တို့ဘဝနဲ့ သက်ဆိုင်တယ်လေ...ဘာလို့ဆိုးဆိုးရွားရွား ဆက်ဆံရမှာလဲ"

ထို့နောက် မတ်တပ်ထရပ်ကာ နှုတ်ဆက်လိုက်သည်။

အရှင့်ဝူဝမ်သည် ချန်ရှီထွက်သွားတာကို ကြင်နာစွာ လှမ်းကြည့်နေခဲ့သည်။ အိမ်ကြီးထဲက လှမ်းကြည့်လိုက်တော့ နန်းနန်းဟာ ဟေးကော်နောက်ကျောမှာ အိပ်နေတာ တွေ့လိုက်ရသည်။ ချန်ရှီက သူမကို ကောက်ကိုင်လိုက်ပြီး သစ်သားလှည်းထဲ တင်ပေးလိုက်သည်။

ဟွမ်​ဖောရွာကို ပြန်ရောက်တဲ့အခါ မှောင်နေသေး၏။ နန်းနန်းသည် တစ်ညလုံး ကစားပြီးနောက် ပင်ပန်းလွန်းသွားသဖြင့် ခရီးတစ်လျှောက်လုံး အိပ်ရာကနေ မထနိုင်ခဲ့ချေ။

ချန်ရှီ သူမကို အနားယူဖို့ အခန်းထဲ ပြန်ပို့​ပေးလိုက်သည်။ ဟူဖေးဖေး ကြောင်တက်တက်ဖြင့် အိပ်ယာပေါ်တွင် လဲလျောင်းနေဆဲ။ နန်းနန်းကို သယ်လာတာမြင်တော့ လန့်နိုးသွားကာ အိပ်ရာထမည့်အစား စောင်ကိုပဲ ရုတ်သိမ်းလိုက်သည်။

ချန်ရှီ နန်းနန်းကို အိပ်ရာထဲ ချပေးလိုက်တော့ သူမက စောင်သေချာ ခြုံပေးပြီး ကုတင်ပေါ်ကနေ ထထိုင်လိုက်သည်။

"မနေ့ညက နင်ပြန်လာမှာကို ငါစောင့်နေသေးတယ်... ​​ဒါပေမယ့် ငါ အရမ်းအိပ်ချင်နေလို့ အိပ်ပျော်သွားတာ... စားပြီးပြီလား မဟုတ်ရင်လည်း ငါထပြီး ထမင်းချက်ပေးမယ်..."

ချန်ရှီ : "ခဏနေ မိုးလင်းတော့မှာ... မင်း အရင်​ပြန်အိပ်လိုက်."

ဟူဖေးဖေး ကုတင်ပေါ်ပြန်လှဲချလိုက်ပြီး ခေါင်းကိုသာ ဖော်ထားလိုက်သည်။ သူမက တခစ်ခစ်ရယ်ပြီး ။

"မှောင်နေသေးတယ်... ငါနဲ့ တစ်ခုခုမလုပ်ချင်ဘူးလား"

ချန်ရှီက ခဏလောက်စဉ်းစားပြီး "ငါ လေ့ကျင့်ဦးမယ်" လို့ ပြောလိုက်လေသည်။

သူ အိမ်ထဲက ထွက်လာတတော့ ဟူဖေးဖေးလည်း ထကာ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။ သေချာတာကတော့ ချန်ရှီဟာ ခြံဝင်းထဲမှာ အစွန်းရှစ်ပါး ရွှေနန်းတော် နတ်အခန်းကို လေ့ကျင့်နေပါ၏။

"ငါက မြေခွေးတစ်ကောင်.. သူက ပညာရှင်တစ်ယောက်ပါ...ငါတို့ကြားမှာ တစ်ခုခု တိုးတက်ရမှာ မဟုတ်ဘူးလား? စာအုပ်က အဲဒီလိုပဲ ပြောထားတာပါ...ဧကန္တ စာအုပ်က ငါ့ကို လိမ်နေတာများလား..."

သူမက သမ်းပြီး ​ပြန်အိပ်ပျော်သွားသည်။

မနက်မိုးလင်းချိန်မှာတော့ ဟူဖေးဖေးသည် ခြံထဲက ချန်ရှီရဲ့ အံ့အားသင့်ပြီး ပျော်ရွှင်​နေတဲ့အသံကို ကြားလိုက်ရလေ၏။

"ထျန်းချင် ငါ့ကို စာတစ်စောင် ပို့လာတယ်!"

ဟူဖေးဖေးလည်း နိုးလာပြီး တံခါးကို အိပ်ချင်မူးတူးနဲ့ ဖွင့်လိုက်သည်။ ချန်ရှီသည် သူ့လက်ထဲတွင် စာတစ်စောင်ကို ကိုင်ထားကာ သူအရမ်းစိတ်လှုပ်ရှားစွာ လှမ်းအော်နေသည်။

"ဖေးဖေး... ထျန်းချင်ဆီက စာတစ်စောင်လာတယ်!"

ဟူဖေးဖေးက မျက်လုံးတွေကို ပွတ်သပ်ပြီး ဝိုးတိုးဝါးတားနဲ့ မေးလေသည်။

"ထျန်းချင်က ဘယ်က မြေခွေးလဲ?"

"လီထျန်းချင်လေ! ငါ့သူငယ်ချင်း မင်း သူ့ကို မြင်ဖူးတယ်"

ချန်ရှီက စာကို ယမ်းခါပြီး ပြုံးပြုံးလေးနဲ့ ပြောလိုက်သည်။

"သူက ငါ့ရဲ့ ခန့်မှန်းချက်ကို အတည်ပြုကြောင်း စာတစ်စောင် ရေးလာတာ!!"

ဟူဖေးဖေး စာကို ဖတ်ကြည့်လိုက်သည်။ စာထဲမှာတော့ လီထျန်းချင်က ချန်ရှီကို နှုတ်ဆက်ပြီး ရှေးဟောင်း ဘုံကျောင်းတစ်ခုကို တွေ့ခဲ့သည်။ ဘုံကျောင်းပတ်ပတ်လည် တံခါးတွေ၊ ပြတင်းပေါက်တွေနဲ့ နံရံတွေကို ပိတ်ဆို့ထားပြီးနောက် အသက်ကယ်ဆေးနဲ့ ဆေးဝါးတွေအပြင် သောက်ရေနဲ့ အစားအစာ အမျိုးမျိုးကို ပြင်ဆင်ပြီး ရွှေအမြုတေကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုပါ၏။

သူအသက်ဆုံးရှုံးလုနီးပါးဖြစ်ပြီး တစ်လလောက်ကြာမှ ပြန်လည် သက်သာလာခဲ့သည်။

"ဒီလူရဲ့ ရွှေအမြုတေက အလဟသ ဖြစ်မသွားဘူးလား?"

ဟူဖေးဖေး အံ့သြသွားသည်။

ရက်စက်လိုက်တာ။

ချန်ရှီ စိတ်လှုပ်ရှားစွာ လှည့်ပတ်နေသည်။

"ဆက်ဖတ်ကြည့်!"

ဟူဖေးဖေး ဆက်ဖတ်သည်။ လီထျန်းချင်သည် ဘုံကျောင်းတွင် ပြန်လည်လေ့ကျင့်ရန် စတင်ခဲ့ကြောင်း စာထဲတွင် ရေးထား၏။ ပထမတော့ ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ပေမယ့် ဆယ်ရက်မြောက်သောနေ့၌ ဘုံကျောင်းထဲက နေရောင်ခြည်သည် ရုတ်တရက် ထွန်းလင်းတောက်ပလာခဲ့သည်။

ယခု ကျင့်ကြံပြီး တစ်လအကြာတွင် သူ့ရဲ့ ရွှေအမြုတေကို ပြန်လည် သန့်စင်နိုင်ခဲ့ပြီး သက်တမ်းသည် အနှစ် ၂၀၀ ပြည့်သွားပြီဖြစ်ကြောင်း ပြောပြလာသည်။ ကျင့်​ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ သူ့ရဲ့ သက်တမ်း ဆက်လက်တိုးလာလိမ့်မည်ဟု သူမျှော်လင့်ထား​လေသည်။

ချန်ရှီလည်း အလွန်စိတ်လှုပ်ရှားသွားသည်။

"အခုတော့ ပြဿနာရှိတဲ့ နည်းစနစ်မဟုတ်သလို နတ်သန္ဓေသား မဟုတ်ဘူး... ပြဿနာနေတာက နေရောင်နဲ့ လရောင်ဆိုတာ သေချာသွားပြီ!"

သူ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကမ္ဘာမြေပေါ်တွင် နေနှစ်စင်း ထွန်းလင်းနေခဲ့သည်။ ၎င်းတို့သည် ပြင်ပအာကာသမှ စစ်မှန်သော နတ်ဘုရား၏ မျက်လုံးများဖြစ်သည်။ ဤနေရောင်ခြည်သည် သက်ရှိသတ္တဝါ အားလုံးအပေါ် လင်းထိန်စေပြီး အနန္တအပူဓာတ်ကိုလည်း ထိန်းထား၏။

"နေနဲ့လရဲ့ အလင်းတန်းနှစ်ခုက ကျင့်ကြံသူတွေရဲ့ နယ်ပယ်ကို မြှင့်တင်ပေးနိုင်ပေမယ့် သူတို့ရဲ့ သက်တမ်းကိုတော့ မရှည်ပေးနိုင်ဘူး!"

ချန်ရှီ လက်ခုပ်တစ်ချက် တီးလိုက်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ဆိုနေသည်။

"ထျန်းချင်ရဲ့ လှုပ်ရှားမှုက တိုင်းပြည်အတွက် အများကြီး အကျိုးရှိတယ်.. အနာဂတ် မျိုးဆက်သစ်တွေ အတွက်လည်း အကျိုးရှိစေမှာ သေချာတယ်... ငါ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်ထိုက်တယ်!"

ဟူဖေးဖေး သူ့ရဲ့တောက်ပတဲ့ မျက်လုံးတွေကိုမြင်ပြီး တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။

"ဒါက လူသားတွေရဲ့ ရည်မှန်းချက်လား"

ဒီရည်မှန်းချက်ကို သူမ ကောင်းကောင်း နားမလည်သေးချေ။ ဒါပေမယ့် စိတ်ရှည်ရှည်ထားပြီး ရည်မှန်းချက်ရှိတဲ့ အမျိုးသားတစ်ယောက်ဟာ အလွန်ချစ်စရာကောင်းတဲ့ ကျက်သရေ ရှိလိမ့်မယ်လို့​တော့ ခံစားနေသည်။

ချန်ရှီသည် မှင်ကြိတ်ရန် စိတ်လှုပ်ရှားစွာ ပြေးထွက်သွားကာ လီထျန်းချင်ကို စာပြန်ရေးရန် စုတ်တံကို ကောက်ကိုင်လိုက်သည်။ တစ်ခါတည်း ရေးချင်ခဲ့ပေမယ့် ရေးကြည့်ပြီး မကျေနပ်တဲ့အတွက် စာကို ကြေမွပြီး ဘေးမှာ ပစ်ချထားလိုက်သည်။ ထပ်ရေးလိုက်ပေမယ့် မကျေနပ်သေးချေ။

ဆယ်ကြိမ်ထက်မနည်း ရေးပြီးနောက် နောက်ဆုံးတွင်တော့ သူ့ဘာသာ ကျေနပ်သွားကာ ဟူဖေးဖေးကို အရင်ဖတ်ခိုင်းလိုက်သည်။

ဟူဖေးဖေးက စာကိုဖတ်သည်။ ချန်ရှီက လီထျန်းချင်ရဲ့ သူရဲကောင်းဆန်သော လုပ်ရပ်များကို ချီးမွမ်းရာတွင် စိတ်အားထက်သန်မှု အပြည့်ရှိခဲ့သည်။ ဟူဖေးဖေးပင် စာကြောင်းများကြောင့် တဟုန်ထိုး ခံစားချက်များ ခံစားလာရပြီး မပြုံးဘဲ မနေနိုင်ခဲ့။

"စာရေးထားတာ အရမ်းကောင်းတယ်"

ချန်ရှီ စိတ်လှုပ်ရှားစွာ ပြေးထွက်သွားသည်။

"စာပို့ဖို့ ပြည်နယ်မြို့တော်ကို သွားတော့မယ်!"

ဟူဖေးဖေးက ကမန်းကတန်း လှမ်းပြောသည်။

"ပြန်လာခဲ့! မသွားခင် မနက်စာစားသွား!"

ချန်ရှီခမျာ ရပ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိပေမယ့် သူစားနေချိန်မှာ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ ချက်ချင်း ထမင်းချက်ပြီး ချက်ချင်း စားပစ်တာကြောင့် ဟူဖေးဖေးခမျာ ခေါင်းသာ ခါ​နေရသည်။

နေ့ခင်းဘက်တွင် ချန်ရှီ စာပြန်ပို့သောအခါတွင် အနည်းငယ် စိတ်လှုပ်ရှားနေသေးသည်။ လီထျန်းချင်က ရွှေအမြုတေကို စွန့်လွှတ်ပြီး ပြန်လည်စတင်ရန် အလွန်ရဲရင့်သည့် ဆုံးဖြတ်ချက်ကို ချခဲ့ကြောင်း၊ ဒါက ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်ကြောင်း ဟူဖေးဖေးအား ထပ်ခါထပ်ခါ ပြောပြနေခဲ့သည်။

နောက်တစ်နေ့တွင် မိုးချုပ်သည်နှင့် ရွာကကန့်ညောင် ဆောင်းယွီက ချန်ရှီကို လှမ်းပြောလာသည်။

"ရွာအပြင်မှာ မင်းကို ရှာနေတဲ့ တစ္ဆေတစ်ကောင် ရှိတယ်.. "

"သူ့ကို ဝင်ခွင့်ပေးလိုက်!"

ကန့်ညောင် ဆောင်းယွီလည်း အဲဒီတစ္ဆေလေးကို လွှတ်ပေးလိုက်သည်။ တခြားရွာက ကလေးတစ်ယောက်လို့ ထင်ခဲ့ပေမယ့် အနီးနားကို ရောက်တဲ့အခါမှာတော့ တကယ့်ကို သရဲတစ္ဆေတစ်ကောင် ဖြစ်နေတာ တွေ့လိုက်ရသည်။

သူသည် စိမ်းလန်းသော အသားအရည်၊ သရဲမျက်နှာနှင့် အစွယ်ရှိသော အရှင်ဝူဝမ့်ဘေးက လက်ဖက်ရည် အဖျော်ဆရာပဲ ဖြစ်သည်။

သူ့နောက်က မီးပုံးတစ္ဆေတစ်ကောင်လည်း ရှိသည်။ အလင်းရောင်အတွက် ၎င်းက တာဝန်ယူတဲ့သူ ဖြစ်ပေမည်။

တစ္ဆေငယ်လေး : "သခင်က မင်းဘယ်တော့ထွက်သွားမှာလဲလို့ မေးခိုင်းတယ်"

ချန်ရှီလည်း စိတ်ကောင်းဝင်နေတာကြောင့် ပြုံးပြုံးရွှင်ရွှင်နဲ့ အကြောင်းပြန်လိုက်သည်။

"ပြန်သွားတော့ ငါက ငါ့စကားအတိုင်း အရှင်ဝူဝမ့်ကို ပြောပြီးသား... ရက်အနည်းငယ်ကြာမှ ထွက်ခွာမယ်.."

တစ္ဆေငယ်လေးက မီးပုံးတစ္ဆေကို ပြန်ခေါ်သွားခဲ့သည်။ ချန်ရှီ ဝူဝမ့်လှံကို မနက်တိုင်း ညတိုင်း အမွှေးတိုင်ဖြင့် ပူဇော်ကာ လေ့ကျင့်ခဲ့သည်။

နောက်ထပ် နှစ်ရက်သုံးရက် ကြာသောအခါတွင် တစ္ဆေလေးသည် မီးပုံးတစ္ဆေနှင့်အတူ ဟွမ်ဖောရွာသို့ ပြန်ရောက်လာခဲ့ပြန်သည်။ ကန့်ညောင် ဆောင်းယွီက ဝင်ခွင့်ပြုရပြန်၏။

"သခင်က ဘယ်တော့ထွက်မလဲလို့ လာမေးခိုင်းလိုက်ပါတယ်"

ချန်ရှီ: "နောက်နှစ်ရက်လောက် ထပ်စောင့်ပေးပါ... သူ့လှံကို ကျွန်တော်မခိုးပါဘူး..ကျနော့်မှာ မပိုင်နိုင်သေးလို့လို့ ခင်ဗျားသခင်ကို ပြန်ပြောပေးပါဦး"

တစ္ဆေငယ်လေးကလည်း ပြန်သွားသည်။

ချန်ရှီသည် နောက်ထပ်နှစ်ရက် အမွှေးတိုင်ကို မီးရှို့ပြီး ဝူဝမ့်လှံကို နှလုံးသားတစ်ခုတည်းဖြင့် ပေးပို့ကာ လက်ခံလေ့ကျင့်ခဲ့သည်။

ထိုနေ့ညနေခင်း၌ အစွန်းရှစ်ပါးရွှေနန်းတော် နတ်အခန်းကို ကျင့်နေစဥ် အသက်ရင်းမြစ်ထဲ၌ မီးလောင်ကျွမ်းသွားသလို ဝုန်းကနဲ ပေါက်ကွဲသွားလေ၏။ ရွှေအမြုတေက မီးထဲတွင် မတက်မဆင်း၊ မတုန်မလှုပ်ဘဲ၊ သူ၏ ချီနှင့် သွေးများသည် တရားအားထုတ်သည့် အခြေအနေသို့ ရောက်ရှိသွားသကဲ့သို့ပင် ငြိမ်သက်နေသည်။

ချန်ရှီ၏နားထဲတွင် အသံမရှိ၊ မျက်လုံးများရှေ့တွင် အရောင်မရှိ၊ စိတ်ထဲတွင် အတွေးများမရှိ၊ အာရုံငါးပါးလုံး ပျောက်ကွယ်သွားကာ တိတ်ဆိတ် ငြိမ်သက်သွားလေသည်။ မီးပင်လယ်က လယ်ကွင်းကြီးနှင့် တူပေ၏။ ရွှေအမြုတေက မျိုးစေ့နှင့် တူသည်။ တိတ်ဆိတ်မှုအတွင်း ရွှေအမြုတေက ဝှက်ထားသော မျှော်လင့်ချက် ရောင်ခြည်တစ်ခုသာ ရှိသည်။

ဒီအခိုက်အတန့်က အရေးကြီးပါ၏။

နှစ်ရက်လောက်ကြာတော့ တစ္ဆေငယ်လေးက မီးပုံးနဲ့လာပြီး ချန်ရှီရဲ့အိမ်ထဲကို ဝင်ချင်ပေမယ့် ပျက်ပြယ်နေတဲ့ မီးအကြီးကြီးကို မြင်လိုက်ရတော့ အနား မကပ်ရဲတော့ချေ။ ဤမီးကို သာမန်လူတို့ မမြင်နိုင်သော်လည်း သရဲတစ္ဆေများနှင့် နတ်များကတော့ သူတို့သွားရာလမ်းကို ပိတ်ဆို့ထားတာကြောင့် မြင်နိုင်သည်။

တစ္ဆေငယ်လေးသည် မီးပင်လယ်ဘေးတွင် ရပ်၍ မျှော်ကြည့်သော်လည်း မီးပင်လယ်သည် မရေမတွက်နိုင်သော မိုင်ပေါင်းများစွာ ရှည်လျားလျားလျား ကျယ်ပြောလှသဖြင့် ဖြတ်ကျော်ဖို့ မဖြစ်နိုင်တာ သိလိုက်ရသည်။

အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးတဲ့အခါ မီးပင်လယ်သည် အဆက်မပြတ် ကျုံ့သွားကာ ပေပေါင်းများစွာ အချင်းဝက်အထိ တဖြည်းဖြည်း ကျုံ့သွားတာ မြင်လိုက်ရသည်။ အထဲတွင် တင်ပျဉ်ခွေထိုင်နေသော လူကြီးတစ်ဦး၏ ကောက်ကြောင်းကို ယောင်ဝါးဝါး မြင်နေရသည်။ မီးပင်လယ်သည် အရွယ်ရောက်ပြီးသူ၏ ဝမ်းဗိုက်ထဲတွင် ပေပေါင်းများစွာ ရှည်လျားသည်။

ရုတ်​တရက်​ပင်​ ​ရွှေဝါ​ရောင်​​ တောက်​ပလာ​သော မီး​ရောင်​​တောက်​​တောက်​ထဲတွင်​ အဝါ​ရောင်​အဖူးများ ​ပေါက်​လာသည်​။ ရုတ်တရက်ဆိုသလိုပင် အဝါရောင် ဖူးပွင့်များသည် လက်နှစ်ဖက် ကြီးထွားလာသူတစ်ဦးကဲ့သို့ ဖြည်းညှင်းစွာ ဆန့်ထုတ်ကာ ခေါင်းကို မြှောက်ထားတဲ့ နေရာကလည်း အရွက်နှစ်ရွက် ပေါက်လာသည်။

အဝါရောင် ဘူးသီးများသည် လူ့ခြေထောက်များကဲ့သို့ပင် အမြစ်စွဲကာ မီးပင်လယ်ကို စုပ်ယူလိုက်တာကြောင့် လူသားတစ်ဦး အသွင် တဖြည်းဖြည်း ​ပေါ်လာခဲ့သည်။ ရုတ်တရက် အဝါရောင်အညွှန့်​လေးသည် မီးပင်လယ်မှ ခုန်ဆင်းကာ ပဲပင်ပေါက်အရွယ် အခြေတည်ဝိညာဥ် အပင်က​လေးအဖြစ် ပြောင်းလဲသွားလေ၏။ ၎င်းက ပျံတက်သွားပြီး ကောင်းကင်ကိုးခုရဲ့ အပြာရောင် ကောင်းကင်ကြီးထဲကို ခုန်ဆင်းသွားသည်။

တစ္ဆေငယ် မျှော်ကြည့်လိုက်တဲ့အခါ အခြေတည်ဝိညာဉ်၌ ရုပ်သဏ္ဌာန်နှင့် ဝိညာဉ် နှစ်မျိုးလုံး ရှိနေတာ တွေ့လိုက်ရပြီး ချန်ရှီ၏ မျက်နှာသည်လည်း ယောင်ဝါးဝါး ပေါ်လာသည်။ ဤမြင်ကွင်းသည် ဟွာရှက တရုတ်နိုင်ငံတွင် ပိုင်ယွိချန် ဟူသော ရှေးပညာရှိတစ်ဦး ပြောသည့်စကားကို အတိအကျ ပဲ့တင်ထပ်နေသည်။

"ရွှေအမြုတေ ကိုးကြိမ်မြောက် အသွင်ပြောင်းခြင်းကို ကိုးကြိမ်ပြန်လာလို့ ခေါ်တယ်... ဒါက မစင်ပိုးကောင် သေဆုံးတာ၊ မစင်ဘောလုံးကွဲသွားတာ၊ ပုစဉ်းရင်ကွဲ ပျံသန်းတာ... အသွင်သဏ္ဌာန်နဲ့ စိတ်ဝိညာဉ်က အံ့သြစရာ ကောင်းတာပဲ!"

တစ္ဆေလေး၏ရှေ့တွင် ထူးဆန်းသော အမြင်အာရုံများ ရုတ်ချည်း ပျောက်ကွယ်သွားကာ အရွယ်ရောက်ပြီးသူ၏ ပုံသဏ္ဌာန်သည် ပိုမိုရှင်းလင်း ပြတ်သားလာပြီး သူ၏အတွင်းအင်္ဂါများ တဖြည်းဖြည်း ပေါ်လာပြီးနောက် အရိုးများနှင့် အသွေးအသားများ တဖြည်းဖြည်း သန့်စင်လာကာ နောက်ဆုံးတွင် အရေပြားနှင့် အဝတ်များ ​ပြန်ပေါ်လာသည်။

ထူးဆန်းသော အကြည့်များ လုံးဝ ပျောက်ကွယ်သွားသောအခါတွင် ချန်ရှီက ခြံဝင်းထဲတွင်သာ ထိုင်နေခဲ့သည်။

သရဲတစ္ဆေလေးသည်လည်း ငြိမ်သက်သွားကာ မီးပုံးတစ္ဆေကို ရှေ့သို့ ခေါ်ဆောင်ရင်း လျှောက်သွားကာ ဦးညွှတ်လိုက်သည်။

"သခင်က ငါတို့ ဘယ်တော့ထွက်မလဲလို့ မေးခိုင်းလို့ပါ"

ချန်ရှီ မတ်တပ်ထရပ်လိုက်သည်။

"အခု ကျနော် အခြေတည်ဝိညာဥ်အဆင့်အထိ ကျင့်ကြံပြီးသွားပြီ... ကျနော့်ရဲ့ အောင်မြင်နိုင်ခြေက ပိုတောင် များလာပြီ ပြန်သွားပြီး ပြောလိုက်... မိုးသောက်ပြီးရင် ကျ​နော်တို့ ထွက်ခွာကြမယ်!"

All Chapters