မှန်ကန်သော ယဇ်ပလ္လင်ဖြင့် သွား၍ မှားယွင်းသော ရတနာကိုယူခြင်း
Vol. 15 Ch. 222
ဒါကိုကြားတော့ ချန်ရှီလည်း ဝမ်းသာအားရနဲ့ လှည့်အော်လိုက်သည်။
"အဖွားပြောနေတဲ့ ဦးလေးအားကျိုးက အဖိုးရဲ့ သူငယ်ချင်း ပျားမွေးတဲ့လူလား... မသေခင်မှာ အဖိုးက အန္တရာယ်ကြုံလာရင် သူ့ကို သွားရှာ... သူကျနော့် ကို ကူညီဖို့ အသက်စွန့်လိမ့်မယ်လို့ ပြောခဲ့သေးတယ်!"
အဖွားရှားသည် တစ္ဆေဘုရင်ငါးပါးကို ဆင့်ခေါ်က သစ်သားလှည်းကို ပိတ်ဆို့ထားရန် အမိန့်ပေးလိုက်သည်။
"မင်းအဘိုးက အသက်ကြီးတော့ ဇဝေဇဝါဖြစ်နေပြီ... အားကျိုးက နတ်ဆိုးတွေဆီက ကျူးကျော်ခံနေရတာ ကြာပြီ စိတ်ရှုပ်ပြီး ခေါင်းတွေတောင် ဗရုတ်သုတ်ခတွေ ဖြစ်နေတာ....အခုဆို နတ်ဆိုး ဖြစ်နေလောက်ပြီ... မင်းအဘိုးက မင်းကို သူ့လက်ထဲ သွားအပ်ထားတာက သူ့အတွက် စားစရာလာပို့ပေးလိုက်သလိုပဲ... လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက အားကျိုးရဲ့ အခြေအနေက တော်တော်ကို မတည်မငြိမ် ဖြစ်နေတာ...မင်း ပိုးကောင်သံတွေ ကြားလား? ငါအခုလေးတင် ပိုးကောင်အသံတွေ ကြားလိုက်သလိုပဲ!"
သူမအလွန်အမင်း တုန်လှုပ်သွားပြီး တစ္ဆေမျက်ကွယ်ဟု ခေါ်သော အစီအရင်ဖြင့် သူတို့ကို ပိတ်ဆို့ထားရန် တစ္ဆေဘုရင် တစ်ကောင်ကို သုံးလိုက်သည်။ သို့သော် ယေဘူယျအားဖြင့် တစ္ဆေမျက်ကွယ်မှာ တစ္ဆေသည် အခြားသူ၏မျက်လုံးကို ဖုံးအုပ်ထားရန် ဖြစ်ပြီး တစ်ဖက်လူမြင်သောအရာသည် ပကတိအခြေအနေနှင့် ကွဲပြားစေရန် ဖြစ်သည်။
ဥပမာအားဖြင့် တစ္ဆေတစ်ကောင်သည် ရန်သူ့မျက်စိကို ဖုံးထားရင် ရန်သူဟာ သူ့ရှေ့ရှိ ချောက်ကမ်းပါးကို မမြင်နိုင်ဘဲ လဲကျသွားနိုင်သည်။ သို့တည်းမဟုတ် တစ္ဆေတစ်ကောင်သည် ဝင်လာသော ရန်သူအား မိမိကို မမြင်နိုင်ဘဲ ရှောင်လွှဲသွားအောင်၊ ပြိုင်ဘက်ကို မျက်စိကွယ်စေကာ သတိမထားမိခင် သတ်ပစ်နိုင်သည်။
အဖွားရှား၏ တစ္ဆေများသည် မျက်လုံးများကို ဖုံးအုပ်ထားသော်လည်း အပြင်မှအရာများကို မမြင်နိုင်အောင် ဖုံးကွယ်ထားကြသည်။
"ပါးစပ်ပိတ်ထား!"
သူမ တိုးတိုးလေး သတိပေးလာတဲ့အခါ ချန်ရှီ အနည်းငယ် ထိတ်လန့်သွားသော်လည်း မကူညီနိုင်ပေ။ ထိုစဥ် အတောင်ပံများ ပျံဝဲနေသည့် အသံကို ရုတ်တရက် ကြားလိုက်ရသည်။ ထို့နောက်တွင်တော့ ကောင်းကင်ကြီးက ရုတ်တရက် မှောင်မိုက်သွားကာ အနက်ရောင် ပျားအုပ်ကြီး အပေါ်မှ ပျံဝဲလာကာ တောင်ပိုင်းရေကန်ဆီသို့ ဦးတည် ပျံဝဲသွားလေသည်။
ပျားအုံက အလွန်လျင်မြန်စွာ ရွေ့လျားနေသည်။ ရုတ်တရက် ပျားတစ်ကောင်က တစ်ခုခုကို အာရုံခံစားလိုက်ပုံရပြီး ရုတ်တရက် နောက်ပြန်လှည့်ကာ မြေပြင်ပေါ် ဆင်းလာသည်။
ချန်ရှီသည် တစ္ဆေဘုရင်ငါးပါးကို ဖြတ်၍ ပျားပိုးကောင်ကို ကြည့်နေသည်။ ပျားက သာမန်လူထက် ဦးခေါင်းတစ်လုံးခန့် မြင့်သလို ပိုးသားကဲ့သို့ ချောမွေ့သော အနက်ရောင်နှင့် အဝါရောင် အ၀တ်များကိုပင် ဝတ်ဆင်ထားသည်။ ၎င်းသည် လူတစ်ဦးလိုပဲ ရပ်လျက် ပတ်ပတ်လည်ကို ကြည့်ကာ ၎င်း၏ ပါးစပ်မှ ပိုးကောင်အသံများ ထွက်ပေါ်လာသည်။
၎င်း၏ဦးခေါင်းတွင် လက်တွေလို ကွေးညွှတ်နိုင်သော အင်တာနာပါရှိသည်။ ၎င်း၏ ပါးစပ်များက ပွင့်ကာ ပိတ်ကာဖြင့် တုန်ခါသော အသံတစ်ခု ထွက်ပေါ်လာသည်။ ချန်ရှီစိတ်ထဲမှာ သူ့အဖိုးရဲ့ စကားသံကို ပြန်ကြားယောင်သွား၏။
ချန်ရှီ : "ဒီပျားပိုးကောင်က နတ်ဆိုး...ဦးလေးအားကျိုးက နတ်ဆိုးတစ်ကောင်ကို မွေးထားတာပဲ!"
ပျားပိုးကောင်က ဆက်စူးစမ်းရန် ကြိုးစားသော်လည်း ထူးထူးခြားခြား ဘာမှမတွေ့ခဲ့ပေ။ နောက်တော့ ပျားတစ်ကောင်က ပျံဝဲလာပြီး လေထဲမှ အော်ပြောလိုက်သည်။
“သခင်က ငါတို့ကို စောင့်နေတယ်... သွားရအောင်... မြန်မြန်!”
ချန်ရှီ မော့ကြည့်လိုက်တော့ လူဦးခေါင်း ပျားတစ်ကောင် လေထဲမှာ ပျံဝဲနေတာ တွေ့လိုက်ရလေသည်။ သို့သော် သူ့အသွင်အပြင်မှာ နှစ်ပေါင်းများစွာ မုတ်ဆိတ် မရိတ်ရသေးသော အဘိုးအိုတစ်ယောက်လို ချွန်ထက်သော အမွေးအမှင်များရှိကာ ညစ်ပတ်နေသည်။
ပျားနှစ်ကောင်ဟာ ရေကန်အထက်က ကောင်းကင်ယံ၌ ပျံ့လွင့်ပျောက်ကွယ်သွားခဲ့သည်။
အဘွားရှားလည်း တစ္ဆေဘုရင် ငါးကောင်ကို ခွဲထုတ်ပြီး တောင်ပိုင်းရေကန်ကြီး ဘက်ကို ကြည့်ရင်း ဆိုလိုက်သည်။
"အားကျိုးလည်း ဒီအနီးနားမှာ ရှိနေတယ်... ဒီရက်ပိုင်း သူဘာတွေလုပ်နေလဲ သိချင်နေတာ... ဟုတ်တယ် သူ မကောင်းတာတွေ လုပ်နေတာ!"
သူမစိတ် အနည်းငယ် လှုပ်ရှားသွားသည်။ စိတ်ထဲက အမိန့်ပေးလိုက်တာနဲ့ တစ္ဆေဘုရင်ငါးပါးအနက် စတုတ္ထနှင့် ပဉ္စမတို့က မှောင်မိုက်သောလေကိုစီးကာ ပျားအုပ်နောက်သို့ လိုက်သွားကြလေသည်။ အားကျိုးရဲ့ နေရာကို ရှာဖွေဖို့ ဖြစ်နိုင်သည်။
"မင်းအဘိုးနဲ့ သူ့သူငယ်ချင်းတွေကို အဲဒီတုန်းက လူဆိုးငါးယောက်လို့ သိကြတယ်... အဲဒီထဲမှာ အဆိုးဆုံးက အားကျိုးပဲ... မင်းရဲ့အဖိုးက ရေကန်ငါးကန်ရဲ့ လှည့်စားသူ (ဝူဟူစန့်ရန်) လို့ နာမည်ပြောင်ရှိတယ်... နာမည်အရဆို သူက ရေကန်ငါးကန်မှာ လှည့်လည်သွားလာနေသူတစ်ယောက်ပေါ့ ဒါပေမဲ့ သူ့နောက်က ဒီရေကန်ငါးကန်က သူ့ဗိုက်ထဲကို ရေဆိုးတွေ ဖြည့်ထားတယ်လို့ လူတိုင်းက ပြောကြတယ်..."
ချန်ရှီ ဒေါသတကြီး ပြန်ပြောလေသည်။
"အဘွား... ကျနော့်အဖိုးက သေသွားပြီဗျ... ဒါပေမယ့် သူ့ဂုဏ်သိက္ခာက ထာဝရတည်မြဲနေမှာ! အဘွား သူ့နောက်ကွယ်မှာ မကောင်းကြောင်းပြောနေတာမျိုး ကျနော် ခွင့်မပြုဘူး!"
သူ့အဖိုးက သူ အလေးစားဆုံး လူသားပင်။
အဘွားရှားလည်း ခပ်မြန်မြန်ပြုံးပြီး :"မပြောတော့ဘူး မပြောတော့ဘူး....ဟိုဘေးက မိုးပျံကျောက်ခရိုင်ပဲ... ငါတို့ ရေကန်ထဲဆင်းဖို့ လှေသွားငှားရအောင်"
သူတို့သည် ရှင်းရှန်ခရိုင်နဲ့ အရွယ်အစားတူသော မိုးပျံကျောက်ခရိုင်သို့ ရောက်လာကြသည်။ ဧရိယာက သိပ်ကြီးကြီးမားမား မဟုတ်ပေမယ့် အရမ်းအသက်ဝင်ပြီး ကြီးပွားချမ်းသာတဲ့ လုပ်ငန်းတစ်ခု ရှိသည်။ ခရိုင်အတွင်းရှိ ရေကန်တလျှောက်တွင် သင်္ဘောများ၊ လှေများ ဆိုက်ကပ်ထားလေ့ရှိပြီး ရေကန်ငါးခုကြားတွင် မကြာခဏ သွားလာနေသည့် ကုန်တင်သင်္ဘောများလည်း ရှိသည်။
ချန်ရှီ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ဤနေရာမှ ကျင့်ကြံသူများသည် လေ၊ မီး နှင့် ရေကဲ့သို့ အဆောင်လက်ဖွဲ့ စာလုံးများကို သုံးလေ့ရှိတာ တွေ့လိုက်ရသည်။ လမ်းမများပေါ်တွင် အဆောင်ဆွဲ ဆရာများကလည်း ရောင်းချနေတာက ဤသုံးမျိုးသာရှိသည်။
"လေအဆောင်လက်ဖွဲ့က လှေကို ရွက်လွှင့်ရာမှာ ကူညီပေးတယ် မီးက ပြိုင်ဘက်ရဲ့ လှေကို လောင်ကျွမ်းစေတယ်... ပြိုင်ဘက်ရဲ့ ဥစ္စာကို ခိုးယူလို့ရတယ်... ရေကတော့ ရေကန်ထဲက မကောင်းဆိုးဝါး လေကို ထိန်းထားဖို့ ရေအဆောင်လက်ဖွဲ့ကို သုံးတယ်..."
အဘွားရှားက ရှင်းပြသည်။
"ဒီရေကန်ငါးခုမှာ ရေသတ္တဝါတော်တော်များများက နတ်ဆိုးတွေလို ပြောင်းလဲသွားပြီ... လူတွေကို အန္တရာယ်ပေးဖို့ လေပြင်းတွေကို ခဏခဏ တိုက်လာတတ်တယ်..."
ချန်ရှီ: "ဒီလူတွေက တကယ့်ကို ရိုးရိုးရှင်းရှင်းနဲ့ ရိုးသားကြတယ်... ကုံကျိုးထက် အများကြီး မနိမ့်ဘူး"
သူတို့သည် သင်္ဘောဆိပ်သို့ တည့်တည့်သွားခဲ့သော် လှေငှားဖို့ ကြိုးစားနေသည့် ကျင့်ကြံသူတွေ အများကြီးကို ထိုနေရာတွင် တွေ့ခဲ့ရသည်။ အဘွားရှားက အံ့သြစွာဖြင့် မျက်လုံးများ တောက်ပလာသည်။
"ဒီလူတွေက တခြားနေရာကနေ လာကြတဲ့ ကျင့်ကြံသူတွေ.. အရည်အချင်းလည်း ရှိတယ် ရေကန်ထဲက နဂါးဟောက်သံက သူတို့ကို ဒီနေရာရောက်လာအောင် ဆွဲဆောင်နေတာလား"
သူမက တိုးတိုးလေး ပြောလိုက်သည်။
ဤလူများသည် နတ်သန္ဓေသား၊ ရွှေအမြုတေ သို့မဟုတ် အခြေတည်ဝိညာဥ် များပါရှိသည့် နတ်ကွန်းများကို အသက်သွင်းထားကြတာ ချန်ရှီ သတိပြုမိသည်။
ခရိုင်မြို့တစ်ခုတွင် အခြေတည်ဝိညာဥ် အဆင့်ကို အောင်မြင်သော ကျွမ်းကျင်သူက သုံးဦး သို့မဟုတ် ငါးဦးသာ ရှိပါသည်။ သို့သော် ယခုတစ်နေရာတည်းတွင် အခြေတည်ဝိညာဥ် အဆင့်ကို အောင်မြင်စွာ လေ့ကျင့်ထားသူ ကိုးဦးကို တွေ့ခဲ့ရသည်။
ကျင့်ကြံမှုအဆင့်ကို မပြသေးသော လူအချို့လည်း ရှိသည်။ အဆင့်ကို မသိရသော်လည်း အခြေတည် ဝိညာဥ်နယ်ပယ်က လူတွေက ၎င်းတို့အား အလွန်လေးစားသောကြောင့် ကျင့်ကြံမှုအဆင့်က ပို၍ပင် မြင့်မားနေပုံရသည်။
လှေအမြောက်အမြားကို ငှားရမ်းခဲ့ပြီး ဆိပ်ကမ်းတွင် ငါးဖမ်းလှေ အနည်းငယ်သာ ရှိတော့သည်။ မေးမြန်းကြည့်သောအခါ တံငါသည်တွေက အဲဒီလူတွေက နဂါးဟောက်သံကိုရှာရန် ရေကန်ကို သွားကြမှာလို့ ဆိုကာ လက်ဝှေ့ယမ်းကာ ငြင်းဆိုကြသည်။
ချန်ရှီ လှေသမားများစွာကို တောင်းဆိုခဲ့သော်လည်း ဘယ်သူကမှ လှေထွက်ခွာပေးရန် ဆန္ဒမရှိခဲ့ကြပေ။ ထိုအချိန်တွင် အပျော်စီး လှေတစ်စင်း ရောက်ရှိလာသည်။
အကျွမ်းတဝင်ရှိသော မိန်းကလေးတစ်ဦးသည် အပျော်သဘော လှေပေါ်မှ ထွက်လာခဲ့၏။ သူမကတော့ ဟွမ်ဖောရွာရှိ ယွိတိုက်မြစ်ပေါ်က လှေသမလေးပဲ ဖြစ်သည်။ ချန်ရှီရဲ့ နှလုံးခုန်သံ ပြင်းထန်သွားပြီး သူမကို မမြင်ချင်ယောင်ဆောင်ကာ လှည့်ထွက်သွားသည်။
လှေပေါ်က မိန်းကလေးက ပြုံးပြီး လှမ်းပြော၏။
"စာသင်သားချန်ရေ... တခြားဆိပ်ကမ်းမှာ လှေမရှိဘူးနော်... မင်း ရေကန်ကို သွားချင်ရင်တော့ ငါတို့ရဲ့ ဒီလှေပဲ ရှိတော့တယ်..."
ချန်ရှီ ချာကနဲ လှည့်ကြည့်လိုက်ပြီး အံ့သြစွာ ပြုံးပြလိုက်သည်။
"လတ်စသတ်တော့ မိန်းကလေးကိုး... ဟွမ်ဖောရွာမှာ ငါးမျှားနေတာ မဟုတ်ဘူးလား တောင်ပိုင်းရေကန်ကို ဘယ်တုန်းက ရောက်နေတာလဲ မင်းအဖေက ဘယ်မှာလဲ လှေပေါ်မှာ မပါလာဘူးလား"
လှေပေါ်က မိန်းကလေးက ပြုံးလိုက်သည်။
"ငါရောက်တာ မကြာသေးဘူး... ငါ့အဖေက တရားမျှတမှုသခင်ကို သွားကြည့်တယ် ငါက အားနေတဲ့ သူတစ်ယောက်လေ... အဲဒါကြောင့် ငါ့အဖေနဲ့ငါရဲ့ အောင်မြင်မှုတွေ အလှူငွေ နောက်ကိုလိုက်ဖို့ ဆုံးဖြတ်လိုက်တာ..."
သူမပြောခဲ့တဲ့ အလှူငွေက ချန်ရှီကို ရည်ညွှန်းခြင်းပင်။
အရင်တုန်းက အဖေနဲ့ သမီးက အမြဲခွဲလို့မရပေမယ့် ဒီတစ်ကြိမ်မှာတော့ ချန်ရှီက နန်းနန်းကို ချန်ထားခဲ့ပြီး ဟေးကော်နဲ့ အပြင်ထွက်တဲ့အတွက် အဖေနဲ့အမေကလည်း နန်းနန်းနဲ့ ချန်ရှီ မပျောက်အောင် ကာကွယ်ဖို့ လမ်းခွဲခဲ့ရသည်။
အဘွားရှားလည်း လှေပေါ်မှ ကောင်မလေးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
"ကလေးမ ကြင်နာတတ်ပေမယ့် သက်ရှိကမ္ဘာက တစ်ယောက်ယောက်နဲ့ မတူတဲ့ ယင်စွမ်းအင်တွေ ရှိတယ်နော်"
လှေပေါ်က မိန်းကလေးကလည်း ပြုံးပြလေသည်။
"အဖွားကလည်း မြေအောက်ကမ္ဘာမှာ အရမ်းနာမည်ကြီးတယ်နော်... သရဲတစ္ဆေတွေနဲ့ နတ်တွေကတောင် သိတယ် ကျွန်မလည်း သဘောကျနေတာ ကြာပါပြီ"
အဘွားရှားရဲ့ ရောင်ဝါက အရှိန်အဟုန်နဲ့ မြင့်တက်လာပြီး သိုးချိုမိုးကောင်းကင် ဝိညာဉ်မီးအိမ်က သူမလက်ထဲတွင် ပေါ်လာသည်။
"မရဏနတ်တွေက ငါ့ကို ဖမ်းချင်နေလို့ ယင်ကျေးကျွန်တွေကို သက်ရှိ လောကထဲ ပို့နေကြတာ... မင်း လူမဟုတ်ဘူးဆိုတာ ငါ စောစောကတည်းက မြင်ထားပြီးသား!"
လှေသမလေးကလည်း ကောင်းကင်ဝိညာဉ်မီးအိမ်ကို သူ့လက်ထဲတွင် ကိုင်ဆောင်ထားပြီး လူသတ်ချင်တဲ့ ကြံရွယ်ချက်အပြည့်ဖြင့် လှောင်ပြောင်လိုက်သည်။
"ရှင့်ကို ကြောက်မယ်များထင်လား? ရှင့်ကိုဖမ်းလိုက်ရင် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတစ်ခုတော့ ရလိမ့်မယ်ထင်တယ်!"
ချန်ရှီကတော့ အပျော်စီးလှေပေါ်ကို ခုန်ဆင်းပြီး မေးလိုက်သည်။
"နဂါးဟောက်သံ ရှာဖို့ ရေကန်ကို သွားရင် ဘယ်လောက် ကုန်ကျလဲ"
အဘွားရှား နှင့် လှေသူမလေးတို့သည် တစ်ယောက်ကိုတစ်ယောက် ရက်စက်သော အကြည့်များဖြင့် စူးစူးဝါးဝါး စိုက်ကြည့်နေကြကာ လုံးဝလက်မလျှော့ပေးကြချေ။ ဟေးကော်လည်း လှေပေါ်ကို ခုန်တက်သွားသည်။ သစ်သားလှည်းက ၎င်း၏ဘီးများကို ကမ်းစပ်နှင့် ပွတ်တိုက်ကာ ခဏမျှ ညှိပြီးနောက် ခုန်ဆင်းကာ လှေပေါ် ဆင်းသက်ခဲ့သည်။
လှေပေါ်က မိန်းကလေးက နောက်ပြန်ဆုတ်ပြီး ခပ်တိုးတိုး လေသံနဲ့ ပြောလိုက်သည်။
“အဖွားရှား... ကျွန်မတို့က ရှင့်ကိုဖမ်းဖို့ လာတာ မဟုတ်ပါဘူး... အလိုရှိတဲ့ ရာဇ၀တ်ကောင်ကို စောင့်ရှောက်ဖို့”
အဘွားရှားလည်း သူမ၏ ကျောထောက်နောက်ခံကို မြင်သောကြောင့် ချန်ရှီကို မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ မိန်းကလေးက အနည်းငယ် ခေါင်းညိတ်ပြလာရာ အဘွားရှားလည်း သူမရဲ့ လူသတ်ရန် ရည်ရွယ်ချက်ကို ဖယ်ရှားပြီး သိုးချိုမိုးကောင်းကင် ဝိညာဉ်မီးအိမ်ကို ဖယ်ထုတ်ကာ လှေပေါ်သို့ ခုန်ချခဲ့သည်။
လှေပေါ်က မိန်းကလေးကလည်း ကောင်းကင်မီးအိမ်ကို သိမ်းလိုက်သည်။ သူမ ကြိုးကို ဖြုတ်ပြီး အပြုံးတစ်ခုနဲ့ ဆို၏။
"လှေခက ဈေးမကြီးပါဘူး ငွေတစ်ရာပဲ"
ချန်ရှီ ဒေါသတကြီး ခုန်ထလိုက်သည်။
"မင်းရဲ့လှေက ရွှေငွေနဲ့ လုပ်ထားတာမလို့လား... ဘာလို့ ဒီလောက် ဈေးကြီးနေတာလဲ တခြားသူတွေရဲ့ လှေတွေက ငွေ ဆယ်စပဲ ရှိတယ်"
လှေသမလေးက ပြုံးပြီး "စာသင်သားချန် ..."
"ငါ့ကို ချန်ကျဲယွမ်လို့ ခေါ်စမ်းပါ!... ငါက ပြည်နယ်နှစ်ခုမှာ အမှတ်အများဆုံး... မင်းငါ့ကို ကျဲယွမ်လို့ ခေါ်ရမယ်"
"မင်း စာမေးပွဲမဖြေလိုက်ရပါဘူး... ကောင်းပြီ ဆရာကြီးကျဲယွမ်! ငါ့လှေက ဈေးကြီးပေမယ့် ခရီးရှည်ကြီး ရှင်းရှန်ကနေ သယ်လာရတာ အရမ်းခက်တယ်... အကာအကွယ်အတွက်ဆို ငါ့လှေပေါ် တက်နေလို့ရတယ်.. တခြားလှေတွေက ဘယ်လိုလုပ် ဒီအားသာချက်တွေ ရနိုင်မှာလဲ"
ချန်ရှီ မကျေမနပ်နဲ့ အော်ဟစ်လိုက်သည်။ သူ ဒီလှေကို မငှားချင်ပေမယ့် ဆိပ်ကမ်းမှာက တခြားလှေမရှိတာကြောင့် လက်လျှော့လိုက်ရတော့သည်။ ငွေစက္ကူကို ပေးချေပြီးနောက် သူ့ရင်ထဲတွင် နာကျင်ခံစားနေရသည်။ ငွေတစ်ရာသည် လှေများစွာကို ဝယ်နိုင်သည်။
လှေမိန်းကလေးက လေအဆောင်လက်ဖွဲ့ကို ကျက်သရေရှိရှိ လှုံဆော်ပြီး ဝါးတိုင်ဖြင့် စတင် လှော်ခတ်လေသည်။
"ဆရာကြီးကျဲယွမ် ငါ နင့်ရဲ့ ငွေတစ်ရာကို အလကားမယူပါဘူး... ငါ နင်တို့ထက် စောပြီး ရောက်လာတာ...တချို့တလေတော့ စုံစမ်းမေးမြန်းထားတယ် ... အဲဒါကြောင့် နင်တို့ထက် ပိုသိတယ်"
ချန်ရှီရဲ့ စိတ်နှလုံးက အနည်းငယ် တုန်လှုပ်သွားသည်။
"ရေကန်ထဲက နဂါးဟောက်သံက ဘာလဲ နဂါး တကယ်ရှိတာလား... ပြီးတော့ ဒီလူတွေက နဂါးဟောက်သံကြောင့် ဒီကို လာကြတာလား?"
လှေကလေးက ရေကို တွန်းချလိုက်ပြီး အပျော်လှေက တဖြည်းဖြည်း အရှိန်မြှင့်လာသည်။
“ဒီလူတွေက နဂါးဟောက်သံကြောင့် လာကြတာ... မြို့ထဲမှာ လှေသမားတစ်ယောက်က ကုန်ပစ္စည်းတွေ သယ်လာရင်း ရေကန်မှာ မြူခိုးတွေ ပြည့်လာတဲ့ အချိန်မှာ နဂါးတစ်ကောင် ပေါ်လာတာကို တွေ့လိုက်တယ်တဲ့ တစ်ယောက် နှစ်ယောက်ပဲ မဟုတ်ဘူး လှေသမား တော်တော်များများ မြင်လိုက်ကြတယ်လို့ ပြောတယ်... နဂါးဟောက်သံ ထွက်လာပြီးတော့ နဂါးမုတ်ဆိတ်မွေးနဲ့ နဂါးတစ်ကောင် လေထဲမှာ ပေါ်လာတယ်တဲ့ အကြေးခွံတွေ ပါပေမာ့် နတ်နဂါးလို မဟုတ်ဘူး မှော်လက်နက် ဖြစ်မယ်လို့ တချို့က ပြောနေကြတယ်!"
“နဂါးဟောက်သံနဲ့ နဂါးပုံသဏ္ဌာန်က မှော်လက်နက် ထွက်လာတော့မယ့်အချိန်မှာ ပေါ်လာတဲ့ ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခုပဲ... ဒီဟာက တော်တော်လေး အံ့ဩစရာ ကောင်းတယ်... တကယ်သာ မှော်လက်နက်ဆိုရင် အရမ်း အစွမ်းထက်မှာပဲ”
ချန်ရှီ အဘွားရှားဘက် လှည့်ပြောလိုက်သည်။
"ဒီနဂါးက တရားသူကြီးရဲ့ နဂါးမုတ်ဆိတ်စုတ်တံ ဖြစ်နိုင်တယ်... လွယ်ပါတယ် နဂါးဟောက်တဲ့ နေရာကို ရှာမယ် ပျော့ဖတ်ကို မထိမချင်း တခြားသူတွေကို ရတနာအတွက် တိုက်ခိုင်းလိုက်မယ်...ပြီးရင် အနီးအနားမှာ ယဇ်ပလ္လင်တစ်ခု ဆောက်ပြီး ဟေးကော်နဲ့ ကျနော်က မရဏကမ္ဘာထဲကို သွားပြီး ရတနာကို သွားယူသွားမယ်။"
အဘွားရှားက ပြုံးပြီး :"အကြံကောင်းပဲ!"
ကန် မျက်နှာပြင်က အလွန်ကျယ်ဝန်းပြီး အကန့်အသတ် မရှိပေ။
အပျော်စီးလှေက အရှိန်မြန်လာပြီး အရှေ့က လှေတွေကိုတောင် တဖြည်းဖြည်း အမှီ လိုက်လာနိုင်သည်။ ရုတ်တရက်၊ ရေကန်ပေါ်မှ မြူမှုန်များ ပေါ်ထွက်လာပြီး လှေအားလုံးကို လွှမ်းခြုံသွားသည်။ ချန်ရှီသည် အရှေ့ဘက်ကို အလင်းရောင်ရရန် ဘုံကျောင်းငယ်ကို ထူထောင်ခဲ့သော်လည်း အဝေးကြီးကို အလင်းရောင်မပေးနိုင်ပေ။
ရုတ်တရက် လေးလံပြီး ငြိမ့်ညောင်းသော နဂါးဟောက်သံသည် ရေကန်၏ မျက်နှာပြင်ပေါ် လှုပ်ခါသွားလေ၏။ ရေတွေ လှုပ်ခတ်သွားကာ ရေကန်ရဲ့မျက်နှာပြင်လည်း တုန်သွားသည်။ ချန်ရှီမှာ ရင်ဘတ်က တဆတ်ဆတ်တုန်နေပြီး ခြေလက်များ ထုံကျင်သွားသည်။ နဂါးဟောက်သံသည် သူ၏အခြေတည် ဝိညာဉ်တည်ရှိရာ နေရာကိုပါ ထိုးဖောက်လာတာကြောင့် အခြေတည်ဝိညာဉ်လည်း ထုံသွားခဲ့သည်။
ကမ်းပေါ်ကနေ နဂါးဟောက်သံကို နားထောင်တာနဲ့ မြူခိုးကြားထဲ ရောက်သွားလို့ နဂါးဟောက်သံ ကြားရတာက လုံးဝ ကွဲပြားခြားနားသော အရာနှစ်ခုဖြစ်ပြီး တုန်လှုပ်သွားတာကလည်း တုနှိုင်းမရနိုင်ပေ။
လှေပေါ်က မိန်းကလေးတောင်မှ လှေကို အရှိန်လျှော့ပြီး မြန်မြန် မတက်ရဲခဲ့။
မြူများက ပိုထူထပ်လာသည်။ ဆယ်လှမ်းအောက်သာဝေးသော အခြားလှေများဆီသို့ ရံဖန်ရံခါ ပြေးတိုက်မိတတ်ကြသည်။ တခြားလှေတွေပေါ်က နတ်ကွန်းတွေရဲ့ အလင်းရောင်ကို အခုအချိန်မှာတော့ မမြင်နိုင်တော့ချေ။ အခြေတည်ဝိညာဥ်နဲ့ ရွှေအမြုတေများသည် လူသုံးဦး သို့မဟုတ် နှစ်ယောက် အုပ်စုက လှေရှေ့တွင်ရပ်ကာ လှေသမားများအတွက် လမ်းမြင်ရအောင် တောက်ပနေစေပါသည်။
ချန်ရှီတို့ရဲ့ အပျော်စီးလှေကို တွေ့လိုက်သောအခါ အားလုံး အံ့သြသွားကြသည်။ သူတို့သည် ၎င်းတို့၏ အဆောင်လက်ဖွဲ့များကို ပြင်ဆင်ထားကြပြီး မှော်စွမ်းအင်နဲ့ လက်နက်များကို မြှင့်တင်ကာ တိုက်ပွဲအတွက် အဆင်သင့် ဖြစ်နေကြသည်။
သင်္ဘောနှစ်စင်း အချင်းချင်း ဖြတ်ကျော်ပြီးမှသာ အစောင့်အကြပ်များကို လျှော့ချလိုက်ကြသည်။ ထိုအချိန်တွင် မြူခိုးများကြား လျှပ်စီးတစ်ချက် လက်သွားပြီး မိုးကြိုးများ ပြိုကျလာခဲ့သည်။
"ဒီအချိန်မှာတောင် ဘယ်သူက နေကိုးစင်းကောင်းကင်မိုးကြိုး အဆောင်လက်ဖွဲ့ကို သုံးနေတာလဲ?"
မြူခိုးတွေကနေ အော်ဟစ်ဆဲဆိုသံတွေ ထွက်လာတော့သည်။ ယခုရှိနေတဲ့ ကျင့်ကြံသူ အများစုမှာ ရွှေအမြုတေ သို့မဟုတ် ရွှေအမြုတေများကို ပြန်လည်ရယူရန် အချိန်မရှိခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။ ဒါကြောင့် အော်ဟစ်ကျိန်ဆဲနေကြတာ အံ့သြစရာတော့ မဟုတ်ပေ။
ထိုအချိန်တွင် နောက်ထပ် လေးလံသော နဂါးဟောက်သံကို ထပ်ကြားလိုက်ရပြီး ရေကန်မျက်နှာပြင်သည် ပို၍ပင် ပြင်းထန်စွာ တုန်ခါသွားသည်။
လှေကလေးသည် ဝါးတိုင်ကို လှေလှော်ရင်း တရွေ့ရွေ့ သွားနေစဥ် ရုတ်တရက် လှေတစ်စင်းက သူတို့ရှေ့ကို ဖြတ်သွားလေသည်။ လှေပေါ်ရှိလူများသည် အဝတ်အစား ဝတ်ထားသော အရိုးစုငါးခု၊ ခေါင်းနောက်ဘက်တွင် နတ်ကွန်းများ၊ နတ်သန္ဓေသားများ ထုတ်ထားသူက သုံးယောက်နဲ့ အခြေတည်ဝိညာဥ် နှစ်ကောင်တို့ ပါဝင်သည်။
ချန်ရှီ လန့်သွားပြီးမှ သဘောပေါက်သွားသည်။
"ငါတို့ မရဏကမ္ဘာထဲကို ဝင်သွားပြီ! ဒီရေကန်က မရဏမြစ်ကြီး ဖြစ်လာတော့ သူတို့ကလည်း အရိုးစုတွေ ဖြစ်သွားတာ!"
လှေသမလေးက ခေါင်းခါပြီး :“ဒီနေရာက မရဏကမ္ဘာ မဟုတ်ဘူး... ဒီရတနာက မရဏရတနာဖြစ်နေလို့ ဒီနေရာကို မရဏကမ္ဘာအဖြစ် ပြောင်းလဲပစ်လိုက်တာ”
သူမ ပြောသည့်အတိုင်းပင် သူမရှေ့မှ မြူခိုးများ ရုတ်တရက် တက်လာပြီး ဆယ်ပေခန့်ထူသော ခန္ဓာကိုယ်ကြီးသည် မြူခိုးများကြားမှ တိတ်တဆိတ် ဖြတ်ပြေးသွားခဲ့၏။ ချန်ရှီ မတ်တတ်ထရပ်ကြည့်လိုက်သည်။ သူနဲ့ အဲဒီခန္ဓာကိုယ်ကြီးက ခြေလှမ်းအနည်းငယ်သာ ဝေးတော့သည်။ အနက်ရောင် အကြေးခွံများပေါ်တွင် နှင်းမှုန်များဖြင့် ဖွဲ့စည်းထားသော မြူအလွှာကိုပင် သူမြင်နေရသည်။
အကြေးခွံများက ရောယှက်ကာ အချင်းချင်း ပွတ်တိုက်နေကာ အလွန်ပြင်းထန်သော ဖိနှိပ်မှု ခံစားချက်ဖြင့် လိုက်ပါသွားကြသည်။
"တကယ် နဂါးရှိတယ်ဟ!"
ချန်ရှီ သတိဝင်လာတဲ့အခိုက် သွယ်လျသော နဂါးခန္ဓာကိုယ်သည် မြူခိုးများထဲတွင် ပျောက်ကွယ်သွားလေပြီ။ သူ့နောက်က ဝူဝမ့်လှံကလည်း အဝေးကို ပြေးသွားချင်သလိုမျိုး ပြင်းထန်စွာ တုန်ခါသွားရာ ချန်ရှီလှံကို ထိန်းကာ လွင့်ပါလုနီးပါး ဖြစ်သွားသည်။
"ဟေးကော်! အမွှေးတိုင်ထွန်း!"
ဟေးကော်သည် သစ်သားလှည်းမှ အမွှေးတိုင်တစ်ထုပ်ကို အမြန်ထုတ်ယူပြီး အမွှေးတိုင်မီးဖိုထဲသို့ ထည့်ကာ ဝူဝမ်လှံရှေ့ မီးညှိလိုက်သည်။ လှံကြီးသည် အမွှေးတိုင်ရဲ့ အမွှေးအကြိုင်ကို စုပ်ယူပြီးနောက် တဖြည်းဖြည်း တည်ငြိမ်လာသည်။
အဘွားရှားလည်း သံသယဝင်လာတော့သည်။
"တစ်ဆယ်လေး ဒီနဂါးပုံက အတုမဟုတ်လောက်ဘူး!"
ချန်ရှီ၏ နှလုံးခုန်သံများ တုန်လှုပ်သွားသည်။ ရေကန်ထဲမှာ နဂါးအစစ် တကယ်ရှိလား။ ဒါမှမဟုတ် ဒီနဂါးဟာ တရားသူကြီးရဲ့ နဂါးမုတ်ဆိတ်စုတ်တံ အဖျားကနေ အသွင်ပြောင်းခဲ့တာလား။
အခြားလှေများကလည်း နဂါးကို ရှာတွေ့သွားတာကြောင့် အနောက်မှ အသည်းအသန် လိုက်ကြရာ သိပ်မကြာခင်မှာ ပဋိပက္ခကြီးတစ်ခု ဖြစ်လာတော့သည်။ မှော်အတတ်ပညာများသည် မြူခိုးများကြားတွင် လေချွန်သံများ၊ တီးခတ်သံများနှင့် လက်နက်ချင်း တိုက်မိသံများ ရောယှက်လျက် ရုတ်ချည်း ရှုပ်ထွေးကုန်သည်။
လူတွေဟာ အဝေးကို မမြင်နိုင်တာကြောင့် မြူခိုးတွေကြားက တိုက်ပွဲတွေကလည်း အလွန်အန္တရာယ်များလာပြီး အားနည်းတဲ့ လူတွေကလည်း အဆက်မပြတ် သားကောင် ဖြစ်လာကြသည်။
အဘွားရှားသည် မြေပုံကို စစ်ဆေးပြီး အပျော်စီးလှေရှေ့သို့ ရွေ့လျားရန် လမ်းကြောင်းကို ညွှန်ပြနေခဲ့ကာ ထိုလူအုပ်ကို တဖြည်းဖြည်းရှောင်ရှားခဲ့သည်။ ထိုအချိန်တွင် ကျွန်းငယ်လေး တစ်ကျွန်းက သူတို့မျက်စိရှေ့ ရောက်လာရာ အဘွားရှားရဲ့ မျက်လုံးများလည်း တောက်ပလာတော့သည်။
"ဒီမှာ ရပ်လိုက်"
လှေသမမိန်းကလေးသည် ကျွန်းဘေးတွင် လှေကို ဆိုက်ကပ်ထားသည်။
အဘွားရှား: "အရှင်ဝူဝမ့် ပေးခဲ့တဲ့ ပထဝီဝင်မြေပုံက မှန်တယ်ဆိုရင် ရတနာက ဒီမှာပဲ ရှိသင့်တယ်... တစ်ဆယ်လေး ငါ ဒီမှာ ယဇ်ပလ္လင်တစ်ခု တည်ပြီး မင်းကို မရဏကမ္ဘာကို ပို့ပေးမယ်!"
သူမ ခေတ္တရပ်လိုက်ပြီးနောက် တစ္ဆေဘုရင်သုံးပါးက ပျံတက်သွားကာ ချီကျန်းယဇ်ပလ္လင်ကို ကျွန်းပေါ်သို့ သယ်ဆောင်သွားတော့သည်။ ချန်ရှီ ဤယဇ်ပလ္လင်ကို ရွာအပြင်ဘက်တွင် ယခင်က မြင်ဖူးသည်။ အဘွားရှား၊ ချင်းယန်နဲ့ ဟူရှောင်လျောင်တို့က မရဏကမ္ဘာကို သွားဖို့ ၎င်းကိုသာ အသုံးပြုခဲ့သည်။
အဘွားရှားသည် ယဇ်ပလ္လင်ပေါ်တွင် အခမ်းအနားတစ်ခု ပြုလုပ်နေ၏။ သိပ်မကြာခင်မှာပဲ အေးစက်တဲ့ လေပြင်းက တိုက်ခတ်လာပြီး မရဏကမ္ဘာလမ်းကို ဖွင့်လိုက်တော့သည်။
သူမကနံ့သာပေါင်းမီးဖိုလေးကို ထုတ်ယူပြီး အမွှေးတိုင်တစ်ချောင်း ထည့်လိုက်သည်။
"တစ်ဆယ်လေး... မင်း ယဇ်ပလ္လင်ကနေ မရဏကမ္ဘာထဲကို ဝင်လိုက်တာနဲ့ နောက်ပြန်ကြည့်တဲ့အခါ နံ့သာတိုင်ကို မြင်ရလိမ့်မယ်... အမွှေးတိုင်နောက်ကိုသာ လိုက်ခဲ့... မင်း ဒီကိုပြန်ရောက်လာလိမ့်မယ်"
ချန်ရှီ ခေါင်းညိတ်ပြီး ဟေးကော်နဲ့အတူ ယဇ်ပလ္လင်ပေါ် တက်လိုက်သည်။ တစ်ဆက်တည်း ရုတ်တရက် သူ့ခြေထောက်တွေ ဗလာကျင်းသွားသလို ခံစားလိုက်ရပြီး မြေအောက်ကမ္ဘာထဲကို လဲကျသွားတော့သည်။
ထိုစဥ် လှေမိန်းကလေးသည် ချီကျန်းယဇ်ပလ္လင်သို့ ရောက်ရှိလာပြီး ယဇ်ပလ္လင်၏ အသွင်အပြင်နှင့် အဆောင်စာလုံးများကို သေသေချာချာကြည့်ကာ သူမမျက်နှာက တဖြည်းဖြည်း ရှုပ်ထွေးလာသည်။
အဘွားရှားက ပြုံးပြီး :"မင်း ငါ့အရည်အချင်းကို မမြင်ဖူးဘူးလား?"
လှေပေါ်က မိန်းကလေးက ခေါင်းခါသည်။
"တစ်ခါမှ မမြင်ဖူးဘူး... အဘွားရဲ့ ယဇ်ပလ္လင်က သိပ်တရားဝင်ပုံမပေါ်ဘူး..."
အဘွားရှားရဲ့ နှလုံးခုန်သံလည်း တစ်ချက် ဆောင့်ခုန်သွားသည်။
"ဒါက နည်းနည်းလေး မရိုးမဖြောင့်တဲ့ အရာတစ်ခုဆိုပါတော့... ဒါပေမယ့် ငါ မရဏပြည်ကို ဝင်လိုက်တိုင်း ဒီယဇ်ပလ္လင်ကိုပဲ အားကိုးခဲ့တာ"
လှေပေါ်က မိန်းကလေး :"ရှင် မရဏကမ္ဘာထဲကို ဝင်လို့ရတယ်... ဒီအတိုင်းပဲ ထွက်လာနိုင်တယ်။ ဒါပေမယ့် ဒီစီစဉ်မှုမှာ အမှားအယွင်းတချို့ လုပ်မိသွားတယ်... မရဏကမ္ဘာထဲကို ဝင်ရတဲ့ တည်နေရာက သက်ရှိလောကရဲ့ တည်နေရာနဲ့ မကိုက်ညီဘူး"
အဘွားရှားလည်း အပြစ်ရှိတယ်ဆိုတဲ့ အသိစိတ်နဲ့ မေးလိုက်သည်။
"မိန်းမငယ်လေး ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို မေးလို့ရမလား"
လှေပေါ်က မိန်းကလေးက :"ဆရာကြီးကျဲယွမ် ဝင်ချင်တဲ့ မရဏကမ္ဘာက ဒီနေရာနဲ့ တော်တော်ဝေးနေသေးတယ်... ရှင်တို့ သွားချင်တဲ့နေရာမဟုတ်ဘူး"
ချန်ရှီနဲ့ ဟေးကော်တို့ဟာ အရှိန်ပြင်းပြင်းနဲ့ လေထဲကနေ ပြုတ်ကျသွားပါတော့သည်။ သူ့ဘေးနားရှိ ဟေးကော်သည် ရုတ်တရက် တောက်လောင်နေသော နတ်ဆိုးမီးလျှံများနှင့် ထူထဲသော မီးခိုးငွေ့များဖြင့် ဝန်းရံထားရာ သူ့ခန္ဓာကိုယ်သည် ပိုပို၍ ကြီးမားလာသည်။
ချန်ရှီလည်း ဟေးကော် ကျောပေါ်ခုန်တက်ကာ မြင့်မားသော ရှုထောင့်မှ ငုံ့ကြည့်လိုက်သည်။ ကောင်းကင်၌ အလင်းတန်းများ ထွက်ပေါ်လာပြီး ယင်းနဲ့ယန် ကမ္ဘာများကြားတွင် ကြီးမားသော နဂါးပုံသဏ္ဌာန်ရှိ သတ္တဝါကြီးတစ်ကောင်ကို မြင်လိုက်ရပြီး ၎င်းက သက်ရှိကမ္ဘာရှိ သန်မာသော သူရဲကောင်းများကို သတ်ပစ်ခဲ့သည်။
မရဏကမ္ဘာရဲ့ ကောင်းကင်က ပြိုကွဲသွားသည်။ သက်ရှိကမ္ဘာမှ တန်ခိုးကြီးသော အဆောင်လက်ဖွဲ့ စာလုံးများ ကျဆင်းလာကာ နဂါးပုံသဏ္ဌာန်ရှိသော သတ္တဝါဆီသို့ ပြေးသွားကာ ၎င်းအား နှိမ်နင်းရန် ကြိုးစားလေသည်။
"ဟုတ်ပြီ... ငါတို့နေရာမှန်ကို ရောက်ပြီ!"
ချန်ရှီ ဝမ်းသာသွားသည်။ သူက သူ့လက်ထဲက လှံကို မြှောက်လိုက်ပြီး။
"ဒီတာဝန်က အရမ်းရိုးရှင်းတာပဲ... ဟေးကော်! ရတနာကို သွားဖမ်းရအောင်!"