← Chapters

နက်ရှိုင်းနဂါးရွေ့ဓား

Vol. 15 Ch. 223

နက်ရှိုင်းနဂါးရွေ့ဓား

Vol. 15 Ch. 223

တောင်ပိုင်းရေကန်ရဲ့ အနောက်မြောက်ဘက် ကမ်းရှိ နျန်တူးသည် ရထားလုံး ထုတ်လုပ်ရေးကြောင့် နာမည်ကြီးသော နေရာဖြစ်ပေ၏။

နမ်လိကျွန်းဆွယ်ရှိ နျန်တူမြို့တော်၏ အစွန်တွင်တော့ ပန်းရှန်းဂိုဏ်းနဲ့ ပိုင်လျန့်ခန်းမမှ ကျင့်ကြံသူ အယောက် ၁၃၀၀ ခန့်က စုဝေးနေကြသည်။

"ဘုရင်တွေ၊ မင်းသားတွေရဲ့ သင်္ချိုင်းဂူတွေ၊ ပညာရှိတွေရဲ့ လိုဏ်ဂူတွေကို သတ်မှတ်နိုင်တာက ပညာတစ်ခုပဲ"

အရပ်မြင့်မြင့် အမျိုးသမီးတစ်ဦးသည် ကျွန်းဆွယ် ချောက်ကမ်းပါးမှ နေ၍ နဂါးပုံသဏ္ဌာန် သတ္တဝါကို ကိုင်တွယ်ဖြေရှင်းနေသည့် ပန်းရှန်းဂိုဏ်းနဲ့ ပိုင်လျန့်ခန်းမက လူတွေကို ကြည့်ရှု​နေခဲ့သည်။ သူမက အလွန် စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။

"ဘုရင်ကျန်းခေတ်မှာ ကောင်းချီးပေးခံရတဲ့ ဒီနေရာကို ပန်းရှန်းဂိုဏ်းက ရှာတွေ့နိုင်တာ တကယ့်ကို အံ့သြစရာပဲ"

သူမတွင် တောက်ပသော မျက်လုံးများ၊ သွားဖြူများ၊ နှင်းဖြူအသားအရည်၊ အပေါ် နှုတ်ခမ်းလွှာ ပါးပါးနှင့် အောက်ခြေထူထပ်သော နှုတ်ခမ်း၊ အပေါ်နှုတ်ခမ်း၏ ညာဘက်ထောင့်တွင် မှဲ့နက်အသေးလေး ရှိပြီး သူမအား ဆွဲဆောင်မှုတစ်မျိုးကို ထပ်လောင်းပေး​နေသည်။

သူမသည် အဝါရောင်ဖျော့ဖျော့ အင်္ကျီရှည်ကို ၀တ်ဆင်ထား၏။ တောက်ပပြီး ပါးလွှာသော အနီရောင် ခါးစည်းကြိုး၊ လက်ဖဝါးအောက်တွင်လည်း နှင်းဆီပန်းများဖြင့် ချယ်လှယ်ထားသည်။ အင်္ကျီရှည်သည် ဒူးပေါ်အထိ ရောက်ထားကာ ဒူးအောက်ဘက်တွင်တော့ အနီရောင်အစွပ်စကတ်ကို မြင်ရသည်။

သူမနှင့် စကားပြောနေသူမှာ ပိုင်လီမု အမည်ရှိ ပန်းရှန်းဂိုဏ်း၏ ဂိုဏ်းချုပ်ပဲ ဖြစ်သည်။ အရပ် သိပ်မထွက်တဲ့ အသက်လေးဆယ်လောက် ရှိသူဖြစ်ပြီး အရပ်လည်းမရှည်ဘူး။ ပိုင်လီမုရဲ့ အလုပ် အများစုမှာ ညဘက်တွင် တက်ကြွပြီး သင်္ချိုင်းတွင်း၌သာ မကြာခဏ ပေါ်လာရသောကြောင့် အသံက ခပ်ပါးပါးသာ။

"ခင်ဗျားရဲ့ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ် သူတော်စင်မရွှမ်း... ကျုပ် အရင်ကတည်းက နဂါးရွေ့လျားကျမ်းကို လေ့ကျင့်ခဲ့တယ်။ တိုးတက်မှုတွေ ရှိလာပေမယ့် စွမ်းရည်တွေက မပြည့်စုံပါဘူး... ကံကောင်းစွာနဲ့ သခင်လေးက ကျုပ်ကို ကျက်သရေရှိတဲ့ နဂါးသံသယကျမ်းကို ပေးခဲ့တယ်..."

ပိုင်လီမု : "သခင်လေးက ကျုပ်အပေါ် မျက်နှာသာပေးပြီး "နဂါးသံသယကျမ်း" နှင့် "သင်္ချိုင်းရောက်တုတ်" ကို ပေးကျင့်ခဲ့တယ်... အဲဒါတွေကြောင့် ကျုပ် နတ်ဆင်းသက်နယ်ပယ် အထိ ရောက်လာခဲ့တာ...လောကရဲ့ ဖုန်းရွှေနဲ့ နဂါးသွေးလမ်းကြောင်းကို လက်ဖဝါးပေါ်မှာ တွက်လိုက်ရုံနဲ့ မြင်နိုင်တယ်.. တောင်ပေါ်မှာ သင်္ချိုင်း ရှိလား ရတနာရှိလား ရှာနိုင်တယ်"

သူ့​လေသံက မောက်မာသူရဲ့ အရှိန်အဝါ အပြည့်ပင်။

ပန်းရှန်းဂိုဏ်းသည် အမှန်တကယ်တွင် ဘုရင်ကျန်း လက်ထက်ကတည်းက တည်ရှိခဲ့သော ရှေးဟောင်းဂိုဏ်း တစ်ခုဖြစ်သည်။ သို့သော်လည်း ပါဝင်ခဲ့သည့် လုပ်ငန်းသည် ခေါင်းဖြတ်ခြင်း လုပ်ငန်းဖြစ်သဖြင့် ဘယ်တုန်းကမှ မဖွံ့ဖြိုးလာဘဲ ဂိုဏ်းရဲ့ ကျွမ်းကျင်မှုအားလုံး ဆုံးရှုံးသွားခဲ့သည်။

ပိုင်လီမုရဲ့ မျိုးဆက်သည်လည်း ဆုတ်ယုတ်လာပြီး မျိုးသုဉ်းလုနီးဖြစ်နေပါပြီ။ သူသည် ထူးကဲသော အရည်အချင်းများနှင့် ကြီးမားသော အရည်အချင်းရှိသူလည်း ဖြစ်သည်။ သူ့ဘိုးဘေးတွေထက် အရည်အချင်း မနည်းဘူးလို့ ထင်ရပေမယ့် သူ့အမွေကို အဖြတ်ခံလိုက်ရတာကတော့ သနားစရာပင်။

ကံကောင်းထောက်မစွာ သခင်လေးက သူ့ကို ချီးမြှောက်ခဲ့ပြီး ပန်းရှန်းဂိုဏ်း၏ ရတနာသုံးပါးကို ပေးအပ်ခဲ့သည်။ ထိုမှသာ ပိုင်လီမုလည်ူ သူ၏ လက်ရှိအောင်မြင်မှုကို ရရှိခဲ့သည်။

သခင်လေးထံ လက်နက်ချပြီးနောက် ပန်းရှန်းဂိုဏ်းသည် ကြီးပွားတိုးတက်လာခဲ့သည်။ ဆရာကြီးများ တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက်လာပြီး ၎င်းသည် သိုင်းပညာလောကရှိ သာမန်ဂိုဏ်းကြီးများထက် မနိမ့်ကျတော့ပေ။

ဤတစ်ကြိမ်တွင် ပန်းရှန်းဂိုဏ်းသည် အခြေတည်ဝိညာဥ် ၁၇ယောက်နှင့် နတ်ပြောင်းလဲခြင်းနယ်ပယ်က လူ၆ယောက်ကို ခေါ်လာကာ ချောက်ကမ်းပါးပေါ်မှတစ်ဆင့် နဂါးမှော်လက်နက်ကို ဖမ်းယူရန် ပိုက်ကွန်တစ်ခု တည်ဆောက်ထားဖို့ ဂိုဏ်းတွင်းက ထောင်နှင့်ချီသော လူများဖြင့် ပူးပေါင်းခဲ့သည်။

ပန်းရှန်းဂိုဏ်းသည် နာမည်ဆိုး ရှိသော်လည်း အနောက်နွားရှင်းကျိုးတွင် အဖွဲ့ဝင် နှစ်ထောင်ခန့်ရှိသော အတော်လေး ကြီးမားသည့် ဂိုဏ်းဖြစ်ကာ ၎င်းတို့အားလုံးက ထူးချွန်သော တိုက်ခိုက်ရေးသမားများ ဖြစ်သည်။

ပန်းရှန်းဂိုဏ်းသည် ဖုန်းရွှေနဲ့ လေမြေစွမ်းအင် ခန့်မှန်းခြင်း ပညာရပ်များကို ကျင့်ကြံကြသည်။ ကျင့်ကြံသူ အများစုမှာ ဖုန်းရွှေဆရာ၊ သို့မဟုတ် လေမြေစွမ်းအင် ခန့်မှန်းသူ ခန်းယွီဆရာများ ဖြစ်သည်။ အားလပ်ချိန်များတွင် အိမ်ဆောက်နေသူများကို အိမ်ရွေးချယ်ရန်နှင့် ဖုန်းရွှေ ဆုံးဖြတ်ရန်၊ လက်ထပ်ပွဲအတွက် မင်္ဂလာရက်စွဲများ သတ်မှတ်​ပေးကာ ၎င်းတို့၏ ဘိုးဘေးအတွက် သင်္ဂြိုဟ်မည့်နေရာများကို ရွေးချယ်ကာ ကူညီပေးကြသည်။

ဒါပေမယ့် ဒါက နေ့စဉ်လုပ်ငန်းပင်။

လမ်းများနှင့် လမ်းသွယ်များ တစ်လျှောက် လျှောက်လာကြပြီးရင်း ကမ္ဘာတစ်ဝှမ်းက တောင် နှင့် မြစ်လမ်းကြောင်းများကို လေ့လာကြသည်။ နဂါးသွေးကြောများကို သတ်မှတ် ကာ ၎င်းတို့ ဘိုးဘေးများ၏ သင်္ချိုင်းဂူများ တည်နေရာများကို သတ်မှတ်ပေးကြသည်။ သူတို့သည် သင်္ချိုင်းဂူများကို လုယူကြပြီး၊ လိုဏ်ဂူများအတွင်းသို့ ဖောက်ထွင်းဝင်ရောက်ကာ ရတနာပစ္စည်းများကို လုယူကြသည်။

ဒါက ကုန်ကျစရိတ်မလိုသော လုပ်ငန်းဖြစ်သည်။ မင်မင်းဆက်ဥပဒေအရ ဖမ်းမိပါက မည်သူမဆို ခေါင်းဖြတ်ခံရမည် ဖြစ်သောကြောင့် လူအများရှေ့မှောက်တွင် လှုပ်ရှားတာမျိုး အလွန်တားမြစ်ထားသည်။

ပန်းရှန်းဂိုဏ်းမှာလည်း အလားတူပင်။

ပန်းရှန်းဂိုဏ်းသည် သခင်လေး၏ ပိုင်ဆိုင်မှုဖြစ်ပြီး အမြဲတမ်း လျှို့ဝှက်ထားခဲ့သည်။ နေ့ခင်းဘက်တွင် သူသည် ဖုန်းရွှေဆရာကြီး ဖြစ်ပြီး လူများအတွက် ဖုန်းရွှေ တွက်ချက်ကာ သင်္ချိုင်းနေရာအဖြစ် အသုံးပြုရန် အကောင်းဆုံး မြေနေရာများကို ရှာဖွေနေပါသည်။ ညအချိန်၌ သူသည် သင်္ချိုင်းတွင်းတူးပြီး သင်္ချိုင်းများကို လုယက်တတ်သည်။

၎င်းတို့သည် ညအချိန်တွင် သရဲနှင့် နတ်ဆိုးများကို မကြာခဏ တွေ့ကြုံရသောကြောင့် အထူးကျွမ်းကျင်မှုများက တိုးတက်လာကာ အထင်ကြီးလောက်သော လေ့ကျင့်မှု ခွန်အားကိုလည်း မကြာခဏ ရရှိကြသည်။

အကယ်၍ သူတို့အဖွဲ့က စွမ်းရည်နည်းပါက သင်္ချိုင်းအတွင်း၌သာ သေဆုံးရလေ့ရှိသည်။ သို့မဟုတ် အစိုးရဆီမှ ဖမ်းဆီးခံရကာ ခေါင်းဖြတ်ခံရတတ်သည်။ နမ်လီကျွန်းဆွယ်သည် လူဦးရေကျဲပါးသောကြောင့် ထိုနေရာရှိ လိုဏ်ဂူများကို လုယက်ရာတွင် အတန်ငယ် မရိုးသားခဲ့ကြပါ။

သို့သော်လည်း ကျွန်းဆွယ်သို့ ပြင်ပလူများ မ၀င်ရောက်နိုင်အောင် တားဆီးရန် လမ်းပေါ်တွင် ဝင်္ကပါအမျိုးမျိုးကို တပ်ဆင်ထားရဆဲဖြစ်သည်။

သူတော်စင်မရွှမ်းက ပြုံးပြီး ပြောလိုက်သည်။

"သခင်လေးက တကယ်ကို စေတနာရှိပြီး ကြင်နာတယ် လေးစားစရာကောင်းတဲ့ သူရဲကောင်းပါ... မဟုတ်ရင် လူတွေရဲ့ နှလုံးသားကို သိပ်ဂရုစိုက်​ပေး​နေမှာ မဟုတ်ဘူး... သခင်လေးလို လူငယ်ဆိုတာ ကမ္ဘာမှာ ဘယ်တော့မှ ပေါ်မလာနိုင်တဲ့ သူရဲကောင်းကြီးပဲ!"

ပိုင်လီမုရဲ့ မျက်နှာသည် တည်ကြည်လေးနက်ပြီး လေးစားမှုကို ပြသ​နေသည်။ သူကလည်း ဝင်ထောက်ခံ၏။

"နာမည်ကြီးမိသားစုက လာပြီး ရည်မှန်းချက်ကြီးတယ်။ အသက်လည်း သိပ်မကြီးပေမယ့် သူ့ရဲ့ အသိပညာနဲ့ ထိုးထွင်းသိမြင်မှုက ​မြင့်တယ်လို့ ခံစားရတယ်...ဒီလောကထဲမှာ ဂိုဏ်းနဲ့ ကျောင်းတွေအားလုံးမှာ ဘယ်သူကများ သခင်လေးကို မလေးစားကြလို့လဲ... သခင်ဘေး ပြောတိုင်းလည်း လက်မထောင်ပြပြီး ကမ္ဘာကြီးကို ကယ်တင်နိုင်တဲ့ နဂါးနဲ့ ကမ္ဘာကို ကယ်တင်နိုင်တဲ့ ရည်မှန်းချက်တွေ ရှိတယ်လို့ ပြောကြတာပဲ"

သူတော်စင်မရွှမ်းကလည်း သခင်​​လေးအား ချီးကျူးစကားကြားရသည့် အတွက် ဝမ်းသာအားရဖြစ်ကာ ပြုံးပြုံးကြီး ပြန်ပြောလိုက်သည်။

"သခင်လေးက ဒီလို ချီးမွမ်းထိုက်သူပဲ..."

နှစ်ယောက်သား စကားပြောနေကြစဉ် ပိုင်လျန့်ခန်းမမှ ကျင့်ကြံသူများဟာ ယဇ်ပလ္လင်ကို တည်ထားပြီး “အဆင်သင့်ဖြစ်ပြီ” ဟု ကျယ်လောင်စွာ အော်လိုက်လေသည်။

ယဇ်ပလ္လင်၏ပုံစံသည် ဖီးနစ်တောင်ထွတ်က ထိုက်ဖျင်ဂိုဏ်းရှိ ယဇ်ပလ္လင်နှင့် အတူတူနီးပါးပင်။ ပိုင်လျန့်ခန်းမက လူသည် ထူးခြားဆန်းပြားသော သားရဲများ၏ သွေးပုံးများကို ယူဆောင်လာပြီး ချောင်းများအတွင်းသို့ သွန်းလောင်းကြသည်။ များမကြာမီ မြေပြင်ပေါ်ရှိ ထူးဆန်းသော စာလုံးပုံစံများသည် သားရဲသွေးများဖြင့် ပြည့်လာကာ ယဇ်ပလ္လင်ကို စတင် ပုံဖော်လာခဲ့သည်။

နောက်ထပ် ရွှေအမြုတေ နယ်ပယ်မှ ကျင့်ကြံသူသည် တိမ်တိုက်တစ်ခုစီကို မြင့်တက်စေကာ မရဏကမ္ဘာလမ်းအား ပွင့်သွားစေ၏။ ကောင်းကင်တွင် ဆယ်ပေအောက်သာရှိသော စက်ဝိုင်းတစ်ခုကို ဖန်တီးလာခဲ့သည်။ ပိုင်လျန့်ခန်းမက ကျင့်ကြံသူတွေက စက်ဝိုင်းကို မပျက်မစီးအောင် ထိန်းထားကြသည်။

လေထဲမှာ ချိတ်ဆွဲထားတဲ့ အဆောင်လက်ဖွဲ့တွေလည်း ရှိနေပါ​သေးသည်။ တောက်​လောင်နေသော လျှပ်စီးအလင်းရောင်သည် မတူတဲ့ အဆောင်လက်ဖွဲ့များကို အတူတကွချိတ်ဆက်ကာ အချင်းဝက် တစ်မိုင်ခန့်ရှိသော နေရာကို ဖုံးအုပ်ထားသည့် ကြီးမားသော ပိုက်ကွန်တစ်ခုအဖြစ် ဖန်တီးထားသည်။

ဒါကတော့ ပန်းရှန်းဂိုဏ်းက တည်ထောင်ထားတဲ့ ကောင်းကင်စုဝေးမြေပိုက်ကွန် ဖြစ်ပါ၏။ ယခု ရတနာရှာဖွေမှုတွင် ပန်းရှန်းဂိုဏ်းနဲ့ ပိုင်လျန့်ခန်းမတို့က ငွေကြေးအမြောက်အမြား သုံးစွဲခဲ့သည်။

ရေကန်ကို မျက်နှာမူထားသည့် ချောက်ကမ်းပါးပေါ်တွင် ပန်းရှန်းဂိုဏ်းမှ ကျင့်ကြံသူတချို့သည် ချောက်ကမ်းပါးပေါ်တွင် ကြိုးများဖြင့် ချိတ်ဆွဲကာ ချောက်နံရံကို အရည်ပျော်အောင်လုပ်ဖို့ ရွှေအမြုတေများကို အသက်သွင်း​နေကြသည်။

ပိုင်လီမု: "ဒီမင်္ဂလာမြေမှာ နေထိုင်တဲ့ ကျင့်ကြံသူက မဟာယာနနယ်ပယ်ကို ကျင့်ကြံထားတဲ့ ဘုရင်ကျန်းခေတ်က ဆရာသမားတစ်ယောက် ဖြစ်နိုက်တယ်... ချောက်ကမ်းပါးနောက်မှာ သူ့ရဲ့ ပျက်ပြယ်နေတဲ့ အနတ္တလေဟာပြင်ဘုံကို လျှို့ဝှက်ထားတယ်... ဂူထဲမှာ ပြုပြင်ထားတဲ့ လေဟာပြင်ဘုံက အချိန်အတော် ကြာသွားတော့ မတည်မငြိမ် ဖြစ်လာပြီး ဒီရတနာမြေကို ပေါက်ကြားစေခဲ့တာ..."

သူတော်စင်မရွှမ်း: "ဂိုဏ်းချုပ်ပိုင်လီမုရော ဒီဂူထဲမှာ ဘယ်သူလဲဆိုတာ သိလား"

ပိုင်လီမုက ခေါင်းယမ်းလိုက်၏။

"မသိဘူး ဒါပေမယ့် ဒီရတနာလှိုဏ်ဂူ တည်ထောင်ချိန်ကို တွက်ကြည့်မယ်ဆိုရင် ဒါ ဘုရင်ကျန်းခေတ် လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ထောင်လောက်က ဖြစ်သင့်တယ်..."

သူတော်စင်မရွှမ်းက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ချောက်ကမ်းပါးများနှင့် ချိတ်ဆက်ထားသော ကောင်းကင်တွင် နှင်းဆီရောင်အလင်းတန်းများ ရှိနေသေးသည်။ ဒါကတော့ ကျယ်ပြောလှသော ကွက်လပ်ကြီးထဲတွင် အဖိုးတန်အလင်းများ ယိုစိမ့်မှုကြောင့် ဖြစ်ပေါ်လာသော ပုံမှန်မဟုတ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။

"ဘုရင်ကျန်းခေတ်က ကျင့်ကြံသူ ဆိုရင်တော့ အတော်လေး မှတ်သားဖွယ် ကောင်းပါတယ်"

ပိုင်လီမု: "လူကြီးမင်းယွင်နီက တောင်ထိပ်မှာ ရှိနေပြီ... ဒီနဂါးမျှော်စင် နန်းတော်ပဲ ဖြစ်ရမယ် တိမ်တွေက တောင်ကြောပေါ်မှာ မွေးဖွားပြီး မြူခိုးတွေက သက်သေပြဖို့ ခက်တယ်တဲ့... ဒီလူက နဂါးမျှော်စင်နန်းတော်ရဲ့ ရတနာဂူကို ရှာဖို့ တောင်တွေ၊ မြစ်တွေနဲ့ ရေကန်တွေရဲ့ လမ်းကြောင်းအတိုင်း လိုက်လျှောက်ပြီး နဂါးမျှော်စင်နန်းတော်ရဲ့ နဂါးစွမ်းအင်ကို ငှားလိုက်တာ... အချိန်တန်ရင် သူ့အလောင်းကို အမတတဲ့အဖြစ် ပြောင်းလဲနိုင်ပြီး သူ့ခန္ဓာကိုယ်ထဲက သန့်စင်တဲ့ ယန်မှော်လက်နက်နဲ့ ကောင်းကင်ကို တက်သွားလိမ့်မယ်"

သူတော်စင်မရွှမ်းလည်း ကျွန်းဆွယ်ရှိ တောင်တန်းများကို ကြည့်လိုက်သည်။ ၎င်းတို့သည် အလွန်များပြားသောကြောင့် အဆောက်အဦးတစ်ခုပေါ်တွင် လဲလျောင်းနေသော နဂါးအစစ်နှင့်ပင် တူသည်။ ကံမကောင်းစွာပဲ ရေကန်ထဲရောက်တဲ့အခါ ချောက်ကမ်းပါးက ရုတ်တရက် ကျိုးပဲ့သွားခဲ့သည်။

"ဒါပေမယ့် ဘာလို့ ဒီမှာ ချောက်ကြီးဖြစ်လာတာလဲ"

ပိုင်လီမု: "ဒီတောင်သူကြီးဟာ ရန်သူရှိလိမ့်မယ်... သူသေပြီးရင် နဂါးမျှော်စင်နန်းတော်ရဲ့ ရတနာလှိုဏ်ဂူကို တစ်ယောက်ယောက်က ဖြတ်တောက်ပစ်တော့ သူ့ခန္ဓာကိုယ်ကလည်း ဖောက်ပြန်ပျက်စီးပြီး အမတ ဖြစ်မလာတော့ဘူး... သူ သန့်စင်ထားတဲ့ မှော်လက်နက်ကလည်း ရေကန်ထဲကို ကျသွားတော့ ရတနာက တစ်ဝက်လောက်ပဲ ကျန်တော့တယ်... မှော်လက်နက်တစ်ခု မဟုတ်တော့ဘူး... ယင်းယန် ရောစပ်သွားတော့ အမတလမ်းကြောင်းကို ဖြတ်တောက်ပစ်တာ"

သူတော်စင်မရွှမ်းရဲ့ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် အရောင်လတ်လာသည်။

"အဲဒါကြောင့် ဂိုဏ်းချုပ်ပိုင်လီမုက ဒါကို သော့ခတ်ပြီး ပျံသန်းသွားတာကို တားဆီးဖို့ ပိုက်ကွန်ကို တည်ထောင်ခဲ့တာပေါ့... သခင်လေးက မရဏကမ္ဘာထဲ ဝင်ရောက်ဖို့ ပိုင်လျန့်ခန်းမကိုပါ လက်တွဲလုပ်ဖို့ တောင်းဆိုခဲ့တာ မထူးဆန်းပါဘူး"

ပိုင်လီမုက ပြုံးပြီး :"သူတော်စင်မရွှမ်း ထက်မြက်တာပဲ....သခင်လေးရဲ့ အချစ်တော်လေး ဖြစ်ထိုက်တယ်"

သူတော်စင်မရွှမ်းလည်း အနည်းငယ် ရှက်သွားတော့သည်။

"မဟုတ်သေးပါဘူး"

ပိုင်လီမုက ရယ်မောလိုက်သည်။

"အနှေးနဲ့ အမြန်ပေါ့"

သို့သော် သူတော်စင်မရွှမ်းက အနည်းငယ် ဝမ်းနည်းစွာ သက်ပြင်းချလိုက်လေသည်။

"သခင်ငယ်မှာ ကြည်ညိုသူတွေ အများကြီးရှိပြီး ကျွန်မထက် သာလွန်တဲ့သူတွေလည်း ရှိတယ် ကျွန်မက သူတို့ထဲက တစ်ယောက်ပဲ သခင်ငယ်လေးက ဘယ်မိန်းက​လေးကို ကြိုက်လဲဆိုတာ ဘယ်သူသိမှာလဲ"

ထိုအချိန်တွင် ချောက်နံရံသည် ရုတ်တရက် ပွင့်သွားပြီး လေးလံသော အသံနှင့်အတူ နဂါးအော်သံကို ကြားလိုက်ရသည်။ ကမ်းပါးနံရံမှာ အဖိုးတန်အလင်းရောင်၏ ရိုက်ခတ်မှုအောက်တွင် ပြိုကျသွားသည်။ ချောက်ကမ်းပါးနံရံကို ဖြိုချဖို့ ရွှေအမြုတေကို သုံးခဲ့သော ပန်းရှန်းဂိုဏ်းက လူသုံးယောက်သည် အလင်းရောင်ကြောင့် အမှုန့်အဖြစ် ပြိုကွဲပျက်စီးသွားကြသည်။

ဧရာမ နဂါးပုံသဏ္ဌာန်ရှိသော သတ္တဝါကြီးသည် ချောက်ကမ်းပါးကို ဖြတ်ကျော်ကာ လေထဲကို ခုန်တက်လိုက်ပြီး လွတ်မြောက်ဖို့ ကြိုးစား​လေသည်။

နဂါးပုံသဏ္ဌာန် သတ္တဝါသည် နဂါးအစစ်မဟုတ်သော်လည်း ငွေရောင်နှင့် ရွှေရောင် အလင်းရောင်များ ဖုံးအုပ်ထားပြီး နဂါးတစ်ကောင်အသွင် ပုံဖော်ထားသည်။ ၎င်းက ချောက်ကမ်းပါးတွင် အချိန်အတော်ကြာ ကျင့်ကြံနေခဲ့ပြီး နဂါးမျှော်စင် နန်းတော်မှ နဂါးစွမ်းအင်ကို စုပ်ယူခဲ့သည်။ နဂါးပုံသဏ္ဌာန်အဖြစ် သန့်စင်ကာ မကြာခင် ရတနာအဖြစ် ပေါင်းစည်းသွားလိမ့်မည်။

ရုတ်တရက် နဂါးပုံသဏ္ဌာန်ရှိသော သတ္တဝါသည် လျှပ်စီးကြောင်းကို ထိမိသွားတာကြောင့် ခန္ဓာကိုယ်က တုန်လှုပ်ကာ လဲကျသွားသည်။ ၎င်းသည် ချက်ချင်းပင် လွတ်နေတဲ့ တစ်နေရာကို ဖြတ်၍ လွတ်မြောက်ရန် ကြိုးစားရင်း မရဏကမ္ဘာထဲသို့ ထွက်ပြေးသွားခဲ့သည်။

ပန်းရှန်းဂိုဏ်းနဲ့ ပိုင်လျန့်ခန်းမက ဆရာကြီးတစ်ဖွဲ့သည် ကောင်းကင်ရှိ စက်ဝိုင်းထဲမှ ချက်ချင်း ဖြတ်ပြေးကာ မရဏကမ္ဘာထဲသို့ တိုးဝင်သွားကြသည်။ လက်နက်မျိုးစုံကိုလည်း ထုတ်ကာ နဂါးပုံသဏ္ဌာန်ရှိသော သတ္တဝါကို တိုက်ခိုက်ကြလေသည်။

ပိုင်လျန့်ခန်းမက သခင်များသည် ခန်းမ၏ မှော်လက်နက်ဖြစ်သော ရွှမ်ကျီးပိုင်ပြန့်အဂ္ဂိရတ်မီးဖိုကိုလည်း ယူဆောင်လာသည်။ ၎င်းကို ထုတ်လိုက်ရင်ပဲ မီးဖိုက ရုတ်တရက် အလွန်ကြီးမားလာပြီး လေးငါးပေမြင့်ကာ ၆ပေ ခန့်ကျယ်လာသည်။ မီးဖိုထဲက မီးတောက်တွေက ကောင်းကင်ကို ပျံတက်သွားပြီး ပိုင်လျန့်ခန်းမရှိ နတ်ပြောင်းလဲခြင်း နယ်ပယ်က တန်ခိုးကြီးတဲ့ သခင်တစ်ယောက်ရဲ့ မှော်အစွမ်းကြောင့် ပိုပြင်းထန်လာသည်။

ဤရတနာမီးဖိုတွင် မီးသွေးခဲတွေသဖွယ် တောက်လောင်နေသည့် မီးပွားများ ထွက်ပေါ်လာသည်။ ၎င်းကိုတော့ တိုက်ရိုက် စိုက်ကြည့်ရန် ခက်​ပေသည်။ ရုတ်တရက် ဓားရှည်တစ်စင်းသည် မီးထဲမှ ပျံထွက်လာပြီး မရဏကမ္ဘာ၏ ကောင်းကင်ယံတွင် ပျံသန်းနေသော ဧရာမနဂါးပုံသဏ္ဌာန် ရှိသော သတ္တဝါကြီးဆီသို့ ခုတ်ထစ်သွားလေသည်။

မီးဖိုထဲက မီးတောက်တွေဟာ ဆက်ပြီးတောက်လောင်နေကာ လက်နက်တွေကလည်း အဆက်မပြတ် ပျံ့လွင့်နေသည်။ ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်သော မီးဖို၏ မှော်ဆန်သော အကျိုးသက်ရောက်မှုသာ။

မီးဖိုထဲရှိ မီးသည် ဓားများ၊ လှံများ၊ ဓားရှည်များနှင့် အခြားလက်နက်များကို အဆက်မပြတ် ထုတ်လွှတ်နိုင်ကာ ရန်သူကို သတ်ဖို့အတွက် အးသုံးနိုင်သည်။ ရန်သူသည် လက်နက် ရှစ်ခု၊ ဆယ်ခုကို ပိတ်ဆို့နိုင်သော်လည်း လက်နက်ပေါင်း တစ်သိန်း သို့မဟုတ် တစ်ထောင်ကို ပိတ်ဆို့နိုင်ပါ့မလား။

ကြီးမားသော နဂါးပုံသဏ္ဌာန် သတ္တဝါကလည်း ထိုနည်းတူပင်။ လက်နက် ဆယ်ခုကျော်ရဲ့ တိုက်ခိုက်ခြင်းကို တားဆီးဖို့သာ အချိန်ရခဲ့သည်။ ဒါကြောင့် ၎င်းဟာ သက်ရှိကမ္ဘာထဲ အမြန်ပြန်သွားခဲ့သည်။ သက်ရှိကမ္ဘာမှာတော့ ပန်းရှန်းဂိုဏ်းက ကျင့်ကြံသူတွေ ရှိနေရာ သူတို့က အကြီးအကဲတစ်ယောက် သင်္ချိုင်းဂူကို တူးဖော်သောအခါက ရရှိသော ရတနာတံဆိပ်ပြားတစ်ခုကို ထုတ်သုံးလိုက်ကြသည်။

မြတ်စွာဘုရားရဲ့ တံဆိပ်တော် ပြိုကျလာသည်နှင့် လက်ငါးချောင်းတောင်၏ အရိပ်သည် လေထဲတွင် ပေါ်လာပြီး နဂါးပုံသဏ္ဌာန် သတ္တဝါကို နှိပ်ကွပ်လိုက်သည်။

အနှီ သတ္တဝါသည်လည်း လက်ငါးချောင်းတောင်တန်းကို ဖြတ်ကျော်ကာ မြေအောက်ကမ္ဘာသို့ ပြန်ပြေးဝင်သွားခဲ့သည်။ ထို့နောက် ရွှမ်ကျီးပိုင်ပြန့်အဂ္ဂိရတ်မီးဖိုမှ ကြိုးတစ်ချောင်း ပြေးတက်ကာ ၎င်း၏လည်ပင်းတစ်ဝိုက်တွင် ချည်နှောင်လိုက်သည်။ အခြေတည်ဝိညာဥ်နဲ့ ရွှေအမြုတေ နယ်ပယ်က သခင်များစွာသည် သံကြိုးကို ဆွဲကိုင်ကာ လေထဲပျံသန်းရင်း ၎င်း၏နောက်ကျောပေါ်သို့ ဆင်းသက်တော့မည်ဖြစ်သည်။

ဧရာမ နဂါးပုံသဏ္ဌာန် သတ္တဝါသည် မရဏကမ္ဘာနဲ့ သက်ရှိ ကမ္ဘာများကြားတွင် သွားလာရင်း လူတိုင်းကို တိုက်ခိုက်ခဲ့သော်လည်း ဘယ်လိုမှ မလွတ်မြောက်နိုင်ပေ။ ၎င်း၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ အလင်းရောင်များသည် ကျုံ့သွားကာ ၎င်း၏ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း သေးငယ်လာပြီး မွေးခါစ အကောင်ပေါက်လို စွမ်းအားမရှိတော့ချေ။

ပိုင်လီမုက ဒါကိုမြင်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ဒီရတနာကိုသာ ဖမ်းမိရင် သခင်လေးရဲ့ ၂၄ နှစ်ပြည့် မွေးနေ့အတွက် လက်ဆောင်အဖြစ် လက်ဆောင်ပေးလို့ရတယ်!"

သူတော်စင်မရွှမ်းလည်း အရမ်းပျော်သွားသည်။

"ဒီက နဂါးဧကရာဇ်အစစ်ကို ကိုယ်စားပြုတဲ့ နဂါးပုံစံပဲ... သခင်လေးသာ ဒီရတနာကို ရရင် ဝမ်းသာမှာ သေချာတယ်"

ပိုင်လီမုက ပြုံးပြီး :"ဒီရတနာက သူတော်စင်မရွှမ်းရဲ့ ကြိုးစားမှုလည်း ပါတယ် ဆိုတော့ သခင်လေးက တခြားမိန်းမတွေထက် ပိုသဘောကျလာမှာပါ..."

သူတော်စင်မရွှမ်းလည်း သူ့စကားကြောင့် အလွန်ဝမ်းသာသွားသည်။ သူမက ရှက်ရွံ့စွာ ခေါင်းငုံ့သွားကာ။

"ကျွန်မသာ မျက်နှာသာရရင် နောင်အနာဂတ်မှာ ဂိုဏ်းချုပ်ရဲ့ ကျေးဇူးကိုလည်း ဘယ်တော့မှ မမေ့ပါဘူး"

ပိုင်လီမုရဲ့ ရတနာတံဆိပ် အရှိန်အဟုန်က တဖြည်းဖြည်း နွမ်းလျလာသည်ကို မြင်လိုက်ရသည်။

"ကမ္ဘာကြီးထဲက နဂါးသွေးကြောတွေကို လှုပ်ခါစေဖို့ နဂါးသံသယကျမ်းကို ကျုပ် လေ့ကျင့်ခဲ့တယ်.... ဒီနေ့ သခင်လေးအတွက် နဂါးကို ချေမှုန်းလိုက်ပြီ... အနာဂတ် သခင်လေး တိုးတက်သွားတဲ့အခါ သခင်လေးအတွက် ကမ္ဘာ့နဂါး သွေးပြန်ကြောတွေကို ဖြတ်တောက်ပြီး နိုင်ငံကို ကာကွယ်ရမယ်"

သူ့နှလုံးသားသည် သူရဲကောင်းဆန်သော စိတ်ဓာတ်ဖြင့် ပြည့်နှက်နေပြီး နဂါးသံသယကျမ်းကို အသက်သွင်းလိုက်သည်။ ကောင်းကင်ယံ၌ နဂါးပုံသဏ္ဌာန်ရှိသော တောင်တန်းကြီးတစ်ခု ပြိုကျလာနေတာကို မြင်လိုက်ရသော် နဂါးပုံသဏ္ဌာန် သတ္တဝါသည် မပျံသန်းနိုင်တော့ကြောင်း သိလိုက်၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ အဖိုးတန်အလင်းရောင်သည် မျိုသိပ်ခံထားရပြီး အတွင်းပိုင်းကို ကျုံ့သွားကာ ၎င်း၏ပုံသဏ္ဌာန်ကို ထင်ရှားလာစေသည်။

နဂါးပုံသဏ္ဌာန် သတ္တဝါ၏ အစစ်အမှန်ပုံစံမှာ ပါးလွှာသော ဓားတစ်လတ် ဖြစ်သည်။ ဓားကိုယ်ထည်သည် စီးဆင်းနေသော ရေနှင့်တူပြီး စွမ်းအင်တွေက ရေထဲ ဝှက်ထားသလိုပင်။ ယင်ရေစင်ထဲတွင် နဂါးငယ်တစ်ကောင်ဟာ ဓားပတ်လည်၌ ကူးခတ်နေတာ မြင်တွေ့နိုင်သည်။ ၎င်းက အလွန်စိုးရိမ်နေပုံရပြီး လူအုပ်ကြီး ဝိုင်းထားတာမှ လွတ်မြောက်ချင်နေသည်။

ပိုင်လီမုသည် ဓားကို ပတ်နေသော နဂါးငယ်ကိုတွေ့တော့ အလွန်ဝမ်းသာသွားသည်။

"သခင်လေးအတွက် ဒါက ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတစ်ခုပဲ"

ဧရာမ နဂါးပုံသဏ္ဌာန်ရှိသော သတ္တဝါကြီးသည် မရဏကမ္ဘာထဲ ဝင်သွားသဖြင့် ပိုင်လီမုလည်း ၎င်းနောက်သို့ လိုက်သွားခဲ့သည်။

သူတော်စင်မရွှမ်းကလည်း အလွန်စိတ်လှုပ်ရှားနေသဖြင့် သူမရဲ့ အင်္ကျီလက်များကို ဝေ့ယမ်းလိုက်သည်။ လက်စွပ်တစ်ကွင်း ပြေးထွက်သွားချိန် သူမရဲ့ အင်္ကျီလက်များကို ရုတ်သိမ်လိုက်လေရာ သူမ၏နူးညံ့သော ခန္ဓာကိုယ်က ပျံတက်သွားပြီး လက်စွပ်ကိုဖြတ်ကာ မရဏကမ္ဘာဆီသို့ ဖြတ်သန်းသွားခဲသည်။

သူမသည် နဂါးကို ဖမ်းရန် ကူညီပေးတော့မည့် ခွာသံကို ရုတ်တရက် ကြားလိုက်ရရယ အသံကြားရာဘက်ကို လှမ်းကြည့်ရင်း အံ့ဩသွားသည်။

ကျယ်ပြောလှသော မရဏကမ္ဘာတွင် ထူထဲသော နတ်ဆိုးမီးများ ဖုံးလွှမ်းနေသည့် ခွေးကြီးတစ်ကောင်သည် သူတို့​ဘက်သို့ ပြေးလာနေ၏။ ခွေးဘီလူးကြီး၏ ဦးခေါင်းပေါ်တွင် လှံတစ်ချောင်းကိုင်ဆောင်ထားသည့် အရုပ်သေးသေးလေးတစ်ကောင် ရပ်နေသည်။

သူမသည် ခိုးဝင်တိုက်ခိုက်မှုများကို သတိထားဖို့ လူတိုင်းကို သတိပေးနေသော်လည်း ခွေးဘီလူးကြီးက အလွန်လျင်မြန်လှသည်။ ၎င်းတိုးဝင်လာတဲ့အခိုက် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အခြေတည်ဝိညာဥ် နယ်ပယ်နှင့် နတ်ပြောင်းလဲခြင်း နယ်ပယ်သခင်များ လွင့်စင် လဲကျသွားသည်။

ခွေးကြီးသည် ခြေထောက်ကို မြှောက်ကာ ရွှမ်ကျီးပိုင်ပြန့် မီးဖိုကို ရိုက်ချပစ်လိုက်သည်။ ပိုင်လျန့်ခန်းမက သခင်များခမျာ ဤမှော်လက်နက်ကို လုံးဝ မထိန်းချုပ်နိုင်သလို ဖြစ်သွားခဲ့သည်။ ရွှမ်ကျီးပိုင်ပြန့် မီးဖိုကို ရိုက်ပြီးနောက် လှည့်ပတ်ကာ လေချွန်သံနှင့်အတူ မရဏကမ္ဘာဆီသို့ ပြေးဝင်သွားခဲ့သည်။ မီးဖိုဆီမှ ဓားတိုများ၊ လှံများ၊ ဓားရှည်များနှင့် အခြားရတနာများသည် ပျံထွက်လာပြီး လမ်းကြောင်းအားလုံးကို ပစ်ခတ်ခဲ့သည်။

အ​ခြေတည်ဝိညာဥ် နယ်ပယ်က သခင်အများစုမှာ ရှောင်တိမ်းချိန် မရလိုက်တာကြောင့် တစ်ဝက်စီ ဖြတ်တောက် ခံခဲ့ရသည်။ နောက်ကျောကို ချွန်ထက်သောဓားဖြင့် ထိမှန်သောအခါတွင် အခြားလူတစ်ဦးက ရှောင်တိမ်းနေသေးပြီး သူကတော့ အသက်မရှင်တော့ကြောင်း သိသာထင်ရှားနေပါပြီ။

ပိုင်လီမုလည်း ထိတ်လန့်ပြီး ဒေါသထွက်သွားသည်။ သူသည် ဧရာမခွေးကြီးရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားနေချိန် ဧရာမခွေးကြီးအပေါ်မှ မှော်မီးကြောင့် သူ့ဝိညာဉ်တောင် မီးလောင်ကျွမ်းလုနီးပါး ဖြစ်သွားသဖြင့် အထိတ်တလန့် ဖြစ်သွားခဲ့ရသည်။

"ကြီး!"

ခွေးကြီး၏ နဖူးမှ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။ ပိုင်လီမုမှာ ၎င်းရဲ့အဓိပ္ပာယ်ကို နားမလည်ပါ။ သူ့မျက်လုံးများ မှုန်ဝါးလာချိန်၌ မီတာများစွာ ရှည်လျားသော လှံတစ်စင်း သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

ပိုင်လီမုလည်း ထိတ်လန့်ပြီး ဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို နတ်ဝိညာဉ်ဖြင့် ပိတ်ဆို့လိုက်သော် နတ်ဝိညာဥ်က လှံဖြင့် အထိုးခြင်းခံလိုက်ရတာကြောင့် လူကပါ ခြေလှမ်းတစ်ရာလောက် လျှောကျပြီး နောက်ဆုံးမှ ရပ်သွားခဲ့သည်။

"သေး!"

ဤအသံနှင့်အတူ လှံက ရုတ်တရက် ပျောက်ကွယ်သွားပြန်၏။ ပိုင်လီမုသည် လှံဟာ မရေမတွက်နိုင်သော အကြိမ်ရေများဖြင့် ကျုံ့သွားတယ မြင်လိုက်ရပြီး ခွေးကြီး၏ထိပ်တွင် လူက ကြီးပြင်းလာခဲ့သည်။ ၎င်းသည် သူ့လက်ဝါးထဲမှ ပျံထွက်သွားပြီး ပိုင်လျန့်ခန်းမနဲ့ ပန်းရှန်းဂိုဏ်းက သခင်များ၏ ခန္ဓာကိုယ်များကို တစ်ခုပြီးတစ်ခု ထိုးဖောက်သွားခဲ့သည်။

ထိုလူက သေနတ်ကို လှမ်းကိုင်လိုက်ပြီး နဂါးပုံသဏ္ဍာန် သတ္တဝါ၏ ခေါင်းပေါ်သို့ ခုန်တက်ကာ

"ရပြီ.... မြန်မြန်!"

ဧရာမ ခွေးကြီးသည် ခုန်တက်ကာ နဂါးပုံသဏ္ဌာန် သတ္တဝါ၏ အမြီးကို ကိုက်လိုက်သည်။ နဂါးကလည်း တစ်ချက် လှည့်ကြည့်ကာ အစွမ်းကုန် ဟောက်ရင်း ထွက်ပြေးသွားခဲ့သည်။

ပိုင်လီမု ထိတ်လန့်တုန်လှုပ်သွားပြီး ဒေါသတကြီး ပြေးလိုက်ရာ ထိုလူသည် နဂါးခေါင်းပေါ်၌ ရပ်နေပြီး လှံကို ကိုင်ထား၏။ နဂါးပုံသဏ္ဌာန်ရှိသော သတ္တဝါသည် ထိုလူ၏ရိုင်းစိုင်းသော စွမ်းအားကြောင့် ဖြိုခွဲခံရပြီး အဆက်မပြတ် ကျုံ့သွားခဲ့သည်။ မကြာခင်မှာပဲ ဓားပါးပါးလေး ဖြစ်သွားပြီး အဲဒီလူရဲ့လက်ထဲမှာ ဖမ်းမိသွား၏။

"ဟမ်... စုတ်တံထိပ်နဲ့လည်း မတူဘူး..."

ကလေးဆန်သော အသံကို ကြားရသည်။ အတော်လေး ငယ်သေးတဲ့ အသံပင်။

"ထူးဆန်းလိုက်တာ... စုတ်တံထိပ်က ဓားသွားဖြစ်သွားလို့များလား..."

ပိုင်လီမုသည် ထိုလူက လှံခေါင်းကို ဆွဲထုတ်ပြီး နဂါးဓားကို လှံခေါင်းပေါ်တွင် ထိုးထည့်နေတာ မြင်လိုက်ရသည်။

"သေစမ်း!"

ပိုင်လီမု ဒေါသထွက်သွားသည်။

All Chapters