လန့်လောက်စရာ သတင်း
Vol. 90 Ch. 1253
ရှီမာယူယူသည် သူပြောသည်ကိုကြားလိုက်ပြီးနောက် ချွေးအေးများ လှိမ့်စီးကျလာသည်။
သူမသည် လက်ဖက်ရည်ကျိုချက်စဉ်က ထိုစကားကိုပြောခဲ့သည်။ သို့သော် အခု သူ့ဆီမှကြားရသဖြင့် ထူးဆန်းနေသလိုပင်။
သို့သော် သူမ များများစားစား မစဉ်းစားလိုက်ရခင်မှာပင် မိုယွိသည် လက်နှစ်ဖက်ဖြင့် ချိပ်ပြုလုပ်ရာ အနက်ရောင်အလင်းတန်းသည် ထိုဝိညာဉ်များ ဆီသို့သွားကာ ပိတ်လှောင်ထားလိုက်သည်။ ထိုလန့်လောက်စရာ အဖြစ်အပျက်အပြီးတွင် ထိုဝိညာဉ်များသည် တဖြည်းဖြည်းပြန့်ကျဲသွားကာ တောက်ပသော အလင်းငယ်များအဖြစ်ပြောင်းပြီး မြင်ကွင်းများ တစ်ခုပြီး တစ်ခုပေါ်လာလေသည်။
ရှီမာယူယူသည် ထိုမြင်ကွင်းကိုမြင်ပြီးနောက် ငေးငိုင်သွားကာ ထိုလူများ စကားပြောသည်ကို နားထောင်နေမိသည်။
မြင်ကွင်းထဲတွင် ထိုလူများ၏ ပုံပန်းသဏ္ဍာန်မှာ မသဲမကွဲပင်။ သို့သော် သူတို့အသံကိုတော့ ရှင်းလင်းစွာကြားရသည်။ သူတို့သည် အဂ္ဂိရတ်ပညာရှင် အသင်း၊ လက်နက်သခင်များအသင်းအပြင် တခြားသော အသင်းများကိုလည်း တိုက်ခိုက်ရန် အစီအစဉ်ရှိကြောင်း ပြောနေခြင်းဖြစ်သည်။
သို့သော် ထိုသို့ဆိုသော်လည်း ထိုအင်အားစုနှင့်ပတ်သတ်ပြီး မည်သည့် သတင်းမှမရပေ။ ကြည့်ရသည်မှာ ထိုလူအနည်းငယ်သည် အဓိကလူများ မဟုတ်သည့်ပုံပင်။
နောက်ပိုင်းတွင် သူမသည် သတင်းများကို တဖြည်းဖြည်း ကြေညက် အောင်လုပ်လိုက်သည်။
မြင်ကွင်းများသည် အလင်းနှင့်အတူ ပျောက်ကွယ်သွားသည်။ ဆိုလိုသည် မှာ ထိုဝိညာဉ်များပါ ပျောက်ကွယ်သွားကာ တစ္ဆေလောကသို့သွားရန် အခွင့် အရေးမရှိတော့ပေ။
“ဘယ်လိုလဲ အသုံးဝင်လား” မိုယွိ လှုံ့ဆော်လေသည် “သင်ချင်လား”
ရှီမာယူယူသည် သတိပြန်ဝင်လာကာ ပြောလိုက်သည် “ဒီတစ်ခုက တကယ်ပဲ အံ့ဩလောက်စရာပါပဲ ဒါပေမဲ့ ကျွန်မအတွက် အသုံးမဝင်ဘူး”
“မင်း တစ္ဆေလောကကို သွားတဲ့အခါကျအသုံးဝင်လာလိမ့်မယ်” မိုယွိ ဆက်ပြောလေသည် “မင်း တစ္ဆေလောကကိုရောက်ရင် အမှောင်အရည်အချင်း တစ်ခုပဲ သင်ရမှာမဟုတ်ဘူးလေ အခုအမှောင်ဝိညာဉ်စွမ်းအင်သုံးနိုင်မှတော့ အခုပဲသင်လိုက်တော့”
“အမှန်ပဲ ဒါပေမဲ့ ရှင့်ကိုဆရာလို့မခေါ်နိုင်ဘူး ကျွန်မက ရှင့်ကို လက်ဖက် ရည်ကျိုချက်နည်းသင်ပေးလည်း ဆရာလို့မှမခေါ်တာ” ရှီမာယူယူသည် စကား လှည့်နေတုန်းပင်ဖြစ်သည်။
“မင်း မသင်ချင်ဘူးလား” သူမ ဆက်ပြီးငြင်းဆန်နေသဖြင့် မိုယွိသည် စိတ်မရှည်နိုင်တော့ပေ။ သူက သင်ချင်နေတာကို သူမ ဆက်ငြင်းနေဦးမယ်ဆို ရင် သူ…သူ တကယ်သဘောတူလိုက်တော့မှာ။
“ကျွန်မက ရှင့်တပည့်မဟုတ်ရင်တောင် သင်လို့ရတယ်” ရှီမာယူယူ ဆက် ပြောလေသည် “ကျွန်မတို့ လက်ဖက်ရည်ကို စူးစမ်းရှာဖွေလို့ရသလို အမှောင် အရည်အချင်းကိုလည်း အတူဆွေးနွေးလို့ရတယ်လေ ဟုတ်တယ်မလား”
“…”
သူတို့နှစ်ယောက်သည် နေ့တစ်ဝက်နီးပါး ဆွေးနွေးပြီးနောက် မိုယွိသည် သူမကို အမှောင်အရည်အချင်းသင်ပေးပြီး သူမကို တပည့်အဖြစ် မသတ်မှတ် ရန် ဆုံးဖြတ်လိုက်သည်။
“မင်း ငါ့တပည့်ဖြစ်သွားရင် နောက်တစ်ခါ မင်းတစ္ဆေလောကကို ရောက် ရင် ဘယ်သူမှမင်းကို မသင်ရဲတော့ဘူး” မိုယွိသည် သူမ အရှုံးပေးမလားဟု ကြည့်လေသည်။
ရှီမာယူယူသည် ရယ်မောပြီး ပြောလေသည် “ကျွန်မ တစ္ဆေလောကကို သွားရင် ရှင်လည်း အဲမှာရှိမှာပဲ ကျွန်မအကူအညီတောင်းရင် ရှင်ငြင်းနိုင်မှာ မဟုတ်ပါဘူး”
“တခြားသူတွေရဲ့ မျက်လုံးထဲမှာ ငါက တစ္ဆေမိဖုရားရဲ့ ဘက်တော်သား လို့ထင်နေတာ၊ မင်းက တစ္ဆေမိဖုရားနဲ့ ရန်သူတွေပဲ” မိုယွိ ပြောလေသည်။
“ဒါပေမဲ့ တကယ်ကဟုတ်မှမဟုတ်တာ” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ ရှင့်သရုပ်မှန်နဲ့ဆိုရင် ကျွန်မအမေအကြောင်းကို သိမှာပေါ့ ဟုတ်တယ် မလား”
“နည်းနည်းပါ ဒါပေမဲ့ ငါက အဲလိုကိစ္စတွေကိုဝင်မပါဘူး အဲတော့ သေချာ မသိဘူး”
“ဒါဆိုရင် ဘာသိလဲ ပြောပြလို့ရမလား”
“တကယ်တော့ တစ္ဆေဧကရာဇ်အကြောင်းပါပဲ သူက မင်းအဘိုးလေ မင်းအမေကို ပြန်ခေါ်လာတော့ တချို့တွေက မင်းအမေကိုသတ်ပေးဖို့ ပြဿနာ ရှာကြတယ် ဒါပေမဲ့ နောက်ဆုံးတော့ သူမက ပိတ်လှောင်ခံလိုက်ရတယ်ထင် တယ်”
ရှီမာယူယူသည် ဒိကျဲ့ပြောခဲ့သည်များနှင့် ယှဉ်ကြည့်သည်။ သူတို့ နှစ် ယောက်လုံးပြောသမျှသည် တူညီလုနီးပါးဖြစ်သဖြင့် အမှန်ဖြစ်နိုင်သည်။
“ဒါဆိုရင် ကျွန်မအမေ ဘယ်မှာပိတ်လှောင်ခံရလဲဆိုတာ သိလား”
“ငရဲချောက်မှာ” မိုယွိ ဆက်ပြောလေသည် “ဒါပေမဲ့ ငါ အဲဒါကို အတည် မပြုခဲ့ပါဘူး”
“ဝမ်းကွဲအစ်ကိုကလည်း အဲလိုပဲပြောတယ် အဲတော့ မှန်လောက်မယ်” ရှီမာယူယူ ဆက်ပြောလေသည် “ကြည့်ရတာ ကျွန်မအမေကို ခေါ်ထုတ်ဖို့က မလွယ်လောက်ဘူးပဲ”
“တစ္ဆေဧကရာဇ်တောင် အဲနေရာကို အလွယ်တကူခြေမချဘူး မင်းအမေ ကိုကယ်ချင်ရင် နောက်ထပ် နှစ် တစ်ထောင်လောက် ထပ်စောင့်ဖို့လိုမယ်ထင် တယ်” မိုယွိ ပြောလိုက်သည်။
“ကျွန်မအမေကို အဲလောက်ကြာအောင် ဒုက္ခခံခွင့်မပြုဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်မ သူကိုခေါ်ထုတ်မှာ”
မိုယွီသည် သူမ၏ ပြတ်သားသောအကြည့်ကိုမြင်သောအခါ စိတ်ထဲတွင် သူမ မလုပ်နိုင်ဟု တွေးနေသော်လည်း သူမကို ယုံကြည်မိသည်။
“အဲလိုဆိုမှတော့ မင်း အမှောင်အရည်အချင်းကို သင်သင့်တယ်၊ မင်း အဲဒီ ကိုရောက်ရင် အလင်းအမျိုးအစားဝိညာဉ်စွမ်းအင် နည်းတယ် အဲတော့ မင်း သုံးပြီးရင် ပြန်ဖြည့်ဖို့လွယ်မှာမဟုတ်ဘူး မင်း ဘယ်လောက်အားကောင်း ကောင်း အသုံးမဝင်ဘူး”
“ဒီသတင်းကို ကျန်တဲ့သူတွေကို သွားပြောလိုက်ဦးမယ် ပြီးရင် ဒီ အမှောင် စွမ်းအင်ကို ထုတ်နိုင်မလားဆိုတာ စစ်ကြည့်ရမယ် ဖြစ်နိုင်မယ်ဆိုရင် ရှင့်ဆီက အမှောင်အရည်အချင်းကို သင်ပါ့မယ်” ရှီမာယူယူ ပြောလိုက်သည်။
သူတို့နှစ်ယောက်မြို့ထဲသို့ပြန်ရောက်သည်နှင့် ချက်ချင်းပင် ဟော်ချန်းဒုံ ဆီသို့သွားပြီး သတင်းပြောပြလိုက်သည်။ သူတို့သည် အသင်းအဖွဲ့ဝင်များ သတိထားနေရန် သတင်းပေးလိုက်ပြီးနောက် သူမသည် နေထိုင်သည့် ခြံဝန်းဆီ သို့ ပြန်သွားလိုက်သည်။ သူတို့ အပြင်ကပြန်လာခြင်းကြောင့်သာမဟုတ်လျှင် သူတို့အပြင်ထွက်သွားသည်ကို တခြားသူများ သိလိုက်မည်မဟုတ်ပေ။
ဟော်ချန်းဒုန်သတင်း ဖြန့်လိုက်သည် မဖြန့်လိုက်သည်ကိုတော့ ရှီမာယူယူ အတည်မပြုတော့ပေ။ သူမ၏ လက်ရှိအခြေအနေနှင့် သရုပ်မှန်အရ ဘာမှမတတ်နိုင်ပေ။ သူမသည် ဘိုင်ရှန်းကို အသည်းကွဲတောင်ကြားအဖွဲ့ဝင် များ သတိထားရန် တောင်ကြားသို့ သတင်းပို့ခိုင်းလိုက်သည်။ ပြီးနောက်တွင် မုန့်ဆန်းချွမ်ဆီမှတစ်ဆင့် ကောင်းကင်ဂိုဏ်း၊ အဂ္ဂိရတ်ပညာရှင်များအသင်း ဆေးအဖွဲ့ခွဲများကို သတင်းဖြန့်ခိုင်းလိုက်သည်။
အင်အားစုသုံးစုသည် ထိုသတင်းကိုရပြီးသည်နှင့် အရေးကြီးသော သတင်းဖြစ်သည်ကို သိလိုက်သည်။ အထူးသဖြင့် သူတို့ကိုရည်ရွယ်နေသည်ကို အဂ္ဂိရတ်ပညာရှင်အသင်း ကြားလိုက်ရသည်။ ထိုအရာနှင့် အဂ္ဂိရတ်ပြိုင်ပွဲ အတွင်းတွင် မည်သည့်လှုပ်ရှားမှုလုပ်မည်ကို မသိနိုင်သောကြောင့် ပေါ့ပေါ့ တန်တန်သဘောမထားနိုင်ဘဲ သူတို့ကာကွယ်ရေးကိုတင်း ကြပ်လိုက်သည်။
အသည်းကွဲတောင်ကြားနှင့် ကောင်းကင်ဂိုဏ်းတို့သည် ဘေးပတ်ဝန်း ကျင်ကို သေချာစောင့်ကြည့်ကြသည်။ သူတို့သည် ထိုအင်အားစုများအကြား ဝင်ပါရမည်ကို စိုးရိမ်မိသည်။
သူတို့ကို သတင်းပေးပြီးသည်နှင့် ရှီမာယူယူသည် တခြားကိစ္စများကို ဂရုစိုက်ရန်မလိုတော့ပေ။ ထို့ကြောင့် အားလုံးအလုပ်များနေချိန်တွင် သူမ အားနေသည်။
မိုယွိထွက်သွားသဖြင့် သူမ တစ်ယောက်တည်း ဝိညာဉ်စေတီအတွင်း ဝင်ခဲ့လိုက်သည်။
“ငါ ခဏနေရင် အမှောင်စွမ်းအင်အရည်အချင်းကို လွှတ်ကြည့်ဖို့ ကြိုးစား ကြည့်မယ်၊ အလင်းအရည်အချင်းနေရာ ခဏအစားဝင်မှာပေါ့၊ ဒီဖြစ်စဉ်အတွင်း ကို အန္တရာယ်တစ်ခုခုဖြစ်လာတယ်ဆိုရင် မင်းတို့ အမှောင်ဝိညာဉ်စွမ်းအင်ကို ဖိနှိပ်ရမယ်” ရှီမာယူယူသည် သားရဲများအားလုံးကို ဆင့်ခေါ်ပြီး အမိန့်ပေးလိုက် သည်။
“ယူယူ စိတ်မပူနဲ့ ယူယူကို အိပ်မက်လေးတို့ ဘာမှအဖြစ်မခံဘူး” အိပ်မက်လေး ပြောလိုက်သည်။
“ဟုတ်တယ် တစ်ခုခုဖြစ်လာရင်လည်း ဒီမှာချင်ယိရှိတယ်” ရှောင်ချီ သဘောတူလိုက်သည်။
ဝိညာဉ်စေတီတစ်ခုလုံးတွင်.. မဟုတ်သေးဘူး တစ်ကမ္ဘာလုံးဟု ပြောရ ပေမပေါ့.. သူမ တစ်ယောက်တည်းသာ ချင်ယိကိုဆင့်ခေါ်ရန် ယုံကြည်ချက်ရှိ နေခြင်းဖြစ်သည်။
ရှီမာယူယူသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ အံ့ဖွယ်အသိ စိတ် အတွင်းပိုင်းထဲသို့ နစ်ဝင်လိုက်ပြီး စွမ်းအင်စီးရာလမ်းကြောင်းအတိုင်း အပ်စိုက်သည့်အဓိကနေရာများသို့ သွားလိုက်သည်။
အမှောင်စွမ်းအင်သည် အပ်စိုက်သည့်အဓိကနေရာများသို့ ရောက်နေ သည်မှာ ကြာပြီဖြစ်သည်။ ချိပ်ပိတ်ထားသော်လည်း ဘေးပတ်ပတ်လည်မှ ဝိညာဉ်စွမ်းအင်များနှင့် ယှဉ်ပြိုင်ရန် တစ်ခါတစ်ခါ အမှောင်ရောင်ဝါကိုထုတ် လွှတ်ဆဲပင်ဖြစ်သည်။ တခြားသော စွမ်းအင်များသည် ရေငြိမ်ဟုဆိုပါက အမှောင်ဝိညာဉ်အရည်အချင်းသည် အနည်းငယ်လှိုင်းဂယက်ထတတ်သည်။
“ကောင်းကင်ဘုံက တခြားဝိညာဉ်စွမ်းအင်အကုန်လုံးကို ချိပ်ပိတ်နိုင် တယ် ဒါပေမဲ့ ဒီနိုင်ငံမှာတော့ အမှောင်ဝိညာဉ်စွမ်းအင်ကို ချိပ်ပိတ်ဖို့တော့ ကျော်သွားတာပဲ” သူမ သက်ပြင်းချရင်းနှင့် အပ်စိုက်သည့်နေရာမှထွက်ကာ အမှောင်ဝိညာဉ်စွမ်းအင်ရှိသည့်နေရာသို့ သွားကာ ရှာလိုက်သည်။ ချိပ်တွင် အက်နေသည်ကိုကြည့်ပြီး သူမသည် အမှောင်ဝိညာဉ်စွမ်းအင်ကို အပြင်သို့ ဆွဲခေါ်လာလိုက်သည်။
ရှောင်ချီနှင့် တခြားသူများသည် သူမကို စိုးရိမ်တကြီးကြည့်နေကြသည်။ သူမအတွင်းမှ ပြောင်းလဲသွားသော ရောင်ဝါကို သူတို့ သေချာပေါက် ခံစားမိကြ သည်။ အမှောင်ရောင်ဝါသည် ဖြည်းညင်းစွာ ရစ်ပတ်ပြီးနောက် ပြန်ဆုတ်သွား ကာ သူမကိုယ်ထဲသို့ ဘာမှမဖြစ်သလို ပြန်ရုတ်သွားလေသည်။
သူမ မျက်လုံးများပွင့်လာသည်ကို ကြည့်ပြီး အားလုံးသည် စိုးရိမ်တကြီး မေးလေသည် “ယူယူ မအောင်မြင်ဘူးလား”
ရှီမာယူယူ ပြုံးလိုက်ကာ သူမ ညာဘက်လက်ကိုလှန်လိုက်ရာ လက်ဖဝါး ပေါ်တွင် အနက်ရောင် ဝိညာဉ်စွမ်းအင်လုံး ပေါ်လာလေသည်။
***