မယုံနိုင်စရာအရည်အချင်း
Vol. 90 Ch. 1255
မိုယွိ မပြောလိုက်သော အချက်တစ်ချက်ရှိသည်။ သူ အရှုပ်အထွေးများကို အရင်အာရုံခံမိပြီး သူမ၏ အရေးပါပုံကို သိလိုက်ခြင်းမဟုတ်ပေ။ သူ အရှုပ် အထွေးများကို အာရုံခံပြီးမှပင် သူမကို ပြောခြင်းဖြစ်သည်။
ထိုအခြေအနေတွင် အကြောင်းအရင်းနှစ်ခုရှိသည်။ ပထမအချက်မှာ သူမ သည် ထိုအရှုပ်အထွေးတွင် အရေးပါသည်။ နောက်တစ်ခုမှာ သူမကြောင့် ထို အရှုပ်အထွေးဖြစ်လာခြင်းဖြစ်သည်။
စဉ်းစားပြီးနောက်တွင် နောက်တစ်ချက်မှာမဖြစ်နိုင်ဟု သူတွေးလိုက် သည်။ တစ္ဆေလောကက လူတစ်ယောက်ကြောင့်မို့နဲ့ ဘယ်လိုလုပ် အရှုပ် အထွေးဖြစ်နိုင်မှာလဲ။ ထို့ကြောင့် သူသည် ပထမအကြောင်းအရင်းကို ကောက်ချက်ချလိုက်ခြင်းဖြစ်သည်။
သို့သော် မဖြစ်နိုင်သောအရာများကပင် အဖြစ်အပျက်၏ အကြောင်း အရင်း ဖြစ်နိုင်သည်။
“ကျွန်မ နားမလည်တာရှိသေးတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ပြောပါ”
“နောက်တစ်ခါ ဒီအရှုပ်အထွေးမှာ ကျွန်မက အသုံးဝင်မဲ့မယ်ဆိုရင် တောင် ကျွန်မက နွေးထွေးတဲ့သူမဟုတ်ဘူး ဘာလို့ကျွန်မကိုသင်ပေးတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ဘာလို့လဲဆိုတော့… ပျင်းလို့လေ” မိုယွိ ဆက်ပြောလေသည် “တစ္ဆေ လောက,က ခလောက်ဆန်မယ်ဆိုပေမဲ့ ငါ့အတွက်တော့ ဒါက အကြာကြီး ငြိမ်းချမ်းလာတာပဲ တော်တော်တောင်ကြာခဲ့ပြီ…. ငါ စိတ်လှုပ်ရှားစရာကို မြင်ခဲ့ တာ”
“ကျွန်မအမေ ကိစ္စတုန်းက စိတ်လှုပ်ရှားစရာမကောင်းဘူးလို့ ပြောတာ လား”
“ငါက မင်းအမေကိစ္စမှာ ဝင်ပါတာမှမဟုတ်တာ ဘယ်လိုလုပ် စိတ်လှုပ် ရှားတယ်လို့ ပြောလို့ရမှာလဲ” မိုယွိ ဆက်ပြောလေသည် “ပြီးတော့ အဲဒါက ကိစ္စကြီးလို့ တွက်လို့မရဘူး အဲတော့ ဘာမှစိတ်လှုပ်ရှားစရာမရှိဘူး”
“….”
ရှီမာယူယူသည် ဆွံ့အသွားသည်။ ထိုသတင်းသည် တစ္ဆေလောကတွင် ပွက်လောရိုက်သွားစေသည်ဟု ဒိကျဲ့ပြောခဲ့သည်။ အဲဒါက သူ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားစရာမကောင်းသေးဘူးလား။
“ဟုတ်ပြီ မင်းမေးစရာရှိသေးလား မရှိတော့ရင် အခုစလို့ရပြီလား” မိုယွိ မေးလိုက်သည်။
“ရတာပေါ့”
ရှီမာယူယူသည် မေးခွန်းများကို သိမ်းထားလိုက်တော့သည်။ သူ သူမကို သင်ပေးလိုသည့် ရည်ရွယ်ချက်မှာ မည်သို့ပင်ဖြစ်စေကာမူ နောက်မှစဉ်းစား တော့မည်။
တစ်ခြားသောကိစ္စများကိုတော့ ဖြစ်လာမှပဲ ဖြေရှင်းတော့မည်။ ထပ်ပေါင်းပြောရလျှင် ထိုနောက်တစ်ကြိမ်မှာ သူမ တစ္ဆေလောကသို့သွားမည့် အချိန်ဖြစ်နိုင်သည်။
မိုယွိသည် အရင်က မသင်ပေးဖူး၍ဖြစ်မည်၊ သူသင်ပေးသော အမှောင် အရည်အချင်းသည် တိုတောင်းလေသည်။ သူမကို တစ်ခါရှင်းပြပြီး တစ်ခါသာ ပြပေးပြီးနောက် သူရှင်းပြသည့်အတိုင်း သူမကို လေ့ကျင့်စေသည်။ ပြီးနောက် သူသည် ဘေးတွင်ထိုင်ပြီး လက်ဖက်ရည်သောက်ရင်းနှင့်ကြည့်လေသည်။
သူသည် ရှီမာယူယူကဲ့သို့ ပါရမီရှင်ကို တွေ့ခြင်းကြောင့်သာ ထိုနည်းလမ်း ဖြင့် သင်ပေးနိုင်ပြီး ထိုအမှောင်အရည်အချင်းများကို အကျဉ်းချုံးပြောပြလို့ရ ခြင်းဖြစ်သည်။ မိုယွိ သူမကို မည်မျှခက်သည့် အမှောင်အရည်အချင်းကို သင်ပေးစေကာမူ သူမသည် တစ်ရက်အတွင်းတွင် လိုက်နိုင်လေသည်။ ထူးချွန် လောက်အောင်ထိ မဟုတ်သော်လည်း ထိုသည်မှာ အချိန်နှင့်အမျှစွမ်းဆောင် နိုင်ခြင်းဖြစ်သည်။
မိုယွိသည် သူမ သင်ယူတတ်မြောက်သော အမြန်နှုန်းကို မြင်သောအခါ အလွန်အံ့ဩ မိလေသည်။ လေ့ကျင့်မှုနဲ့ဆိုရင်တော့ အမှောင်အရည်အချင်းနဲ့ အလင်းအရည်အချင်းနှစ်ခုလုံးကို တတ်မြောက်ဖို့ အချိန်အများကြီးမလိုဘူးပဲ။
သို့သော် ရှီမာယူယူသည် ထိုသို့မတွေးပေ။ သူမသည် သူမအမေ၏ အရည်အချင်းကို ဆက်ခံထားသော်လည်း တခြားသော အခြေအနေများ လိုအပ် သေးသည်။
ဥပမာဆိုရလျှင် လက်ရှိ သူမနားလည်ထားသော စည်းမျဉ်းသည် အားအကောင်းဆုံး၊ ရှေးအကျဆုံး၊ ကောင်းကင်ဘုံစည်းမျဉ်းနှင့်အနီးစပ်ဆုံးဖြစ် ပြီး အမှောင်လောက၏ အဆီအနှစ်ကိုနားလည်ရန် အထောက်အကူဖြစ်စေ သည်။ မဟုတ်လျှင် ကြီးမားသော အထောက်အကူဟု ဆို၍ရသည်။
ပြီးနောက် အရေးကြီးသော အကြောင်းအရင်းတစ်ခုရှိသေးသည်။ ထိုသည်မှာ မိုယွိ၏ သင်ကြားမှုနည်းလမ်းဖြစ်သည်။ သူသည် နည်းလမ်းများကို သာ သင်ကြားပြီး တစ်ခါတည်းထုတ်ပြသော်လည်း သူသည် တစ္ဆေလောကမှ တန်ခိုးကြီးသူဖြစ်သည်။ သူ၏ အမှောင်အရည်အချင်းသည် သာမန်လူ နားလည်ရန်မဖြစ်နိုင်ပေ။ သူ့ဆီမှ သင်ယူရခြင်းသည် ရိုးရှင်းသည်ဟု ထင်ရ သော်လည်း သန့်ရှင်းသည်။ ထို့ကြောင့် ရှီမာယူယူ၏ သံသယကို အမှန်ကန်ဆုံး သင်ကြားမှုဖြင့် ရှင်းလင်းအောင်လုပ်မည်ဖြစ်သည်။ ရှီမာယူယူအတွက်ကတော့ ထိုအရာသည် သူမကို အားထုတ်မှုလျော့စေသည်။
မိုယွိ သူမ အရည်အချင်းများကို ကြုံတွေ့ပြီးနောက်တွင် မည်သည့်အရာ တွေးရတော့မည်ကို မသိတော့ပေ။ တစ်လကြာပြီးနောက်တွင် သူမ၏ အမှောင် အရည်အချင်း ထပ်ပေါင်းပြောရလျှင် တစ်ရက်ကိုအရည်အချင်းတစ်ခုသင်ယူ ခြင်းသည် သူ၏ အရည်အချင်းများကို ခွဲဝေပေးရသလိုပင်။
ပြီးနောက် သိသာစွာပင် သူသည် တစ်စုံတစ်ခုကိုတွေးနေပြီး လက်ဖက် ရည်သောက်ရင်းနှင့် ငေးငိုင်နေတတ်သည်။
နောက်တစ်လတွင် မိုယွိဖိအားကြောင့် ရှီမာယူယူသည် အရည်အချင်း များစွာကို တတ်မြောက်ပြီးလေသည်။ ပြီးနောက်တွင် သူမတစ်ခုသင်ပြီးသည် နှင့် သူနောက်တစ်ခုသင်ပေးသည်။
ရှီမာယူယူ လေ့ကျင့်ပြီးနောက်တွင် မတတ်သာတော့ဘဲ သံသယကို အသံထွက်မေးလိုက်တော့သည်။
“ရှင် ကျွန်မကိုအမှောင်အရည်အချင်းတွေ ဒီလောက်အများကြီးသင်ပေး နေတာ မေ့သွားတာတို့ ရောသွားတာတို့ဖြစ်မှာမကြောက်ဘူးလား”
မိုယွိသည် သူမ စကားကို နှစ်လုံးသာပြောလေသည် “ရောလား”
အာ.. သူမ အမှန်တကယ်တော့ မရောပေ။
“ကျွန်မကို ဖမ်းဆုပ်မှုဝိညာဉ်အရည်အချင်းတစ်ခုပဲ သင်ပေးမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား အခုဒီလောက်အများကြီးသင်ပေးနေတာ ကျွန်မက ရှင့်တပည့်လည်းမဟုတ်ဘူး ရှင်ဆုံးရှုံးသွားတာမဟုတ်ဘူးလား” သူမသည် သူ ယူလာသော လက်ဖက်ရည်ကို တစ်ကျိုက်သောက်လိုက်သည်။
သူမ ပင်ပန်းချိန်တွင် လက်ဖက်ရည်စမ်းသပ်သောက်ပေးသည်။
“နှမြောစရာပဲ” မိုယွိ ဆက်ပြောလေသည် “ငါဆုံးရှုံးတယ်လို့ထင်ရင် လက်ဖက်ခြောက်များများသာပေး ဒီတစ်ခေါက် ငါပြန်သွားရင် လူသားလောက ကို ပြန်လာနိုင်ဦးမှာမဟုတ်ဘူး”
ရှီမာယူယူ အံ့ဩသွားသည် “ရှင်ပြန်တော့မလို့လား”
“ခဏလောက်တော့ နေလို့ရပါသေးတယ်” မိုယွိ ပြောလိုက်သည်။
ထိုစကားသည် သူ ခဏနေပြီးသည်နှင့် ထွက်သွားမည်ဟု ဆိုလိုခြင်းဖြစ် သည်။
သူတို့ လက်ဖက်ရည်စမ်းသောက်မည့် သဘောတူညီချက်ကြောင့်လား၊ သူ သူမကိုအရာအားလုံးကို သင်ပေးခြင်းကြောင့်လား၊ မဟုတ်လျှင် သူတို့ တစ်ယောက်နှင့် တစ်ယောက် နှစ်လကြာအောင် တစ်ချိန်လုံးဆက်သွယ်ခဲ့ကြ ၍လားမသိ၊ သူထွက်သွားတော့မည်ဟု ကြားလိုက်ချိန်တွင် သူမ တွန့်ဆုတ်သွား ခဲ့သည်။
“ငါ့ကိုလွှတ်ဖို့ တွန့်ဆုတ်နေတာလား” မိုယွိကိုအစပိုင်း သူမ မြင်နေကျ ဖြစ်သည့် အပြုံးသဲ့သဲ့နှင့်မတူညီစွာပင် မိုယွိသည် မျက်လုံးဖြင့် ပြုံးလိုက်သည် “တကယ်လို့ မင်းက ငါ့ကိုမလွှတ်ရက်ဘူးဆိုရင် ငါနဲ့အတူ တစ္ဆေလောကကို သွားမယ် ဘယ်လိုလဲ”
ရှီမာယူယူသည် သူ့ကိုမျက်လုံးလှိမ့်ပြလိုက်သည် “ကောင်းလိုက်တဲ့ အတွေးပဲ၊ ဒါပေမဲ့ နှမြောစရာပဲ အခုတော့ လက်တွေ့မရသေးဘူး ဒါပေမဲ့ ကျွန်မ တစ္ဆေလောကကိုသွားရင် ရှင့်ကိုလာရှာပြီး အလွမ်းသယ်ကြတာပေါ့”
“ဟီးဟီး ဒါဆို ငါစောင့်နေမယ်နော်” မိုယွိသည် သူမနဖူးအား ပုတ်လိုက် ရာ သူမခေါင်းထဲသို့ အေးစက်သော အာရုံကို ချက်ချင်းပင်ခံစားလိုက်ရသည်။
ရှီမာယူယူသည် ကြောက်ရွံ့သော်လည်း ပျာမသွားပေ။ သူမသည် သူ့ကို ကြည့်ပြီး ပြောလိုက်သည် “ကျွန်မကိုဘာလုပ်လိုက်တာလဲ”
“ဘာမှတော့မဟုတ်ပါဘူး မင်းခန္ဓာကိုယ်ကို အံ့ဖွယ် အသိစိတ်ထည့်ထား လိုက်တာ၊ အမှတ်အသားတစ်ခုလိုပါပဲ မင်း တစ္ဆေလောကကိုသွားရင် ငါ အာရုံ ခံနိုင်အောင်လို့” မိုယွိ ပြောလိုက်သည်။
ရှီမာယူယူ အာရုံခံကြည့်လိုက်သည်။ သူမ ခေါင်းထဲတွင် အမှန်တကယ် ပင် အရိပ်ဖျော့ဖျော့ရှိလေသည်။ သို့သော် ထိုအရိပ်သည် ဖန်ရူယန်၏ အမှတ်အသားနှင့်အတူပေ။ အရောင်ပိုဖျော့လေသည်။
ထိုသည်မှာ ဝိညာဉ်အမှတ်အသားမဟုတ်ဘဲ အံ့ဖွယ်အသိစိတ်အမှတ် အသားသာ ဖြစ်သောကြောင့်ဖြစ်မည်။
“ဒီတစ်ခုက အန္တရာယ်ဖြစ်ရင်ထွက်လာမလား သိချင်တယ်” ရှီမာယူယူ ရေရွတ်လိုက်သည်။
“မထွက်လာဘူး ဒါပေမဲ့ ငါ့ရောင်ဝါထွက်လာလိမ့်မယ် တစ္ဆေလောက,က လူတွေက ငါ့ရောင်ဝါကိုခံစားနိုင်တယ် ငါ့ရောင်ဝါကို သူတို့ခံစားမိတာနဲ့ မင်းကို ဘာမှလုပ်မှာမဟုတ်ဘူး” မိုယွိ ပြောလိုက်သည်။
“ဆိုလိုတာက ကျွန်မက မသွားခင်ကို ကာကွယ်ပေးမဲ့ ထီးရှိပြီးသားပေါ့” ရှီမာယူယူအားရပါးရပြုံးလိုက်သည်။ ထိုသည်မှာ သစ်ပင်အောက်တွင် အရိပ်ခို ရသကဲ့သို့ အေးမြလှသည်။
ရှီမာယူယူသည် မိုယွိဆီမှ နှစ်လကြာသင်ယူလေသည်။ သင်ယူပြီးချိန် တွင် မိုရှားသည် သွားတော့မည်ဟု ရုတ်တရက် ပြောလာသည်။
ထိုသို့ဖြစ်မည်ကို ရှီမာယူယူ သိားသည်။ ထို့ကြောင့် မအံ့ဩတော့ပေ။ သို့သော် သူမ တွန့်ဆုတ်နေတုန်းပင်။
“တစ္ဆေလောကအကြောင်း စာအုပ်တွေအများကြီးရှိတယ်၊ အဲဒီ အမှောင်အရည်အချင်း စာအုပ်တွေအကြောင်းတော့မေ့လိုက်တော့ ငါ မင်းကို မပေးတော့ဘူး၊ မင်းက ငါသင်ပေးတဲ့အရည်အချင်းတွေကိုပဲ ကောင်းအောင် ဆက်သင်ယူလိုက်ရင် တစ္ဆေလောကတစ်ခုလုံးကို မွှေလို့ရအောင်တော်လာမှာ ပါ၊ ဒါပေမဲ့ အဲစာအုပ်တွေကိုဖတ်ရင်တော့ တစ္ဆေလောကရောက်ရင် ဘယ်လို သုံးရမလဲဆိုတာ သိလာလိမ့်မယ်” မိုယွိ ပြောလိုက်သည်။
“အင်း” ရှီမာယူယူသည် စာအုပ်များကိုသိမ်းလိုက်သည်။ ထို့နောက် မှော်ဝင်လက်စွပ်ထုတ်ကာ သူ့ကိုပေးပြီးပြောလိုက်သည် “ဒါက ရှင့်အတွက် ပြင်ပေးထားတဲ့လက်ဖက်ခြောက်တွေပါ”
မိုယွိသည် ယူပြီး အံ့ဖွယ်အာရုံဖြင့် ဖတ်ကြည့်ရာ ငြိမ်သက်သွားပြီး အံ့အား သင့်နေလေသည်။
***