အသင်းက မဟာမိတ်လုပ်ချင်နေတယ်
Vol. 90 Ch. 1256
“မင်းမှာ လက်ဖက်ခြောက်က ဒီလောက်အများကြီးရှိတာလား”
မှော်ဝင်လက်စွပ်အတွင်းကြည့်ပြီး တောင်လောက်ကြီးမားသော လက်ဖက်ရွက် အပုံလိုက်ကို မိုယွိသည် မကိုင်တွယ်နိုင်တော့ပေ။
လက်ဖက်ရွက်နည်းတယ်ဆိုပြီး လျော့သောက်ခိုင်းတဲ့ တစ်ယောက်က ဘယ်သူလဲ။
ရှီမာယူယူသည် သူမ နှာခေါင်းကိုပွတ်ကာ ချစ်စရာကောင်းအောင် ပြော လေသည် “ကျွန်မနဲ့ မရင်းနှီးတဲ့သူဆိုရင်တော့ လက်ဖက်ရွက်အများကြီးမရှိဘူး လို့ပြောရတာပေါ့ သူငယ်ချင်းတွေအတွက်တော့ များတယ်လေ”
မိုယွိသည် အပြုံးများပျောက်ဆုံးသွားသည်။ သူမသည် တွက်ချက်နေ တုန်းပင်။ သို့သော် သူမ၏အပြုအမူအရ သူ့ကိုလက်ခံသည်ကို သက်သေပြနေ သည်။ ဟုတ်သည်။
ရှီမာယူယူသည် ထပ်ပြီးမရှင်းပြပေ။ သူမသည် ပျဉ်ချပ်တစ်ခုထုတ်ကာ နဖူးတွင်ကပ်လိုက်သည်။ ခဏအကြာတွင် သူမ ပြောလိုက်သည် “ကျွန်မရဲ့ လက်ဖက်ရည်ကျိုတဲ့ ပညာတွေကို ဒီအထဲမှာထည့်ထားလိုက်ပြီ၊ အကုန်လုံးကို မှတ်တမ်းတင်ထားတယ် အခြေခံကတော့ ကိုယ့်ဘာသာ ကျိုဖို့လိုမယ်၊ ဒီလောက်များတဲ့ လက်ဖက်ရွက်တွေနဲ့ဆိုရင် နောက် ၁၀ နှစ်လောက်တော့ ကျိုသောကဖို့ လောက်မှာပါ”
“ကောင်းပြီလေ” မိုယွိသည် ပျဉ်ချပ်ကိုယူပြီး သူ့နဖူးတွင် တင်လိုက် သည်။ အသိပညာအားလုံးသည် သူ့ဦးနှောက်ထဲသို့ ချက်ချင်းဝင်သွားလေ သည်။
“ဘယ်တော့သွားမှာလဲ” ရှီမာယူယူ မေးလိုက်သည်။
“မင်းကို ပြန်ပို့ပေးပြီးတာနဲ့” မိုယွိ ပြောလေသည် “ပညာရှိစံအိမ်တော်နဲ့ ဝူမျိုးနွယ်က အခုထိထွက်မသွားသေးဘူးလို့ ငါတို့ ကျွင်းမျိုးနွယ်ဝင်တွေ သတင်းပို့လာတယ်၊ သူတို့က မြို့အပြင်မှာ မင်းကိုစောင့်နေကြတယ်၊ ငါမင်းကို ပြန်မပို့ရင် အဆင်ပြေပါ့မလား”
“မစိုးရိမ်ပါနဲ့” ရှီမာယူယူ ပြောလိုက်သည် “ဒါဆိုလည်း ပြန်ကြတာပေါ့”
လက်နက်မြို့တော်တွင် ကြီးကြီးမားမားမဖြစ်စေရန်အတွက် မိုယွိသည် သူမ မြို့အပြင်ထွက်ချိန်တွင် ခေါ်သွားပေးပြီး သူမကို ပြန်လိုက်ပို့ပေးသည်။ သူ၏ အရည်အချင်းကို အခြေခံပြီး မည်သူမှမသိလိုက်ဘဲ မြို့အပြင်သို့သွားရ သည်မှာ ပန်းခြံထဲတွင် လမ်းလျှောက်ရသလိုပင်ဖြစ်သည်။
မိုယွိသည် သူမ ခြံဝန်းသို့ပြန်ပို့ပေးချိန်တွင် အားလုံးသည် စကားလက်ဆုံ ကျနေကြသည်။ သူတို့ ပြန်လာသည်ကိုမြင်သောအခါ မတ်တပ်ရပ်လိုက်ကြ သည်၊
မိုယွိသည် ရှီမာယူယူအား ချပေးပြီး ပြောလိုက်သည် “တစ်ခုခုရှိရင် ကျွင်းမျိုးနွယ်ကို သွားပြီးအကူအညီတောင်းလိုက်နော်”
“သိပါပြီ ရှင်အိမ်ပြန်ပြီး ကိုယ်တိုင်ဖြေရှင်းရဖို့လိုတဲ့ အခြေအနေက ဘာလဲတော့မသိဘူး ပြီးရင် ရှင်အားကောင်းတာလည်း သိတယ် ဒါပေမဲ့ ပြောရ ဦးမှာပဲ ဂရုစိုက်ပါ” ရှီမာယူယူ ပြောလိုက်သည် “လက်ဖက်ရွက်ကောင်းကောင်း ရလာရင်လည်း ရှင့်အတွက်သိမ်းထားပေးပါ့မယ် ရှင်လူလွှတ်ပြီး ကျွန်မဆီက ယူခိုင်းလိုက်ပါ”
“မှတ်ထားလိုက်မယ် ငါ မင်းဆီကသေချာပေါက်ယူမှာ” မိုယွိ ပြောလိုက် သည် “မင်းကို တစ္ဆေလောကမှာစောင့်နေမယ်”
“ကောင်းပါပြီရှင်”
သည်တစ်ကြိမ်တွင် မိုယွိသည် လေဟာပြင်ဝင်ပေါက်မှ ထွက်မသွားပေ။ သူသည် လေဟာပြင်ကို တိုက်ရိုက်အပေါက်ဖောက်ပြီး ထွက်သွားခြင်းဖြစ် သည်။ သူသုံးသည့် ပညာသည် ဝူလင်းယူ အံ့ဖွယ်နယ်မြေမှ ထွက်သွားစဉ်က သုံးသည့် အရာနှင့်ဆင်တူသည်။
မိုယွိထွက်သွားသည်နှင့် ရှီမာယူယူသည် အားလုံးစုနေသော အဆောင် ငယ်ဆီသို့လမ်းလျှောက်သွားလိုက်သည်။
“ယူယူ မိုယွိ တစ္ဆေလောကကို ပြန်သွားပြီလား” ဖက်တီးကျူ မေးလိုက် သည်။
“အင်း” သူတို့ခွဲခွာရခြင်းကြောင့် သူမ စိတ်အခြေအနေ မကောင်းခြင်းဖြစ် နိုင်သည်။
“ခွဲခွာရတာက ပြန်တွေ့ဖို့ပဲလေ” ဘေဂုံထန်သည် သူမကို နှစ်သိမ့်ပေး လေသည်။
“အင်း ငါသိပါတယ် ခဏလောက်ပဲ ဝမ်းနည်းတာပါ” ရှီမာယူယူ ပြော လိုက်သည်။
“ဪ ဟုတ်သားပဲ လွန်ခဲ့တဲ့ နှစ်ရက်က ရှောင်ဟုန် နင့်ကိုလာရှာသေး တယ် ဒါပေမဲ့ နင်တံခါးပိတ်ကျင့်ကြံနေတယ်လို့ပြောလိုက်တော့ နင်ထွက်လာ တာနဲ့ သူမကို ဆက်သွယ်ပေးဖို့ မှာထားခဲ့တယ်” ဝေကျိရွှီ ပြောလိုက်သည်။
“ငါ တံခါးပိတ်ကျင့်ကြံနေတယ်လို့ နင်တို့ပြောလိုက်တာလား အဲဒါကို သူမက ယုံတာလား” ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ ဒီလူတွေတော့ ပိုကောင်းတဲ့ ဆင်ခြေကိုမစဉ်းစားတတ်ဘူးလား။
“ရှောင်ဟုန် လာတော့ ဖက်တီးတစ်ယောက်တည်းရှိတာလေ ဖက်တီးက အဲလိုပြောလိုက်တော့ ငါတို့လည်း သံယောင်လိုက်ရတာပေါ့” ရှီမာယူလင်း သူမ ကိုပြောလိုက်ချိန်တွင် နှုတ်ခမ်းတွန့်သွားသည်။
ဖက်တီးကျူသည် သူရှိရာဘက်သို့ စောင်းကြည့်ပြီး ပြောလိုက်သည် “ရှောင်ဟုန်ပြေးလာတော့ ဘာပြောရမလဲမတွေးလိုက်ရဘူး ဟုတ်တယ် နင်ရှိ တဲ့နေရာကို သူမ မေးလာတော့ တွေ့ကရာပြောလိုက်တာ”
“ဒါဆိုရင် သူမ ဘာမှမပြောဘူးလား” ဖက်တီးကျူ၏ တွေးနိုင်စွမ်းသည် နှစ်ပေါင်းများစွာကြာလာသည့်တိုင်အောင် တိုးတက်မှုမရှိသည်ကို ရှီမာယူယူ သည် ဝမ်းနည်းမိသည်။ သူသည် အရင်အတိုင်း ကလေးတစ်ယောက်လိုပင်ရှိ သေးသည်။
“အဲတုန်းက သူမ တစ်ခုခုကိုရေရွတ်လိုက်သလိုပဲ ဒါပေမဲ့ ဘာပြောလိုက် လဲ ငါမကြားလိုက်ဘူး ပြီးတော့ ထွက်သွားတာပဲ အဲဒါကြောင့် မေးမကြည့်လိုက် ရဘူး” ဖက်တီးကျူ ပြောလေသည်။
ရှီမာယူယူသည် အကူအညီမဲ့စွာ ခေါင်းရမ်းမိသည်။ သူမတွင် ဝိညာဉ်စွမ်းအင်မရှိဘဲနှင့် ဘယ်လိုလုပ် တံခါးပိတ်ကျင့်ကြံမလဲဆိုသည်ကို ရေရွတ်သွားခြင်းဖြစ်နိုင်သည်။
သူမသည် သားအမိကျောက်တုံးထုတ်ကာ ဝိညာဉ်စွမ်းအင်ထည့်လိုက် သည်။ ရှောင်ချီ၏အသံသည် အလျင်အမြန်ပင် ထွက်လာလေသည်။
“ယူယူ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီလား”
“အင်း အခုပဲထွက်လာတာ၊ နင် ငါ့ကိုရှာနေတယ်လို့ပြောလို့ ငါထွက်လာ တာနဲ့ နင့်ကိုဆက်သွယ်လိုက်တာ” သူမ တံခါးပိတ်ကျင့်ကြံသည်ကိုမယုံ ကြောင်း ရှောင်ဟုန်၏ အသံအနေအထားကိုနားထောင်ပြီး ရှီမာယူယူ အတပ် ပြောနိုင်သည်။
“ဒါဆိုရင် ခဏနေရင် ငါလာခဲ့မယ်” ရှောင်ဟုန်သည် ပြောပြီးနောက် ချက်ချင်းပင် စကားစဖြတ်လိုက်သည်။
သူမအသံသည် အနည်းငယ် မငြိမ်မသက်ဖြစ်နေသည်ကို ရှီမာယူယူ သိလိုက်သည်။ ခဏအကြာတွင် သူမ အပြင်မှဝင်လာသည်ကို မြင်လိုက်ရ သည်။
“ယူယူ” ရှောင်ဟုန်လျှောက်လာပြီး ရှီမာယူယူအား ကယ်တင်ရှင်အလား ကြည့်လေသည်။
“ဘာတွေလောနေတာလဲ ဘာဖြစ်နေတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ဒီပြီးခဲ့တဲ့ နှစ်လအတွင်းမှာ တခြားအဖွဲ့အစည်းတွေက နက်ဝတ်လူတွေ ရဲ့တိုက်ခိုက်တာကို ခံရတယ်” ရှောင်ဟုန်သည် ရောက်လာသည်နှင့် ချက်ချင်းပင် တုန်လှုပ်စရာသတင်းကို ပြောတော့သည်။
“ရလဒ်ကရော ဘယ်လိုနေလဲ”
“ငါတို့က သူတို့ကိုအချိန်မှီ သတိပေးလိုက်နိုင်လို့ ပြင်ဆင်ဖို့အချိန်ရှိလိုက် တယ် အဲဒါကြောင့် အနက်ဝတ်လူတွေ ဘာအကျိုးအမြတ်မှမရလိုက်ဘူး ဒါပေမဲ့ ရုတ်တရက်ကြီးဖြစ်နေတော့ တိုက်ခိုက်မှုကိုဟန့်တားနိုင်လိုက်ပေမဲ့ အပြတ်အသတ်နိုင်တာတော့ မဟုတ်ဘူး” ရှောင်ဟုန် ပြောလိုက်သည်။
သူမ ထိုစကားပြောမှပင် အားလုံးသည် စိတ်သက်သာရာရစွာ သက်ပြင်း ချနိုင်တော့သည်။ အသင်းများ ထိန်းချုပ်ခံလိုက်ရပါက တိုင်းပြည်အတွက် ပြဿနာ အကြီးစားဖြစ်သွားနိုင်သည်။
“အဲဒီအသင်းတွေက ငါတို့ကိုကျေးဇူးတင်ကြောင်း လူလွှတ်ပြီးပြောတယ် နင်က ငါတို့ကိုသတင်းပေးတာကို သူတို့သိလို့ နင့်ကိုလည်း ကျေးဇူးတင် ကြောင်း ပြောခိုင်းလိုက်တယ်” ရှောင်ဟုန် ပြောလေသည် “သူတို့ကလူလွှတ်ပြီး နင့်ကိုကျေးဇူးတင်ကြောင်းပြောတာ ဒါပေမဲ့ နင်က တံခါးပိတ်ကျင့်ကြံနေတာ လေ၊ အသင်းတွေကလည်း သူတို့လုပ်စရာတွေရှိတယ်ဆိုတော့ ကျေးဇူးတင်တဲ့ အနေနဲ့လက်ဆောင်တွေပဲ ပေးပြီးပြန်သွားပြီ ဒီမှာ သူတို့လက်ဆောင်တွေ”
ရှောင်ဟုန်သည် မှော်ဝင်လက်စွပ်ထုတ်ပေးရာ ရှီမာယူယူ ကြည့်လိုက် သည်။ သူမ ပျော်သွားသည်။ အထဲတွင် ပစ္စည်းတော်တော်များသည်။
သူမသည် ပါရမီရှင်ဖြစ်ကြောင်းကို အားလုံးသိ၍ဖြစ်မည်။ သူတို့ လက်ဆောင်ထဲတွင် အဆင့်မြင့်ဆေးနှင့် ဝိညာဉ်လက်နက်များအပြင် ရှားပါး သော ဆေးပစ္စည်းများပင် ရှိနေသည်။ အဂ္ဂိရတ်အသင်း၏ လက်ဆောင်များထဲ တွင် ရှားကျောင်ထျန်ချန်ထားခဲ့သည့် အသံကျောက်တုံးပင်ရှိနေသည်။
ရှီမာယူယူသည် အသံကျောက်တုံးကို ဘေဂုံထန်အားပေးလိုက်ရာ သူမ သည် ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်။
သူမသည် အမှောင်ဝိညာဉ်စွမ်းအင်ကို အသုံးပြုနိုင်သော်လည်း ရှောင်ဟုန်ကို မသိစေချင်သဖြင့် တခြားတစ်ယောက်ကို ကူညီခိုင်းလိုက်ခြင်း ဖြစ်သည်။
“ယူယူ မင်းက နှလုံးသားမဲ့လိုက်တာ နောက်ပြန်လှည့်မကြည့်ဘဲ ဒီလောက်အကြာကြီးထွက်သွားတယ် ငါတို့ကိုမေ့သွားပြီလား”
ရှားကျောင်ထျန်သည် ကောင်မလေးတစ်ယောက် သဖွယ် စောဒကတက် ရာ ခြံဝန်းတစ်ခုလုံးသည် ရယ်သံများဖြင့် ဖုံးလွှမ်းသွားသည်။
“ယူယူ မင်းက တကယ်ကဲ အဂ္ဂိရတ်ပညာရှင်အသင်းရဲ့ အကြီးအကဲရော ဟုတ်ရဲ့လား”
ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ သူမ ဒီလူကို အသိအမှတ်မပြု ဟု အမှန်တကယ်ပင်ပြောလိုက်ချင်သည်။
“ဒါပေမဲ့ မင်းသာ ငါတို့ကိုသတိမပေးဘူးဆိုရင် အဲလူစုလက်ထဲမှာ ကျသွားမှာ၊ အဲဒါကြောင့် မင်း၊ယူယူက ငါတို့အသင်းကိုဂရုစိုက်သေးတယ်ဆို တာ သက်သပြနေသေးတာပဲ”
တခြားသူများ ရယ်မောကြကာ ရှီမာယူယူသည် နဖူးပေါ်လက်တင်နေမိ သည်။ သူမ ဆွံအသွားလေပြီ။
“ကောင်းပြီ အဲလောက်အကူအညီမဲ့သလို ကြည့်မနေနဲ့တော့” ရှားကျောင်ထျန်သည် သူမ၏ အကူအညီမဲ့နေသော အခြေအနေကိုကြည့်နေ သည့်အလား ပြောလေသည် “မင်းကို ဆက်သွယ်လိုက်တာက အရေးကြီးတာ ပြောစရာရှိလို့”
သူ့အသံပြောင်းသွားသည်ကို ကြားသည်နှင့် အမှန်တကယ်ပင် အရေးကြီး သည့်အကြောင်းအရာ ပြောမည်ကို သေချာသွားသည်။ သို့သော် သူ၏ နောက် ပြောသော စကားလုံးများသည် သူမကို လဲကျသွားမတတ်ဖြစ်စေသည်။
“ဒါတွေကို တွေ့ကြုံပြီးသွားတော့ အသင်းတွေက ဒေါသထွက်နေကြ တယ်၊ ငါတို့က အမောက်ထောင်မပြတော့ နဂါးကိုမြွေလို့ထင်နေကြတယ် အဲဒါကြောင့် ငါတို့လက်တွဲပြီး ပြန်တုံ့ပြန်ဖို့ ဆုံးဖြတ်ထားတယ် ဆွေးနွေးပြီး သွားတော့ အသင်းတချို့က မဟာမိတ်ဖွဲ့ဖို့ ဆုံးဖြတ်လိုက်ကြတယ်၊ ငါတို့ အရှေ့ပိုင်းတောင်ရိုးက အနီဖျော့မြို့တော်မှာ ဆွေးနွေးဖို့စုကြမယ် ဟုတ်ပြီ ငါ ပြောချင်တာ မင်း အဲဒီကိုကိုယ်တိုင်လာစေချင်တယ် မင်း ငါ့ကိုလွမ်းရင် အဲဒီမှာ ငါ့ကိုလာရှာပါ”
***