← Chapters

တိုးတက်လာမှု

Vol. 114 Ch. 1700

တိုးတက်လာမှု

Vol. 114 Ch. 1700

“ အမှန်ပဲ ..”

လင်းရီသည် လီရှန်းဟွေ့၏ အလိုလိုသိစိတ်အား တိတ်တဆိတ် လက်မထောင် ချီးကျးလိုက်သည်။

မည်သို့ပင်ဆိုစေ သူ စဉ်းစားမိသည်က စနစ်၏ အတွေ့အကြုံများမှတဆင့် သုံးသပ်ထားခြင်း ဖြစ်၏။

“ ဖြစ်နိုင်တယ်…” ကူရိရန်မှာ ရုတ်ချည်း အလင်းပွင့်သွားခဲ့ပြီး “ သူ့ အပျော်မယား တူကျွမ့်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး သမိုင်း ရှိခဲ့ဖူးတယ်… ဒီတော့ သူလည်း အဲ့တာမျိုးတွေ အတူတူ လုပ်နေနိုင်တာပဲလေ…”

“ ဒါကြောင့်မို့ သူ Ketamine လို ပစ္စည်းမျိုး ရှူပြီး ထင်ယောင် ထင်မှား အကျိုးသက်ရောက်မှုတွေ ဖြစ်လာတယ်လို့ ထင်တယ်…” လင်းရီ ပြောပြီးနောက် မေးစေ့အား ပွတ်သပ်လိုက်ရင်း “အင်း ပြီးတော့ သူသေသွားတာက ကိုယ့်ကိုယ်ကို အဆုံးစီရင်တာလည်း ဟုတ်ချင်မှဟုတ်မှာ … ဒါပေမယ့် ထင်ယောင်ထင်မှား ဖြစ်ပြီး ကမ်းပါးကနေ ခြေချော် ပြုတ်ကျသွားတာလည်း ဖြစ်နိုင်တယ်…”

“ အဲ့လိုဆိုရင်တောင်မှ ကိုယ့်ဘာကိုယ် အဆုံးစီရင်တယ်ဆိုတဲ့ အချက်ကတော့ ပျောက်သွားမှာမှ မဟုတ်တာ … အဲ့တာက ဘယ်သူနဲ့မှ ပတ်သက်ညှိစွန်းမနေဘူးဆိုတာကို သွယ်ဝိုက်ပြီး ဖော်ပြနေတာပဲလေ…”

“ လုံးဝကြီးတော့ မဟုတ်သေးဘူး …” လင်းရီ ပြောလိုက်ပြီး “ ကျုပ်တို့အခု တူကျွမ့်ဆိုတဲ့ အမျိုးသမီးကို ခေါ်လာပြီး စစ်မေးသင့်တယ်.. စုန့်တဲယွမ် အခင်းဖြစ်တဲ့ အချိန်မှာ သူနဲ့အတူ ရှိမနေပါဘူးလို့ မသေချာဘူးလေ…”

လင်းရီ ပြောလိုက်၏။ “ တကယ်လို့ သူနဲ့ အတူ ရှိမနေဘူးဆိုရင် စုန့်တဲယွမ် သေတာ သူ့ကိစ္စနဲ့သူပဲ … မဟုတ်ရင် တူကျွမ့်လည်း ဆက်စပ်တဲ့ တာဝန်ကို ယူရမယ်…”

လူတိုင်း ခေါင်းညိမ့်လိုက်ကြ၏။ လင်းရီ စဉ်းစားသည့်ပုံက မှန်ကန်သည်ဟု ခံစားနေကြရသည်။

ကျန်းဟွေ့ လင်းရီ၏ ပခုံးအား ပုတ်ပြီး “ ဟမ် .. ဟေ့ကောင် … မင်း ရသားပဲကွ … အလုပ်လာတာ တစ်ရက်ပဲ ရှိသေးတယ် ဒီလောက် အများကြီး မြင်နိုင်နေပြီ… ကြိုးစားထား .. မင်းရဲ့ အနာဂတ်ကတော့ တောက်ပနေတော့မှာပဲ …”

“ ကျေးဇူးပါ အစ်ကိုကျန်း …”

အမှုအား သုံးသပ်ပြီးသည့်နောက် ရုံးခန်းထဲရှိ လေထုမှာ အများအပြား ပိုပြီး သက်တောင့်သက်သာ ဖြစ်လာခဲ့သည်။ သူတို့ ခရီးတစ်ဝက်တွင် ကူရိရန်သည် သူမ၏ လူများမှ တူကျွမ့်ကို ဖမ်းခေါ်လာနေပြီး ရဲစခန်းသို့ လာသည့် လမ်းတွင် ရှိနေပြီ ဖြစ်ကြောင်းကို သတင်းပို့လာသည်။ နောက်ထပ် စုံစမ်းစစ်ဆေးမှု ပြုလုပ်လာသည်နှင့် ဘာဖြစ်ခဲ့လဲဆိုတာကို သူမတို့ သိရတော့မည်။

လင်းရီလည်း ထိုအခွင့်အရေးကို အသုံးချ၍ ကျီချင်းရန်ထံသို့ ဖုန်းဆက်ကာ အခြေအနေအား သူမထံ ရှင်းပြလိုက်သည်။

လက်ရှိ အနေအထားကို အကဲခတ်ကြည့်ရသလောက်တော့ သူ ဤည အိမ်ပြန်နိုင်ပါ့မလားဆိုတာ သိပ် မသေချာပေ။ ထို့ကြောင့် သူမကို အနားယူခိုင်းပြီး စောင့်မနေဖို့ ပြောလိုက်၏။

ကျီချင်းရန်လည်း သူ့အား ဂရုစိုက်ဖို့ စကားတစ်ချို့ ပြောလိုက်သည်။ လင်းရီက အလုပ်များနေပြီး အချိန်အများကြီး ဖြုန်းခွင့် မရှိသည်ကို သူမ နားလည်သည်။

ည ဆယ်နာရီ အချိန်လောက်ရောက်တော့ တူကျွမ့်ဟူသည့် အမျိုးသမီးမှာ စခန်းသို့ ရောက်ရှိလာခဲ့သည်။

လင်းရီ သူမအား စေ့စေ့စပ်စပ် အကဲခတ်ကြည့်လိုက်၏။ သူမက အသက် ၃၈ နှစ် ရှိပြီ ဖြစ်သော်လည်း အသားအရေကိုတော့ အတော်လေး ထိန်းသိမ်းနိုင်လှပြီး အရွယ်တင်ကာ အသက် ၃၀ မျှသာ ရှိသေးသည်ဟု ထင်ရသည်။ ရုပ်ရည်ကလည်း ပြေပြေပြစ်ပြစ်နှင့် သူဌေးကြီး တစ်ဦး၏ အပျော်မယား ဖြစ်ရန်အတွက် အောက်ပါအရည်အချင်းတို့နှင့် ပြီးပြည့်စုံသူ တစ်ဦးပင်။

လက်ရှိတွင်တော့ သူမက ရိုးရှင်းသည့် အဝတ်အစားများကိုသာ ဝတ်ဆင်ထားသည်။ အဖြူရောင် half sleeved jean နှင့် စနိကာ တစ်ရံအား စီးနင်းထားလေသည်။

ဈေးနှုန်းက မသေးသော်လည်း အိမ်နေအဝတ်အစားများ ဖြစ်ကြောင်းတော့ သိသာလှသည်။

၎င်းအပြင် မျက်နှာပြောင်နှင့် ဖြစ်နေပြီး ဆံပင်တို့ကလည်း ရှုပ်ပွနေသည်။ ပြင်ဆင်ချိန်ပင် မရလိုက်ဘဲ ဤနေရာသို့ ခေါ်ဆောင်ခံလာခဲ့ရသည်မှာ သိသာလှသည်။

စုန့်တဲယွမ် သေဆုံးသည့် သတင်းကို ကြားတော့ သူမ စိတ်ထဲ အတော်လေး တုန်လှုပ်သွားခဲ့ရသည်။ စစ်ကြောရေး အခန်းထဲသို့ ခေါ်ဆောင်လာခံခဲ့ရသည့်တိုင် ယခုတိုင် စိတ်မတည်ငြိမ်နိုင်သေးချေ။

“ ဘာတွေ ဖြစ်ခဲ့တာလဲ … သူ ကိုယ့်ဘာကိုယ် သတ်သေတာ မဖြစ်နိုင်ဘူး … ကျွန်မနဲ့ အဲ့ဒီ မတိုင်ခင်ကတောင် ဖုန်းပြောပြီး အားလပ်ရက်ကျရင် နိုင်ငံခြား လိုက်ပို့ပေးမယ်တောင် ကတိပေးခဲ့သေးတယ်… ဒီလို သေသွားတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး …”

တူကျွမ့်၏ စကားလုံးများက လူတိုင်း၏ အတွေးကို အတည်ပြုပေးသွားခဲ့သည်။

စုန့်တဲယွမ်သည် ကိုယ့်ဘာကိုယ် အဆုံးစီရင်မည့် လူစားမျိုး မဟုတ်ချေ။ ထိုအစား ကမ်းပါးနားတွင် ရပ်နေရင်း ဟန်ချက်ပျက်၍ မတော်တဆ ပြုတ်ကျသေဆုံးသွားခဲ့ဩန်ပင်။

အရာအားလုံးက လင်းရီ၏ မှန်းဆချက်များနှင့် ကိုက်ညီနေလျက် ရှိသည်။

“ အရင်ဆုံး စိတ်ကို ငြိမ်ငြိမ်ထား … ကျုပ်တို့ မိန်းကလေးကို မေးခွန်းနည်းနည်းလောက် မေးချင်တယ်…”

“ ရတယ် … မေးပါ …”

“ ကျွမ့်မိန်းကလေး .. ရှင် ဒီနေ့ နေ့လည်ခင်းတုန်းက ဘယ်မှာ ရှိနေခဲ့တာလဲ …” ကူရိရန် မေးမြန်းလိုက်၏။

“ ကျွန်မ ရုံးမှာ အလုပ်လုပ်နေတာ… အဲ့အချိန်တုန်းက နေ့လည်စာ စားနေတာ … ရုံးက လူတွေ သက်သေခံပေးလို့ ရတယ်….”

ရဲအရာရှိများက သူမအား အဘယ်ကြောင့် ဤနေရာသို့ ခေါ်လာလဲဆိုတာကို တူကျွမ့် နားလည်သည်။ ထို့ကြောင့် သူမမှာ အပြည့်အဝ ပူးပေါင်းပေးနေလျက် ရှိတော့၏။

“ ရှင်တို့ မယုံဘူးဆိုလည်း ကျွန်မရဲ့ ကုမ္ပဏီကို ဖုန်းဆက်ပြီး မေးကြည့်လို့ရတယ်… ဒါပေမယ့် ရှင်တို့ စကားအလိမ္မာလေးနဲ့ သိုသိုသိပ်သိပ် မေးကြမယ်လို့တော့ မျှော်လင့်တယ်… ဒီအလုပ်က ဆိုးတာ မဟုတ်ဘူး … အခု စုန့်တဲယွမ်လည်း သေပြီဆိုတော့ ကျွန်မရဲ့ ငွေဝင်လမ်းကြောင်း တစ်ခုကလည်း ရပ်တန့်သွားပြီ… ကျွန်မ အခု လုပ်နေတဲ့ ကုမ္ပဏီကနေတော့ အလုပ်ထုတ်မခံချင်ဘူး ….”

တူကျွမ့်က အတော်လေး ထက်မြက်သည့် လူစားမျိုးပင်။ ဖြစ်လာနိုင်သည့် အကျိုးဆက်များအား ကြိုတင် တွက်ချက်၍ သူမအတွက် အန္တရာယ်ကင်းစေမည့် လမ်းကြောင်းကို ကိုယ်တိုင်ဖောက်ကာ တောင်းဆိုမှုအား ပြောကြားလိုက်လေသည်။

“ ရှင် စိတ်ချပါ .. ကျွန်မတို့ နားလည်ပါတယ်…” ကူရိရန် အာမခံလိုက်သည်။ ထို့နောက် သူမ ဆက်မေး၏။

“ ကျွန်မတို့ ရှင့်ရဲ့ မှတ်တမ်းကို စစ်ကြည့်တာ ရာဇဝတ်မှု မှတ်တမ်းတစ်ခု ရှိနေတယ်… ရှင်အဲ့တာကို မငြင်းဘူးမလား …”

“ ကျွန်မ မငြင်းဘူး .. ဒါပေမယ့် ကျွန်မ အဲ့ဒီဟာတွေကို လွှတ်ချပြီးတာ ဟိုးအရင်ကတည်းကရင် … ရှင်တို့ အချိန်မရွေး သွေးဖောက် စစ်လို့ရတယ် .. ကျွန်မဘက်က ပူးပေါင်းပေးဖို့ အသင့်ပဲ …”

၎င်းနောက် ကူရိရန်မှ မေးခွန်း အနည်းငယ်ကို ဆက်လက် မေးမြန်းပြီး သူမအား နာရီ အနည်းငယ်မျှ ခေါ်ထားကာ နောက်ဆုံး၌ ပြန်သွားခွင့် ပေးလိုက်သည်။

“ အားလုံး ကြားကြတဲ့အတိုင်းပဲ … မင်းတို့ မြင်မိတာတွေ ပြောကြ …” လီရှန်းဟွေ့ ပြောလိုက်၏။

“ သူ့ရဲ့ အလီဘိုင်က ပြဿနာ မရှိဘူး … ပြီးတော့ အလွယ်လေး စစ်ဆေးလို့ရတယ် … လူကလည်း ထက်မြက်တဲ့ လူစားမျိုးဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လှည့်စားဝံ့မှာတော့ မဟုတ်လောက်ဘူး …” ကောင်းမင်ကျွင်းမှ ပြောလိုက်သည်။

“ အတိတ်က ရာဇဝတ်မှတ်တမ်း ကိစ္စနဲ့ ပတ်သက်ပြီးလည်း ပြဿနာ မရှိဘူး ထင်တာပဲ .. ဘာလို့ဆို ကျွန်မတို့ စစ်ဆေးကြည့်လို့ရတာကြောင့်ပဲ ….” ကူရိရန်မှ ထပ်ပေါင်းပြောလိုက်၏။

“ ဒါပေမယ့် ဒီလိုဆိုတိုင်း သူက လိမ်မပြောဘူးလို့တော့ မဆိုလိုဘူး …” လင်းရီ ပြောလိုက်ပြီး “ တားမြစ်ပစ္စည်းက ဗွီဒီယိုကနေ တဆင့် အတူ သုံးလို့ရတယ် … နောက်ပြီး အစောပိုင်းတုန်းက ဒီကိစ္စကို သိုသိုသိပ်သိပ်ပဲ စစ်ဆေးဖို့ ပြောပြီး သူ့ရဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေ ဆုံးရှုံးမှာကို ရှောင်ကြဉ်ချင်တယ် … ငါတော့ ဒါက သူ ရည်ရွယ်ချက်ရှိရှိ ကျုပ်တို့ရဲ့ အကဲဖြတ်မှုကို လွဲချော်အောင် ပရိယာယ်ဆင်နေတယ်လို့ ထင်တယ်…”

ကျန်သူများလည်း လင်းရီ၏ ထင်ကြေးအားထောက်ခံလိုက်ကြသည်။ ထိုအရာလည်း ဖြစ်နိုင်သည်။

“ ငါ သူ့ဖုန်းကို စစ်ဆေးကြည့်လိုက်မယ်…”

ကူရိရန် ထရပ်ပြီး စစ်ကြောရေး အခန်းထဲက ထွက်သွားခဲ့၏။

သို့သော် မိနစ်အနည်းငယ် ကြာပြီးနောက် အစောတလျင်နှင့် ပြန်ပြေးဝင်လာသည်။

“ တွေ့ခဲ့ပြီ… သူတို့ ဗွီဒီယိုကော ပြောခဲ့ကြတာ မိနစ် ၄၀ တောင်ကြာတယ်.. ဗွီဒီယိုကောက ၁၁ နာရီ ၃၀ လောက်မှာ အဆုံးသတ်သွားခဲ့တာ …”

၁၁: ၃၀ ….

ထိုအချိန်၌ လူတိုင်း မျက်လုံးအရောင် လက်လာခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ ခန့်မှန်း တွက်ချက်မှုများအရ စုန့်တဲယွမ်သည် စုဝေးပွဲမှ ၁၁ : ၄၀ လောက်တွင် ထွက်လာခဲ့ပြီး ကမ်းပါး အစွန်းသို့ရောက်ကာ ခြေချော် ပြုတ်ကျသွားခဲ့သည်။

“ သူတို့ နှစ်ယောက်က ၁၁ ခွဲ ဝန်းကျင်လောက်မှာ စကားပြောပြီးကြတယ်ဆိုတော့ တူကျွမ့်က တစ်နည်းနည်းနဲ့ တိုက်တွန်းမှု တစ်စိတ်တစ်ဒေသကို ဖြစ်စေနိုင်တယ်….”

“ ဗွီဒီယိုကောပြီးတော့ စုန့်တဲယွမ် အခန်းထဲက ထွက်သွားခဲ့တယ်… ပြီးတော့ အဲ့ဒီနောက်ပိုင်းမှာ ဒီခုလို ဖြစ်သွားခဲ့တာပဲ …”

ထိုစကားကြားတော့ လူတိုင်း အလင်းပွင့်သွားသည့်သယောင် ခံစားလိုက်ကြရသည်။

“ အရာရှိလီ .. သူ့ကို ထပ်ပြီးစစ်ဆေးမေးမြန်းဖို့ ပြန်ခေါ်လိုက်မယ်…”

“ မလောနဲ့ … သူတို့ နှစ်ယောက်ကြားမှာ ဗွီဒီယိုကော ပြောခဲ့တယ်ဆိုရင်တောင် သူတို့ ဘာတွေ ပြောလဲ ဘယ်သူက သိမှာ … နှစ်ဦးကြားက ရိုမန်တစ်ဆန်တဲ့ ကိစ္စရပ်မျိုးလည်း ဖြစ်နိုင်တာပဲ … ငါတို့သာ ဒါကို အသုံးချပြီး သူ့ကို အတင်းအကြပ် စွပ်စွဲရင် တရားခွင်မှာ ဒါကြီးကို သက်သေအဖြစ်လည်း သုံးလို့ မရဘူး …” လီရှန်းဟွေ့ ပြောလိုက်၏။ “ ဆိုပေမယ့် မင်း ပြောသွားတာတွေကလည်း မဖြစ်နိုင်တာ မဟုတ်ဘူး … ဗွီဒီယိုကောက မိနစ် လေးဆယ်တောင် ကြာခဲ့တာ ဆိုတော့ သူက တစ်နည်းနည်းနဲ့တော့ လှုံ့ဆော်မှု တစ်ချို့ ဖြစ်ခဲ့မယ်လို့ ထင်တယ်… ဒါပေမယ့် သူ့ကို လှုံ့ဆော်ခဲ့တယ်ဆိုရင်တောင် အဲ့တာက စုန့်တဲယွမ်ကို ဒီလို အကျိုးရလဒ် ဖြစ်လာစေပါတယ်လို့ သက်သေပြဖို့ မလုံလောက်ဘူး … ဘာပဲပြောပြော စုန့်တဲယွမ်လို လူတွေက ဒီလို အရာမျိုးတွေကို အတူလုပ်ရတာ ကြိုက်ကြတယ်မလား … တစ်ယောက်တည်း လုပ်ရတာက သူတို့အတွက်ကျ သိပ်ပြီး စိတ်ဝင်စားဖို့ မကောင်းဘူး …”

လူတိုင်း သဘောတူညီစွာ ခေါင်းညိမ့်လိုက်ကြသည်။ သူတို့လို လူစားမျိုးက ပုံမှန်အားဖြင့် ထိုသို့သော အမူအရာမျိုးအား ပြုနေကြပင်။ တစ်ဦးတည်း စိတ်ဖြေသည်က ရှားပါးလှ၏။ မကြာခဏဆိုသလို အဖော်တစ်ဦးဦးဖြင့်သာ ထိုသို့‌သော လှုပ်ရှားမှုအား ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် ဤသည်က အပျော်သပ်သပ်လည်း ဖြစ်နိုင်ပါသည်။

“ ငါ အနှစ်ချုပ်ပေးမယ်… တူကျွမ့်နဲ့ ပတ်သက်ပြီး သံသယဖြစ်ဖို့ကောင်းတဲ့ အချက်သုံးချက် ရှိတယ်…” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ပထမ တစ်ချက် … သူတို့ စကားဝိုင်းက ရိုမန်တစ်ဆန်တဲ့ အကြောင်းအရာတွေချည်းပဲ … တူကျွမ့်ကို စီရင်ဖို့ မလုံလောက်ဘူး …”

“ ဒုတိယ … သူ့ဘက်က လှုံ့ဆော်မှု တစ်ချို့ ဖြစ်စေခဲ့တယ်ဆိုရင်တောင် နောက်မှာ ဘာရည်ရွယ်ချက်မှ မရှိလို့ ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ခံစားရမှာ မဟုတ်ဘူး … ဘာပြစ်ဒဏ်မှ မပေးခံရတာမျိုးတောင် ဖြစ်နိုင်တယ်…”

“ တတိယ … တကယ်လို့ သူက စုန့်တဲယွမ်ရဲ့ စည်းစိမ်ကို အကျိုးလိုလားတဲ့စိတ်နဲ့ ရည်ရွယ်ချက်ရှိရှိ ဒီလို အမှုမျိုး ဖြစ်လာစေတယ်ဆိုရင် ဒါက .. ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ဖြစ်သွားပြီ…”

All Chapters