← Chapters

သူက type R မောင်းနေတာ

Vol. 114 Ch. 1701

သူက type R မောင်းနေတာ

Vol. 114 Ch. 1701

ကျန်သူများလည်း လီရှန်းဟွေ့၏ ထင်ကြေးကို ထောက်ခံလိုက်ကြ၏။

ထို့နောက် သူ့ဘက်က ဆက်ပြီးပြောသည်။

“ ပထမ ဖြစ်နိုင်ချေ နှစ်ခုကိုတော့ … အဲ့တာနဲ့ ပတ်သက်ပြီး ငါတို့ အတည်ပြုဖို့ နည်းလမ်း မရှိသေးဘူး … နောက်ဆုံး

တစ်ခုကိုတော့ ငါတို့ စစ်ဆေးလို့ရတယ် …”

“ ကျုပ် မနက်ဖြန် သူ့ကုမ္ပဏီကို သွားပြီး အကောင့်တွေနဲ့ ပတ်သက်ပြီးမှ ပြဿနာ တစ်စုံတစ်ရာ ရှိမရှိ သွားစစ်ကြည့်လိုက်မယ်…” ကောင်းမင်ကျွင်း ပြောလိုက်၏။

လီရှန်းဟွေ့ ခေါင်းညိမ့်လိုက်သည်။ “ ဒါက ကီးပွိုင့် ဖြစ်မယ် … သေချာလေး စစ်ဆေးချည် …”

“ ကျုပ်နဲ့ လွှဲထားလိုက်စမ်းပါ …”

“ အရာရှိလီ … ဒီကိစ္စက သူ့ဇနီးနဲ့ ပတ်သက်နေမယ်လို့ရော မထင်ဘူးလား…” ကူရိရန် မေးမြန်းလိုက်၏။

“ မင်းပြောချင်တာ လျိုဖန်းကိုလား …”

ကူရိရန် ခေါင်းညိမ့်လိုက်သည်။ “ စောန စစ်ဆေးမေးမြန်းတုန်းက စုန့်တဲယွမ် သေသွားတဲ့ သတင်းကို ကြားတော့ သူ့ပုံစံက အတော်လေး တည်ငြိမ်နေတယ် .. နည်းနည်း ပုံမှန် မဟုတ်ဘူး … ပြီးတော့ သူ့သားလည်း အံ့အားသင့်ဖို့ ကောင်းလောက်အောင် တည်ငြိမ်နေတယ် … သူ့အဖေ သေတာ ရှင်တာက သူနဲ့ မဆိုင်သလိုမျိုးပဲ …”

“ သူတို့ရဲ့ ပတ်သက်ဆက်နွယ်မှုက အမည်ခံလောက် ရှိတော့တာလေ…. ကွာရှင်းမထားဘူး ဆိုပေမယ့် တစ်ယောက်နဲ့ တစ်ယောက်က သူစိမ်းတွေထက်တောင် ပိုပြီး စိမ်းနေလောက်တယ် … ဒီတော့ အချင်းချင်း ခံစားချက် မရှိတော့တာ ပုံမှန်ပါပဲ …” ကျန်းဟွေ့ ပြောလိုက်သည်။ “ ပြီးတော့ သူ့သားကလည်း ပုံမှန်ဆို သူ့အမေနဲ့ ပိုရင်းနှီးတယ် … ဒီတော့ စုန့်တဲယွမ်အပေါ် သူ့ခံစားချက်တွေက မှေးမှိန်နေတာ သဘာဝပဲ … သူတို့ရဲ့ သဘောထားက နားလည်ပေးလို့ ရပါတယ် …”

“ မဟုတ်သေးဘူး … သူတို့လည်း တစ်ခုခုတော့ ရှိရမယ်…” လင်းရီ ပြောလိုက်ပြီး “ စွန်းကျယ်က ကုမ္ပဏီမှာ အလုပ်လုပ်နေတုန်း … ပြီးတော့ သူက ဒုဥက္ကဌ … ကုမ္ပဏီရဲ့ အခြေအနေကို သူ့ လက်ဖမိုးလိုမျိုး ကောင်းကောင်း သိကို သိရမယ်…”

“ စုန့်တဲယွမ်မှာက အပျော်မယား တစ်ယောက် ရှိတယ်… သားအမိနှစ်ယောက်က အပျော်မယား သူတို့ ပိုက်ဆံတွေ လိမ်သွားမှာကို ကြောက်ကြတယ် .. ဒါကြောင့်မို့ ဒီနည်းလမ်းနဲ့ စုန့်တဲယွမ်ကို သတ်လိုက်တာ ဖြစ်မယ် … ဒီလိုဆို ဥပဒေ အတိုင်း အဖေ့အမွေကို သားက အလိုအလျောက် ဆက်ခံပိုင်ခွင့် ရှိသွားပြီ….”

“ သူတို့သားအမိတွေက လူသတ် တရားခံတွေလို့ပဲ ယူဆကြပါစို့ … ဒါဆို သူတို့ ဘယ်လိုလုပ်လိုက်ကြတာ …” လီရှန်းဟွေ့ မေးလိုက်လေသည်။

လူတိုင်း တိတ်ဆိတ်သွားခဲ့ကြ၏။ ထိုအခိုက်အတန့်တွင် အမှုမှာ မတိုးသာ မဆုတ်သာ အခြေအနေသို့ ကျရောက်နေသည့်ဟန်ပင်။ လူတိုင်းက သံသယ ဖြစ်ဖို့ကောင်းနေပြီး သူတို့ဘက်တွင် ရှိသည့် သက်သေအချက်အလက်တို့ကလည်း လုံလောက်ခြင်း မရှိချေ။

“ နေဦး … နည်းနည်းရှုပ်လာပြီ… ငါ စစ်ထုတ်ကြည့်ဦးမယ် ….” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ပထမ ဖြစ်နိုင်ချေက စုန့်တဲယွမ် ဘာ ဆေးဝါးမှ မသုံးထားဘူး … သူ့ဘာသူ သေကြောင်းကြံသွားတာ ဖြစ်နိုင်တယ် .. ဒါပေမယ့် ငါ့ရဲ့ နှစ်တွေအကြာကြီး အတွေ့အကြုံတွေ အရဆိုရင် ဒီလို ဖြစ်နိုင်ချေက တော်တော်နည်းတယ် … ဒီလိုသာ ကောက်ချက်ချလိုက်ရင် ဘယ်သူမှ တာဝန်ခံစရာလည်း မလိုတော့ဘူး …”

“ ဒုတိယ ဖြစ်နိုင်ချေက စုန့်တဲယွမ် နဲ့ တူကျွမ့်ရဲ့ ဗွီဒီယိုကောကတစ်ဆင့် စုန့်တဲယွမ် တစ်ခုခု ထိခိုက်သွားတယ် … တူကျွမ့်က မရည်ရွယ်လိုက်ဘူး ဆိုပေမယ့် စုန့်တဲယွမ်က ဆေးတွေ သုံးဖြစ်သွားတယ် … နောက်ဆုံး သူ့ဘာသူ ထင်ယောင်ထင်မှားတွေ ဖြစ်ပြီး ကမ်းပါးကနေ ပြုတ်ကျပြီး သေဆုံးသွားခဲ့တယ် .. ဒီလိုမျိုး ယူဆလိုက်ရင် တူကျွမ့်လည်း တာဝန်ခံမှု တစ်ချို့ လက်ခံရမယ်ဆိုပေမယ့် ပြင်းထန်တာမျိုးတော့ မဖြစ်နိုင်ဘူး …”

“ တတိယ ဖြစ်နိုင်ချေက စုန့်တဲယွမ်ရဲ့ စည်းစိမ်ကို တပ်မက်တဲ့စိတ်နဲ့ တူကျွမ့် တမင်တကာ ဒီလိုမျိုး ဖြစ်အောင် လုပ်တယ် … ဒီလို ဖြစ်ရိုးသာ မှန်ရင် ဒီကိစ္စမှာ သူက အဓိက တရားခံပဲ …”

“ စတုတ္ထ ဖြစ်နိုင်ချေမှာက စုန့်ကျယ်နဲ့ လျိုဖန်းတို့နှစ်ယောက် ပေါင်းပြီး စုန့်တဲယွမ်ကို သတ်လိုက်တယ် … သူတို့ ပိုင်တဲ့ စည်းစိမ်တွင် သူများလက်ထဲ မရောက်သွားခင် အမွေဆက်ခံလိုက်တဲ့ သဘောပေါ့ … ဒါပေမယ့် ဒီအတွက်ကျ လက်ရှိမှာ ဘာသက်သေအထောက်အထားမှ မရှိသေးဘူး …”

ကူရိရန် ခေါင်းညိမ့်လိုက်ပြီး ခေတ္တမျှ တွေးတောလိုက်၏။

“ ဆေးမှုခင်းဘက်ကလည်း မနက်ဖြန်ဆို ရလဒ်ထွက်လာတော့မယ် … အဲ့ခါကျ သူ ဆေးသုံးထားလား မသုံးထားဘူးလားဆိုတာ သိရမှာပဲ … အဲ့တာဆိုရင် မမှန်ကန်တဲ့ ထင်ကြေးတွေကို လျှော့ချလို့ရပြီ…”

“ ဒါဆိုလည်း ဒီနေ့ အစည်းအဝေးကို ဒီမှာ ရပ်ကြတာပေါ့ .. မနက်ဖြန် ရလဒ်ကို စောင့်ကြမယ် …”

ဝူးရှ် …..

အစည်းအဝေးပြီးနောက် လီရှန်းဟွေ့ ကိုယ်အညောင်း ဆန့်လိုက်လေသည်။

“ နောက်တောင် ကျနေပြီပဲဟ … အိမ်ပြန်ကြစို့ … မင်းတို့ မနက်ဖြန် စောစီး လာစရာမလိုဘူး .. ဒါပေမယ့် တအားကြီးလည်း နောက်မကျနဲ့ပေါ့ ….”

“ ဟုတ်ကဲ့ ….”

တစ်နေ့လုံး နီးပါး အလုပ်လုပ် ပြီးနောက် လူတိုင်း အနည်းငယ် နွမ်းနယ်နေကာ ပစ္စည်းများ သိမ်းဆည်း၍ အိမ်သို့ ပြန်ရန် ဟန်ပြင်လိုက်ကြသည်။

သို့တိုင်အောင် လင်းရီမှာ ရွေ့လျားမှု မရှိသေးချေ။ သူ၏ စိတ်က အမှုပေါ်တွင် အာရုံရောက်နေသည်။

တစ်ခုခု မှားယွင်းနေသည်ကို သူ ခံစားနေရသော်လည်း မည်သည့် အချက်က မှားယွင်းနေလဲဆိုတာကို သူ လက်ညိုးမထိုးပြနိုင် ဖြစ်နေခဲ့သည်။

စက္ကန့်အနည်းငယ် ကြာအောင် တွေးတောပြီးနောက် လင်းရီသည် လီရှန်းဟွေ့အား ပြောလိုက်၏။

“ အစ်ကိုလီ … ကျုပ် ကင်မရာမြင်ကွင်းကို ကြည့်ဖို့ ယူသွားချင်တယ် …”

“ ရတယ်လေ…” လီရှန်းဟွေ့ မငြင်းချေ။ ထိုအစား ကောင်းသည့်အချက်ဟုတောင် သူ ခံစားလိုက်ရသေး၏။ ဆိုလိုသည်မှာ လင်းရီတွင် စိတ်အားထက်သန်မှု ရှိသည်ကို ဖော်ပြနေခြင်း ဖြစ်၏။

Hard drive ကို ယူပြီးနောက် လင်းရီ နာရီ တစ်ချက်ကြည့်လိုက်တော့ ၁၁ နာရီထိုးလုထိုးခင်ပင်။

ယခုအချိန် အိမ်ပြန်မည်ဆိုက ရ၏။ သို့သော် လင်းရီ ထိုသို့ မလုပ်ချေ။ သူ ညကို လီချူးဟန်၏ အိမ်တွင် အိပ်ဖို့ ဆုံးဖြတ်ထားလေသည်။

“ ရို … ရီလေး … မင်း ကားလဲလိုက်ပြီပေါ့ .. မင်း အရင်က Lexus မောင်းနေတာ မှတ်မိပါသေးတယ် …” ကျန်းဟွေ့ ရယ်မောရင်း‌ ပြောလိုက်ပြီး “ ကားကာလာက တော်တော်လေးတော့ ထင်းတယ်နော်…”

“ ဟုတ်လား.. ဟဲဟဲ … အရာရှိကူ မနာလိုတာတွေ မရှိအောင် ကာကွယ်တဲ့ သဘောပါ ….”

“ သူများ ဝယ်ပေးတဲ့ ကားနဲ့ လာကြွားပြနေတာ ဘာဂုဏ်ယူစရာမှ မရှိဘူး … “ ကူရိရန် ပြောလိုက်ပြီး “ နင့် စကေးတွေနဲ့ဆို civic မောင်းဖို့ပဲ တန်တယ်…”

“ ဘာလဲ … မင်းက ငါ့ Civic ကို အထင်သေးတာလား …” လင်းရီ ရယ်မောရင်း ပြောလိုက်ပြီး “ ပြိုင်မောင်းကြရင်ကော …”

“ သိုသိုသိပ်သိပ်နေ … ဘရန်းကြောင့် အရူးလုပ်မခံရစေနဲ့ … သူ့ကားက ဗော့ဒ်ဆွာဂန်ဆိုပေမယ့် မိုဒီဖိုင်း လုပ်ထားတဲ့ကား … မင်းရဲ့ Civic လေးနဲ့သာလိုက်ရင် နောက်မီးတောင် မြင်လိုက်ရမှာ မဟုတ်ဘူး …” ကောင်းမင်ကျွင်း ကြားဖြတ်ပြောလာခဲ့သည်။

“ မင်းတို့ Civic ရဲ့ ဂုဏ်သတင်းကို မကြားဖူးကြဘူးလား … ဒါ ဂန္တဝင်ဆန်တဲ့ ကားပဲလေ…”

“ ဂန္တဝင်ဆန်တယ်ဆိုရင်တောင် မင်းကားက တစ်သိန်းကျော်လေးပဲ … သူ့ကားက သုံးသိန်းကျော်နဲ့ မိုဒီဖိုင်း လုပ်ထားတဲ့ စရိတ်တောင် မပါသေးဘူးနော် … ဈေးနဲ့တင် မင်းဘက်က ရှုံးနေပြီ…”

ကူရိရန် သူမခေါင်းအား ဂုဏ်ယူစွာ မော်ကြွားလိုက်၏။

“ နင် မောင်းတာ တော်မှန်း ငါသိသားပဲ .. ဒါပေမယ့် ငါလည်း ဆိုးမနေပါဘူး .. တကယ်လို့ အဲ့နေ့တုန်းက မောင်းတဲ့လူသာ ငါ ဆိုလို့ကတော့ နင့်ကို အသာလေး လိုက်ရုံနဲ့တင် မီတယ် …”

“ ဒါဆိုလည်း ပြိုင်မောင်းစို့ … ညတာရှည်တော့ အိပ်ချင်စိတ်လည်း မရှိသေးဘူး … ဘာပဲဆိုဆို အားနေမယ့် အတူတူ ဟုတ်တယ်မလား …” လင်းရီ ပြောလိုက်သည်။ “ လောင်းကြေးက အဲ့နေ့က အတိုင်းပဲ … မင်းစိန်ရဲလား …”

ကူရိရန် မျက်လုံးလှိမ့်လိုက်၏။ “ ငါက ရပြီးသားပဲ .. နင်သာ မရှုံးစေနဲ့ …”

“ ဒါဆိုလည်း လာလိုက်တော့ …”

“ ပန်းတိုင်က ငါးနှစ်ကောင် စိမ့်မြေ ပန်းခြံ … ဒီနဲ့ ဆယ်ကီလိုမီတာလောက်ပဲ ဝေးတယ် .. လမ်းကြောင်းနဲ့ ပတ်သက်ပြီး ပြောစရာ ရှိလား …”

“ ပြဿနာ မရှိဘူး … ကားထဲဝင် …”

လမ်းကြောင်း သတ်မှတ်ပြီးနောက် နှစ်ဦးသားလုံး ကိုယ်စီ ကားထဲသို့ ဝင်လိုက်ကြသည်။ ကူရိရန် သူမကားထဲသို့ လှန်လောရှာဖွေပြီး အိတ်အမည်း တစ်လုံး ရှာတွေ့သွားခဲ့ကာ လင်းရီထံ ကမ်းပေးလိုက်၏။

“ ယူလိုက် … ခဏကျ လိုလာလိမ့်မယ်…”

“ တော်တော်လေး ရင်းနှီးနေတယ်ပေါ့ ဟမ် …”

“ ဆိုပါတော့ …” ကူရိရန် ယုံကြည်ချက် ရှိသည့် အပြုံးတစ်ချက်အား ပေးလိုက်ရင်း ထိုင်ခုံခါးပတ် တပ်လိုက်ကာ “ ဒီတစ်ခေါက်တော့ ငါနိုင်မယ်လို့ ယုံကြည်ချက် အပြည့်ရှိတယ် …”

“ ဒါဆိုလည်း .. ကံကောင်းပါစေ ….”

“ နင်လည်း ဂွတ်လပ် …”

အချင်းချင်း စကားနာထိုးနေကြသည်ကို မြင်တော့ ကျန်းဟွေ့သည် ကား နှစ်စင်းအရှေ့တွင်ရပ်၍ ကျယ်လောင်သည့် အသံဖြင့် အမှတ်စဉ် ရေတွက်လိုက်၏။

“ သုံး … နှစ် .. တစ် … သွား ….”

ဘွန်း ဘွန်း ဘွန်း …….

ကျန်းဟွေ့ အသံဆုံးသည်နှင့် ကားနှစ်စင်းလုံးမှာ ကျယ်လောင်စွာ အော်မြည်၍ လေတစ်ဝှေ့နှင့်အတူ လူတိုင်း၏ မြင်ကွင်းမှ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

“ ဝှက်သယ်ဖက် …” ကောင်းမင်ကျွင်း ကျိန်ဆဲမိလိုက်ပြီး “ ဒီ အသံက တစ်ခုခုတော့ မှားနေပြီ …”

လီရှန်းဟွေ့နှင့် ကျန်းဟွေ့လည်း ပြောနိုင်သည်။

“ သူ့ကားက Civic မဟုတ်လား …”

“ ငါလည်း ဇဝေဇဝါ ဖြစ်နေတာပဲ … Civic ကို ဘယ်လိုပဲ မိုဒီဖိုင်း လုပ်ထားပါတယ် ပြောပြော ဒီလို အင်ဂျင်သံမျိုး ထွက်လာစရာ အကြောင်းတော့ မရှိဘူး …”

သုံးယောက်သား ခေတ္တမျှ ကိုယ်စီ အတွေးနက်နေကြပြီး ၎င်းနောက် အချင်းချင်း ပြန်ကြည့်မိလိုက်ကြ၏။

“ အဲ့ကောင်ရဲ့ကားက Type R တော့ မဟုတ်ဘူး မလား …”

တစ်ချိန်တည်းတွင် ကူရိရန်သည်လည်း တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိထားမိလိုက်သည်။ လင်းရီ၏ ကားက ကောင်းလွန်းနေခဲ့၏။

ဒါ Civic တစ်စင်းမှာ ရှိသင့် ရှိထိုက်တဲ့ စွမ်းဆောင်ရည်လား …

သူလည်း မိုဒီဖိုင်း လုပ်ထားတာများလား …

“ နှေးလိုက်တာ .. ငါအရင် သွားနှင့်ပြီနော …”

ကူရိရန်အား လက်ဝှေ့ရမ်းပြ၍ လင်းရီ အရှိန်တင်သွားခဲ့လေသည်။

ကူရိရန် အံကို တင်းတင်းကြိတ်လိုက်မိပြီး အရှုံး မဝန်ခံလိုပေ။ သူမလည်း အရှိန်ကို မြင့်လိုက်ပြီး လင်းရီနောက်သို့ လိုက်မီရန် ကြိုးစားလိုက်သည်။

သို့သော် သူမက မီတာ ဒါဇင်ခန့် ပြတ်ကျန်နေပြီး မည်သို့မျှ လိုက်မမီနိုင်သည်ကို သတိပြုမိသွားခဲ့၏။

ကလင် ကလင် ကလင် ..

ထိုအချိန်တွင် ကူရိရန်၏ ဖုန်းသံမြည်လာပြီး ကောင်းမင်ကျွင်းမှ ဆက်သွယ်လာခဲ့ခြင်းပင်။

သို့သော် သူမမှာ ဖုန်းကိုင်လိုသည့် စိတ်အခြေအနေတွင် ရှိမနေခဲ့ချေ။ အကယ်၍ သူမသာ နောက်တစ်ကြိမ် ရှုံးနိမ့်သွားမည်ဆိုပါက အတော်လေး အရှက်ရမှာဖြစ်၏။

ကူရိရန် ဖုန်းမဖြေဘဲ ဖုန်းချပစ်လိုက်သည်။ သို့သော် စက္ကန့်အနည်းငယ်ကြာပြီးနောက် ကောင်းမင်ကျွင်းမှ ပြန်ခေါ်လာသည်။

နှစ်ကြိမ်ဆက်တိုက် ခေါ်လာ၍ ကူရိရန် မျက်မှောင်ကြုတ်မိလိုက်၏။ စိတ်ထဲတွင် မကောင်းသည့် ခံစားချက်တို့က အလိုလို ပျံ့နှံ့လာသည်။

စဉ်းစားပြီးနောက် စခန်း၌ တစ်ခုခု ဖြစ်နေမှာကို စိုးသဖြင့် ဖုန်းအား ဖြေဆိုလိုက်သည်။

“ ဘာကိစ္စလဲ …”

“ မင်း နောက်မှာ ချန်ထားရစ်ခံရပြီမလား …”

“ ဟင် … နင်တို့ ဘယ်လိုလုပ်ပြီး သိလဲ …”

“ ထင်တဲ့အတိုင်းပဲ …” ကောင်းမင်ကျွင်း ပြုံးလိုက်ပြီး “ သူမောင်းနေတဲ့ ကားက သာမန် Civic မဟုတ်ဘူး … ယွမ်တစ်သန်းကျော် ပေးရတဲ့ Civic Type R … မင်း လိုက်မမီနိုင်တာ ကျိန်းသေပေါက်ပဲ …”

All Chapters