← Chapters

မုန့်ကျွေးသူနောက်လိုက်

Vol. 114 Ch. 1704

မုန့်ကျွေးသူနောက်လိုက်

Vol. 114 Ch. 1704

လူတိုင်း၏ အမူအရာကို မြင်တော့ သူဘာကို ဆိုလိုချင်နေမှန်း နားလည်သဘောပေါက်သွားကြပြီဟု လင်းရီ ယူဆလိုက်သည်။

ထို့နောက် ချောင်ရှင်း သုံးသပ်ထားသည်များအား ပြန်လည် ပြောပြလိုက်၏။

“ လင်းရီ … မင်း တကယ်တော်တယ် … ဒါတောင် ဖောက်ထွင်း မြင်နိုင်တယ်ဆိုတော့ … ကြည့်ရတာ ငါတို့လည်း ပိုပြီး ကြိုးစားဖို့ လိုနေတဲ့ ပုံပဲ … မဟုတ်ရင် မင်းလောက် တော်တော့မှာ မဟုတ်ဘူး ….”

လင်းရီသည် အမှတ်ရရန်အတွက် လောဘကြီးခြင်း မရှိဘဲ အမှန်အတိုင်း ဝန်ခံလိုက်လေသည်။

“ ကျုပ် သူငယ်ချင်း တစ်ယောက်က ကိုနန် ဖန်လေ… ကျုပ်တို့ စားရင်းနဲ့ ဒီအကြောင်း ပြောဖြစ်တော့ သူ ဒါတွေ ပြောပြလာခဲ့တာပဲ ….”

“ မင်း သူငယ်ချင်းက တကယ် အံ့ဩဖို့ကောင်းတယ် …” လီရှန်းဟွေ့ ချီးမွန်းလိုက်၏။ ထို့နောက် ဆက်ပြီး “ အခု … ဒီအမှုက လူသတ်မှုဆိုတာ ငါတို့ အတည်ပြုနိုင်သွားပြီ … ဒါကြောင့်မို့ ငါတို့ စုံစမ်းစစ်ဆေးမယ့် ဦးတည်ဘက်ခြမ်းကိုလည်း ပြောင်းရတော့မယ် …”

“ ကျွန်မတို့ မနေ့က တူကျွမ့်နဲ့ စုန့်တဲ့ယွမ်ရဲ့ ဖုန်းမှတ်တမ်းကို တွေ့ထားတာပဲ … အဲ့ဒါက သိပ်အရေးကြီးတဲ့ သက်သေ တစ်ခု .. ကျွန်မတို့ အဲ့တာကို အရင် စုံစမ်းကြရင်ကော …”

“ လောလောဆယ် မလုပ်သေးနဲ့ဦး …” လီရှန်းဟွေ့ ခေတ္တစဉ်းစားပြီး ပြောလိုက်၏။

“ ဒါပေမယ့် ခုကစပြီး မနေ့က အခင်းဖြစ်တဲ့ နေရာကို လူတွေ အလည်အပတ် မရှိအောင် ကန့်သတ်ထားရမယ် … အမှုပြီးသွားတဲ့ အချိန်ထိပေါ့ ….”

“ နားလည်ပါပြီ …”

“ ရှောင်ကောင်းက စုန့်တဲယွမ်ရဲ့ ကုမ္ပဏီကို သွားပြီး စစ်ဆေးနေတယ် … သူ ခဏနေဆို ပြန်လာလောက်ပြီ …” လီရှန်းဟွေ့သည် လင်းရီနှင့် ကူရိရန်အား ကြည့်၍ “ မင်းတို့နှစ်ယောက် အခင်းဖြစ်တဲ့ နေရာကို နောက်တစ်ခေါက် ထပ်သွားပြီး လေ့လာကြည့်ကြည့် … အသစ်တွေ့လိုတွေ့ငြားပေါ့ ….”

“ ကျွန်မတော့ သူနဲ့အတူ မသွားချင်ပါဘူး …” ကူရိရန် ပြောလိုက်ပြီး “ ကျွန်မ အစ်ကိုဟွေ့နဲ့ပဲ သွားလိုက်မယ် …”

“ မလုပ်နဲ့ …. မင်း အစ်ကိုငါက အခု ဒုတိယ ကလေး ရအောင် ကြိုးစားနေတာ … တစ်နေရာ ရှာပြီး ညတုန်းက အိပ်စက်ချိန်တွေကို ပြန်ဖြည့်တင်းဖို့ လိုတယ် …” ကျန်းဟွေ့ ပြောလိုက်၏။

“ သွားမှာသာ သွားလိုက်စမ်းပါ … ဘာလို့ ဆင်ခြေတွေ အဲ့လောက် ပေါနေတာလဲ …”

“ နားလည်ပြီ အစ်ကိုလီ …”

ကူရိရန်မှာ လင်းရီနှင့်အတူ သွားလိုစိတ် မရှိချေ။ လင်းရီ သူမအား ကြည့်၍ “ ဘာလဲ … အစောပိုင်းတုန်းက မင်းပဲ ကြွားပြီး ပြောနေတာ မဟုတ်ဘူးလား .. ကိုယ့်မှာ အစွမ်းအစရှိတယ်ဆိုလည်း ငါနဲ့အတူ မသွားနဲ့…”

“ နင် ငါ့ကို တမင် ဒေါသထွက်အောင် လာလုပ်နေတာလား …”

ကူရိရန်သည် ခြေထောက်အား မြှောက်၍ လင်းရီကို ကန်လိုက်သည်။

လင်းရီ၏ တုံ့ပြန်မှုက ကူရိရန်ထက် ပိုမြန်သည်။ သူ အသာလေး ရှောင်၍ ကူရိရန်၏ လက်မောင်းအား ဆွဲကာ သူမအား သူ့ပခုံးပေါ်သို့ ပစ်တင်လိုက်၏။

ထို့နောက် …

ကြမ်းပြင်သို့ ကိုင်ပေါက်လိုက်သည်။

“ သေစမ်း … ငါ့တင်ပါး ….”

လင်းရီ ထွက်ခွာသွားခဲ့၏။

တခြား ဌာနများရှိ လူများမှ ခေါင်းတွေ ပြူလာကာ ဘာတွေ ဖြစ်နေလဲဆိုတာကို ချောင်းကြည့်လာကြသည်။

“ ဘာတွေ လာကြည့်နေတာလဲ … ကိုယ့်အလုပ်ကိုယ်လုပ် …”

ကူရိရန် ဒေါသတကြီး အော်ဟစ်၍ လင်းရီ အနောက်သို့ ပြေးလိုက်သွားခဲ့၏။

သူမ နာကျင်နေသည့် တင်ပါးအား ပွတ်သပ်၍ နှစ်သိမ့်ချင်သော်လည်း လူတွေ အများကြီးက ကြည့်နေသည်ဖြစ်ရာ ထိုသို့ ပြုရန် ရှက်ရွံ့နေသည်။

သေစမ်း … သူမ ဘာလို့ အကြောင်းပြချက် မရှိ အဲ့ကောင်ကို သွားတိုက်ခိုက်မိတာပါလိမ့် …

တီးတိုးရေရွတ်လိုက်ရင်း … ကူရိရန်သည် လင်းရီ၏ ကားထဲသို့ ဝင်ကာ အော့လုံတောင် ၊ ရှုခင်းသာသို့ ထွက်လာခဲ့လိုက်၏။

“ မင်း ဖင်အောက်မှာ သံမှိုရှိနေလို့လား … အငြိမ်လေး မထိုင်နိုင်ဘူးလား … ဒါမှမဟုတ် ပန်းပုဝါ နေရာလွဲနေလို့လား ဟုတ်လား ….”

“ နင် ပြောရဲသေးတယ် .. နင့်ကြောင့်သာ မဟုတ်ရင် ငါဒီလို ဖြစ်မှာလား …”

“ တင်ပါးက ပိန်ရှုံ့ ခြောက်ကပ်နေတာ မင်း အပြစ်ပဲလေ… မဟုတ်ရင် အကျနာမှာ မဟုတ်ဘူး …” လင်းရီ မထိတထိ ပြုံးရင်း ပြောလိုက်ပြီး “ အားတဲ့အချိန် gym သွားဆော့စမ်းပါ .. တင်ပါးကို လုံးလုံးကိတ်ကိတ်လေး ဖြစ်အောင် လုပ် .. အဲ့လိုဆို ကျရင် မနာတော့ဘူး … ဘယ်လောက်ကောင်းထားလဲ ….”

“ ဘယ်သူ့တင်ပါးကို ပိန်ရှုံ့ခြောက်ကပ်တယ် လာပြောနေတာလဲ … ငါ့မှာလည်း တင်ရှိတယ်….”

“ အရူးစိတ်ချမ်းသာရင် ပြည်သာယာတယ်….”

“ ဆပ်ပြာမှုန့် …”

ကျန်သည့် ခရီးစဉ်တစ်လျှောက်လုံးမှာ‌တော့ တိတ်ဆိတ် ခြောက်ကပ်နေလျက်ပင်။

ကူရိရန်သည် အမှုဖိုင်တွဲကို လှန်လော ဖတ်ရှုနေလျက် ရှိပြီး လင်းရီကတော့ လမ်းကို အာရုံစိုက်၍ ကားမောင်းနေသည်။

“ ငါ တစ်ခု နားမလည်လို့ …”

ကူရိရန်သည်ကား အလုပ်နှင့် ကိုယ်ရေးကိုယ်တာကို ခွဲခြားတတ်သည့် လူတစ်ယောက်ပင်။ ကိုယ်ရေးကိုယ်တာ အရသာ လင်းရီအား အထင်မကြီးသော်လည်း ၎င်းက သူမတို့၏ အလုပ်သဘော ရင်းနှီးပတ်သက်မှု အပေါ်တွင်တော့ အကျိုးသက်ရောက်မှု မရှိပါချေ။

“ ပြော ….”

“ လူသတ်သမားက စုန့်တဲယွမ်ကို သတ်ချင်တယ် … သူက မူးယစ်ဆေးနဲ့ ထင်ယောင် ထင်မှားဖြစ်စေပြီး ကမ်းပါး အစွန်းကနေ ပြုတ်ကျအောင် လုပ်တယ် … ဒါပေမယ့် အဲ့ဒီလူက စုန့်တဲယွမ် အဲ့လို ကမ်းပါးကနေ ပြုတ်ကျပြီး သေပါမယ်ဆိုတာ ဘယ်လို သေချာအောင် လုပ်တာ …”

ကူရိရန် သူမ၏ အတွေးများအား ထုတ်ဖော်ပြောလိုက်၏။

“ နင်ခန့်မှန်းတာ မှန်မယ်ဆိုရင် လူသတ်သမားက ရည်ရွယ်ချက် ရှိရှိ ကင်မရာတွေကို ချိန်ညှိပြီး လူသတ်မှုကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တာ … ဒါပေမယ့် တကယ်လို့ စုန့်တဲယွမ်သာ ရှေ့ကို ခြေလှမ်းနည်းနည်းလောက် ထပ်တိုးလိုက်မယ်ဆိုရင် ကင်မရာကလည်း သူ့ကို ဖမ်းမိမှာ မဟုတ်တော့ဘူး … စောင့်ကြည့်ရေး ကင်မရာတွေ တပ်ထားတာက အလကား ဖြစ်သွားမှာ …”

“ ငါလည်း အဲ့ကိစ္စ တွေးမိတယ် …” လင်းရီ တွေးတောကြည့်လိုက်ပြီး “ ဒါကြောင့်မို့ အခင်း ဖြစ်တဲ့အချိန်မှာ လူသတ်သမားက စုန့်တဲယွမ်နဲ့ ဆက်သွယ် ပြောဆိုနေဖို့ များတယ် .. ပြီးရင် သူ့ကို သတ်မှတ်ထားတဲ့ နေရာမှာ ရပ်နေဖို့ ပြောမယ် … အဲ့လိုဆို ရှင်းပြပြီးသား ဖြစ်ပြီ…”

ကူရိရန် မျက်လုံး အရောင် လက်သွားခဲ့၏။ “ နင် ပြောသလိုဆို စုန့်တဲယွမ်နဲ့ ထိတွေ့ဆက်သွယ်နေတဲ့လူက လူသတ်သမား ဖြစ်နိုင်တာပေါ့နော်….”

“ အမှန်ပဲ ..” လင်းရီ ပြောလိုက်ပြီး “ ဒါကြောင့် ကင်မရာတွေ စစ်ဆေးရင်း ငါတို့ အခင်းဖြစ်တဲ့နေရာကိုပါ ပြန်ပြီး စစ်ဆေးရမယ်….”

“ အင်း ….”

တစ်နာရီကျော်ကြာပြီးနောက် နှစ်ယောက်သား အော့လုံတောင် ၊ ရှုခင်းသာသို့ ရောက်လာခဲ့သည်။

ရှုခင်းသာက ပိတ်သိမ်းနေပြီ ဖြစ်ကြောင်းကို သူတို့ မြင်တွေ့လိုက်ရ၏။ ယမန်နေ့က မတော်တဆမှုနှင့် သတင်းအား ဖုံးဖိရန်အတွက် အကယ်၍ နေရာအား မပိတ်လျှင်ပင် မည်သူကမျှ လာလည်လိုစိတ် ရှိကြမည် မဟုတ်ချေ။

သူတို့ဂိတ်ပေါက်ဝကို ရောက်တော့ ကူရိရန်မှ သူမ၏ အလုပ်ကတ်အား ပြလိုက်သည်။

“ ဘာများ ကူညီပေးရမလဲ …”

တံခါးဝတွင် စောင့်နေသည့် လုံခြုံရေး အစောင့်က အသက်လေးဆယ် အရွယ် သက်လတ်ပိုင်း အမျိုးသား တစ်ဦးပင်။ သူက လေးထောင့်ကျသည့် မျက်နှာနှင့် ရိုးသားသည့် သွင်ပြင်ရှိသည်။

“ မနေ့က လူတစ်ယောက် ကမ်းပါးကနေ ပြုတ်ကျပြီး သေသွားခဲ့တယ် … ကျွန်မတို့ အထဲဝင်ပြီး စစ်ဆေးချင်တာလေး ရှိလို့ပါ …”

“ ဟုတ်ကဲ့ ဟုတ်ကဲ့ … ခဏလေးနေဦးနော်….”

သက်လတ်ပိုင်း လုံခြုံရေး ဦးလေးကြီးမှာ အတော်လေး ပူးပေါင်းပေးလိုစိတ် ရှိပြီး သူတို့အား မငြင်းပယ်ပေ။

သာမန်လူတို့က ရဲများဆို သတိထားကြ၏။ နေရာရှိ အထက်ကြီးပိုင်းများက ရှုခင်းသာအား ပိတ်ထားသည်ဆိုသော်လည်း သူတို့အတွက်တော့ တံခါးဖွင့်ထားပေးဆဲပင်။

သံတွဲတံခါးမှာ ပွင့်ဟလာပြီး ကူရိရန်မှာ အထဲသို့ ဝင်ရန် ဟန်ပြင်လိုက်သည်။ သို့သော် လင်းရီမှာ တုတ်တုတ်မလှုပ်ဘဲ ရှိနေသည်။ သူက ဂိတ်ဝရှိ လုံခြုံရေး ကင်မရာအား ကြည့်နေလျက် ရှိ၏။

ဗွီဒီယို၏ အရည်အသွေးက မဆိုးသော်လည်း စုန့်တဲယွမ် သေဆုံးသည့် နေရာတွင်ရှိ ကင်မရာတို့လောက်တော့ ကြည်လင် ပြတ်သားနေခြင်း မရှိချေ။

“ အစ်ကိုကြီး … ကျုပ် တစ်ခုလောက် မေးလို့ ရမလား ..” လင်းရီ ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။

“ ဟင် … မင်းက ငါ့ကို မေးချင်တာလား …”

သက်လတ်ပိုင်း လုံခြုံရေး အစောင့် ဦးလေးကြီးမှာ အထိတ်တလန့် ဖြစ်သွားခဲ့ပြီး “ ငါက ဒီတိုင်း တံခါးစောင့်လေးပါပဲကွာ … ငါက ဘာမှ သိတဲ့ကောင် မဟုတ်ပါဘူး …”

လင်းရီ ငိုရအခက် ၊ ရယ်ရအခက် ဖြစ်သွားခဲ့သည်။ တစ်ဖက်သူ၏ စိတ်အခြေအနေကို သူ ကောင်းစွာ နားလည်သည်။

သာမန်လူတို့က ဘဝကို သာမန် အေးဆေးလေးသာ ဖြတ်သန်းချင်ပြီး ရှုပ်ရှုပ်ယှက်ယှက် ပြဿနာတို့ဖြင့် ကင်းကင်းရှင်းရှင်း နေချင်ကြသည်။

ထို့ကြောင့် ရဲများနှင့် ပတ်သက်ရမည်ကိုလည်း သူတို့ ရှောင်ချင်သည်။

အကယ်၍ သူ၏ အိမ်နီးနားချင်းတို့ကသာ တွေ့သွားမည်ဆိုပါက သူ့အား အတင်းတုပ်ကြလောက်၏။

“ မကြောက်ပါနဲ့ … ဒီတိုင်း ငါ့အစ်ကိုဆီကနေ အခြေအနေကို စုံစမ်းချင်ရုံလောက်ပါ .. တခြား ဘာအဓိပ္ပာယ်မှ မပါပါဘူး …”

“ ဒါဆိုလည်း မေးလေ ….”

“ ကျုပ်ကြည့်နေတာ ခင်များတို့ရဲ့ လုံခြုံရေး ကင်မရာက တော်တော်ကောင်းတာပဲ … သုံးနေတာ ဘယ်နှနှစ်လောက် ရှိနေပြီလဲ … ဘာဘရန်းလဲ …”

“ အား …. မင်းက ဒါကို မေးချင်တာလား …”

လင်းရီ လုံခြုံ‌ရေး ကင်မရာ အကြောင်း မေးလာသည်ကို မြင်တော့ သတ်လတ်ပိုင်း အမျိုးသားမှာ အများအပြား သက်တောင့်သက်သာ ဖြစ်သွားခဲ့ပြီး “ တစ်လနီးပါးလောက်တော့ ရှိပြီ … ကွာလတီက တော်တော်တော့ ကောင်းတယ် .. မနေ့တုန်းက အဖွားကြီး တစ်ယောက် လူကို လာလိမ်နေတာ ကင်မရာက ဖမ်းမိထားတာများ ရှင်းကတည်းကို နေတာ ….”

တစ်လကျော်လောက်က ….

လင်းရီ ရေရွတ်လိုက်ပြီး “ ရှုခင်းသာကို အဆင့်မြင့်တင်ဖို့ ကင်မရာတွေလည်း လဲလိုက်ကြတာလား ….”

“ ငါက ဒီတိုင်း လုံခြုံရေး အစောင့်လေးကို အဲ့တာတွေ ဘယ်လိုသိမှာ ..” သက်လတ်ပိုင်း အမျိုးသားက ပြောလိုက်ပြီး “ ဘာပဲ ဖြစ်ဖြစ် အရင်က ကင်မရာတော်တော်များများက အလုပ်မလုပ်တော့တာ ကြာပြီ … ပြီးတော့ ခေါင်းဆောင်တွေကလည်း ဒီကို အမြဲလာပြီး စစ်ဆေးတတ်တော့ လဲဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ရင်ဖြစ်မှာပေါ့ …”

“ ဒါဆို ဒီမှာ သီးသန့် စီးပွားရေးတွေ ဒီလောက်များတာ သူတို့ ကင်မရာတွေရောပဲ ရှုခင်းသာရဲ့ စီမံခန့်ခွဲမှုနဲ့ အသစ်လဲ လိုက်ကြတာလား …”

လုံခြုံရေး ဦးလေးကြီးမှာ ခေတ္တ စဉ်းစားပြီးနောက် “ အဲ့တာတော့ ပြောရခက်တယ်… ဘာပဲဆိုဆို ဒီလာပြီး ဆိုင်လာဖွင့် ၊ စီးပွားရေး လာလုပ်ကြတဲ့လူတွေက အထက်ကြီးပိုင်းတွေရဲ့ ဆွေမျိုး မဟုတ်ရင်တောင် တစ်နည်းနည်း ဆက်နွယ်နေကြတဲ့လူတွေလေ… သူတို့ ကြေးတွေကို ဘယ်လိုတွက်လဲတော့ ငါလဲ မသိဘူး…”

“ ကောင်းပြီ … ကျေးဇူးတင်ပါတယ် ငါ့အစ်ကို …”

“ ရပါတယ် … အပမ်းမကြီးဘူး …”

သူတို့ သိချင်တာကို မေးမြန်းပြီးနောက် ပန်းခြံထဲသို့ ဝင်လာခဲ့လိုက်လေသည်။

ကူရိရန်မှ မေးလိုက်၏။ “ နင် တစ်ခုခု သတိထားမိလို့လား …”

“ စောင့်ကြည့်ရေး ကင်မရာတွေနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ ရှိရမယ်… သွားပြီး အတည်ပြလိုက်ကြစို့ …”

All Chapters