← Chapters

အရှေ့တောင်ရိုးမှ အန္တရာယ်

Vol. 90 Ch. 1257

အရှေ့တောင်ရိုးမှ အန္တရာယ်

Vol. 90 Ch. 1257

ရှီမာယူယူ ရူးလောက်တော့မည့်အချိန်တွင် အသံကျောက်တုံးမှ အသံ သည် ပျောက်ကွယ်သွားလေသည်။

“ဒီဥက္ကဌကတော့ တကယ်ပဲ ဒီလောက်နှစ်တွေ အများကြီးကြာတာ‌ တောင် မရင့်ကျက်သေးဘူး”

“ဟား” ရှောင်ဟုန်သည် ရှီမာယူယူ၏ အပြုအမူကိုမြင်သောအခါ ပို၍ ရယ်မောလေသည်။ သူမ ထိုင်ခုံပေါ်တွင်ထိုင်ပြီး ဗိုက်ကိုနှိပ်ကာ မရပ်မနား ရယ်မောလေသည်။ “ယူယူ ငါ အရင်က အဂ္ဂိရတ်ပညာရှင်အသင်းရဲ့ ဥက္ကဌကို တွေ့ဖူးတယ် ဒါပေမဲ့ ဒီလောက်နောက်ပြောင်တတ်မယ်လို့ထင်မထားဘူး နင့် ကို သူပြောတဲ့ပုံက… ဟားဟားဟား…”

“ကောင်းပြီ မရယ်နဲ့တော့” ရှီမာယူယူသည် အကူအညီမဲ့စွာပြောလိုက် သည် “သူ အခုပြောလိုက်တဲ့ အသင်းမဟာမိတ်ဖွဲ့တယ်ဆိုတာကို နင်သိလား”

“သိတာပေါ့ ငါတောင် အဖေနဲ့သွားလိုက်တက်မလို့ စီစဉ်နေတာ” ရှောင်ဟုန် ပြောလိုက်သည်။

သူမ သရုပ်မှန်မှာ ပေါ်သွားပြီဖြစ်ရာ ဟန်ဆောင်ရန်မလိုတော့ဘဲ သူမ သည် အသင်း၏ သခင်မလေးဖြစ်ကြောင်းကို တောက်ပြောင်စွာ ဝန်ခံရတော့ မည်။

“နင်လည်း သွားချင်လို့လား”

“ဟုတ်တယ်” ရှောင်ဟုန် ခေါင်းညိတ်လိုက်သည် “အဲဒီ အမှောင် အင်အားစုတွေက အသင်းတွေကို ထပ်ခါထပ်ခါရန်စနေတာ၊ ငါလည်း စိတ်ရှိပါ တယ်၊ လာရှုပ်လို့မရဘူး ဒါအကုန်လုံးက ပြန်ပေးဆပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်တာ ပဲ အဲဒါကြောင့် မဟာမိတ်လုပ်ဖို့ဆုံးဖြတ်လိုက်တာ၊ ဒီအဖြစ်အပျက်တွေ နောက် ကွယ်မှာ ဘယ်သူ ကိုင်တွယ်နေလဲဆိုတာ သေချာပေါက် ရှာရမယ်”

ထိုပွဲသည် သူမ ဖခင်၏ ဆက်ခံသူအခမ်းအနားဖြစ်ပါလျက်နှင့် ထိုလူများ ကြောင့် ပျက်စီးသွားရသည်။ သူတို့ကိုကောင်းပေးပြီး သူမ ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့သော အရင်ဥက္ကဌ အသတ်ခံလိုက်ရသည်ကို ထပ်ပေါင်းတွေး ကြည့်လျှင် သူမသည် ထိုလူများကို အရိုးထဲကနေ မုန်းမိသည်။ သူမသည် သေချာပေါက် ပါဝင်ရမည်။

“အဲလူတွေက နင်တို့အသင်းကို ဆန့်ကျင်တိုက်ခိုက်ရဲမှတော့ သူတို့ အတွက် တစ်ခုခုပြန်ရှိသင့်တယ်” ရှီမာယူယူ ပြောလိုက်သည် “ငါ့အမြင်ကို မေး ရင်တော့ နင်တို့က သူတို့နဲ့မဟာမိတ်ဖွဲ့ဖို့ကို သူတို့လည်း မျှော်လင့်နေမှာပဲ ဒီလို အခြေအနေမှာတောင် နင့်တို့ကိုလာတိုက်ခိုက်တဲ့ပုံထောက်ရင် တစ်ဖက်က လည်း မရိုးရှင်းဘူး”

“ငါ့အဖေလည်း အဲလိုပြောတယ်” ရှောင်ဟုန် ပြောလိုက်သည် “ဒါပေမဲ့ သူတို့ ဘယ်သူတွေပဲဖြစ်ဖြစ် ပုံးကွယ်နေတဲ့မျိုးနွယ်ကလာတယ်ဆိုရင်တောင် သူတို့ကို လုံးဝလွှတ်မပေးဘူး”

“အင်း ဘယ်သူလဲဆိုတာသိရလို့ အကူအညီလိုတယ်ဆိုရင် ငါတို့ကိုသာ ခေါ်လိုက်၊ ငါတို့အသည်းကွဲတောင်ကြားက တည်ထောင်ထားတာမကြာသေး ပေမဲ့ နင်တို့လူအင်အားကိုဖြည့်ဖို့တော့ တတ်နိုင်သေးတယ်” ရှီမာယူယူ ပြော လိုက်သည်။

“ဘာကို လူအင်အားဖြည့်ဖို့လောက်ပဲလဲ၊ နင်တို့အသည်းကွဲတောင်ကြား ကို ငါကမသိလို့လား၊ လူတိုင်းက ရဲရင့်ပြီး အရည်အချင်းရှိတဲ့ တိုက်ခိုက်သူတွေ ပဲ၊ ငါတို့ တကယ်ပဲအကူအညီလိုတယ်ဆိုရင် နင်တို့လူတစ်ယောက်ချင်းစီက ရန်သူ ၁၀ယောက်လောက်ကို သေချာပေါက် တိုက်နိုင်မှာပဲ” ရှောင်ဟုန်သည် ပြုံးပြီးပြောလေသည် “ဥက္ကဌရှားက နင့်ကိုဖိတ်မှတော့ ငါတို့နဲ့အတူ အနီဖျော့ မြို့တော်ကို သွားမှာလား”

“ငါလား” ရှီမာယူယူသည် ရှားချောင်ထျန်ပုံစံကို တွေးမိပြီး အလျင်စလို ပင် ခေါင်းရမ်းလိုက်သည် “မဖြစ်ဘူး မဖြစ်ဘူး ငါ အသည်းကွဲတောင်ကြားကို ပြန်ရမယ်”

“ပညာရှိစံအိမ်တော်နဲ့ ဝူမျိုးနွယ်က နင့်ကို မြို့ပြင်မှာစောင့်နေတုန်းလို့ ကြားတယ် သူတို့က နင်ပေါ်လာတာနဲ့ သတ်ဖို့စောင့်နေကြတာ” ရှောင်ဟုန် ပြောလိုက်သည် “နင် လက်နက်မြို့တော်က ထွက်တာနဲ့ ငါတို့နယ်မြေမှာမရှိ တော့လို့ နင့်ကိုအလွတ်ပေးမှာမဟုတ်ဘူး၊ နင် ငါတို့နဲ့သွားမယ်ဆိုရင် ငါ့အဖေ ကို တွေ့ရင် နောက်ဆုတ်နိုင်တယ်”

“ဟုတ်တယ် သူတို့က ငါ့ကိုသတ်ချင်နေတာ ဒါပေမဲ့ ငါက သူတို့ကိုပိုသတ် ချင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

သူမ အမှောင်ဝိညာဉ်စွမ်းအင်ကို သုံးနိုင်သည်နှင့် အလိုလိုပင် လောက အသေးကိုဖွင့်နိုင်လာသည်။ ထိုနေရာတွင် သွေးမိစ္ဆာမြို့တော်ရှိရာ တစ်ယောက် ချင်းစီသည် မျှော်လင့်ချက်ကင်းမဲ့နေကြရသည်။ ပညာရှိစံအိမ်တော်နဲ့ ဝူမျိုးနွယ်ကို သူမက ကြောက်နေရမှာလား၊

ထိုအချိန်တွင် ဘေးတွင်ရပ်နေသော ဘိုင်ရှန်းသည် ပါးစပ်ဖွင့်ပြီး တစ်ခုခု ပြောမည်ပြုပြီးမှ စကားများကို ပြန်မျိုသိပ်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ရှီမာယူယူ သူ့ကို သတိထားမိသည်။

ရှောင်ဟုန်သည် ရှီမာယူယူကို ခေါ်သွားချင်သေးသည်။ သို့သော် ရှီမာယူယူသည် ဘိုင်ရှန်းကိုကြည့်ပြီးနောက် သူမ စဉ်းစားမည်ဟု ပြောလိုက် သည်။ ထို့နောက်တွင် သူမ ပြန်သွားလေသည်။

ရှောင်ဟုန် ထွက်သွားသည်နှင့် ရှီမာယူယူသည် ဘိုင်ရှန်းကိုကြည့်ပြီး မေး လိုက်သည် “လောင်ဘိုင် ဘာပြောချင်လို့လဲ”

“ဖြစ်နိုင်မယ်ဆိုရင် ကျုပ် အရှေ့တောင်ရိုးကိုသွားပြီး ကြည့်ချင်တယ်” ဘိုင်ရှန်း ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ လျူလျန်ချိုင်နဲ့ လုပ်ရမှာရှိလို့လား” ရှီမာယူယူ မေးလိုက် သည်။ ဘိုင်ရှန်း၏ အကျင့်သဘောထားအရ ဘာမှမဖြစ်လျှင် စကားပြောခဲ သည်။

ဘိုင်ရှန်း ခေါင်းညိတ်ပြီး ပြောလိုက်သည် “ကျုပ် လွန်ခဲ့တဲ့ရက်ပိုင်းက တောင်ကြားကနေ သတင်းရတယ်၊ အရှေ့တောင်ရိုးမှာ တစ်ခုခုဖြစ်နေတဲ့ပုံပဲလို့ ပြောနေကြတယ် ကျုပ်ပို့လိုက်တဲ့လူကလည်း သတင်းပြန်မလာဘဲပျောက်သွား တယ်”

“အိုး အဲလောက်ထူးဆန်းလား” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်မိ သည်။ သူမ၏ အသည်းကွဲတောင်ကြားမှလူများသည် အားကောင်းကြသည်။ သူတို့သည် ပြိုင်ဘက်ကင်းကြသည်။ သို့သော် အရိပ်အယောင်တစ်ခုမှ မကျန်ခဲ့ ဘဲနှင့် ပျောက်ကွယ်သွားကြသည်။

“တောင်ကြားက ဘာဆုံးဖြတ်လိုက်လဲ” ရှီမာယူယူ မေးလိုက်သည်။

“တောင်ကြားခေါင်းဆာင်က ဖန်ကျိနဲ့ တခြားသူတွေကို ခေါ်ပြီးသွားလိုက် ပြီ” ဘိုင်ရှန်း ပြောလိုက်သည် “အစတုန်းကတော့ ဒုခေါင်းဆောင်မှာ ဝိညာဉ် စွမ်းအင်မရှိလို့ ဒီအကြောင်းကို မပြောဖို့ တောင်ကြားခေါင်းဆောင်က ညွှန်ကြားထားတယ် ဒါပေမဲ့ အခု အမှောင်စွမ်းအင်ကိုသုံးနိုင်သွားပြီဆိုတော့ အဲဒီကိုသွားကြည့်သင့်တယ်၊ ပြီးတော့ လျန်ချိုင်နဲ့ တခြားသူတွေပျောက်သွား တဲ့ အရှေ့ပိုင်းမျှတမှုမြို့တော်ကလည်း အနီဖျော့မြို့နဲ့သိပ်မဝေးဘူး”

ရှီမာယူယူသည် တွေဝေမိသည်။ အရှေ့ပိုင်းမျှတမှုမြို့တော်တွင် အမှန် တကယ်ပင်တစ်ခုခုဖြစ်ပါက အသင်းကိုသက်ရောက်မှုရှိနိုင်သည်။ သူမ တကယ်ပင် အရှက်မရှိသော အဘိုးကြီး ရှားကျောင်ထျန်ကိုမတွေ့ချင် သော်လည်း အဂ္ဂိရတ်အသင်းကိုတော့ စွဲလမ်းသည်။

“အသင်းမဟာမိတ်အဖွ့ သူတို့ကဘာလို့ အရှေ့ပိုင်းတောင်ရိုးကိုသွားမှ ဖြစ်မှာလဲ” ရှီမာယူယူ‌ မေးလိုက်သည်။

“လက်နက်သခင်များအသင်းနဲ့ ဝိညာဉ်ရှာဖွေသူသခင်များအသင်းက အရှေ့တောင်ရိုးမှာရှိလို့ဖြစ်နိုင်တယ်” ဘိုင်ရှန်း ပြောလိုက်သည် “ဒါပေမဲ့ အဓိကအကြောင်းအရင်းကိုတော့ မသိနိုင်ဘူး အရှေ့ပိုင်းမျှတမှုမြို့တော်မှာ ဖြစ်နေတဲ့ အကြောင်းအရာကြောင့်လည်းဖြစ်နိုင်တယ်”

“အဲလိုဖြစ်နိုင်တယ် အရှေ့ပိုင်းမျှတမှုမြို့မှာဖြစ်နေတာကို သူတို့က မဟာမိတ်တွေနဲ့ ဆွေးနွေးလို့ရတယ်လေ၊ အဲဒါဖြစ်နိုင်ချေရှိတယ်လို့ ခံစားရ တယ်၊ မဟုတ်ရင် သူတို့ ဒီလောက်နီးတဲ့မြို့ကိုရွေးမှာမဟုတ်ဘူး” ရှီမာယူယူ ခန့်မှန်းလိုက်သည်။

သူမ ပြီးခဲ့သည့်၂နှစ်တွင် သူမ မိုယွိနောက်လိုက်ပြီး မြေအောက်သိုင်းများ ကိုလေ့လာပြီး အပြင်ကိစ္စများကို အာရုံမစိုက်ခဲ့မိခြင်းကြောင့် မသိခြင်းဖြစ်မည်။ အပြင်ဘက်တွင် ထိုသတင်းမှာ ပျံ့နှံ့ပြီးလေပြီ။

“ဒါဆိုရင် ငါတို့သွားသင့်လား” ဖက်တီးကျူ မေးလိုက်သည်။

“ငါတို့လူတွေလည်း အဲမှာပျောက်နေတယ်ဆိုမှတော့ သွားပြီးကြည့်ရမှာ ပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“လက်နက်သခင်များအသင်းနဲ့အတူ သွားမှာလား”

ရှီမာယူယူ စဉ်းစားကြည့်ပြီး ခေါင်းခါလိုက်သည်။ သူမ လက်နက်သခင် များအသင်းနှင့် အတူသွားမည်ဆိုပါက ရှားကျောင်ထျန်ဆီသို့ တိုက်ရိုက်ရောက် သွားမည်မဟုတ်ပါလား။

“ငါတို့ ကိုယ့်ဘာသာသွားမယ်၊ ပြီးတော့ မသွားခင်ကို လုပ်စရာလည်း ရှိသေးတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဘာလဲ” အားလုံးသည် သူမကိုကြည့်လိုက်ကြသည်။

“အဘိုးဘိုင် မျိုးစေ့ချထားတာတွေကို သွားရိတ်သိမ်းရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည် “အဲလူတွေက ငါတို့ထွက်လာတာကိုစောင့်နေတာမဟုတ်ဘူး လား ဒါဆိုရင် သွားတွေ့သင့်တာပေါ့”

ဘိုင်ရှန်း မှင်တက်သွားသည်။ သူ့တွင်ဖြစ်ခဲ့သည့် ကိစ္စများကို သူမ မှတ်မိ နေဦးမည်ဟု သူထင်မထားပေ။ သူမ အားအင်ပြန်ရသည်နှင့် ပထမဆုံးလုပ် သည်မှာ သူ့ကိုကူညီခြင်းဖြစ်သည်။

“ကောင်းပြီလေ မသွားခင်ကို အတိုးယူရမှာပေါ့”

“မနက်ဖြန်ကိုသွားမယ် ငါ ရှောင်ဟုန်နဲ့ ဦးလေးဟော်ကို သွားအသိပေး လိုက်ဦးမယ်”

“ကောင်းပြီ”

သူတို့ နောက်တစ်နေ့တွင် ထွက်သွားတော့မည်ဟု ရှောင်ဟုန်နှင့် ဟော်ချန်းဒုန်သိသွားချိန်တွင် အလွန်အံ့ဩကြလေသည်။ သူတို့သည် သူမနှင့် အတူထွက်သွားချင်သည်။ သို့သော် သူမ ငြင်းဆန်နေသဖြင့် သူမနှင့် အတန် ကြာပြောပြီးနောက်တွင် သူတို့လူကို သူမနှင့်ထည့်ပေးရန် ပြောလေသည်။ သို့သော် သူမ ငြင်းဆန်နေတုန်းပင်။

လက်နက်သခင်များအသင်းက အလုပ်များနေပြီကို သူမက ဘာလို့ ဝန်ထုတ်ဝန်ပိုးပေးနေဦးမှာလဲ။ အရေးအကြီးဆုံးမှာ အပြင်လူရှိနေတာကို ပညာရှိစံအိမ်တော်နဲ့ ဝူမျိုးနွယ်ကို ဘယ်လိုလုပ် ရှင်းရတော့မလဲ။

သည်လိုနှင့် နှုတ်ဆက်ပြီးသည့်နောက်… နောက်တစ်နေ့မနက်တွင် သူမ လူများကို ဦးဆောင်ကာ ဖြတ်လမ်းတည်ဆောက်မှုနှင့် မြို့အပြင်သို့ ဦးတည် သွားလိုက်သည်။

သူတို့ မြို့ထဲသို့ထွက်လာသည်နှင့် ပညာရှိစံအိမ်တော်နှင့် ဝူမျိုးနွယ်များ သည် ချက်ချင်းပင် သိလိုက်ကြသည်။

***

All Chapters