← Chapters

ဝူမျိုးနွယ်ကိုသုတ်သင်ခြင်း

Vol. 90 Ch. 1258

ဝူမျိုးနွယ်ကိုသုတ်သင်ခြင်း

Vol. 90 Ch. 1258

ဝိညာဉ်စွမ်းအင်ရှိသဖြင့် သူမသည် ဖြတ်လမ်းတည်ဆောက်မှုများကို မမူးတော့ပေ။ သူမ မြို့ထဲတွင်ပတ်လျှောက်သည်နှင့် ရုတ်တရက် တစ်ခုခုကို အာရုံစိုက်မိလာရာ မြို့အပြင်သို့ ဦးတည်လိုက်သည်။

လက်နက်အသင်းသို့ သွားလိုက်သော ဝူမျိုးနွယ်များသည် သူတို့ ထွက်သွားလိုက်ပြီကို သိသောအခါ သွေးအန်မတတ် ဒေါသထွက်ကြလေသည်။

ဝူဂေါင်ယွင်သည် အေးစက်စွာ ပြုံးပြီးပြောလိုက်သည် “ငါတို့က ဒီနေရာ ကိုစောင့်ကြည့်လို့ ဖြတ်လမ်းတည်ဆောက်မှုကို မသုံးရဲဘူးထင်နေတာ ဒီမြို့က ထွက်သွားရင် ဘယ်နေရာကိုသွားမလဲကြည့်ချင်သေးတယ်”

“သခင်လေး သူတို့က အရှေ့တံခါးပေါက်ကနေ အပြင်ကိုဦးတည်သွား တယ်”

“ဒါဆိုလည်း လိုက်ကြတာပေါ့၊ ငါတို့ ဘိုင်ရှန်းနဲ့ သူတို့ကို သေချာပေါက် သတ်ရမယ်၊ ဒါဆိုရင် အသည်းကွဲတောင်ကြားကို ငါတို့နင်းချေလို့ရသွားပြီ” ဝူဂေါင်ယွင် နှာမှုတ်လိုက်သည်။

“သခင်လေး ကျွန်တော်တို့ ပညာရှိစံအိမ်တော်ကို သွားခေါ်လိုက်ရမလား”

“သူတို့ကို သတင်းပေးဖို့ လူလွှတ်လို့ရတယ် ဒါပေမဲ့ သူတို့ကိုတော့ မစောင့်တော့ဘူး၊ ငါတို့ကိုယ့်ဘာသာ ဖြေရှင်းနိုင်တယ်၊ ဘိုင်ရှန်းကလွဲပြီး ကျန် တဲ့သူတွေက ပိုးကောင်လေးတွေပဲ စိုးရိမ်ဖို့မလိုဘူး” ဝူဂေါင်ယွင် ပြောလိုက် သည် “ဒီအကြောင်းကို တပည့်တွေကို အသိ‌ပေးလိုက် လာတာ မလာတာက သူတို့အပိုင်းပဲ”

“ဟုတ်ကဲ့ သခင်လေး”

လူတစ်ယောက်သည် ပညာရှိစံအိမ်တော်ကို သတင်းသွားပေးချိန်တွင် ဝူဂေါင်ယွင်သည် ကျန်လူများကို ဦးဆောင်သွားကာ မြို့အရှေ့ပိုင်းသို့သွားလိုက် သည်။ အရှေ့တံခါးပေါက်မှထွက်ပြီးနောက်တွင် အဆုံးမရှိသော တောင်တန်း များကိုမြင်ရလေသည်။

“မင်းက ထွက်ပြေးဖို့မြေရှာနေတာလား အတွေးတွေလွန်နေပြီ” ဝူဂေါင်ယွင်သည် အေးစက်စွာရယ်မောပြီး သူ့လူများကို ဦးဆောင်ရင်း ဒေါသတကြီး တဟုန်ထိုးပြေးလာလေသည်။ ထိုခရီးစဉ်အတွင်းတွင် သူတို့ မျိုးနွယ်ဝင်များ ချန်ထားခဲ့သော အမှတ်အသားပေါ်မူတည်ပြီး ရှီမာယူယူနှင့် တခြားသူများကို နေ့တစ်ဝက်မရောက်ခင်ပင် ခြေရာခံနိုင်ခဲ့သည်။

“သခင်လေး” ရှီမာယူယူနှင့် တခြားသူများကို ခြေရာခံသူများနှင့် လမ်း တစ်ဝက်တွင်တွေ့လေသည်။

“အဲလူတွေရော”

“သိပ်မဝေးတော့ဘူး သူတို့က အဲနေရာကိုရောက်တာနဲ့ ရပ်သွားကြတာ”

“ဘာလို့သွားပြီး မဖမ်းလိုက်တာလဲ” ဝူဂေါင်ရင်သည် တည်တံ့သော မျက်နှာဖြင့် ပြောလေသည်။

သူက လူ ၁၀ယောက်ကျော်‌တောင်ပို့ထားတာကို ဒီအကောင်လေး နည်းနည်းလောက်ကို မရှင်းနိုင်ဘူးလား။

ပြီးတော့ သူတို့က သုံးလေးယောက်ပဲကို၊ ဘယ်လိုတွေဖြစ်နေတာလဲ။

“သခင်လေး တစ်ဖက်က မသန်မာပေမဲ့ သူတို့မှာ စာချုပ်သားရဲတွေ အများကြီးရှိတယ် အထူးသဖြင့် ရှီမာယူယူရဲ့ အသားစားပန်းဘုရင်ပဲ သူက ကျွန်တော်တို့ လူ ၁၅ ယောက်ကိုစားလိုက်တာ”

“အသုံးမကျတဲ့ဟာတွေ” ဝူဂေါင်ယွင်သည် ဘေးမှလူကို တစ်ချက်ကန် လိုက်သည် “ငါ့နောက်လိုက်ခဲ့ သူတို့ကိုဘယ်လိုသတ်မလဲကြည့်လိုက်”

ဝူဂေါင်ယွင်သည် သူ့လူများကို အမြန်ဆုံးအရှိန်နှုန်းဖြင့်ဦးဆောင်သွားပြီး ရှီမာယူယူတို့ မရပ်မနားသွားမည်ဟုတွေးကာ တစ်ခါမှမရပ်ဘဲသွားလေသည်။ သူတို့သာ အနည်းငယ်လောက် ထပ်စဉ်းစားလိုက်ဦးမည်ဆိုလျှင် ဒီလောက် မြန်မြန် သုတ်သင်ခံရမည်မဟုတ်ပေ။

ရှီမာယူယူနှင့် တခြားသူများသည် တောင်ထိပ်တွင် စောင့်ဆိုင်းနေကြ သည်။ တောင်ကြားတစ်ဝှက်တွင် အိပ်မက်လေးနှင့် တခြားသူများ ဆွဲဖြဲထား သည့် အလောင်းများပြန့်ကျဲနေသည်။

ဝူဂေါင်ယွင်နှင့် သူ့လူများ တောင်သို့ရောက်သွားသောအခါ အလောင်း များကိုမြင်ပြီး ချက်ချင်းပင် ဒေါသများဖြင့် ပြည့်သွားလေသည်။ သူတို့ တောင်ခြေရောက်သည်နှင့် ဘာမှပင်မပြောလိုက်ရဘဲ တိုက်ခိုက်ခံရလေသည်။

ဘိုင်ရှန်းသည် ရှီမာယူယူနှင့် တခြားသူများကို ခေါ်ပြီး ကောင်းကင်ဆီသို့ ပျံသွားလိုက်သည်။ ဝူဂေါင်ယွင်၏ တိုက်ခိုက်မှုသည် သူတို့ရှိရာ မြေပြင်သို့ ကျ ရောက်ပြီး တောင်ထိပ်သို့ ပြန်တက်သွားလေသည်။

တောင်ထိပ်ပြိုကျသည်နှင့် တောင်ကြားသည် ရုတ်တရက် အလင်းတန်း များလက်သွားပြီး ဝူမျိုးနွယ်ဝင်များသည် အထဲတွင် ပိတ်မိသွားလေသည်။

“ထောင်ချောက်တည်ဆောက်မှုပဲ”

ဝူဂေါင်ယွင်နှင့် တခြားသူများသည် ချက်ချင်းပင် သတိထားမိလိုက်သည်။

“သခင်လေး ဒါက နဂါးထောင်ချောက်တည်ဆောက်မှုပဲ” လူတစ်ယောက် ကအော်လေသည်။

“နဂါးထောင်ချောက်တည်ဆောက်မှု… ဒါက တံခါးတစ်ရာလဲလှယ်ခြင်း ရဲ့ တည်ဆောက်မှုမဟုတ်ဘူးလား” နဂါးထောင်ချောက်တည်ဆောက်မှုဟု အားလုံးကြားလိုက်သည်နှင့် သူတို့အမူအရာများပြောင်းသွားကြလေသည်။

တစ်ခါကု တံခါးတစ်ရာလဲလှယ်ခြင်းနှင့် ပြဿနာဖြစ်ခဲ့သော စံတင် အဆင့်တက်စလူတစ်ယောက်သည် ပိတ်မိဖူးသဖြင့် နဂါးထောင်ချောက် တည်ဆောက်မှုသည် အတွင်းဒေသတွင် နာမည်ကြီးလေသည်။ တံခါးတစ်ရာ လဲလှယ်ခြင်းမှလူများသည် သူ့ကို ၁၀ နှစ်ကျော်ကြာအောင် ပိတ်ထားပြီး နောက်ဆုံးမှပင် လူလွှတ်ပြီး ထုတ်ခိုင်းရသည်။ ထို့နောက်တွင် မည်သူမှ တံခါး တစ်ရာလဲလှယ်ခြင်းကို ပြဿနာမရှာရဲတော့‌ပေ။

“ငါကြားတာတော့ လွန်ခဲ့တဲ့ အနှစ် ၂၀က ရှီမာယူယူက ဒီထောင်ချောက် တည်ဆောက်မှုကိုသုံးပြီး အားကောင်းတဲ့ကျွမ်းကျင်သူတွေကို အထဲမှာ ပိတ်ထားခဲ့ဘူးတယ်ဆိုပဲ၊ ပြီးတော့ မိုးကြိုးဘေးသင့်မှုကို သုံးပြီး သူတို့ကိုအကုန် သတ်ခဲ့တယ်တဲ့” နဂါးထောင်ချောက်တည်ဆောက်မှုကို သတိထားမိသူသည် ဖြူဖျော့သော မျက်နှာဖြင့် ပြောလေသည်။

သူတို့အားလုံး ပိတ်မိနေသည်ကို ရှီမာယူယူ မြင်သောအခါ ဘိုင်ရှန်းကို မကိုင်ခိုင်းတော့ဘဲ သူမဘာသာ လေထဲတွင် ရပ်တည်လိုက်သည်။

“မဆိုးဘူး ရှင်တို့က နဂါးထောင်ချောက်တည်ဆောက်မှုကို ချက်ချင်းပဲ မှတ်မိသားပဲ” သူမနှင့် ဝူဂေါင်ယွင်တို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့် မိလိုက်ကြသည်။ သူတို့ အမူအရာမှာ ပေါ့ပါးနေသော်လည်း မျက်လုံးတွင်တော့ လူသတ်မည့်အကြည့်များဖြင့် ပြည့်နေသည်။

“တံခါးတစ်ရာလဲလှယ်ခြင်းရဲ့ ထောင်ချောက်တည်ဆောက်မှုကို မင်း ဘယ်လိုလုပ်သိတာလဲ” ဝူဂေါင်ယွင်၏ အမူအရာသည် အနည်းငယ် သတိကပ် ထားလျက်ရှိသည်။ သူမသာ တံခါးတစ်ရာလဲလှယ်ခြင်းနှင့် အပတ်အသတ်ရှိပါ က သူမကိုသတ်လိုက်လျှင် နောက်ထပ် ပြဿနာထပ်တက်နိုင်သည်။

“သင်ထားတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဒီတည်ဆောက်မှုကို သင်ရုံပဲသင်ထားတာ ဒါပေမဲ့ အသစ်အဆန်းလေး ထပ်ထည့်ထားတယ်၊ အဲဒါ ကြောင့် ဒါက သာမန်တည်ဆောက်မှုမဟုတ်တော့ဘူး ဒါက… သတ်ဖြတ်ခြင်း တည်ဆောက်မှုပဲ”

ပြောပြီးနောက်တွင် သူမ တည်ဆောက်မှုကို တိုက်ခိုက်လေသည်။ သူမ သည် သာမန်တိုက်ခိုက်မှုလုပ်လိုက်သည်မှာ ရှင်းလင်းသော်လည်း တည်ဆောက်မှုထဲမှလူများသည် စွမ်းအား၏ ၁၀ဆကို ခံစားရလေသည်။

“ရက်စက်လိုက်တဲ့ ကောင်မစုတ်ကလေး ဒီရိုင်းစိုင်းတဲ့အခြေအနေကို ရပ်လိုက်တာကောင်းမယ်” ဝူဂေါင်ယွင်သည် သူ ယုံကြည်မှုလွန်ကဲနေသည့် အချိန်အတွင်းတွင် သူမ တည်ဆောက်မှုအတွင်းကျသွားလိမ့်မည်ဟု ထင်မထား ပေ။ သူသည် ဒေါသများဖြင့်ပြည့်လာသည်။ သို့သော် သူတို့ တိုက်ခိုက်မှုမှ သူ့ကိုယ်သူ ရှောင်ရှားရန် ရွေးချယ်မှုမရှိတော့ပေ။

“ယူယူ ပညာရှိစံအိမ်တော်ကလူတွေ အခုထိရောကမလာသေးဘူး ဒါပြီး တာနဲ့ရောက်လာမယ်ထင်တယ် ဒါကို ခဏနေမှရှင်းကြတာပေါ့” ဝေကျိရွှီ ပြောလိုက်သည်။

“အင်း ဒါဆိုရင် သူတို့ အတူတူ သွားလို့ရတာပေါ့”

ရှီမာယူယူနှင့် တခြားသူများသည် အံ့ဖွယ်အဆင့်လောက်ဖြစ်သည်ကို အထင်မသေးသင့်ပေ။ သူတို့ အတူတကွပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင် တည်ဆောက်မှု၏ အဆတိုးသွားသော သက်ရောက်မှုကိုပါ ထပ်ပေါင်းလိုက် သော် မပြင်ဆင်လိုက်ရခင်မှာပင် မိလေသည်။

တစ်ဖက်သတ်တိုက်ပွဲကို သူတို့ဘယ်လောက်ကြာအောင် တောင့်ခံနိုင် မှာလဲ။ အထူးသဖြင့် လျှပ်စီးမိုးကြိုးသွားကျည် ပစ်ပြီးစနောက်နေသော ဖက်တီးကျူပင်ဖြစ်သည်။ ထိုပေါက်ကွဲမှုအားသည် အထဲမှလူများကို တောင့်မခံ နိုင်အောင်လုပ်လေသည်။

ထို့ကြောင့်ပင် ပညာရှိစံအိမ်တော်မှလူများလာသောအခါ ဝူမျိုးနွယ်ဝင်၏ သန်မာသောလူ အယောက်တစ်ရာကျော်သည် ချေမှုန်းခံလိုက်ရပြီဖြစ်သည်။

“အစ်ကိုကြီး” ဝူဂေါင်ဖောသည် ဝူဂေါင်ယွင်၏ မျက်လုံးများ နီရဲနေသည် ကို တွေ့လိုက်ရသည်။ သူသည် ရှီမာယူယူနှင့် တခြားသူများကို ရက်စက်သော အကြည့်ဖြင့် ကြည့်ပြီး အော်ဟစ်လေသည် “မင်းတို့အကုန်လုံးကို သတ်ပစ်မယ်”

“မင်းမှာ အရည်အချင်းရှိ မရှိကို မကြည့်ရသေးဘူး” ရှီမာယူယူသည် နှာမှုတ်ပြီး ကြာပန်းနက်လောကအသေး တံခါးပေါက်ကိုထုတ်လိုက်သည်။ သူမ ဖွင့်လိုက်ပြီး အထဲမှ ဧကရာဇ်အဆင့်လူတစ်ထောင်မျှကို လွှတ်ပေးလိုက်သည်။

ပညာရှိစံအိမ်တော်မှ လူများ၏အမူအရာများပြောင်းသွားကြသည်။ တစ်ဖက်တွင် လူအင်အားများလှသည်။ ထို့အပြင် တစ်ယောက်ချင်းစီသည် လူသတ်မည့် အငွေ့အသက်များရှိနေကြသည်။ ထိုလူများ ဓားသွားအစွန်းတွင် ရက်ပေါင်းမည်မျှ ကုန်ဆုံးခဲ့ရသည်ကို တွေးဖို့ပင် မလိုတော့ပေ။

ထို့အပြင် သူတို့သည် ရာဂဏန်းမျှသာရှိသည်။ လူတစ်ထောင်နှင့်ယှဉ် လိုက်သောအခါ သူတို့၏ ပြိုင်ဘက်လုံးဝမဖြစ်နိုင်ပေ။

“အစ်ကိုကြီးဖေ ဟိုဘက်က လူအရမ်းများတယ် အရင်ပြန်သင့်တယ် နောက်မှ လက်စားချေဖို့ပြန်လာမယ်” နာလန်လန်၏ ဆရာပြောလေသည်။

ဝူဂေါင်ဖေသည် မလိုလာားသော်လည်း ရုတ်တရက်ဖြစ်သွားသော အပြောင်းအလဲကြောင့် လက်စားချေမည့်အတွေးကို မတတ်သာဘဲ လက်လျော့ လိုက်ရတော့သည်။

သူ၏ အသက်လေးကိုအရင် ကယ်တင်ရမည်။ သူ လက်စားချေချင်လျှင် အသက်ရှင်အောင် နေရမည်။

“ပြန်ဆုတ်မယ်” သူသည် တွန့်ဆုတ်စွာ အမိန့်ပေးလိုက်သည်။

“ရောက်လာမှတော့ နေတာမဟုတ်ဘူး ဘာလို့သွားနေမှာလဲ” ရှီမာယူယူ သည် လက်ဝှေ့ရမ်းလိုက်ရာ သွေးမိစ္ဆာမြို့တော်မှလူများသည် ချက်ချင်းပင် သူတို့ကိုဝန်းရံလိုက်ကြသည်။

“ဒီလောက်နဲ့ ငါတို့ကိုတားနိုင်မယ်ထင်လို့လား” ဝူဂေါင်ဖေ နှာမှုတ်လိုက် သည်။ သူသည် လေဟာပြင်ဝင်ပေါက်ဖွင့်ရန် ကြိုးစားသော်လည်း မည်သည့် တုန့်ပြန်ချက်မှ မရပေ။

“လေဟာပြင်ဝင်ပေါက်ဖွင့်မရဘူး” ဝူဂေါင်ဖေ ပြောလိုက်သည်။

“စမ်းကြည့်မယ်” နာလန်လန်၏ ဆရာကြိုးစားကြည့်သော်လည်း ရလဒ်မှာ ထိုနည်း၎င်းပင်။

သူတို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး စိတ်များတုံ့ဆိုင်းသွား ကြသည်။

“ဆက်ကြိုးစားကြည့်လေ ဘာလို့ဆက်မလုပ်တာလဲ” ဖက်တီးကျူ၏ လှောင်ပြောင်သောအသံသည် ပျော်ရွှင်စွာ ပြောလေသည် “ယူယူက ဒီနေရာကို ချိပ်ပိတ်လိုက်ပြီ လေဟာပြင်ဝင်ပေါက်ဖွင့်ချင်ရင်တောင် မဖြစ်နိုင်ဘူးဆိုတာ သိထားလိုက်…”

***

All Chapters