နာလန်လန်ကို သေအောင်ရိုက်ခြင်း
Vol. 90 Ch. 1259
ရှီမာယူယူ၏ အစီအစဉ်ကို သူတို့မသိသော်လည်း သူတို့လမ်းပိတ်သွား သဖြင့် ထွက်သွားရန်မဖြစ်နိုင်တော့သည်ကို သိလိုက်သည်။
ဒါပေမဲ့ သူတို့က ဘယ်လိုဖြစ်ပြီး လုပ်နိုင်ရတာလဲ။
အဖြေမှာ ထိုအရာသည် လုံးဝမဖြစ်နိုင်ပေ။
ရာချီသောလူများသည် လူပေါင်းထောင်ချီကိုရင်ဆိုင်ရမည်။ ထို့အပြင် သူတို့သည် ထိုလူများထက် တစ်ဆင့်အားနည်းနေသေးသည်။ သူတို့ ဘယ်လို လုပ် အသက်ရှင်နိုင်မှာလဲ။
သူတို့ထိုအကြောင်းအား စဉ်းစားမိလိုက်သည်နှင့် စိတ်ဓာတ်ယိုယွင်းသွား လေသည်။ သူတို့သည် တိုက်ခိုက်ရန် စိတ်မရှိတော့ဘဲ အများစုမှာ စိတ်ပျော့ သွားကြလေသည်။
“ရှီမာယူယူ မင်းက ငါတို့ပညာရှိစံအိမ်တော်ရဲ့ ဖော်ရွေမှုကို တကယ်ပဲ ဖျက်လို့ဖျက်ဆီးလုပ်နေတာလား” နာလန်လန်၏ ဆရာသည် တင်းမာစွာဖြင့် ပြောလေသည်။
“ဟား” ရှီမာယူယူသည် ချက်ချင်းပင် ရယ်မောလိုက်သည်။ ရှီမာယူယူ သည် သူမကို ငတုံးသဖွယ်ကြည့်ပြီး ပြောလိုက်သည် “ဒီမှာ အဘွားကြီး ဒီလောက်အသက်ကြီးနေပြီကို ဘာလို့ ဒီလိုရဲတင်းတဲ့စကားကိုမှ ပြောရတာလဲ ဖော်ရွေမှုကို ဖျက်လိုဖျက်ဆီးလုပ်တယ်ဆိုတာ ဘာပြောတာလဲ၊ ရှင် လက်နက် မြို့တော်မှာတုန်းက ကျွန်မတို့ကိုတိုက်ခိုက်တုန်းက ပြောထားပြီးသားမလား အခုမှလာပြောနေတာ အရှက်မရှိတာမဟုတ်ဘူးလား”
“ဟုတ်တယ် ဟားဟား” တခြားသူများလည်း ရယ်မောကြလေသည်။ ထို အတွေးမှာ ဟာသကြီးတစ်ခုဖြစ်နေသည်။
“ပြီးတော့ ကျွန်မတို့ဘက်ကလူမများဘဲ ကျွန်မတို့တင်ပဲဆိုရင် အဘွားကြီး ရှင်က ဒီလိုဖော်ရွေမှုတွေ ဘာတွေပြောနေမှာမဟုတ်ဘူး ကျွန်မ ပြောတာမှန်လား၊ အခုဒီမြေပြင်မှာတောင် အလောင်းတွေ ကျွန်မတို့ပုံထားမယ် လို့ ဘယ်သူထင်ထားမလဲ” ရှီမာယူယူ ဆက်ပြောလေသည် “လူတစ်ယောက်က အသက်ကြီးလာတာနဲ့ အရေထူလာတာပဲလား”
“အဲလိုလား” ဘေဂုံထန် ပြောလိုက်သည် “ငါတို့ကလို ငယ်တာကကောင်း တာပေါ့ ဟုတ်တယ်မလား ယူယူ”
“နင်တို့နှစ်ယောက်လုံး ရပ်လိုက်တာကောင်းမယ်” နာလန်လန်သည် သူတို့နှစ်ယောက်ကို အော်လေသည် “ရှီမာယူယူ ဘေဂုံထန် နင်တို့ပါးစပ်တွေ က အရင်နှစ်တွေကထက် အဆိပ်ပြင်းလာတာပဲ ကြည့်ရတာ နင်တို့ အားထုတ် မှုတွေက ပါးစပ်လေ့ကျင့်တာမှာပဲ သုံးနေတာထင်တယ်”
“နာလန်လန် ဒီလောက်နှစ်အများကြီးမတွေ့ပေမဲ့ နင့်ရဲ့ မြင့်မြတ်တဲ့ သမီးတော်အဖြစ်ဟန်ဆောင်တဲ့အကျင့်က လုံးဝမပြောင်းသွားဘူးပဲ” ဘေဂုံထန်သည် အငြိုးကြီးစွာကြည့်လိုက်သည်။
“လန်အာ သူတို့ကိုသိလို့လား”
“ဆရာ့ကိုပြန်ဖြေပါတယ် သူတို့က ကျွန်မလာတဲ့နေရာကနေလာတာပါပဲ သူတို့က ကျွန်မငယ်ငယ်ကတည်းက ရန်သူတွေပါ” နာလန်လန် ပြောလိုက် သည်။
“အင်း ငါတို့ကရန်သူတွေပဲ” ရှီမာယူယူ ပြောလိုက်သည် “ငါတို့က ဒုန်ချန်း တိုင်းပြည်ကလာကတည်းက သူမက ကျွန်မကိုသတ်ဖို့ကြိုးစားတာရပ်မသွား ဘူးလေ၊ မအောင်မြင်တာတော့ နှမြောစရာပဲ၊ ဒီလိုဖြစ်မှတော့ ဒီနှစ်တွေမှာ ဖြစ်ခဲ့တာတွေကို နောက်ဆုံးတော့ ရှင်းနိုင်တော့မှာပေါ့၊ နာလန်လန်ကို ငါ့ကို အပ်ထားလိုက် နင်တို့က ကျန်တဲ့သိတွေကို ကိုင်တွယ်လိုက်”
“ဟုတ်ကဲ့ ဆရာ”
သွေးမိစ္ဆာမြို့တော်မှလူများသည် ထိုနှစ် ညက အဖြစ်အပျက်များကို မှတ်မိနေတုန်းပင်။ သူတို့သည် သူမကိုဆရာဟုခေါ်ရသည်ကို နှစ်သက်သည်။ သူမမည်မျှအားနည်းပါစေ၊ အသက်ငယ်ပါစေ တွေဝေခြင်းမရှိပေ။
“ဟင်း ငါလည်း နင့်ကိုဒီနေ့သတ်ချင်နေတာ” နာလန်လန်သည် ရှီမာယူယူကို မုန်းတီးစွာကြည့်ရာ သူမ မျက်လုံးများတွင် လူသတ်မည့် စိတ်အား ထက်သန်မှုများပြည့်သွားလေသည်။
“ဒီနေ့ ဘယ်သူကဘယ်သူ့ကိုသတ်နိုင်မလဲကြည့်ကြတာပေါ့” ရှီမာယူယူ သည် အနောက်သို့ပြန်ပြေးရင်း အေးစက်စွာနှာမှုတ်လေသည်။
နာလန်လန်သည် သူမနောက်လိုက်သွားရာ သွေးမိစ္ဆာမြို့တော်မှလူများ သည် သူမကို မတားတော့ဘဲ တည်ဆောက်မှုအတွင်းမှ ထွက်ခွင့်ပေးလိုက် သည်။
ရှီမာယူယူက သူမကိုယ်တိုင်ရှင်းချင်နေမှတော့ သူတို့ ဝင်မပါတော့ဘူး လေ။ ဘယ်လိုပဲဖြစ်ဖြစ် နာလန်လန်က ဒီနေ့သေချာပေါက် မလွတ်နိုင်ဘူးလေ။
ရှီမာယူယူသည် အနောက်တွင် ကျန်ခဲ့သောအဖြစ်အပျက်များကို ဂရု မစိုက်ဘဲ ဆက်ပျံသွားလေသည်။ သူမသည် နာလန်လန်ကို သတ်ရမည်ကိုသာ အာရုံစိုက်ထားသည်။
နာလန်လန်သည် သူမနောက်လိုက်သွားရင်း ကီလိုမီတာဆယ်ချီသော အကွာအဝေးရောက်မှပင် ရပ်လိုက်သည်။ သူမ ရပ်သွားသည်ကို မြင်သောအခါ ပျံသွားလေသည်။
“ဟင်”
သူမ ရှီမာယူယူအနားကပ်သွားသည်နှင့် သူမ ပတ်ဝန်းကျင်သည် မတူတော့သည်ကို ခံစားမိလေသည်။
“နင် ဘာလုပ်လိုက်တာလဲ” သူမသည် ရှီမာယူယူကိုကြည့်ရင်း လေဟာ ပြင်ကို တစ်ခုခုလုပ်လိုက်လား မလုပ်လိုက်လားဆိုသည်ကို ခန့်မှန်းရန် ကြိုးစား လေသည်။
“နင် ပညာရှိစံအိမ်တော်မှာ ဒီလောက်အကြာကြီးရှိလာတာပဲ… ပိုင်နက် ဆိုတာကို ကြားဖူးလား” ရှီမာယူယူသည် မိုးပေါ်သို့ပျံတက်သွားကာ မဲ့ပြုံး ပြုံးလိုက်သည်။ သူမ၏ ရှည်လျားသော စကတ်သည် လွှင့်နေသည်။ သို့သော် သူမ ရှိသောနေရာမှလွဲ၍ တခြားနေရာတွင် လေမတိုက်ပေ။
နာလန်လန်သည် ပညာရှိစံအိမ်တော်တွင် ရှိသောအချိန်တွင် များစွာ ကြုံတွေ့ခဲ့ရသည်။ စံတင်အဆင့်ရှိသောလူများ သူတို့ကိုယ်ပိုင် ပိုင်နက်ပြုလုပ် သည်ကို သိထားသည်။ သို့သော် သူမ ထက် ၂ နှစ်ငယ်သောလူတစ်ယောက် သည် ထိုကဲ့သို့ပိုင်နက်ကိုလုပ်နိုင်လိမ့်မည်ဟု သူမ ထင်မထားပေ။
မဟုတ်ဘူး… သူမ မယုံနိုင်ဘူး။ သူမက ဒီကမ္ဘာမှာ အရည်အချင်းအရှိဆုံး လူပဲ။ ရှီမာယူယူ မဖြစ်နိုင်ဘူး။
“ဒီပိုင်နက်က ငါ ချင်ယိကိုယ်ထဲမှာရှိတုန်းက သင်လိုက်တာပဲ၊ နင်လည်း အဲအထဲမှာရှိတုန်းက နင့်ရဲ့ကောင်းကင်ဘုံကိုရှာတွေ့တယ်လို့ ကြားတယ်၊ ငါ့ စီနီယာအစ်မက နင့်ရဲ့အရေးအကြီးဆုံးဖြစ်တဲ့ ‘နှလုံးသား’ ကိုလုယူသွားတာ တော့ နှမြောဖို့ကောင်းတယ်” ရှီမာယူယူသည် သူမ သွေးအန်လောက်မည့် ကိစ္စ ကို ထောက်ပြောလေသည်။
“အဲမိန်းမက နင့်စီနီယာအစ်မလား” နာလန်လန်သည် လက်သီးဆုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်မှာလဲ။ ထိုအဖြစ်အပျက်ကို ရှီမာယူယူ ပြန်မပြောလျှင်တောင် သူမ စိတ်ထဲတွင် မျိုသိပ်ထားခဲ့ရသည်။ သူမ ခက်ခက်ခဲခဲရထားသော ကောင်းကင်ဘုံဒွန့်ပင်လျှင် ရှီမာယူယူ၏ စီနီယာအစ်မ လုသွားခြင်းကို ခံခဲ့ရသည်။ သူမတို့နှစ်ယောက်ကို ကောင်းကင်ကြီးက တကယ် ပဲ ရန်သူဖြစ်အောင် လုပ်လိုက်တာပဲ။
မဟုတ်ဘူး ဒီကမ္ဘာမှာ ရှီမာယူယူ ဆက်ရှိနေတာကို သူမ လက်မခံနိုင်ဘူး။ သူမ ရှီမာယူယူကိုကြည့်လိုက်သည်နှင့် စိတ်ထဲတွင် ပုရွက်ဆိတ်အကောင် ထောင်ချီ တက်လာသလိုခံစားရသည်။
“ဟုတ်တယ် နင့် ကောင်းကင်ဒွန့်ကို ဘာတန်ရာတန်ကြေးမှ မပေးလိုက် ရဘဲ ရခဲ့တယ်လို့ ငါ့ စီနီယာအစ်မ ပြောတယ်၊ သူမက တကယ်ပဲ ရှက်နေတာ၊ နင့်ကိုတွေ့ရင်တောင် သေချာပေါက် ကျေးဇူးတင်ဖို့ပြောလိုက်သေးတယ်” ရှီမာယူယူသည် ရှက်ကိုးရှက်ကန်း ပြောလေသည် “ဒါပေမဲ့လည်း ငါစဉ်းစား လိုက်ပါတယ် နင်က သူမ ကျေးဇူးတင်တာကို လက်ခံမှာမဟုတ်ဘူးလို့”
“ငါ နင့်ကိုသတ်မယ်” နာလန်လန်သည် သူမစကားများကို ကျွဲမြီးတိုသွား လေသည်။ ပြီးသည်နှင့် ဝိညာဉ်စွမ်းအင်ထုတ်ကာ ရှီမာယူယူကို တိုက်ခိုက်လေ သည်။
ရှီမာယူယူသည် သူမ ဝိညာဉ်စွမ်းအင်လုံးကို မြင်သော်လည်း တုန်လှုပ် မသွားပေ။ ဝိညာဉ်စွမ်းအင်လုံး နီးလာသည်နှင့် လက်ဝှေ့ယမ်းလိုက်ရာ အမည်း ရောင် အတားအဆီးသည် ဝိညာဉ်စွမ်းအင်ကို ပိတ်ထားလိုက်သည်။
နာလန်လန်သည် အနက်ရောင်အတားအဆီးကို မြင်သောအခါ အော် လေသည် “အမှောင်ဝိညာဉ်စွမ်းအင် နင်က အမှောင်ဝိညာဉ်သခင်ပဲ”
ရှီမာယူယူ လက်ဝှေ့ယမ်းလိုက်သည်နှင့် အတားအဆီးပျောက်သွားလေ သည်။ သူမသည် နာလန်လန် ထိတ်လန့်သွားသည်ကို မြင်သောအခါ ပြောလိုက် သည် “တကယ်တော့ နင့်ကိုနိုင်ဖို့က အတားအဆီးကိုတောင် သုံးဖို့မလိုပါဘူး အစကတည်းက နင့်ကိုငါ့ပိုင်နက်ထဲမှာ ပိတ်ထားလိုက်တာ သိလိုက်လား”
နာလန်လန်သည် ချက်ချင်းပင် စိုးရိမ်သွားသည်။ သူမ ဒါကိုပြောဖို့လိုသေး လို့လား။ သူမကို ဒီနေ့သေအောင်လုပ်ချင်လို့ပဲ မဟုတ်ဘူးလား
“နင်က ငါ့ကိုသတ်ဖို့အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တယ် ဒါပေမဲ့ ငါက တော့ နင့် ကိုဘယ်လောက်ပဲ သတ်ချင်သတ်ချင် အမြဲတမ်းလွှတ်ပေးခဲ့တယ် ဒီနေ့ နင်နဲ့ ငါ နှစ်ယောက်ထဲက တစ်ယောက်သေရမယ်” ရှီမာယူယူ ပြောလိုက် သည်။ “ဒါပေမဲ့ ဒါကိုပြောဖို့တောင်မလိုဘူးထင်တယ် ဘာလို့လဲဆိုတော့ ဒီနေ့ သေရမဲ့သူက နင်ပဲ”
“အဲဒါ နင်ဆုံးဖြတ်ရမှာမဟုတ်ဘူး နင် ဒါကိုမသိသေးဘူးထင်တယ် ငါ့ ခန္ဓာကိုယ်က အမှောင်ဝိညာဉ်စွမ်းအင်ကို ရင်ဆိုင်နိုင်တယ်၊ ငါ့အတွေ့အကြုံ အရ နင့်ဝိညာဉ်စွမ်းအင်က လုံးဝကိုအသုံးမဝင်ဘူး နင်ပြောတာမှန်တယ် ဒီနေ့ နင်နဲ့ငါ တစ်ယောက်တော့သေရမယ် ဒါပေမဲ့ သေရမဲ့သူက နင်ပဲ” နာလန်လန် သည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ရှီမာယူယူ သူမကို ပိုင်နက်ထဲတွင် ပိတ်လိုက်သည်ဟု သိစဉ်က စိုးရိမ် သွားသည်ဆိုပါက ရှီမာယူယူ အမှောင်စွမ်းအင်သုံးသည်ကို မြင်ပြီးသည့်နောက် တွင် စိတ်အေးသွားသည်။
“ငါ့ အမှောင်စွမ်းအင်က နင့်ခန္ဓာကိုယ်ထဲကို ပြန့်သွားတယ်ဆိုတာ ငါသိ တယ် အဲဒါကြောင့် အစကတည်းက နင့်ကိုရှင်းဖို့ ငါ့ဝိညာဉ်စွမ်းအင်ကိုသုံးဖို့ ဘယ်တော့မှ မစဉ်းစားခဲ့ဘူး” ရှီမာယူယူသည် ဂရုမစိုက်ဘဲ ပြောလေသည်။
“နင်ဒဏ်ရာရထားတာကို ငါသိတယ် နင့်ဝိညာဉ်စွမ်းအင်ကလည်း အသုံး မဝင်ဘူး၊ အဲဒါကြောင့် နင် အမှောင်ဝိညာဉ်စွမ်းအင်သုံးတာကို မြင်လိုက်တော့ နည်းနည်းတော့ အံ့ဩ သွားတယ် ဒါပေမဲ့ နင့်လို ဝိညာဉ်စွမ်းအင်တောင် သုံးမရ တဲ့လူက ငါ့ကိုဘာလုပ်နိုင်မှာလဲ” နာလန်လန်သည် စောင်းငဲ့ပြောလေသည်။
“နင်က နင့်ဆရာလိုပဲ နင့်ဦးနှောက်က တခြားသူနဲ့မတူအောင်လုပ်ထား တာလား” ရှီမာယူယူ ပြောလိုက်သည် “နင့်ကို ဒီအထိခေါ်လာပြီး တစ်ယောက် ချင်းစီ တိုက်မယ်လို့ ဘယ်သူပြောလိုက် အချစ်လေးထွက်ခဲ့”
သူမ ပြောလိုက်သည်နှင့် ရှီမာယူယူ၏ စာချုပ်သားရဲသည် သူမဘေး တွင်ထွက်လာသည်။
“နာလန်လန် ဒီနေ့ နင့်ကို အမြင်ကျယ်အောင် အုပ်စုဖွဲ့တာဘယ်လိုလဲ ဆိုတာကို ပြပေးမယ်”
***