← Chapters

သတ်ဖြတ်မှုပြီးခြင်း

Vol. 90 Ch. 1260

သတ်ဖြတ်မှုပြီးခြင်း

Vol. 90 Ch. 1260

သူမ၏ သားရဲများသည်လည်း နာလန်လန်ကို အရိုးထဲမှ မုန်းကြသည်။ ဒုန်ချန်းတိုင်းပြည်ကတည်းကပင် သူမသည် ရှီမာယူယူကို အကြိမ်ပေါင်းများစွာ ဇာတ်လမ်းဆင်ခဲ့သည်။

နာလန်လန်၏ ကံသည် အမြဲတမ်းကောင်းနေကာ လွတ်မြောက်နိုင်ခဲ့ သည်။

သည်တစ်ကြိမ် သူမ ရောက်လာပြန်အချိန်တွင် ရှီမာယူယူသည် သူမကို လွှတ်ပေးရန် အစီအစဉ်မရှိပေ။ နာလန်လန် မသိနိုင်သောနည်းလမ်းကိုသုံးပြီး ထွက်ပြေးခြင်းမှတားဆီးရန် သူမသည် ရောက်သည်နှင့် ချက်ချင်းပင် ပိုင်နက် ကိုဖွင့်ခဲ့သည်။ နာလန်လန်သည် သူမပိုင်နက်ကို မချိုးဖောက်မချင်း ဘယ် တော့မှ ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ပေ။

သို့သော် သူမတွင် ထွက်ပြေးရန် နည်းလမ်းများစွာရှိလျှင်တောင် ပိုင်နက် ကိုချိုးဖျက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ရှီမာယူယူသည် စိတ်အေးလက်အေး ဖြင့် သူမ၏ သားရဲများ သူမကို သုတ်သင်လိုက်သည်ကို စောင့်ကြည့်နေလိုက် သည်။

သူမ၏ သားရဲများသည် နာလန်လန်အပေါ်တွင် ဒေါသများဖြင့်ပြည့်နေ ကြသည်။ နောက်ဆုံးတွင် သူမကို သေချာရှင်းလင်းရန် အခွင့်အရေးရသွားပြီ ဖြစ်သည်။ သည်လိုနှင့် တစ်ခဏအတွင်းတွင် အပြီးသတ်နိုင်ပါလျက်နှင့် နာရီ ဝက်လောက် တမင်အချိန်ဆွဲလေသည်။

သို့သော် နာလန်လန်တွင် ရတနာများစွာရှိသည်။ သူမကို နာရီဝက် လောက်ရိုက်ပြီးချိန်တွင် မသန်မစွမ်းတစ်ပိုင်းဖြစ်သွားသော်လည်း မသေပေ။ သူမသည် မြေပေါ်တွင် မလှုပ်မယှက်လဲနေရုံသာြဖစ်လေသည်။

“ဒီကြာပန်းခန္ဓာကိုယ်က တကယ်ကိုလက်ရာမြောက်တာပဲ၊ ဒီလောက် အကြာကြီးအရိုက်ခံထားရတာတောင် မသေသွားဘူး”

“ငါ့လက်သည်းတွေနဲ့တောင် ဒီသခင်လေးကနာသေးတယ် သူမ အရေပြားက တကယ်ထူတာပဲ” ဟိန်းသံလေးသည် အမှန်တကယ်နာသည့် အတိုင်း လက်သည်းများကို ဆန့်ထုတ်လေသည်။

“အင်း…. ငါတို့ အားနည်းနည်းပဲသုံးလိုက်တာကိုး ခပ်ပြင်းပြင်းလေးလုပ် ကြည့်ရမလား” ရာဟွောင်ပြောလိုက်သည်။

သူသည် ယောက်ျားလေး တစ်ယောက်အသွင်ပြောင်းလိုက်သော်လည်း သူ၏ လက်မောင်းတွင် သံမဏိအလွှာပါနေသေးသဖြင့် အားကောင်းသည်မှာ ရှင်းလင်းနေသည်။ သူက ဒီလိုစကားတွေတောင် ရဲရဲဝံ့ဝံ့ပြောနေပြီလား။

သားရဲများသည် နာလန်လန်ဘေးတွင် ရပ်ကာ အဓိပ္ပာယ်မရှိသည့် စကား များကို ပြောနေသည့်အလား အမူအရာပြလေသည်။ ရှီမာယူယူ၏ အပြုံးသည် အမြန်ပင် တောင့်တင်းလာသည်။

နာလန်လန်သည် နာကျင်မှုများဖြင့် ပြည့်နှက်နေပြီး နောက်ဆုံးတွင် သူမ နားလည်ထားသော ဒွန့်ကိုထုတ်လွှတ်လေသည်။ သူမသည် ချက်ချင်းပင် မထင် မှတ်ထားသော ဝိညာဉ်သားရဲများကို လွှင့်အောင်လုပ်လိုက်လေသည်။

“အား… ဒီရွှေစာလုံးရဲ့ ဖိအားက ကြီးတာပဲ” ရှောင်ချီသည် ချဲ့ကားပြီး အော်လေသည်။ သူမသည် ကြောက်ရွံ့နေသည့်အလား သူမ ရင်ဘတ်ကို ရိုက်လေသည်။

အားလုံးသည် ကြောက်လန့်တကြားဖြစ်သွားသော်လည်း အမှန်တကယ် ဒဏ်ရာမရကြပေ။

နာလန်လန်သည် တွားသွားကာ ထလိုက်ရာ ကြောက်ရွံ့နေသည့် ဝိညာဉ် သားရဲများကို မြင်လေသည်။ ထိုရွှေစာလုံးသုံးလုံးသည် သူမကို ဝန်းရံပြီး ပျံနေ သည်။

“ကျားတစ်ကောင်က ပြန်မတိုက်ဘူးဆိုရင် ကြောင်ပဲဖြစ်မှာပဲ” သူမ မျက်နှာသည် ရန်ငြိုးထားသော အကြည့်များဖြင့် ပြည့်နှက်နေသည်။ အဲဒီ ဝိညာဉ်သားရဲတွေ… သူမ ရှီမာယူယူကိုသတ်ပြီးတာနဲ့ တစ်ကောင်မှအရှင် မထားဘူး။

“ဒွန့်ကရွှေရောင်စာလုံး‌တွေ ဟားဟား အားကောင်းတဲ့ပုံပေါက်သားပဲ” ရှီမာယူယူ ပြောလိုက်သည်။

“နင့် စီနီယာအစ်မက တစ်လုံးခိုးသွားပေမဲ့ ငါ့မှာ သုံးလုံးရှိသေးတယ် ဒီနဲ့ တင် နင့်ကိုရှင်းဖို့ လုံလောက်နေပြီ” နာလန်လန်သည် မုန်းတီးစွာ ပြောလိုက် သည်။ သို့သော် ရှီမာယူယူကို သတ်မည်ဟု စဉ်းစားလိုက်သည်နှင့် မဖုံးဖိနိုင် သော ပျော်ရွှင်မှုများပြည့်နေတုန်းပင်။

ပြီးနောက်တွင် သူမ မျက်နှာမှအပြုံးသည် မကြီးလာနိုင်ဘဲ အေးခဲသွား လေသည်။ အကြောင်းမှာ ရွှေရောင်စာလုံး ၂၀ လုံးသည် ရှီမာယူယူ့ဆီမှ ပျံ ထွက်လာသည်ကို မြင်လိုက်ရခြင်းကြောင့်ပင်။

“အဆက်မပြတ်တဲ့အချိန် အဆုံးမရှိတဲ့နေရာ ထာဝရရှင်သန်မှု… နင့်မှာ ဘယ်လိုဖြစ်ပြီး ဒွန့်ရှိနေတာလဲ” သူမသည် တအံ့တဩ အော်မိလေသည်။

“ဟုတ်တယ် ငါလည်း ငါ့ရဲ့ဒွန့်ကိုနားလည်သွားခဲ့တယ်” ရှီမာယူယူသည် ပြုံးပြီးပြောလေသည် “ပြောရမှာနည်းနည်းတော့ ရှက်တယ် ငါက နင့်ရွှေစာလုံး ထက် သုံးဆများတယ် အဲတော့ နင့်ကို ချေမွပစ်လိုက်နိုင်တယ်”

နာလန်လန်သည် အလွန်စိတ်ပျက်အားလျော့သွားကာ ပါးစပ်မှ သွေးများ ပြန်အန်ထွက်လာလေသည်။ သူမသည် စိတ်ထဲမှ မရပ်မနားအော်ငိုမိ‌လေ သည်။ ဘာလို့လဲ ဘာလို့လဲ…

သူမ စာချုပ်သားရဲများသည် မြေပေါ်တွင် လဲလှောင်းနေသည်။ သူတို့ သုံး ယောက်သည် စွမ်းအင်များစွာ သုံးလိုက်ရကာ အနည်းငယ်သာကျန်တော့ သည်။ သို့သော် ရှီမာယူယူ၏ ဝိညာဉ်သားရဲများသည် အရေအတွက်ရော စွမ်းအင်ပါ သူမကို လွှမ်းမိုးထားနိုင်သည်။ အခုအချိန်တွင် သူမ ဒွန့်ကို ခက်ခက် ခဲခဲဆွဲထုတ်လိုက်သည်။ သို့သော် သူမထက်နည်းနေသေးသည်။

ရှီမာယူယူသည် သူမ၏ ရွှေစာလုံးများကို ထိန်းချုပ်ပြီး နာလန်လန်အား တိုက်ခိုက်ရန် သုံးလေသည်။

သူမ နားလည်ထားသော ဒွန့်သည် အားအင်မှာ ကွဲပြားလေသည်။ သန့်စင် သော ကောင်းကင်ဒွန့်နှင့် နီးကပ်လေလေ ပိုသန်မာလေလေဖြစ်သည်။ တခြား သော ဒွန့်များကိုပါ ဖိနှိပ်နိုင်လေသည်။

ထို့ကြောင့်ပင် သူမ၏ ခမ်းနားစွာပေါ်ထွက်ခဲ့သော ရွှေရောင်စာလုံးများကို ရှီမာယူယူ၏ ရွှေရောင်စာလုံးများက ဖိနှိပ်ထားလေသည်။ နောက်ဆုံးတွင် မှေးမှိန်ပြီး‌ ပျောက်ကွယ်သွားလေသည်။

“လေဟာပြင် ပိတ်မယ်”

ရှီမာယူယူ တွေးလိုက်သည်နှင့် သူမ ပတ်ဝန်းကျင်တစ်ခုလုံးသည် အေးခဲ သွားသည်ကို ခံစားလိုက်ရသည်။

“ငါ့ကို ဘာလုပ်လိုက်တာလဲ” နာလန်လန် အော်လိုက်သည်။

ရှီမာယူယူသည် နာလန်လန်အား ကြည့်လိုက်သည်။ လေဟာပြင်သည် သူမ အတွေးအတိုင်း ပေါင်းစပ်သွားသည်။ သူမသည် လေဟာပြင် တဖြည်းဖြည်း ပြောင်းလဲသွားသည်ကို စောင့်ကြည့်နေခဲ့သည်။

“နာလန်လန် ငါက နင့်ကို ငယ်ငယ်ကတည်းက မုန်းပေမဲ့ နင့်ကို ရန်ငြိုး ထားပြီး သတ်ရလောက်အောင်အထိမဟုတ်ဘူး နင် ငါ့ကို ထပ်ခါထပ်ခါ ထိခိုက် အောင်လုပ်တာကြောင့်သာမဟုတ်ရင် ငါတို့က သူငယ်ချင်းတွေမဟုတ်တောင် အခုလို ရန်သူတွေဖြစ်သွားမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဘဝမှာ တကယ်လို့ ဆိုတာမရှိတာတော့ နှမြောဖို့ကောင်းတယ် အဲဒါကြောင့် ဒီနေ့ နင် သေတာပဲလေ”

“ငါ့ကိုသတ်ချင်ရင် သတ်လိုက် ငါ့ကိုသတ်လိုက်ရင်တောင် ငါ့ဝိညာဉ်က နင့်ကိုအလွတ်ပေးမှာမဟုတ်ဘူး” နာလန်လန်သည် မုန်းတီးစွာပြောလေသည်။

“နင့်ရဲ့ ဝိညာဉ်ဟုတ်လား” ရှီမာယူယူသည် တစ်စုံတစ်ခုကိုမှတ်မိသွား သလို လုပ်ရင်း ပြောလိုက်သည် “နင်ပြောမှ သတိရတယ် ငါ နင့်ကိုသေချာ ပေါက် သရဲဖြစ်အောင် လုပ်ပေးမယ်”

သည်လိုနှင့် နာလန်လန်၏ နားမလည်သော အကြည့်အောက်တွင် သူမ သည် တစ္ဆေတစ်ရာအလံကိုထုတ်လိုက်သည်။ စဉ်းစားလိုက်သည်နှင့် အထဲမှ ဝိညာဉ်တချို့ထွက်လာသည်။ သူတို့သည် နာလန်လန်ကို ဝိုင်းပန်ပြီး ပျံသွားကြ လေသည်။

“မြင်လိုက်လား တစ္ဆေတစ်ရာအလံ နင့်ရဲ့သရဲဖြစ်ချင်တဲ့ ဆန္ဒကို ငါ သေချာပေါက် ဖြည့်ပေးမှာ” ရှီမာယူယူ ပြောလိုက်သည်။

“နင်…” နာလန်လန်သည် ရှီမာယူယူအား ဆွံ့အစွာကြည့်လိုက်သည်။ သူမသည် စကားလုံးများကို မျိုချမရသည့်အပြင် စကားလည်းပြောမရပေ။

“နင် ရေရွတ်မနေနဲ့တော့ နင်ကံကောင်းလို့ အကြိမ်ပေါင်းများစွာ လွတ်ပြီး ပြီ၊ ငါ နင့်ကိုမရှင်းနိုင်ဘူးလို့ထင်နေတာလား နင်က အရမ်းမာန်တက်လွန်းနေပြီ ဒါပေမဲ့ နင် နည်းနည်းပိုသန်မာလာတာနဲ့ နင့်ကို ခပ်ပြင်းပြင်းကန်မှာပဲ ဘယ်လိုလဲ မနာလိုရတဲ့အရသာက” ရှီမာယူယူ ပြောလိုက်သည်။

“အာ…”

နာလန်လန်သည် အရူးတစ်ပိုင်းအော်ဟတ်လေသည်။ သူမက ဒီလောက် အရည်အချင်းရှိတာကို ဘာလို့များ ရှီမာယူယူက သူမကိုဖိနှိပ်ဖို့အတွက် ရှိနေ တာလဲ။ သူမ ဝန်မခံနိုင်ဘူး ဝန်မခံနိုင်ဘူး…

“ဒေါသကြီးလိုက်တာ သေသွားရင် အငြိုးကြီးတဲ့ သရဲဖြစ်မလား မဖြစ်ဘူး လားသိချင်သေးတယ်” ရှီမာယူယူသည် ရေရွတ်ပြီးနောက် သူမ၏ စာချုပ် သားရဲများကိုကြည့်လိုက်သည် “နည်းနည်းလောက် ဝေးဝေးမသွားချင်ဘူးလား”

သူမ ပြောသည့်စကားကိုကြားပြီးသည်နှင့် စာချုပ်သားရဲများသည် ချက်ချင်းပင် နောက်ပြန်ထုတ်ကာ ထိုနေရာမှ အလျင်အမြန်ထွက်သွားလေ သည်။

“နင့်ဝိညာဉ်က အသက်ရှင်ဦးမှာဆိုပေမဲ့ မှတ်ဉာဏ်တွေအကုန်လုံးကို ပျောက်သွားလိမ့်မယ် ငါနင့်ကိုဖမ်းနိုင်ရင်တောင် ငါတို့အကြောင်းကို ဘာမှ မှတ်မိမှာမဟုတ်ဘူး အဲတော့ ဒါကတစ်သက်လုံးအတွက် နှုတ်ဆက်တာပဲ”

ရှီမာယူယူသည် သူမ မျက်လုံးထဲမှ ဂယောင်ချောက်ချားမှုကိုမြင်ပြီး နှုတ်ခမ်းတွန့်တက်သွားကာ ဆွဲဆောင်မှုရှိသော အပြုံးဖြစ်သွားလေသည်။ သူမ ပါးစပ်မှ ပေါက်ကွဲ ဆိုသည့်စာလုံးရေရွတ်လိုက်သည်နှင့် နာလန်လန်သည် ချက်ချင်းပင် ပေါက်ကွဲသွားလေသည်။ နာလန်လန်၏ ခန္ဓာကိုယ်သည် သွေးများဖြင့် စွန်းပေသွားလေသည်။

အသွင်ပြောင်း အရိပ်တစ်ခုသည် လေပေါ်လွင့်လာရာ ရှီမာယူယူသည် တစ္ဆေတစ်ရာ အလံတော်ြဖင့် သိမ်းလိုက်သည်။

“နင့်ကို သရဲဖြစ်အောင် ပြောင်းဖို့ အခွင့်အရေးပေးမယ်လို့ပြောထားမှ တော့ နင့်ကိုပေးရမှာပေါ့ နင်က တစ်သက်လုံး ငါ့အစေခံဖြစ်သွားမှာတော့ နှမြောစရာပဲ” ရှီမာယူယူသည် တစ္ဆေတစ်ရာအလံတွောကို ကျေနပ်စွာဖြင့် သိမ်းပြီး သူမ၏ ပိုင်နက်ကိုသိမ်းလိုက်သည်။

“ယူယူ ကြမ်းကြုတ်လိုက်တာ” ရှောင်ချီသည် မြေပေါ်မှ သွေးကို မနှစ်မြို့ စွာကြည့်လိုက်သည်။ သူမ အဝေးတွင်ရှိနေ၍ တော်သေးသည်။ မဟုတ်လျှင် သူမကို လာစင်နိုင်သည်။

“ဘယ်လိုလုပ် ကြမ်းကြုတ်တာလဲ နင်တို့ အဝေးမှာရောက်နေလို့ ထိ မသွားဘူးလေ” ရှီမာယူယူသည် မျက်လုံးလှန်လိုက်သည်။ “ငါ ဒါကိုဟာစွန့်ဆီ ကသင်ထားတာ ရွံတယ်လို့ ထင်ရင် သူ့ကိုသွားစောဒကတက်လိုက်”

သူမသည် မြေပေါ်မှ သွေးကွက်ကိုကြည့်လိုက်သည်။ သူမသည် ဆယ်စုနှစ်များစွာ မျိုသိပ်လာခဲ့သော ဒေါသကို နောက်ဆုံးတွင် ဖြေရှင်းနိုင် လိုက်သည်။ အနာဂတ်တွင် သူမကို နှောင့်ယှက်မည့် နာလန်လန်ဟူသော မိန်းကလေးရှိတော့မည်မဟုတ်ပေ။

***

All Chapters