တော်တော် တိရစ္ဆာန်ဆန်တာပဲ
Vol. 81-85 Ch. 1248
ဂူ၏ အတွင်းကျဆုံးအခန်း၌ ယခင်ဘဝက ပိုင်ယီ သို့မဟုတ် ယခုဘဝမှ ပိုင်ရွှယ်ကို တွေ့လိုက်ရသည်။ လက်ရှိတွင် သူ့နှုတ်ခမ်းမဲ့သွားပြီး မျက်နှာ သုန်မှုန်သွားသည်။ နတ်ဘုရားက သူ့ကို ဤမျှ စနောက်လိမ့်မည်ဟု ထင်မထားမိပေ။
သူ့ရှေ့၌ နှင်းတမျှမျှ စွတ်စွတ်ဖြူသော ဝတ်စုံကို ဝတ်ထားသည့် မိန်းကလေး တစ်ယောက် ရှိလေသည်။ သူမ၏ အသွင်အပြင်သည် အတိတ်ဘဝမှ ပိုင်ယီနှင့် တစ်ထပ်တည်းပင်။ သူမက ယဲ့ဖန်ကို စူးစမ်းသလို ကြည့်နေ၏။
မျက်စိရှေ့မှ ကောင်မလေးသည် အမှန်ပင် ပိုင်ယီ ပြန်ဝင်စားသောသူ ဖြစ်သည်။ အားလုံး မှန်သော်လည်း တစ်ခုတည်းသာလျင် မှားယွင်းနေ၏။ ထိုအရာမှာ အသက်ပင်။
ဤမိန်းကလေးသည် အသက် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်မျှသာ ရှိသေးသည်။ ဓားပြခေါင်းဆောင်များက သူ့ကို ထူးဆန်းသလို ကြည့်ခဲ့ကြသည်ကို သူ မအံ့ဩတော့ပါ။
ဆယ့်သုံးနှစ်အရွယ် မိန်းကလေးအား ဘယ်လိုလုပ် သူ့အမျိုးသမီးဟု ပြောနိုင်ပါမည်နည်း။
*ငါက အသက်မပြည့်သေးတဲ့ ကလေးကို ကြိုက်နေတဲ့ကောင် ဖြစ်နေပါရောလား*
ယဲ့ဖန် အံကြိတ်၍ ကိုယ့်နဖူးကိုယ်သာ ပြန်ရိုက်လိုက်မိသည်။
*သောက်နတ်ဘုရားတွေ*
နတ်ဘုရားက သူ့အပေါ် အကြီးအကျယ် စနောက်လိုက်သည်ဟု ဆိုရပေမည်။ ယခုဘဝမှ ပိုင်ယီက အလွန် ငယ်နေသေးသဖြင့် သူမအပေါ် သူ ဘာမဆို လုပ်ချင်လျင်ပင် သူမ အရွယ်ရောက်လာမည့်အချိန်ကို သူ စိတ်ရှည် လက်ရှည်ဖြင့် စောင့်ရပေတော့မည်။
*ကလေးတစ်ယောက်ကိုမှ ကြိုက်မိရတယ်လို့*
*တော်တော် တိရစ္ဆာန်ဆန်တဲ့ အတွေးပဲ*
ဘာကြောင့်မှန်း မသိသော်လည်း ယဲ့ဖန် မသိမသာ စိတ်လှုပ်ရှားနေမိသည်။
*ကလေးမလေး ကြီးလာတာကို စောင့်ရမှာပါလား*
*တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားနေရသလိုပဲ*
ထိုအချိန်မှာပင် ပိုင်ရွှယ်က အလန့်တကြား မေးလာသည်။
“နင် ဘာလို့ ငါ့ကို ဒီလောက် အရောင်ပြောင်းနေတဲ့ မျက်နှာထားနဲ့ ကြည့်နေတာလဲ’
ယဲ့ဖန် ရုတ်တရက် ရယ်ချလိုက်မိသည်။ ဤအကျင့်စရိုက်က ယခင်ဘဝက ပိုင်ယီနှင့် တစ်ထေရာတည်းပင်။ ထို့ကြောင့် ယဲ့ဖန် သူမထံ လျှောက်သွားလိုက်သည်။
“လူဆိုးတွေ နင်တို့ ဘာလုပ်ချင်နေတာလဲ၊ ငါက အင်ပါယာရဲ့ တတိယမင်းသမီးနော်, နင် ငါ့ကို လက်လေး တစ်ချောင်းတောင် ထိရဲထိကြည့်၊ ဧကရာဇ်က နင့်ကို ခေါင်းဖြတ်သတ်လိမ့်မယ်”
ပိုင်ရွှယ်သည် ကြောက်လန့်နေသော ယုန်လေးကဲ့သို့ ဆွေ့ဆွေ့ခုန်နေ၏။ သူမသည် အသက် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်မျှသာ ရှိသေးသော်လည်း သူမ၏ ကိုယ်နေဟန်ထားက လှပနေလေပြီ။
အထူးသဖြင့် သူမ၏ သေးသွယ်သော ခါးနှင့် မက်မွန်သီးသဏ္ဌာန် တင်ပါးတို့က မည်သည့် ယောက်ျားသားကိုမဆို မြင်ရုံနှင့် သွားရည်ကျစေသည်။
အနောက်မှကြည့်လျင် သူမသည် အသက် နှစ်ဆယ့်ရှစ်နှစ်အောက်သာ ရှိသေးသည့် မိန်းမပျိုလေးဟု ယုံရခက် လှသည်။ ဝတ်ရုံအောက်မှ လုံးဝင်းစွန့်ကားသော တင်ပါးစိုင်တို့က ယောက်ျားသားများကို သတ်နိုင်ပေ၏။ သို့သော် ယဲ့ဖန်က သူမ၏ ခြိမ်းခြောက်မှုကို သတိမမူမိဘဲ ဆက်လျှောက်လာသည်။
“ရွှစ်”
ထိုစဉ် အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ငွေရောင် ဓားမြောင်တစ်လက်က ယဲ့ဖန်ထံ ထိုးစိုက် လာသည်။ အစောပိုင်းလေးတင် တုန်ယင်နေသော ကလေးမလေးက ချက်ချင်း ကြမ်းတမ်းလာ၏။
“အိုး…”
ယဲ့ဖန် မသိမသာ ပြုံးလိုက်မိပြီး အနည်းငယ် အံ့ဩသွားသည်။ ဤကလေးမလေး၏ လူဆိုးမလေး သဘာဝကို အထင်သေး ခဲ့မိသည်။ သူမအား ဖန်လုံအိမ်ထဲမှ ပန်းပွင့်လေးဟု ထင်ခဲ့မိသော်လည်း ဆူးပါသော နှင်းဆီပန်းလေး ဖြစ်နေလေသည်။
သူမကိုယ်သူမ ခုခံကာကွယ်ရန် ထိုဓားပြများထံမှ ပုန်းကွယ်၍ ဓားမြောင်အား အနား၌ သိမ်းထားနိုင်သဖြင့် ဤကလေးမလေးက အတော်လေး အစွမ်းအစ ရှိပေသည်။
“ဒင်”
ယဲ့ဖန် ဓားမြောင်ကို လက်လေး နှစ်ချောင်းတည်းဖြင့် ညှပ်ဖမ်းလိုက်သည်။ ပိုင်ရွှယ် ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ သို့သော် သူမ လက်မလျှော့ဘဲ ယဲ့ဖန်၏ လက်မောင်းကို ထုနှက်လေသည်။
သူမ၏ လှပသော မျက်ဝန်းလေးမှ မျက်ရည်များ စီးကျနေပြီး ယဲ့ဖန်ကို စူးစူးရဲရဲ စိုက်ကြည့်၏။ သူမအဖေကို သတ်လိုက်သော ရန်သူကို ကြည့်သော အကြည့်လိုပင်။
ဤလူဆိုးကောင်က သူမ၏ ဖြူစင်မှုကို သိမ်းပိုက်တော့မည် ဖြစ်သည်။ သို့သော် သူမ သူ့ကို မသတ်နိုင်ပေ။
“စိတ်မပူပါနဲ့ ငါက လူဆိုးမဟုတ်ပါဘူး”
ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။
“အင်း နင် ပြောတာ ဟုတ်တယ်နော်၊ ဟေးဖုန်းရွာက လူတိုင်းက လူကောင်းတွေ”
ကလေးမလေး တောက်ပသော အပြုံးနှင့် ဖြူစင်သော မျက်နှာလေးဖြင့် ပြောလိုက်သည်။ ထိုသို့ပြောလိုက်ပုံက မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။
ယဲ့ဖန် အူမြူးသွားပြီး ရယ်လိုက်မိသည်။ သူ ဤကလေးမလေးကို အထင်သေးခဲ့မိသည်။ သူမသည် ဆယ့်သုံးနှစ်သာ ရှိသေးသော်လည်း သူမ၏ စိတ်က ရွယ်တူ မိန်းကလေးများနှင့် ယှဉ်လျင် များစွာ ရင့်ကျင်နေ၏။
ယခုလေးတင် သူမ၏ ကြမ်းတမ်းသော တိုက်ခိုက်မှုနှင့် အထင်သေးသလို ပြောဆိုဟန်ကပင် ကြည့်၍ ကောင်းနေသည်။
“အရူး”
ပိုင်ရွှယ်က ရွံသလို တီးတိုး ပြောလေသည်။ သူမ ယဲ့ဖန်ကို ကြည့်လေလေ မုန်းလေလေ ဖြစ်နေသည်။
“နင်က ကြည့်ကောင်းပြီးတော့ နူးညံ့တဲ့ပုံပါပဲ၊ ဒါပေမဲ့ နင်က ဓားပြဖြစ်နေတဲ့အပြင် အရွယ်မရောက်သေးတဲ့ ကလေးကိုပါ မဟုတ်တာ လုပ်ဖို့ ကြံစည်နေတယ်၊ နင့်မိဘအစား ရှက်လိုက်တာ၊ နင်လို့သားမျိုးက အသေလေး မွေးလာရမှာ”
ယဲ့ဖန် ရုတ်တရက် ကြက်သေ သေသွားပြီးနောက် အနည်းငယ် ရှက်သလိုဖြစ်ကာ နှာခေါင်းကို ပွတ်နေမိသည်။ ကလေးမလေးအပေါ် သူ မကောင်းသော အတွေး တွေးမိသည့်အပေါ် သူ မငြင်းနိုင်ပေ။
*ဘယ်သူက မင်းကို ငါ့မိန်းမ ဖြစ်အောင် လုပ်လိုက်တာပါလိမ့်*
“ငါ့ကို ကြိမ်းမောင်းမနေနဲ့၊ ငါက ဟေးဖုန်းရွာက ဓားပြ မဟုတ်ဘူး၊ ငါက ပေါင်လုံ အဖွဲ့အစည်းက ယဲ့ဘုရင်”
ယဲ့ဖန်က သူ့အကြောင်းကို အမှန်အတိုင်း ပြောပြရုံသာ တတ်နိုင်တော့သည်။ သို့မဟုတ်ပါက ဤမိန်းကလေး သူ့ကို မည်မျှ စော်ကားနေဦးမလဲ မသိပေ။
“နင်က ယဲ့ဘုရင်လား၊ နင် ဘာလို့ မသေသေးတာလဲ”
ယဲ့ဖန် မျက်မှောင်ကြုတ်မိသွားသည်။
“မင်းက ငါ့ကို တကယ် သေစေချင်တာလား”
“အဲ့လိုတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ရှင်က နဂါးမြို့တော်က ယဲ့မိသားစုကို စိန်ခေါ်တော့မယ်လို့ ကျွန်မ ကြားခဲ့တော့ ရှင့်ကို သေပြီလို့ပဲ တွေးလိုက်တာပေါ့”
ပိုင်ရွှယ် အေးအေးလူလူ ပြောလိုက်သည်။
ယဲ့ဖန် ရယ်ရမလား ငိုရမလား မသိတော့ချေ။ ဤမိန်းကလေးသည် သူမ မှတ်ဉာဏ်ကို ပြန်မရသေးသလို သူမ ဘယ်သူမှန်းလည်း မှတ်မိနိုင်ပုံ မပေါ်ပေ။
“ခွေးကောင် နင်ကများ ဒီမင်းသမီးကို စနောက်ရဲတယ်ပေါ့လေ၊ ဘာလို့ အခုထိ ဒူးမထောက်သေးတာလဲ”
ယဲ့ဖန်၏ နောက်ခံကို သိသွားပြီးနောက် ပိုင်ရွှယ်က ချက်ချင်း အမိန့်ပေးလာ၏။ ယဲ့ဖန်က ဆက်၍ လှောင်ပြုံး ပြုံးလိုက်ပြီး သူမကို ဆွဲထူကာ လက်နှစ်ဖက်ကို ဆွဲချုပ်၍ သူမ၏ လုံးဝန်းသော တင်ပါးကို ဖြောင်းခနဲ ရိုက်လိုက်သည်။
“အား … နင် ငါ့ကို ရိုက်ရဲတယ်ပေါ့လေ၊ ခွေးကောင်၊ နင့်ကို ခေါင်းဖြတ်သတ်ဖို့ ငါ့အဖေကို ပြောပစ်မှာ”
ပိုင်ရွှယ် ဒေါသကြောင့် နီမြန်းသွားပြီး မျက်လုံးများ မီးဝင်းဝင်းတောက်သွားသည်။
*ငါ့အမေတောင် ငါ့ကို မရိုက်ဖူးဘူး*
*ဒီသစ္စာဖောက်က ဧကရာဇ် သမီးတော်ရဲ့ ခန္ဓာကိုယ်ကို ထိရဲတယ်ပေါ့လေ*
*ခွင့်မလွှတ်နိုင်စရာပဲ*
“ဟဲဟဲဟဲ …”
ယဲ့ဖန်က ညစ်ကျယ်ကျယ်ပြုံး၍ ဆက်ကာ ရိုက်နေသည်။
“ဖြန်း ဖြန်း ဖြန်း”
“အား … နင်တော့ သေပြီသာပဲ၊ ငါ ပြောနေတယ်နော်၊ နင်တော့ အသေပဲလို့၊ ငါ နင့်အမျိုးတွေကို သတ်ပစ်မှာ၊ နင့်ပဲမြစ်လောက် ငယ်ပါလေးကိုလည်း ဖြတ်ပစ်မှာ၊ နင့်ကို နုတ်နုတ်စင်းပြီး ငါးစာ ကျွေးပစ်မယ်”
ဤမျိုးမစစ်ကောင် ဆက်ရိုက်ရဲနေ၍ ပိုင်ရွှယ် သတိလစ်မတတ် ဖြစ်နေ၏။
“ဖြန်းဖြန်းဖြန်း”
“အီးဟီးဟီး … ငါ့ကိုလွှတ် လူဆိုးကြီး ငါ့ကိုလွှတ်စမ်း”
ပိုင်ရွှယ် တရှုံ့ရှုံ့နှင့် ငိုနေသည်။
*ဒီသေနာကြီး ရိုက်နေတာ ငါ့တင်ပါးတောင် ရောင်နေပြီ”
သူမ တင်ပါး ကျဉ်နေပြီး ဘာမှတောင် မခံစားမိတော့ချေ။ ထိုအခါတွင်မှ ယဲ့ဖန်က လွှတ်ပေးပြီး အပြုံးတစ်ဝက်နှင့် မေးလိုက်သည်။
“တကယ် ပြောတာလား”
“သူတောင်းစားကြီး”
ပိုင်ရွှယ် သူ့ကို စူးစိုက်ကြည့်နေသော်လည်း ဆက်၍ ပြဿနာ မရှာရဲတော့ပေ။ ထိုအခါ ယဲ့ဖန်က သူ့လက်သူပြန် နမ်းကြည့်ပြီး ပြောလိုက်သည်။
“ငါ ရေမချိုးတာ ရက်နည်းနည်း ကြာနေပြီကို၊ ဘယ်လိုလုပ် အခုထိ အနံ့လေးက မွှေးနေရတာလဲ”
ပိုင်ရွှယ်၏ မျက်နှာလေး နီမြန်းသွားပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
“နှာဘူးကြီး”
“ငါ့ကို ကလေးမလေးကို သဘောကျတဲ့ နှာဘူးလို့ ထပ်ခေါ်ကြည့်လိုက်၊ ငါ မင်းကို နှာဘူးဆိုတာ ဘာလဲ သိအောင် ပြလိုက်မယ်”
ယဲ့ဖန် သရော်ပြုံးနှင့် ပြုံးလိုက်သည်။ ယဲ့ဖန်က ဟေးဖုန်းရွာမှ ဓားပြနှင့် တကယ် မတူမှန်း သတိထားမိသည့် အခါမှသာ ပိုင်ရွှယ် စိတ်အေးသွားသည်။ သူမ သိချင်စိတ်ဖြင့် ခပ်တိုးတိုး မေးလိုက်သည်။
“နင် ဒီကို ဘယ်လို ဝင်လာတာလဲ”
“ဒီအတိုင်းပဲ ဝင်လာတာလေ”
“မဖြစ်နိုင်ဘူး ဒီမှာ အစီအရင်တွေနဲ့ စစ်လက်နက်တွေ အများကြီးရှိတာ၊ သူတော်စင်သခင်အဆင့်တောင် ဝင်လာရင် သေမယ့်ကိစ္စကို”
“အိုး … မင်းက ဉာဏ်ကောင်းသားပဲ”
ယဲ့ဖန် ရယ်လိုက်သည်။ ထိုအခါ ပိုင်ရွှယ်၏ မျက်နှာတွင် ဝမ်းနည်းဟန် ပေါ်လာသည်။
“ခုနက ဓားမြောင်က ရှင့်အတွက် ပြင်ထားတာ မဟုတ်ဘူး၊ ကျွန်မအတွက်”
သူမ ဤနေရာမှာ ထွက်မပြေးနိုင်တော့သည်ကို သတိထားမိခဲ့သည်။ သူမအဖေက သူမကို ကယ်ရန် လူလွှတ်မည် ဖြစ်ကြောင်း သိပါသည်။ သို့သော် သူမအဖေက သူမကို အလွန် အလေးပေး၍ ကယ်ဆယ်လိမ့်မည် မဟုတ်ကြောင်းကိုလည်း ရိပ်မိနေ၏။
တော်ဝင်မျိုးနွယ်၏ ဂုဏ်ပုဒ်အတွက် သူမကိုပင် သူ စွန့်ပစ်နိုင်ချေ ရှိသည်။ သူမက သူ၏ သမီးအရင်း ဖြစ်သော် ငြားလည်း ဧကရာဇ်၌ ဆက်ဆံသူ မရှားပါးပေ။
သူမအဆုံးအတွက် ပြင်ဆင်ထားသည်။ အခြားသူများ၏ စော်ကားခံရခြင်းမှ ကာကွယ်ရန်အတွက် သူမကိုယ်သူမ ဓားမြောင် ပြင်ဆင်ထားခြင်း ဖြစ်လေသည်။
ဆယ့်သုံးနှစ်အရွယ် ကလေးမလေးက အလွန် တည်ငြိမ်၍ တွေးတောဆင်ခြင်တတ်သော အကျင့်စရိုက် ရှိနေ၏။ ဧကရာဇ်၏ မိသားစုထဲမှ ဘယ်ကလေးမှ သူမလောက် မတွေးခေါ်နိုင်လောက်ပေ။
မိမိ သဘောကျသည်ဖြစ်စေ၊ သဘောမကျသည်ဖြစ်စေ တော်ဝင်မျိုးနွယ်၌ မွေးဖွားလာသည်နှင့် တိုက်ခိုက်ရန် ကံပါ လာလေပြီ။ အာဏာအတွက် အပြင်းအထန် တိုက်ခိုက်ရသည်။
သူမစကားကိုကြားပြီး ယဲ့ဖန်သည် နှလုံးသားကို ဓားနှင့် အထိုးခံလိုက်ရသကဲ့သို့ ဆစ်ခနဲ နာကျင်သွားလေသည်။
“ဒါဆို ဘာလို့ မင်း စိတ်ကူးပြောင်းလိုက်ရတာလဲ”
“ကျွန်မ ကြောက်လို့လေ”
ပိုင်ရွှယ် ခေါင်းမော့လာသည်။ သူမမျက်ဝန်းမှ မျက်ရည်များ စီးကျလာ၏။
“ကျွန်မကိုယ်ကျွန်မ အဆင်သင့် ဖြစ်နေပြီလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ နောက်ဆုံးအချိန်ရောက်မှ သိလိုက်ရတယ်၊ ဒီလို ကိစ္စတွေက ပြင်ဆင်ထားလို့ မရဘူးဆိုတာကိုလေ”
သူမသည် တစ်မူထူးခြားသော ပင်ကိုအရည်အသွေး ရှိသော်လည်း သူမသည် ကလေးသာ ရှိပေသေးသည်။ သူမ၌ လောကကြီးအကြောင်း သိချင်စိတ် ရှိသေးသလို မျှော်လင့်ချက် အနည်းငယ်လည်း ရှိသေးသည်။ ထို့ကြောင့် သူမ သေရမည်ကို ကြောက်သလို သေလည်း မသေချင်ပါ။
ယဲ့ဖန် မွန်းကြပ်လာ၏။ ယနေ့ သူ ဤနေရာသို့ ရောက်လာနိုင်သည်ကို ကျေးဇူးတင်မိသည်။ ပိုင်ရွှယ် ကိုယ့်ကိုယ်ကိုယ် မသတ်သေခင် မိမိ ရောက်လာနိုင်သည့်အတွက် ဝမ်းသာနေမိသည်။
သူမ ခံစားနေရသည်ကို သူ မကြည့်နိုင်ပါ။ သူမသာ တစ်ခုခု ဖြစ်သွားလျင် သူ နောင်တရ၍ ဆုံးမည် မဟုတ်ပေ။ ယဲ့ဖန် ရှေ့တိုးလိုက်ပြီး သူမအား တင်းကြပ်စွာ ပွေ့ဖက်၍ အက်ကွဲနေသော အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“နောင်ဆို ငါ ရှိနေပြီပဲ၊ မင်း သေစရာ မလိုပါဘူး”
“မင်းကို အသေခံခိုင်းတဲ့ ဘယ်သူ့ကိုမဆို ငါ သတ်ပေးမယ်”
ပိုင်ရွှယ် အံ့ဩသွားသည်။ ဘာကြောင့်မှန်း မသိသော်လည်း ယဲ့ဖန်၏ စကားကြောင့် သူမနှလုံးသားလေး ပြည့်စုံ သွားသလို ခံစားလိုက်ရသည်။ သူမနှလုံးသားထဲမှ ဒဏ်ရာက ချက်ချင်း ပျောက်ကင်းသွားသလိုပင်။
*ဒါ ဘယ်လိုဖြစ်တာလဲ*
*ငါ သူ့ကို ဒီနေ့မှ ပထမဆုံး မြင်ဖူးတာကို*
*ဘာလို့ သူ့ကို သိနေတာ ကြာနေတဲ့ ခံစားချက်မျိုး ဖြစ်နေရတာလဲ*
သို့သော် မကြာခင်မှာပင် ယဲ့ဖန်က သူမကို ဖက်ထားကြောင်း သတိပြုမိသွားပြီး သူမမျက်နှာ နီမြန်းကာ မျက်လုံးတွင် မုန်းတီးစိတ်များ ထင်ဟပ်လာ၏။
“အု”
ယဲ့ဖန် ပုစွန်တုပ်သဖွယ် ရှေ့သို့ ကိုင်းကျလာပြီး မျက်နှာပြာနှမ်းကာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
“မင်း … မင်း”
“ခွေးကောင် နင်ကများ ဧကရာဇ်ရဲ့ သမီးတော်ကို လိုချင်နေတယ်ပေါ့လေ၊ ဧကရာဇ်က နင့်ကို သားသမီး မရအောင် လုပ်၊ မလုပ် ကြည့်ရသေးတာပေါ့”
ပိုင်ရွှယ် ခနဲ့လိုက်သည်။ ယဲ့ဖန်၏ ပုံစံကို ကြည့်ပြီး သူမ အလွန် ဂုဏ်ယူနေ၏။ သူမ လက်ဦးမှု ရသွားလေပြီ။
“မင်း တော်တော် ရိုင်းတာပဲ”
ယဲ့ဖန်သည် အပြင်ပန်း၌ မခံမရပ်နိုင်ပုံ ပေါက်နေသော်လည်း စိတ်ထဲ၌ ရယ်နေမိသည်။ နတ်ဆိုးဧကရာဇ်ဖြစ်သော သူ၏ အရည်အချင်းနှင့်ဆိုလျင် တစ်ဖက်လူ၏ လှည့်ကွက်က အဘယ်ကြောင့် သူ့ကို ထိခိုက်အောင် လုပ်နိုင်ပါ မည်နည်း။ သူ ဤသို့ ဖြစ်ချင်ယောင်ဆောင်နေရသည့် အကြောင်းရင်းမှာ သူမကို ပြုံးအောင် လုပ်ချင် သောကြောင့်ပင်။
ထို့နောက် ယဲ့ဖန် သူမကို ကျောပေး၍ ဒူးထောက်လိုက်သည်။
“တက်”
“ဟွန်း လူလိမ်၊ နင်က ဒီမင်းသမီးနဲ့ အသားချင်း ထိချင်လို့ ဉာဏ်ဆင်နေတာ မဟုတ်လား၊ ဉာဏ်ကောင်းတယ်နော်”
ပိုင်ရွှယ် ခနဲ့၍ အထက်စီးနှင့် ပြောလိုက်သည်။
“မင်းသမီးလေးက အင်ပါယာရဲ့ တတိယမင်းသမီး၊ အင်ပါယာရဲ့ နောင်တက်မယ့် ဘုရင်မပါ၊ အပြင်ကို ဘယ်လိုလုပ် ဒီပုံစံနဲ့ ထွက်လို့ ရပါ့မလဲ”
“ကျေးကျွန်ကြီး အပြင်ထွက်ပြီး စီးတော်ယာဉ် ယူလာဖို့ ပြောလိုက်၊ အနီရောင် သုတ်ထားပြီး အိစက်ညက်ညောတဲ့ ပိုးသား ပါတဲ့ ရထားလုံးနော်၊ အဲ့ဒါနဲ့မှ ဒီမင်းသမီးကို ပြန်လာကြို”
“ဟားဟား …”
ထိုစဉ် ယဲ့ဖန်က ထူးဆန်းသော ရယ်သံနှင့် ရယ်မောလိုက်သည်။ ယဲ့ဖန်၏ အပြုံးကိုကြည့်ပြီး ပိုင်ရွှယ် တစ်ခုခု မှားနေကြောင်း သတိပြုမိသွားသည်။
“နင် ဘာလုပ်ချင်တာလဲ၊ လူလိမ် ငါ သတိပေးနေတယ်နော် … ငါက တော်ဝင်မျိုးနွယ်တစ်ယောက် … အင်ပါယာရဲ့ မင်းသမီး … နောင်တက်မယ့် ဘုရင်မ … အား … နင် ဘာလုပ်တာလဲ”
ထိုအခါ ယဲ့ဖန်က သူမပခုံးကို လက်တစ်ဖက်ဖြင့် ဖက်၍ ဖျတ်ခနဲ လှုပ်ရှားလိုက်သောကြောင့် နေရာမှ ပျောက်ကွယ် သွားသည်။
“အား … အား … အား …”
ကြောက်လန့်၍ ငယ်သံပါအောင် အော်နေသည့် အသံတစ်သံက တစ်ရွာလုံးသို့ ပဲ့တင်ထပ်သွားသည်။