← Chapters

အားလုံး အနုတ်လက္ခဏာ

Vol. 15 Ch. 197

အားလုံး အနုတ်လက္ခဏာ

Vol. 15 Ch. 197

“ဟင်”

တစ်ဖန် ကျန်းဝေသည်လည်း တစ်စုံတစ်ဦးက သူမအား မကောင်းသော ရည်ရွယ်ချက်တစ်ခုဖြင့် စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။

မျက်မှောင်ကြုတ်ကာ သူမ၏ လက်ကို ပြန်ရုတ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။ သူမသည် ရှုယင်အား အပြင်ဘက်တစ်နေရာတွင် ရပ်လျက်ရှိနေသည်ကို သတိပြုမိလိုက်သည်။

ဤသည်မှာ မဟာအကြီးအကဲရှုယင်မှ သူမအား ထိုသို့ စူးစိုက်ကြည့်နေသည့် ဒုတိယမြောက်အကြိမ်ပင်ဖြစ်ပြီး ရှုယင်၏ အကြည့်များတွင် သူမအားမုန်းတီးမှုများပါဝင်နေသည်ဟု ခံစားမိနေသည်။ သူမသည် အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကိုပင် နားမလည်နိုင်ပေ။

မဟာအကြီးအကဲရှုယင်အား စိတ်အနှောင့်အယှက်ဖြစ်စေမည့် မည်သည့်အရာကိုမျှ သူမ ပြုလုပ်ခဲ့သည်ဟု မထင်မိပေ။

သူမသည် ရှုယင်နှင့် အတိတ်၌ အပြန်အလှန် ဆက်ဆံမှု အနည်းငယ်သာ ရှိခဲ့ပြီး သူမကို စော်ကားသလိုဖြစ်မိစေမည့် အရာကို ပြုလုပ်မိရန်မှာ လွန်စွာဝေးလေသည်။

“မဟာအကြီးအကဲက ကျွန်မနောက်ကို လိုက်လာတာလား”

ကျန်းဝေမှ ထိုသို့မေးလိုက်မိသည်မှာလည်း ဤကဲ့သို့တိုတောင်းသော အချိန်ခဏအတွင်း မဟာအကြီးအကဲတစ်ဦးနှင့် နှစ်ကြိမ်တိုင်တိုင် ဆက်တိုက်တွေ့ဆုံမှုမှာ ပုံမှန်မဟုတ်သောကြောင့် ဖြစ်လေသည်။

ရှုယင်သည် သူမနောက်သို့ လိုက်လာခဲ့သကဲ့သို့ ပို၍ ခံစားမိသည်။

“ဒီနေရာက နင်နဲ့ မသက်ဆိုင်ဘူး”

ရှုယင်သည် အာရန်၏ အိမ်အဝင်ဝရှိသစ်သားကြမ်းပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်ကာ ကျန်းဝေကို ကျော်ဖြတ်သွားရင်းပြောလိုက်သည်။

သူမ၏ ခြေလှမ်းများသည် အလွန်တရာတိတ်ဆိတ်နေခဲ့ပြီး သူမ၏ ခြေထောက်များသည် အိမ်ကြမ်းပြင်ကိုပင် ကောင်းစွာမထိမိသကဲ့သို့ မည်သည့် အသံမျှင်မျှင်ကလေးမျှပင် ထွက်မလာခဲ့ပေ။

သူမ အိမ်အတွင်းသို့ဝင်လိုက်စဥ် သူမ၏ ပခုံးသည် ကျန်းဝေ၏ ပခုံးနှင့် မမျှော်လင့်ပဲတိုက်မိကာ ကျန်းဝေအား ဘေးသို့ တွန်းထုပ်လိုက်လေသည်။ ထိုစဉ်သူမ၏ အင်အားကိုအနည်းငယ်မျှပင် ထိန်းချုပ်ထားရန် မကျိုးစားခဲ့ပုံပင်။

ကျန်းဝေသည် သူမ၏ ဟန်ချက်ကိုပြန်ထိန်းလိုက်ကာ နာကျင်သွားသော သူမ၏ ပခုံးကို ပွတ်သပ်ရင်း မျက်နှာအမူအရာမှာ မည်းမှောင်သွားလေသည်။

သူမသည် ရှုယင်ကို စိုက်ကြည့်လိုက်ရာ ရှုယင်သည် အာရန်ဆီသို့ ဆက်လက် လျှောက်သွားကာ သူ၏ ရှေ့ လက်မအနည်းငယ်အကွာ၌ ရပ်လိုက်သည်။

အာရန်သည် ရှုယင်အား အနီးကပ်၍ စိုက်ကြည့်လိုက်သည်။

သူမ၏ မျက်လုံးများ၌ ဟာလာဟင်းလင်းဖြစ်နေသည့် အကြည့်မျိုးကိုသာ တွေ့လိုက်လိုက်ရသည်။

သူမသည် ယခုအချိန်၌ ဤနေရာတွင်လုံးဝ မရှိနေ သကဲ့သို့ပင် ဖြစ်သည်။

“မင်း အဆင်ပြေရဲ့လား”

အာရန်သည် စိုးရိမ်ဟန် အနည်းငယ် စွက်နေသောအသံဖြင့် မေးလိုက်သည်။

သူမ၌ သူ အတိအကျ မဖော်ပြတတ်သော မတူညီသည့် အရာတစ်ခု ဖြစ်ပေါ်နေလေသည်။

၎င်းသည် သူ အပြည့်အဝ နားမလည်သော ခံစားချက်တစ်ခုပင် ဖြစ်သည်။

အာရန်သည် သူမ၏ မျက်လုံးများ၌ ထူးဆန်းသော စွဲလမ်းမှုတစ်ခုကို တွေ့ရှိခဲ့ရပြီး ၎င်းသည် သူ ယခင်က သတိမထားမိခဲ့သော အရာလည်းဖြစ်လေသည်။

အနည်းဆုံး ဤအဆင့်အထိဖြစ်နေလိမ့်မည်ဟု သတိမထားမိခဲ့သော အရာဖြစ်သည်။

“ကျွန်မ အဆင်ပြေပါတယ် ကျွန်မ ဘာဖြစ်နေလို့လဲ”

ရှုယင်သည် ပြုံး၍ ပြောလိုက်သော်လည်း သူမ၏ မျက်လုံးများမှာမူ နဂိုအတိုင်း ဗလာကျင်းနေဆဲ ဖြစ်သည်။

“ဒါနဲ့ ရှင်တို့နှစ်ယောက်ကကော ဒီမှာ နှစ်ယောက်တည်း ဘာလုပ်နေကြတာလဲ”

လသည် ကောင်းကင်သို့ တဖြည်းဖြည်းချင်း မြင့်တက်လျက်ရှိပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ၎င်း၏ အေးစက်သော အလင်းရောင်ဖြင့် ဖြန့်ကျက်လျက်ရှိနေသည်။

ညဥ့်နက်ပိုင်းသို့ဦးတည်လာနေပြီဖြစ်သော ယခုလိုအချိန်မျိုးတွင် ၎င်းတို့နှစ်ဦးသည် ဤနေရာ၌ နှစ်ယောက်တည်း ရှိနေကြခြင်း ဖြစ်လေသည်။

“ပြီးတော့ ကျွန်မ ခေါ်လာတဲ့ သားရဲထိန်းကော ခုဘယ်မှာလဲ”

သူမသည် ပတ်ဝန်းကျင်ကို အကြည့်တစ်ချက်ပို့လိုက်စဥ် ထိုသူ မရှိသည်ကို သတိပြုမိသွားသဖြင့် မေးလိုက်သည်။

ဆိုလိုသည်မှာ အာရန်သည် ထိုမိန်းမနှင့် လုံးဝ နှစ်ယောက်တည်း တစ်ချိန်လုံး အတူရှိနေခဲ့ခြင်းဖြစ်သည် မဟုတ်ပါလော..။

[သင်သည် ရွေးချယ်စရာအသစ်များ ထပ်မံရရှိပါသည်]

အာရန်သည် ၎င်းတို့နှစ်ဦးသည် နောက်လာမည့် တာဝန်များအကြောင်း ကို ဆွေးနွေးနေခဲ့ခြင်းဖြစ်ကြောင်းကို ရှုယင်အား ရှင်းပြရန် ပြင်ဆင်လိုက်စဉ် ရုတ်တရက် သူ၏ အတွေးများကို နှောင့်ယှက်သော မျက်နှာပြင်တစ်ခုသည် သူ့ရှေ့၌ ဘွားကနဲ ပေါ်လာလေသည်။

.........

လွန်ခဲ့သော နာရီအနည်းငယ် ခန့်က...

အာရန်သည် ရှုယင်၏ ငယ်ဘဝ၊ ဝိညာဉ်များကို သူမ မုန်းတီးရသည့် အကြောင်းရင်းများနှင့် ပတ်သက်သော ဖြစ်ရပ်များအကြောင်းကို အက်စ်တလီနာထံမှ ပုံပြင်တစ်ပုဒ်သဖွယ် ကြားသိခဲ့ရပြီးဖြစ်လေသည်။ သူမ၏ မုန်းတီးမှုသည် တရားမျှတသည်ဟု သူ ခံစားမိခဲ့သည်။

အာရန်သည် သူသိလိုသော အဖြေများအားလုံး ရရှိပြီးဖြစ်သဖြင့် သူသည် ဂိတ်တံခါးပေါက်သို့ ဝင်ရောက်ရန် ပြင်လိုက်သည်။

သို့သော် သူ ပြန်တော့မည့်အချိန်၌ အက်စ်တီလီနာ၏ နောက်ဆုံး စကားတစ်ခွန်းကို သူ ကြားလိုက်ရသည်။

သို့သော် ၎င်းသည် စကားတစ်ခွန်းထက် သတိပေးချက်တစ်ခုနှင့် ပို၍ တူလေသည်။

“ရှုယင်ကို သတိထားပါ”

အာရန်သည် သူမသ ဘာကို ဆိုလိုချင်ကြောင်း မေးရန် ဟန်ပြင် လိုက်သော်လည်း သူသည် ဂိတ်တံခါးပေါက်ထဲသို့ ဝင်နှင့်ပြီးသား ဖြစ်သွားသဖြင့် ကျန်းဝေ၏ ကိုယ်ပေါ်သို့သာ ရုတ်တရက် ပြုတ်ကျခဲ့ခြင်းဖြစ်လေသည်။

....

အာရန်သည် ထိုစဥ်က အဘယ်ကြောင့်ထိုသို့ပြောခဲ့ခြင်းကို နားမလည်ခဲ့သော်လည်း ယခုအချိန်၌မူ သူသည် အက်စ်တီလီနာ၏ စကားများကို ပြန်လည် အမှတ်ရမိလိုက်သည်။

သူမ ဘာကို ဆိုလိုခဲ့သနည်း။

သူမ မပြောပြခဲ့သော အဘယ်အရာကို သူမ သိနေခဲ့ခြင်းဖြစ်သနည်း။

အာရန်သည် သူ့ရှေ့၌ ပေါ်လာသော ရွေးချယ်စရာ လေးခုကို အာရုံစိုက်လိုက်သောကြောင့် ထိုအကြောင်းကို ထပ်မံစဉ်းစားရန် အချိန်မရခဲ့ပေ။

[ရွေးချယ်မှု တစ် : “ကိုယ်တို့ ဂိုဏ်းချုပ် ပေးထားတဲ့ တာဝန်တစ်ခုကို သူမနဲ့ ဆွေးနွေးနေတာ တခြားကိုယ်တို့ကြားမှာဘာမှမရှိပါဘူး”

ဆုလာဘ်: ကံကောင်းခြင်း အနုတ် -၁]

[ရွေးချယ်မှု နှစ်: “မင်းနဲ့ ဘာဆိုင်လို့လဲ ကိုယ်က မင်းကို အရာရာ လိုက်ပြောပြနေရအောင် ကိုယ်က မင်းရဲ့ ကျွန်တစ်‌ယောက် မဟုတ်ဘူး”

ဆုလာဘ်: အဆင့် အပေါင်း +၂]

[ရွေးချယ်မှု သုံး: “ကိုယ်က သူမနဲ့ ကောင်းမွန်တဲ့ အချိန်လေးအချို့ကို ကုန်ဆုံးနေတာပါ ဒီလောက် လှပတဲ့ မိန်းမလေးတစ်‌ယောက်နဲ့ စကားအတူပြောခွင့်ဆိုတာ မကြာခဏမရနိုင်ဘူးလေ”

ဆုလာဘ်: လွတ်မြောက်ခြင်း အဆောင်ပစ္စည်း ၊ ကျန်းဝေ၏ နှစ်သက်မှု အပေါင်း + ၅]

[ရွေးချယ်မှု လေး: “ကိုယ် မင်းကို အရမ်း လွမ်းနေတာ ဘာလို့ ဒီလောက် ကြာနေရတာလဲ”

ဆုလာဘ်: အသက်ဓါတ်ကို ကုသနိုင်သော ဆေးရည် ၊ ကျန်းဝေ၏ နှစ်သက်မှု အနုတ် -၁]

“ဟင်”

အာရန်သည် ဤတစ်ခေါက် ရွေးချယ်စရာများကြောင့် အံ့အားသင့်သွားရသည်။

ပထမ ရွေးချယ်မှုသည် အဓိပ္ပာယ်အရှိဆုံးဖြစ်ဟန်ရသော်လည်း ၎င်းကို ဆုလာဘ်ဟုပင် ခေါ်နိုင်ပါသေးသလော။

ပထမ ရွေးချယ်မှုအတွက် ဆုလာဘ်မှာ သူ၏ ကံကို တစ်မှတ် လျှော့ချခြင်းဖြစ်လေသည်။

အဘယ့်ကြောင့်နည်း။

သူသည် ကံဆိုးမှု အလွန်များနေပြီ ဖြစ်သောကြောင့် ၎င်းကို ပို၍ပင် လျှော့ချခံရန် သူ တတ်နိုင်ပါဦးမလား။ ဤသည်မှာ ပထမ ရွေးချယ်မှုဖြစ်ရသည့် အကြောင်းရင်းကို သူ အမှန်တကယ် နားမလည်ဖြစ်သွားရခြင်းဖြစ်လေသည်။

စနစ်သည် ပထမ ရွေးချယ်မှုမှာ သူ့အတွက် အဆိုးဆုံးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းပင် ဆိုလိုနေသကဲ့သို့ပင် ဖြစ်နေသည်။

အဘယ်ကြောင့် ထိုသို့ ဖြစ်ရပါသနည်း။ ကျန်းဝေနှင့် သူ၏ တာဝန်အကြောင်း သူမကို ပြောပြခြင်းသည် အဘယ်ကြောင့် အဆိုးဆုံး ဖြစ်ရပါသနည်း။

ထို့နောက် ရွေးချယ်စရာများ အားလုံးသည် တူညီစွာ ဆိုးရွားကြောင်း သူ သတိပြုမိလိုက်သည်။

ပထမ ရွေးချယ်မှု၌ အဆိုးဆုံး ဆုလာဘ် ပါလာသည်။ ဒုတိယနှင့် တတိယ ရွေးချယ်မှုများသည် ရှုယင်ကို စော်ကားရန် လွယ်ကူသော နည်းလမ်းများ ဖြစ်လေသည်။

နောက်ဆုံး ရွေးချယ်မှုမှာ ကျန်းဝေ၏ နှစ်သက်မှုကို တစ်မှတ် လျှော့ချပေးသည်။

သူသည် မည်သည့်အရာကို ရွေးချယ်သည်ဖြစ်စေ တစ်ခုခုကို ဆုံးရှုံးနေရဦး မည်သာ ဖြစ်လေသည်။

‘ထားလိုက်ပါ ရှိပါစေတော့’

ဆိုးရွားသော ရွေးချယ်စရာ လေးခုထဲမှ တစ်ခုကို သူ ရွေးချယ်လိုက်သည်။ သူသည် ကျန်းဝေနှင့် နှစ်သက်မှုကို နောက်ပိုင်းခရီးစဥ်တွင် တိုးမြှင့်နိုင်သော်လည်း သူ့ကို များစွာ ကူညီခဲ့သော ရှုယင်ကို စော်ကားသကဲ့သို့ ပြုမူမိ၍ မဖြစ်ပေ။

“ကိုယ် မင်းကို အရမ်း လွမ်းနေတာ ဘာလို့ ဒီလောက် ကြာနေရတာလဲ”

အာရန်သည် ရှုယင်၏ ခါးကို လက်ဖြင့်လှမ်းဖက်လိုက်ကာ သူမ၏ မျက်လုံးများအတွင်းသို့ နက်ရှိုင်းစွာ စိုက်ကြည့်လိုက်သည်။

ရှုယင်၏ တောင့်တင်းနေသော မျက်နှာအမူအရာသည် ရှက်ရွံ့မှုများအဖြစ် အသွင်ပြောင်းသွားပြီး အနည်းငယ်ပြန်လည်နူးညံ့လာလေသည်။

ထိုအချိန်မှသာ အခြားသူတစ်‌ယောက် ၎င်းတို့အား စောင့်ကြည့်နေကြောင်း သတိပြုမိသွားလေသည်။

သို့သော် သူမသည် တစ်ချိန်တည်း၌ ဂုဏ်ယူစိတ်လည်း ခံစားလိုက်ရသည်။

အာရန်သည်ထိုအမျိုးသမီးရှေ့၌ပင် သူမအပေါ် သူ၏ ချစ်ခင်မှုကို ပြသရန် မတွန့်ဆုတ်ခဲ့ပေ။

သူမ၏ နှလုံးသားသည် အနည်းငယ် ပို၍ သက်သာသွားရလေသည်။

“ကျွန်မ ခွင့်ပြုပါ”

ထိုသို့ နှုတ်ဆက်လိုက်ကာ ကျန်းဝေသည် ဘာမှ ထပ်မံ မပြောတော့ဘဲ တိတ်တဆိတ် ထိုနေရာမှ ထွက်ခွာသွားလေသည်။

အာရန်နှင့် ရှုယင်တို့နှစ်ဦးမှာ ဤမျှ နီးစပ်ကြလိမ့်မည်ဟု သူမ လုံးဝမထင်ထားခဲ့ပေ။

အပြင်ဘက်၌ ရှုယင်သည် တည်ငြိမ်နေဟန်ရသော်လည်း အတွင်း၌ မူ သူမသည် ကျန်းဝေ ထွက်ခွာသွားသည့် ဘက်သို့တစ်ချက် လှည့်ကြည့်လိုက်ကာ သူမ၏ မုန်းတီးစိတ်ကို ပြန်လည် ထိန်းချုပ်ထားလိုက်လေသည်။

အာရန်သည်လည်း ကျန်းဝေ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့ပြီး အကြောင်းကြောင်းကြောင့် သူမနှင့် သူ၏ အခြေအနေများသည် အနည်းငယ် ရှုပ်ထွေးသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ယခု ကျန်းဝေသည် ရှုယင်နှင့် သူ၏ ဆက်ဆံရေးအကြောင်းကို သိရှိသွားပြီဖြစ်လေသည်။

သို့သော် တာဝန်အတွင်း၌ ၎င်းတို့၏ ရင်းနှီးမှုများကို ထပ်မံတိုးတက်စေမည့် အခွင့်အရေးများစွာ ရှိနေသေးလေသည်။

ယခုအချိန်၌ သူသည် ရှုယင်ကိုသာ အာရုံစိုက်လိုက်ကာ သူမအား သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းပစ်လိုက်လေသည်။

#Catfoot

All Chapters