← Chapters

အဖိုးတန် ဧည့်သည်

Vol. 15 Ch. 198

အဖိုးတန် ဧည့်သည်

Vol. 15 Ch. 198

....

ဖန်းယုသည် သူမ၏ မျက်လုံးများကို မှိတ်ထားကာ တိတ်ဆိတ်စွာ ထိုင်နေသည်။ သူမသည် ရှုယင် ပြောပြခဲ့သော အရာများကို ပြန်လည် တွေးတောနေမိသည်။

“သူမ အချစ်ကိုတွေ့ရှိသွားခဲ့ပြီပဲ...” ဟု ဖန်းယုသည် တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒါက မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်မလာစေဖို့ မျှော်လင့်ပါတယ်”

ရှုယင်ကို ဂိုဏ်းသို့ ပထမဆုံး ခေါ်ဆောင်လာသော နေ့ရက်ကို သူမ အခုထိ မှတ်မိနေသေးသည်။

ထိုစဉ်က မိစ္ဆာဂိုဏ်းသည် အဆင့်မြင့်ဂိုဏ်းများကြားတွင် သာမန်ဂိုဏ်းတစ်ဂိုဏ်းသာ ဖြစ်နေ

ခဲ့ပြီး ဖန်းယု၏ ဖခင်မှ ဂိုဏ်းချုပ်ဖြစ်နေခဲ့သော အချိန်အခါလည်း ဖြစ်လေသည်။

“သူ့နာမည်က ရှုယင်ပဲ ဒီနေ့ကစပြီး သူမက ငါတို့နဲ့ အတူလာနေလိမ့်မယ် မင်းတို့နှစ်ယောက် ရင်းရင်းနှီးနှီးနေကြ”

ထိုအရာသည် ရှုယင်ကို သူမအား မိတ်ဆက်ပေးစဉ် သူမ၏ ဖခင် ပြောခဲ့သော စကားများ ဖြစ်သည်။

ထိုမိန်းကလေးသည် ဖန်းယု၏ ဖခင်နောက်၌ ပုန်းအောင်းနေစဉ် လုံးဝ ဗလာဖြစ်နေသော မျက်လုံးများ ရှိနေခဲ့လေသည်။

သူမသည် စိတ်ဓါတ်ပိုင်း သေဆုံးသွားသူတစ်ဦးကဲ့သို့ စကားတစ်ခွန်းမျှပင် မပြောခဲ့ပေ။

ဖန်းယုသည် သူမ၏ ဖခင် စကားကို နားထောင်ပြီး ရှုယင်နှင့် ရင်းနှီးမှုရရန် ကြိုးစားသော်လည်း ထိုကလေးမလေးသည် များစွာ တုံ့ပြန်ခြင်း မရှိခဲ့ပေ။ ဖန်းယု မည်မျှကျိုးစားစေကာမူ သူမထံမှ တုံ့ပြန်မှု မရရှိခဲ့ပေ။

နှစ်အနည်းငယ် ကြာမြင့်သွားသော်လည်း ဘာမျှ မပြောင်းလဲသွားခဲ့ပေ။ ထိုနှစ်များအတွင်း သူမ၏ ဖခင်သည် ၎င်းတို့နှစ်ဦးစလုံးကို တိုက်ခိုက်မှုပညာများ စတင်လေ့ကျင့်ပေးခဲ့သည်။

ဖန်းယုသည် ပါရမီရှိသူဖြစ်သောကြောင့် ပညာရပ်များကို အတော်လေး မြန်မြန်ဆန်ဆန် သင်ယူနိုင်ခဲ့သည်။

တစ်ဖက်တွင်လည်း ရှုယင်သည် သူမ၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် ပါရမီရှိသူဖြစ်လေသည်။

ပညာရပ်များကို နားလည်သဘောပေါက်ရာ၌ သူမသည် ဖန်းယု၏‌နောက်သို့ များစွာ နောက်ကောက်ကျ မကျန်ခဲ့ပေ။

အချို့ပညာရပ်များ၌ သူမ၏ နားလည်သဘောပေါက်မှုသည် ဖန်းယုထက်ပင် ပိုသာနေခဲ့သေးသည်။

အချိန်ကာလကြာလာသည်နှင့်အမျှ ရှုယင်သည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများ ဆီမှ ဖြည်းဖြည်းချင်း ရုန်းထွက်လာနိုင်ခဲ့ပြီး မိစ္ဆာဂိုဏ်း၌ သူမ၏ ဘဝသစ်တစ်ခုပြန်လည်စတင်နိုင်လိုက်သကဲ့သို့ ခံစားလာရသည်။

သူမသည် ယခင်ထက် အနည်းငယ်ပို၍ စကား ပြောလာခဲ့သည်။

သို့သော် ဖန်းယုသည် သူမမှာ အပြင်ဘက်၌ ပြုံးနေသော်လည်း အတွင်း၌မူ သူမ၏ နာကျင်မှုများကို မည်မျှဖုံးကွယ်ရန် ကြိုးစားနေရကြောင်း သိထားလေသည်။

ဤသို့ဖြင့် ၎င်းတို့နှစ်ယောက်သည် အတူတကွ ကြီးပြင်းလာခဲ့ကြကာ ဆန်းကျယ်သောဖြစ်ရပ်များ၊ အန္တရာယ်များအား အတူတကွ ရင်ဆိုငိဖြတ်သန်းခဲ့ကြရင်းဖြင့် ၎င်းတို့သည် အကောင်းဆုံး သူငယ်ချင်းများ ဖြစ်လာခဲ့ကြလေသည်။

ဂိုဏ်းအတွင်း၌ ၎င်းတို့၏ ရာထူးများ မတူညီကြသော်လည်း ၎င်းတို့သည် တစ်ဦးကိုတစ်ဦး ညီအစ်မရင်းများကဲ့သို့ ဆက်ဆံခဲ့ကြသည်။

ဂိုဏ်းချုပ်သည်လည်း ၎င်းတို့နှစ်ဦးအား တန်းတူညီမျှ ဆက်ဆံပေးခဲ့သည်။

ဤအချိန်တစ်လျှောက်လုံးတွင် ဖန်းယု သတိပြုမိသောအရာတစ်ခု ရှိလေသည်။

ထိုနှစ်များအတွင်း ရှုယင်သည် မည်သည့် ကိုယ်ခံပညာ သို့မဟုတ် မည်သည့် ရတနာများကိုမျှ အဖိုးတန်သည်ဟု မသတ်မှတ်ခဲ့ပေ။

သူမ ဂရုစိုက်ဟန်ပြခဲ့သော တစ်ခုတည်းသောအရာမှာ သူမနှင့်အတူ ယူဆောင်လာသော လက်စွပ်တစ်ကွင်းပင် ဖြစ်သည်။

ထိုလက်စွပ်သည် သူမနှင့်ပင်မတော်ပဲ သူမသည် ၎င်းကို ကောင်းစွာပင် ဝတ်ဆင်နိုင်ခြင်း မရှိသေးပေ။

ထိုလက်စွပ်၌လည်း ထူးဆန်းသည့်မည်သည့်အရာမျှ မရှိပေ။

၎င်းသည် မည်သည့်နေရာ၌မဆို လွယ်ကူစွာပြုလုပ်နိုင်သော စျေးပေါသည့်သာမန် လက်စွပ်တစ်ကွင်းသာ ဖြစ်လေသည်။

သို့သော် ထိုလက်စွပ်သည် မည်မျှ သာမန်ဖြစ်စေကာမူ ရှုယင်သည် ၎င်းကို အလွန်စွဲလမ်းနှစ်သက်ခဲ့လေသည်။

၎င်းသည် သူမ၏ အဖိုးတန်ဆုံး ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး သူမကြောင့် သေဆုံးခဲ့သော သူမ၏ မိသားစုဆီမှ နောက်ဆုံး အကြွင်းအကျန်အမွေအနှစ် ဖြစ်သောကြောင့် ဖြစ်သည်။

သူမသည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ထိုအရာကို သူမနှင့်အတူတကွ အမြဲတမ်း ယူဆောင်သွားလေ့ရှိသည်။

၎င်းသည် သူမ၏ အိတ်ထဲ၌ အမြဲရှိနေတတ်ပြီး တစ်ခါတစ်ရံ ကြိုးတစ်ချောင်းနှင့် ချည်နှောင်ကာ လည်ဆွဲအဖြစ်လည်း သူမ၏ လည်ပင်း၌ ရှိနေတတ်သည်။

ဖန်းယုသည် ထိုအရာကို ထူးဆန်းသည်ဟု မထင်မိပေ။ လူတိုင်း၌ ၎င်းတို့ ချစ်မြတ်နိုးသော အရာတစ်ခု သို့မဟုတ် နှစ်ခု ရှိတတ်လေသည်။

သို့သော် ရှုယင်၏ စွဲလန်းမှုသည် သာမန် စွဲလန်းမှု မဟုတ်ခဲ့ပေ။

ဖန်းယုသည် ဂိုဏ်းနန်းတော်မှ အတွေးစများပွားကာ ထွက်ခွာလာရင်း ထိုစဥ်က အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးသော ရှုယင်၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ဂိုဏ်းမှ အစေခံတစ်ဦး၏ အကြောင်းကို ပြန်လည် တွေးတောမိလိုက်သည်။

သူမသည် ထိုစဥ်က ရှုယင်သည် ထိုအစေခံအား အခေါက်ပေါင်းများစွာ ထပ်ခါထပ်ခါ ရိုက်နှက်နေခဲ့သည်ကို ယခုအချိန်ထိ မှတ်မိနေဆဲဖြစ်သည်။

အကြောင်းရင်းမှာ ထိုအစေခံသည် သူမ၏ လက်စွပ်ကို မတော်တဆ ထိမိခဲ့သောကြောင့် ဖြစ်လေသည်။

ဖန်းယုမှာ ထိုအချိန်က ရှုယင်၏ သူမနှစ်သက်သော အရာတစ်ခု အပေါ်မည်မျှ ပိုင်စိုးပိုင်နင်းနိုင်စွာပြမူလေ့ရှိကြောင်း ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ခဲ့ရခြင်းလည်း ဖြစ်လေသည်။

သူမ ချစ်မြတ်နိုးသော အရာများကို အခြားသူများ ယူဆောင်သွားသည်ကို သူမ မနှစ်သက်ပေ။ ထိကိုင်မိသည်ကိုပင်မနှစ်သက်ပေ။

၎င်းသည် ရှုယင်၏ အကြီးမားဆုံးသော အားနည်းချက်တစ်ခုလည်း ဖြစ်လေသည်။

ကံကောင်းစွာဖြင့် ရှုယင် ချစ်မြတ်နိုးသော အရာသည် များများစားစား မရှိခဲ့သောကြောင့် သူမကို ကိုင်တွယ်ရန် လွယ်ကူနေခဲ့သည်။

ထို့နောက် ရှုယင်သည် ကြီးပြင်းလာသည်နှင့်အမျှ သူမ၏ အလွန်ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်နှင့်အတူ တိုးတက်လာခဲ့သော ညှို့ချက်ပြင်း အလှတရားများနှင့် သူမ‌ေလ့ကျင့်သည့် ဆွဲဆောင်မှုအစွမ်းကြောင့်လည်း အခြားသူများနှင့်လည်း ပိုမိုဝေးကွာသွားခဲ့လေသည်။

သူမသည် ဂိုဏ်း၏ ဗဟိုဧရိယာမှ အချိန်အတော်များများ မထွက်ခွာခဲ့ပေ။

သူမ၏ အချိန်အများစုကို ဖန်းယုနှင့်အတူ သို့မဟုတ် မည်သူမည်ဝါမှန်းမသိသော စာရေးဆရာတစ်ဦး၏ စာအုပ်များကို ဖတ်ရှုခြင်းဖြင့်သာ ကုန်ဆုံးနေခဲ့လေသည်။

အချိန်များစွာ ကုန်လွန်ခဲ့သောကြောင့် ဖန်းယုသည် ထိုအတိတ်ကို လုံးဝနီးပါး မေ့လျော့သွားခဲ့မိသည်။

သို့သော် ဤမျှကာလရှည် ကြာမြင့်ပြီးနောက် ရှုယင်၌ သူမ ချစ်မြတ်နိုးသော အရာတစ်ခု ထပ်မံပေါ်ပေါက်လာခဲ့လေသည်။

ထို့ပြင် ထိုအရာသည် သက်မဲ့ပစ္စည်းတစ်ခုမဟုတ်ဘဲ လူတစ်ဦး ဖြစ်နေခဲ့လေသည်။

စဉ်းစားရင်းဖြင့် ဖန်းယုသည် မည်သို့ တုံ့ပြန်ရမည်ကိုပင် မတွေးတတ်တော့ပေ။ ယခုတွင်မှတားဆီးရန် အရာရာမှာ အချိန်လွန်သွားခဲ့ပြီး ဖြစ်လေသည်။

သူမသည် အာရန်ကို သတ်လိုက်မိလျှင် လည်း ရှုယင်မှ သူမအပေါ် ပြင်းထန်သည့် ခံစားမှုများဖြစ်ပေါ်လာနိုင်လေသည်။

သူမသည် တာဝန်တစ်ခုအတွင်း အာရန်ကို မတော်တဆ ပျောက်ကွယ်သွားအောင် ပြုလုပ်လိုက်နိုင်သော်လည်း ၎င်းသည် ပို၍ပင် ပြဿနာများလေသည်။

မကြာမှီက တာဝန်ထမ်းဆောင်စဥ်အတွင်း မတော်တဆ ဖြစ်ရပ်တစ်ခုကြောင့် အာရန်၏ ဂုဏ်သတင်းသည် များစွာ မြင့်တက်သွားခဲ့လေသည်။

“ငါ သူ့ကို အနောက်တိုက်ကို မပို့သင့်ဘူးလား”

သူမသည် နောက်ဆုံးတွင် ဂိုဏ်းနန်းတော်အပြင်သို့ ရောက်သွားကာ အစောင့်များ၏ နှုတ်ဆက်ခြင်းကိုပင် လျစ်လျူရှုမိသည်အထိ အတွေးများအတွင်း နစ်မြောနေခဲ့သည်။

အာရန်ကို စေလွှတ်မည့် တာဝန်အကြောင်းကို သူမသည် ရှုယင်အား မပြောပြခဲ့ရသေးပေ။

သို့သော် သူမသည် အာရန်ထံမှ ထိုအကြောင်းကို သိရှိသွားမည်မှန်း သေချာသိထားလေသည်။

သူမသည် ရှုယင်က သူမ၏ မနာလိုမှုကြောင့် ကန့်ကွက်မှုများ ပြုလုပ်ပါက ကျန်းဝေကို အာရန်နှင့်အတူ မစေလွှတ်ပဲ ချန်ထားခဲ့ရန်ပင် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။

သို့သော် တစ်ချိန်တည်းတွင် ရှုယင်မှာ ယခု ကြီးပြင်းလာပြီဖြစ်သောကြောင့် အရာရာမှာ ပြောင်းလဲသွားနိုင်သည်ဟုလည်း သူမ တွေးထင်မိခဲ့ပြန်သည်။

သို့သော် အာရန်သည် မတူညီသော ရွေးချယ်မှုတစ်ခုကို ပြုလုပ်မိခဲ့သောကြောင့် ရှုယင်သည် အာရန်နှင့် ကျန်းဝေတို့ တာဝန်တစ်ခုကို အတူတကွ သွားရောက်ထမ်းဆောင်ရမည်ကိုပင် မသိရသေးကြောင်း သူမ မသိနိုင်ခဲ့ပေ။

....

အကြီးအကဲ လီသည် ဂိုဏ်းချုပ်နှင့် တွေ့ဆုံပြီးနောက် သူ၏ အိမ်တော်သို့ ပြန်ရောက်လာသောအခါ အိမ်ရှေ့၌ အဓိကဇာတ်ကောင် ရဲ့လန် သည် ရပ်လျက်စောင့် နေသည်ကို တွေ့လိုက်ရသည်။

ရဲ့လန်သည် လုံးဝ ဘေးကင်းလျက်ရှိနေပြီး ၎င်းသည် အာရန်က သူ့အား မထိခိုက်စေခဲ့ကြောင်း သက်သေပြနိုင်လေသည်။

သို့သော် ၎င်းသည် အကြီးအကဲ လီ၏ အမျက်ဒေါသကို မလျှော့ချနိုင်ခဲ့ပေ။

ဘာပဲဖြစ်ဖြစ် ရဲ့လန်ကို ပြန်မြင်လိုက်ရခြင်းသည် ထိုစော်ကားခံရသော နေ့ရက်ကို သူ့အားပြန်လည်သတိရစေသည်။

အာရန်ကို သတ်ရန် သူ၏ ဆုံးဖြတ်ချက်သည် ပို၍သာ ခိုင်မာလာပြီး ဤခရီးစဉ်သည် အကောင်းဆုံး အခွင့်အရေးတစ်ခုလည်းဖြစ်လေသည်။

ရဲ့လန်၌လည်း သူနှင့်တူညီသော ရည်မှန်းချက်ရှိနေကြောင်းကိုမူ သူ မသိနိုင်ခဲ့ပေ။

ရဲ့လန်သည် နောက်ဆုံးအခွင့်အရေးကို လွဲချော်ခဲ့သောကြောင့် အာရန်ကို မည်သို့ သတ်ရမည်ကို တွေးတောနေခဲ့သည်။

သူသည် ထိုကဲ့သို့သော အခွင့်အရေးကို နောက်တစ်ကြိမ် ထပ်မံရရှိနိုင်ပါဦးမည်လား မသေချာပေ။

ထို့နောက် အကြီးအကဲလီက သူ့အား အိမ်ထဲသို့ ခေါ်ဆောင်သွားပြီး သူသည် အာရန်၊ အကြီးအကဲကျန်းတို့နှင့်အတူ အနောက်တိုက်သို့ သွားမည်ဟု ပြောပြသည့်အချိန်အထိ ဖြစ်လေသည်။

အခြားတစ်နေရာ၌မူ ကျန်းဝေသည် ရှုယင်၏ အေးစက်သော အကြည့်ကို ယခုထိ မှတ်မိနေဆဲဖြစ်သည်။

အကြောင်းတစ်ခုခုကြောင့် သူမ၌လည်း အလွန် မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လျက်ရှိနေသည်။

.......

အနောက်ဘက်တိုက်ကြီး၌မူ ပုရောဟိတ်မတစ်ဦးသည် နတ်ဘုရားမ၏ ရုပ်တုခြေရင်း၌ ထိုင်နေခဲ့လေသည်။

“တုံ့ပြန်မှု ရရှိပါပြီ ဧည့်သည်တော်များ မကြာမှီရောက်လာပါလိမ့်မယ်...”

တံခါးအပြင်မှ အကြောင်းကြား အသံတစ်ခု ထွက်ပေါ်လာသည်။

သန့်စင် ပုရောဟိတ်မသည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ကွေးတက်သွားခဲ့သည်။

“ဒါဆိုရင် ငါတို့ရဲ့ အဖိုးတန် ဧည့်သည်တော်တွေကို ကြိုဆိုဖို့ မင်းလည်း ပြင်ဆင်ထားသင့်ပြီ မဟုတ်ဘူးလား”

သူမ၏ သာယာနာပျော်ဖွယ်ကောင်းသော စကားသံတစ်ခုသည် တိတ်ဆိတ်နေသော ဆုတောင်းခန်း၌ ပဲ့တင်ထပ်သွားခဲ့လေသည်။

#Catfoot

All Chapters