← Chapters

ကမ်းလှမ်းချက်

Vol. 15 Ch. 200

ကမ်းလှမ်းချက်

Vol. 15 Ch. 200

....

နာရီအနည်းငယ် ကြာပြီးနောက်....

အာရန်သည် ရေချိုးခန်းဆီမှ ထွက်လာခဲ့ပြီး သူ၏ စိုစွတ်နေသော ဆံပင်မှ ရေပေါက်များသည် အောက်သို့ တစိမ့်စိမ့် ကျဆင်းလျက်ရှိနေသည်။

သူသည် ရေလဲအဝတ်တစ်ထည်ကို ပတ်ထားရင်း ရှေ့သို့ခြေလှမ်းအနည်းငယ်ခန့် လှမ်းလိုက်စဉ်မှာပင် တစ်စုံတစ်ဦးက သူ၏ လက်ကို လှမ်းဆွဲလိုက်သည်။

ထို့နောက်အာရန်သည် ရေချိုးခန်းထဲသို့ ပြန်လည်ဆွဲခေါ်ခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်ရှိ တစ်ခုတည်းသောအဝတ်စသည် အပြင်ဘက် ကြမ်းပြင်ပေါ်၌ ကျန်ရစ်ခဲ့လေသည်။

“သူတို့ တိရစ္ဆာန်တွေများလား ဒီကိစ္စကို အဲဒီလောက်ထိ အကြိမ်ကြိမ်လုပ်ပြီးတာတောင် သူ့မှာ ဘယ်လိုလုပ် ခွန်အားတွေ ဒီလောက် ကျန်နေသေးတာလဲ...”

ထူးဆန်းသော အသံများ ပြန်လည် ထွက်ပေါ်လာသော အနည်းငယ် ဟနေသည့် ရေချိုးခန်းတံခါးဆီသို့ စူးစမ်းကြည့်နေရင်း ယီလန်သည် အံ့အားသင့်ဟန်ဖြင့် ပြောလိုက်လေသည်။

နောက်ထပ် တစ်နာရီအကြာတွင်......

အာရန်သည် ပင်ပန်းနွမ်းနယ်ဟန်ဖြင့် ရေချိုးခန်းအတွင်းမှ ပြန်လည် ထွက်လာခဲ့လေသည်။

ရေစက်များသည် သူ၏ ခန္ဓာကိုယ်မှ တဖြည်းဖြည်းချင်း စီးဆင်းလျက်ရှိပြီး ၎င်းသည် အမှန်တကယ် ရေများလား သို့မဟုတ် သူ၏ အထူးကြိုးစားခဲ့မှုကြောင့်ထွက်ပေါ်လာသော ချွေးများလား မသဲကွဲတော့ပေ။

မကြာမီ ရှုယင်သည်လည်း သူ၏နောက်မှပင် ထက်မံထွက်လာခဲ့ပြီး အဝတ်ပါးတစ်ခုကို သူမ၏ ခန္ဓာကိုယ်ပေါ်၌ ခြုံလွှမ်းထားခဲ့သော်လည်း သူမ၏ ကောက်ကြောင်းအလှများကို ဖုံးကွယ်ရန်မှာမူ အနည်းငယ် ခက်ခဲနေဟန် ရလေသည်။

ရှုယင်သည် အာရန်၏ မျက်လုံးရှေ့၌ပင် သူမ၏ အဝတ်အစားများကို ပြန်လည်ဝတ်ဆင်လိုက်ပြီး သူမ၏ ဆွဲဆောင်မှုသည် ယခင်အချိန်များထက် ပင် ပို၍ပင် အားကောင်းနေဟန်ရလေသည်။

အာရန်သည် အဝတ်အစားများကိုပြန်လည် ဝတ်ဆင်ရင်းဖြင့် အလုပ်များနေသော သူမထံမှ သူ၏ မျက်လုံးကို ခွာရန် မကြိုးစားခဲ့ပေ။

“ကျွန်မ ရက်သတ္တပတ် အနည်းငယ်လောက် ဒီမှာ ရှိနေနိုင်မှာ မဟုတ်ဘူး” ဟု ရှုယင်ကပြောလိုက်ရာ အာရန်သည် သူမ ဤမျှ ကြာရှည်စွာ ထွက်ခွာသွားမည်ဖြစ်သောကြောင့် အနည်းငယ် အံ့အားသင့်သွားရသည်။

ပုံမှန်အားဖြင့် သူမသည် သူ့အား သူမနှင့်အတူ လိုက်ပါမည်လား မလိုက်ပါဘူးလားဟု အနည်းဆုံး မေးမြန်းသင့်လေသည်။

သူ အလုပ်များနေမည်ကို သူမ ကြိုတင်သိထားသောကြောင့်လား သို့မဟုတ် အခြားအကြောင်းရင်းတစ်ခုခု ရှိနေသောကြောင့်လားဟု သူ တွေးလိုက်မိသည်။

“ဘယ်ကို သွားမှာလဲ” ဟု အာရန်က မေးလိုက်သည်။

“မင်း အဆင်ပြေရဲ့လား”

“ကျွန်မဘာမှမဖြစ်ပါဘူး”

ရှုယင်က ပြုံးပြလိုက်သော်လည်း သူမသည် အမှန်တကယ် မည်သည့်နေရာသို့ သွားမည်ဆိုသည်ကိုမူ ရှင်းပြခြင်း မရှိခဲ့ပေ။

သူမကို ကြည့်ရင်း အာရန်သည် သူမသည်လည်း ဂိုဏ်းမှ တာဝန်တစ်ခုကိုလည်း လက်ခံရရှိထားခြင်းဖြစ်မည်လားဟုသာ တွေးတောလိုက်သည်။

မည်သည့် တာဝန်မျိုးသည် မဟာအကြီးအကဲတစ်ဦးကို လိုအပ်မည်နည်း။ ထိုအရာသည် လွယ်ကူသော တာဝန်တစ်ခု မဖြစ်နိုင်ပေ။

ရှုယင်သည် အာရန်၏ မျက်နှာမှ စိုးရိမ်ပူပန်မှုများကို သတိပြုမိလိုက်သည်။

“ကျွန်မ ဘာအန္တရာယ်မှ မလုပ်ပါဘူး ကျွန်မ မိသားစုကို သွားလည်ရုံပါပဲ”

“မင်းရဲ့ မိသားစုဆီကို သွားလည်မလို့ဟုတ်လား”

အာရန်သည် အက်စ်တလီနာထံမှ သူကြားခဲ့ရသောအရာများကို ပြန်သတိရလိုက်သည်။

သူမ၏ မိသားစုသည် သေဆုံးသွားပြီး မဟုတ်လား။ ထို့ကြောင့် သူမသည် မည်သို့ သွားရောက်တွေ့ဆုံနိုင်မည်နည်း။

“သူတို့ရဲ့ နှစ်ပတ်လည်နေ့ ရောက်တော့မယ် ဒါကြောင့် ကျွန်မ အဲ့ဒီကို သွားပြီး... ကျွန်မရဲ့ မြို့မှာ အချိန်အနည်းငယ် ကုန်ဆုံးဖို့ စဉ်းစားထားတယ် တကယ်က အဲဒီမှာ ဘာမှ မကျန်တော့ပါဘူး ဒါကြောင့် ရှင်လိုက်လာရင်လည်း ပျင်းသွားနိုင်တယ် တကယ်တော့ ဒါဟာ ဘာမှ မဟုတ်ပါဘူး”

ရှုယင်သည် အာရန်ကို ပြုံးပြလိုက်သော်လည်း ထိုအပြုံးနောက်ကွယ်၌ သူမ၏ အတိတ်မှ အရာအတော်များများကို ဖုံးကွယ်ထားကြောင်း ခံစားမိလိုက်သည်။

သို့သော် အာရန်သည် အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကိုလည်း နားလည်ပေးနိုင်လေသည်။

ဖြစ်ပျက်ခဲ့သောအရာများအတွက် သူမသည် မိမိကိုယ်ကိုယ် အပြစ်တင်နေမိခြင်းဖြစ်လေသည်။

သူမ၏ ထိုအမှားအတွက် သူသည်လည်း သူမကို မနှစ်သက်တော့မည်ကို စိုးရိမ်မိသောကြောင့် သူမသည် သူ့အား ထိုအကြောင်းအရာကို ပေးမသိလိုခဲ့ပေ။

သူမ၏ မိသားစုနှင့် တွေ့ဆုံခြင်း ကိစ္စနှင့် ပတ်သက်၍မူ ၎င်းသည် သင်္ချိုင်းများဆီသို့ သွားရောက်ခြင်းသာ ဖြစ်နိုင်‌ပေမည်။

“ကိုယ် နားလည်ပါပြီ”

သူမ စိတ်အနှောင့်အယှက် ဖြစ်မည်စိုး၍ သူသည်အားလုံးကို သိထားပြီးဖြစ်ကြောင်း မဖော်ပြတော့ဘဲ ရေလိုက်ငါးလိုက်ပင် ပြန်လည်တုံ့ပြန်ပေးခဲ့သည်။

အဝတ်အစားများ စိတ်ကြိုက်ဝတ်ဆင်ပြီးနောက် ရှုယင်သည် ထွက်ခွာရန် ခြေလှမ်းပြင်လိုက်သည်။

သို့သော် သူမသည် မထွက်ခွာမီ အာရန်အနားသို့ ချဉ်းကပ်သွားကာ မွတ်သိပ်စွာဖြင့်တစ်ချက် နမ်းရှိုက်လိုက်သည်။

“ကျွန်မကို အရမ်း လွမ်းနေနော် ပြီးတော့ ကျန်းဝေအကြောင်း... အာ ဘာမှ မဟုတ်ပါဘူး”

သူမသည် စကားဆုံးအောင် မပြောတော့ဘဲ အရိပ်တစ်ခုကဲ့သို့ပင် ရိုးရှင်းစွာ လေထဲတွင် ပျောက်ကွယ်သွားလေသည်။

အာရန်သည် သူမ ဘာပြောလိုက်သည်ကို အဆုံးထိမကြားလိုက်ရသဖြင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

ကျန်းဝေအကြောင်း ဘာလဲ.... တစ်ခုခု မှားနေသလား...။

“တခါတလေ မိန်းမတစ်ယောက်ကို နားလည်ဖို့ တကယ် ခက်ခဲတာပဲ” ဟု အာရန်သည် သူ၏ နဖူးကို ပြန်လည်ပွတ်သပ်ရင်း ဆိုလိုက်သည်။

“သူမက ငါ သူမစိတ်ကို ဖတ်နိုင်မယ်လို့ မျှော်လင့်နေသလိုပဲ”

ယီလန်သည် လူသားများ၏ စိတ်ထဲ၌ ဖြစ်ပေါ်နေသော ရှုပ်ထွေးသည့် အတွေးများကို နားမလည်ပေ။ သူမသည် မနာလိုခြင်း၏ သဘောတရားကို လည်း မသိပေ။

ရှုယင်ကို သူမ ပထမဆုံး မြင်တွေ့ချိန်၌ ကျန်းဝေအပေါ် သတ်ဖြတ်လိုစိတ်ကို ဘာကြောင့် ထုတ်ဖော်ပြသခဲ့သည်ကို သူမ စိတ်မဝင်စားသကဲ့သို့ ရှုယင်အကြောင်းကိုလည်း များများစားစား မတွေးခဲ့ပေ။

အာရန်သည် ၎င်းကို သတိမထားမိခဲ့သော်လည်း ထိုသတ်ဖြတ်လိုစိတ်သည် မည်မျှပင် သေးငယ်စေကာမူ ယီလန်၏ အာရုံခံစားမှုဆီမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။

ထိုသတ်ဖြတ်လိုစိတ်သည် အာရန်ကို ဦးတည်ထားခြင်း မဟုတ်သောကြောင့် သူမသည် ဘာမျှ မပြုလုပ်ခဲ့ခြင်းဖြစ်လေသည်။

၎င်းသည် သူတို့နှင့် မသက်ဆိုင်ဟု ယူဆမိသောကြောင့်လည်း သူမသည် အာရန်ကိုလည်း မပြောပြခဲ့ပေ။

“ရှင့်ရဲ့ တိရစ္ဆာန်ဆန်တဲ့ ဆန္ဒတွေကို ကျေနပ်အောင် ပြုလုပ်တာ နောက်ဆုံးတော့ ပြီးသွားပြီမလား”

သူမသည် အာရန်အား အေးစက်သော အကြည့်ဖြင့် ကြည့်ရင်း မေးလိုက်သည်။

သို့သော် သူမ၏ မျက်နှာသည် အနည်းငယ် နီမြန်းနေဆဲ ဖြစ်သည်။

“ဘာလို့လဲ မင်းက တစ်ခုခုကို မျှော်လင့်နေတာများရှိလို့လား”

အာရန်က အဝတ်စရှည်တစ်ခုဖြင့် သူ၏ဆံပင်များကို ပြန်လည်သုတ်ရင်း နောက်ပြောင်ကာ မေးလိုက်သည်။

ထို့နောက် အာရန်သည် အကြီးအကဲရန်၏ သင်္ကေတဖြစ်သော ဝတ်ရုံရှည်ကို သူ၏ပုခုံးပေါ်၌ လွှားခြုံလိုက်ကာ အဝတ်အစား အပြည့်အစုံကို ဝတ်ဆင်လိုက်သည်။

“ဟွန့် ဟုတ်တယ်လေ”

ယီလန်က မျက်လုံးများကို တစ်ချက်ကစားလိုက်သည်။

“နောက်ဆုံးတော့ ငါငြိမ်းချမ်းမှု အနည်းငယ် ရသွားလို့ ဝမ်းသာမိသွားတယ်”

“ဒါဆိုရင် ဒီငြိမ်းချမ်းမှုကို အဆုံးသတ်လိုက်ကြရင်ရော”

အာရန်သည် ထိုသို့ မေးလိုက်ကာ သူ၏ တိုးတက်လာသော အရှိန်အဟုန်နှင့် စွမ်းရည်များကို အခွင့်ကောင်းယူရင်း ယီလန်အနားသို့ တစ်ဖန် ချဉ်းကပ်လိုက်သည်။

သူသည် ယီလန်ကို မနာကျင်စေလိုသောကြောင့် သူ၏ ဝိညာဉ်အမှတ်အသား ကိုမူ ထပ်မံ အသုံးမပြုတော့ပေ။

သို့သော် ယီလန်အား စနောက်ရသည်က ပို၍ ပျော်စရာကောင်းလေသည်။

သူမသည် အလွန်ရှေးကျသော ခေတ်တစ်ခေတ်ဆီမှ ပထမဆုံး ဝိညာဉ်ဘုရင်မဖြစ်လေသည်။

သို့သော် သူမကို အထူးသဖြင့် စနောက်မိသောအချိန်များတွင် သူမသည် အလွန် ချစ်စရာကောင်းလွန်းနေသည်ဟု တွေးလိုက်မိသည်။

“ဘာ... ရှင်ကဘာကို ဆိုလိုတာလဲ”

ယီလန်က တုန်ယင်သော အသံဖြင့် မေးလိုက်လေသည်။

သူမသည် ကုလားထိုင်တစ်လုံး၌ ထိုင်နေစဉ် အာရန်က သူမ၏ နောက်၌ ဘွားကနဲ ပေါ်လာသောကြောင့် ဖြစ်လေသည်။

“ငါပြောခဲ့တယ်လေ ငါ့ရဲ့ စောစောက ကမ်းလှမ်းချက်က အခုထိ တည်မြဲနေသေးတယ်နော်” ဟု အာရန်က ယီလန်၏ နားရွက်သို့ကပ်၍ တစ်ဖန်တိုးတိုးလေးထပ်မံ ပြောလိုက်ပြန်သည်။

“ဘယ်လို ကမ်းလှမ်းချက်လဲ”

ယီလန်၏ အသံသည်အနည်းငယ် တိုးလျသွားရင်း ပြန်မေးလိုက်သည်။

အာရန်သည် သူမ၏ နားရွက်နားသို့ကပ်၍ တစ်စုံတစ်ခုကို တီးတိုးပြောလိုက်ရာ ယီလန်၏ မျက်နှာသည် ခရမ်းချဉ်သီးတစ်လုံးကဲ့သို့ နီရဲသွားလေသည်။

“ရှင်...”

ယီလန်သည်ဘာမှ ဆက်မပြောနိုင်ခင်မှာပင် အာရန်သည် အခန်းမှ ထွက်သွားပြီးဖြစ်ကာ သူ၏ စကားများသည်သာ ယီလန်၏ စိတ်ထဲ၌သာ ပဲ့တင်ထပ်လျက်ကျန်ခဲ့တော့သည်။

“ဟွန့်”

နောက်ဆုံးတွင် သူမလည်း ထရပ်ကာ စောင့်လျှောက်သူ တစ်ဦးအနေဖြင့် အာရန်၏ နောက်သို့သာ လိုက်သွားရလေတောသည်။

သူမသည် အာရန်မှ သူ၏ တောင်ပေါ်ရှိ အခြားအိမ်တစ်လုံးရှေ့၌ ဆင်းသက်သွားသည်ကို ကြည့်နေမိခဲ့သည်။

၎င်းသည် ကြည့်ကောင်းသော ခြံဝင်းတစ်ခုကာရံထားပြီး ကျွမ်းကျင်သောဆောက်လုပ်ရေးသမားတစ်ဦးက ဆောက်လုပ်ထားပုံရသော အိမ်တစ်လုံးဖြစ်လေသည်။

“သူမ က နောက်တစ်အိမ် ထပ်ဆောက်လိုက်တာလား”

အာရန်သည် ထိုနေရာ၌ ဒုတိယအိမ်တစ်လုံး ထပ်မံရှိနေသည်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားရလေသည်။

အာရန်သည် တစ်ချိန်က သူ၏ ပထမဆုံး တပည့်ဖြစ်လာခဲ့သော ဝမ်ချင်းယုအား သူမ ကိုယ်တိုင် ဆောက်လုပ်ထားသော အိမ်ကို ချီးကျူးခဲ့သည်ကို အမှတ်ရလိုက်မိသည်။ သူမက ထိုအိမ်ကို သူ သည်လည်း အသုံးပြုနိုင်ကြောင်း ပြောခဲ့သေးသည်။

သူသည် တပည့်တစ်ဦး၏ အိမ်ကို မည်သို့ အသုံးပြုနိုင်မည်နည်းဟု ပြန်လည်ပြောသောအခါ သူမက သူမကိုယ်တိုင်အတွက် နောက်တစ်ခု ထပ်မံ ဆောက်လုပ်နိုင်ကြောင်း ပြောခဲ့သည်။

ထိုအချိန်၌ သူသည် သူမက နောက်ပြောင်နေသည်ဟုသာ ထင်ထားခဲ့ကာ ငြင်းဆန်ခဲ့လေသည်။

သို့သော် သူမသည် ထိုအရာကို အမှန်တကယ် ဆောက်လုပ်ခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူသည် ၎င်းကို ယခင်က အဘယ့်ကြောင့်သတိမထားမိခဲ့သည်ကို တွေးလိုက်မိသည်။

ဂိုဏ်းချုပ်နှင့် တွေ့ဆုံပြီး ပြန်လာသောအချိန်တွင်လည်း ဤနေရာကို ဖြတ်သွားခဲ့သည်ဟု သူ သေချာမှတ်မိနေသေးသည်။

ယခင်က ဤနေရာ၌ ထိုကဲ့သို့သော အရာမျိုး မရှိခဲ့ကြောင်း သူ သေချာသိနေခဲ့သည်။

၎င်းသည် သူ၏ မသိစိတ်မှနေ၍ ၎င်းကို လျစ်လျူရှုထားခဲ့သောကြောင့် သူ၏ မှားယွင်းသော အထင်အမြင်တစ်ခုသာ ဖြစ်ခဲ့ခြင်းလား။ သူ မသေချာနေပေ။

#Catfoot

All Chapters