← Chapters

အရှင်သခင်တစ်ယောက်ကို သတ်ရန်

Vol. 15 Ch. 203

အရှင်သခင်တစ်ယောက်ကို သတ်ရန်

Vol. 15 Ch. 203

ကျိုးရန်မေသည် အာရန်၏ ရာထူးအဆင့်ကို မသိရှိပေ။ အကြောင်းမှာ သူမသည် ဂိုဏ်းတွင် ကြာမြင့်စွာ မနေထိုင်ခဲ့သောကြောင့် ဖြစ်လေသည်။

သူမသည် ဂိုဏ်းမှ အသစ်ခန့်အပ်လိုက်သော အကြီးအကဲတစ်ဦး၏ အမည်ကို ကြားဖူးထားသော်လည်း ထိုသူသည် မည်သို့သော ရုပ်ရည်မျိုးရှိသည်ကိုမူ မသိရှိထားပေ။

အာရန်၏ ပခုံးပေါ်တွင် လျော့တိလျော့ရဲတင်ထားသော အနက်ရောင် ဝတ်ရုံကိုပင် သတိထားမိရန် သူမသည် အချိန်တခဏခန့်ယူခဲ့ရလေသည်။

၎င်းက သူမ၏ မယုံကြည်နိုင်မှုကို ပို၍ပင် တိုးပွားစေခဲ့သည်။

“အဲ-အဲဒီ ဝတ်စုံက... ဘယ်လိုလုပ်....”

သူမသည် မသိစိတ်ဖြင့် နောက်သို့အလိုလို ဆုတ်လိုက်မိရာ လှေကားပေါ်တွင် ရပ်နေမိသည်ကို မေ့လျော့သွားသဖြင့် ဖင်ထိုင်လျက်သား နောက်သို့ လန်ကျသွား၏။

သူမက အားနည်းသည်ဟု လှောင်ပြောင်ကဲ့ရဲ့ခဲ့ဘူးသောသူသည် ဂိုဏ်းရှိ အကြီးအကဲတစ်ဦး ဖြစ်နေသည်တဲ့လား။ ၎င်းက မည်သို့ ဖြစ်နိုင်မည်နည်း။

သူမသည် လူတစ်ဦးကိုပင် ကောင်းစွာ အကဲဖြတ်နိုင်စွမ်းမရှိသော ငတုံးတစ်ယောက် ဖြစ်သည်ဟု မဆိုလိုပေဘူးလား။

သူမသည် အကြီးအကဲတစ်ဦးရှေ့တွင် သူမ၏ အစွမ်းအစကို ချီးမွမ်းပြောဆိုမိခဲ့လေသည်။

ဤအကြီးအကဲမှာ မည်သူမည်ဝါဖြစ်သည်ကို ခန့်မှန်းရန်မူ သူမအတွက် အချိန်အကြာကြီး စဉ်းစားရန် မလိုခဲ့ပေ။

သူမ မမြင်ဖူးသော တစ်ဦးတည်းသော အကြီးအကဲမှာ အကြီးအကဲ ရန်ပင်ဖြစ်လေသည်။ ဆိုလိုသည်မှာ ဤသူသည် ထိုအကြီးအကဲသာ ဖြစ်ပေလိမ့်မည်။၊

၎င်းက အခြေအနေကို ပို၍ပင် ဆိုးရွားသွားစေသည်။ သူမ၏ စိတ်သည် ရှုပ်ထွေးသွားလေသည်။

ထိုသို့ဆိုလျှင် သူမ ကျိလင်း မြို့မှ ထွက်ခွာပြီး မကြာမီ အကြီးအကဲ ရန်သည် သူမ အတိုက်ခိုက်ခံခဲ့ရသော မြို့ကို ဖျက်ဆီးခဲ့ကြောင်း ကြားသိခဲ့ရသောသတင်းသည်လည်း အဓိပ္ပာယ်ရှိသွားပြီဖြစ်သည်။

အကြီးအကဲရန်သည် တစ်နည်းတစ်ဖုံအားဖြင့် ထိုမြို့တွင်ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို တစ်စုံတစ်ဦးထံမှ ကြားသိခဲ့မိသောကြောင့် ၎င်းသည် တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ခဲ့မည်ဟု သူမ ထင်မှတ်ထားခဲ့သည်။

သို့သော် ယခုတွင်မူ အရာအားလုံးသည် အဓိပ္ပာယ်ရှိသွားလေပြီ ဖြစ်သည်။

သူမ ထွက်ခွာစဉ် အာရန်သည် မြို့ထဲသို့ ရောက်ရှိနှင့်ပြီးသား ဖြစ်လေသည်။ သူမသည် ကျိလင်းမြို့စားကိုပင် ကောင်းစွာ မတိုက်ခိုက်နိုင်ခဲ့ပေ။

တစ်ဖက်၌ အာရန်သည် မြို့ထဲသို့ တိုက်ရိုက် ဝင်ရောက်တိုက်ခိုက် ခဲ့သည့်အပြင် အသူရာဂိုဏ်းချုပ်ကိုပင် ထိုနေရာ၌ သုတ်သင်ရှင်းလင်းခဲ့သေးသည်။

သူမ တွေးတောလေလေ သူမ၏ အတွေးများသည် ပို၍ ရှုပ်ထွေးလာလေလေ ဖြစ်လေသည်။

သူမသည် မြို့၌ သူမ ပြသခဲ့သော မရိုမသေပြုမူမှုအတွက် အပြစ်ပေးခံရတော့မည်ဟုပင် မျှော်လင့်မိခဲ့သည်။

မိမိကိုယ်ကို ကာကွယ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ သူမ၏ နောက်ခံအစစ်အမှန်ကို ဖော်ထုတ်ရန်ပင် ဖြစ်သည်။

မည်သည့် အကြီးအကဲက ဂိုဏ်းချုပ်၏ တပည့်ကို အပြစ်ဒဏ်ပေး ရဲမည်နည်း။

ကံမကောင်းစွာဖြင့် သူမသည် ထိုသို့ မလုပ်ဆောင်နိုင်ပေ။

“မင်းလည်း ပိုသန်မာလာပုံရတယ်”

အာရန်က ကျိုးရန်မေ၏ အချက်အလက်များကိုဖော်ပြထားသော စနစ် မျက်နှာပြင်ကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။

သူမ၏ စွမ်းရည်များသည် နှစ်ဆနီးပါးခန့် တိုးလာခဲ့သည်။

သူမ၏ တိုးတက်လာမှုသည် ယူလင်ကဲ့သို့ပင် မြန်ဆန်နေခဲ့သော်လည်း သူမ၏ အစမှတ်သည် ပို၍မြင့်သောကြောင့် ပို၍လည်း သန်မာနေခဲ့လေသည်။

သူမသည် သူ့ထံမှ ရရှိခဲ့သော ရှေ့ဟောင်းအမွေအနှစ်အကြောင်း ဖော်ပြထားသော ကဏ္ဍသစ်တစ်ခုကိုပင် ထိုမျက်နှာပြင်၌ထပ်မံ မြင်တွေ့နိုင်သေးသည်။

သူမသည် ၎င်းကို ကောင်းစွာ အသုံးချနိုင်ခဲ့လေသည်။

“မင်း မဆိုးဘူး”

သူတို့သည် ဤအချိန်၌ သူစိမ်းများအဖြစ်သာ ဆက်ဆံရန် လိုအပ်နေသောကြောင့် အာရန်သည် ထပ်မံ၍ မှတ်ချက်မပေးတော့ပေ။

ထိုစဥ်ကအသုံးပြုခဲ့သော မျက်နှာဖုံးကို ပြန်လည် ဝတ်ဆင်ထားမှသာ သူမ၏ ဆရာအဖြစ် ထပ်မံဟန်ဆောင်နိုင်မည် ဖြစ်လေသည်။

ထို့နောက်အာရန်သည် လှေကားပေါ်တွင် ထိုင်လျက် သူ၏ ဝေးကွာသော နောက်ကျောကို ကြောင်အစွာ ငေးစိုက်ကြည့်နေမိသော ထိုဒုတိယ တပည့်မလေးအား နောက်ချန် ထားခဲ့လေတော့သည်။

သူမသည် အနည်းငယ် ရှက်ရွံ့မိလိုက်သော်လည်း အကြီးအကဲရန်၏ အကြောင်းကို ပို၍ပင် စိတ်ဝင်စားမိသွားသည်။

....

အာရန်သည် အကြီးအကဲများသာ ဝင်ရောက်ခွင့်ရှိသော စာကြည့်တိုက်၏ အထက်ပိုင်းနေရာသို့ တက်ရောက်စဥ် သူ၏ ဒုတိယမြောက် တပည့်ကို တွေ့ဆုံခဲ့ရသဖြင့် အံ့သြနေဆဲ ဖြစ်သည်။

သူမကို သူ၏ တပည့်အဖြစ် ပွင့်ပွင့်လင်းလင်း မခေါ်ဆိုနိုင်ခဲ့သည်ကို သူ အတော်လေး စိတ်မကောင်းဖြစ်ခဲ့မိလေသည်။

အကယ်၍ သူမသည် ဂိုဏ်းချုပ်ဖန်းယု၏ တပည့်တစ်ဦးသာ မဟုတ်ခဲ့ပါက သူသည် ထိုအကြောင်းကို စိုးရိမ်စရာ မလိုအပ်ပေ။

ကံမကောင်းစွာဖြင့် သူမ၏ အစစ်အမှန်နောက်ခံသည် အနည်းငယ် ရှုပ်ထွေးနေလေသည်။

အဆိုးထဲမှအကောင်းတစ်ခုမှာ မှာ သူမသည် သူမ၏ ဒုတိယမြောက် ဆရာအကြောင်းကို ဖန်းယုအား ပြောပြထားပုံ မပေါ်ခြင်းပင် ဖြစ်သည်။

အကယ်၍ ဖန်းယုသာ သူမ၏ ဖခင်အဖြစ် ဟန်ဆောင်နေသူတစ်ဦး ရှိကြောင်း ကြားသိရပါက သူမ မည်မျှ ဒေါသထွက်သွားမည်ကို သူ မှန်းဆကြည့်နိုင်ရုံသာ တတ်နိုင်လေသည်။

သူမသည် ထို ‘ဖခင်’ ဆိုသူကို သူမ၏ လက်ဖြင့် သတ်ရန် ရူးသွပ်စွာ မြေလှန်ရှာချေလိမ့်မည်။

မူလခန္ဓာကိုယ်ပိုင်ရှင် ရန်နက်ခရိုလိုင်း၏ အတိတ်မှ အမျိုးမျိုးသော လုပ်ရပ်များကြောင့် လူအများက သူ့ကို သတ်လိုနေသည်ကြသည့်အပြင် ဖန်းယုနှင့် သူ၏ ဆက်ဆံရေးသည်လည်း အလွန် ရှုပ်ထွေးနေပြီး ဖြစ်သည်။

အာရန်သည် သူ၏ ပုံစံအမှန်ကိုသာ ဖော်ထုတ်ခံရပါက ဖန်းယု၏ စစ်ဆေး သတ်ဖြတ်ခြင်းကို ခံရမည့် သူလျှိုတစ်ဦးလည်း ဖြစ်လေသည်။

သူသည် ဖန်းယုမှ သုတ်သင်လိုသော နက်ခရိုမန်ဆာမျှော်စင်၏ အမွေဆက်ခံသူလည်း ဖြစ်လေသည်။ ထို့အပြင်ယခု သူသည် ဖန်းယု၏ ဖခင်ဟန်ဆောင်ထားသူလည်း ဖြစ်နေပြန်သေးသည်။

သို့သော် အာရန်သည် ကံကောင်းထောက်မစွာပင် သူ့အတွက် ကြိုတင်ကာကွယ်မှုအချို့ကို ပြုလုပ်ထားပြီး ဖြစ်သည်။

မင်္ဂလာနှောင်ကြိုး ၏ ချည်နှောင်မှုကြောင့် ဖန်းယုသည် သူ့ကို လူကိုယ်တိုင် သတ်ရန် ကြိုးစားပါက သူမကိုယ်တိုင် တန်ပြန်ခံစားသွားရလိမ့်မည်ဖြစ်သည်။

သို့သော် သူသည် ထိုအရာကိုသာ အားကိုး၍ မရကြောင်းလည်း သိနေလေသည်။

သူ၏ အစစ်အမှန်နောက်ကြောင်းသာ ဖော်ထုတ်ခံရပါက ဖန်းယုသည် သူမ၏ အသက်ကိုပင် စတေး၍ သူ့ကို သတ်ရန် ကြိုးစားလာနိုင်ချေရှိလေသည်။

အာရန်သည် သူ၏ ရှုပ်ထွေးလှသော အနာဂတ်ကို တွေးတောရင်း သူ့နဖူးကို သာ ပြန်လည်ပွတ်လိုက်မိသည်။

ကံကောင်းစွာဖြင့် သူသည် မလွဲမသွေ ရောက်လာမည့် ထိုအနာဂတ်အတွက် ပြင်ဆင်နေပြီဖြစ်သည်။

နှေးကွေးပုံရသော်လည်း မည်သို့ပင်ဆိုစေ သူသည် ယခင်ထက်စာပါက တဖြည်းဖြည်း များစွာပို၍ သန်မာလာနေပြီဖြစ်လေသည်။

သူသည် မိမိကိုယ်ကို ကာကွယ်ရန်အတွက်သာမက သူ၏ ကျင့်ကြံခြင်းအား ချိတ်ပိတ်ခံထားမှုမှ ဖယ်ရှားပေးနိုင်မည့် အရာကို ပြန်လည်ရယူရန် အတွက်လည်း ပို၍ သန်မာလာနေပြီဟုဆိုနိုင်လေသည်။

အာရန်သည် အတွေးများစွာဖြင့် ရှည်လျားသော စင်္ကြံလမ်းတစ်လျှောက် အဖြည်းဖြည်းချင်း လျှောက်လှမ်းနေခဲ့လေသည်။

စာကြည့်တိုက်မှူး ဆိုသူပေါ်ပေါက်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း စင်ပေါ်ရှိ စာအုပ်များကို ဝေ့ဝိုက် ကြည့်နေမိခဲ့သည်။

မကြာမီအချိန်မှာပင် သူမျှော်လင့်ထားသကဲ့သို့ စာကြည့်တိုက်မှူးသည် သူ့ရှေ့တွင် ပေါ်လာခဲ့လေသည်။

“အကြီးအကဲရန် မင်္ဂလာပါရှင် ယနေ့ ဘာများ ကူညီပေးရမလဲ”

စာကြည့်တိုက်မှူးသည် အာရန်မှာ နောက်ဆုံးအခေါက် ဤနေရာသို့ ရောက်ခဲ့စဥ်က ရှုယင်နှင့် တွေ့ဆုံခဲ့ရကြောင်းကို ယခုတိုင် အမှတ်ရနေဆဲဖြစ်သည်။

ထိုနေ့၌ သူ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များအတွက် သူမသည် နောင်တရနေဆဲ ဖြစ်လေသည်။

“အကြီးအကဲ ရန်”

အာရန်သည် သူမဘက်သို့ ဗလာကျင်းနေသောမျက်လုံးများဖြင့်စိုက်ကြည့် နေသည်ကို သတိပြုမိသောကြောင့် သူမက ထပ်မံ၍ခေါ်လိုက်မိသည်။

သူမသည် သူမ၏ နောက်ကျောကို လှည့်ကြည့်လိုက်မိသော်လည်း ထိုနေရာတွင် မည်သူမျှ ရှိမနေသောကြောင့် သူသည် သူမကို ကြည့်နေသည်ဟုသာ ယုံကြည်သွားလေသည်။

သူမသည် သူမ၏ မျက်နှာကိုပြန် ထိလိုက်မိသည်။

“ကျွန်မ မျက်နှာမှာ တစ်ခုခုများ ရှိနေလို့လား”

“အာ... ဘာမှ မဟုတ်ပါဘူး ဒါနဲ့ အနောက်ဘက်တိုက် နဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ကျုပ်ကို ကူရှာပေးနိုင်မလား”

အာရန်က သူ့ရှေ့တွင် ပေါ်လာသော ကြက်သွေးရောင်မျက်နှာပြင်ဆီမှ ခဏတာ မျက်စိလွှဲလိုက်ပြီး စာကြည့်တိုက်မှူးမလေးအား ပြန်လည်မေးခွန်းထုတ်လိုက်သည်။

ထိုစဥ် အာရန်သည် သူ၏ မျက်လုံးရှေ့မှ ရွေးချယ်စရာအသစ်များအတွက် အံ့အားသင့်နေဆဲကာလ ဖြစ်လေသည်။

ယခုအကြိမ်တွင်မူ လည်ဆွဲ ဆုလာဘ်မှာ ပြန်ပေါ်လာခဲ့ပြီဖြစ်သော်လည်း ဤတစ်ကြိမ် ရွေးချယ်စရာများသည် အတော်လေးရှုပ်ထွေးနေလေသည်။

[ရွေးချယ်မှု ၁: အနောက်တိုက်သို့ မထွက်ခွာမီ အကြီးအကဲ လီယွင်ဖန်းကို သတ်ပါ။ ဆုလာဘ်: အနာဂတ်ကို ကြိုမြင်နိုင်သော ‘ဟောကိန်းလည်ဆွဲ’ ]

[ရွေးချယ်မှု ၂: အနောက်တိုက်သို့ ခရီးစဉ်အတွင်းတွင် အကြီးအကဲ လီယွင်ဖန်းကို သတ်ပါ။ ဆုလာဘ်: အဆင့်ခုနစ် ဖွဲ့စည်းမှုဆိုင်ရာကျွမ်းကျင်အသိပညာ ]

[ရွေးချယ်မှု ၃: အနောက်တိုက်၌ အကြီးအကဲ လီယွင်ဖန်းကို သတ်ပါ။ ဆုလာဘ်: လွတ်မြောက်ခြင်း အဆောင်]

[ရွေးချယ်မှု ၄: အနောက်ဘက်တိုက်၏ သန့်စင်ပရောဟိတ်မကို သတ်ပါ။ ဆုလာဘ်: ‘ပထမဆုံး ပြီးမြောက်မှုအတွက်ဆု’]

[ရွေးချယ်မှု ကန့်သတ်ချိန်: ၂၄ နာရီ]

ဤတစ်ကြိမ် သူ၏ရှေ့တွင် ပေါ်လာသော ရွေးချယ်စရာအားလုံးသည် သတ်ဖြတ်ခြင်းများနှင့်သာ ပတ်သက်နေကြလေသည်။

ပထမသုံးခုသည် အကြီးအကဲလီကို သတ်ရန်နှင့် သက်ဆိုင်နေပြီး နောက်ဆုံးတစ်ခုမှာ ပို၍ပင် အံ့အားသင့်စရာကောင်းနေလေသည်။

၎င်းသည် အရှင်သခင်တစ်ဦးကို သတ်ရန် တောင်းဆိုထားခြင်းဖြစ်ပြီး ၎င်းကိုလုပ်ဆောင်ရမည့်နေရာမှာလည်း သူမ၏ နယ်မြေ၌ပင် ဖြစ်လေသည်။ ၎င်းသည် ဖြစ်နိုင်ပါ့မလား။ ဤစနစ်သည် ဘာများ တွေးနေပါသနည်း။

#Catfoot

All Chapters