ချိန်ရွယ်ထားသော ဓား
Vol. 15 Ch. 204
အာရန်သည် ရွေးချယ်စရာ လေးခုကို ကြည့်လိုက်ရာ သုံးခုမှာ လီယွန်းဖန် ကို သတ်ရန်နှင့် ပတ်သက်နေသည်။
သူသည် ရေခဲနတ်ဆိုးနှင့် အနည်းငယ် ကတောက်ကဆဖြစ်ခဲ့သော်လည်း သူ့ကို သတ်ရန် အထိတော့မရည်ရွယ်ခဲ့ဘူးပေ။ ၎င်းနှင့် သူသည် အမှန်တွင် ဘာမှ မသက်ဆိုင်ပေ။
လီယွန်းဖန်သည် သူ့နှင့် လာရောက်ပတ်သက်ခဲ့ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ မူလဇာတ်လမ်းသဘောအရ မဖြစ်လာသင့်သော ဇာတ်လိုက်၏ ဆရာဖြစ်သွားသောကြောင့်သာ ဖြစ်လေသည်။
စတုတ္ထမြောက်နှင့် နောက်ဆုံးရွေးချယ်စရာတစ်ခုမှာ အရှင်သခင်လေးဦးအနက်မှ တစ်ဦးကို သတ်ရန်ကိစ္စနှင့် ပတ်သက်နေသည်။
၎င်းက အနောက်တိုက် သန့်စင်အင်ပါယာမှ အရှင်သခင်တစ်ဦးကို သတ်ပေးရန် တောင်းဆိုချက်ဖြစ်နေပြီး သူမသည် သန့်စင်ပုရောဟိတ်မ မှလွဲ၍ အခြားသူမဟုတ်ပေ။
ထိုအမျိုးသမီး မည်မျှ အစွမ်းထက်သည်ကို သူ အမှန်တကယ် မသိပေ။
သို့သော် သူမသည် နစ်ခရိုမန်ဆာမျှော်စင်၏ အရှင်သခင်ကိုပင် တစ်ကိုယ်တော် ရင်ဆိုင်နိုင်သောကြောင့် သူမသည် မည်မျှ အန္တရာယ်များနိုင်သည်ကို သက်သေပြလျက် ရှိသည်။
‘’ပထမဆုံး ပြီးမြောက်မှုအတွက်ဆု’’
သူသည် စတုတ္ထမြောက် ဆုလာဘ်ဆီမှလည်း မျက်လုံးလွှဲ၍ မရတော့ပေ။
သူ့ကို စိတ်ဝင်တစားဖြစ်စေသော ဆုလာဘ် နှစ်ခုသာ ရှိလေသည်။ တစ်ခုမှာ လည်ဆွဲ ဆုလာဘ်ဖြစ်ပြီး ၎င်းကိုရရှိရန်အတွက် သူတို့အနောက်တိုက်သို့ မထွက်ခွာမီ ရေခဲနတ်ဆိုးဖြစ်သူ လီယွန်းဖန်းကို သတ်ရန် လိုအပ်လေသည်။
၎င်းနှင့် ဆက်စပ်နေသော အန္တရာယ်များသည်လည်း မြင့်မားသည်။
အကယ်၍ လီယွန်းဖန်းသာ ခရီးမထွက်ခွာမီ ဂိုဏ်းမှ ပျောက်ဆုံးသွားပါက ၎င်းသည် ပိုမိုကြီးမားသော ပြဿနာတစ်ခုဆီသို့ ဦးတည်သွားနိုင်ချေရှိသည်။
အနောက်တိုက်ကိုရောက်မှသာ ၎င်းကို သတ်ရန်ကျိုးစားခြင်းသည် ပို၍ လွယ်ကူမည်ဖြစ်ပြီး ထိုနေရာတွင် အကြီးအကဲလီကိုထာဝရ ပျောက်ကွယ်သွားစေရန် ပြုလုပ်နိုင်သည့် အကြောင်းပြချက်များစွာ လည်းဖန်တီးနိုင်လေသည်။
အာရန်သည် လည်ဆွဲ ဆုလာဘ်များ ၏ အဖိုးတန်ပုံကို ကိုယ်တိုင် နားလည်သိရှိခဲ့ပြီးဖြစ်သောကြောင့် သူသည် နောက်တစ်ခုကို ထပ်မံရရှိရန် အမြဲတမ်း မျှော်လင့်နေခဲ့သည်။
ကံမကောင်းစွာဖြင့် ယခု နောက်ဆုံး ထိုအရာ ရောက်လာသောအခါ တွင်လည်း အခြားရွေးချယ်စရာတစ်ခုကြောင့် သူသည် ဆုံးဖြတ်ချက် ကို ယတိပြတ် မချနိုင်သေးပေ။
သန့်စင် ပုရောဟိတ်မကို သတ်ခြင်းဖြင့် ရရှိလာမည့် စတုတ္ထမြောက် ဆုလာဘ်သည် သူ၏ အာရုံကို ဖမ်းစားနေခဲ့ပြီး အထူးသဖြင့် ၎င်းတွင် သုံးစွဲထားသော ဝေါဟာရအခေါ်အဝေါ်ကြောင့်လည်း ဖြစ်လေသည်။
‘ပထမဆုံး ပြီးမြောက်မှုအတွက်ဆု’ သည် သူ့အား ဂိမ်းများကို သတိရစေပြီး ဂိမ်းဆော့၍ အစောဆုံးအောင်မြင်မှုတစ်ခုကိုရရှိလိုက်သော ကစားသမားအား ထိုအောင်မြင်မှု၏ အထိမ်းအမှတ်အဖြစ် ဆုတစ်ခုခုကို ချီးမြှင့်ခြင်းဖြစ်လေသည်။
သူ့အတွက် ရွေးချယ်မှုအဖြစ် အနာဂတ်ကို မြင်နိုင်သော ဟောကိန်းလည်ဆွဲ နှင့် ပထမဆုံး ပြီးမြောက်မှု ဆုလာဘ် ဟူ၍ရှိနေသည်။
“နောက်ထပ် အရိပ်အမြွက်တွေ နဲနဲလောက်ထပ် မပေးနိုင်ဘူးလား” စာကြည့်တိုက်မှူးသည် အနောက်တိုက်နှင့် ပတ်သက်သော စာအုပ်များကို ယူဆောင်လာပေးရန် ထွက်ခွာသွားစဉ် သူသည် စနစ်ကို မေးလိုက်ခြင်းဖြစ်သည်။
သို့သော် သူ၏ မေးခွန်းအတွက် အဖြေတစ်စုံတစ်ရာကိုမူ လုံးဝမရရှိခဲ့ပေ။
အာရန်သည် အနည်းငယ် ခေါင်းကိုက်လာသည်ဟု ခံစားလိုက်ရသဖြင့် နောက်ရှိ စာအုပ်စင်တစ်ခုကို ကျောမှီလိုက်ကာ ခေတ်တရပ်နေလိုက်သည်။
သူသည် ယီလန်၏ အကူအညီဖြင့်ပင် နတ်ဘုရားမ၏ တန်ခိုးစွမ်းအင်များကို အသုံးပြုနိုင်သော ထိုပုရောဟိတ်မကို သတ်ရန်မှာ လွယ်ကူမည်မဟုတ်ပေ။
သန့်စင်ပရောဟိတ်မသည် အနောက်တိုက်၌ ဖြစ်ပျက်သမျှ အရာအားလုံးကို သိမြင်နိုင်စွမ်းရှိသည်ဟုပင် ဆိုကြသည်။ အထူးသဖြင့် သူမနှင့် ပတ်သက်သော အကြောင်းအရာတစ်ခုခု ပါဝင်နေပါက ဖြစ်သည်။
ထိုကောလာဟလကိုမူ သူသည် အတော်လေး မယုံကြည်ပေ။ အကြောင်းမှာ တစ်စုံတစ်ဦးသည် ထိုပရောဟိတ်မ ထံမှ တစ်စုံတစ်ခုကို ခိုးယူနိုင်ခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်သည်။
သန့်စင်ပရောဟိတ်မမှ ပြုလုပ်၍ အောင်မြင်ခါနီးဖြစ်နေသော အရှင်သခင်အဆင့်ကိုပင် ပြန်လည်သတ်နိုင်သော လက်နက်တစ်ခုသည် ခိုးယူခံခဲ့ရသည်။
အကယ်၍ ကောလာဟလအတိုင်းသာ သူမသည် အရာအားလုံးကို မြင်နိုင်ခဲ့ပါက ထိုသလင်းကျောက်ဓားကို သူမထံမှ ခိုးယူရန် မဖြစ်နိုင်ပေ။
‘ကောလာဟလတွေက မှန်နေရင်တောင် ကန့်သတ်ချက်တွေတော့ ရှိနေမှာပဲ’ ဟု အာရန်သည် တွေးလိုက်မိသည်။
စိတ်တွင်း၌ သူသည် ထိုနောက်ဆုံးရွေးချယ်စရာဆီသို့ အနည်းငယ် ပိုမို ယိမ်းယိုင်နေမိခဲ့သည်။
၎င်းသည် အန္တရာယ်များသော်လည်း သူသည် အနှေးနှင့်အမြန် ထိုအရာကို လုပ်ဆောင်ရမည့် မှန်းအလိုလို ခံစားသိနေလေသည်။
“ဒါပေမဲ့ သန့်စင်ပရောဟိတ်မ သေဆုံးသွားခဲ့ရင် နက်ခရိုမန်ဆာမျှော်စင်က အနောက်တိုက်ထိ သူ့ရဲ့အင်အားကိုချေဆန့်လာနိုင်တယ် သူတို့တွေ ပိုပြီး အင်အားကြီးလာတာကို ငါ တကယ်လိုချင်နေလို့လား”
သာမန် သတ်ရန်တစ်ခုတည်းဆိုရင် သူသည်ထို နောက်ဆုံးရွေးချယ်မှုကို ရွေးပြီးသား ဖြစ်နေလိမ့်မယ်ဖြစ်သည်။
အန္တရာယ်များသည်ဆိုသော်လည်း ထိုအရာသည် နောက်ဆုံးတွင် သူလုပ်ရမယ့်အရာသာဖြစ်လေ။
သို့သော် သူသည် ဖြစ်လာနိုင်သည့်အကျိုးဆက်များကိုလည်း လျစ်လျူရှုထား၍ မရပေ။
နစ်ခရိုမန်ဆာမျှော်စင်သည် သူ့အတွက် အခုလောလောဆယ်တွင် ပိုကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်လေသည်။
“သူမကို အခု အသေခံလိုက်လို့မဖြစ်သေးဘူး သူမက နစ်ခရိုမန်ဆာမျှော်စင်ကို ချိန်ရွယ်ထားတဲ့ ဓားတစ်ချောင်းပဲ”
ထို့နောက်အာရန်သည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။
သူ၏ စနစ်ကို ထပ်မံပိတ်မိသွားခြင်းမျိုး သူတကယ် မလိုချင်တော့ပေ။
အခုလောလောဆယ်တွင် သူ အမြန်ဆုံး ပြီးမြောက်နိုင်သော ရွေးချယ်မှုကို သာ ရွေးရမယ်ဖြစ်သည်။
သန့်စင် ပုရောဟိတ်မနှင့် ပတ်သက်တဲ့ ရွေးချယ်မှုအတွက်မူ သူသည် အနောက်တိုက်ကို အမှန်တကယ်ဝင်ရောက်သောအချိန်တွင် အလားတူ ရွေးချယ်မှုတစ်ခု ထပ်မံရလိမ့်မယ်ဟုသာ မျှော်လင့်နိုင်တော့သည်။
ထို့နောက်အာရန် သည် လက်ညှိုးတစ်ချက်ထောင်လိုက်ပြီး ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်သည်။
[သင်သည် ရွေးချယ်မှုတစ် ကို ရွေးချယ်လိုက်ပါပြီ]
[အနောက်တိုက်သို့ ထွက်ခွာမယ့်ရက် မတိုင်ခင်တွင် လီယွန်းဖန်းကို သတ်ပါ]
အာရန်သည် လီယွန်းဖန်းကို အဘယ်ကြောင့် သတ်ရမည်ကို မသိနေသော်လည်း သူ၏ စနစ်အား အချိန်အကြာကြီး ပိတ်မိမသွားစေလိုပါက ထိုအရာကို ခပ်မြန်မြန်ပင် လုပ်ဆောင်ရမည်ဖြစ်လေသည်။
စတုတ္ထမြောက် ရွေးချယ်မှုသည် ရေရှည်အကွက်ချပြုလုပ်ရမည့်အရာတစ်ခု ဖြစ်သည်။
သူသည် ထိုအချိန်ကာလအတွင်း နောက်ထပ် လည်ဆွဲစီးရီးမှ ဆုလာဘ်တစ်ခုကို ထပ်မံလက်လွတ်မခံလိုပေ။
ရွေးချယ်မှုတစ် ကို ရွေးချယ်ပြီးနောက် မျက်နှာပြင်သည် ပျောက်ကွယ်သွားပြီး အာရန်သည် ထိုရင်းနှီးသော မျက်နှာပြင်ကို နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မြင်ရမည်ကို တွေးတောနေမိသည်။
သူသည် စာကြည့်တိုက်မှူးမှ အနောက်တိုက်နှင့် ပတ်သက်သော စာအုပ်များကို ယူဆောင်လာရန် စောင့်ဆိုင်းနေသည်။
.........................
“ကျုပ် ဒါတွေကို ပြန်ယူသွားလို့ရမလား” ဟု သူမ သယ်ဆောင်လာသော စာအုပ်အထပ်လိုက်ကို ကြည့်ရင်း မေးလိုက်သည်။
သူမ၏ လက်ထဲတွင် အထပ်လိုက်ဖြစ်နေသော စာအုပ်များ အုပ်နှစ်ဆယ်ခန့် ရှိလေသည်။
“မဖြစ်နိုင်ပါဘူးရှင် အကြီးအကဲအနေနဲ့ ဒီနေရာမှာပဲ ဖတ်ရှုခွင့်ရှိပါတယ်” ဟု စာကြည့်တိုက်မှူးမလေးက အကြီးအကဲများ ဖတ်ရှုရန် စားပွဲများနှင့် ကုလားထိုင်များ စီစဉ်ထားပေးသော သီးသန့်နေရာကို ညွှန်ပြရင်း ပြန်ပြောသည်။
အာရန်သည် ထိုအဖြေကို သိပ်သဘောမကျသော်လည်း သူသည် ဘာမှ မတတ်နိုင်ပေ။
ဘာပဲဖြစ်ဖြစ် ထိုအရာသည် အကောင်းဆုံးလည်း ဖြစ်နိုင်သည်ဟုယုဆလိုက်သည်။
အပြင်ဘက်တွင်ဆိုပါက သူသည် မည်မျှ အာရုံပျံ့လွင့်လွယ်သလဲ သူကိုယ်တိုင်သာအသိဆုံးဖြစ်သည်။
ဝိညာဉ်လောကတွင်လည်း သူရထားခဲ့သောထို သေနတ်ကို စမ်းသပ်ဖို့အား အခွင့်အရေး ရရှိခဲ့သော်လည်း သူသည် မေ့မေ့လျော့လျော့ ဖြစ်သွားခဲ့ရသည်။
ထိုအချိန်က ယီလန် ရောက်လာပြီး သူလှုပ်ရှားရန် မလိုအပ်တော့အောင် သူမကိုယ်တိုင် ပြုလုပ်ပေးခဲ့ခြင်းလည်းဖြစ်သေသည်။
ထို့နောက် အာရန်သည် စာဖတ်ရန် ပြုလုပ်ထားသော သီးသန့်နေရာသို့ သွားလိုက်ပြီး စာအုပ်များကို စားပွဲပေါ်တွင် တင်ထားလိုက်သည်။
အကြီးအကဲတစ်ဦးသည် စိတ်အေးချမ်းသာစွာ စာဖတ်နိုင်စေရန်အတွက် စားပွဲပတ်လည်၌ အကာအကွယ်များ ဖန်တီးပေးထားပြီး ၎င်းသည် အတွင်း၌ ရှိသောသူအား ဖုံးကွယ်ထားနိုင်ရုံသာမက အပြင်မှ ဆူညံသံများ အတွင်းသို့ ဝင်ရောက်ရန်မှလည်း တားဆီးပေးထားလေသည်။
အကြီးအကဲများကို အနှောင့်အယှက် မဖြစ်စေရန်အတွက် စာကြည့်တိုက်မှူးများပင် ထိုအကာအကွယ်များကို ဖြတ်သန်း၍ စစ်ဆေးခွင့် မရှိပေ။
“ယီလန်ရေ ငါ မင်းကို ညွှန်ပြတဲ့အတိုင်း ဒီနေရာမှာ ဂိတ်ဝင်ပေါက်တစ်ခု ဖန်တီးပေးနိုင်မလား” အာရန်က ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ယီလန်အား မေးလိုက်သည်။
“ဖန်တီးပေးနိုင်ပါတယ် ဝိညာဉ်လောကနဲ့ ဝင်ပေါက်ကို ချိတ်ဆက်ပြီး လူသားကမ္ဘာက နေရာသစ်တစ်ခုကို ထပ်မံချိတ်ဆက်ဖို့တော့ လိုပါတယ်” ဟု ယီလန်က အတည်ပြုရင်း အာရန်မည်သည့်နေရာသို့ သွားချင်သည်ကို စိတ်ဝင်စားသွားမိသည်။
ထို့ပြင် သူသည် အဘယ်ကြောင့် ဤနေရာတွင် ဂိတ်ဝင်ပေါက်ကို အသုံးပြုရန် လိုအပ်ပါသနည်း။
သူသည် စာကြည့်တိုက်မှ ဒီအတိုင်းပုံမှန် ထွက်သွားလို့ မရဘူးလား။
သို့မဟုတ် လူတိုင်းအား သူသည် စာကြည့်တိုက်ထဲတွင်သာ ရှိနေသေးသည်ဟု ထင်စေချင်သောကြောင့်ပေလား...။
#Catfoot