← Chapters

ကြွားလုံးထုတ်ခြင်း

Vol. 15 Ch. 206

ကြွားလုံးထုတ်ခြင်း

Vol. 15 Ch. 206

အာရန်၏ ဦးခေါင်းသည် တဒိန်းဒိန်း ကိုက်ခဲနေပြီး သူ၏ ခန္ဓာကိုယ်ပေါ်၌ ကျရောက်သော ဖိအားသည် ယခင်က သူ ကြုံတွေ့ခဲ့သည်ထက် များစွာ ပိုမို မြင့်မားနေသည်။

“မြဲမြဲကိုင်ထား”

ယီလန်သည် တည်ငြိမ်နေသောအသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။

ထိုအရာသည် သူမအတွက် လုံးဝ ပုံမှန်ကိစ္စတစ်ခုကဲ့သို့ ဖြစ်နေသည်။

အာရန်သည် သူမ၏ ခါးကို ပို၍ ခိုင်မာစွာ ဆုပ်ကိုင်ထားလိုက်ပြီး မသက်မသာသောခံစားမှုအပေါ်အာရုံမရောက်အောင် လက်ရှိလုပ်ဆောင်နေသော အရာကိုသာ အာရုံစိုက်ထားလိုက်သည်။

ယီလန်သည် အာရန်၏ လက်ချောင်းများ သူမ၏ ခါးသွယ်သွယ်လေးကို ပွတ်တိုက်သွားသည်ကို ခံစားလိုက်ရပြီး ထိုအရာသည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး၌ ထူးဆန်းသော ခံစားချက်တစ်ခုကို ဖြစ်ပေါ်စေလေသည်။

ထို့နောက် ထာဝရဟု ထင်ရသော အချိန်တစ်ခုကြာပြီးနောက် သူတို့သည် နောက်ဆုံး၌ ဂိတ်တံခါးပေါက်ဆီမှ မှိန်ဖျော့သော ဂူတစ်ခုအတွင်းသို့ ရောက်ရှိသွားကြသည်။

အာရန်သည် သူ၏ ခြေထောက်အောက်၌ ခိုင်မာသော မြေပြင်ကို ခံစားမိသောအခါမှသာ စိတ်သက်သာရာရသွားပြီး အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။

လေထုသည် အလွန်အေးမြကာ စိုစွတ်နေပြီး သူတို့ အစောပိုင်းကမှ ဖြတ်သန်းလာခဲ့သော ရှုပ်ထွေးသော ဟင်းလင်းပြင်ခရီးစဥ်နှင့် လုံးဝ ဆန့်ကျင်ဘက်ပင်ဖြစ်သည်။

အာရန်သည် ယီလန်၏ ခါးမှ သူ၏ လက်ကို ဖယ်ရှားလိုက်သောအခါ သူ၏ လက်ချောင်းများသည် သူမ၏ အရေပြားကို အနည်းငယ် ပွတ်တိုက်မိသွားသည်။

ယီလန်သည် ထူးဆန်းသောအသံတစ်ခု ပြုလုပ်လိုက်မိသော်လည်း အာရန် သည် ခေါင်းများမူးနောက်နေသောကြောင့် ၎င်းကို သတိမထားမိခဲ့ပေ။

သူသည် ရိုးရှင်းစွာပင် မြေပြင်ပေါ် ထိုင်ချလိုက်ပြီး ကျောကို ဂူနံရံတွင် မှီထားလိုက်သည်။

သူသည် အနည်းငယ် ခေါင်းမူးနောက်နေဆဲဖြစ်သည်။ ကမ္ဘာကြီးတစ်ခုလုံး သူ၏ ပတ်လည်၌ ခြာခြာလည်နေသကဲ့သို့ ခံစားနေရသည်။

ဤကမ္ဘာသို့ ရောက်ရှိပြီးကတည်းက သူ တစ်ခါမျှ မခံစားခဲ့ရသော ဖျားနာခြင်းမျိုး၏ ခံစားချက်တစ်ခုပင်ဖြစ်သည်။

အာရန်သည် မြေပြင်ပေါ်တွင်ပင် ထိုင်ကာ သက်သာလာစေရန်အတွက် ခဏတာ အနားယူ နေစဉ် ယီလန်သည် သူမ၏ မျက်လုံးထောင့်မှနေ၍ အာရန်အား ထူးဆန်းသည့်အကြည့်ဖြင့် မသိမသာစူးစိုက် ကြည့်နေလေသည်။

သူမသည် သူမ၏ ဝမ်းဗိုက်နေရာကို သူမ၏ လက်ချောင်းလေးများဖြင့် ပြန်လည် ထိတွေ့ကြည့်လိုက်သော်လည်း အာရန် သူမကို ထွေးပွေ့ထားခဲ့သော အချိန်က ခံစားခဲ့ရသော ခံစားချက်မျိုးကို မခံစားရတော့ပေ။

သူမကိုယ်တိုင်ပင် သူမကိုယ်၌ ဘာဖြစ်သွားသည်ကို နားမလည်နိုင်ဖြစ်နေပေသည်။

အဘယ့်ကြောင့် အာရန်မှ သူမ၏ ခန္ဓာကိုယ်ကို ထိတွေ့သည့်အခါတိုင်း ဤထူးဆန်းသော ခံစားချက်သည် သူမ၏ နှလုံးသားအတွင်းမှ ထွက်ပေါ်လာရသနည်း။

အကြောင်းတစ်ခုခုကြောင့် သူမသည် သူ့အနား၌ အလွန်အမင်း ထိရှလွယ်လာသည်ဟု တွေးလိုက်မိသည်။

‘အတိတ်ကြောင့်လား’ ဟု သူမသည် မေးခွန်းများစွာဖြင့် ပြည့်နေသော အကြည့်တစ်ခုကို အာရန်ဆီသို့ပစ်လွှတ်လိုက်ရင်း တွေးတောနေမိသည်။

အာရန်သည် သူ၏ စနစ်သိုလှောင်ခန်းအတွင်းမှ ရေဘူးတစ်ဘူးကို ထုတ်ယူကာ အနည်းငယ် သောက်လိုက်ပြီး ကျန်အေးစက်နေသော ရေအချို့ကို သူ၏ ဦးခေါင်းပေါ်သို့ လောင်းချလိုက်သည်။

သူ၏ နှလုံးသား၌ ဖြစ်ပေါ်နေသော ဖျားနာသည့်ခံစားချက်များသည် တဖြည်းဖြည်း သက်သာလာပြီး သူ၏ ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးလည်း လည်ပတ်နေခြင်းသည်လည်း ရပ်တန့်သွားလေသည်။

ဤကဲ့သို့ ခရီးသွားခြင်းမျိုး ထပ်မံမပြုလုပ်သင့်ကြောင်း သူ၏ ခန္ဓာကိုယ်က သူ့အား သတိပေးချက် ပေးပို့လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

“ရှင်သက်သာသွားပြီလား”

ယီလန်က အာရန်ကို မေးလိုက်စဉ် ရေများသည် သူ၏ ဆံပင်ရှည်များမှ စီးကျကာ အဝတ်အစားများဆီသို့ ရောက်ရှိသွားလေသည်။

“ခြောက်သွားပြီလား”

အာရန်သည် သူ၏ အဝတ်အစားများပေါ်၌ လက်ညှိုးထောက်ကာ ပြောလိုက်သည်။

ယီလန်လည်း အနည်းငယ်အံ့အားသင့်သွားလေသည်။

အနည်းငယ် စိုစွတ်သွားသော သူ၏ အဝတ်အစားများသည် အချိန်တခဏအတွင်းမှာပင် ချက်ချင်း ခြောက်သွေ့သွားလေသည်။

ကျင့်ကြံသူများသည် ၎င်းတို့၏အော်ရာကို အသုံးပြု၍ ဤကဲ့သို့သော အရာမျိုးကို ပြုလုပ်နိုင်သော်လည်း အာရန်သည် ထိုသို့ မပြုလုပ်ခဲ့ကြောင်း သူမ သေချာသိလေသည်။

“ဒါက နဂါးလျှာကြောင့်လား”

သူမက မတူညီသော မှော်အမျိုးအစားတစ်ခုကို တွေးတောမိလိုက်သဖြင့် အာရန်အား မေးလိုက်သည်။

နဂါးလျှာသည် နဂါးများသာ အသုံးပြုနိုင်သော အရာဖြစ်သည်။ ၎င်းသည် ၎င်းတို့၏ မှော်ပညာအသုံးပြုပုံလည်းဖြစ်သည်။

နဂါးများ အထွတ်အထိပ်ရောက်ရှိခဲ့သောအချိန်ကာလက နဂါးလျှာသည် ကောင်းကင်နဂါးဆီမှ ဆင်းသက်လာခဲ့သော အမြင့်ဆုံးအဆင့်ရှိသည့် မှော်ပညာတစ်ရပ်ဖြစ်သည်ဟုလည်း ဆိုကြလေသည်။

ကံမကောင်းစွာဖြင့် ကောင်းကင်နဂါး သေဆုံးပြီးနောက် နဂါးလျှာသည်လည်း ၎င်း၏ ဂုဏ်ကျက်သရေကို ဆုံးရှုံးခဲ့ရသည်။

ပင်လယ်နဂါးများနှင့် အခြား နဂါးမျိုးနွယ်စုဝင် အနည်းငယ်တို့သည် လည်း ထို နဂါးလျှာမှော်အစွမ်းကို အသုံးပြုနိုင်ကြသေးသော်လည်း နစ်ခရိုမန်ဆာမျှော်စင်၏ အရှင်သခင် အသုံးပြုနိုင်သော မှော်ပညာနှင့် နှိုင်းယှဉ်လျှင်မူ အလွန် အားနည်းလွန်းလေသည်။

“ဟုတ်တယ်”

အာရန်သည် ခြောက်သွေ့သွားသော သူ၏ အဝတ်အစားများကို ကြည့်လိုက်ရင်းပြောလိုက်သည်။

သူသည် ဤလူသားကမ္ဘာ၏ အသိပညာများကို အသုံးပြုကာ အချိန်အတော်ကြာကတည်းက နဂါးလျှာ၏ မှော်ပညာအစွမ်းများကို သေးငယ်သောအရာများ၌ လေ့ကျင့်နေခဲ့ခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ ဖတ်ခဲ့ဘူးသော ဝတ္ထုများ၌ပင် နဂါးမျိုးနွယ်များအတွက် နဂါးလျှာသည် အလွန် ကျော်ကြားသောကြောင့် ဖြစ်လေသည်။

၎င်းသည် ရှုပ်ထွေးသော စကားလုံးများရွတ်ဆိုရန် မလိုအပ်သော မှော်ပညာတစ်မျိုးဖြစ်ပြီး အသုံးပြုသော နဂါးသည် ထိုမှော်ပညာ၏ နောက်ကွယ်ရှိ အယူအဆကို နားလည်နေသမျှ စကားလုံးတစ်လုံးတည်းဖြင့် ပင် အသုံးပြုနိုင်လေသည်။

သူသည် အစစ်အမှန် နဂါးများကဲ့သို့ ပင်လယ်နဂါးအင်ပါယာအတွင်း၌ လေ့ကျင့်သင်ကြားခြင်းမျိုး မခံခဲ့ရပေ။ နဂါးလျှာ မှော်ပညာကို လေ့လာရန် သူ့တွင် ကိုးကားစရာ မည်သည့်အရာမျှ မရှိပေ။

သူသည် နဂါးလျှာ မှော်ပညာကို အသုံးပြုရန် မိမိကိုယ်ကိုသာ အားကိုးနိုင်ပြီး သူ လုပ်ဆောင်နေခဲ့သည်မှာလည်း ထိုအရာပင် ဖြစ်သည်။

ကံမကောင်းစွာဖြင့် သူသည် ရှုပ်ထွေးသော ထိုမှော်အတတ်ကို ယခုထိ သေခြာစွာအသုံးမပြုနိုင်သေးပေ။

သို့တိုင် သူသည် မကြာမီ ထိုအရာကို စွမ်းဆောင်နိုင်လိမ့်မည်ဟု သူ့ကိုယ်သူ သေချာနေခဲ့သည်။

နောက်ဆုံး၌ သူသည် နဂါးသွေးမျိုးဆက်အစွမ်းကို ရရှိခဲ့သည်မှာပင် မကြာသေးပေ။

“ အက်စ်တလီနာ က ရှင့်မှာ တော်ဝင်နဂါးမျိုးရိုး ရှိတယ်လို့ ပြောတာကြားခဲ့ရပေမယ့် ခုမှ ကျွန်မမျက်စိနဲ့ ကိုယ်တိုင်မြင်ရတော့တယ် ဘယ်လောက် စိတ်ဝင်စားဖို့ကောင်းလိုက်သလဲ” ဟု ယီလန်က အာရန်ကို ပို၍ စိတ်ဝင်စားလာရင်း ပြောလိုက်သည်။

“မင်း ငါ့ကို စိတ်ဝင်စားလာပြီလား”

အာရန်က ပထမဝိညာဉ်ဘုရင်မကို မော့ကြည့်ရင်း မေးလိုက်သည်။

“မင်း အဲဒီကမ်းလှမ်းချက်ကို သဘောတူလိုက်ချင်နေပြီမလား”

ယခု အာရန်သည် သူ၏ ခေါင်းမှာ သက်သာလာပြီဖြစ်သောကြောင့် သူသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။

သူသည် ခန္ဓာကိုယ်ကို ထောက်ကာ အနည်းငယ် နာကျင်နေသော လက်များကို ဆန့်ထုတ်လိုက်သည်။

“ဟန်ဆောင်ကောင်းလိုက်တာ”

ယီလန်က သူ့ကိုပင် မကြည့်တော့ဘဲ မျက်လုံးကို တစ်နေရာသို့အကြည့်ပို့လိုက်သည်။

အာရန်သည် ပြန်ပြုံးပြလိုက်ပြီး ဝိညာဉ်များကို စနောက်ရသည်မှာ အဘယ်ကြောင့် ထိုမျှ ပျော်စရာကောင်းသနည်းဟု တွေးတောလိုက်မိသည်။

ထို့နောက် သူသည် ဂူဝဆီသို့ လျှောက်သွားလိုက်ပြီး အပြင်သို့ လှမ်းကြည့်လိုက်ရာ သူသည် တကယ်ပင် မှန်ကန်သော ဦးတည်ရာသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

သူသည် အကြီးအကဲ လီယွန်းဖန်းနေထိုင်ရာ တောင်ပေါ်သို့ရောက်ရှိသွားခြင်းဖြစ်ပြီး ဤဂူသည် ၎င်း၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်လေသည်။

ဤနေရာကို မှတ်မိရန်လည်း မခက်ခဲပေ။ အကြောင်းမှာ ဤတောင်သည် တစ်နှစ်ပတ်လုံး နှင်းများ ဖုံးလွှမ်းနေသော တောင်အနည်းငယ်ထဲမှ တစ်ခုဖြစ်သောကြောင့် ဖြစ်သည်။

လီယွန်းဖန်းသည် ရေခဲနတ်ဆိုးဟု လူသိများသော ဤတောင်သည် သူ၏အပိုင်ဖြစ်ကြောင်း လူများ မသိမည်ကို စိုးရိမ်နေသကဲ့သို့ ဖြစ်သည်။

အာရန်သည် နှင်းများ အဆက်မပြတ် ကျဆင်းနေသော ကောင်းကင်ကို ကြည့်လိုက်သည်။

တောင်တစ်ခုလုံးသည် ဆီးနှင်းများ အဆက်မပြတ်ကျဆင်းလျက် ရှိနေအောင် ဖန်တီးနေသော ကြီးမားသော မှော်ပညာတစ်ခု၏ သက်ရောက်မှုအောက်တွင် ရှိနေသည်။

လီယွန်းဖန်းသည် ဤကြီးမားသော တည်ဆောက်မှုကို ဖန်တီးရန် ငွေကြေးများစွာ ပေးချေခဲ့ကြောင်း သူ ကြားဖူးခဲ့သော်လည်း ၎င်းသည် ယခုကဲ့သို့ ပြသရန်သက်သက်သာ ဖြစ်ပုံရသည်။

“ချမ်းသာတဲ့လူတွေနဲ့ သူတို့ရဲ့ ကြွားဝါလိုတဲ့ စိတ်” ဟု အာရန်သည် တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ၏နဂို အရင်ကမ္ဘာတွင်လည်း ထိုအတိုင်းပင် ဖြစ်ကြောင်း သတိရသွားသည်။

သူသည် မည်သည့်ကမ္ဘာသို့ ရောက်သွားသည်ဖြစ်စေ သာမန် ရှိုးပြသရန်သက်သက်သာဖြစ်သော အရာများအတွက် အမြဲတမ်း ငွေကြေးမြောက်များစွာ သုံးစွဲသော လူချမ်းသာများမှာ အမြဲတစေ ရှိနေမည်ဖြစ်လေသည်။

အာရန်သည် သူ၏ လက်ကို ဆန့်တန်းလိုက်သည်။

“ငါ ဒီမှာ ရှိတုန်း ဇာတ်လိုက်ကျော်ကြီး ရဲ့လန် ရဲ့ ဒဏ္ဍာရီကိုလည်း တစ်ခါတည်း အဆုံးသတ်လိုက်သင့်လား”

အာရန်သည် နှင်းပွင့်တစ်ပွင့် သူ၏ လက်ဖဝါးပေါ်သို့ ကျဆင်းလာနေသည်ကို ကြည့်ရှုရင်း တွေးတောလိုက်မိသည်။

#Catfoot

All Chapters