သူ၏ဘဝရည်မှန်းချက်များ
Vol. 15 Ch. 207
အာရန်သည် သူ၏ လက်ဖဝါးပြင်ပေါ်၌ တဖြည်းဖြည်း အရည်ပျော်နေသော နူးညံ့သည့် နှင်းပွင့်ကလေးများကို ငေးစိုက်ကြည့်ရင်း အတွေးနယ်ချဲ့နေမိသည်။
သူ၏ ပစ်မှတ် နှစ်ခုစလုံး ဤနေရာ၌ ရှိနေပြီး သူသည် ၎င်းတို့ နှစ်ဦးစလုံးကို ချေမှုန်းရန် အခွင့်အရေး ရရှိနေသည်။
“ဒါက ပိုကောင်းတဲ့ ရွေးချယ်မှုနဲ့ တူတယ် သူ့ဆရာသာ ပျောက်သွားရင် ရဲ့လန် ဘယ်လို တုံ့ပြန်မလဲဆိုတာ ငါ မခန့်မှန်းနိုင်ဘူး သူ့ကို တစ်ခုခု လုပ်ဖို့ အခွင့်အရေးပေးလိုက်တာက မိုက်မဲရာရောက်မယ်” ဟု သူသည် တိုးတိုးလေး ရေရွတ်ရင်း ဆုံးဖြတ်ချက်တစ်ခုကိုထပ်မံ ချလိုက်သည်။
ယခုအချိန်၌ သူ၏ အဓိက ဦးစားပေးမှာ သူလက်ခံထားသည့် ရွေးချယ်မှုကို ပြီးမြောက်ရန် ဖြစ်သည်။
ထို့နောက်အာရန်သည် တောင်ထိပ်ဆီသို့ တိုက်ရိုက်ပင် ပျံသန်းသွားလိုက်သည်။
ယီလန်သည်လည်း သူ့ဘေး၌ ငြိမ်သက်ကာ နောက်လိုက်ကောင်း တစ်ဦးကဲ့သို့ လိုက်ပါပျံသန်းသွားခဲ့သည်။
ပျံသန်းနေစဉ် အာရန်သည် ဓားဧကရာဇ်၏ အော်ရာကိုထုတ် မသုံးမိစေရန် သတိထားနေခဲ့သည်။
အနည်းငယ်မျှသော အရိပ်အယောင်တစ်ခုတစ်လေကပင် သူ၏ အစစ်အမှန်ကို ဖော်ထုတ်ရန် လုံလောက်ပေသည်။
ထို့ပြင် သူ၏ လျှို့ဝှက်လှုပ်ရှားမှုကို ပိုမိုလုံခြုံစေရန်အတွက် သူသည် နဂါးလျှာအစွမ်းကိုပင် အသုံးပြုလိုက်လေသည်။
“တည်ရှိမှုကို ဖျောက်ဖျက်ခြင်း”
နဂါးလျှာကို အသုံးပြုပြီးသည်နှင့် သူ၏ တည်ရှိမှုသည် လုံးဝ ပျောက်ကွယ်သွားလေသည်။
သူတို့၏ ရှေ့တည့်တည့်တွင် သွားရောက်ရပ်နေမှသာလျှင် သတိပြုမိနိုင်လောက်သည့် အခြေအနေအထိ သိုဝှက်စွာ သွားနိုင်ပြီဖြစ်သည်။
“ဒါက တော်တော် အသုံးဝင်တာပဲ ငါ့ရဲ့ အဆောင်ပစ္စည်းတွေအပေါ် မှီခိုမှုကို အတော်လေး လျှော့ချပေးနိုင်တယ်”
အာရန်သည် ထိုနဂါးလျှာ၏ ထိရောက်မှုအတွက် အတော်လေး ကျေနပ်နေလေသည်။
နဂါးလျှာသည် တိုက်ပွဲများအတွက်သာ အသုံးဝင်သည်မဟုတ်ဘဲ အခြားအရာများတွင်ပါ ဘက်စုံသုံးနိုင်သောကြောင့် သူ၏ အကြိုက်ဆုံး စွမ်းရည်များထဲမှ တစ်ခု ဖြစ်လာပြီဖြစ်သည်။
....
တောင်ထိပ်၌ နှင်းပွင့်များစွာဖြင့် စုပေါင်းပြုလုပ်ထားသကဲ့သို့ ထင်ရသော ရေခဲနန်းတော်တစ်ခု တည်ရှိနေသည်။
၎င်းသည် မိစ္ဆာဂိုဏ်းချုပ်၏ နန်းတော်လောက် မကြီးမားသော်လည်း အာရန်၏ သေးငယ်သော အိမ်နှင့် နှိုင်းယှဉ်လျှင်မူ ကွာခြားမှုသည် ကောင်းကင်နှင့် မြေကြီးမကပဲ ကောင်းကင်နှင့် ငရဲပြည်ထိပင် ကွာခြားလေသည်။
နံရံများသည် နှင်းပွင့်များ၏ လှပသော အပြာရောင်ပုံစံကို ဆောင်ကျဥ်းနေသော်လည်း ၎င်းတို့သည် ထူထပ်သိပ်သည်းလွန်း သောကြောင့် ထိုနံရံများကို ဖြတ်၍ အထဲသို့မြင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
အာရန်နှင့် မတူဘဲ လီယွန်းဖန်း၌မူ တပည့်အတော်များများ ရှိလေသည်။
အချို့မှာ ဂိုဏ်း၏ အဓိကတပည့်များပင် ဖြစ်လာကြပြီး သူပင် အံ့သြရလောက်သောနှုန်းဖြင့် တိုးတက်လာနေကြလေသည်။
သို့သော်ငြားလည်း လီယွန်းဖန်းသည် ထိုတပည့်များထဲတွင် ရဲ့လန်ကို သာအများဆုံး သဘောကျခဲ့သည်။
အကြီးအကဲလီ သည် သူ၏ အနက်ရောင် ဝတ်ရုံပေါ်သို့ နှင်းစက်ကလေးများ တဖြည်းဖြည်း ကျဆင်းလျက်ပင် သူသည် နန်းတော်အတွင်းသို့ လျှောက်ဝင်သွားခဲ့သည်။
“ဘယ်လောက် ကြောက်စရာကောင်းတဲ့ ပါရမီလဲ ငါက သူ့ကို တစ်ခါလေးပဲ ပြောလိုက်ရုံနဲ့ ကျွမ်းကျင်အဆင့်ထိကို လုံးဝ တတ်မြောက်သွားတယ် ကောင်းကင်ဘုံကိုယ်တိုင်ကိုယ်က သူ့ကို မျက်နှာသာပေးထားသလားတောင် ထင်ရတယ်”
လီယွန်းဖန်းသည် နန်းတော်၏ ရေခဲပြင် စင်္ကြန်လမ်းတစ်လျှောက် လျှောက်လှမ်းနေစဉ် ကျေနပ်သော အပြုံးတစ်ခုသည် သူ၏ နှုတ်ခမ်းပေါ်၌ ပေါ်လွင်နေလေသည်။
သူသည် သူ၏ အကောင်းဆုံးဟုသတ်မှတ်ထားခဲ့သော ပညာရပ်များကို ခဏတာအတွင်း တတ်မြောက်သွားသော ရဲ့လန်အကြောင်းကို ဆက်လက် တွေးတောနေခဲ့သည်။
သူသည် ကနဦးမူလ အဆင့်အထိသာ တတ်မြောက်ခဲ့သေးသော်လည်း ၎င်းသည်ပင် ရေခဲနတ်ဆိုးအား အံ့အားသင့်စေရန် လုံလောက်လေသည်။
ဂိုဏ်း၏ အဓိကတပည့်များ ဖြစ်လာသော သူ၏ အခြားတပည့်များသည်ပင် ကနဦးမူလ အဆင့်ထိ ကျွမ်းကျင်စွာ တတ်မြောက်ရန် လအနည်းငယ် ခန့်အချိန်ယူခဲ့ရလေသည်။
သူကိုယ်တိုင်အတွက်ပင် ရေခဲစွမ်းရည်များနှင့် အသင့်တော်ဆုံးဖြစ်စေသော သူ၏ ထူးခြားသော ကိုယ်ခန္ဓာရှိနေသော်လည်း ထိုကျွမ်းကျင်မှုကို ကနဦးမူလ အဆင့်အထိ တတ်မြောက်ရန် ရက်သတ္တပတ် အနည်းငယ်ခန့် အချိန်ယူလေ့ကျင့်ခဲ့ရသေးသည်။
“တကယ်လို့ သူသာဒီနှုန်းအတိုင်းဆက်သွားပြီး အချိန်အလုံအလောက်သာရခဲ့ရင် ဤကမ္ဘာရဲ့ အထွတ်အထိပ်အဆင့် အထိတောင် တစ်ချိန်မှာ တကယ်ရောက်ရှိသွားနိုင်ချေရှိတယ် ပြီးတော့ ပဉ္စမမြောက် အရှင်သခင်တစ်ဦးလည်း ဖြစ်လာနိုင်သေးတယ် အဲ့ဒီအခါကျရင် ငါက အရှင်သခင်တစ်ဦး၏ ဆရာ ဖြစ်လာလိမ့်မယ်”
အကြီးအကဲလီ ၏ အပြုံးသည် အနာဂတ်ကို တွေးတောရင်းဖြင့် ပို၍ပင် ပီပြင်လာခဲ့သည်။
အရှင်သခင်တစ်ဦး၏ ဆရာဖြစ်ခြင်းနှင့်အတူ ပါလာသော ဂုဏ်သိက္ခာသည် လျှော့တွက်၍ မရသော အရာတစ်ခုဖြစ်သည်။
သူသည် အရှင်သခင်တစ်ဦးကို လေ့ကျင့်ပေးခဲ့သူ ဖြစ်လာတော့မည်ဖြစ်သည်။
ထိုသို့ ဖြစ်လာသောအခါ မိစ္ဆာဂိုဏ်းချုပ်သည်ပင် သူ့အား လေးစားစွာ ဆက်ဆံရလိမ့်မည်ဖြစ်သည်။
“သာမန် အဂ္ဂိရတ်ပညာရှင်မတစ်ယောက်က မဟာအကြီးအကဲ ရာထူးရထားရုံလေးနဲ့ ငါ့ကို ရိုက်နှက်သွားခဲ့တယ်ပေ့ါ မင်းစောင့်ကြည့်နေပါ တနေ့ ငါ့တပည့် အရှင်သခင်တစ်ယောက် ဖြစ်လာတာနဲ့ မင်းကို ငါ့ဖိနပ် လျှာနဲ့လာလျက်စေရမယ်”
မဟာအကြီးအကဲ ဇီယာကို လက်စားချေရန် တွေးလိုက်မိသဖြင့် သူ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့သည်။
ယခုအချိန်တွင် သူသည် လက်စားမချေနိုင်သေးသော်လည်း အချိန်တန်လျှင် ၎င်းသည် သူ့အလိုလို ဖြစ်လာလိမ့်မည်ဖြစ်သည်။
သူသည် ထိုကဲ့သို့ပြုမူခံခဲ့ရမှုကို ဘယ်တော့မှ မမေ့နိုင်သော အဆိပ်ပြင်းသော မြွေတစ်ကောင်နှင့်ပင် တူလေသည်။
သူ့ကို အဂ္ဂိရတ်ခန်းမရှေ့တွင် တားဆီးခဲ့သော ထိုအစောင့်များပင် သူ့စိတ်ကျေနပ်ရန် သေဆုံးပေးရလိမ့်မည်ဖြစ်သည်။
“သေဖို့လိုသေးတဲ့ နောက်ထပ် တစ်ယောက်ရှိတယ် ဒါပေမဲ့ အဲဒါဖြစ်အောင်က ငါ့တပည့်ကြီးထွားလာတဲ့အချိန်ထိတောင် မလိုပါဘူး အနောက်တိုက်ကို သွားရမဲ့ ဒီခရီးစဥ်ပဲ ...... ဒါက မင်းရဲ့ နောက်ဆုံးခရီးစဥ်လည်းဖြစ်သွားစေရမယ် အကြီးအကဲရန်ရေ”
သူသည် ဂိုဏ်းချုပ်၏ ပလ္လင်နှင့် ဆင်တူသော ပလ္လင်တစ်ခုကို ပြုလုပ်ထားသော အဓိက ခန်းမထဲသို့ ဝင်သွားခဲ့သည်။
မည်သူမျှ ဤနေရာသို့ ဝင်ခွင့်မရှိသောကြောင့် သူသည် သူ၏ ထိုခန်းမအတွင်း၌ ဂိုဏ်းချုပ်နှင့် အလားတူ ပလ္လင်တစ်ခု ပြုလုပ်ထားခဲ့သည်ကို မည်သူမျှ မသိထားကြပေ။
သူတစ်ယောက်သာ ဤနေရာသို့ ဝင်ခွင့်ရှိပြီး ပလ္လင်ကို ကြည့်တိုင်း အနာဂတ်၌ သူသည် ထိုနေရာသို့ ရောက်ရမည်ဟု ပို၍ပင် စိတ်ပိုင်းဖြတ် လိုက်သည်။
သူသည် နှင်းပွင့်ပုံစံများဖြင့် ပုံဖော်ပြုလုပ်ထားသော ထိုပလ္လင်ဆီသို့ လျှောက်သွားလိုက်သည်။
“နောက်ထပ် ဆယ်စုနှစ် အနည်းငယ်ပဲ လိုတော့တယ် ပြီးရင် ငါ့အတွက် အစစ်အမှန်ပလ္လင်တစ်ခုကို ရလိမ့်မယ် ဒီကမ္ဘာပေါ်က အရာအားလုံး ဟာ ငါ့ခြေထောက်အောက်ကို ရောက်လာလိမ့်မယ်...”
သူသည် မျက်လုံးမှိတ်ကာ အနာဂတ်၏ လှပသော အိပ်မက်ထဲ၌ နစ်မြောသွားစဉ် သူ၏ လက်ချောင်းများသည် ချောမွတ်သော လက်တင်ခုံကို ပွတ်သပ်နေလေသည်။
အကြီးအကဲလီသည် သူမျက်လုံးမှိတ်လိုက်သောအချိန်တွင် တိုင်တစ်ခုနောက်၌ လူငယ်တစ်ဦး ပုန်းအောင်းလျက် ရှိနေသည်ကို သူ သတိမထားမိလိုက်ပေ။
အာရန်သည် ဤနေရာသို့ ရောက်လာစဥ်ကဖြစ်စေ၊ ပြန်ထွက်ခွာ သွားသည့်အချိန်၌ ဖြစ်စေ တစ်စုံတစ်ဦးမှ သူ့အား မြင်လျှင်ပင် အကြီးအကဲရန် အနေနှင့် သူ့အားဆက်စပ်လို့ မရနိုင်စေရန် ကြိုတင်ကာကွယ်ထားသည့် အနေဖြင့် မျက်နှာပေါ်တွင် မျက်နှာဖုံးတစ်ခု ကို ဝတ်ဆင်ထားခဲ့လေသည်။
သူသည် ယခုအချိန်၌ စာကြည့်တိုက်အတွင်း၌သာရှိနေကာ သမိုင်းစာအုပ်များကို ဖတ်နေခြင်း ဖြစ်သည်ဟုသာ အားလုံးကို အသိပေးထားပြီးဖြစ်သည်။
“သူ မျက်လုံးမှိတ်သွားပြီ ရှင် ဟင်းလင်းပြင်ဥပဒေသတွေကိုချိတ်ပိတ်ဖို့ ဟိုခွက်ကို အသုံးပြုတော့မှာလား”
ယီလန်က ရေခဲနတ်ဆိုးကို နောက်ပြန်လှည့်ကြည့်ရင်း အာရန်ကို မေးလိုက်သည်။
အာရန်က ခေါင်းခါလိုက်သည်။ ထိုခွက်ကို တစ်ကြိမ်သာ အသုံးပြု နိုင်လေသည်။
ထိုတစ်ကြိမ်သည် ဇာတ်လိုက် ရဲ့လန်အတွက် သီးသန့်ဖယ်ထားခြင်းလည်း ဖြစ်လေသည်။
ခွက်သည် ရဲ့လန်၏ အားသာချက်ကို အသုံးမဝင်စေရန်အတွက်သာ ဖြစ်ပြီး အခြားဘာမှ မဟုတ်ပေ။
‘အသင့်နေရာယူထားလိုက် ပြီးတော့ မင်းရဲ့ သတ်ဖြတ်လိုစိတ်ကို နဲနဲလေးမှတောင် မထုတ်ဖော်မိစေနဲ့’ ဟု သူသည် အတွေးများဖြင့် ဆက်သွယ်၍ ယီလန်ကို လှမ်းပြောလိုက်သည်။
ယီလန်က ခေါင်းညိတ်ပြလိုက်သည်။
သာမန် အကြီးအကဲအဆင့် ရှိသူတစ်ဦးအတွက်မူ သူမ၏ တည်ရှိမှုကို ခံစားမိရန် ခက်ခဲလေသည်။
သူမရှေ့တွင် ဖန်းယု ကိုယ်တိုင်ရှိနေပါက ထိုမျှလွယ်ကူမည်မဟုတ် သော်လည်း လီယွန်းဖန်းကဲ့သို့လူမျိုး ရှေ့တွင်မူ မည်သည့် မှားယွင်းမှုမျှ ဖြစ်နိုင်မည် မဟုတ်ဟု သူမ သေချာနေခဲ့သည်။
ယီလန်သည် လီယွန်းဖန်း၏ နောက်၌ ရောက်ရှိသွားပြီး အာရန်လည်း သူ၏ ပြင်ဆင်မှုများကို အဆုံးသတ်လိုက်သည်။
အာရန်သည် သူ၏ စနစ်သိုလှောင်ခန်းအတွင်းမှ ပစ္စည်းတစ်ခု ကို ထုတ်ယူလိုက်လေသည်။
#Catfoot