တားမြစ်ထားသော သစ်သီး
Vol. 15 Ch. 209
အာရန်သည် မယုံကြည်နိုင်စွာဖြင့် လီယွန်းဖန်း၏ ညာဘက်ရင်ဘတ်၌ လက်သီးဆုပ်ခန့် အရွယ်ရှိ
နေသော အပေါက်တစ်ပေါက်ကို စိုက်ကြည့်နေမိသည်။
သူ့ကို ပို၍ အံ့အားသင့်စေသည်မှာ သူ၏ မာနာကျည်ဆန်ဖြင့် ထိုးဖောက်ခံခဲ့ရသည်မှာ ရေခဲနတ်ဆိုး၏ ရင်ဘတ်၌ရှိသော ဒဏ်ရာသက်သက်မဟုတ်ပေ။
လီယွန်းဖန်း၏ နောက်၌ရှိနေသော နံရံ၌လည်း အလားတူ အရွယ်အစားခန့်ရှိသော အပေါက်တစ်ခု ထပ်မံ ထိုးဖောက်ခံထားရခြင်း ဖြစ်လေသည်။
မာနာကျည်ဆန်သည် ရေခဲနတ်ဆိုး၏ ရင်ဘတ်ကို ဖြတ်သွားရုံသာမက ချီဖြင့် အားဖြည့်ဖန်တီးထားသော ရေခံနံရံကိုပါလည်း ထပ်မံ ထိုးဖောက် ဝင်ရောက်သွားခဲ့ခြင်းဖြစ်သည်။
ကျည်ဆန်သည် သူ၏ လမ်းကြောင်းအတိုင်း ဆက်လက်သွားနေပြီး နံရံတစ်ခုပြီးတစ်ခုကို ထွင်းဖောက်ကာ နောက်ဆုံး၌ မီတာရာနှင့်ချီသော အကွာအဝေးတစ်ခုသို့ရောက်သောအခါ မာနာစွမ်းအားများသည် ပြန့်ကျဲ၍ ပျောက်ကွယ်သွားလေသည်။
အာရန်ပင် မာနာကျည်ဆန်၏ အစွမ်းအစကို အံ့အားသင့်သွားရသည်။
အဘယ်ကြောင့် ၎င်းသည် သာမန်သေနတ်နှင့် မတူဘဲ အသက်ဓာတ်များကိုပင် စုတ်ယူဝါးမြိုသွားနိုင်သဖြင့်ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းကြိမ်စာသင့် လက်နက်တစ်ခုနှင့် ပိုတူနေလေသနည်း။
နန်းတော်သည် အလွန် ကြီးမားနေခဲ့သောကြောင့် သူသည် ကံကောင်းခဲ့သည်။
မဟုတ်ပါက ကျည်ဆန်သည် နန်းတော်၏ အပြင်နံရံ၌ပင် အပေါက်တစ်ခု ချန်ထားခဲ့နိုင်လေသည်။
နန်းတော်အတွင်း၌ အစောင့်အရေအတွက်သည် အနည်းငယ်သာရှိသော်လည်း အပြင်၌မူ များစွာပိုများလေသည်။
အကယ်၍ အပြင်နံရံ၌ ဤနေရာကို တန်းတန်းမတ်မတ် ချောင်းကြည့်နိုင်သော အပေါက်တစ်ပေါက်သာရှိသွားပါက ၎င်းသည် အစောင့်များကို သတိပေးမိသလိုဖြစ်ကာ မလိုလားအပ်သော ဆူညံသံများကို ဖန်တီးနိုင်ပေသည်။
မယုံကြည်နိုင်စွာဖြစ်နေသော လီယွန်းဖန်း၏ အဝတ်အစားများဆီမှ သွေးများသည် တဖြေးဖြေး ယိုစီးကျလာနေသည်သည်။
သူသည် ပြင်းထန်စွာ သွေးများယိုစီးထွက်နေသော သူ၏ ရင်ဘတ်၌ရှိသော ထိုအပေါက်ကို ကြည့်လိုက်မိသည်။
ထို့နောက် သူ၏ရေခဲအော်ရာကိုအသုံးပြု၍ ထိုအပေါက်ဆီမှဒဏ်ရာကိုပြန်လည် ကုစားရန်ကျိုးစားကြည့်လိုက်သော်လည်း ထူးဆန်းစွာပင် အလုပ်မဖြစ်ခဲ့ပေ။
သွေးစက်များသည် သူ၏ နှုတ်ခမ်းထောင့်မှ ထပ်မံစီးကျလာသည်။
သူသည် မေးခွန်းများစွာဖြင့် ခေါင်းမော့လိုက်သည်။ ကံမကောင်းစွာဖြင့် သူ၏ နှုတ်ခမ်းမှ မည်သည့်စကားလုံးမျှ မထွက်လာခဲ့ပေ။
သူ၏ မျက်လုံးရှေ့၌ တဖြည်းဖြည်း မှောင်မိုက်သွားသော မျက်နှာဖုံးစွပ်ထားသော ထိုပုံရိပ်ကို ကြည့်နေစဉ် သူ၏ အမြင်အာရုံသည် ဝေဝါးလာခဲ့သည်။
“ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စ မဟုတ်ပါဘူး ဒါကြောင့် ဒီအတွက် မင်း ငါ့ကို အပြစ်မတင်ဘူးလို့ မျှော်လင့်ပါတယ်”
အာရန်က သူ၏ မျက်နှာဖုံးကို ချွတ်လိုက်သော်လည်း ရေခဲနတ်ဆိုးသည် ဝေဝါးလွန်းသော ပုံရိပ်တစ်ခုကိုသာ မြင်နေရလေသည်။
သူ၏ အမြင်အာရုံများသည် လုံးဝ ဝေဝါးသွားသောကြောင့် အာရန်၏ မျက်နှာကို သူ မမြင်နိုင်တော့ပေ။ သို့သော် ထိဝေဝါးသော အရိပ်အယောင်သည် ရင်းနှီးသလို ခံစားလိုက်ရသည်။
အာရန်သည် မူလနဂိုအသံဖြင့်ပြန်ပြောလိုက်သောအခါ သူ၌ နောက်ထပ်မေးခွန်းများ မကျန်တော့ပေ။ သူ့ကို ယခုကဲ့သို့ပြုမူခဲ့သောသူကို သူသိလိုက်ပြီဖြစ်သည်။
သူ၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးတက်သွားပြီး မိမိ၏ မိုက်မဲမှုကို ရယ်မောရန် ကြိုးစားလိုက်သည်။
သူသည်သာ အာရန်ကို သတ်ရန် စီစဉ်နေခဲ့သူဖြစ်ပြီး သူသည်သာ အစောဆုံး အသတ်ခံရသူ ဖြစ်သွားလိမ့်မည် ဟု ဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ပေ။
သို့တိုင် သူသည် လုံးဝ စိတ်ပျက်ခြင်း မဖြစ်မိပေ။
“ဟ...ဟား...” သူက အားတင်း ၍ လှောင်ပြောင်စွာ ရယ်လိုက်ပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်လေသည်။
ထိုရယ်မောခြင်းအတွက် အလွန်နာကျင်သောခံစားချက်တစ်ခုကို ပြန်ပေးဆပ်လိုက်ရလေသည်။
“မင်းက ငါမင်းနောက်ကို လိုက်လာမယ်လို့ ထင်လို့ ရယ်နေတာမလား” အာရန်က ပြန်မေးလိုက်သည်။
ရေခဲနတ်ဆိုးသည် သေလုမျောပါးအချိန်၌ပင် အဘယ်ကြောင့် ပြုံးနေနိုင်သည်ကို ခန့်မှန်းရန် သူ့အတွက် အချိန်များစွာ မလိုအပ်ခဲ့ပေ။
အာရန်လည်း မကြာမီ သေဆုံးသွားတော့မည်ကို သူသည် သိနေသောကြောင့်သာ ဖြစ်လေသည်။
သူ သေဆုံးသောအခါ အာရန်ဆီသို့ ဦးတည်သွားမည့် လမ်းကြောင်းများရောက်ရှိလာရန်မှာ အချိန်အနည်းငယ်သာ လိုမည်ဖြစ်သည်။
ဂိုဏ်း၌ အကြီးအကဲလီနှင့် ပဋိပက္ခရှိသော တစ်ဦးတည်းသောသူမှာ အကြီးအကဲရန်သာ ဖြစ်လေသည်။
ဤကဲ့သို့သော အရာမျိုးကို လုပ်နိုင်လောက်အောင် အင်အားကြီးသော တစ်ဦးတည်းသောသူလည်း သူသာ ဖြစ်သည်မဟုတ်ပါလား။
ထို့နောက် ဂိုဏ်းချုပ်ဖန်းယုသည် အာရန်ကို သူ့အစား သတ်ပေးလိမ့်မည်။
အာရန်သည် သူ့အား သူလျှိုတစ်ဦး ဖြစ်ကြောင်း ပြောဆို၍ မိမိကိုယ်ကို ခုခံကာကွယ်ရန် ကြိုးစားနိုင်သော်လည်း ထိုအချိန်တွင်သူသည် သေဆုံးသွားပြီဖြစ်သောကြောင့် အာရန်သည် ၎င်းကို မည်သို့ သက်သေပြနိုင်ဦးမည်နည်း။
သူ့အတွက် အာရန်သည် သေပြီးသားလူနှင့် အတူတူပင်ဖြစ်သည်။
သူ့ကို သတ်ခြင်းဖြင့် အာရန်သည် မိမိကိုယ်ကို လည်ပင်းကြိုးကွင်းစွတ် လိုက်ခြင်းနှင့်အတူတူပင်ဖြစ် ဖြစ်သည်။
ဖန်းယုသည် အာရန်အား မသတ်ခဲ့ဘဲ အသက်ရှင်ကျန်ရစ်ခဲ့မည်ဆိုလျှင်ပင် နက်ခရိုမန်ဆာမျှော်စင်သည် သူတို့၏ သူလျှိုကို ရှင်းပစ်ကာ ၎င်းတို့အစီအစဥ်ကို ဖျက်ဆီးသလိုဖြစ်သွားခဲ့သဖြင့် အာရန်သည်သူတို့၏ ပစ်မှတ် ဖြစ်လာပေလိမ့်မည်။
“ဟီး ဟီး...”
သွေးများကြားတွင် လူးလွန့်နေခဲ့သော်လည်း လီယွန်းဖန်းသည် သွေးများ သူ၏ ပါးစပ်မှ ပန်းထွက်နေစဉ်မှာပင် ဆက်လက် ရယ်မောနေခဲ့သည်။
“မင်း ပျော်ရွှင်စွာ ထွက်သွားနိုင်တာကို ငါတကယ် ဝမ်းသာပါတယ်” အာရန်သည် ရေခဲနတ်ဆိုး၏ ထိုပျော်ရွှင်နေမှုကို ဂရုမစိုက်တော့ပေ။
“ဒါပေမဲ့ ငါ စိတ်ဝင်စားတာတစ်ခုတော့ရှိတယ် မင်းမှာသွေးမျိုးဆက်မရှိဘူး ဒါပေမဲ့ ငါသာ အဲ့ဒီအရာကို လုပ်ရင် ဝါးမြိုသူရဲ့အစွမ်းက ငါ့ကို တစ်ခုခုများ ပြန်ပေးမှာလား...”
ထို့နောက် အာရန်သည် သူ၏ညာဘက်လက်ကို လူအရွယ်အစားခန့်ရှိသော နဂါးလက်သည်းတစ်ခုအဖြစ် ဖြည်းညှင်းစွာ ပြောင်းလဲလိုက်ရင်း တွေးလိုက်သည်။
ရေခဲနတ်ဆိုးသည် ရယ်မောနေစဉ်ပင် သူ၏ အသက်ဓါတ်သည် ဖြည်းညှင်းစွာ လွင့်ပျယ်သွားနေသည်ကို ခံစားနေရသည်။
ထိုစဉ် ...
“အား”
ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှ တုန်ယင်သွားကာ ရယ်မောသံဆီမှ နာကျင်စွာအော်ဟစ်သံ တစ်ခုအဖြစ် ပြောင်းလဲသွာပြီးနောက် ပြန်လည်ငြိမ်သက်သွားခဲ့လေသည်။
အာရန်သည် သူ၏ ကျည်ဆန်ဖြင့် ထိုနေရာသို့ တမင်တကာ မထိရန်ချိန်ရွယ်ခဲ့သော လီယွန်းဖန်း၏ ညာဘက်ရင်ဘတ်နေရာကို သူ၏ လက်သည်းဖြင့် စိုက်ထိုးချလိုက်သည်။
သူ၏ လက်သည်းများသည် အသက်ဆက်ရှင်ရန် ရုန်းကန်နေရသော ရေခဲနတ်ဆိုး၏ နှလုံးသားကို ဆုပ်ကိုင်လိုက်သည်။
ထို့နောက် ထိုနှလုံးသားကို ခိုင်မာစွာ ဆုပ်ကိုင်လျက် သူ၏ လက်သည်းကို အပြင်သို့ ဆွဲထုတ်လိုက်သောအခါ သွေးများ ပန်းထွက်လာတော့သည်။
“ဟင် ဘာလို့ ရုတ်တရက် ရယ်တာ ရပ်သွားတာလဲ”
အာရန်သည် လီယွန်းဖန်း၏ နှလုံးသားကို ဘောလုံးတစ်လုံးကဲ့သို့ လက်တစ်ဖက်မှ အခြားတစ်ဖက်သို့ ပစ်လွှတ်ဆော့ကစားနေခဲ့သည်။
လီယွန်းဖန်း၏ ရယ်မောသံ ပျောက်ကွယ်သွားပြီး သူ၏ သွားများ ကို အံကြိတ်ရင်းကိုက်ခဲထားလိုက်သည်။
သူ၏ နာကျင်စွာအော်ဟစ်မြည်ကြွေးသံဖြင့် အာရန်အား စိတ်ကျေနပ်မှုမပေးလိုနေခဲ့ပေ။
“မင်း... သေ... ရ......” ဟု သူ အလွန်အမင်း ရုန်းကန်ကာ စကားတစ်ခွန်းပြောရန်ကျိုးစားလိုက်သော်လည်း သူ၏ စကားပင် မဆုံးမီ သူ၏ ခန္ဓာကိုယ်သည် နောက်ဆုံးသော အားအင်ကို ဆုံးရှုံးသွားခဲ့ရလေသည်။
အာရန်သည် လီယွန်းဖန်း၏ မျက်နှာပေါ်၌ သူ၏လက်ကို တင်လိုက်ကာ ဗလာကျင်းနေပြီဖြစ်သော သူ၏ မျက်လုံးများကို ပိတ်ပေးလိုက်သည်။
ထိုလူသည် သေဆုံးသွားခဲ့ပြီဖြစ်သည်။ ကျန်ရစ်ခဲ့သည်မှာ နှလုံးသား မရှိသော ခန္ဓာကိုယ်တစ်ခုသာဖြစ်ပြီး ဖြည်းညှင်းစွာပင် ပလ္လင်ပေါ်မှ လျှောကျကာ အာရန်၏ ခြေရင်းရှိ မြေပြင်ပေါ်သို့ ကျရောက်သွားသည်။
“ဒီမှာသာ ဂိတ်ဝင်ပေါက်တစ်ခု ဖွင့်လိုက်ရင် ဖန်းယုရောက်လာတဲ့အချိန် စစ်ဆေးကြည့်ရင် ရှာတွေ့နိုင်မှာလား” အာရန်က သူ၏ ခြေရင်း၌ရှိသော အသက်မဲ့ခန္ဓာကိုယ်ကို ကြည့်ရင်း မေးလိုက်သည်။
သူ၏ လက်ထဲရှိ နှလုံးသားကို ကြည့်ရသည်မှာ အနည်းငယ် စက်ဆုပ်ဖွယ်ကောင်းသည်။ သူသည် ယခင်က မိစ္ဆာများ၏ နှလုံးသားများ ကိုသာ ယူခဲ့ဖူးသည်။
လူသားနှလုံးသား၌ သူ၏ စွမ်းရည်များကို စမ်းသပ်ကြည့်ခြင်းသည် ယခုသည် ပထမဆုံးအကြိမ်ဖြစ်လေသည်။
သူသည် စက်ဆုပ်ရွံရှာနေမိသော်လည်း သူ၏ လက်ထဲရှိ ဤအရာသည် အလွန်အရသာရှိသော သစ်သီးတစ်လုံးဖြစ်နေကဲ့သို့ တစ်ကိုက်ကိုက်ကြည့်ရန် သူ၏ အတွင်းပိုင်းရှိ တစ်စုံတစ်ရာက တိုက်တွန်းနေပုံရလေသည်။
“တကယ်လို့ ဒီမှာ ဖွင့်လိုက်ရင် အမှတ်အသား အချို့ ကျန်ခဲ့နိုင်တယ် တကယ်လို့ သူမဟာ ဒီအခန်းကို ကိုယ်တိုင် ရောက်လာခဲ့ရင် အဲ့ဒါတွေကို ခံစားမိပြီး အကြီအကဲလီ ပျောက်ဆုံးမှုကို ဝိညာဉ်တွေနဲ့ ဆက်စပ်မိသွားနိုင်တယ်” ဟု ယီလန်က အာရန် ဘာကို တွေးနေသည်ကို သဘောပေါက်သည့်လေသံဖြင့် ဖြေကြားပေးလိုက်သည်။
အာရန်သည် အကြီးအကဲလီ၏ ခန္ဓာကိုယ်ကို ဝိညာဉ်လောက၌ စွန့်ပစ်ရန် စီစဉ်နေခြင်းဖြစ်ပြီး ဝိညာဉ်များက ထိုခန္ဓာကိုယ်ကို ဖျက်ဆီးပေးစေ လိုနေခဲ့ခြင်းလည်း ဖြစ်လေသည်။
ထိုနည်းဖြင့် သူသည် သက်သေများအားလုံးကို များစွာ အားမစိုက်ရဘဲ ဖျောက်ဖျက်ပစ်နိုင်လေသည်။
“ကောင်းပြီလေ ဒါဆိုလဲ အဲ့လိုမလုပ်တော့ပါဘူး ဘာပဲဖြစ်ဖြစ် ငါလည်း အနောက်ဘက်တိုက်ကို သွားရတော့မှာဆိုတော့ အဲ့က တစ်နေရာရာမှာပဲ ပစ်ထားခဲ့ဖို့ နည်းလမ်းရှာရတော့မှာပေါ့” အာရန်သည် အကြီးအကဲလီ၏ သက်မဲ့ ခန္ဓာကိုယ်ကို သူ၏ စနစ်သိုလှောင်ခန်းအတွင်းသို့ ထည့်သွင်းလိုက်ပြီး ဖန်းယုပင် ထိုအရာကို အာရုံခံ၍ မရနိုင်တော့ပေ။
သူသည် ထွက်ခွာသွားခြင်းမပြုမီ ကြမ်းပြင်ကို သန့်ရှင်းရန် နဂါးလျှာ ၏ မှော်အစွမ်းကို အသုံးပြုခဲ့သည်။
အားလုံးပြင်ဆင်ပြီးနောက် နောက်ဆုံး၌ အာရန်သည် အပြင်သို့ ထွက်ခွာသွားရန်ပြင်လိုက်ကာ တားမြစ်ထားသော ထိုအသီးလေးကို တစ်ကိုက် ကိုက်ချလိုက်သည်။
#Catfoot