← Chapters

မျှော်လင့်ထားသည်ထက် ကျော်လွန်ခြင်း

Vol. 15 Ch. 210

မျှော်လင့်ထားသည်ထက် ကျော်လွန်ခြင်း

Vol. 15 Ch. 210

အာရန်သည် လီယွန်းဖန်း၏ နှလုံးသားကို တစ်ချက်ကိုက်လိုက်မိသဖြင့် သွေးများသည် သူ၏ နှုတ်ခမ်းများအား စွန်းထင်းသွားစေခဲ့သည်။

ကိုက်ချက်တစ်ချက်စီတိုင်းတွင် သူ၏ ခန္ဓာကိုယ်သည် ပြောင်းလဲမှုများဖြစ်ပေါ်နေသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ ခန္ဓာကိုယ်သည် သူ စားသုံးလိုက်သော ထိုနှလုံးသားမှ တစ်စုံတစ်ခုကို စုပ်ယူနေခဲ့ဟန်ရသည်။

သူ၏ ခန္ဓာကိုယ်မှ စုပ်ယူလိုက်သော ထိုအရာသည် နှလုံးသားတစ်ခုသက်သက်မဟုတ်ဘဲ လီယွန်းဖန်း၏ အသက်ဓာတ် စွမ်းအင်များလည်း ပါဝင်နေလေသည်။

အာရန်သည် ထို့နောက်ကျန်ရှိနေသည်များကို တစ်ကိုက်တည်းဖြင့် အပြီးကိုက်ချလိုက်သောအခါ ထူးဆန်းသော အေးမြမှုတစ်ခုသည် သူ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်ဟု ခံစားလိုက်ရသည်။

သူ၏ မျက်လုံးများသည် ခဏတာအတွင်း ဆီးနှင်းများကဲ့သို့ အပြာရောင်သဏ္ဍန် တောက်ပသွားပြီးနောက် ၎င်းတို့၏ ပုံမှန်အရောင်သို့ ပြန်ပြောင်းသွားခဲ့သည်။

၎င်း၏ အရသာသည် အနည်းငယ် သတ္တုအရသာဆန်ဆန်နှင့် ခါးသက်မှုအနည်းငယ်ရှိနေခဲ့သော်လည်း ထူးဆန်းစွာပင် သူသည် ၎င်းကိုအတော်ပင် နှစ်ချိုက်မိနေခဲ့သည်။

အာရန်သည် နှလုံးသားတစ်ခုလုံးကို စားသုံးပြီးသွားသဖြင့် သူ၏ လက်ထဲ၌ သွေးစွန်းထင်းမှုအချို့သာ ကျန်ရစ်ခဲ့လေသည်။

သူသည် နှလုံးသားကို စားသုံးစဥ်အခါက သူ၏ခန္ဓာကိုယ်သည် ခဏတာမျှ အေးစက်သွားသည်ဟု ခံစားလိုက်ရသည်။

သို့သော် ထိုနောက်ပိုင်း၌ ထိုကဲ့သို့သော အရာမျိုး မခံစားရတော့ပေ။ မည်သို့ပင်ဆိုစေ သူ၏ ပတ်ဝန်းကျင်သည် ပို၍ နွေးထွေးလာသကဲ့သို့ ခံစားနေရပြီဖြစ်သည်။

သူသည် ရေခဲနန်းတော်၏ ဆီးနှင်းများဖြင့်ပြည့်နှက်နေသည့် စင်္ကြံလမ်းကလေးပေါ်တွင် လျှောက်သွားနေမိသော်လည်း ထိုအချိန်၌ပင် အနည်းငယ်မျှသော အေးစက်မှုဒဏ်ကို သူ မခံစားခဲ့ရပေ။

အကြောင်းတစ်ခုခုကြောင့် သူ၏ ခန္ဓာကိုယ်သည် အအေးဒဏ်ကို ခံနိုင်ရည်ရှိနေသကဲ့သို့ ဖြစ်နေသည်။

“သန့်စင်လိုက်စမ်း”

သူသည် နဂါးလျှာအစွမ်းကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်ပေါ်၌ရှိသော သွေးနှင့် စွန်းထင်းနေမှုများအားလုံးကို သန့်စင်လိုက်သည်။

လွန်ခဲ့သော ခဏတာက သွေးများဖြင့် စွန်းထင်းနေသော သူ၏ လက်များနှင့် နှုတ်ခမ်းများသည် သွေးနှင့်မည်သည့် ဘယ်တုံးကမျှ မထိတွေ့ခဲ့ဘူးသကဲ့သို့ လုံးဝ သန့်ရှင်းသွားလေသည်။

“ခွဲခြားသတ်မှတ်ခြင်း...”

ထို့နောက် သူသည် သူ၏ ခန္ဓာကိုယ် မည်သို့ ပြောင်းလဲသွားသည်ကို ကြည့်ရန် မိမိကိုယ်ကို ခွဲခြားသတ်မှတ်ခြင်းအစွမ်းအား ပြန်လည် အသုံးပြုခဲ့သည်။

လီယွန်းဖန်းထံမှ ခိုးယူနိုင်ခဲ့သော တန်ဖိုးရှိသည့် မည်သည့် အရာများရှိနေမည်ကို သူသိချင်နေခဲ့သည်။

သူ သိထားသလောက် ဝါးမြိုသူအစွမ်းသည် သူ စားသုံးလိုက်သောသူများထံမှ သွေးမျိုးဆက်များကိုသာ ခိုးယူနိုင်သည်။

အရှေ့တိုက်မှ လူများ၌ သွေးမျိုးဆက်များ မရှိကြသောကြောင့် သူ၏ ကြိုးစားအားထုတ်မှုနှင့် ထိုက်တန်သော အရာတစ်ခုခုကိုပင် သူ ရရှိခဲ့ခြင်း ရှိမရှိ သေချာမသိနိုင်ပေ။

သူ၏ သေချာသော တစ်ခုတည်းသော ပြောင်းလဲမှုမှာ လီယွန်းဖန်းကို သတ်လိုက်သောအခါ သူ၏ အဆင့်များ တိုးလာခြင်းပင် ဖြစ်သည်။

မကြာမီ စနစ်၏ အချက်အလက်ပြ မျက်နှာပြင်သည် သူ၏ ရှေ့တွင် ပွင့်လာပြီး အာရုံ၍ စူးစိုက်ကြည့်လိုက်သည်။

[အမည်: အာရန် (ရန် နက်ခရိုလိုင်း)]

[အဆင့်: ၂၅]

[အချက်အလက် : မိစ္ဆာဂိုဏ်း ၏ အကြီးအကဲ၊ သူရဲကောင်း အကယ်ဒမီ၏ သူလျှို၊ ဝါးမြိုသူ မျိုးဆက်သွေး ပိုင်ရှင်၊ နစ်ခရိုမန်ဆာမျှော်စင်၏ အမွေဆက်ခံသူ၊ ဝိညာဉ်လောက၏ အုပ်စိုးသူ]

[သွေးမျိုးဆက်: အမည်မသိ၊ ဝါးမြိုသူ ၊ တော်ဝင်ပင်လယ်နဂါး၊ ပင်လယ်မြွေ]

[စောင့်လျှောက်သူ: ပထမ ဝိညာဉ်ဘုရင်မ ယီလန်]

[အသက်: ၂၁]

[စရိုက်လက္ခဏာများ : တည်ငြိမ်]

-အဆင့်သတ်မှတ်ချက်များ-

[ခွန်အား: ၁၈၅]

[သွက်လက်မှု: ၁၉၉]

[ခံနိုင်ရည်: ၁၉၈]

[ဉာဏ်ရည်: ၆၉]

[မာနာ: ၈၄၈]

[ကျင့်ကြံခြင်းအဆင့် : မသိ (ချိတ်ပိတ်ထားသည်)]

[သူရဲကောင်းအဆင့်: SSS]

[နတ်ဘုရားမ၏ ကာကွယ်မှု: မရှိ]

[ရုပ်ခန္ဓာ: လအရိပ်ရေခဲခန္ဓာ]

[[ပိုင်ဆိုင်ထားသော ထူးခြားသည့် ပစ္စည်းများ : အဆိပ်လည်ဆွဲ၊ ပြုပြင်ထားသော လက်နက်၊ အရှင်သခင်သတ်ဓား (မပြည့်စုံ)] တားမြစ်ထားသော ကျိန်စာသင့်ခွက်]

[ကျွမ်းကျင်မှုများ: ဓားဧကရာဇ်၏ အော်ရာ၊ အော်ရာ ထိန်းချုပ်နည်း၊ ခွဲခြားသတ်မှတ်ခြင်း ၊ ဝါးမြိုခြင်း၊ ရေနေကျွမ်းကျင်မှု၊ ပျံသန်းခြင်း၊ နဂါးလျှာ၊ နဂါးအသွင်ပြောင်းခြင်း၊ စွမ်းရည်ပေါင်းစည်းခြင်း၊ အေးခဲနယ်မြေ]

“ဟင်”

အာရန်သည် သူ၏ စနစ်မျက်နှာပြင်ကို ကို ကြည့်ရှုရင်း ဆက်တိုက် ပင် အံ့သြသင့်သွားရသည်။

သူသည် မျှော်လင့်ချက်များစွာ မထားရှိခဲ့သောကြောင့် ပြောင်းလဲမှုများကို မြင်သောအခါ ပို၍ပင် အံ့သြသွားရသည်။

သူ မျှော်လင့်ထားသည့်အတိုင်း မည်သည့် သွေးမျိုးဆက်ကိုမျှ ထပ်မံမရရှိခဲ့သော်လည်း လအရိပ်ရေခဲခန္ဓာကိုယ်ကို ရရှိနိုင်ခဲ့လေသည်။

“ လအရိပ်ရေခဲခန္ဓာ... ငါ မှားမနေဘူးဆိုရင် ဒါက လီယွန်းဖန်း ပိုင်ဆိုင်ထားခဲ့တာပဲ ငါ သိပြီ ဒါဆို ဝါးမြိုသူအစွမ်းက သွေးမျိုးဆက်အစွမ်းတွေကိုပဲ ခိုးယူနိုင်တာမဟုတ်ပဲ အထူးပြု ခန္ဓာကိုယ်တွေကိုလည်း ခိုးယူနိုင်တာလား”

သူသည် နောက်ထပ် ထူးဆန်းသောအရာတစ်ခုကိုလည်း သတိပြုမိလိုက်သည်။

သူသည် အစွမ်းတစ်ခုကိုလည်း ထပ်မံရရှိခဲ့သည်။ ၎င်းသည် လီယွန်းဖန်းမှ သင်ယူရရှိခဲ့သော အစွမ်းတစ်ခု မဟုတ်ပဲ သူ၏ ရုပ်ခန္ဓာနှင့်အတူ မွေးဖွားလာခဲ့သော မွေးရာပါ အစွမ်း တစ်ခုလည်း ဖြစ်လေသည်။

၎င်းသည် သူ၏ အထူးပြုခန္ဓာကိုယ်ကျင့်စဥ်အတွက် အလွန်လိုက်လျောညီထွေမှု ရှိလွန်းသော အစွမ်းတစ်ခုလည်းဖြစ်လေသည်။

သူ လျစ်လျူရှု၍ မရသော နောက်ထပ်အရာတစ်ခုမှာ သူ၏ အဆင့်သတ်မှတ်ချက်များပင်ဖြစ်သည်။ သူ၏ အဆင့် အားလုံးနီးပါးသည် ခြောက်ဆမှ ခုနစ်ဆအထိ တိုးမြင့်လာခဲ့လေသည်။

၎င်းသည် သူ ကြိုတင်မျှော်လင့်ထားပြီးသား အရာဖြစ်သော်လည်း ဤမျှအထိတော့ မမျှော်လင့်ထားခဲ့မိပေ။

ကျင့်ကြံခြင်း အဆင့်များတွင် အဆင့် ဆယ်ဆင့်စီတိုင်းသည် အဓိကနယ်ပယ်တစ်ခုစီအဖြစ် သတ်မှတ်နိုင်သည်။

အဓိကနယ်ပယ်တစ်ခုကို ကျော်ဖြတ်နိုင်ခြင်းမှ ရရှိသော အကျိုးအမြတ်များသည် အခြားသေးငယ်သော ကျင့်စဥ်အဆင့်များ တိုးတက်သွားခြင်းထက် များစွာ ပိုမိုပေသည်။

ယခင်က သူသည် အဆင့် ၁၉ သာရှိသော်လည်း ယခု အဆင့် ၂၅ သို့ ခုန်ကျော် ရောက်ရှိခဲ့သည်။

သူသည် အဆင့် ၂၀ ၏ အတားအဆီးနံရံကို လွယ်ကူစွာပင် ကျော်ဖြတ်နိုင်ခဲ့သည်။

နောက်ထပ် အဆင့်ငါးဆင့်သာ ထပ်မံရရှိရန် လိုအပ်ပြီး ထိုသို့ရရှိပြီးပါက သူသည် နောက်ထပ် အဓိကအဆင့်တစ်ခုဆီသို့ ကျော်ဖြတ်ကာ သူ၏ ကျင့်ကြံခြင်းအဆင့်များကို ထပ်မံ မြှင့်တင်နိုင်လိမ့်မည်ဖြစ်သည်။

‘ထူးဆန်းတယ်... ဒီနှုန်းအတိုင်းဆို နောက်ထပ် အဆင့်ငါးဆင့်ထိ ထပ်တက်လိုက်နိုင်ရင် ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေက ရှုယင်ကိုတောင် မှီနိုင်သွားလိမ့်မယ် မဟုတ်ဘူးလား’

သူသည် သူ၏ ကျင့်ကြံခြင်းအဆင့်များကို အတော်လေး စိတ်ဝင်စားနေခဲ့သည်။

သူ၏ မူလကျင့်ကြံခြင်းအဆင့်သည်ချိတ်ပိတ်ခံထားရလျက်နှင့်ပင် ယခု ကျင့်ကြံခြင်းအဆင့်များ၏ တိုးတက်မှုသည် အတော်လေး မြန်ဆန်နေခဲ့သည်။

စနစ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ရှုယင်သည် အဆင့် ၅၀ ရောက်နေသော ဂိမ်းကစားသမားတစ်ဦးနှင့် ညီမျှနေသည်။

ဆိုလိုသည်မှာ သူမသည် ပဉ္စမမြောက်အတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့ပြီးဖြစ်သည်။

တစ်ဖက်၌ သူသည် ဒုတိယမြောက် အတားအဆီးကိုသာ ကျော်ဖြတ်ရ‌သေးသည်။

ထိုနှုန်းအတိုင်းဆို နောက်ထပ် နံရံအတားအဆီးတစ်ခုကိုသာဖြတ်ကျော်နိုင်ပါက သူသည် သူမနှင့် နှိုင်းယှဉ်နိုင်သွားပေလိမ့်မည်။

ဆိုလိုသည်မှာ သူသည် အဆင့် ၃၁ သို့ ရောက်သောအခါ သူ၏ အချက်အလက်များပေါ်တွင်သာ အခြေခံပါက ရှုယင်ကဲ့သို့ အဆင့် ၅၀ ရှိသူတစ်ဦးကို ရင်ဆိုင်နိုင်သွားမည်ဟုဆိုလိုခြင်းမဟုတ်ပါလား။

သူ၏ အခြားဝှက်ဖဲ ပစ္စည်းများကိုပါ ထည့်တွက်လိုက်မည် ဆိုပါလျှင် သူသည် ရင်ဆိုင်ရန် ပို၍ပင် ယုံကြည်မှု ရှိသွားလိမ့်မည်ဖြစ်သည်။

‘အဲဒီနှုန်းအတိုင်းဆိုရင် ငါသာ အဆင့် ၅၀ ကိုရောက်သွားရင် ဘယ်လိုဖြစ်လာမလဲ’

အာရန် တွေးတောရင်းဖြင့် သူ၏ အမူအရာများသည် အနည်းငယ် မသေချာသောပုံဖြစ်နေလေသည်။

သူ မျှော်လင့်နေသော နောက်ထပ်အရာတစ်ခုလည်း ရှိသေးသည်။ ၎င်းမှာ အနာဂတ်ကို ကြိုမြင်နိုင်သော လည်ဆွဲပင်ဖြစ်သည်။

သူသည် ရွေးချယ်မှုကို ပြီးမြောက်ခဲ့သော်လည်း ဆုလာဘ်ကို ယခုအထိ မရရှိသေးပေ။

အဆိပ်လည်ဆွဲ တုံးကကဲ့သို့ပင် ဤဆုလာဘ်သည်လည်း ရောက်ရှိလာရန် အနည်းငယ် အချိန်လိုအပ်ပုံရလေသည်။

ခဏအကြာ၌ သူသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။

ယခုအချိန်တွင် သူ့တွင် အာရုံစိုက်ရန် အခြားအရာများ ရှိနေသေးသည်။

အာရန်သည် ရေခဲနတ်ဆိုး၏ နန်းတော်နေရာမှ ထွက်ခွာလာခဲ့လေသည်။

လီယွန်းဖန်း၏ အစောင့်များပင် သူတို့၏ဆရာ အသတ်ခံခဲ့ရကြောင်း မသိကြသေးပေ။

သူတို့သည် နန်းတော်ကိုသာ ဆက်လက်ကာကွယ်နေကြပြီး သူတို့ ၏ ဆုံးရှုံးသွားမှုကိုပင် သတိမထားမိကြပေ။

အာရန်သည် ဝင်ရောက်လာစဥ်ကကဲ့သို့ပင် နဂါးလျှာအစွမ်းကိုသုံး၍ လျှို့ဝှက်စွာ ပြန်လည် ထွက်ခွာသွားခဲ့လေသည်။

အာရန်သည် မကြာမီ နောက်ထပ်နေရာ တစ်နေရာသို့ ရောက်ရှိသွားပြီး ၎င်းမှာ ဇာတ်လိုက်ကျော်ရဲ့လန် ၏ ခြံဝင်းပင်ဖြစ်သည်။

လီယွန်းဖန်းသည် သူ၏တပည့်များအနက် ရဲ့လန်ကို အနှစ်သက်ဆုံးဖြစ် သောကြောင့် သူသည် တောင်၏ သီးခြားနေရာတစ်ခု၌ မည်သူမျှ သူ၏ အဖိုးတန်တပည့်လေ၏ လေ့ကျင့်မှုကို အနှောင့်အယှက် မပေးနိုင်ရန် ခြံဝင်းတစ်ခုကို ပေးအပ်ထားခဲ့လေသည်။

သူသည် သူ၏ တပည့်ကို လုံခြုံရေးအတွက်ပင် လမ်းတစ်လျှောက်၌ အစောင့်အနည်းငယ်ကိုလည်း တာဝန်ပေးအပ်ခဲ့သေးသည်။

ထူးဆန်းစွာပင် ထိုအစောင့်များကို ယခုအချိန်၌ မည်သည့်နေရာတွင်မျှ မတွေ့ရပေ။

ဆီးနှင်းများသည် တူးဖော်ခြင်းကို ခံထားရပြီး ထိုနေရာများ၌ ကြီးမားသောအရာများ မြှုပ်နှံထားပုံရလေသည်။

ရဲ့လန်၏ ခြံဝင်းဘက်သို့ ထိုနေရာမှ လျှောက်သွားပုံရသော ခြေရာ တစ်စုံကိုလည်း မြင်လိုက်ရသည်။

အာရန်သည် ရဲ့လန်၏ ခြံဝင်းကို ငေးကြည့်လိုက်ရာ ၎င်းသည် သူ့ကို ဆရာတစ်ဦးအနေဖြင့် မည်မျှ ဆင်းရဲကြောင်း ထပ်မံ သဘောပေါက်သွားစေခဲ့သည်။

ရဲ့လန်နေထိုင်သော ခြံဝင်းသည် အလွန်အမင်း ခမ်းနားထည်ဝါပြီး ပို၍ အရေးကြီးသည်မှာ ယဲ့လျန်သည် ၎င်းကို ကိုယ်တိုင် ပြုလုပ်ရန် မလိုအပ်ပေ။

“ငါ့ရဲ့ ချစ်လှစွာသော စနစ်ရေ ငါကအခု ဇာတ်လိုက်ကျော် ရဲ့လန် ရဲ့ ဒဏ္ဏာရီတစ်ခုကို အဆုံးသတ်ပေးတော့မယ်လေ ဒါဟာ အရှေ့တိုက်ရဲ့ သမိုင်းတစ်လျောက်မှာ အရေးပါတဲ့ ဖြစ်ရပ်တစ်ခုပဲ မဟုတ်ဘူးလား ဆုလာဘ်တွေနဲ့ ကောင်းမွန်တဲ့ ရွေးချယ်မှုတွေပေးဖို့ အချိန်တန်ပြီ မထင်ဘူးလား”

ခဏတာမျှ သူသည် ခြံဝင်းအပြင်၌ ရပ်နေကာ ရွေးချယ်မှုများ ပေါ်လာရန် စောင့်ဆိုင်းနေသည်။

ထူးဆန်းစွာပင် မည်သည့် ရွေးချယ်စရာမျှ မပေါ်လာခဲ့ပေ။

နောက်ဆုံး၌ သူသည် မည်သို့ပင်ဖြစ်စေ လုပ်ကိုလုပ်ရ တော့မည့် အရာတစ်ခုအတွက် ဆုလာဘ်များ ရရှိရန် ကြိုးစားခြင်းကို လက်လျှော့လိုက်သည်။

ထို့နောက် သူသည် ရှေ့သို့ လှမ်းကာ ခြံဝင်းထဲသို့ ဝင်သွားလိုက်သည်။

သူ၏ ခြေထောက်သည် ရဲ့လန်၏ ခြံဝင်းအတွင်း ပထမဆုံး ခြေချမိသော အခိုက်အတန့်၌မှာပင် သူ၏ ရှေ့တွင် အနီရောင် မျက်နှာပြင်တစ်ခု ပေါ်လာခဲ့လေသည်။

“တွေ့လား မင်း လိုချင်တာတွေရှိတဲ့အခါကျရင် တော်တော်လေး ငါ့အပေါ်ကောင်းပေးတာပဲ”

စနစ်၏ မျက်နှာပြင်ကို မြင်လိုက်သောအခါ အာရန်၏ နှုတ်ခမ်း‌ထောင့်များသည အပေါ်သို့ ကွေးတက်သွားခဲ့သည်။

#Catfoot

All Chapters