← Chapters

ကျိုထုန်

Vol. 8 Ch. 102

ကျိုထုန်

Vol. 8 Ch. 102

နေ့လယ်စာစားပြီးနောက် စူးယွင်ကျင်းသည် သခင်မပိုင်နှင့်အတူ အလုပ်လုပ်သည်။

သခင်မပိုင်သည် မိမိကိုယ်မိမိ အားလပ်ချိန် မပေးရဲပေ။ အကြောင်းမှာ ဝူကျုံးနှင့် ပတ်သက်သည့်အတွေးများ ဝင်ရောက်လာခြင်းဖြင့် သူမကို အကြောင်းမဲ့ ကြောက်ရွံ့ထိတ်လန့်စေသောကြောင့် ဖြစ်သည်။ အနားတွင် စူးယွင်ကျင်း အဖော်ပြုနေပေးခြင်းသည် ထိုသို့စိုးရိမ်ပူပန်မှုများကို ပို၍လွယ်ကူစွာ ဖျောက်ဖျက်နိုင်စေပေသည်။

ကလေးမလေးသည် အလွန်တရာ လူချစ်လူခင်ပေါများ၏။ ဝူဟုန်ဖြစ်စေ၊ သမားတော်ပိုင်ဖြစ်စေ နှစ်ဦးစလုံးသည် သူမကို နှစ်ခြိုက်ကြသည်။

အထူးသဖြင့် သမားတော်ပိုင်သည် သူမကို အတော်လေး သဘောကျနှစ်ခြိုက်ပေသည်။

ကလေးမလေးသည်လည်း သမားတော်ပိုင်အား ကပ်တွယ်နေရခြင်းကို သဘောကျသည်။ သူမသည် သမားတော်ပိုင်အား “ဖိုးဖိုး”ဟု ခေါ်လေရာ သမားတော်ပိုင်မှာ ကိုယ်ပိုင်မြေးမလေးတစ်ဦး ရသွားသည့်အလား ပျော်ရွှင်မှုများဖြင့် တောက်ပနတော့သည်။

သို့သော် သမားတော်ပိုင် မကြိုက်သည့်အရာ တစ်ချက်တော့ရှိ၏။ ကလေးမလေးသည် အလွန်လောဘကြီးလွန်းသည်။ သူမသည် သမားတော်ပိုင်၏ မည်သည့်ဆေးဖက်ဝင်ပစ္စည်းကိုမဆို လက်တစ်ဆုပ်အပြည့်ယူ၍ အရသာကို မြည်းစမ်းကြည့်လိုလေသည်။ ကလေးမလေးကြောင့် သမားတော်ပိုင်မှာ ငိုရခက်၊ရယ်ရခက် ဖြစ်သွားရတော့သည်။

…

သို့ဖြင့် သမားတော်ပိုင်သည် ကလေးမလေးကို ပြန်ဆွဲခေါ်၍ ဆေးဖက်ဝင်ပစ္စည်းများအကြောင်း အသိပညာအချို့ သင်ကြားပေးရန်သာ တတ်နိုင်တော့သည်။ ခြုံငုံလိုက်သော် ဤဆေးပင်များကို မဆင်မခြင် စားသုံး၍မရ၊ အချို့သည် အဆိပ်ရှိသည်ဟူ၍ ဖြစ်၏။

ချန်ကျဲ့သည် စူးညီအစ်မနှစ်ဦး အဆင်ပြေနေကြောင်း မြင်နိုင်လေရာ အစာခြောက်အချို့နှင့် ရေတို့ကို ယူဆောင်၍ သာ့ဟေးတောင်တန်းသို့ ထွက်ခွာလာခဲ့သည်။

မထွက်ခွာမီ၌ အားလုံးသည် ချန်ကျဲ့အား ဂရုစိုက်ရန် မှာကြသည်။ အထူးသဖြင့် စူးယွင်ကျင်းပင်၊ သူမသည် ကိုယ်နေဟန်ထားကို အတင်းအကျပ် ပုံမှန်ဖြစ်အောင် ထိန်းသိမ်းထားသော်ငြား မျက်လုံးများထဲရှိ စိုးရိမ်ပူပန်မှုများကိုမူ ဖုံးကွယ်မရနိုင်ခဲ့ပေ။

ချန်ကျဲ့ ရှေ့သို့ခြေတစ်လှမ်းတိုးကာ ပြုံးလျက် သူမ၏ အနည်းငယ် ပွ‌ရှုပ်နေသော ဆံပင်လေးများကို သပ်တင်ပေးလိုက်သည်။

“မစိုးရိမ်ပါနဲ့။ ကိုယ် သာ့ဟေးတောင်ကိုသွားတာ ဒါ ပထမဆုံးအကြိမ်မှ မဟုတ်တာပဲ။ အဆင်ပြေမှာပါ”

“ကောင်းပါပြီ ယောက်ျား၊ ကျွန်မ ရှင်ပြန်လာတာကို စောင့်နေမယ်”

စူးယွင်ကျင်းမှ ပြောသည်။

တစ်ဖက်၌ သမားတော်ပိုင်သည် ကလေးမလေးကို ပွေ့ချီထားလျက် ပြောသည်။

“ကျိုစစ် မြူခိုးထုထဲကို ဝင်မသွားနဲ့နော်၊ လုံးဝ ဝင်မသွားမိစေနဲ့”

ချန်ကျဲ့ ခေါင်းညိတ်သည်။

“ဟုတ်ကဲ့ ကျွန်တော်သိပါပြီ”

ထိုစဉ် ဝူဟုန်သည် ချန်ကျဲ့အား ခါးဆောင်ဓားတစ်ချောင်း ကမ်းပေးသည်။

“ကျိုစစ် ဒါက ငါ့ရဲ့ကိုယ်ပိုင်ဓားပဲ။ မင်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ယူသွားလိုက်ပါ”

ချန်ကျဲ့ ဓားကိုယူ၍ ကြည့်လိုက်သည်။ ဝူဟုန်ကဲ့သို့ ရဲမက်အမှုထမ်းများအတွက် အထူးပြုလုပ်ထားသော ခါးဆောင်ဓားရှည်ဖြစ်ပြီး အရည်အသွေးကောင်းမွန်ပေသည်။

ချလွင်!

ချန်ကျဲ့ ထုတ်ကြည့်လိုက်ရာ ဓားရှည်သည် ထက်ရှမှုနှင့်အတူ တောက်ပနေ၏။ ဓားကောင်းတစ်လက်ပဲ။

ချန်ကျဲ့ စိတ်ထဲမှ‌တွေး၍ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ကာ သမားတော်ပိုင်နှင့်အတူ အားလုံးကို နှုတ်ဆက်ခဲ့သည်။

ခါးဆောင်ဓားကို ကိုင်ဆောင်လျက် တောင်ပေါ်သို့ ထွက်ခွာလာခဲ့သည်။

သာ့ဟေးတောင်တန်းသည် မတ်စောက်ပြီး တောထူထပ်၏။ ချန်ကျဲ့သည် ဝံပုလွေချောက်သို့သွားရာ ရင်းနှီးကျွမ်းဝင်သည့်လမ်းမှတစ်ဆင့် တောင်ထိပ်သို့ ဦးတည်ခဲ့သည်။

ချန်ကျဲ့အတွက်မူ ဝံပုလွေချောက်သည် ရတနာသိုလှောင်ရုံအလားပင်။ ဤတစ်ကြိမ်တွင်လည်း သူ့အား အကူအညီတစ်ခုခုဖြစ်စေလိမ့်မည်လားဟု မျှော်လင့်နေမိပေသည်။

ချန်ကျဲ့ ဝံပုလွေချောက်ကို ဖြတ်သွားပြီးနောက် ‌အပေါ်သို့ ဆက်လက်ဦးတည်တက်ခဲ့သည်။ သို့ဖြင့် မွန်းကျပ်ဖွယ်ကောင်းသော တောကြက်လည်မျိုတောလမ်းကို ဖြတ်သန်းရသည်။ ဆက်လက်၍တက်သွားပါက ဆင်ခြေလျှောများဝန်းရံနေသော မီးခိုးရောင်မြူခိုးထုနယ်မြေဖြစ်သည်။

ချန်ကျဲ့ မြူခိုးထုနယ်မြေတစ်ဝိုက် ရှာဖွေကြည့်ခဲ့သည်။ သို့သော် မြူခိုးထုများမှာ အလွန်သိပ်သည်းထူထပ်နေကာ တောင်တစ်တောင်လုံးကို လွှမ်းခြုံထား၏။ သို့ဖြစ်ရာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေသကဲ့သို့ ဖြစ်နေတော့သည်။

ချန်ကျဲ့သည် ဝူကျုံးကို ရှာတွေ့ရန်မျှော်လင့်ချက်ဖြင့် မြူခိုးထုနယ်မြေအစပ်နားများတွင် ‌ဖြည်းဖြည်းချင်း လျှောက်သွားနေခဲ့သည်။

အားလုံးမျှော်လင့်ထားသည့်အတိုင်း ချန်ကျဲ့သည် အကွာအဝေး ထိန်းသိမ်းလျက် ရှာဖွေနေခဲ့သည်။

မကြာမီတွင် ညအချိန်ရောက်လာခဲ့သည်။

နေ့အချိန် ကုန်ဆုံးသွားခဲ့လေပြီ။

ကောင်းကင်သည် မှိန်ဖျော့လာ၏။ ထိုအချိန်တွင် လူတစ်စုသည် သာ့ဟေးတောင်သို့ တက်လာနေကြသည်။

“အဖေ ဒီနေရာလား။ အဲဒီကျောင်းမျိုးရိုးလူ ဘယ်မှာလဲ”

ယွီစန်းလျို့သည် ပတ်ဝန်းကျင်ကို ရှာဖွေကြည့်သော်ငြား‌ ကျောင်းရွှမ်ကို ရှာမတွေ့ပေ။

ယွီပင်းမှ ဖြေသည်။

“နည်းနည်းလောက် ထပ်စောင့်ကြတာပေါ့။ အလျင်မလိုနဲ့”

ထို့နောက် ယွီပင်းသည် လက်အောက်ငယ်သားများကို ပြောခဲ့သည်– ဤလူများသည် သူကိုယ်တိုင်ကိုယ်ကျ ထိန်းကျောင်းသင်ကြားပေးခဲ့သော အဓိကအဖွဲ့သားများ ဖြစ်ကြပြီး အားလုံးသည် သိုင်းပညာစွမ်းရည်ရှိကြသည်။ သူတို့အားလုံးသည် သိုင်းပညာရှင်အဖြစ်သို့ ‌မရောက်ရှိကြသေးသော်ငြား တစ်ဦးချင်းစီမှာ ဦးစီးမှူးနီးပါးသော အဆင့်ရှိကြသည်။

ထို့ပြင် သူတို့သည် ဝူကျုံးကို ကြားဖြတ်တိုက်ခိုက်မည့် အဓိကအင်အားစု မဟုတ်ကြပေ။ သူတို့သည် အရေအတွက်များသောကြောင့် သူတို့၏ ကနဦးရည်ရွယ်ချက်မှာ တောင်တစ်လျှောက် ကင်းလှည့်ရန်ဖြစ်သည်။

မြူခိုးထုသည် အလွန်ရှည်လျားစွာ ဖုံးလွှမ်းထား၏။ ခေါင်းမပါသည့် ‌ကြက်တစ်ကောင်ကဲ့သို့ ရှာဖွေနေပါက တစ်ညလုံးရှာဖွေသည့်တိုင် ဘာကိုမျှ ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ရှာဖွေခြင်းအမှုကို သေချာလုပ်ဆောင်သင့်ပေသည်။

ထိုစဉ် ယုံကြည်ရသော လက်အောက်ငယ်သားအားလုံးသည် ဓားရှည်များ၊ ဓားမြှောင်များကို ကိုင်ဆောင်လျက် အသင့်ဖြစ်နေကြလေပြီ။

သာ့ချန်ပြည်ကြီး၌ ဟန်လူမျိုးများ သံလက်နက်ကိုင်ဆောင်ခြင်းကို တားမြစ်ထားသော်ငြား မုလန်လူမျိုးများကို ဒေသစီမံအုပ်ချုပ်မှုတွင် ကူညီပေးနေသော အဖွဲ့တစ်ဖွဲ့အနေဖြင့် သူတို့တွင် လက်နက်အနည်းငယ် ပိုင်ဆိုင်ျထားပေသည်။

ယခုတွင် လူတစ်ဦးလျှင် တောခုတ်ဓားတစ်ချောင်း ကိုင်ဆောင်ထားလျက် စီတန်းရပ်နေကြသည်မှာ အတော်လေး အထင်ကြီးဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခုပင်။

ယွီပင်းမှ မိန့်ကြားသည်။

“တောင်ပေါ်တက်ပြီးနောက်မှာ လူခွဲလှုပ်ရှားမယ်။ မီတာ၅၀ အကွာအဝေးတိုင်းမှာ လူတစ်ယောက်စီ နေရာယူပြီး အထူးသဖြင့် အရှေ့ဘက်နယ်မြေကို အာရုံစိုက်ကြမယ် နားလည်လား”

“နားလည်ပါတယ်”

“တစ်ယောက်ယောက်ကို တွေ့ခဲ့ရင် ချက်ချင်း အချက်ပြပါ။ ပစ်မှတ်က အပြင်းအထန်ဒဏ်ရာရထားတာ တွေ့ခဲ့ရင် သတ်ဖို့ကြိုးစားပါ။ ပစ်မှတ်ကို သတ်နိုင်တဲ့ ဘယ်သူမဆို ငွေတုံးတစ်ရာ ဆုချီးမြှင့်ခံရမယ်။ ‌ယွီမိသားစုရဲ့ ကိုယ်ရံတော်ခေါင်းဆောင်အဖြစ် ခန့်အပ်မယ် နားလည်ကြလား”

“ဟုတ်ကဲ့”

သူတို့ ဆွေးနွေးပြောဆိုနေကြစဉ် မ‌နီးမဝေးမှ ပုံရိပ်တစ်ခုသည် ခိုးကြောင်ခိုးဝှက် ချဉ်းကပ်လာ၏။

အနီးကပ်ကြည့်လိုက်သော် ထိုပုံရိပ်မှာ သ‌င်္ဘောခေါင်းဆောင်ကြီး ကျောင်းရွှမ်ဖြစ်၏။

ယွီပင်းမှ ပြောသည်။

“ဘာလို့ အရမ်းကြာနေရတာလဲ”

ကျောင်းရွှမ်မှ ပြန်ပြောသည်။

“ကျုပ် ကုန်သည်အဖွဲ့မှာ ကိစ္စတချို့ဖြေရှင်းနေရလို့ ‌ထွက်မလာနိုင်ဘဲ ဖြစ်သွားတာ။ အခု တောင်ပေါ်ကို တက်တော့မှာလား”

ထိုအခါ ယွီပင်းသည် ဦးခေါင်းအကာကို ကမ်းပေး၏။

ကျောင်းရွှမ်ကြည့်လိုက်သည်။

အာ့ထျောင်

ဟုတ်တယ်၊ ဒါက မာကျောက်ရဲ့ စက်ဝန်းနှစ်ခုပဲ။

ထို့နောက် ယွီပင်းမှ ပြောသည်။

“ဦးခေါင်းအကာကို ဝတ်ထားလိုက်”

သို့ဖြင့် လူအုပ်စုသည် ကိုယ်စီ ဦးခေါင်းအကာများ ဝတ်လိုက်ကြသည်။

ယွီပင်း၏ ဦးခေါင်းအကာသည် ယီးထုန်ဖြစ်၏။

ယွီစန်းလျို့သည် ကျိုထုန်ဖြစ်သည်။

အခြားသူများအတွက်မူ စက်ဝန်းငါးခုပါ ဦးခေါင်းအကာများဖြစ်၍ အားလုံး၏သရုပ်ကို ခွဲခြားထားပေသည်။

ယွီပင်းသည် အားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ အထူးသဖြင့် ကွဲပြားနေသော အာ့ထျောင်ကိုဖြစ်၏။ ထို့နောက် အလေးအနက်ပြောသည်။

“ဒီတိုက်ပွဲက ငါတို့ညီနောင်တွေရဲ့ အနာဂတ်နဲ့ ဂုဏ်သရေအတွက်ပဲ။ ညီနောင်တို့ အစွမ်းကုန်ကြိုးစားလိုက်ကြရအောင်!”

အာ့ထျောင်သည် အတွေးများစွာဖြင့် လေးလံလွန်းလှစွာ စိတ်ဖိစီးနေခဲ့သည်။ သို့သော် ခိုင်မာပြတ်သားစွာဖြင့် ပြောလာဆဲပင်။

“အစွမ်းကုန်ကြိုးစားမယ်!”

“တောင်ပေါ်တက်ကြစို့!”

သို့ဖြင့် လူအုပ်စုသည် လျင်မြန်သောအရှိန်နှုန်းဖြင့် ချုံနွယ်ပိတ်ပေါင်းများကို ဝစ်ဝှီးဝှီးဖြတ်၍ တောင်ပေါ်တက်ခဲ့ကြသည်။

“ငါ အသံတစ်ခုခုကြားလိုက်ရတာလား”

ချန်ကျဲ့သည် လျင်မြန်စွာရွေ့လျားနေသော ဆူညံသံများကြောင့် ထိတ်လန့်သွားခဲ့သည်။ နောက်ဆုံးသော နေရောင်ခြည်အလင်းကို အသုံးပြု၍ မာ‌ကျောက်ဦးခေါင်းအကာများ ဝတ်ဆင်ထားသည့် လူတစ်စုသည် တောင်ထိပ်သို့ ဦးတည်လာနေကြောင်း မြင်တွေ့လိုက်ရသည်။

ချန်ကျဲ့၏ ပထမဆုံး အလိုလိုသိစိတ်မှာ သတင်းဆိုးဖြစ်ကြောင်း ပြောပြနေ၏။

ဒီလူတွေပေါ်လာတာ ကောင်းတဲ့ကိစ္စမဖြစ်နိုင်ဘူး!

တကယ့်ကို အသစ်ရောက်လာသူသည် ပြဿနာကို အဓိပ္ပာယ်ဆောင်ပေသည်။

ဒီလိုအချိန်ကြီးမှာ မာကျောက်ခေါင်းအကာတွေနဲ့ လူတစ်စုက သာ့ဟေးတောင်ပေါ်ကို တက်လာနေကြတယ်။ ဘာအတွက်ဖြစ်လိမ့်မလဲ။

တောင်ပေါ်က ပစ္စည်းကောင်းတွေကို စုဆောင်းဖို့လား။

အဲဒါဆိုရင်တော့ ဟာသပဲ။ သူတို့ပေါ်လာတာ သေချာပေါက် အကောင်းမဖြစ်နိုင်ဘူး။

ထိုသို့နားလည်လိုက်ရာ ချန်ကျဲ့သည် အနည်းငယ်သော်မျှ မပေါ့ဆရဲပေ။ အရွက်သိပ်သည်းကြီးမားသည့် သစ်ပင်တစ်ပင်ကိုရှာ၍ သစ်ပင်ပေါ်သို့ တက်နေလိုက်သည်။

All Chapters