အခန်း (၁၀၅)
Vol. 8 Ch. 105
‘’ဝူစန်း”သည် ဘောင်းဘီပြင်ဆင်ခြင်းအမှု ပြီးဆုံးသွား၍ သစ်ပင်ကြီးကို ကြည့်လိုက်သည်။ ထိုသစ်ပင်ထက်၌ အဝတ်ချွတ်ခံထားရသည့် အလောင်းတစ်လောင်း ရှိနေပေသည်။ သူ၏ စက်ဝန်းငါးခုပါ ဝူထုန် ဦးခေါင်းအကာလည်း မရှိတော့ပေ။
အဖွဲ့သားများအားလုံး ကိုယ့်နေရာကိုယ် ပြန်ယူလိုက်ကြသော်ငြား ရွှမ်းဇစ်သည် ချန်ကျဲ့ဘက်သို့ တစ်ချိန်လုံး ကြည့်နေသည်။ သို့သော် ချန်ကျဲ့သည် လျစ်လျူရှုထား၏။
ထိုစဉ် မနီးမဝေးမှ ကျိုထုန်လျှောက်လာကာ စောင့်ကြပ်နေသည့် အဖွဲ့သား၅ဦးကို ပြောသည်။
“မူမမှန်တာ တစ်ခုခုရှိလား”
“မရှိပါဘူး!”
ဝူထုန်လေးယောက်မှ အမြန်ပြန်ဖြေသည်။
အဖြေကိုကြားပြီးနောက် ကျိုထုန်သည် အေးဆေးသက်သာစွာဖြင့် အခြားတစ်ဖက်သို့ ဦးတည်လျှောက်သွားတော့သည်။
ချန်ကျဲ့နှင့်အခြားအဖွဲ့သားများသည် ထိုနေရာတွင် ဆက်လက်စောင့်ကြပ်နေကြသည်။ ပတ်ဝန်းကျင်တွင် အပြောင်းအလဲ တစ်စုံတစ်ရာ ရှိလာမည်အား စောင့်ဆိုင်းနေကြသည်။
အချိန်သည် စက္ကန့်နှင့်အမျှ ကုန်ဆုံးနေသည်။
တောင်ပေါ်လေသည် ပို၍အေးစက်လာရာ ချန်ကျဲ့သည် အဝတ်များကို ဆွဲကြပ်လိုက်သည်။
ထိုစဉ် ရုတ်တရက် သူ၏နောက်ကျောကို လူတစ်ယောက် လာပုတ်၏။ ချန်ကျဲ့ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး နောက်လှည့်ကြည့်လိုက်ရာ ကျိုထုန်ကို မြင်လိုက်ရသည်။
ကျိုထုန်သည် သူ့ကို စိုက်ကြည့်နေ၏။
ချန်ကျဲ့ နှလုံးခုန်မြန်လာတော့သည်။
ဘာဖြစ်လို့လဲ။ ငါ့ဆီက မူမမှန်တာတစ်ခုခု တွေ့သွားလို့လား။
ချန်ကျဲ့သည် စကားမပြောဘဲ လက်သီးယှက်လျက် အရိုအသေပြုဟန်ဖြင့် ရပ်နေလိုက်သည်။ အမြန်အားသုံးတိုက်ခိုက်ရန်လည်း အသင့်ပြင်ထား၏။ သူသည် ကျိုထုန်နှင့် အပြင်းအထန် တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သည်။
ဟူး ဟူး…
ချန်ကျဲ့သည် ယန်ချွမ်ကျင့်စဉ်ကို အသုံးပြု၍ အသက်ရှူနှုန်းကို တည်ငြိမ်အောင် ထိန်းသိမ်းထားရင်း အချိန်မရွေး တိုက်ခိုက်နိုင်ရန်လည်း အသင့်ပြင်ထားသည်။ သို့သော် ကျိုထုန်မှ ဤသို့ပြောလာ၏။
“ဟေ့ကောင်လေး အဝတ်များများဝတ်လာရမှာ မသိဘူးလား။ အအေးဒဏ်ကြောင့် အာရုံများပြီး ဝူကျုံးကို လွတ်မသွားစေနဲ့။ မဟုတ်လို့ကတော့ မင်းတာဝန်ယူရလိမ့်မယ်!”
“ဟုတ်ကဲ့!”
ချန်ကျဲ့ ခေါင်းညိတ်၍ အသံနိမ့်ဖြင့် ဖြေသည်။
ကျိုထုန်သည် အများကြီး ထပ်မပြောပေ။ သူ၏တည်ရှိမှုမှာ သူ၏သခင်လေးဟူသော အဆင့်အတန်းကို ပြသရန်သာ ဖြစ်၏။ သို့ဖြင့် အခြားလက်အောက်ငယ်သားများကို စစ်ဆေးရန် ထွက်သွားတော့သည်။
ကျိုထုန် ထွက်ခွာသွားသည်ကို ကြည့်လျက် ချန်ကျဲ့ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။
ချန်ကျဲ့ စိုးရိမ်ပူပန်စွာဖြင့် လကို မော့ကြည့်လိုက်သည်။ ညသန်းခေါင်အချိန် နီးကပ်နေလေပြီ။ ညသန်းခေါင်ကျော်လွန်သွားခဲ့လျှင် ဦးလေးကျုံးသည် တကယ်ကြီး ထွက်လာနိုင်တော့မည် မဟုတ်ပေ။
ကျိုထုန် ထွက်ခွာသွားသည်ကို ကြည့်နေရင်း ချန်ကျဲ့သည် အလွန်တရာ စိတ်မရှည်ခြင်းကို ခံစားလာရသည်။
ဦးလေးကျုံး တကယ်ကြီး ထွက်မလာနိုင်မှာတော့ မဟုတ်ပါဘူးနော်?
ချန်ကျဲ့သည် ဦးလေးကျုံး ထွက်လာနိုင်ရန် စိတ်ထဲမှ ဆုတောင်းနေခဲ့သည်။
ထိုသို့အတွေးများဖြင့် ချန်ကျဲ့၏ စိတ်အတွင်း ကသောင်းကနင်းဖြစ်နေမှုမှာ ပိုမိုပြင်းထန်လာခဲ့သည်။ သို့သော် တစ်ပြိုင်နက်တည်းပင် ညသန်းခေါင်အချိန်ကို ရောက်ရှိရန်လည်း မျှော်လင့်နေမိပြန်သည်။ အဘယ်ကြောင့်ဆိုသော် ညသန်းခေါင်အချိန်တွင် စနစ်၏သတင်းအချက်အလက်စနစ် မြှင့်တင်မည်ဖြစ်၏။ ဒီနေ့ည အချက်အလက်များထဲတွင် သူလိုအပ်နေသော အချက်အလက်များ ပါဝင်ရန် မျှော်လင့်နေမိသည်။
ချန်ကျဲ့ စိတ်ထဲမှ ဆုတောင်းနေခဲ့၏။
ဝူကျုံးတွင် မည်သည့်မကောင်းသည့်အရာမှ မဖြစ်ပွားရန် ချန်ကျဲ့ အမှန်တကယ် မျှော်လင့်ပါ၏။
ဝူကျုံးသည် သူ့အပေါ် အရမ်းကောင်းသူတစ်ဦး ဖြစ်သည်။
အချိန်များ တစ်မိနစ်ချင်း ကုန်ဆုံးသွားခဲ့သည်မှ ညသန်းခေါင်ပင် ရောက်လုချေပြီ။
ချန်ကျဲ့၏စိတ်အစဉ်မှာ ပူပြင်းသည့်အိုးပါ်မှ ပုရွက်ဆိတ်များကဲ့သို့ လှုပ်ရွနေခဲ့ကာ အဆက်မပြတ်လည်း ဆုတောင်းနေရသည်။
ဦးလေးကျုံးနဲ့ပတ်သက်တဲ့ အချက်အလက်ပေးပါ။ ကျေးဇူးပြုပြီး ဦးလေးကျုံးနဲ့ပတ်သက်တဲ့ အချက်အလက်ပေးပါ!
ချန်ကျဲ့၏သဘောဆန္ဒမှာ ခိုင်မာ၏။
ချန်ကျဲ့ ဆုတောင်းနေစဉ် နေ့စဉ်သတင်းအချက်အလက် မြှင့်တင်ခဲ့လေပြီ။
[ဒီနေ့အတွက် သတင်းအချက်အလက်များ မြှင့်တင်ပြီးပါပြီ (အဆင့် ၂)]
[၁၊ သင်ဒီနေ့ ရေထိန်းချုပ်လက်ဝါးသိုင်းကို တတ်မြောက်ခဲ့တဲ့အတွက် ရရှိတဲ့အချက်အလက်ဖြစ်ပါတယ်။ ချန်ချွမ်းကျင့်စဉ်၊ ယွီရွှေလက်ဝါးသိုင်းမှ ဆင်းသက်လာတဲ့ ရေထိန်းချုပ်လက်ဝါးသိုင်းကို ယန်ချွမ်ကျင့်စဉ်နဲ့ အတူသုံးမယ်ဆိုရင် အလွန်တရာ အင်အားကြီးမားနိုင်ပါတယ်။ ကျန်ရှိတဲ့ ရာသီစက်ဝန်း အတွင်းအားကျင့်စဉ်လေးခုနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် ထိပ်တန်းအဆင့်ကျင့်စဉ်ဖြစ်တဲ့ ချန်ချွမ်းကျင့်စဉ်အဖြစ်သို့ ရောက်ရှိသွားပါလိမ့်မယ်]
[၂၊ သင်ဒီနေ့ ချန်ရှောင်ဟူကို လေ့ကျင့်လမ်းညွှန်ပေးတဲ့အတွက် ရရှိတဲ့သတင်းအချက်အလက်ဖြစ်ပါတယ်။
ချန်ရှောင်ဟူမှာ ကောင်းမွန်တဲ့ အထုံပါရမီရှိပြီး အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးရဲ့ အဓိကအခြေခံအကျဆုံးအရာတွေကို ပိုင်ဆိုင်ထားပါတယ်။ သူ့ကို သေချာလေ့ကျင့်ပျိုးထောင်ပေးမယ်ဆိုရင် အောင်မြင်မှုကြီး ရရှိနိုင်ပါလိမ့်မယ်]
[၃၊ သင်ဒီနေ့ ဝူဟုန်ကိုတွေ့ခဲ့ပြီး ရရှိခဲ့တဲ့အချက်အလက်ဖြစ်ပါတယ်။ ဝူဟုန်ရဲ့ဒဏ်ရာတွေက သက်သာလာနေပါပြီ။ ဒါပေမဲ့ သူ့ရဲ့အခြေခံအုတ်မြစ်က ပျက်စီးသွားခဲ့တာကြောင့် အထူးတလည် အာဟာရဖြည့်တင်းပြီး အနားယူဖို့ လိုအပ်ပါတယ်]
[၄၊ သင်ဒီနေ့ နီမန့်ဇစ်အကြောင်း ဆွေးနွေးပြောဆိုနေကြတာကို တစ်ဆင့်ကြားခဲ့တာကြောင့် ရရှိတဲ့အချက်အလက်ဖြစ်ပါတယ်။ နီဝမ့်ကျွင်းက ဟွမ်ကျိုးစီရင်စုက ထွက်ခွာသွားပြီး လက်ရှိမှာ မြောက်အရပ်ကို လှေနဲ့ ခရီးနှင်နေပါတယ်။ ရှန်းကျောက်ဂိုဏ်းနဲ့ ပေါင်းစည်းဖို့ အခွင့်အရေးရှာဖွေနေပါတယ်]
[၅၊ အချက်အလက်စနစ် အဆင့်မြင့်သွားသောကြောင့် သင်အလိုရှိရာ တိကျတဲ့သတင်းအချက်အလက်တစ်ခုကို ရယူခွင့် ရရှိပါတယ်။ သင့်ရဲ့ပြင်းပြသောစိတ်ဆန္ဒအရ ဝူကျုံးအကြောင်း သတင်းအချက်အလက်ကို ရရှိခဲ့ပါတယ်။ ဝူကျုံးက မြူခိုးထုနယ်မြေထဲ ဝင်သွားပြီး ဒဏ်ရာအပြင်းအထန်ရခဲ့ပေမဲ့ ညသန်းခေါင်မတိုင်ခင်မှာ မြူခိုးထုထဲကနေ ထွက်လာနိုင်ခဲ့ပြီး တောကြက်လည်မြိုဘေးက သစ်တောအုပ်လေးထဲကို ဝင်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူ အဲဒီမှာ အလစ်တိုက်ခိုက်ခံရပြီး အသက်အန္တရာယ်ရှိနေပါတယ်]
ဟမ်!
ချန်ကျဲ့သည် သတင်းအချက်အလက်များကို ဖတ်ပြီးနောက် အရေးတကြီးအခြေအနေမှာ မျက်လုံးများထဲ အတိုင်းသား ပေါ်လွင်နေသည်။
အရင်ဆုံး ရှောင်ဟူက ထိပ်တန်းအဆင့် အထုံပါရမီနဲ့ သိုင်းပါရမီရှင်တစ်ယောက်–
ထိုအချက်ကို ချန်ကျဲ့ အခုမှ သိရခြင်းဖြစ်သည်။ သို့သော် ရှောင်ဟူ၏ လှိုင်းတံပိုးလက်ဝါးသိုင်းကို သင်ယူမှုမြန်ဆန်ခြင်းကိုတော့ သတိထားမိပါ၏။
နောက်ထပ် အခြားအချက်အလက်များသည် အသုံးမဝင်ပေ။
သို့သော် နံပါတ်၅အချက်သည် ချန်ကျဲ့ကို အံ့ဩမှုနှင့် အရေးတကြီးအခြေအနေကိုလည်း ခံစားရစေ၏။
ပထမအချက်မှာ စနစ်သည် ဤတစ်ကြိမ်တွင် အချက်အလက်ကို တိုက်ရိုက်မပေးဘဲ သူအလိုရှိရာ အချက်အလက်ကို ဖော်ပြပေးသည့်အချက်ဖြစ်သည်။ ၎င်းသည် ကံကောင်းသည်ထက် ပို၍ အရမ်းကောင်းမွန်ပေသည်။ ဒုတိယအချက်ဖြစ်သော ဝူကျုံး မြူခိုးထုထဲမှ ထွက်လာနိုင်သည့်အချက်သည် တကယ့်ကို သတင်းကောင်းဖြစ်ပေသည်။
သို့သော် ဒဏ်ရာအပြင်းအထန်ရထား၍ အလစ်တိုက်ခိုက်ခံခြင်းငှာ မျှော်လင့်မထားခဲ့ပေ။
ချန်ကျဲ့ တွေးတောပြီးနောက် တောကြက်လည်မြိုလမ်းဘေးရှိ သစ်တောအုပ်လေးဆီသို့ ချက်ချင်း ပြေးသွားခဲ့သည်။ လမ်းတွင် အဖွဲ့သားတစ်ယောက်မှ မေးသည်။
“ဝူထုန် မင်းဘာလုပ်နေတာလဲ”
ချန်ကျဲ့ ချက်ချင်းပြန်ဖြေလိုက်သည်။
“ငါ သခင်ကျိုထုန်ကို သွားပြီး သတင်းပို့မလို့!”
ထိုအချိန်၌ တောကြက်လည်မျိုလမ်းအနီးရှိ သစ်တောအုပ်လေးထဲတွင် ဝူကျုံးသည် သစ်ပင်ကြီးတစ်ပင်ကို မှီထားရ၏။ သူ၏တစ်ကိုယ်လုံးမှာ ဒဏ်ရာများ ဖုံးလွှမ်းနေကာ အဝတ်များမှာ သွေးများရွှဲနစ်နေသည်။
ဝူကျုံးသည် ငရဲပြည်မှ လွတ်မြောက်လာပြီးနောက်မှ ဤသစ်တောအုပ်လေးထဲတွင် အလစ်တိုက်ခိုက်ခံရမည်ဟု မျှော်လင့်မထားခဲ့ပေ။ သားဖြစ်သူကို ကယ်တင်ရန်အတွက် သွေးလင်ဇီးကိုမူ ရယူနိုင်ခဲ့ပါ၏။
ဒါပေမဲ့ ဒီမှာက…
ဝူကျုံး လက်မလျှော့လိုပေ။ လုံးဝ လက်မလျှော့လိုပါချေ။ ထို့နောက် ဒဏ်ရာရထားသည့်နေရာများကို အဝတ်စည်း၍ သူ၏ရှေ့ရှိ ကျိုထုန်ကိုကြည့်ကာ မေးလိုက်သည်။
“မင်းဘယ်သူလဲ”