← Chapters

မင်းဘာလို့ အရမ်းတော်နေရတာလဲ

Vol. 8 Ch. 106

မင်းဘာလို့ အရမ်းတော်နေရတာလဲ

Vol. 8 Ch. 106

“ငါဘယ်သူလဲတဲ့လား”

“ဟားဟားဟား….”

ဝူကျုံး၏ အမေးစကားတွင် ကျိုထုန်သည် အူလှိုက်ည်းလှိုက် ရယ်မော၏။ ထို့နောက် သူ၏မျက်လုံးများ၌ ရက်စက်ကြမ်းကြုတ်မှုတို့ တောက်ပသွားလျက် ပြောသည်။

“ခင်ဗျား ယမမင်းကိုပဲ သွားမေးလိုက်ပါတော့”

ထိုသို့ပြောပြီးနောက် ကျိုထုန်သည် ရှေ့တိုး၍ ဝူကျုံးကို လက်ဖဝါးတစ်ချက်ရိုက်လိုက်သည်။

ကျိုထုန်သည် အငြိုးအာဃာတများ ပြည့်နှက်နေ၏။ ဝူကျုံးထံမှ သူခံစားခဲ့ရသော ဖိနှိပ်ခံရမှုများအား သူမမေ့လျော့နိုင်ပါချေ။

ခင်ဗျားကိုယ်ခင်ဗျား အရမ်းကို အင်အားကြီးလှပြီထင်နေတာ မဟုတ်လား။ ခင်ဗျားပဲ ကျုပ်တို့မိသားစုအိမ်တော်တံခါးဝကို လူတွေနဲ့ပိတ်ဆို့ပြီး ကျုပ်အဖေနဲ့ ကျုပ်ကို ဦးညွှတ်ရစေဖို့ ဖိအားပေးခဲ့တာမဟုတ်လား။

…

ခင်ဗျားရဲ့အဆင့်အတန်းကို အသုံးချပြီး ကျုပ်ကို ဖိနှိပ်ရတာကို သဘောကျတယ် မဟုတ်ဘူးလား။

ခင်ဗျားပဲ ကျုပ်ကို အဲဒီစက်ဆုပ်ဖို့ကောင်းတဲ့ကောင်ကို ဦးညွှတ်တောင်းပန်ရအောင် ဖိအားပေးခဲ့တာ မဟုတ်လား။

ဒီနေ့ ကျုပ်ကို ခင်ဗျားရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်! ကျုပ် ယွီစန်းလျို့က အနိုင်ကျင့်ဖို့လွယ်ကူတဲ့သူ မဟုတ်ဘူးဆိုတာကို သိအောင်ပြပေးမယ်!

သို့ဖြင့် ယွီစန်းလျို့သည် ဝူကျုံး၏မျက်နှာအား လေအဟုန်ကိုဖြိုခွင်းသော လက်ဖဝါးတစ်ချက် ပစ်လွှတ်သည်။ ဝူကျုံးသည် ဘယ်လက်ဖြင့် ရင်အုံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလျက် ညာလက်ဖြင့် ယွီစန်းလျို့၏လက်ဖဝါးကို ခက်ခက်ခဲခဲ ဖမ်းဆုပ်လိုက်သည်။ သို့သော် နောက်တဒင်္ဂတွင်မူ ယွီစန်းလျို့သည် ဝူကျုံးကို ကန်ထုတ်ပစ်လိုက်လေသည်။

ချောင်းဆိုးသံနှင့်အတူ ပါးစပ်အပြည့်သွေးတစ်ပွက် အန်ထွက်သွားရ၏။

ဝူကျုံးသည် မြေပြင်တွင် လဲကျသွားခဲ့ကာ အသက်ကို ခက်ခက်ခဲခဲ ရှူသွင်းနေရသည်။

ကျိုထုန်သည် အားရပါးရရယ်မောနေလျက် သူ၏ရူးနှမ်းနေသည့်ပုံစံမှာ လီဟုန်ဝေ့ကို သတ်ဖြတ်ခဲ့သည့် ကောင်းချစ်ရှန်းနှင့်ပင် ဆင်တူနေတော့သည်။

ခင်ဗျားကိုသတ်ဖို့ ဆုံးဖြတ်ထားတဲ့ ဒီနေ့က လက်စားချေခြင်းရဲ့ စိတ်ကျေနပ်မှုနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ နေ့လေးပဲပေါ့။

နှလုံး‌ကြွေလက်ဖဝါး!

ကျိုထုန်သည် ထိုသို့ရေရွတ်လျက် လက်ဖဝါးကိုပြန်လှန်ကာ ဝူကျုံးသို့ ဦးတည်တွန်းလိုက်သည်။

နှလုံးကြွေလက်ဖဝါးသိုင်းသည် ယွီမိသားစု၏ အထူးလျှို့ဝှက်သိုင်းဖြစ်ပြီး အလွန်နက်နဲသော သိုင်းပညာတစ်ရပ်ဖြစ်သည်။ နှလုံးသို့ရိုက်ချက်သည် နှလုံးခုန်နှုန်းကို ရပ်တန့်စေနိုင်သည်။ ပို၍ဆိုးရွားပါက ထိုလက်ဖဝါးတစ်ချက်သည် တစ်ဖက်လူ၏နှလုံးကို ပေါက်ကွဲသွားစေနိုင်ကာ ချက်ချင်း အသက်သေဆုံးစေနိုင်၏။ အလွန်တရာ ယုတ်မာရက်စက်ပေသည်။

ဝူကျုံးသည် မတ်တပ်ရပ်နိုင်ရန် ရုန်းကန်နေစဉ် သူ့ဆီသို့ တည့်တည့်ဦးတည်လာနေသော နှလုံးကြွေလက်ဖဝါးရိုက်ချက်ကို မြင်တွေ့လိုက်ရသည်။

ဝူကျုံး မှတ်မိသွား၏။

“နှလုံးကြွေလက်ဝါးသိုင်း၊ မင်းက ယွီပင်းပဲ!”

“မဟုတ်ဘူး မဟုတ်သေးဘူး။ ယွီပင်းရဲ့အရည်အချင်းက မင်းထက် ပိုနက်ရှိုင်းတယ်။ မင်းက ယွီစန်းလျို့ပဲ!”

“သူခိုးအိုကြီးရယ်၊ ခင်ဗျားဘိုးအေ ကျုပ်ဘယ်သူဆိုတာ သိသွားတော့ရော ဘာလုပ်နိုင်မှာတဲ့လဲ။ ငရဲသွားလိုက်တော့! နှလုံးကြွေလက်ဖဝါး!”

ကျိုထုန်သည် ‌‌ရက်စက်ကြမ်းကြုတ်စွာ ဟစ်ကြွေးသည်။ ဒဏ်ရာအပြင်းအထန်ရ‌ထားသော ဝူကျုံးမှာ လှုပ်ရှားနိုင်စွမ်း ကင်းမဲ့နေ၏။ အရေပြားသန့်စင်ခြင်းအဆင့် ယွီစန်းလျို့ကို ရင်ဆိုင်ရန် မဆိုထားနှင့် ဓားကိုင်ထားသည့် သာမန်လယ်သမားတစ်ဦးပင်လျှင် သူ့ကို နှစ်ပိုင်းခုတ်ဖြတ်သွားနိုင်မည့် အခြေအနေဖြစ်သည်။

ယခုကဲ့သို့ ယွီစန်းလျို့၏အင်အားနှင့် ယွီမိသားစု၏ လျှို့ဝှက်သိုင်းပညာကိုပါ ရင်ဆိုင်ရမည်ဖြစ်ရာ ဤတစ်ကြိမ်တွင် သေခြင်းတရားကို မရှောင်လွှဲနိုင်တော့ကြောင်း ဝူကျုံး နားလည်လိုက်သည်။

ဒါပေမဲ့ ငါ့လက်ထဲမှာ သွေးလင်ဇီးကို ရထားပြီးပြီ။ သားကို ကယ်တင်နိုင်ဖို့ နီးစပ်နေပြီလေ။ နည်းနည်းလေးပဲ လိုတော့တာ၊ အရမ်းနီးစပ်နေပြီ!

ဒါက ကောင်းကင်ဘုံရဲ့စီမံရာပဲလား။

ဝူကျုံးသည် ဖြစ်‌လိုရာဖြစ်စေတော့ ‌သဘောဆောင်၍ မျက်လုံးများကို ဖိမှိတ်လိုက်သည်။ ယွီစန်းလျို့၏ မျက်နှာထက်တွင် ရက်စက်ယုတ်မာသည့် အပြုံးတစ်ခု နေရာယူသွားခဲ့သည်။

“ဟားဟားဟား သူခိုးအိုကြီး သွားသေလိုက်တော့!”

ဘန်း!

ဝူကျုံး မျှော်လင့်ထားခဲ့သော နှလုံးကွဲကြေသည့် ပြင်းစွာသောနာကျင်မှုကြီး ကျရောက်မလာခဲ့ပေ။ ထိုအစား သူ၏ရှေ့နားမှ လေပြည်တစ်ချက် တိုးဝှေ့သွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ခပ်အုပ်အုပ်အသံတစ်သံကိုလည်း ကြားလိုက်ရသည်။

ထိုအခါ ဝူကျုံးသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။

ဝူကျုံးသည် ရင်းနှီးနေသည်ဟု ထင်မှတ်ရသော လူတစ်ယောက်၏နောက်ကျောပုံရိပ်ကို မြင်တွေ့လိုက်ရသည်။ သို့တိုင် ထိုလူ၏အမည်ကို စဉ်းစားမရနိုင်ဘဲ ဖြစ်နေခဲ့သည်။ ထိုလူသည်လည်း မာကျောက်ဦးခေါင်းအကာကို ဝတ်ဆင်ထားသည်လေ။

ကျိုထုန်ပဲ။

ကျိုထုန်၏မျက်နှာအမူအရာမှာ စိတ်ရှုပ်ထွေးဟန်ဖြစ်သွား၏။ အံ့အားသင့်သွားဟန်လည်း ရသည်။ ကျိုထုန်သည် ရုတ်တရက်ထွက်ပေါ်လာသော ဝူထုန်မှာ အဘယ်သူဖြစ်ကြောင်း မရေရာလေရာ ခိုးကြောင်ခိုးဝှက်ဖြင့် သူ၏နောက်ကျောရှိ အချက်ပြမြားကို လက်လှမ်းလိုက်သည်။

အချက်ပြမြားကို ပစ်လွှတ်လုနီးတွင် ဝူထုန်မှ ရုတ်တရက် စကားပြောလာ၏။

“ယွီစန်းလျို့!”

အသံကိုကြားလိုက်သောအခါ ယွီစန်းလျို့ ရပ်တန့်သွား၍ သူ၏ရှေ့ရှိ ဝူထုန်ကို ကြည့်နေခဲ့သည်။

ဒီအသံက ရင်းနှီးနေသလိုပဲ။

ထိုစဉ် ချန်ကျဲ့သည် ဦးခေါင်းအကာကို ချွတ်၍ မြေပြင်သို့ လွှင့်ပစ်လိုက်သည်။

“ချန်ကျိုစစ်?!”

ယွီစန်းလျို့သည် နေရာတွင်ရပ်နေလျက် မျက်နှာအမူအရာသည် ကြမ်းကြုတ်ခက်ထန်သွား၏။

“ငါ့အစီအစဉ်ကို ဖျက်ဆီးတာ မင်းလား!”

နောက်ဘက်ရှိ ဝူကျုံးသည်လည်း မျက်လုံးအိမ်တို့ ပြူးကျယ်လျက် အံ့အားသင့်နေပေသည်။

“ကျိုစစ်၊ ကျိုစစ် မင်းက ဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”

ချန်ကျဲ့ နောက်လှည့်မကြည့်ဘဲ ပြောလိုက်သည်။

“ဦးလေးကျုံး၊ ဦးလေးက တကယ် တစ်ဇွတ်ထိုးနိုင်တာပဲဗျာ။ တောင်ပေါ်ကို တစ်ယောက်တည်း တက်သွားရဲတယ်လို့။ ပြန်ရောက်ရင် အဒေါ်ပိုင် ဦးလေးကို ဘယ်လိုကိုင်တွယ်မလဲ ကြည့်ဦးမယ်”

ဝူကျုံး ခါးသီးစွာ ပြုံးလိုက်သည်။

“လန်အာ၊ လန်အာ အရမ်းစိတ်ဆိုးနေတယ်မလား”

ချန်ကျဲ့ ပြန်မဖြေပေ။ ယွီစန်းလျို့သည် လှောင်ရယ်၏။

“မင်း ဒီနေရာကို မိသားစုကိစ္စဆွေးနွေးဖို့ လာခဲ့ပုံပဲနော်”

ချန်ကျဲ့သည် ယွီစန်းလျို့ထံမှ အကြည့်မလွှဲပေ။

“ယွီစန်းလျို့ မင်းအမြဲ ငါ့ကိုသတ်ချင်နေတာ မဟုတ်ဘူးလား။ ငါအခု မင်းရှေ့မှာ ရပ်နေပြီလေ။ မင်းငါ့ကို ဘယ်လိုသတ်ဖို့ကြိုးစားမလဲ ငါကြည့်ပါရစေဦး”

ယွီစန်းလျို့သည် မျက်လုံးအိမ်တို့မှေးကျုံးလိုက်၏။

“ကောင်းပြီလေ။ ငါတို့ရဲ့ ကြွေးဟောင်းကြွေးသစ်တွေ အကုန်လုံးကို ရှင်းလိုက်ကြတာပေါ့”

သို့ဖြင့် ယွီစန်းလျို့နှင့် ချန်ကျဲ့တို့နှစ်ဦးစလုံးသည် တိုက်ခိုက်ရန်အသင့်အနေအထား ပြင်လိုက်ကြသည်။

ထိုအခိုက်အတန့်၏ ညအချိန်သည် ရှင်းလင်းပြတ်သားနေခဲ့ကာ တောတောင်တစ်ခုလုံးသည် ငြိမ်သက်နေခဲ့သည်။ အမျိုးသားနှစ်ဦးသည် မျက်နှာချင်းဆိုင်လျက် တစ်ဦးသည် ဘေးသို့ အနည်းငယ်စောင်းလျက် ရှေ့လက်သည် လက်ဖဝါး၊ နောက်လက်သည် လက်သီးဆုပ်အနေအထားဖြင့် အရိုအသေပြုသည့် ကိုယ်နေဟန်ထားကဲ့သို့ ရပ်တည်နေသည်။

တစ်ဦးမှာ ခြေတစ်ဖက်ကို လေထဲမြှောက်လှမ်းကာ လက်ဖဝါးအနေအထား လက်နှစ်ဖက်ကို ယှက်ထားလျက် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ထုတ်လွှတ်နေပေသည်။

ဝူကျုံးသည် ရင်ဘတ်ကို တင်းတင်းဆုပ်ကိုင်လျက် မြေပြင်တွင် မှီ၍ သူတို့နှစ်ဦးကို ကြည့်နေသည်။ ဝူကျုံးသည် ချန်ကျဲ့အတွက် စိုးရိမ်နေပါ၏။ သူသည် ချန်ကျဲ့၏သိုင်းပညာအခြေအနေကို သိထားသည် မဟုတ်ပါလော။ ချန်ကျဲ့သည် အရေပြားသန့်စင်ခြင်းအဆင့်ကို ရောက်ရှိခါစ သိုင်းပညာရှင်တစ်ဦးဖြစ်သည့်အပြင် သိုင်းပညာကိုလည်း အခြေခံမျှသာ တတ်မြောက်ထားသည်။ အခြေခံသိုင်းပညာဖြစ်သည့် ဘိုးဘေးကြီးလက်သီးသိုင်းကိုသာ တတ်မြောက်ထားခြင်းပင်။

ယွီစန်းလျို့သည် အံ့ချီးဖွယ် တိုက်ခိုက်ချေမှုန်းစွမ်းရည်ဖြင့် ချောင်ကုန်သည်အဖွဲ့၏ ထိပ်တန်းသိုင်းပညာဖြစ်သော နှ‌လုံးကြွေလက်ဝါးသိုင်းကို အသုံးပြုခြင်းဖြစ်သည်။

ဘိုးဘေးကြီးလက်သီးသိုင်းနဲ့ နှလုံးကြွေလက်ဝါးသိုင်းပြိုင်ကြမှာ အနိုင်ရဖို့ အခွင့်အရေးရော ရှိပါ့မလား။

ထိုအခိုက်အတန့်တွင် ဝူကျုံးမှာ အလွန်တရာ နောင်တရမိတော့သည်။

ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ စည်းမျဉ်းတွေကို လျစ်လျူရှုပြီး ချန်ကျဲ့ကို ငါးဆင့်လက်သီးသိုင်းကို သင်ပေးခဲ့သင့်တာ။ အဲ့လိုဆို အနည်းဆုံးတော့ ယွီစန်းလျို့နဲ့ သိုင်းကွက်နည်းနည်းလောက် ယှဉ်တိုက်နိုင်ဦးမယ်။

ထိုအတွေးဖြင့် ဝူကျုံးသည် ရင်ထိတ်သွားရကာ ချန်ကျဲ့ကို ပြောလိုက်သည်။

“ကျိုစစ်၊ အကယ်၍ အခြေအနေမကောင်းတော့ဘူးဆိုရင် ထွက်ပြေးလိုက်၊ ငါ့အတွက် စိုးရိမ်မနေနဲ့။ မင်းသာ လွတ်အောင်ထွက်ပြေးနိုင်မယ်ဆိုရင် သူတို့ငါ့ကို ဘာမှလုပ်ရဲမှာ မဟုတ်ဘူး။ မဟုတ်ရင် ငါးဖမ်းကုန်သည်အဖွဲ့တစ်ခုလုံးက သူတို့ကို အလွတ်ပေးမှာ မဟုတ်ဘူးပဲ!”

ယွီစန်းလျို့မှ တခစ်ခစ်ရယ်မောလေသည်။

“ထွက်ပြေးဖို့စဉ်းစားနေတယ်ပေါ့လေ? လွယ်ကူမှာ မဟုတ်ဘူးနော်”

ထို့နောက် ယွီစန်းလျို့မှ စတင်တိုက်ခိုက်သည်။

“ချန်ကျိုစစ် မင်းဘယ်လို ကံကောင်းပြီးတော့ အရေပြားသန့်စင်ခြင်းအဆင့်ကို ရောက်နိုင်ခဲ့လဲဆိုတာ ငါမသိဘူး။ ဒါပေမဲ့ ငါမင်းကို ပြောပါရစေ၊ အရေပြားသန့်စင်ခြင်းအဆင့်ဆိုတိုင်း အကုန်လုံးက အတူတူပဲ မဟုတ်ဘူးကွ။ ငါမင်းကို သတ်ပစ်ဖို့အတွက်က သိုင်းကွက်သုံးကွက်တောင် မလိုအပ်ဘူး!”

ယွီစန်းလျို့သည် ချန်ကျဲ့သို့ ဦးတည်၍ တစ်ဟုန်ထိုးပြေးဝင်လာနေသည်။

တိုက်ခိုက်မှု ဦးတည်လာနေပြီကို မြင်သောအခါ ချန်ကျဲ့သည် အသက်ရှူနှုန်းကို ထိန်းညှိ၍ ယန်ချွမ်ကျင့်စဉ်နှင့် ရေထိန်းချုပ်လက်ဝါးသိုင်းတို့ ပေါင်းစည်းထားသော လက်ဖဝါးရိုက်ချက်ကို ရုတ်တရက် တွန်းထုတ်‌လိုက်သည်။

ရေကာတာကြီး ပေါက်ကွဲထွက်လာသည့်အလား စွမ်းအင်လှိုင်းမှာ ပြင်းထန်လှစွာ အင်အားကြီးမားလှပေသည်။

ထိုအချိန်တွင် ယွီစန်းလျို့သည်လည်း သူ၏နှလုံးကြွေလက်ဖဝါးရိုက်ချက်ကို ချန်ကျဲ့သို့ ပစ်လွှတ်လိုက်သည်။

ထို့နောက် ချန်ကျဲ့သည် ရေထိန်းချုပ်လက်ဝါးသိုင်းအား အမြန် ထုတ်လွှတ်လိုက်သည်။

၎င်းသည် ယွီစန်းလျို့၏ နှလုံးကြွေလက်ဖဝါးရိုက်ချက်နှင့် ကွက်တိထိခတ်သွားခဲ့သည်မှာ နိုင်ထက်စီးနင်းသော ဧရာမစွမ်းအင်ကြီးနှစ်ခု အပြင်းအထန် ထိပ်တိုက် ထိခတ်သွားခဲ့သည့်အလားပင်။

All Chapters