← Chapters

အခန်း (၁၀၇)

Vol. 8 Ch. 107

အခန်း (၁၀၇)

Vol. 8 Ch. 107

ဂျွတ်!

ယွီစန်းလျို့၏မျက်နှာသည် အံ့ဩမှုကြောင့် ရုတ်ချည်း ပျက်ယွင်းသွား၏။ သူ၏လက်ဖဝါးရိုက်ချက်သည် သံမဏိပြားကြီးကို သွားရိုက်မိသည့်အလား မလှုပ်ရှားနိုင်တော့ပေ။

ချန်ကျဲ့၏လက်ဖဝါးရိုက်ချက်သည်တော့ တိုက်ကွမ်ဒိုကစားရာတွင် အသုံးပြုသည့် ကျိုးနိုင်သောအပြားနှင့် ထိခတ်မိသည့်အလား ကြွပ်ဆတ်မှုကိုသာ ခံစားရသည်။

ဂျွတ်ခနဲ အသံနှင့်အတူ ယွီစန်းလျို့၏ ညာဘက်လက်မောင်း ကျိုးသွားခဲ့သည်။

“ဘယ်လို ဘယ်လိုဖြစ်နိုင်မှာလဲ!”

ယွီစန်းလျို့၏အသွေးအရောင်မှာ သိသိသာသာပြောင်းလဲသွား၏။ အံ့ဩမှု၊ ကြောက်ရွံ့မှု၊ ပြင်းစွာသော‌နာကျင်မှုတို့ အားလုံးစုဆုံသွားခဲ့ရာ အကြီးအကျယ် မျက်နှာပျက်ယွင်းသွားတော့သည်။

ဘယ်လိုဖြစ်နိုင်မှာလဲ။ ချန်ကျိုစစ်က ဘယ်တုန်းက အရမ်းတော်သွားတာလဲ။ ဒါက ဘယ်လို မိစ္ဆာသိုင်းကြီးလဲ ဒီလောက်ကြောက်ဖို့ကောင်းတဲ့ အင်အားကြီးကို ပိုင်ဆိုင်ထားတာ?

ဘာတွေဖြစ်ကုန်တာလဲ!

ဝူကျုံးသည်လည်း အလွန်တရာ အံ့ဩနေခဲ့သည်။ သူသည် ဒဏ်ရာအပြင်းအထန်ရထားသော်ငြား ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၏ မျက်လုံးစွမ်းအင်မှာ ကျန်ရစ်နေဆဲဖြစ်၏။ ချန်ကျဲ့၏လက်ဖဝါးရိုက်ချက်သည် ဘိုးဘေးကြီးလက်သီးသိုင်းမဟုတ်ဘဲ သူမမြင်တွေ့ဖူးသည့် လက်ဝါးသိုင်းတစ်မျိုးဖြစ်ကြောင်း သိလိုက်ပေသည်။

ချန်ကျဲ့က ဘယ်တုန်းက လက်ဝါးသိုင်းသင်လိုက်တာလဲ။

ဝူကျုံး၏မျက်နှာမှာ အံ့ဩမှု၊ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေ‌သည်။ ချန်ကျဲ့ အနိုင်ရခြင်းကို ပျော်ရွှင်သော်ငြား ယွီစန်းလျို့ကို အနိုင်ရခဲ့လျှင်သော်မှ သူတို့ကို သတ်ဖြတ်ရန် စောင့်ဆိုင်းနေသော အခြားသူများရှိသေးသောကြောင့် စိုးရိမ်‌နေခဲ့သည်။

သို့သော် ဝူကျုံး ဆက်လက်မတွေးနိုင်မီ၌ ယွီစန်းလျို့သည် သူ၏ခါးနောက်ကျောတွင် ညှပ်ထားသော အချက်ပြမြားကိုယူရန် လက်လှမ်းသည်။

“ချန်ကျိုစစ် လှည့်ကွက်တွေ သုံးရဲတယ်ပေါ့လေ!”

“မင်းကိုယ်တိုင်က ညံ့ဖျင်းတာကိုပဲ ဝန်ခံလိုက်စမ်းပါ။ ဘာလို့ ဆင်ခြေတွေပေးနေတာတုန်း!”

ချန်ကျဲ့သည် ယွီစန်းလျို့အား အချက်ပြမြားကိုယူရန် အခွင့်အရေး မပေးချေ။ ယွီစန်းလျို့ လက်လှမ်းလိုက်ချိန်တွင် ချန်ကျဲ့သည် ရှေ့သို့‌တစ်ဟုန်ထိုး ပြေးသွား၏။

အခြေခံအဆင့် ရေထိန်းချုပ်လက်ဝါးသိုင်းသည် ယန်ချွမ်ကျင့်စဉ်နှင့် ရူးလောက်အောင် ပေါင်းစည်းသွားခဲ့ပြီး ယွီစန်းလျို့သို့ ဦးတည်သွားသည်။ ၎င်းကိုမြင်သောအခါ ယွီစန်းလျို့မှာ နှလုံးကြွေလက်ဖဝါးရိုက်ချက်ကို အသည်းအသန် ထုတ်လွှတ်လိုက်ရပေသည်။

နှလုံးကြွေလက်ဝါးသိုင်းသည် အလွန်အထင်ကြီးဖွယ်ကောင်းလှသော လက်ဝါးသိုင်းဖြစ်သည်။ ထိုလက်ဝါးသိုင်းကို အောင်မြင်မှုကြီးအဆင့်သို့ ရောက်ရှိသည်အထိ လေ့ကျင့်နိုင်ပါက အမှောင်စွမ်းအင်အဆင့်သို့ ရောက်ရှိနိုင်သည်ဟု ဆိုကြသည်။ ထင်ရှားသော၊ အင်အားကြီးမားသော သိုင်းပညာတစ်မျိုးဖြစ်ပြီး သိုင်းလောက၏ ‌ဘိုးဘေးကြီးလက်သီးသိုင်းမှ ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။

ကံဆိုးစွာဖြင့် ယွီစန်းလျို့ရင်ဆိုင်တွေ့ရသည်မှာ ဘိုးဘေးကြီးလက်သီးသိုင်း မဟုတ်ပါဘဲ အလွန်တရာထူးခြားသော ရေထိန်းချုပ်လက်ဝါးသိုင်း ဖြစ်နေခဲ့သည်။

ချန်ချွမ်းကျင့်စဉ်မှ ဆင်းသက်လာခဲ့သော ရေထိန်းချုပ်လက်ဝါးသိုင်းသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ထက် သာလွန်သော သိုင်းကျင့်စဉ်တစ်ခုဖြစ်သည်။ သီးသန့်အကဲဖြတ်သည့်တိုင် ရေထိန်းချုပ်လက်ဝါးသိုင်းသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာဖြစ်ပေသည်။

ဟွမ်ကျိုးစီရင်စု၏ အရာရှိတစ်ဦးဖြစ်သော ဟယ်ချွမ်တင်းရွှမ်းသည်လည်း ဤသိုင်းပညာကို အသုံးပြု၍ နီဝမ့်ကျွင်းကို ဒဏ်ရာရစေခဲ့သည်။ နီဝမ့်ကျွင်းသည် ဒဏ်ရာရထားပြီးသည့် အခြေအနေဖြစ်သည့်တိုင် နီဝမ့်ကျွင်းလို အတွင်းအားနက်ရှိုင်းသူကို အပြင်းအထန်ဒဏ်ရာရစေနိုင်ခဲ့သော အချက်သည် ရေထိန်းချုပ်လက်ဝါးသိုင်း၏ ထူးခြားမှုကို ဖော်ပြနေပေသည်။

ထို့ပြင် ထိုအချိန်က တင်းရွှမ်းသည် ယန်ချွမ်ကျင့်စဉ်ကို မသိပေ။ ရေထိန်းချုပ်လက်ဝါးသိုင်းနှင့် လိုက်ဖက်ညီသော အတွင်းအားကျင့်စဉ်ကို အသုံးပြုခြင်းမရှိခဲ့၊ ထို့ကြောင့် အင်အားလျော့နည်းပေသည်။

သို့သော် ချန်ကျဲ့သည် ယန်ချွမ်ကျင့်စဉ်နှင့် ရေထိန်းချုပ်လက်ဝါးသိုင်းကို ပေါင်းစပ်အသုံးပြုခဲ့သည်။

၎င်းအင်အားသည် အတော်လေး အံ့ဩထိတ်လန့်ဖွယ်ပင်။

ပထမလက်ဖဝါးရိုက်ချက်တွင် ချန်ကျဲ့သည် ယွီစန်းလျို့၏ ဘယ်လက်ကို ချိုးနိုင်ခဲ့ကာ ဒုတိယမြောက်ရိုက်ချက်တွင် ယွီစန်းလျို့၏ရင်ဘတ်ကို ရိုက်နိုင်ခဲ့၍ နှလုံးခုန်နှုန်း ရပ်တန့်သွားစေခဲ့သည်။ ထို့နောက် တတိယမြောက်ရိုက်ချက်တွင်မူ ယွီစန်းလျို့၏ မေးရိုးကို ပင့်ရိုက်လိုက်ခြင်းဖြင့် ယွီစန်းလျို့အား နောက်လန်လွင့်ထွက်သွားစေခဲ့သည်။

ထိတ်လန့်တုန်လှုပ်ဖွယ် အင်အားကြီးသည် ယွီစန်းလျို့အား မေးရိုးကျိုးသွားစေကာ မြေပြင်သို့ လွင့်ထွက်ပြုတ်ကျသွားခြင်းတွင် ကျောရိုးမကြီးကို ကျိုးသွားစေခဲ့သည်။ ယွီစန်းလျို့မှာ ကြယ်တွေ၊လတွေ မြင်သွားရပြီး မူးနောက်နေသောကြောင့် မြေပြင်မှ ပြန်မထနိုင်ဘဲ ဖြစ်နေရသည်။

တစ်ပြိုင်နက်တည်းပင် လည်မျိုကို ဆွဲညှစ်ခံလိုက်ခြင်းအား ခံစားလိုက်ရ၏။

အာ့ အာ့…

ထိုအချိန်တွင် ယွီစန်းလျို့၏မျက်လုံးများမှာ သွေးရောင်လွှမ်းလျက် အမြင်အာရုံ ယာယီပျောက်သွားခဲ့သည်။ သို့သော် ထိတ်ထိတ်ပျာပျာဖြင့် စကားပြောရန် ကြိုးစားနေပေသည်။

သို့သော် မေးရိုးကျိုးထားသောကြောင့် စကားလုံးများကို ရှင်းလင်းအောင် မပြော‌နိုင်တော့ပေ။

ယွီစန်းလျို့မှာ ဗလုံးဗထွေးဖြင့် ညည်းတွားရန်သာ တတ်နိုင်လေသည်။

“ချန်ကျို…စစ်၊ မင်းငါ့ကို သတ်ရဲရင် မင်း… ပြန်ပေးဆပ်ရလိမ့်မယ်!”

“ဘယ်လိုတောင် ပါးစပ်ပုပ်ကြီးလဲကွာ”

ချန်ကျဲ့သည် စကားအပိုပြောမနေဘဲ သူ၏လည်မျိုကို ညှစ်ချေပစ်လိုက်သည်။ ယွီစန်းလျို့သည် မြေပြင်တွင် အကြိမ်အနည်းငယ်မျှ ရုန်းကန်လွန့်လူးနေပြီးနောက် အသက်ရှူရပ်သွားခဲ့သည်။

ယွီစန်းလျို့သေသွားသည့် မြင်ကွင်းတွင် ချန်ကျဲ့၏စိတ်အခြေအနေမှာ ဘယ်လောက်မျှ ကောင်းမသွားခဲ့ပေ။ သူတို့ကို ရန်သူများ ဝန်းရံနေသေးပေသည်။

ထို့ပြင် ယွီစန်းလျို့၏သေဆုံးမှုသည် ယွီပင်းကို အပြစ်ပြုလိုက်ပြီးကြောင်း သံသယဖြစ်ဖွယ် မရှိပေ။ ချန်ကျဲ့သည် ယွီပင်းအား အနိုင်တိုက်နိုင်ရန် မသေချာပေ။

ရေထိန်းချုပ်လက်ဝါးသိုင်းနှင့် ယန်ချွမ်ကျင့်စဉ်များသည် အားကောင်းသော်ငြား ချန်ကျဲ့သည် အချိန်ခဏမျှသာ လေ့ကျင့်ထားခဲ့ခြင်း‌ဖြစ်သည်။ အရေပြားသန့်စင်ခြင်းအဆင့် ယွီစန်းလျို့နှင့် ရင်ဆိုင်ရခြင်းအား သူ ယုံကြည်ချက်ရှိသော်ငြား ယွီပင်းသည်တော့ မတူပေ။ အရေပြားသန့်စင်ခြင်းအ‌ဆင့်တွင် ဆယ်စုနှစ်ကျော်သည့်တိုင် ရှိနေခဲ့သူဖြစ်ပြီး နှလုံးကြွေလက်ဝါးသိုင်းအား နက်နက်ရှိုင်းရှိုင်း လေ့ကျင့်ထားသူဖြစ်ပေသည်။

ချန်ကျဲ့တွင် ယွီပင်းနှင့် ရင်ဆိုင်ရန်အတွက် တိကျသေချာသည့် ယုံကြည်ချက်မရှိပေ။

ထို့ပြင် တောင်ပေါ်တွင် သင်္ဘောခေါင်းဆောင်ကြီးနှင့် ချောင်ကုန်သည်အဖွဲ့သား နှစ်ဆယ်ကျော်ခန့်လည်း ရှိနေသေးသည်။ ထိုသို့လူအင်အားကို သူတစ်ဦးတည်းဖြင့် ကိုင်တွယ်နိုင်ရန် မသေချာပေ။

ခုနက လက်ဖဝါးရိုက်ချက်သုံးချက်သည် သူ၏အင်အား၏ သုံးပုံတစ်ပုံကို သုံးစွဲပြီးဖြစ်၏။

လက်ဖဝါးတစ်ချက်စီတိုင်းအတွက် လိုအပ်သည့်အင်အားမှာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ချန်ကျဲ့သည် ခံစားချက်များကို စုစည်းလိုက်သည်။ ထိုစက်ဆုပ်ဖွယ် မြွေပွေးကောင်ကို ရင်ဆိုင်ပြီးသောအခါ အနည်းဆုံးတော့ သူ၏စိတ်ထဲတွင် စိတ်သက်သာရာရသွားခဲ့ကြောင်း ဝန်ခံရပေမည်။ ယွင်ကျင်းကို တခြားသူ ပစ်မှတ်ထားမည့်အရေးအား စိုးရိမ်ရန် မလိုအပ်တော့ပေ။

ဤသို့အမြင်ဖြင့်ကြည့်သော် ယွီစန်းလျို့ကို သတ်ဖြတ်ခဲ့ခြင်းအတွက် အကောင်းမြင်မိပေသည်။

ထိုစဉ် ဝူကျုံးသည် အံ့အားသင့်နေ၏။ ဝူကျုံးသည် မြေပြင်ရှိ ယွီစန်းလျို့၏အလောင်းကိုကြည့်သည်။ ထို့နောက် အံ့ဩမှုအတိုင်းသားထင်ဟပ်နေသော မျက်လုံးများဖြင့် ချန်ကျဲ့ကိုကြည့်ပြန်သည်။

ယွီစန်းလျို့က အဲဒီလိုပဲ အသတ်ခံလိုက်ရပြီလား။

ပြီးတော့ အဲဒီလက်ဝါးသိုင်းက ဘာကြီးလဲ။ လေပွေလိုပဲ လက်ဝါးရိုက်ချက် တစ်ချက်စီတိုင်းက တစ်ချက်ထက်တစ်ချက် ပိုပြင်းထန်ပြီး ပိုကြီးစိုးနိုင်တယ်။

နွေဦးရာသီ၏ အေးစက်လျင်မြန်သော မိုးပြေးလိုခံစားချက်ဖြင့် အားကောင်းသည့် ဖိနှိပ်မှုခံစားချက်ကို ထုတ်လွှတ်နေပေသည်။

‌ဘိုးဘေးကြီးလက်သီးသိုင်းမှာ ထိုလက်ဝါးသိုင်းနှင့် မည်သို့မျှ မယှဉ်နိုင်ပေ။

ယွီမိသားစု၏ နှ‌လုံးကြွေလက်ဝါးသိုင်းသည် အမှောင်စွမ်းအင်အဆင့် သိုင်းပညာဖြစ်သည်။ သို့သော် ချန်ကျဲ့၏လက်ထဲတွင် ကလေးကစားစရာကဲ့သို့ ထင်မှတ်ရ၏– ချန်ကျဲ့ရဲ့ လက်ဝါးသိုင်းက အမှောင်စွမ်းအင်အဆင့်ထက် သာလွန်တာများလား။ ‌စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာများလား။

ဘယ်လိုဖြစ်နိုင်မှာလဲ!

ဝူကျုံးသည် ချန်ကျဲ့ကို ကောင်းကောင်းသိ၏။

ချန်ကျဲ့က ဘယ်လိုလုပ်ပြီး စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာကို သိနေရတာလဲ။

အဓိပ္ပာယ်မရှိဘူး၊ လုံးဝ အဓိပ္ပာယ်မရှိဘူး!

လွန်ခဲ့တဲ့ လဝက်ကပဲ ချန်ကျဲ့က ဘာသိုင်းပညာမှ မသိသေးဘူးလေ။ ဟုန်အာသင်ပေးတဲ့ ဘိုးဘေးကြီးလက်သီးသိုင်းကိုတောင် သေချာတတ်မြောက်သေးတာ မဟုတ်ဘူးကို။

သို့သော် လဝက်ကြာပြီးနောက်၌ ချန်ကျဲ့သည် ရုတ်ချည်းပြောင်းလဲသွား၏။ အရေပြားသန့်စင်ခြင်းအဆင့် သိုင်းပညာရှင် ယွီစန်းလျို့ကို လက်ဖဝါးရိုက်ချက်သုံးချက်ဖြင့် သတ်ပစ်နိုင်ခဲ့လေသည်– ဒီအကြောင်းကို ပြောပြရင်တောင် ဘယ်သူက ယုံကြည်ပါ့မလဲ။

ဒီချန်ကျိုစစ်က ငါသိထားတဲ့ချန်ကျိုစစ်ရော ဟုတ်သေးရဲ့လား။

All Chapters