ကွမ်းရှင်းထင်၏ ထိတ်လန့်မှု၊ စံသခင်ကို ကြမ်းကြုတ်ခက်ထန်စေခြင်း (၂)
Vol. 26 Ch. 493
သူနှင့် ရှန်းရူယန်တို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့၏ စိတ်ထဲမှ ခန့်မှန်းမှုက တစ်ချိန်တည်း၌ လျှပ်တစ်ပြက်ဖြစ်ပေါ်လာသည်။
ဘွန်း…..
ရုတ်တရက် ဖန်းထျန်းစံသခင်၏ခေါင်းမှ အရွယ်အစားကြီးမားသော ပုဆိန်တစ်ခု ထွက်လာသည်။
ထိုပုဆိန်သည် ကောင်းကင်နှင့် မြေကြီးကိုပင် ခုတ်ပိုင်းနိုင်သော စွမ်းအားရှိပုံပေါ်ကာ လွမ်းမိုးနိုင်၍ ပြတ်သားသည့် သတ်ဖြတ်ခြင်းရည်ရွယ်ချက်များ ပါဝင်နေသည်။
ထိုအချိန်၌ ကျန်းချန်ရွှမ်၏ဘေးမှ ကွမ်းရှင်းထင်နှင့် အခြားနှစ်ယောက်သည် ထိုကြီးမားသည့် ပုဆိန်ကိုသာ ကြည့်နေကြသည်။
သူတို့၏ ဓမ္မစွမ်းအင်နှင့် ရှေးဦးဝိဉာဉ်သည် အေးခဲသွားပုံရသည်။
သူတို့သည် လုံးဝ မတုံပြန်နိုင်တော့ပေ။
“ဟွန်း……”
ထိုအချိန်၌ ကျန်းချန်ရွှမ်က နှာမှုတ်လိုက်သည်။
ခနအကြာတွင် သူ၏ခန္ဓာကိုယ်တွင်းမှ အထွတ်အထိပ်အခြေတည်ဝိဉာဉ် သည် ရုတ်တရက် မျက်စိပွင့်လာသည်။
ကြောက်မက်ဖွယ်ကောင်းသည့် ဓမ္မစွမ်းအင်သည် ရေပန်းကဲ့သို့ ပွင့်အန်ထွက်လာသည်။
ထိုနေရာတွင် ဒေါင်ဟူသောအသံမျိုး မြည်လာသည်။
ကျန်းချန်ရွှမ်၏ ရွှေဗလာဓားသည် ထောင်ပေါင်းများစွာရှည်သည့် ဓားအလင်းအဖြစ် ပြောင်းသွားပြီး ကြီးမားသည့် ပုဆိန်ကို ပြင်းထန်စွာ တိုက်လိုက်သည်။
“ဘွန်း…”
ချက်ချင်းပင် ထိုဓားနှင့် ပုဆိန်တို့ တိုက်လိုက်သည့်အချိန်တ္ငင် ပြင်းထန်သည့် ရောင်ခြည်များက ရုတ်တရက်ထွက်လာကာ နေရောင်၏ တောက်ပမှုကို ကိုယ်စားပြုနေသလိုပင်။
အောက်၌ရှိသည့် ပင်လယ်က ရုတ်တရက် ဘန်းဟူသောအသံနှင့် ပေါက်ကွဲသွားကာ ပေပေါင်း တစ်ထောင်ခန့်ရှည်သော ကြီးမားသည့် လှိုင်းများ ဖြစ်ပေါ်စေခဲ့သည်။
ဘန်း…..
သို့သော်လည်း ထိုအချိန်တွင် ပထမဆုံးစတင်တိုက်ခိုက်သည့် ဖန်းရှန်းစံသခင်က ကြီးမားသည့် တွန်းအားဖြင့် ပင်လယ်ထဲသို့ ရိုက်ချခံလိုက်ရသည်။
သူဆင့်ခေါ်ခဲ့သော ကြီးမားသည့် ပုဆိန်က မသိနိုင်သော အကွာအဝေးသို့ပင် လွင့်သွားခဲ့လေသည်။
ဘယ်လိုဖြစ်တာလဲ?
အဝေး၌ ကျောက်နဂါးစံသခင်နှင့် အဇူရာကောင်းကင်စံသခင်တို့သည် ကျန်းချန်ရွှမ်နှင့်အခြားသူများကို အာရုံစိုက်နေကြကာ သူတို့၏ရုပ်၌ ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ပေါ်လာခဲ့သည်။
တစ်ချိန်တည်း၌ပင်။
ကျန်းချန်ရွှမ်က မရပ်ပေ။
သူသည် လက်ကိုမြောက်လိုက်ကာ သူ၏လက်ချောင်းများကို ဆုပ်လိုက်သည်။
အထွတ်အထိပ်အခြေတည်ဝိဉာဉ်၌ ပိုင်ဆိုင်သည့် အင်အားကောင်းသော ဓမ္မစွမ်းအားများကို ထိုရွှေရောင်ဗလာဓားထဲသို့ သွင်းလိုက်သည်။
ကျီ……ကျီ….ကျီ..
ချက်ချင်းပင် ရွှေရောင်ဗလာဓား၏ အလင်းက ပိုမို၍ တောက်ပလာသည်။
ထက်သည့် ဓားစွမ်းအင်က မြေပေါ်တွင် ပက်ကြားအက်သည်အထိ ထိုးခွဲလိုက်သည်။
ကွမ်းရှင်းထင်နှင့် အခြားသူနှစ်ယောက်က ပြောစရာစကားပင်မရှိတော့အောင် ထိတ်လန့်သွားသည်။
“သွား”
နောက်ဆုံးတွင် ကျန်းချန်ရွှမ်က ညွှန်ပြလိုက်သည်။
ရွှေရောင်ဗလာဓားက ရုတ်တရက် ကြီးမားပြီးတောက်ပသည့် ဓားအလင်းအဖြစ် ပြောင်းလဲသွားသည်။
ဘွန်း….
ကြီးမားသည့် အပေါက်သည် ချက်ချင်းပင် ပင်လယ်၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။
ရွှေရောင်အလင်းသည် ဒီရေကဲ့သို့ လိမ့်တက်လာသည်။
“အား…..”
တစ်ချိန်တည်း၌ လူတိုင်း၏နားထဲတွင် ရုတ်တရက်အော်သံတစ်ခု ထွက်လာခဲ့သည်။
ကျန်းချန်ရွှမ်က ပင်လယ်ထဲသို့ ပစ်လိုက်သော ဖန်းထျန်းစံသခင်သည် သွေးများနှင့် ဖုံးလွှမ်းနေသည်။
သူ၏ လက်တဖက်က ပျောက်ကွယ်သွားပြီးဖြစ်သည်။
ပြောစရာမလိုအောင်ပင် ကျန်းချန်ရွှမ်၏ ယခုတိုက်ခိုက်မှု၏ ရလဒ်ပင်ဖြစ်ကြောင်း သေချာသည်။
သူ၏လက်ရှိစွမ်းအင်သည် ထိုမျှလောက် လွမ်းမိုးနိုင်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားပါ။
ဝါရင့် အခြေတည်ဝိဉာဉ်ဖြစ်သော ဖန်းထျန်းစံသခင်သည်ပင် သူနှင့် မယှဉ်နိုင်ပေ။
ကွမ်းရှင်းထင်က ခံစားချက်များ ရောထွေးနေသည်။
ထိုအချိန်တွင် နက်ရှိုင်းသည့် အနက်ရောင်အလင်းက ကျန်းချန်ရွှမ်ကြောင့် ဒဏ်ရာရသွားသည့် ဖန်းထျန်းစံသခင်ထံမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သာမန်ထပ်လွန်ကဲသော ဆိုးယုတ်၍ အရူးထကာ ဖောက်ပြန်မူမမှန်သည့် အရောင်အဝါက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
သူ၏အင်အားသည်လည်း ထိုပြောင်းလဲမှု၏အောက်မှ အလွန်အမင်းတိုးတက်လာခဲ့ပုံပေါ်သည်။
“ဘာလဲဟ…?”
ကွမ်းရှင်းထင်နှင့်အခြားသူများ၏အမူအရာက ပြောင်းလဲသွားရသည်။
သူတို့သည် မယုံနိုင်စွာ မျက်လုံးများပြူးကျယ်နေကြသည်။
“ဟီးဟီး…….. ဟီးဟီးဟီး…”
ထိုအချိန်၌ ဖန်းရှန်းစံသခင်သည် ရုတ်တရက် ထူးဆန်းကာ အန္တရာယ်ပြုတော့မည့်ရယ်သံနှင့် ရယ်လိုက်သည်။
သူ့မျက်လုံး၌ချက်ချင်းပင် အနီရင့်ရောင် ရောင်ခြည်များထွက်နေကာ သူသည် ကျန်းချန်ရွှမ်နှင့် အခြားသူများဖက်သို့ လှည့်ကြည့်လိုက်သည့်အချိန်၌ ၎င်းတို့သည် ရက်စက်ကာ ယုတ်မာသည့် အကြည့်များနှင့် ပြည့်နေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ထူးခြားစွာ တည်ငြိမ်နေသည်။
ဖန်းထျန်းစံသခင်၏ ကြမ်းကြုတ်ခက်ထန်သော နတ်ဆိုးအသွင်ပြောင်းလဲသွားခြင်းက သူတို့အတွက် ချိန်ခြောက်မှု မည်မည်ရရ မဖြစ်ခဲ့ကြောင်း ပြော၍ မရပေ။
ထိုအစား ဤအခြေအနေသည် သူတို့၏နှလုံးသားထဲ၌ အရေးကြီးသော အချက်ပြတစ်ခုလို မြည်ဟိန်းသွားသည်။
ယခင်က ဟန်တုန်းပင်းနှင့် တာအိုမှော်ဝင်မြစ် ပြီးနောက် အခု ဖန်းထျန်းစံသခင် ဖြစ်သည်။
အကယ်၍ ဖန်းထျန်းစံသခင်လည်း ထိုကဲ့သို့ဖြစ်ခဲ့လျှင် အဝေးတွင်ရှိသော ကျောက်နဂါးစံသခင်နှင့် အဇူရာ စံသခင်တို့သည်လည်း…………..
ထိုအတွေးသည် သူတို့၏စိတ်ထဲသို့ လျှပ်တစ်ပြက်ဝင်လာသည်နှင့် သူတို့သည် အဝေး၌ ကျယ်ပြောခြင်းမြစ် စံသခင်ကို တိုက်ခိုက်နေသော ကျောက်နဂါးစံသခင်နှင့် အဇူရာ စံသခင်တို့သည်လည်း အနက်ရောင်အလင်းများ ထုတ်လွတ်လာသည်ကို မြင်လိုက်ရသည်။
အလွန်ဆိုးယုတ်သော နတ်ဆိုးအရောင်အဝါသည် ရုတ်တရက် ထွက်လာသည်။
၎င်းနှင့် အတူ သူတို့၏မျက်လုံးများကလည်း အနီရင့်ရောင်ပြောင်းသွားသည်။
မျှော်လင့်ထားသလိုပင်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ မျက်လုံးများမှေးသွားသည်။
စုစုပေါင်း စံသခင်ငါးယောက် ကူးစက်သွားခဲ့သည်။
၎င်းသည် သူတို့ ယခုချိန်ထိ ရင်ဆိုင်နေရသောအရာဖြစ်သည်။ သူတို့ရင်မဆိုင်ရသေးသည့် သို့ မသိသေးသည့် အရာမည်မျှရှိသေးပါသနည်း?
ထို့အပြင် ထိုနတ်ဆိုးအဖြစ် ကူးစက်မှုသည် အခြေတည်ဝိဉာဉ်ကျင့်ကြံသူများကိုသာ ပစ်မှတ်ထား ဦးတည်နေသည်ဟု မည်သူအာမခံနိုင်ပါသနည်း?
အကယ်၍ ထိုအခြေအနေက ဆက်ဖြစ်နေပြီး အခြေတည်ဝိဉာဉ်အဆင့်အောက်မှ ကျင့်ကြံသူများကိုပါ သက်ရောက်လာလျှင် ဖြစ်ပေါ်လာမည့် အရာက တွေးကြည့်လို့ပင်မရပါ။
ယခင်က စံသခင် ရွမ်းယန်သည် နတ်ဆိုးကပ်ဘေးသည် နှစ် ၁၀၀ကြာအပြီးတွင် ထွက်ပေါ်လာမည်ဟု ပြောခဲ့သည်။
သို့သော်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အတွက် နတ်ဆိုးကပ်ဘေးက စတင်နေပြီဖြစ်သည်။
အကယ်၍ သူတို့သည် ရူးမိုက်စွာ ထိုအခြေအနေအား ဆက်ဖြစ်ခွင့်ပေးလိုက်လျှင် ..
နှစ်ပေါင်း ၁၀၀ အကြာတွင် သူတို့သည် ပြင်ပကမ္ဘာမှ နတ်ဆိုးကျင့်ကြံသူများကို ရင်ဆိုင်ရမည် သာမကပဲ သူတို့၏ကမ္ဘာ၌ပင် နတ်ဆိုးအဖြစ်ပြောင်းလဲသွားသော ကျင့်ကြံသူများကိုပါ ရင်ဆိုင်ရလိမ့်မည်။
ဘွန်း…..
ထိုအချိန်တွင် နတ်ဆိုးအဖြစ်ပြောင်းလဲသွားသော ဖန်းထျန်းစံသခင်၏ ကြီးမားသည့် ပုဆိန်က ရုတ်တရက် အနက်ရောင်မှင်များနှင့် စွန်းထင်းခဲ့သည်။
ကွမ်းရှင်းထင်နှင့်အခြားသူများ၏ နားထဲ၌ အရေတွက်နိုင်သော သရဲများနှင့် ဝံပုလွေများ အဆက်မပြတ် အော်မြည်နေသံကို ကြားနေရကာ သူတို့အား စက်ဆုပ်ရွံရှာဖွယ် ခံစားချက်ကို ပေးနေသည်။
***