ကွမ်းရှင်းထင်၏ ထိတ်လန့်မှု၊ စံသခင်ကို ကြမ်းကြုတ်ခက်ထန်စေခြင်း (၃)
Vol. 26 Ch. 494
သူတို့၏ ခန္ဓာကိုယ်များသည် မထိန်းချုပ်နိုင်လောက်အောင် ယိမ်းထိုးနေကြသည်။
ပင်လယ်ထဲသို့ ကျတော့မည့်ဆဲဆဲတွင် သူတို့၏ဘေး၌ရှိသော ရှန်းရူယန်က ရုတ်တရက် သူ၏ လက်ဖဝါးထဲမှ မိုးကြိုးအလင်းဖြင့် မြင့်တင်ပေးလိုက်သည်။
တဖြောက်ဖြောက် မြည်သွားသည်။
ချည်နှောင်ထားသည့် အလင်းရောင်များသည် သူတို့၏ခေါင်းပေါ်၌ လင်းလက်သွားသည်။
ချက်ချင်းပင် သူတို့၏နားထဲ အော်မြည်နေသည့် ကြောက်မက်ဖွယ်ကောင်းသည့် ညည်းညူသံများက ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင်။
နတ်ဆိုးဦးခေါင်း၏ ပုံရိပ်သည် သိပ်သည်းသော နတ်ဆိုးချီစွမ်းအင်များဖြင့် အဆိပ်အတောက် ဖြစ်နေသော ကြီးမားသည့် ပုဆိန်၏ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
ထိုပုဆိန်၏ အင်အားသည် ယခင်ထပ် နှစ်ဆထပ်မက သန်မာသွားခဲ့သည်။
၎င်းသည် ကျန်းချန်ရွှမ်၏ ခေါင်းကို အင်အားအပြည့်ဖြင့် ဟက်တက်ခွဲရန် လုပ်နေသည်။
ကျန်းချန်ရွှမ်၏ မျက်လုံး၌ ဝင်းလက်နေသည့်ထက်သည့်အရာက လျှပ်တပြက်ဖြတ်သွားခဲ့သည်။
ပြီးနောက် သူ၏ခန္ဓာကိုယ်က ရုတ်တရက် ပျံဝဲတက်သွားခဲ့ကာ သူ၏ နောက်တွင် ဧကရာဇ်၏ပုံရိပ်ယောင်က တဖြည်းဖြည်း မြင့်တက်လာသည်။
ခန့်ညားထည်ဝါ၍ မြင့်မြတ်ထူးကဲသည့် အရောင်အဝါကရုတ်တရက် သူ့ထံမှ ထွက်ပေါ်လာခဲ့သည်။
ဘွန်း…
သူသည် ကြီးမားသော လက်သီးဖြင့် ထိုးလိုက်သည်နှင့် ထိုဧရိယာအတွင်းမှ ကောင်းကင်တစ်ခုလုံးသည် တော်ဝင်သည့် ကြီးကျယ်ခမ်းနားခြင်းပုံရိပ်များနှင့် ပြည့်သွားလေသည်။
၎င်းသည် ကြောက်ရွံ့ရိုသေစိတ်ကို ပေါ်ပေါက်စေသည်။
သူ၏ ခေါင်းပေါ်သို့ ရောက်နေသော ကြီးမားသည့်ပုဆိန်ကြီးသည် ကျန်းချန်ရွှမ်၏ လက်သီးနှင့် တိုက်မိပြီး ချက်ချင်း နားအူမတတ်ဆူညံသော အသံက ထွက်ပေါ်လာခဲ့သည်။
ခနကြာသော် ပုဆိန်မှ ဆွဲဆွဲငင်ငင် အော်မြည်နေသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
ပုဆိန်ပေါ်မှ နတ်ဆိုးချီစွမ်းအင်သည် ပျက်ပြယ်သွားသည်။
သူ၏ အဓိကခန္ဓာကိုယ်နှင့် ၎င်းသည် ၅၀ ကီလိုမီတာ အဝေးသို့ပင် ပို့လွတ်ခံလိုက်ရသည်။
“ဘာလဲဟ?”
ဖန်းထျန်းစံသခင်၏ အမူအရာက ထိုအခြင်းအရာကိုမြင်သည်နှင့် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။
သို့သော်လည်း ဤအချိန်တွင် ကျန်းချန်ရွှမ်သည် သူ့အား နောက်ထပ်တစ်ကြိမ် စတင်တိုက်ခိုက်နိုင်ရန် အခွင့်အရေးမပေးတော့ပေ။
သူသည် ရှေ့သို့ခြေတစ်လှမ်း တိုးလိုက်သည်။
သူ၏နောက်မှ ကြီးမားသည့် ဧကရာဇ်ပုံရိပ်ယောင်က ထပ်မံ၍ ပေါ်ထွက်လာသည်။
အင်အားကြီးသော လက်သီးချက်များ အဆက်မပြတ်ထွက်ပေါ်နေသည်။
ဖန်းထျန်းစံသခင်သည် နောက်ဆုတ်နေရကာ သွေးများလည်း ယိုစီးနေသည်။
သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်သည့် အရိုးအက်ရာများဖြင့် ဖုံးလွမ်းနေသည်။
“မင်းကသေခြင်းကို ဖိတ်ခေါ်နေတာပဲ”
“ရပ်လိုက်”
အဝေးမှ ကြည့်နေသည့် ကျောက်နဂါးစံသခင်နှင့် အဇူရာကောင်းကင်စံသခင်တို့သည် မတည်ငြိမ်နိုင်တော့ပေ။
သူတို့ နှစ်ဦးသည် ဟိန်းဟောက်လိုက်ကာ ကျယ်ပြောခြင်းမြစ်စံသခင်ကို စွန့်ပစ်လိုက်ကာ ကျန်းချန်ရွှမ်ဆီသို့ အမြန်လာနေသည်။
ဘွန်း….
သို့သော်လည်း သူတို့နှစ်ဦး မချည်းကပ်လာမှီ၌ပင် ကျန်းချန်ရွှမ်၏နောက်မှ ဧကရာဇ်ပုံရိပ်ယောင်က လျပ်တပြက်ပေါ်လာပြီး အခြားကြီးမားသည့် နဂါးနှင့် ဆင်ပုံတို့ပါ ပေါ်လာခဲ့သည်။
ချက်ချင်းပင် ယခင်ကထပ် အဆပေါင်းများစွာ သန်မာသော လက်သီးချက်များက ဖန်းထျန်းစံသခင်၏ ခန္ဓာကိုယ်အား ချေမှုန်းလိုက်သည်။
ဘန်းဟူသောပေါက်ကွဲသံက ထွက်လာသည်။
ဖန်းထျန်းစံသခင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင် အစိတ်စိတ်အမြွာမြွာ ကွဲသွားသည်။
“အားးးး……….”
အော်ဟစ်သံနှင့်အတူ ကွဲသွားသော ခန္ဓာကိုယ်ထဲမှ လက်ဖဝါးအရွယ် အနက်ရောင်အခြေတည်ဝိဉာဉ်က ထွက်လာလေသည်။
သူသည် အရဲစွန့်ကာပျံသန်းတော့မည်အပြုတွင် ရွှေရောင်ချီဓားက သူအားရုတ်တရက် ဖြတ်သွားသည်။
“ငါလက်မခံနိုင်ဘူး…”
အမျက်ထွက်နေသည့် အော်သံနှင့်အတူ ဖန်းထျန်းစံသခင်၏ နတ်ဆိုးအခြေတည်ဝိဉာဉ်သည် ခုတ်ပိုင်းခံလိုက်ရကာ သူ၏ဝိဉာဉ်ချီသည် ကောင်းကင်တစ်ခွင် ပြန့်ကျဲသွားသည်။
ဝှစ်
ကြီးမားသည့် ဝိဉာဉ်ချီသည် ချက်ချင်းပင် လိမ့်တက်လာပေသည်။
လူတိုင်းက မနေနိုင်ပဲ ထိတ်လန့်နေကြတော့သည်။
အခြေတည်ဝိဉာဉ်နယ်ပယ် စံသခင် တစ်ယောက်က အဲ့လိုပဲ သေဆုံးသွားတာလား?
ကျောက်နဂါးစံသခင်နှင့် အဇူရာစံသခင်တို့သည် လျှင်မြန်စွာလာနေရင်း မြည်ဟိန်းကာ သူတို့၏ ခန္ဓာကိုယ်များသည် လျှင်မြန်စွာ ပြောင်းလဲသွားသည်။
သိပ်သည်းသည့်နတ်ဆိုးချီသည် သူတို့၏ပတ်လည်တွင် လှိုင်းလုံးကဲ့သို့ ကာစီးထားလေသည်။
သူတို့၏မျက်လုံးများသည် အနီရင့်ရောင်မှ တစ်ဖြည်းဖြည်းပို၍ နက်မှောင်လာသည်။
“သေစမ်း”
ဝှစ်…..
ရုတ်တရက် လေထဲတွင် ရှည်လျားသည့်လှံတစ်ချောင်းက နတ်ဆိုးချီများဖုံးလွမ်းနေကာ လေကို ထိုးခွင်းလာကာ ကျန်းချန်ရွှမ်၏ နဖူးတည့်တည်ကို ချိန်ရွယ်ကာလာနေသည်။
တစ်ချိန်တည်း၌ပင် ပျံသန်းနေသည့် ဓားတစ်ချောင်းက အဇူရာကောင်းကင်စံသခင်၏ ခေါင်းပေါ်မှ တစ်ဟုန်ထိုး ဖြတ်သန်းလာသည်။
အလင်းဓားအလွှာများသည် တစ်ထပ်ပြီးတစ်ထပ် ဖြစ်လာပြီး ဓားကွန်ရက်အဖြစ်ပြောင်းလဲသွားကာ မခွဲခြားပဲ ကျန်းချန်ရွှမ်ရှိနေသော ဧရိယာတစ်ခုလုံးကို ပစ်လွတ်လိုက်သည်။
သူက ကျန်းချန်ရွှမ်းအပါအဝင် လူတိုင်းကို အပိုင်းပိုင်းထိခုတ်ပိုင်းပစ်ရန် ရည်ရွယ်ထားပုံရလေသည်။
အုန်း..အုန်း
သို့သော် ထိုအချိန်တွင် အစ၌ ကြားဝင်ခြင်းမရှိသော ရှန်းရူယန်က ရုတ်တရက် လှုပ်ရှားလိုက်သည်။
သူမသည် လက်ကို မြောက်လိုက်သည်။
သူမ၏ မူလဓမ္မရတနာဖြစ်သည့် မိုးကြိုးဆင်းတံဆိပ်တော်က ချက်ချင်း အကန့်အသတ်မဲ့ မိုးကြိုးသွားများ အဖြစ် ပြောင်းလဲသွားကာ ထိုနှစ်ဦး၏ တိုက်ခိုက်မှုများကို ရင်ဆိုင်လိုက်သည်။
ကောင်းကင်၌ မျက်စိကျိန်းစေသော မိုးကြိုးသွားများဖြင့် ပြည့်နှက်သွားသည်။
ကျယ်လောင်သည့် ထစ်ချုန်းသံများက လူတိုင်း၏နားထဲတွင် မရပ်မနားပဲ့တင်ထပ်နေသည်။
ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားက ကျောက်နဂါးစံသခင်၏ လှံနှင့် အဇူရာကောင်းကင်စံသခင်၏ ဓားပျံ များအား မှေးမှိန်သွားစေကာ လူနီးပါးဖြစ်နေပုံရသည့် နာကျင်မှုနှင့် အော်မြည်သံများက ထွက်ပေါ်လာသည်။
“စစ်မှန်သော မိုးကြိုးဓာတ် ရတနာ…. ဘယ်လို …. ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?”
ရှင်းလင်းစွာပင် ကျောက်နဂါးစံသခင် သာမက အဇူရာကောင်းကင်စံသခင်သည်လည်း ကျန်းချန်ရွှမ်၏ဘေးမှ မိန်းကလေးကျင့်ကြံသူအား အခြေတည်ဝိဉာဉ်စံသခင်ပင် ဖြစ်ကြောင်း မမျှော်လင့်ထားပါ။
ထို့အပြင် သူမသည် ဆန်းကြယ်သည့် မိုးကြိုး၌ကျွမ်းကျင်သည့် စံသခင် ဖြစ်နေခဲ့သည်။ “ယောကျာ်း၊ ပြဿနာတွေရှုပ်လာမှာကို ရှောင်ဖို့ တစ်ယောက်ချင်းဆီကို တာဝန်ယူလိုက်ကြပြီး အမြန်ပြီးအောင် လုပ်လိုက်ကြတာပေါ့”
ထိုအချိန်တွင် ရှန်းရူယန်၏ အသံကို ရုတ်တရက် ကျန်းချန်ရွှမ်၏ နားထဲတွင် ကြားလိုက်ရသည်။
သူမ၏ စကားများကို ကြားလျှင် ကျန်းချန်ရွှမ်က ချက်ချင်းပင် ခေါင်းငြိမ့်လိုက်သည်။
ခနအကြာတွင် ကျန်းချန်ရွှမ်၏ ပုံရိပ်သည် အလွန်ထက်သည့် အလင်းဓားကို ကျောက်နဂါးစံသခင်ဖက်သို့ လှည့်လိုက်ကာ ဟက်တက်ခွဲစေလိုက်သည်။
ကျောက်နဂါးစံသခင်က ကျန်းချန်ရွှမ်က သူအားပစ်မှတ်ထားရန် ကြိုတင်မျှော်မှန်း မထားခဲ့သော ကြောင့် သူ၏မျက်နှာက ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ လျပ်တစ်ပြက် ပေါ်သွားသည်။
ခနအကြာတွင် သူသည် သူ၏ လက်ချောင်းသုံးချောင်းကို ကိုက်လိုက်သည်။
ဂျွတ်…ဂျွတ်
ကြီးမား၍ အနီရင့်ရောင်မြူများက ရုတ်တရက် သူ့ရှေ့တွင် ပေါ်လာသည်။
ထို့အပြင် ၎င်းနှင့်အတူ ယှဉ်တွဲကာ ပုံမှန်မဟုတ်သည့် ကြောက်မက်ဖွယ် ဖြစ်သော လူစိတ်ကင်းနေသည့် ဟိန်းသံက ဆက်၍ ထွက်လာသည်။
ဝှစ်…ဝှစ်…
ရုတ်တရက် ရက်စက်သောနတ်ဆိုး လက်သုံးချောင်းက အနီရောင် မြူများမှ ပျံထွက်လာကာ ကျန်းချန်ရွှမ် ပြောင်းလဲထားသော အလင်းဓားအား ဖမ်းဆုပ်လိုက်သည်။
“မင်းက သေချင်နေတာပဲ”
ကျန်းချန်ရွှမ်၏ မျက်လုံးများ၌ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်သည့် လျပ်တပြက် ဖြတ်သွားသည်။
သူ၏ခန္ဓာကိုယ်တွင်းမှ အထွတ်အထိပ် အခြေတည်ဝိဉာဉ်က ရုတ်တရက် လှုပ်ရှားသွားခဲ့သည်။
ခနအကြာတွင် သူပြောင်းလဲထားသည့် အလင်းဓား၏ စွမ်းအင်က ၃၀ရာခိုင်နှုန်းထိ တိုးလာခဲ့သည်။
တစ်ချိန်တည်း၌ ပန်ကာပုံစံငါးရောင်ခြယ် အလင်းက ချက်ချင်း ကျောက်နဂါးစံသခင်၏ နတ်ဆိုး လက်သုံးချောင်းကို ဖြတ်သွားသည်။
အဆုံးအစမဲ့ အငြိုးအတေးများနှင့် နတ်ဆိုးစွမ်းအင်များဖြင့် ပြည့်နေသည့် နတ်ဆိုးလက်သုံးချောင်းနှင့် ကျောက်နဂါးစံသခင်၏ စွမ်းအားများက ရုတ်တရက် ၃၀ရာခိုင်နှုန်းထိ လျော့ကျသွားသည်။
ကျောက်နဂါးက အံ့အားသင့်သွားသည်။
ဘာတွေဖြစ်သွားတာလဲ?
ထို့အပြင် သူသည် ထိုအရာအားလုံးကို နားမလည်သေးခင်၌ပင် ကျန်းချန်ရွှမ် ဖွဲ့စည်းထားသည့် ချွန်ထက်သော အလင်းဓားက နတ်ဆိုးလက်သုံးချောင်းနှင့် ထပ်တိုက်တွေ့တော့သည်။
***