နောက်ထပ်သက်တန့်ရောင်ကျောက်စိမ်းပြား၊ ပြင်းထန်သောအခြေအနေ၊ ရွှေမီးဖိုဂိုဏ်းကို ဝင်ရောက်ခြင်း
Vol. 26 Ch. 495
ဂျုန်း…ဂျုန်း
အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည့် ပေါက်ကွဲသံက ရုတ်တရက် ပဲ့တင်ထပ်သွားသည်။
ကြီးမားသည့်မှိုပွင့်သဏ္ဍန်တိမ်ထုများသည် ရွှေရောင် အနက်ရောင်နှင့် အနီရောင်တို့ ရောယှက်ကာ ကောင်းကင်ပေါ်တွင် ပျံဝဲနေပြီး အမြန်ပင် ဗဟိုတူစက်ဝိုင်းများအတွင်း ကျယ်ပြန့်လာသည်။
ကြီးမားသည့်မှိုပွင့်သဏ္ဍန် တိမ်ထုထဲတွင် မျက်စိကျိန်းစေသည့် အလင်းဓားက လှိုင်းတွန့်အလွှာများကို ထိုးခွဲကာ လူတိုင်း၏ ရှေ့တွင် ပြန်၍ ပေါ်လာခဲ့သည်။
“ဘာလဲဟ?”
ကျောက်နဂါး၏ အမူအရာက ပြင်းထန်စွာပြောင်းလဲသွားသည်။
သိရမည်မှာ သူသည် ယခုပင် ထိုတိုက်ခိုက်ခြင်းတွင် အင်အား အစွမ်းကုန်သုံးထားခြင်းဖြစ်သည်။
နောက်ဆုံးတွင် ကျန်းချန်ရွှမ်အား ပြင်းထန်စွာဒဏ်ရာမရစေနိုင်ပဲ ကြည့်ရသည်မှာ ကျန်းချန်ရွှမ်က တစ်စိုးတစ်စိမှပင် ဒဏ်ရာမရသွားပါ။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ဘွန်း…..
ကျောက်နဂါးစံသခင်က ကြောင်အနေစဉ်မှာပင် ကျန်းချန်ရွှမ်၏ လက်ထဲတွင် ရွှေမီးဖိုတစ်ခု ပေါ်လာသည်။
သူသည် ထိုရွှေမီးဖိုအား ကျောက်နဂါးစံသခင်ဖက်သို့ ဦးတည်၍ ပစ်လွှတ်လိုက်သည်။
ချက်ချင်းပင် ရွှေမီးဖိုက ကြီးမားလာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ပေ ၁၀၀၀ ရှည်ကာ ကျောက်နဂါးစံသခင်အား ဖိနှိပ်ထားလေသည်။
ကျောက်နဂါးစံသခင်၏ ဒေါသက ထပ်မံ၍ ထွက်လာသည်။
သူ၏ခန္ဓာကိုယ်မှ အနက်ရောင် နတ်ဆိုးချီစွမ်းအင်က ပေါက်ကွဲထွက်လာသည်။
ထို့ပြင် ယခုတစ်ကြိမ်တွင် အနက်ရောင်နတ်ဆိုးချီသည် အရာအားလုံးကို တမြည့်မြည့် ယိုယွင်းပျက်စီးစေသည်ဟု မှတ်ယူနိုင်ပုံရသည်။
အထူးသဖြင့် အနက်ရောင်နတ်ဆိုးချီစွမ်းအင်မှ ပျံထွက်လာသော လှံ၌ ဖြစ်သည်။
မနှိုင်းယှဉ်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးဦးခေါင်းပုံစံသည် လှံ၏ထိပ်တွင် ပေါ်ထွက်နေကာ ရွှေမီးဖိုထံသို့ မကျေမချမ်းဖြစ်သည့် မြည်တမ်းသံများ ထုတ်လွှတ်နေသည်။
“ဟိန်းဟောက်သံ”
အဝေးသို့ နောက်ဆုတ်ထားပြီးဖြစ်သော ကွမ်းရှန်းထင်နှင့် အခြားသူများသည် ထိုမြင်ကွင်းကိုမြင်လျှင် သူတို့အမူအရာများ ပြောင်းလဲကုန်ကြသည်။
သို့သော်လည်း သူတို့က သူ့အား သတိမပေးရသေးမီတွင် ရွှေမီးဖိုမှ အရှိန်အဟုန်ပြင်းပြင်းနှင့် မီးတောက်များသည် ရုတ်တရက် ထွက်လာခဲ့သည်။
ထိုမီးတောက်များက ရွှေရောင်ရှိပြီး စွမ်းအားကြီးသည့် ယန် စွမ်းအင်ကို သယ်ဆောင်ထားသည်။
ဘွန်း…
အနက်ရောင်နတ်ဆိုးချီစွမ်းအင်က လှိမ့်တက်လာကာ လှံပတ်ပတ်လည်တွင် ရစ်ပတ်သွားပြီး ရုတ်တရက် ရေခဲနှင့်နှင်းများ ကဲ့သို့ခဲသွားကာ ရဲရဲတောက်ပူနေသည့် နေနှင့် တွေ့ဆုံသွားသည်။
လှံထိပ်တွင်ပေါ်လာသော နတ်ဆိုးခေါင်း၏ပုံစံက နှိပ်စက်ခြင်းကိုခံနေရသကဲ့သို့ ပုံမမှန်သည့် ထင်ယောင်ထင်မှားဖြစ်လာစေသည်။
“စစ်မှန်သောနေမီးတောက် အဲ့တာတကယ်ပဲ စစ်မှန်သောနေမီးတောက်ပဲ”
ထိုအချိန်၌ ကျောက်နဂါးစံသခင်သည် နောက်ဆုံး၌ ထိတ်လန့်စွာ အော်လိုက်လေသည်။
သူ၏မျက်လုံး၌ ကြောက်ရွံသည့် အရိပ်အယောင်များကို တွေ့မြင်နေရသည်။
ဘန်း….
ခွပ်….
တစ်ချိန်တည်း၌ပင်။
ကျန်းချန်ရွှမ်၏ မူလစစ်မှန်သောရတနာဖြစ်သည့် ရွှေရောင်ဗလာဓားသည် ထပ်မံ၍ ဟက်တက် ခွဲလိုက်သည်။
တောက်ပသည့် အလင်းဓားသည် စစ်မှန်သော နေမီးတောက်ထဲတွင် နစ်မြုပ်နေသည့် နတ်ဆိုးမီးတောက်လှံကို ခုတ်ပိုင်းလိုက်ကာ ဝမ်းနည်းပူဆွေးသော ငိုသံကို ထွက်ပေါ်လာစေခဲ့သည်။
လှံတစ်ခုလုံးတုန်လှုပ်နေသည်။
နောက်ဆုံး၌ ချက်ကနဲ မြည်သံပေါ်သွားသည်။
လှံပေါ်တွင် ခေါင်းအစခြေအဆုံး ရှည်လျားသည့် အက်ကြောင်းပေါ်လာခဲ့သည်။
နောက်ဆုံးတွင် ဘန်းဟူသောမြည်သံနှင့်အတူ လှံတစ်ခုလုံးသည် ထာဝရလောင်မြိုက်နေမီးဖိုထဲတွင် စုပ်ယူခံလိုက်ရသည်။
ကလန်ဟူသောမြည်သံနှင့် မီးဖို၏အဖုံးကပိတ်သွားသည်။
လှံမှ လှုပ်ရှားမှုထပ်မရှိတော့ပေ။
“အား…….”
တစ်ချိန်တည်း၌ပင်။
ရုတ်တရက် ကျောက်နဂါးစံသခင်၏ ပါးစပ်အပြည့် အနက်ရောင်သွေးများ အန်ထွက်လာသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ရီနေကာ ဒဏ်ရာရနေသည်မှာ သိသာနေသည်။
ထိုအရာကို မြင်လျှင် ကျန်းချန်ရွှမ်က မတုံ့ဆိုင်းနေပါ။
ဧကရာဇ်၏ပုံရိပ်ယောင်နှင့် နဂါးနှင့် ဆင်တို့၏ ပုံရိပ်ယောင်တို့က ပေါ်လာသည်။
ချက်ချင်း သူ၏ ကိုယ်တစ်ခုလုံးသည် ပေ ၅၀ အမြင့်ထိ လိမ့်တက်လာပြီး မယုံနိုင်စရာကောင်းကာ ရှိန်စရာကောင်းလောက်သည့် စွမ်းအင်က ကျောက်နဂါးကို ဖိလိုက်ကာ ရှောင်တိမ်းဖို့ရန် အခွင့်အရေး မပေးတော့ပါ။
လက်သီးတစ်ချက်က သူ၏ခန္ဓာကိုယ်ပေါ်ရောက်လာသည်။
ဘွန်း….
ကျောက်နဂါးစံသခင်သည် ယခုမှ ပစ်လိုက်သော အမြောက်ကဲ့သို့ပင်။ သူသည် အသံ၏အရှိန်နှင့် နောက်ဖက်သို့ ပစ်ထုတ်ခံခဲ့ရလေသည်။
ထိုအခြေအနေတွင် သူ၏ခန္ဓာကိုယ်က ဖရဲသီးကဲ့သို့ ပေါက်ကွဲသွားသည်။
“အားးးးးးးးး”
သူ၏အနက်ရောင်အခြေတည်ဝိဉာဉ်က လွတ်သွားသည်နှင့် အင်အားကြီးသော နတ်ဆိုးနိုင်ရောင်ဝါမှ တစ်စဆီဆုတ်ဖြဲခြင်းကိုခံလိုက်ရသည်။
သူကထိုနေရာတွင်ပင် သေသွားသည်။
ခွပ်….
တစ်ချိန်တည်း၌ပင်။
မိုးကြိုးလှံက အပြာရောင် ငွေရောင် အစိမ်းရောင်နှင့်အနီရောင် တို့နှင် ရစ်ပတ်ထားသည့် မိုးကြိုးလှံက အဇူရာကောင်းကင် စံသခင်၏ ခန္ဓာကိုယ်သို့ ထိုးဝင်သွားပြီး သူမ၏ ခန္ဓာကိုယ်အား အစိတ်စိတ်အမြွာမြွာဖြစ်သွားစေသည်။
လက်ဖဝါးအရွယ် အနက်ရောင် အခြေတည်ဝိဉာဉ်က အဝေးတွင် လွတ်မြောက်ဖို့ကြိုးစားနေသည် သို့သော် သူမအား စောင်ကြိုနေသည့်အရာမှာ ကြောက်မက်ဖွယ်ကောင်းသည့် တလက်လက် တောက်ပနေသော အလင်းဓား ငါးရောင်ခြယ်မိုးကြိုးတို့ပင်ဖြစ်သည်။
“အားးးးးးးး”
-ချုန်း ချုန်း…….
ရက်စက်ကြမ်းကြုတ်သော ဝိဉာဉ်ချီ ဒီရေနှစ်ခုသည် ပတ်ဝန်းကျင်တွင် လိမ့်တက်လာသည်။
၎င်းအား ကွမ်းရှင်းထင်နှင့် အခြားသူများက ၎င်းတို့၏မျက်လုံးနှင့်မျက်မြင်တွေ့ခဲ့ရကာ အချိန်ကြာသည် အထိ အံ့ဩထိတ်လန့်မှုကို ပြန်လည် ထိန်းသိမ်းနိုင်စွမ်းမရှိခဲ့ပေ။
အထူးသဖြင့် ကွမ်းရှင်းထင်ပင်ဖြစ်သည်။
အခုထိပင် ကျောက်နဂါးစံသခင်နှင့် အဇူရာကောင်းကင်စံသခင်တို့ကို သတ်ဖြတ်ခဲ့သောမြင်ကွင်းကို သူမ၏မျက်လုံးထဲကပင် မထွက်သေးပေ။
အဲ့တာက အရမ်းထိတ်လန့်စရာကောင်းတာပဲ
ယခုမှရောက်လာသော ကျယ်ပြောခြင်းမြစ်၏ စံသခင်သည်ပင် သူ၏ထိတ်လန့်မှုကို မထိန်းထားနိုင်တော့ပေ။
သူသည် တကယ်ပင် စံသခင်သုံးဦးကို သတ်ဖြတ်နိုင်လိမ့်မည်ဟု မထင်ထားပါ။
ထိုအင်အားသည် သူ့ထပ် အများကြီး ပို၍သာလွန်နေသည်။
ထို့အပြင် သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အကြောင်းကို သိနေသည်။
ကွမ်းရှင်းထင်က ကျယ်ပြောခြင်းမြစ်၏ ဝိဉာဉ်ကျွန်းကို ပြန်ရောက်သောအခါ သူတို့နှစ်ဦးအား သူကခေါ်ပေးခဲ့သည်။
မမျှော်လင့်ပါပဲ နှစ်ပေါင်းများစွာကုန်လွန်ပြီးနောက် သူတို့နှစ်ဦးက တော်တော်လေးပင် အဆင့်မြင့်တင်နိုင်နေပြီဖြစ်သည်။
၎င်းသည် မယုံနိုင်စွာကောင်းလှသည်။
ကျယ်ပြောခြင်းမြစ်၏ စံသခင်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အပြေးလာကာ သူ၏လက်များ လက်ခုပ်တီးကာ ကျေးဇူးစကားပြောခဲ့သည်။
“ခင်ဗျားရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်…”
***