သက်တန့်ကျောက်စိမ်းပြား နောက်တစ်ခု၊ ပြင်းထန်သောအခြေအနေ၊ ရွှေမီးဖိုဂိုဏ်းကို ဝင်ရောက်ခြင်း (၂)
Vol. 26 Ch. 496
မဟုတ်ရင် ကျယ်ပြောခြင်းမြစ်ရဲ့ ဝိဉာဉ်ကျွန်းတစ်ခုလုံးက ဒီနေ့ရှိနိုင်တော့မှာ မဟုတ်ဘူး”
ကျယ်ပြောခြင်းမြစ်စံသခင်၏ စကားကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ပြုံးလိုက်ကာ ခေါင်းကိုခါလိုက်သည်။
“တာအိုရောင်းရင်း ကျယ်ပြောခြင်းမြစ်စံသခင် ရပါတယ်”
ကျန်းချန်ရွှမ်က ပြောလိုက်သည်။
“ဒါနဲ့ တာအိုရောင်းရင်း ကျယ်ပြောခြင်းမြစ်စံသခင်၊ ခင်ဗျား ကျောက်နဂါးစံသခင်နဲ့ အခြား နှစ်ယောက်အကြောင်းကို ဘယ်လောက်သိလဲ? သူတို့မှာ ဘာတွေဖြစ်ခဲ့တာလဲ”
ကျယ်ပြောခြင်းမြစ်စံသခင်၏ အမူအရာက ကျန်းချန်ရွှမ်၏ မေးခွန်းကိုကြားလျှင် တည်ကြည်သွားသည်။
သူက “အဲ့အကြောင်းကိုပြောရရင် ထျန်းဖန်းဝိဉာဉ်ကျွန်းက မိတ်ဆွေတစ်ယောက်က ကျွန်တော့ကို တစ်ခုခုပြောဖူးတယ်”
“ဟမ်?”
ကျယ်ပြောခြင်းမြစ်စံသခင်၏ စကားများကို ကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သိချင်လာကြသည်။
ကျယ်ပြောခြင်းမြစ်စံသခင်က ဆက်ပြောသည်။
“ကျွန်တော့်မိတ်ဆွေကလည်း ကျင့်ကြံသူတစ်ယောက်ပဲ။ သူက သတ္တုကြောပေါက်ကွဲခြင်း ကိုလေ့လာနေတာ။ ပြီးတော့လည်း သူက မြင့်မားတဲ့ စွမ်းဆောင်ရည်တွေကို ရထားတယ်။ တစ်ချိန်တုန်းက ကောင်းကင်ဘုံရေသလင်းကျောက်မိုင်းတွင်းကို စောင့်ကြပ်ဖို့ တာဝန်ကျတော့ ရုတ်တရက် မူမှန်တာကို ရှာတွေ့ခဲ့တယ်။ ဒါကြောင့် သူတာဝန်ကျတဲ့ နေရာကို ဂရုတစိုက် စူးစမ်းလေ့လာခဲ့တယ်။
နောက်ဆုံးတော့ သူက စံသခင်သုံးဦးတိုက်ခိုက်ပြီး ရယူလိုတဲ့ ကောင်းကင်ဘုံရေသလင်းကျောက် မိုင်းတွင်းဟာ လှည့်ဖျားထားတဲ့ အကြံအစည်တစ်ခု သပ်သပ်ပဲဆိုတာ ရှာတွေ့ခဲ့တယ်။
အရေးကြီးဆုံးအချက်က အဲ့ဒီမိုင်းတွင်းအတုဟာ သတ္တုကြော ဖောက်ခွဲခြင်းမှာ မကျွမ်းကျင်တဲ့ ရွှေအမြူတေကျင့်ကြံသူတွေကို အလွယ်တကူ လှည့်ဖျားနိုင်တယ်။ ပဏာမ အခြေတည်ကျင့်ကြံသူတွေတောင် သူတို့သေချာအနီးကပ် မစစ်ဆေးရင် လှည့်ဖျား ခံရနိုင်တယ်။ ဒါမဲ့ အခြေတည်ဝိဉာဉ်စံသခင်တွေကိုတော့ ဘယ်လိုဖြစ်ဖြစ် လှည့်ဖျားဖို့ မဖြစ်နိုင်ဘူး။ ဒါမဲ့လည်း ပြဿနာက အခု အခြေတည်ဝိဉာဉ်စံသခင်တွေကပါ အဲ့သလင်းကျောက်မိုင်းတွင်းကို အစစ်လို လုပ်နေတာပဲ။
ဒါက အရမ်းကို မူမမှန်ဘူး။
မိတ်ဆွေက သူ့ကိုယ်သူ ကာကွယ်ဖို့ ကျွန်တော့်နားကို လာခဲ့ပြီး သူရဲ့ ရှာဖွေတွေ့ရှိချက်တွေကို ပြောပြခဲ့တယ်။ ကံဆိုးစွာနဲ့ သူအားလုံးကိုပြောပြပြီး ရက်နည်းနည်းလောက်က ရုတ်တရက် ကျွန်တော့ရဲ့ ကျွန်းပေါ်မှာ သေသွားခဲ့တယ်။ ပြီးတော့ ကြည့်ရတာ သူရဲ့သေဆုံးမှုက ကျိန်စာမိသွားသလိုပဲ။
ကျုပ်ချက်ချင်းပဲ တစ်ခုခုမှားနေတာကို သတိပြုလိုက်မိတယ်။ ကျုပ်တစ်ခုခုလုပ်တော့မဲ့အချိန်မှာ ကျောက်နဂါးနဲ့ အခြားနှစ်ယောက်က ကျုပ်ကို လာသတ်ကြတယ်။ ပြီးတော့လည်း သူတို့မှာ အဆင့် ၅ အစီအရင်ဖောက်ပုတီးစေ့ တွေရှိကြတယ်လေ။ နောက်ပိုင်း ဘာဖြစ်သွားလဲဆိုတာတော့ ခင်ဗျားတို့ ကိုယ်တိုင်မြင်တဲ့အတိုင်းပါပဲ”
“ကျုပ်မြင်ပါတယ်”
ကျယ်ပြောခြင်းစံသခင်၏ ရှင်းပြချက်ကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့သည် နောက်ဆုံး၌ ကျယ်ပြောခြင်းမြစ်စံသခင်ကို ထိုသုံးယောက်က တိုက်ခိုက်သည့်အကြောင်းရင်းကို နားလည် သွားသည်။
ပြီးနောက် မေးခွန်းက ကျောက်နဂါးနဲ့တခြားသူတွေက ဒီကိစ္စတွေကို တမင်သပ်သပ် ဘာလို့လုပ်ရတာလဲ?
ပြီးတော့ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ?
ထိုအတွေးနှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က မတတ်နိုင်ပဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ပြီးနောက် ဖန်းထျန်းစံသခင် ကျောက်နဂါးစံသခင်နှင့် အဇူရာကောင်းကင် စံသခင်တို့၏ သိုလှောင်လက်စွပ်များကို ချွတ်ယူလိုက်ကြသည်။
မကြာမှီ ထိုသိုလှောင်လက်စွပ်များထဲ၌ သက်တံ့ကျောက်စိမ်းစာလိပ် များကိုတွေ့ခဲ့ရသည်။
ကျယ်ပြောခြင်းမြစ်စံသခင်နှင့် ကွမ်းရှင်းထင်တို့က ထိုသက်တံ့ရောင်ကျောက်စိမ်းပြားများကို မြင်သည်နှင့် သိချင်နေကြသည်။
သိသာစွာ သူတို့က ထိုပစ္စည်း၏ ထူးခြားချက်ကို မသိကြပေ။
ခွပ်…
ရုတ်တရက် ရှန်းရူယန်၏ လက်ဖဝါးထဲမှ မိုးကြိုးသွားထွက်လာကာ ကျန်းချန်ရွှမ်၏ လက်ထဲမှ ကျောက်စိမ်းစာလိပ်ကို ပတ်ရံလိုက်သည်။
ကျယ်ပြောခြင်းစံသခင်နှင့်ကွမ်းရှင်းထင်တို့က ထိတ်လန့်သွားသည်။
“တာအိုရောင်းရင်း မင်းဘာလုပ်တာ…?”
သူမပြီးသေးမှီပင် ရှန်းရူယန်နှင့် ကျန်းချမ်းရွမ်တို့၏ လက်ထဲမှ သက်တံ့ကျောက်စိမ်းစာလိပ်က ရုတ်တရက် အနက်ရောင်သို့ပြောင်းသွားသည်။
သိပ်သည်းသည့် နတ်ဆိုးချီသည် ၎င်းကို ခြံရံထားပြီး ကြည့်ရသည်မှာ ထွင်းဖောက်နိုင်သည့် အံ့ဩဖွယ်ကောင်းသည့် ခံစားမှုရှိသည့် စူးစူးဝါးဝါးအော်မြည်သံများကို ထုတ်လွတ်နေသည်။
“ဘာဖြစ်တာလဲ?”
ကျယ်ပြောခြင်းမြစ်စံသခင်နှင့် ကွမ်းရှင်းထင်က ထိုဖွင့်ချလာသည့်အရာကိုမြင်ကာ ထိတ်လန့် သွားကြသည်။
လွန်ခဲ့သောတစ်စက္ကန့်ခန့်က ထိုကျောက်စိမ်းစာလိပ်သည် ကြည့်ရသည်မှာ အထင်ကြီးစရာကောင်းသည့် ရှေးဟောင်းကျောက်စိမ်းစာလိပ် တမျိုးဖြစ်ပုံရကာ နောက်တစ်စက္ကန့်အကြာတွင် နတ်ဆိုးချီများဖြင့် ပြည့်နေသည့် ကျောက်စိမ်းစာလိပ် ဖြစ်လာခဲ့သည်။
အကယ်၍ ထိုကျောက်စိမ်းစာလိပ်ကို သူတို့၏နဖူးပေါ်တွင် တင်လိုက်ပြီး အကြောင်းအရာများကို ဖတ်ရန် ကြိုးစားလိုက်သည်နှင့် ဘာဖြစ်လာမလဲ အရူးသည်ပင် ခန့်မှန်းနိုင်ပါလိမ့်မည်။
ကျောက်နဂါးစံသခင်နှင့် ဖန်းထျန်းစံသခင်တို့က ချီလမ်းကြောင်းလွဲခြင်းကို ခံစားခဲ့ရသည်မှာ ထိုကျောက်စိမ်းစာလိပ်ကို ဖတ်ရင်းနှင့် ဖြစ်လိမ့်မည်။
ထိုကဲ့သို့တွေးပြီးနောက် ကျယ်ပြောခြင်းမြစ်စံသခင်နှင့် ကွမ်းရှင်းထင်က အရိုးထဲထိပင် စိမ့်သွားသည်ကို ခံစားလိုက်ရသည်။
အထူးသဖြင့် ကျယ်ပြောခြင်းမြစ်စံသခင်ပင်ဖြစ်သည်။
သူသည် ကျောက်စိမ်းစာလိပ်ဆီမှထွက်ပေါ်နေသည့် နတ်ဆိုးချီသည် သူတို့ကဲ့သို့ အခြေတည်ဝိဉာဉ် ကျင့်ကြံသူများအား ပစ်မှတ်ထားနေကြောင်း ရှင်းလင်းစွာ ခံစားမိနေသည်။
အကယ်၍ ကျောက်စိမ်းစာလိပ်သည် သူထံသို့ရောက်လာခဲ့လျှင် သူသည် လည်း မတတ်နိုင်ပဲ စစ်ဆေးကြည့်မည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်.
ဘွန်း…
ရှန်းရူယန်၏ လက်ဖဝါးမှ မိုးကြိုးက ပို၍ပို၍ သန်မာလာခဲ့သည်။
ကျောက်စိမ်းစာလိပ် သုံးခုသည် နောက်ဆုံး၌ မခံနိုင်တော့ပေ။
ဆက်တိုက် ဘန်းဟူသည့်မြည်သံများ ထွက်လာခဲ့သည်။
ကျောက်စိမ်းစာလိပ်သုံးခုသည် အမှုန်ကဲ့သို့ ပြောင်းသွားကာ လွင့်စင်ပပျောက်သွားသည်။
ကျယ်ပြောခြင်းမြစ်စံသခင်က ထိုအရာကိုတွေ့လျှင် မချုပ်တည်းထားနိုင်တော့ပေ။
သူက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ကြည့်ကာ မေးလိုက်သည်။
“တာအို ရောင်းရင်းတို့ ဒါက…?”
“ဒါက အဆိပ်အတောက်ပစ္စည်းပါ”
“အဆိပ်အတောက်ပစ္စည်း?”
ကျယ်ပြောခြင်းမြစ်စံသခင်နှင့် ကွမ်းရှင်းထင်တို့ ကြောင်အနေကြသည်။
ကျန်းချန်ရွှမ်က ခေါင်းငြိမ့်လိုက်သည်။
ဘာကိုမှ မဖုံးကွယ်ပဲ သူသည် ကျယ်ပြောခြင်းမြစ်စံသခင်နှင့် အခြားသူများအား ပြန်ပြောပြလိုက်တော့သည်။
***