သက်တန့်ကျောက်စိမ်းပြား နောက်တစ်ခု၊ ပြင်းထန်သောအခြေအနေ၊ ရွှေမီးဖိုဂိုဏ်းကို ဝင်ရောက်ခြင်း (၃)
Vol. 26 Ch. 497
ကျယ်ပြောခြင်းစံသခင်၊ ကွမ်းရှင်းထင်နှင့် အခြားသူများက ထိုအကြောင်းကိုကြားလျှင် သူတို့၏ နှလုံးသားက ကသောင်းကနင်း ဖြစ်သွားခဲ့ကြသည်။
သူတို့သည် အဆိပ်အတောက်ပစ္စည်းအား ထိုကဲ့သို့ပုံစံဖြစ်ရန် မမျှော်လင့်ခဲ့မိကြပေ။
အရေးကြီးဆုံးအချက်မှာ ဒဏ္ဍာရီလာနတ်ဆိုးကပ်ဘေးက ထပ်မံ ကျရောက်လာတော့မည် ဖြစ်သည်။ အကယ်၍ သူတို့က ထိုအရာအား သေချာရင်ဆိုင်ရန် မလုပ်လျှင် အကျိုးဆက်အား တွေးလို့ပင်မရပါ။
“စကားမစပ်…”
ထိုအချိန်၌ ကျယ်ပြောခြင်းမြစ် စံသခင်က အခြားအတွေးကို တွေးနေပုံပေါ်သည်။
သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အား မနေနိုင်ပဲထပ်ကြည့်လိုက်သည်။
“တာအိုရောင်းရင်းတို့ ခင်ဗျားတို့ အခြားအရာကော တွေ့ထားသေးလား?”
၎င်းတို့သုံးဦးသည် နတ်ဆိုးလမ်းစဉ်ကို လိုက်ပြီးလျှင် ဘာကြောင့် ယခင်က တိုက်ပွဲကို ဆင်နွဲနေရ ပါသေးသလဲ?
အဓိကအချက်က ဘာလဲ?
ထိုမေးခွန်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည်ပင် နားမလည်သေးသော အရာဖြစ်သည်။
ကံဆိုးစွာပင် သူတို့သည် ထိုသိုလှောင်ရေးပစ္စည်းထဲမှ တန်ဖိုးရှိသည့် သဲလွန်စများ မရှိတော့ပေ။
ထိုအချိန်တွင် ကွမ်းရှင်းထင်ကပြောလိုက်သည်။
“အဲ့တာက သူတို့ တမင်လုပ်တဲ့ ဟန်ပြသဘောပဲ မဖြစ်နိုင်ဘူးလား? ပြီးတော့ သူတို့ရဲ့ ပန်းတိုင်က နိုဗာရေပြင်ရဲ့ စည်းမျဉ်းတွေကို ရှုပ်ထွေးအောင်လုပ်ပြီး အဲ့ဒီအခွင့်အရေးကို သုံးပြီး နတ်ဆိုးကျင့်ကြံသူတွေ အမြဲနေလို့ရတဲ့ နေရာတစ်ခု ဖန်တီးချင်နေတာများလား?”
ထိုစကားများက ကျန်းချန်ရွှမ် ရှန်းရူယန်နှင့် ကျယ်ပြောခြင်းမြစ်စံသခင်တို့ကို အံ့ဩစေခဲ့သည်။
ဒုတိယအတွေးအနေဖြင့် သူတို့သည် ကွမ်းရှင်းထင်၏စကားများက ကျိုးကြောင်းသင့်ကြောင်း ချက်ချင်းခံစားလိုက်ရသည်။
လူတိုင်းက နေရာတစ်ခုသည် ဖရိုဖရဲကိစ္စများကာ စည်းစနစ်မကျလေလေ နတ်ဆိုးကျင့်ကြံသူများ နေထိုင်ရန် သင့်တော်လေလေ ဖြစ်ကြောင်းကို သိကြသည်။
နေရာတစ်ခုအား ဖရိုဖရဲဖြစ်စေရန် အကောင်းဆုံးနည်းလမ်းမှာ တိုက်ပွဲများဖြစ်နေရန်မှာ သံသယဝင်စရာမရှိပါ။
သို့သော်လည်း အခြေတည်ဝိဉာဉ်အဆင့်တွင် သာမန်အခြေအနေတွင်ပင် သွေးကြွေးမရှိသရွေ့ တစ်ယောက်နှင့် တစ်ယောက် လွယ်ကူစွာ တိုက်ခိုက်မည်မဟုတ်ပါ။
ကြီးမားသည့်စစ်ပွဲဖြစ်ရန်မှာ ပြောစရာပင်မလိုပါ။
အခြေတည်ဝိဉာဉ်အင်အားစုများအတွက် ကြီးမားသော တိုက်ပွဲတစ်ခုဖြစ်ရန်အတွက် လိုအပ်သည်မှာ အကျိုးအမြတ်ပင် ဖြစ်သည်။
ဒါကြောင့်ပဲ ကျောက်နဂါးစံသခင်နဲ့ အခြားလူတွေက သလင်းကျောက်မိုင်းတွင်းကိစ္စကို အပြင်လူတွေကို ဖန်တီးပြီး လှည့်စားခဲ့တာလား?
အကယ်၍ ကိစ္မများသည် တကယ်ပင် ကွမ်းရှင်းထင် သံသယဝင်သကဲ့သို့ ဖြစ်ခဲ့လျှင် သူတို့၏ မူလ အကြံအစည်က တကယ်ပင် ကြီးကျယ်သည်ဟု ပြောနိုင်သည်။
အရေးကြီးဆုံးအချက်မှာကိစ္စများက နိုဗာရေပြင်တွင် ဖြစ်ပေါ်ခဲ့လျှင် အခြားနေရာတွေမှာရော?
ဒီလိုပုံစံတူကိစ္စတွေ ဖြစ်နေသေးလား?
ထို့အချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ရုတ်တရက် မြောက်ပိုင်းနယ်နိမိတ် တစ်ခုလုံး၏ အခြေအနေက စိုးရိမ်စရာကောင်းစွာ ပြင်းထန်လာနေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
ပြီးနောက် သူတို့သည် ဤနေရာတွင် ကြာရှည်စွာမနေပေ။
မကြာမီတွင် အင်အားစုသုံးစု၏ စခန်းသို့ ဦးတည်သွားခဲ့ကာ ဆက်လက်စုံစမ်းခဲ့သည်။
နောက်ဆုံး၌ တကယ်ပင် တစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့သည်။
သူတို့၏ စခန်းတွင် တကယ်ပင် များစွာသော နိုဗာရေပြင်ရှိ အခြေတည်ဝိဉာဉ်ကျွန်းများမှ ကျင့်ကြံသူများစွာ ရောက်ရှိနေကြောင်း တွေ့ရှိခဲ့ရသည်။
နိုဗာရေပြင်ရှိ ဝိဉာဉ်ကျွန်းတွင် သူတို့အားလုံး ဖမ်းချုပ်ခံထားရသည်။
အကြောင်းအရင်းမှာ နိုဗာရေပြင်မှာ အခြားဝိဉာဉ်ကျွန်းများကို သံသယဝင်မှု တိုးလာစေရန် ဖြစ်သည်။
အကယ်၍ ကျန်းချန်ရွှမ်နှင့် ဇနီးတို့သာ မရောက်ရှိလာခဲ့လျှင် ထိုအကြံအစည်ကြီးက အောင်မြင် သွားနိုင်သည်။
ထိုအချိန်တွင် နိုဗာရေပြင်၏ ဖရိုဖရဲကိစ္စများသည် တဖြည်းဖြည်းထိန်းချုပ်မှု လွတ်သွားပြီး ဖြေရှင်းမရနိုင်သည့် အခြေအနေ ဖြစ်သွားလိမ့်မည်။
ထို့အပြင် ကျန်းချန်ရွှမ်နှင့် အခြားသူများက နတ်ဆိုးကျင့်ကြံသူတစ်ချို့သည် ကျွန်းပေါ်တွင် ပုန်းနေသည်ကို ရှာတွေ့ခဲ့သောကြောင့် အချို့မှာ ကျောက်နဂါးစံသခင်က နတ်ဆိုးကျင့်ကြံသူအဖြစ် ညို့ယူဖမ်းစားခဲ့ကြောင်း သိခဲ့ရသည်။
ထိုတစ်ဦးတစ်ယောက်ချင်းဆီအား ကျန်းချန်ရွှမ်မှ မေတ္တာမထားခဲ့ပဲ ကျောက်နဂါးစံသခင်နှင့် အခြားနှစ်ဦးတို့နှင့် ပြန်လည်တွေ့ဆုံနိုင်ရန် ပို့ဆောင်ပေးခဲ့သည်။
အခြားတစ်ဖက်၌ သူသည် ယုံကြည်ချက်ခိုင်မာ၍ ညို့ယူဖမ်းစားခြင်းမခံရသော ကျင့်ကြံသူများကိုတော့ ဘာမှ မလုပ်ခဲ့ပေ။
နောက်ဆုံး၌ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ကျယ်ပြောခြင်းမြစ်စံသခင်ကို ထပ်မံတွေ့ခဲ့ကာ ပြောခဲ့သည်။
“တာအိုရောင်းရင်း ကျယ်ပြောခြင်းမြစ်စံသခင်၊ ကျွန်တော်တို့ တတ်နိုင်သလောက် လုပ်ပြီးသွားပြီ။ ကျန်တာတွေအတွက်ကတော့ ကျွန်တော်စိုးရိမ်တာ ခင်ဗျားနဲ့ တာအိုရောင်းရင်း ကွမ်းကိုပဲ အပ်ရတော့မှာပဲ အထူးသဖြင့် နတ်ဆိုးကပ်ဘေးနဲ့ ပက်သက်ပြီး ကျေးဇူးပြု၍ နိုဗာရေပြင်က အခြားတာအိုရောင်းရင်း တွေဆီကိုလည်း သူတို့ ပြင်ဆင်ထားနိုင်ပြီး နတ်ဘုရားပေးတဲ့ အခွင့်အရေးလိုဟာတွေကနေ ညို့ ယူဖမ်းစာခြင်း မခံရအောင်လို့ သတင်းပို့ပေးပါဦး။”
“အင်…တာအိုရောင်းရင်း ခင်ဗျား ထွက်သွားဖို့ စီစဉ်နေတာလား?”
ကျန်းချန်ရွှမ်၏စကားများကိုကြားလျှင် ကျယ်ပြောခြင်းမြစ်စံသခင်က ချက်ချင်းမေးလိုက်သည်။
“မှန်ပါတယ်”
ကျန်းချန်ရွှမ်က ခေါင်းငြိမ့်လိုက်သည်။
“ကျွန်တော်တို့ အခြားကိစ္စတွေ သွားလုပ်ဖို့ရှိသေးတယ်။ ဒါကြောင့် ဒီမှာ ကြာကြာနေဖို့ စီစဉ်လို့မရတော့ဘူး။ အကယ်၍ အနာဂတ်မှာ တစ်ခုခုဖြစ်ခဲ့ရင် တာအိုရောင်းရင်း ကျယ်ပြောခြင်းမြစ်စံသခင်အနေနဲ့ သတင်းပါးလိုက်လို့ရပါတယ်။ ကျွန်တော်တို့ လုပ်နိုင်စွမ်းအတွင်းမှာပဲရှိခဲ့ရင် ကျွန်တော်တို့ သေချာပေါက်ကူညီပါ့မယ်”
ထိုအကြောင်းကိုကြားလျှင် ကျယ်ပြောခြင်းမြစ်စံသခင်က ကျန်းချန်ရွှမ်၏ စိတ်ကို ပြောင်းနိုင် တော့မည် မဟုတ်ကြောင်း သိသွားသည်။
ထို့ကြောင့် သူသည် သူတို့အား နေခဲ့ရန် အတင်းမတောင်းဆိုတော့ပေ။ ထိုအစား တည်ငြိမ်သည့် အမူအရာဖြင့် သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။
“ဒီလိုဆိုရင် ဂရုစိုက်ပါ တာအိုရောင်းရင်းတို့… အနာဂတ်မှာ တစ်ခုခုလိုအပ်ခဲ့ရင် ကျွန်တော့်ကို စာပို့လိုက်ပါ။ ဘာပဲဖြစ်ဖြစ် မင်းတို့ကို ကူညီဖို့ အကောင်းဆုံးကြိုးစားပါ့မယ်”
“ကောင်းပါပြီ နှုတ်ဆက်ပါတယ်”
သူတို့နှစ်ဦးသည်လည်း လက်များကိုဆုပ်လိုက်ကာ ကျယ်ပြောခြင်းမြစ်သခင်ကိုနှုတ်ဆက်ခဲ့ပြီး ကျယ်ပြောခြင်းမြစ်၏ ဝိဉာဉ်ကျွန်းမှ မထွက်ခွာမီတွင် ကွမ်းရှင်းထင်နှင့် အခြားသူများကို နှုတ်ဆက်ခဲ့သည်။
…..
ဆယ်ရက်ကျော်ကြာပြီးနောက်တွင်။
ထိုစုံတွဲသည် နောက်ဆုံး၌ သူတို့၏ ဦးတည်သွားသည့်နေရာဖြစ်သည့် ပင်လယ်ကွေ့ကို ရောက်ရှိသွားသည်။
ကံဆိုးစွာပင် ပင်လယ်ကွေ့သည် ထူထဲသော မြူများနှင့် ဖုံးလွမ်းနေသေးသည်။
အခြေတည်ဝိဉာဉ်ဖြစ်စေကာမူ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် လွယ်ကူစွာ မမြင်နိုင်ပေ။ သူတို့သည် ပတ်ပတ်လည် မီတာ ဒါဇင်ခန့်ကိုပင် မြင်ရသည်။ ကံကောင်းစွာပင် သူတို့၌ ရွှေမီးဖိုဂိုဏ်းမှ ရွှေတိမ်တိုက် တံဆိပ်ပြား ရှိနေသည်။
ထို ရွှေတိမ်တိုက်တံဆိပ်ပြားနှင့် ထိုစုံတွဲသည် ရှေးဟောင်းကျောက်တံခါးသို့ ရောက်ရန် အင်အားများစွာ မသုံးလိုက်ရပေ။
အရင်တစ်ခေါက်နှင့် အတူတူပင်ဖြစ်သည်။
ကြက်သွေးရောင်အလင်းသည် ရုတ်တရက် ကျန်းချန်ရွှမ်လက်ထဲမှ ရွေတိမ်တိုက်တံဆိပ်ပြား၏ထိပ်မှ ထွက်လာပြီး ရှေးဟောင်းကျောက်တံခါးပေါ် ကျရောက်သွားသည်။
ခွပ်..
ထိုကျောက်တံခါး၌ ချက်ချင်းပင် စက်ယန္တယားလည်နေသည့်အသံ ထွက်လာသည်။
ထိုတံခါးပေါ်ရှိအစီအရင်ကျောက်စာသည် ပေါ်ထွက်လာကာ လျှပ်စီးဖြင့် ဆက်သွယ်သွားသကဲ့သို့ပင်။
ကျယ်လောင်သောအသံတစ်ခုနှင့် ကြီးမားသော ကျောက်တံခါးက လုံးဝပွင့်သွားသည်။
***