← Chapters

အဆင့် ၅ ရုပ်သေးရုပ်၊ အဆင့် ၅ အဂ္ဂိရတ်ပညာရှင်အဖြစ် အဆင့်တက်ခြင်း၊ ကြီးမားသော အကျိုးကျေးဇူး၊ ကျမ်းစာ စာကြည့်တိုက်သို့ ရောက်ရှိခြင်း

Vol. 26 Ch. 498

အဆင့် ၅ ရုပ်သေးရုပ်၊ အဆင့် ၅ အဂ္ဂိရတ်ပညာရှင်အဖြစ် အဆင့်တက်ခြင်း၊ ကြီးမားသော အကျိုးကျေးဇူး၊ ကျမ်းစာ စာကြည့်တိုက်သို့ ရောက်ရှိခြင်း

Vol. 26 Ch. 498

တပ်..တပ်..တပ်

ရွှေမီးဖိုဂိုဏ်းအတွင်းတွင် ဖြစ်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်လုံးထဲတွင် ရင်းနှီးသော ပုံရိပ်က ပေါ်လာသည်။

ဤတစ်ကြိမ်တွင် ထိုစုံတွဲသည် စမ်းသပ်မှု သို့မဟုတ် အဟန့်အတားနှင့် မကြုံရတော့ပေ။

သူတို့၏ ခရီးစဉ်က ချောမွေ့နေသည်။

မကြာမှီ နှစ်ဦးသားသည် ပို့ဆောင်ရေးအစီအရင်သို့ ရောက်သွားသည်။

သူတို့က အလယ်ဆင့် စိတ်ဝိဉာဉ်ကျောက်တုံးများကို ယူထုတ်လာပြီး ပို့ဆောင်ရေးမှော်အစီအရင်၏ဘေးရှိ အက်ကြောင်းထဲတွင် ထည့်လိုက်သည်။

မကြာမီ ပို့ဆောင်ရေးအစီအရင်က အသက်ဝင်လာပြီး သူတို့နှစ်ဦးကို ပတ်ရံလိုက်သည်။

သူတို့နှစ်ဦးက မျက်စိပွင့်လာသောအခါ သူတို့ယခင်တစ်ခေါက်က ချန်ခဲ့သော ကွင်းထဲသို့ ရောက်နေကြောင်း ထိတ်လန့်စွာ တွေ့ခဲ့ရသည်။

ကျည်…

ထိုအချိန်တွင် ရုတ်တရက် ကျန်းချန်ရွှမ် သယ်ဆောင်လာသော မှော်တိမ်တိုက်တံဆိပ်ပြားတွင် နီကျင်ကျင်ရွှေရောင်အလင်းက ထွက်လာခဲ့သည်။

ပြီးနောက် ထိုနီကျင်ကျင်အလင်းက ကွင်းကိုပတ်သွားကာ ပေါင်းစပ်သွားသည်။

“ဘာ?”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ဘာတွေဖြစ်နေမှန်း နားမလည်ကြပေ။

သို့သော် မကြာမှီပင် သူတို့သည် ခြေထောက်အောက်မှ ကွင်းက တုန်ရီလှုပ်ခါလာသည်ကို ခံစားလိုက်ရသည်။

ထို့နောက် ပေ၁၀၀လောက်ရှည်ကာ လူဝံနှင့် တူသော ရုပ်သေးမကောင်းဆိုးဝါးသည် သူတို့နှစ်ဦး၏ ရှေ့တွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။

“ဒါက…”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်လုံးများက ကျဉ်းသွားကြသည်။

အကြောင်းမှာ သူတို့ရှေ့မှ လူဝံရုပ်သေး၏ အရှိန်အဝါကအင်အားကြီးကြောင်း အာရုံခံမိသောကြောင့် ဖြစ်သည်။

ထိုအရှိန်အဝါသည် ကျိန်းသေပေါက် ရွှေအမြုတေအဆင့် ရုပ်သေးရုပ်က ပိုင်ဆိုင်နိုင်သော အရာ မဟုတ်ပေ။

၎င်းသည် အမှန်တကယ်ပင် အဆင့် ၅ သို့ရောက်နေပြီ ဖြစ်သည့် ရုပ်သေးရုပ်ဖြစ်သည်။

“ဟိန်းသံ…”

ရုတ်တရက် လူဝံရုပ်သေးက ဟိန်းလိုက်သည်။

ချက်ချင်းပင် မြင်နိုင်သော အသံလှိုင်းက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီ လိမ့်တက်လာသည်။

အင်အားအနေဖြင့် ထိုအသံလှိုင်းသည် အဆင့် ၅ သို့ ရောက်ရှိနေပြီဖြစ်သည်။

အကယ်၍ ထိုနေရာတွင် ရှိနေသည်မှာ ရွှေအမြုတေကျင့်ကြံသူ နှစ်ဦးသာဖြစ်ခဲ့လျှင် သူတို့၌ ထိုအသံလှိုင်းတိုက်ခိုက်မှုကို တောင့်ခံနိုင်မည်မဟုတ်ပေ။

သူတို့က ရွှေတိမ်တိုက်တံဆိပ်ပြားကိုရခဲ့စဉ်က ပြန်မလာခင် သူတို့၏ကျင့်ကြံမှုအား အခြေတည်ဝိဉာဉ်အဆင့်ထိရောက်အောင် ကျင့်ကြံဖို့ရန် အထူးသတိပေးထားသည်မှာ အံ့ဩစရာမရှိတော့ပေ။

ဒါဆို အကြောင်းရင်းတော့ ရှိနေတာပဲ။

ဘန်း….

ရှန်းရူယန်၏လက်ထဲမှ မိုးကြိုးတိမ်တိုက်များပါဝင်သည့် ခရမ်းရောင်ထီးတစ်ချောင်း ရုတ်တရက် ပေါ်လာခဲ့သည်။

၎င်းသည် မြေမိုးကြိုးသစ်သီးမှ ဖွဲ့စည်းထားသော အဆင့် ၅ ခုခံရေးစစ်မှန်ရတနာ မိုးကြိုးတိမ်တိုက် လျှပ်စီးထီး ဖြစ်သည်။

လူဝံရုပ်သေး၏ အသံလှိုင်းတိုက်ခိုက်မှုက ထီးပေါ်၌ ကျရောက်သွားလျှင် အသံမထွက်တော့ပဲ ပပျောက်သွားသည်။

“ဟိန်းသံ…”

ရှန်းရူယန်၏ လှုပ်ရှားမှုကြောင့် ဒေါသထွက်သွားသော လူဝံရုပ်သေးက ထပ်မံ၍ ဟိန်းလိုက်ကာ စုံတွဲထံသို့ အမြန်လာနေသည်။

ဒုန်း..ဒုန်း…ဒုန်း…

မြေပြင်က တုန်ခါနေသည်။

ဖိနှိပ်ထားသည့် အရှိန်အဝါက ကွင်းတစ်ခုလုံးပြည့်နေသည်။

“ကိုယ် လုပ်လိုက်မယ်”

ကျန်းချန်ရွှမ်က ရှန်းရူယန်အားအပြုံးနှင့် ပြောလိုက်သည်။

ခနအကြာတွင် သူ၏ခန္ဓာကိုယ်က အမြန်ကြီးထွားလာသည်။

မျက်စိတစ်မှိတ်အတွင်းတွင် ပေ ၃၀ ရှည်သွားကာ ဦးတည်လာနေသည့် လူဝံရုပ်သေးကို တားလိုက်သည်။

ဘွန်း……

သေးငယ်သော တောင်နှစ်ခုတိုက်မိသကဲ့သို့ပင် လေလှိုင်းများကို လိမ့်တက်သွားစေသည်။

လူဝံရုပ်သေး၏ လက်သည်းများသည် စတီးအပ်များကဲ့သို့ ဖြစ်နေကာ ကျန်းချန်ရွှမ်၏ မျက်လုံးများကို ဦးတည်နေသည်။

ဒင်… ဒင်…

ကျန်းချန်ရွှမ်၏ မျက်ခွံများ၌ မီးတောက်များ ရုတ်တရက် ပေါ်လာသည်။

လူဝံရုပ်သေး၏ စတီးအပ်များကဲ့သို့ဖြစ်သော ချွန်ထက်သည့် လက်သည်များသည် ကျန်းချန်ရွှမ်၏ မျက်ခွံကိုပင် ကုတ်ခြစ်ရန် ခက်ခဲနေသည်။

တစ်ချိန်တည်း၌ပင်…

အေးစက်သည့် အပြုံးက ကျန်းချန်ရွှမ်၏ နှုတ်ခမ်း၌ ပေါ်လာသည်။

ခနအကြာတွင် သူသည် ရုတ်တရက် လက်များတွင် အင်အားများ ထည့်သွင်းလိုက်သည်။

ဘွန်း….

ကျန်းချန်ရွှမ်သည် ကြီးမားသည့် လူဝံရုပ်သေး၏ ခန္ဓာကိုယ်တစ်ခုလုံးကို မလိုက်ကာ အင်အားသုံး၍ မြေပေါ်သို့ ပစ်ထုတ်လိုက်သည်။

ထိုနေရာတွင် ကျယ်လောင်သည့် ဘန်းဟူသည့်အသံမြည်သွားသည်။

ချက်ချင်းပင် ကျန်းချန်ရွှမ်၏နောက်တွင် နဂါးနှင့် ဆင်ပုံရိပ်ယောင်ပေါ်လာလေသည်။

ပြင်းထန်သည့်စွမ်းအားတစ်ခုကို မြေပေါ်ရှိ လူဝံရုပ်သေးထံသို့ ပို့လိုက်ကာ မီတာတစ်ထောင်အထိပင် လွင့်သွားစေတော့သည်။

နောက်ဆုံး၌ ခန္ဓာကိုယ်သည် ကွင်း၏ထောင့်နှင့် ပြင်းထန်စွာတိုက်မိပြီး ပြန်ကန်ထွက်လာသည်။

တစ်ချိန်တည်း၌ပင်။

ကျန်းချန်ရွှမ်၏လက်ထဲမှ ရွှေတိမ်တိုက်တံဆိပ်ပြားက ရုတ်တရက် ရွှေရောင်အလင်းများထွက်လာသည်။

လူဝံရုပ်သေးက ကျန်းချန်ရွှမ်တို့ဆီသို့ လာတော့မည်ပုံနှင့် ရပ်သွားကာ လှုပ်ရှားမှုမရှိတော့ပေ။

“ဟမ်?”

ထိုအရာကိုမြင်လျှင် မနီးမဝေးတွင်ရှိနေသော ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ကြောင်အသွားသည်။

သို့သော် ခနအကြာတွင် ကျန်းချန်ရွှမ်၏ လက်ထဲသို့ ကျောက်စိမ်းပြားအပိုင်းအစတစ်ခု ကျရောက်လာသည်။

၎င်းကထိုရုပ်သေးကိုမည်သို့ထိန်းချုပ်ရမည့် အကြောင်းပါဝင်သည့် ကျောက်စိမ်းပြားအပိုင်းအစ ဖြစ်သည်။

ထို ကျောက်စိမ်းပြားအပိုင်းအစကိုမြင်လျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ဝမ်းသာသွားရသည်။

ထိုကျောက်စိမ်းပြားနှင့်ဆိုလျှင် ကျန်းမိသားစုက အခြားအခြေတည်ဝိဉာဉ်တစ်ခုကို ထပ်ရလိမ့်မည်။

သူ၏ တိုက်ခိုက်စွမ်းအားက စစ်မှန်အခြေတည်ဝိဉာဉ်စံသခင်ထပ် အနည်းငယ် နိမ့်ကျသော်လည်း ကျန်းမိသားစုတစ်ခုလုံးအတွက် အင်အားကိုမြင့်တင်ဖို့ရန်အတွက် လုံလောက်ပါသည်။

သူသည် ရှေ့ဆက်ခရီးစဉ်အတွင်း များစွာသော ရုပ်သေးများရှိမရှိ မသိပေ။ ယခုမူ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က မျှော်လင့်နေမိပြီ ဖြစ်သည်။ သို့သော် အဆင့် ၅ ရုပ်သေးကိုဖြတ်လာပြီးနောက် အချိန်များစွာ ကြာလာခဲ့သည်။

ထိုအစား မှေးမှိန်သည့်ပို့ဆောင်ရေးစွမ်းအားတစ်ခုက သူတို့အား ခြံရံလိုက်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သတိထားလိုက်သည်။

ခနအကြာတွင် မှေးမှိန်သည့် ပို့ဆောင်ရေးစွမ်းအားတစ်ခုက အားကောင်းလာကာ သူတို့နှစ်ယောက်အား ဆေးဖက်ဝင်အပင်ဥယျာဉ်သို့ ခေါ်ဆောင်သွားခဲ့သည်။

“ဒါက….?”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ကြောင်အသွားသည်။

သူတို့၏ရှေ့တွင် အမျိုးအစားစုံလင်သည့် ဝိဉာဉ်ဆေးပင်များ ပန်းများ ဝိဉာဉ်သစ်သီးများနှင့် သစ်ပင်များ ရှိနေသည်။

ထို့အပြင် သူတို့၏ အဆင့်ကမနိမ့်ပေ။ အဆင့်အနိမ့်ဆုံးသည်ပင် အဆင့် ၃ ဖြစ်သည်။

***

All Chapters