← Chapters

အဆင့် ၅ ရုပ်သေးရုပ်၊ အဆင့် ၅ အဂ္ဂိရတ်ပညာရှင်အဖြစ် အဆင့်တက်ခြင်း၊ ကြီးမားသော အကျိုးကျေးဇူး၊ ကျမ်းစာ စာကြည့်တိုက်သို့ ရောက်ရှိခြင်း (၂)

Vol. 26 Ch. 499

အဆင့် ၅ ရုပ်သေးရုပ်၊ အဆင့် ၅ အဂ္ဂိရတ်ပညာရှင်အဖြစ် အဆင့်တက်ခြင်း၊ ကြီးမားသော အကျိုးကျေးဇူး၊ ကျမ်းစာ စာကြည့်တိုက်သို့ ရောက်ရှိခြင်း (၂)

Vol. 26 Ch. 499

ထို့အပြင် အပင်တစ်ပင်ချင်းဆီသည် နှစ် ၅၀၀ ကျော် သက်တမ်းရှိပြီဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ သူတို့သည် အဆင့် ၅ ဝိဉာဉ်ဆေးပင်များကို တွေ့ခဲ့ရသည်။

သူတို့အတွက်ပင် ၎င်းက ရှားပါးသည့် ရတနာဖြစ်သည်။

အထူးသဖြင့် ထိုဝိဉာဉ်ဆေးပင်သည် နေရာလပ်မြက်ပင် ဟုခေါ်သည်။

၎င်းသည် ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံဆင့်ကို တိုက်ရိုက်တိုးမြင့်ပေးနိုင်သည်။

ထို့အပြင် ပြုပြင်ပြောင်းလဲစရာပင်မလိုပဲ ဘေးထွက်ဆိုးကျိုးမရှိပဲ တိုက်ရိုက်စားသုံးနိုင်သည်။

ကျန်းချန်ရွှမ်သည် နေရာလပ်မြက်ပင်၏ ရိုးတံတစ်ခုအားစားသုံးနိုင်လျှင် နှစ်ပေါင်းတစ်ရာခန့် အားသွန်ခွန်စိုက် ကြိုးစားထားရသော ကျင့်ကြံဆင့်နှင့် ညီမျှလိမ့်မည် ဖြစ်သည်။

ထပ်ပေါင်းရလျှင် အခြားဝိဉာဉ်ဆေးပင်များလည်း ရှိသောကြောင့် ခန္ဓာကိုယ်ကြံခိုင်မှုအတွက် အကူအညီဖြစ်ကာ ရှေးဟောင်းဝိဉာဉ်များပင် ရှိသေးသည်။

အကယ်၍ သူတို့သည် အပင်အားလုံးကို ယူနိုင်လျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ အင်အားကို အရေးပါသော အရေးပါသည့် မြင့်တင်ခြင်းကို စီမံပေးမည်မှာ သံသယဖြစ်ဖွယ်မရှိပါ။

သို့သော်လည်း ဥယျာဉ်ထဲရှိ ဝိဉာဉ်ဆေးပင်အားလုံးကို ယူနိုင်ဖို့ရန် ဤမျှလောက် လွယ်ကူရိုးရှင်းမည် မဟုတ်ပါ။

အကြောင်းမှာ အင်အားကောင်းပုံရသည့် အစီအရင်က သူတို့အား တားဆီးထားသည်ကို တွေ့ခဲ့သောကြောင့် ဖြစ်သည်။

အကယ်၍ သူတို့သည် ဆေးဖက်ဝင်အပင် ဥယျာဉ်သို့ ဝင်ချင်လျှင် ပထမဆုံးအချက်အနေဖြင့် အစီအရင်ကို ဖျက်ရန် ကြိုးစားရမည်ဖြစ်သည်။

အချိန်အနည်းငယ်ခန့် စူးစမ်းခဲ့ပြီးနောက် ရှန်းရူယန်၏ အမူအရာက ရှုံတွသွားသည်။

ထိုအရာကိုမြင်လျှင် ကျန်းချန်ရွှမ်က ချက်ချင်းမေးလိုက်သည်။

“ဘာမှားလို့လဲ? အစီအရင်မှာ မှားနေတာရှိလို့လား?”

“ဟုတ်တယ်”

ရှန်းရူယန်က ခေါင်းငြိမ့်လိုက်သည်။

ခနအကြာတွင် သူမသည် လေးနက်သည့်အသံနှင့် ပြောလိုက်သည်။

“အကယ်၍ ကျွန်မ,မမှားရင် ဒီအစီအရင်ရဲ့ အဆင့်က (အဆင့် ၅ )အထက်ဆင့်ကို ရောက်နေပြီ။ ကျွန်မတို့ အခုရထားတဲ့ ပစ္စည်းတွေနဲ့က ဒီအစီအရင်ကို နှစ်ရာချီတောင် ဖွင့်နိုင်မှာမဟုတ်ဘူး”

“နှစ်ရာချီ?”

ကျန်းချန်ရွှမ်က ထိတ်လန့်သွားသည်။

ထိုအစီအရင်ကိုဖွင့်ရန် နှစ်ရာချီပင် သုံးရလိမ့်မည်။

ဒါကဘယ်လိုဟာသမျိုးလဲ?

သူတို့က အဲ့လောက်အချိန်မရှိပါ။

အထူးသဖြင့် နတ်ဆိုးကပ်ဘေးက ဘယ်အချိန်ဝင်ရောက်လာမလဲမသိပေ။

သူတို့သည် ထိုမျှလောက်အချိန်အား ဤနေရာ၌ပင် မဖြုန်းနိုင်ပါ။

ကျည်…

သို့သော်လည်း ထိုအချိန်တွင် ကျန်းချန်ရွှမ်လက်ထဲမှ ရွှေတိမ်တိုက်တံဆိပ်ပြားက နီကျင်ကျင် ရွှေရောင်အလင်း ထပ်ထွက်လာသည်။

အလင်းက ဆေးဖက်ဝင်အပင်ဥယျာဉ်တွင် ကျရောက်နေသည်။

ပြီးနောက် ထိုဆန်းကြယ်သည့် ဥယျာဉ်မှ ဆေးဖက်ဝင်အပင်များနှင့် ဆေးမီးဖိုများက ရုတ်တရက် ပျံထွက်လာသည်။

ကျန်းချန်ရွှမ်က အမြန်ပင် ဉာဏ်အလင်းရသွားသည်။

၎င်းသည် သူ့အား ထိုပစ္စည်းများကိုသုံး၍ အဆင့် ၅ ဆေးလုံးကို အောင်မြင်စွာသန့်စင်ရန် ပြောခဲ့သည်။

ထို့နောက်မှ ထိုဆေးဖက်ဝင်အပင်ဥယျာဉ်မှ အရာအားလုံးကို ရနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

တစ်ချိန်တည်း၌ပင် သူ့အား သွယ်ဝိုက်ကာ ပြောသည်မှာ အကယ်၍ သူက လုပ်နိုင်စွမ်းကို သက်သေမပြနိုင်ခဲ့လျှင် သူ့၏ရှေ့မှ အရာအားလုံးကို ဒီအတိုင်းထားခဲ့ရမည်ဖြစ်သည်။

တနည်းအားဖြင့် ထိုစုံတွဲက ရှုံးနိမ့်၍ မရပါ။

သူ၏ မျက်စိရှေ့မှ ပေါ်လာသည့် ဆေးပင်များက အဆင့်မနိမ့်ကြောင်း ပြောနိုင်သည်။ အများစုမှာ အဆင့် ၄ ဆေးပင်များဖြစ်သည်။

သို့သော်လည်း ထိုအထဲတွင် အဆင့်ငါးသို့ရောက်နေသည့် ဆေးပင် ၅ခု ၆ခုခန့်လည်း ရှိနေသည်။

ပြောရမည်ဆိုလျှင် ဆေးဖက်ဝင်အပင် ဥယျာဉ်အတွင်းမှ အရာများနှင့် ယှဉ်လျှင် သူ့မျက်စိရှေ့မှ အရာများက မပြောပလောက်ပါ။

ကံကောင်းစွာပင် သူ၏လက်ရှိ အဂ္ဂိရတ် စွမ်းရည်မှာ အဆင့် ၅ နှင့် မဝေးတော့ပါ။

ပြီးနောက် ရှန်းရူယန်၏ အကူအညီပါထည့်ပေါင်းလိုက်လျှင် သူ၏ရှေ့မှဆေးပင်များကိုသုံးကာ အဆင့် ၅ ဆေးလုံးကို သန့်စင်နိုင်လောက်သည်။

ထိုသို့တွေးကာ ကျန်းချန်ရွှမ်က ချက်ချင်းပင် ရှန်းရူယန်အား သူ၏ မှန်းဆချက်ကို ပြောပြလိုက်သည်။

ရှန်းရူယန်၏ အမူအရာက ထိုအကြောင်းကိုကြားလျှင် တက်ကြွသွားသည်။

သူကပထမဆုံး ဆေးပင်များအား သေချာစွာ စစ်ဆေးလိုက်သည်။

ပြီးနောက် သူမက ကျန်းချန်ရွှမ်ဖက်သို့ လှည့်ကာ ပြောလိုက်သည်။

“ယောကျာ်း ကျွန်မအထင် ဒီဆေးပင်တွေနဲ့ဆို သန့်စင်ဖို့အကောင်းဆုံး အဆင့် ၅ ဆေးလုံးက အဆင့် ၅ နှလုံးငြိမ်သက်ဆေးလုံးပဲ”

နာမည်အတိုင်းပင် နှလုံးငြိမ်သက်ဆေးလုံးသည် ကျင့်ကြံသူ၏ စိတ်နှလုံးကို တည်ငြိမ်စေသော ဆေးလုံး ဖြစ်သည်။

ထိုကဲ့သိုသော ဆေးလုံးအမျိုးအစားသည် သီးသန့်စတင်ကျင့်ကြံသည့်အချိန်မျိုး သို့ အလွန် အရေးကြီးသည့် ကိစ္စတစ်ခုကို ပြုလုပ်ရန် ပြင်ဆင်သည့် အချိန်မျိုးတွင် သုံးသည်။

သို့သော် ထိုဆေးလုံး၏သက်ရောက်မှုက အချိန်သိပ်မကြာပါ။

ထို့ပြင် တစ်ခါသောက်သုံးပြီးသည်နှင့် နောက်တစ်ကြိမ်သောက်ရန် တစ်နှစ်စောင့်ရမည်ဖြစ်သည်။

ထိုကြောင့် ဈေးကွက်ထဲတွင် ၎င်း၏ဈေးနှုန်းက သိပ်မကြီးပေ။

သို့သော် သူ၏သန့်စင်သည့်အဆင့်က ရိုးရှင်းသောကြောင့် များစွာသော အဂ္ဂိရတ်ဆရာ များက အဆင့် ၅ ကို ချိုးဖောက်ရန် ကြိုးစားရာတွင် ထိုဆေးလုံးကို သန့်စင်လေ့ရှိကြသည်။

ထိုအချိန်တွင် ရှန်းရူယန်က ကျန်းချန်ရွှမ်အား သူ၏ အဂ္ဂိရတ်အဆင့်အား အဆင့် ၅ သို့ မြင့်တင်နိုင်ရန် နှလုံးငြိမ်သက်ဆေးလုံးကို သန့်စင်စေခြင်းဖြစ်သည်။

ကျန်းချန်ရွှမ်က ရှန်းရူယန်၏အကြံပြုချက်အား ကန့်ကွက်စရာမရှိပါ။

မကြာမီ ထိုစုံတွဲက အဆင့်ဆင့်ကို ဆွေးနွေးပြီး နှလုံးငြိမ်သက်ဆေးလုံးကို သန့်စင်ရန် စတင်ကြိုးစားလိုက်သည်။

အဆင့် ၅ ဆေးလုံးသည် လွယ်ကူရိုးရှင်းသည့် နှလုံးငြိမ်သက်ဆေးလုံးဖြစ်လျှင်ပင် သန့်စင်ရန် ခက်ခဲသည်ဟု ပြောနိုင်သည်။

ကျန်းချန်ရွှမ်အတွက် ၎င်းသည် ခက်ခဲသည့် တာဝန်ဖြစ်သည်။

သူသည် လုပ်နေစဉ်တစ်လျှောက် ကြိမ်ဖန်များစွာ ကျရှုံးခဲ့သည်။

ကံကောင်းစွာပင် သူတို့၌ အပိုပါဝင်ပစ္စည်းများ ရှိနေသေးသည်။

သူတို့အား ပေးထားသည့် ဆေးပင်များကို ချက်ချင်းသုံးရန်မဖြစ်နိုင်သေးပါ။

အချိန်က တဖြည်းဖြည်းကုန်ဆုံးလာသည်။

….

တစ်နှစ်ကြာပြီးနောက်။

ကျန်းချန်ရွှမ်၏ ရှေ့မှ မီးဖိုသည် လတ်ဆတ်သည့် ဆေးလုံးအနံ့ထွက်လာသည်။

ရှန်းရူယန်က အလွန်ပျော်ရွင်သွားသည်။

သူမသည် သူမ၏ယောကျာ်းသည် အဆင့် ၅ အဂ္ဂိရတ်ပညာရှင်ဖြစ်ဖို့ရန် အလွန့်အလွန် နီးစပ်နေပြီဖြစ်ကြောင်း သိခဲ့သည်။

သူသည် အဆင့် ၅ အဂ္ဂိရတ်ပညာရှင်ဖြစ်ရန် တည်ငြိမ်သည့်အဆင့်တစ်ခုပင် လိုအပ်တော့သည်။

ကျည်…

ကျန်းချန်ရွှမ်က ရှန်းရူယန်ကို စိတ်မပျက်စေခဲ့ပါ။

သူက ဆေးလုံးဖော်စပ်ခြင်းမန္တာန်ကို ရွတ်လိုက်သည်နှင့် ဆေးမီးဖိုထဲရှိ အဝါရောင်ဆေးသုံးလုံး၏ မျက်နှာပြင်ပေါ်တွင် နောက်ဆုံး အပြစ်အနာအဆာများ ပျောက်ကွယ်သွားသည်။

ဆေးလုံး၏အနံ့က ပို၍ ပြင်းထန်လာကာ လေနှင့်အတူ လွင့်မျောလာသည်။

***

All Chapters