အဆင့် ၅ ရုပ်သေးရုပ်၊ အဆင့် ၅ အဂ္ဂိရတ်ပညာရှင်အဖြစ် အဆင့်တက်ခြင်း၊ ကြီးမားသော အကျိုးကျေးဇူး၊ ကျမ်းစာ စာကြည့်တိုက်သို့ ရောက်ရှိခြင်း (၃)
Vol. 26 Ch. 500
“ဖွင့်”
တစ်ချိန်တည်း၌ပင်။
ကျန်းချန်ရွှမ်က ရုတ်တရက် သူ၏ရှေ့မှ ဆေးမီးဖိုသို့သွားလိုက်ကာ ဆေးမီးဖိုအား ပုတ်လိုက်သည်။
ကလန်ဟူသောအသံမြည်သွားသည်။
ဆေးမီးဖို၏အဖုံးက ပွင့်သွားသည်။
ချက်ချင်းပင် အဝါရောင်ဆေးလုံး ၃ လုံးက ကျန်းချန်ရွှမ် ပြင်ဆင်ထားသော ကျောက်စိမ်းဘူးထဲသို့ ကျလာသည်။
နောက်ဆုံးတော့ ပြီးသွားခဲ့ပြီဖြစ်သည်။
ကျန်းချန်ရွှမ်၏ နှလုံးသားထဲတွင် ပျော်ရွင်သွားသည်။
တစ်ချိန်တည်း၌ပင် စနစ်က ရုတ်တရက် သူ၏စိတ်ထဲတွင် အချက်ပြလာသည်။
[ဒင်.]
[အဆင့် ၅ အဂ္ဂိရတ်ပညာရှင် ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်၊ host။ သင့်အတွက် ဆယ်ဆဆေးလုံး ၃လုံး၊ အခြေတည်သိပ်သည်းမြက် ၃ပင်၊ အခြေတည် ကျင့်ကြံခြင်းမြက် ၃ပင် ကို ဆုအဖြစ် ရရှိပါတယ်။]
စနစ်မှပေးသည့်ဆုများသည် ယခုတစ်ခေါက်တွင် ရက်ရောသည်ဟု ဆိုနိုင်သည်။
ပထမဆုံးအနေဖြင့် ဆယ်ဆဆေးလုံးဖြစ်သည်။
၎င်းသည် သူ၏တိုက်ခိုက်စွမ်းအားကို ဆယ်ဆတိုးစေသည့် ဆေးလုံးမျိုးဖြစ်သည်။
ထို့ပြင် ဆယ်ဆဆေးလုံးကို သောက်သုံးရာတွင် ဘေးထွက်ဆိုးကျိုးမရှိပေ သို့သော် ဆေးစွမ်းက ဆယ်မိနစ်သာခံသည်။
ပြီးနောက် အခြေတည်သိပ်သည်းမြက်နှင့် အခြေတည်ကျင့်ကြံခြင်းမြက် များသည် အခြေတည်သိပ်သည်းဆေးလုံး သန့်စင်ရာတွင် ပါဝင်သည့် အဓိက ပါဝင်ပစ္စည်းများဖြစ်သည်။
ထိုကဲ့သို့ထိပ်တန်းပျူဟာမြောက် ပစ္စည်းများသည် အပြင်ကမ္ဘာတွင် ရှာနိုင်ရန်ခက်ခဲသည်။
စနစ်က သူအား သုံးမျိုးပင် တစ်ခါတည်း ပေးခဲ့သည်။
အကယ်၍ သူက အပြင်သို့ ဈေးတွင် သွားရောက်ရောင်းချလျှင်ပင် ၄င်းနှင့်လဲရန် ပစ္စည်းကောင်းများ များစွာရလိမ့်မည်။
သူသည် ထိုမျှလောက် မမိုက်မဲသည်မှာ သေချာပါသည်။
နောက်ဆုံးတွင် ကျန်းမိသားစုမှ လူအများစုက ထိုအရာအားလိုအပ်နေပါသည်။
ကျည်…
တစ်ချိန်တည်း၌ပင်။
ကျန်းချန်ရွှမ်၏ ရွှေတိမ်တိုက်တံဆိပ်ပြားက နီကျင်ကျင်အလင်းထွက်လာသည်။
အလင်းသည် သူ၏ရှေ့မှ ဆေးဖက်ဝင်အပင်ဥယျာဉ်တွင် ကျရောက်သွားသည်။
ပကတိမျက်စိဖြင့် မြင်နိုင်သည်အထိ ထိုအစီအရင်က စတင်၍ မှေးမှိန်ပျောက်ကွယ်လာသည်။
ခနတွင်းပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အတွက် ဥယျာဉ်တစ်ခုလုံးက ပွင့်သွားသည်။
ဝိဉာဉ်အပင်များစွာရှိသည့် ဆေးဖက်ဝင်အပင်ဥယျာဉ်အားကြည့်ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က စိတ်လှုပ်ရှားနေကြသည်။
တုံ့ဆိုင်းခြင်းမရှိစွာဖြင့် သူတို့သည် ချက်ချင်းပင် ဝင်လိုက်ကာ ဥယျာဉ်တွင်း၌ အပင်များကို ယူတော့သည်။
….
ခနအကြာတွင်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ဝိဉာဉ်အပင်တစ်ချို့အား ယူပြီးပြီဖြစ်သည်။
ထိုအချိန်တွင်။
သူတို့၏ခြေထောက်အောက်၌ အစီအရင်ပုံစံကွက်တစ်ခု ရုတ်တရက်ပေါ်လာသည်။
သူတို့နှစ်ဦးက ပုံစံကွက်ကို မှတ်မိသွားသည်။
၎င်းသည် ပို့ဆောင်ခြင်း အစီအရင်ပုံစံကွက်ဖြစ်သည်။
သူတို့သည် ဤတစ်ကြိမ်တွင် မည်သည့်နေရာကို ပို့မည်ကို မသိကြပေ။
ကျည်….
အလင်းတစ်ခုပေါ်ထွက်လာခြင်းဖြင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လုံးဝပျောက်ကွယ်သွားသည်။
သူတို့၏အင်အားဖြင့်ပင် သူတို့သည် ပို့ဆောင်ခြင်းအစီအရင်ကြောင့် အနည်းငယ်မူးဝေနေသည်။
ထိုမူးဝေခြင်းကပျောက်ကွယ်သွားလျှင် ထိုနှစ်ဦးသည် ရုတ်တရက် ကျမ်းစာ စာကြည့်တိုက်၏ အပြင်ဖက်သို့ ရောက်သွားကြောင်း သတိပြုမိသွားသည်။
ဒီနေရာက…
ဒါက ရွှေမီးဖိုဂိုဏ်းရဲ့ စာကြည့်တိုက်များလား?
ထိုသို့ တွေးမိပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် စိတ်လှုပ်ရှားမှုဖြင့် ရူးသွပ်နေကြသည်။
အကယ်၍ ၎င်းသာအမှန်ဆိုလျှင် သူတို့အတွက် ကောင်းမွန်သော အလှည့်အပြောင်းဖြစ်ပြီး ကျန်းမိသားစု တစ်ခုလုံးအတွက်ပင် ကောင်းမွန်သည်။
ကျည်..
ရုတ်တရက် ကျန်းချန်ရွှမ် သယ်ဆောင်လာသည့် ရွှေတိမ်တိုက်တံဆိပ်ပြားက နီကျင်ကျင်အရောင် လင်းလာသည်။
ချက်ချင်းပင် အစကမှိန်နေကာ ရှင်းလင်းစွာမမြင်ရသည့် စာကြည့်တိုက်၏ အတွင်းပိုင်းက ထိုစုံတွဲ၏ မျက်စိရှေ့တွင် ပေါ်လာသည်။
စာကြည့်တိုက်ထဲတွင် ကျောက်စိမ်းစာလိပ်များ စီစီရီရီရှိနေသည်။
ကျင့်ကြံခြင်းနည်းလမ်းများမှစ၍ မန္တာန်များအထိ အလုံးစုံရှိနေသည်။
ယခင်ဘဝက ကောင်းကင် အရှင်ဖြစ်ခဲ့သော ရှန်းရူယန်သည်ပင် အထင်ကြီးသွားရသည်။
အကယ်၍သူမသည် အချို့ကို နားလည်သဘောပေါက်ခဲ့လျှင် သူမ၏အင်အားက အခြားတစ်ဆင့်သို့ ရောက်သွားနိုင်သည်။
ထို့အပြင် သူတို့သည် ရွှေမီးဖိုဂိုဏ်း၏ ရှေးဟောင်းအမွေအနှစ်ဖြစ်သည့် ရုပ်သေးနှင့် ပက်သက်သည့် နည်းလမ်းများကိုလည်း တွေ့ရှိခဲ့သည်။
အဆင့် ၁ ရုပ်သေးမှ စ၍ အဆင့် ၅ ရုပ်သေးအထိ သန့်စင်သည့် နည်းလမ်းများအား စင်ပေါ်တွင် သပ်ရပ်စွာစီထားလေသည်။
၎င်းသည် ဝိဉာဉ်ကျောက်တုံးနှင့် တိုင်းတာလို့မရသည့် ကြီးမားသောကံကြမ္မာပင်ဖြစ်သည်။
သူတို့သည် အကယ်၍ ထိုသတင်းသာပျံနှံသွားခဲ့လျှင် မြောက်ပိုင်းနယ်နိမိတ်တစ်ခုလုံးမှ အခြေတည် ဝိဉာဉ်အင်အားစုများအကြား သွေးရူးသွေးတန်းဖြစ်ကုန်ကြမည်မှာ သံသယဝင်စရာမလိုပါ။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် စိတ်လှုပ်ရှားနေရာမှ တဖြည်းဖြည်း တည်ငြိမ်အောင် လုပ်နေရသည်။
ထိုအချိန်၌ပင် သူတို့သည် ရုတ်တရက် စာကြည့်တိုက်ထဲမှ များစွာသော ကျောက်စိမ်းစာလိပ်များ၏ ခေါင်းစဉ်များကို တွေ့မြင်ခဲ့ရသော်လည်း အထဲမှ အကြောင်းအရာများကို မမြင်ရပေ။
အကယ်၍ ထိုကျောက်စိမ်းစာလိပ်များကို ရလိုလျှင် စာကြည့်တိုက်ထဲဝင်ရန် နည်းလမ်းကို ရှာရလိမ့်မည် ဖြစ်သည်။
မေးခွန်းက စာကြည့်တိုက်ထဲ ဘယ်လိုဝင်ရမလဲ?
သူတို့၏ အံ့ဖွယ်ကောင်းသောအာရုံဖြင့် ကြည့်ရသည်မှာ စာကြည့်တိုက်အား ဖုံးလွမ်းထားသည့် အင်အားကောင်းသည့် အစီအရင်ရှိသည်။
ထိုအရာ၏အဆင့်သည် ဆေးဖက်ဝင်အပင်ဥယျာဉ်ထဲရှိ အစီအရင်ထပ်ပင် မြင့်ပုံပေါ်သည်။
နေပါဦး
ဆေးဖက်ဝင်အပင်ဥယျာဉ်ထဲက အစီအရင်ထပ်တောင် မြင့်တယ်လား?
သိရမည်မှာ ဆေးဖက်ဝင်အပင်ဥယျာဉ်ထဲရှိ အစီအရင်သည် အဆင့် ၅ အထက်ဆင့်ပင် ရောက်နေပြီ ဖြစ်သည်။
စာကြည့်တိုက်ရှိ အစီအရင်က ထိုအစီအရင်ထပ် မြင့်တယ်ဆိုရင် အဆင့် ၆ ဖြစ်သင့်တယ်မဟုတ်လား?
အဆင့် ၆ အစီအရင်…
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ အမူအရာက ရှုံ့တွသွားသည်။
ဤနေရာတွင် အဆင့် ၆ အစီအရင်ကို ဖြတ်ကျော်နိုင်မည့် တာဝန်ကို လုပ်ဆောင်ရတော့မှာမလား?
အကယ်၍ ကောင်းကင်ဘုံအရှင် ဆင်းလာလျှင်ပင် အကယ်၍ သူ၏အစီအရင်စွမ်းရည်က အဆင့် ၆ မဟုတ်လျှင် အဆင့် ၆ အစီအရင်ကို ချိုးဖျက်ရန်အတွက် ခက်ခဲလိမ့်မည်ဖြစ်သည်။
အကယ်၍ သူသည် အင်အားသုံးဖျက်စီးလျှင်ပင် နှစ်ပေါင်းဆယ်ချီ ရာချီ အချိန်ယူရလိမ့်မည်။
ပြီးနောက် ၎င်းသည် သာမန် အဆင့် ၆ အစီအရင်အတွက်သာဖြစ်သည်။
အကယ်၍ အဆင့် ၆ အစီအရင်ထပ် အနည်းငယ်စွမ်းအားကောင်းနေလျှင် ဤသည်ကိုချိုးဖျက်ရန် အနည်းဆုံးတစ်သက်လုံး သုံးရလိမ့်မည်။
ဘာလုပ်ကြမလဲ?
ကျန်းချန်ရွှမ်သည် ရှန်းရူယန်အား မသိစိတ်မှ လှည့်ကြည့်လိုက်မိသည်။
ရှန်းရူယန်ကလည်း ပြုံးကာ ခေါင်းခါလိုက်သည်။
“အကယ်၍ အရင်ဘဝတုန်းကဆိုရင် ကျွန်မ ဖျက်နိုင်ကောင်းဖျက်နိုင်လိမ့်မယ်။ အခုတော့…”
ရှန်းရူယန်က ခေါင်းထပ်ခါလိုက်သည်။
ရှင်းလင်းစွာပင် သူ၏လက်ရှိကျင့်ကြံဆင့်က အဆင့် ၆ အစီအရင်ကို ဖျက်နိုင်ရန် မဖြစ်နိုင်ပါ။
နေပါဦး..
ကြည့်ရတာနည်းလမ်းတစ်ခုရှိသလိုပဲ..
ရုတ်တရက် ကျန်းချန်ရွှမ်က အကြံရသွားသည်။
***