← Chapters

ကျမ်းစာ စာကြည့်တိုက်မှ အကျိုးအမြတ်များရရှိခြင်း၊ စံသခင်ရွှမ်းယန်နှင့်ပြန်လည်တွေ့ဆုံခြင်း၊ ကျန်းနိုင်ငံသို့ ပြန်ခြင်း

Vol. 26 Ch. 501

ကျမ်းစာ စာကြည့်တိုက်မှ အကျိုးအမြတ်များရရှိခြင်း၊ စံသခင်ရွှမ်းယန်နှင့်ပြန်လည်တွေ့ဆုံခြင်း၊ ကျန်းနိုင်ငံသို့ ပြန်ခြင်း

Vol. 26 Ch. 501

ခနအကြာတွင်၊ ကျန်းချန်းရွှမ်၏ လက်ထဲ၌ သော့တစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။

ထိုသော့ကိုမြင်လျှင်၊ ရှန်းရူယန်က စိတ်ရှုပ်ထွေးသွားသည်။

"ယောက်ျား၊ ဒါက...?"

ကျန်းချန်းရွှမ်က ရယ်လိုက်ကာ ဖြေလိုက်သည်။

"မိန်းမ၊ စောင့်ကြည့်ပါဦး။

အကယ်၍ ကိုယ်မမှားခဲ့ရင်၊ ဒီအစီအရင်က ကိုယ်တို့ကို မတားနိုင်ပါဘူး။"

သူပြောလိုက်သည်နှင့်၊ ကျန်းချန်းရွှမ်က သော့ကိုယူလိုက်ကာ စာကြည့်တိုက်ကို လျှောက်သွားလိုက်သည်။

ကျီ..

မျှော်လင့်ထားသလိုပင်၊ သူစာကြည့်တိုက်သို့ချဉ်းကပ်သွားသည်နှင့် အလင်းက ရုတ်တရက် လင်းလာသည်။

အလင်းက ကျန်းချန်းရွှမ်၏လမ်းကို ပိတ်ထားသည်။ သူ မည်သည်ကိုလုပ်ပါစေ၊ ဆက်သွား၍မရပေ။

မျှော်လင့်ထားသကဲ့သို့ပင်။

ထိုအရာကိုမြင်လျှင်၊ ကျန်းချန်းရွှမ်က တုံ့ဆိုင်းမနေတော့ပါ။ သူကချက်ခြင်း သော့ကိုရှေ့တွင် ကိုင်ထားလိုက်သည်။

ခွပ်..

မယုံကြည်နိုင်စရာများက ဖြစ်လာခဲ့သည်။

ကျန်းချန်းရွှမ်က သော့ကိုကိုင်ကာ သူ၏လက်ကို ရှေ့သို့ထားလိုက်သည်နှင့်၊ လေထဲတွင်၊ သော့ပွင့်သွားသည့်အသံသည် ရုတ်တရက် မြည်လာခဲ့သည်။

ခနအကြာတွင်၊ ကျန်းချန်းရွှမ်၏ လမ်းကိုပိတ်နေသော အလင်းသည် ရုတ်တရက် တဖြည်းဖြည်းနှင့် ပပျောက်သွားတော့သည်။

အဆင့် (၆) အစီအရင်က ထိုအတိုင်းပင် စတင်၍ ပျောက်ကွယ်နေသည်။

"ဘယ်လိုဖြစ်ရတာလဲ..?"

ရှန်းရူယန်က အံ့အားသင့်သွားလေသည်။

သူမ၏ယောက်ျားလက်ထဲရှိသော့သည် မည်သို့သော ရတနာဖြစ်ပါသနည်း။

၎င်းသည် အဆင့် (၆)အစီအရင်ကိုပင် လွယ်ကူစွာဖွင့်နိုင်သည်။

၎င်းသည် အလွန်မယုံကြည်နိုင်စရာကောင်းပါသည်။

တစ်ချိန်တည်း၌ပင်၊ ကျန်းချန်းရွှမ်၏လက်ထဲမှ မူလကရှိနေသည့် သော့သည် အဆင့် (၆) အစီအရင်ကို ဖျက်ပြီးသည်နှင့် စတင်၍ ပျောက်ကွယ်လာလေသည်။

ကျန်းချန်းရွှမ်က ခံစားချက်မကောင်းတော့ပေ။

၎င်းသည် သူ့အား ယခင်က စနစ်ကပေးထားသည့် စကြဝဠာသော့ ဖြစ်သည်။

၎င်းသည် သူ့အားမည်သည့်တားမြစ်ချက် (သို့) အစီအရင်ကို ဖွင့်ရန် ကူညီပေးနိုင်သည်။

ပြီးနောက် ဤနေရာ၌ ဤကဲ့သို့ သုံးလိုက်ရလေသည်။

သို့သော်လည်း၊ ဒုတိယအကြိမ်စဉ်းစားပြီးသည့်နောက် ထိုသော့အား ဤနေရာတွင် သုံးလိုက်ရခြင်းသည် အရှုံးမရှိပါပေ။

ထို့သော့သည် သူ့အား အနာဂတ်တွင် ပိုကောင်းသောအကျိုးအမြတ်ကို ယူဆောင်လာပေးနိုင်သည်မှာ ဖြစ်နိုင်သော်လည်း၊

သို့သော်လည်း၊ အနာဂတ်က အဝေးကြီးမှာဖြစ်သည်၊ ပြီးနောက် မသေချာမှုများစွာလည်းရှိသည်။

ထို့အပြင်၊ စနစ်က သူ့အားယခင်က သော့ကိုဆုအဖြစ်ပေးနိုင်လျှင်၊ အခြားနည်းလမ်းဖြင့် ဆုမပေးနိုင်ရန်မှာမဖြစ်နိုင်ပေ။

ထိုကဲ့သို့ တွေးပြီးနောက် ကျန်းချန်းရွှမ်က ရှန်းရူယန်အား စာကြည့်တိုက်ထဲသို့ ဆွဲခေါ်သွားသည်။

သူတို့ အပြင်တွင်ရှိနေစဉ်က၊ စာကြည့်တိုက်ထဲမှ အခြေအနေအား အနည်းငယ်မျှသာမြင်နိုင်ခဲ့သည်။ ယခုမူ သူတို့အတွင်းတွင်ဖြစ်သောကြောင့်၊ များစွာမြင်နိုင်ပြီဖြစ်သည်။

အပြင်မှမမြင်နိုင်သော များစွာသော ကျောက်စိမ်းပြားများသာမက၊ စာကြည့်တိုက်ထဲတွင် လူပုံပေါက်သည့် ရုပ်သေးရုပ် (၁၀) ရုပ်ကျော်ကိုပါ မြင်ခဲ့ရလေသည်။

ထိုနေရာတွင် အဆင့် (၄) ရုပ်သေးရုပ် စုစုပေါင်း (၁၂)ရုပ်ရှိကာ တစ်ခုချင်းဆီ၏ တိုက်ခိုက်စွမ်းအားက ရွှေအမြုတေအဆင့်နှင့် ယှဉ်၍ ရသည်။

၎င်းသည် ကျန်းမိသားစု၏ ရွှေအမြုတေအဆင့်နေရာလပ်ကို ဖြည့်ဆည်းဖို့ရန်အတွက် လုံလောက်သည်။

သေချာပါသည်။

၎င်းက အရေးကြီးဆုံးအချက်မဟုတ်ပါ။ ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့ အမှန်တကယ်ဂရုစိုက်သည်မှာ အဆင့် (၅) လူပုံစံ ရုပ်သေးရုပ် (၂) ရုပ်ဖြစ်သည်။

ကြည့်လိုက်ရုံနှင့်၊ သူတို့ယခင်ကပိုင်ဆိုင်ခဲ့ဖူးသော လူဝံရုပ်သေးထပ် (၃၀) ရာခိုင်နှုန်းပို့၍ သန်မာပုံရသည်။

ထိုနေရာတွင် အခြေတည်ဝိဉာဉ်အဆင့် တိုက်ပွဲဝင် ရုပ်သေး (၃)ခုလည်း ထပ်ရှိသေးသည်။

သူတို့နှင့်ဆိုလျှင် ကျန်းမိသားစုအား ထိုစုံတွဲက အချိန်ကြာကြာအဝေးရောက်နေလျှင်ပင် အဆင်ပြေနိုင်လိမ့်မည်။

ထိုအချိန်၌၊

ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အချင်းချင်း၏မျက်လုံးထဲ၌ အံ့ဩမှုကိုမြင်လိုက်ကြရသည်။

တုံ့ဆိုင်းမှုမရှိဘဲ၊ သူတို့သည် စာကြည့်တိုက်ထဲမှ အရာများကို အမြန်ယူတော့သည်။

ကျီ...

သူတို့သည် စာကြည့်တိုက်ထဲမှ အရာအားလုံးကို ယူပြီးသည့်နောက်၊ အလွန်အင်အားကောင်းသော ပို့ဆောင်ရေးအစီအရင်က သူတို့ကိုခေါ်ဆောင်သွားပြန်သည်။

ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က နှစ်ဦးလုံး အံ့ဩသွားကြသည်။

ဒီတစ်ခေါက်ရော ဘယ်ကိုအပို့ခံရမှာလဲ?

ရတနာသိုက်သို့လား၊ ဒါမှမဟုတ်..?

သူတို့သည် များများမတွေးရသေးခင်ပင်၊ နှစ်ဦးသား ရုတ်တရက် သူတို့၏ခန္ဓာကိုယ်များ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

အချိန်ခနအကြာတွင်၊ သူတို့သည် မျက်လုံးများကိုဖွင့်၍ ကြည့်လိုက်သောအခါ၊ သူတို့၏မျက်လုံးများ တဖြည်းဖြည်းပြူးကျယ်သွားကြသည်။

သူတို့၏ရှေ့တွင် ထူထဲသော မြူများကို တွေ့လိုက်ရသည်။

သူတို့၏ အခြေတည်ဝိဉာဉ်နတ်ဘုရားအာရုံနှင့်ပင်လျှင် ထိုအရာကို ဖောက်မမြင်နိုင်ပေ။

ဒါက...?

ထိုစုံတွဲသည် တယောက်ကိုတယောက်ကြည့်လိုက်ကြပြီး တူညီသောအတွေးကိုတွေးလိုက်ကြသည်။

ပို့ဆောင်ရေးအစီအရင်က သူတို့အား ရွှေမီးဖိုဂိုဏ်းအပြင်ဘက်သို့ တိုက်ရိုက်ပို့ဆောင်လိုက်ခြင်း ဖြစ်နိုင်ပါသလား?

ပတ်ဝန်းကျင်က ရင်းနှီးနေပြီး၊ အထူးသဖြင့် ထူထပ်သောမြူများသည်၊ အကယ်၍ ပင်လယ်ကွေ့၏ အစွန်းအဖျားပိုင်း၌ မဟုတ်လျှင် ဘယ်နေရာဖြစ်နိုင်ပါမည်နည်း?

သူတို့သည် တကယ်ပင် ပို့ဆောင်ခံရခြင်းဖြစ်သည်။

ထိုအရာက စုံတွဲ၏ အတွေးထဲ ဖြစ်ပေါ်သွားသည်နှင့်တပြိုင်နက်၊ သူတို့သည် ရုတ်တရက် ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။

ချက်ခြင်းပင်၊ ထူထဲသောမြူသည် စတင်၍ ပြင်းထန်စွာ လိမ့်ဝင်သွားလေသည်။

ဝိုးတဝါးနှင့်၊ သူတို့သည် မူလက ခိုင်ခံကာ မြင့်မားသည့် ကျောက်တံခါးသည် ရုတ်တရက် စတင်၍ ပြိုကျနေသည်ကိုမြင်လိုက်ရပြီး၊ ဂိုဏ်းထဲမှ အရာအားလုံးကို ပင်လယ်နက်ထဲသို့ ဆွဲချသွားသည်ကို မြင်လိုက်ရသည်။ ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်က ထိတ်လန့်သွားသည်။

သူတို့၌ ဘာတွေဖြစ်နေကြောင်းသိနိုင်ရန် သဲလွန်စတစ်ခုမှ မရှိပေ။ သို့သော်လည်း သူတို့သည် ယခုမှစ၍ ရွှေမီးဖိုဂိုဏ်းသည် ဤကမ္ဘာမှ ပျောက်ကွယ်သွားခြင်းဖြစ်နိုင်ကြောင်း သိလိုက်ရသည်။

သူတို့သည် အချိန်အတော်ကြာရပ်နေမိပြီး၊ အရာအားလုံး ပျောက်ကွယ်နေသော ရွှေမီးဖိုဂိုဏ်းကို တည်ငြိမ်စွာ ဦးညွှတ်၍ ဂါရဝပြုလိုက်တော့သည်။

***

All Chapters