← Chapters

ကျမ်းစာ စာကြည့်တိုက်မှ အကျိုးအမြတ်များရရှိခြင်း၊ စံသခင်ရွှမ်းယန်နှင့်ပြန်လည်တွေ့ဆုံခြင်း၊ ကျန်းနိုင်ငံသို့ ပြန်ခြင်း (၂)

Vol. 26 Ch. 502

ကျမ်းစာ စာကြည့်တိုက်မှ အကျိုးအမြတ်များရရှိခြင်း၊ စံသခင်ရွှမ်းယန်နှင့်ပြန်လည်တွေ့ဆုံခြင်း၊ ကျန်းနိုင်ငံသို့ ပြန်ခြင်း (၂)

Vol. 26 Ch. 502

လပေါင်းအနည်းငယ်အကြာတွင်၊

ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့သည် ဓားဖုံးနန်းတော်သို့ ပြန်လာကြပြီး စံသခင်ရွှမ်းယန်နှင့် တွေ့ဆုံကြသည်။ သူတို့သည် နိုဗာရေပြင်တွင် တွေ့ကြုံခဲ့ရသောအရာများကို ပြောပြလိုက်ကြသည်။

စံသခင်ရွှမ်းယန်က ကြားသောအခါ၊ သူ၏အမူအရာက အလွန်တည်ကြည်သည့်ပုံသို့ ပြောင်းလဲသွားလေသည်။

ရှင်းလင်းစွာပင်၊ သူသည် နိုဗာရေပြင်တွင် မည်သည့်အရာများဖြစ်နေကြောင်းကို သတိမမူမိကြောင်း သိသာသည်။

သူသည် ထိုစုံတွဲ၏ ပြောပြချက်ကို ကြားလျှင်၊ နတ်ဆိုးကပ်လေးသည် ယခင်ကထပ်ပို၍ ပြသနာဖြစ်နိုင်ကြောင်းကို သတိပြုမိသွားသည်။

သည့် ပုံစံဖြင့် ပြောလိုက်သည်။

"ခင်ဗျားတို့နှစ်ယောက် ပေးလာတဲ့သတင်းက အလွန်အရေးကြီးတယ်။ ကျုပ် ကျီယန်နေနန်းတော်ကို ခနနေရင် စာပို့လိုက်မယ်။"

ထိုအချိန်တွင် စံသခင် ရွှမ်းယန်က တစ်ခုခုကို တွေးနေပုံရပြီး သူတို့နှစ်ဦးကို ဆက်ပြောလိုက်သည်။

"စကားမစပ်၊ ကျုပ်ကျီယန်နေနန်းတော်ကိုသွားတုန်းက ကျီယန်မီးတောက်ကောင်းကင်သခင်က ခင်ဗျားတို့အကြောင်း မေးသေးတယ်။"

"ဟမ်?"

ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့၏ နှလုံးခုန်မြန်သွားသည်။

ထင်ရှားသည့် ကောင်းကင်သခင်က သူတို့အကြောင်းကို ရုတ်တရက် မည်သည့်အတွက်ကြောင့် မေးရပါသနည်း?

ရှန်းရူယန်၏ ယခင်ဘဝအထောက်အထားက ပေါ်သွားခြင်းဖြစ်နိုင်ပါသလား?

သို့သော်လည်း မဖြစ်နိုင်ပါ။

ကျီယန်မီးတောက်ကောင်းကင်သခင်က ရှန်းရူယန်က အထွတ်အထိပ်တွင်ရှိနေစဉ်က မရှိသေးခြင်းပင်ဖြစ်ကောင်းဖြစ်နိုင်သည်။

ပြန်လည်မွေးဖွားပြီးနောက်၊ ရှန်းရူယန်ကလည်း သူမ၏ယခင်ဘဝ အဆက်အသွယ်များကို မညှာတာခဲ့ပါ။

အခြားတစ်ဖက်မှ ဂမ္ဘီရဉာဏ်တွင် ကျွမ်းကျင်နှံစပ်လျှင်ပင်၊ သူမ၏ နောက်ခံကို တွက်ချက်၍သိနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပါ။

သို့သော်လည်း၊ ကောင်းကင်သခင်အဖြစ်သိသောသူက၊ အကြောင်းမရှိပဲ စံသခင်ရွမ်းယန်အား သူတို့အကြောင်းမေးမြန်းစရာအကြောင်းမရှိပါ။

ထိုကိစ္စသည် တစ်ခုခုဖြစ်၍ (သို့) အထူးအကြောင်းတစ်ခုခုကြောင့်ဖြစ်ရမည်။

သူတို့၏စိုးရိမ်စိတ်များကို မြင်လျှင်၊ စံသခင်ရွှမ်းယန်က မနေနိုင်ဘဲ ပြုံးမိလေသည်။

"စိုးရိမ်စရာမလိုပါဘူး။ စီနီယာကျီယန်မီးတောက်က ကျုပ်ကိုခင်ဗျားတို့အကြောင်းမေးရတဲ့ အကြောင်းက ကျုပ်က အရင်တုန်းက ခင်ဗျားတို့အကြောင်းကို အများကြီးပြောပြဖူးလို့ပါ။"

"အာ.."

ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့သည် ထိုကြီးမြတ်သော ကျီယန်မီးတောက် ကောင်းကင်သခင်က စံသခင်ရွှမ်းယန်အား သူတို့အကြောင်းမေးရသည့်အကြောင်းမှာ ထိုကိစ္စကြောင့်ဖြစ်မည်ဟု မထင်ထားခဲ့ပေ။

ကြည့်ရသည်မှာ၊ စံသခင်ရွှမ်းယန်နှင့် ကောင်းကင်သခင် ကျီယန်မီးတောက်တို့၏ ဆက်ဆံရေးမှာ မရိုးရှင်းလောက်ပါ။

စံသခင်ရွှမ်းယန်က ဆက်ပြောသည်။

"အထူးသဖြင့် ကျုပ်တို့အတူဖြတ်သန်းပြီးနောက်၊ စီနီယာကျီယန်မီးတောက်က ခင်ဗျားတို့ နှစ်ယောက်ကို ပိုပြီးစိတ်ဝင်စားလာတယ်။

ဒါကြောင့်၊ သူက ခင်ဗျားတို့နှစ်ယောက်အချိန်ရှိရင်၊ ကျီယန်နေနန်းတော်ဘက်ကို ခရီးပြုဖို့ သူက မျှော်လင့်နေတယ်။ သူက ခင်ဗျားတို့ကို လူချင်းတွေ့ချင်နေတယ်။"

"ကျီယန်မီးတောက်ကောင်းကင်သခင်က ကျွန်တော်တို့ကို လူချင်းတွေ့ချင်နေတယ်လား?"

ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က အံ့အားသင့်သွားသည်။

ဝိဉာဉ်ဖွဲ့စည်းခြင်း၌ ကောင်းကင်သခင်ဆိုသည်မှာ ဤကမ္ဘာ၌ အမြင့်ဆုံးကျင့်ကြံဆင့်ဖြစ်ကြောင်း လူတိုင်းသိကြသည်။

သူတို့၏အချိန်သည် များစွာတန်ဖိုးရှိသည်။

သူတို့ကဲ့သို့ အခြေတည်ဝိဉာဉ်အဆင့်သာရောက်သေးကာ ကျီယန်နေနန်းတော်မှ မဟုတ်သောသူများကိုမဆိုနှင့်၊ ကျီယန်နေနန်းတော်မှ အခြေတည်ဝိဉာဉ်စံသခင်ပင်လျှင် ကျီယန်မီးတောက် ကောင်းကင်သခင်နှင့် တွေ့ခွင့်ရရန် အလွန်ခက်ခဲမည်ဖြစ်သည်။

သူတို့က မည်ကဲ့သို့ ဆင့်ခေါ်ခံရပါလိမ့်မည်နည်း?

ထိုအချိန်တွင်၊ နှစ်ဦးစလုံး စံသခင်ရွှမ်းယန်နှင့် ကောင်းကင်သခင်ကျီယန်မီးတောက် အကြား ဆက်ဆံရေးကို နားလည်မှုအသစ်ရသွားခဲ့ရသည်။

ကျန်းချန်းရွှမ်းကပြောလိုက်သည်။

"စီနီယာရွှမ်းယန်၊ ကျီယန်မီးတောက်ကောင်းကင်သခင်က ကျွန်တော်တို့ ဘယ်ချိန်သွားသင့်တယ်လို့ ပြောသေးလဲ?"

သူနှင့် ရှန်းရူယန်သည် အခြေတည်ဝိဉာဉ်နယ်ပယ်တွင် ဖြစ်ကြသော်လည်း စံသခင်ရွှမ်းယန်နှင့်တွေ့လျှင် သူတို့ကိုယ်တိုင် ဂျူနီယာဟုသာ သဘောထားကြလေသည်။

စံသခင်ရွှမ်းယန်က သူတို့အား အနာဂတ်တွင် အချင်းချင်း တာအိုရောင်းရင်းဟုသာသုံးရန် သတိပေးခဲ့သော်လည်း ကျန်းချန်းရွှမ်းနှင့်ရှန်းရူယန်တို့က သဘောမတူဘဲ စီနီယာ ဟုသာခေါ်ကြမြဲဖြစ်သည်။

စံသခင်ရွှမ်းယန်က ကျန်းချန်းရွှမ်၏ စကားများကိုကြားလျှင်၊ သူက ခေါင်းကိုခါလိုက်၍ ပြောသည်။

"မပြောဘူး၊ ဒါမဲ့ သူ့မှာ ခုတစ်လောတော့ ခင်ဗျားတို့ကိုတွေ့ဖို့အချိန်ရှိဦးမှာ မဟုတ်ဘူး။

ဘာလို့လဲဆိုတော့ အဆိပ်အတောက်ပစ္စည်းတွေကို ခြေရာခံနိုင်တဲ့ သန့်စင်တဲ့ယန်စစ်မှန်ရတနာက သန့်စင်ရာမှာ နောက်ဆုံးအဆင့်ကိုရောက်နေပြီ။

ကျုပ်အကြံပေးချင်တာ အကယ်၍ ကျီယန်နေနန်းတော်ကိုသွားပြီး စီနီယာ ကျီယန်မီးတောက်ကို တွေ့မယ်ဆိုရင် သန့်စင်တဲ့ယန်စစ်မှန်ရတနာကို သန့်စင်ပြီးတဲ့နောက်ပိုင်း ဆယ်နှစ်အတွင်း သွားတာကောင်းလိမ့်မယ်။"

ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်က နားလည်မှုနှင့် ခေါင်းညိတ်လိုက်ကြသည်။

ပြီးနောက် သူတို့သုံးဦးသည် စကားစမြည်ဆက်ပြောနေကြသည်။

ထိုအချိန်တွင်၊ မြေလမ်းလျှောက်သူနှင့် ယန်ဝူရွှမ်းတို့က ထိုစုံတွဲကို တွေ့ရန် လာကြကာ အချိန်ကျသောအခါ ထိုစုံတွဲက နှုတ်ဆက်စကားဆိုလိုက်ကြသည်။

…..

နှစ်လကြာသောအခါ။

ကျန်းချန်းရွှမ်းနှင့် ရှန်းရူယန်တို့က နောက်ဆုံး၌ ကျန်းနိုင်ငံသို့ ပြန်သွားကြလေသည်။

ပြန်ရောက်ပြီးနောက် သုံးရက်မြောက်နေ့တွင်၊ ကျန်းချန်းရွှမ်းနှင့် ရှန်းရူယန်တို့က ကျန်းနိုင်ငံ၏ အကြီးအကဲများကို မှော်ဝင်တိုင်တောင်ကို ဆင့်ခေါ်လိုက်ကြသည်။

ပြီးနောက် သူက လူတိုင်းကို နတ်ဆိုးကပ်ဘေး၏ နောက်ဆုံးအဆင့်ကို ပြောပြလိုက်သည်။

ချက်ခြင်းပင် လူတိုင်း၏မျက်နှာ၌ ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ပေါ်လာကြသည်။

ရှင်းလင်းစွာပင်၊ မည်သူမှ ယခင်က ကြာခုနှစ်ပွင့်နတ်ဆိုးဂိုဏ်းကဲ့သို့ နတ်ဆိုးကပ်ဘေးက အမှန်တကယ် ဖြစ်လာနေပြီဖြစ်ကြောင်းကို မမျှော်လင့်ထားခဲ့ကြပါ။

၎င်းသည် နတ်ဆိုးသားရဲအဓိကရုဏ်းထပ် အဆပေါင်းများစွာပိုကြီးသည့် ကပ်ဘေးဖြစ်သည်။

အကယ်၍ ကိစ္စများမှားယွင်းကုန်လျှင် သူတို့ကိုပင်မဆိုနှင့်၊ အခြေတည်ဝိဉာဉ် ကောင်းကင်သခင်များ သည်ပင် သေဆုံးနိုင်သည်။

ထိုအချိန်တွင် လူတိုင်းက စိတ်ဓာတ်ကျနေကြကာ၊ သူတို့၏နှလုံးသားထဲမှ ဖိအားက တိုးပွားလာခဲ့သည်။

ထိုအခြင်းအရာကိုမြင်လျှင် ကျန်းချန်းရွှမ်က လက်ကိုပုတ်လိုက်ကာ လူတိုင်းကို ပြောလိုက်သည်။

***

All Chapters