← Chapters

ကျမ်းစာ စာကြည့်တိုက်မှ အကျိုးအမြတ်များရရှိခြင်း၊ စံသခင်ရွှမ်းယန်နှင့်ပြန်လည်တွေ့ဆုံခြင်း၊ ကျန်းနိုင်ငံသို့ ပြန်ခြင်း (၃)

Vol. 26 Ch. 503

ကျမ်းစာ စာကြည့်တိုက်မှ အကျိုးအမြတ်များရရှိခြင်း၊ စံသခင်ရွှမ်းယန်နှင့်ပြန်လည်တွေ့ဆုံခြင်း၊ ကျန်းနိုင်ငံသို့ ပြန်ခြင်း (၃)

Vol. 26 Ch. 503

"လူတိုင်းပဲ ဒါတွေအားလုံးကို ကြောက်သွားဖို့ကျွန်တော်ပြောတာမဟုတ်ပါဘူး။ အဲ့ဒီအစား၊ အနာဂတ်မှာ ရင်ဆိုင်ရမဲ့အရာကို သိစေချင်လို့ပြောပြတာပါ။ အမြောက်စာပင်ဖြစ်မဲ့အစား စွန့်စားလိုက်တာက ပိုကောင်းပါတယ်။

ဆိုရိုးများအရ၊ ပြသနာတွေမှာ အခွင့်အရေးတွေရှိတတ်တယ် ။ အကယ်၍ အန္တရာယ်ရှိနေရင် အတွင်းမှာ အခွင့်အရေးရှိနေမှာ သေချာပေါက်ပဲ။ ကျွန်တော်တို့ ရယူနိုင်ခြင်းရှိမရှိအပေါ်မှာသာ မူတည်တယ်။

ကျွန်တော် ခင်ဗျားတို့ကိုမေးချင်တာက၊ အနာဂတ်မှာ ကျန်းနိုင်ငံတစ်ခုလုံးနဲ့ ကျန်းနိုင်ငံက ကျင့်ကြံသူတွေက ချီတက်မှာလား နောက်ဆုတ်မှာလား ဆိုတာကိုပဲ။

အကယ်၍ ဆန္ဒမရှိရင်၊ ထွက်သွားနိုင်ပါတယ်။ ကျွန်တော်ခင်ဗျားတို့ကို ကျန်းနိုင်ငံကနေ ခင်ဗျားတို့ရဲ့ လူတွေနဲ့အတူ ထွက်သွားခွင့်ပြုမယ်။

ပြီးတော့ အကယ်၍ ထွက်သွားဖို့ရွေးချယ်ရင် ကျွန်တော်တို့ ကျန်းမိသားစုက ဒီကိစ္စအတွက် ခင်ဗျားတို့ကို ဖိအားပေးမှာမဟုတ်ဘူးဆိုတာကို အာမခံနိုင်တယ်။

ဒါပေမဲ့..."

ထိုအချိန်၌ ကျန်းချန်းရွှမ်၏ အသံက ရုတ်တရက် ခက်ထန်သွားသည်။

"အကယ်၍ နေဖို့ရွေးချယ်ခဲ့ပြီးမှ၊ နောက်ဆုံးမိနစ်ရောက်မှ ကျွန်တော်အမိန့်တွေကိုမနာခံပဲထွက်ပြေးရင် ကျွန်တော်မသက်ညှာနိုင်တဲ့အတွက် အပြစ်မတင်ပါနဲ့။

ဥပမာပြဖို့အတွက် ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်မှာဖြစ်ပါတယ်။ ဒါကြောင့် ဂရုတစိုက်ဆုံးဖြတ်ကြဖို့ မျှော်လင့်ပါတယ်။ အရမ်းနောက်ကျသွားမှ နောင်တမရကြပါစေနဲ့။"

ထိုစကားလုံများက လူတိုင်း၏နှလုံးကို ခုန်မြန်စေသည်။

သူတို့သည် ကျန်းချန်းရွှမ်းက သူပြောသမျှစကားများအားလုံးကို စိတ်ရင်းနှင့်ပြောခြင်းဖြစ်ကြောင်း သိကြသည်။

အကယ်၍ သူပြောသည့်အခြေအနေသည် အမှန်တကယ်ဖြစ်လာခဲ့လျှင်၊ ကျန်းချန်းရွှမ်က လုံးဝသက်ညှာပေးမည်မဟုတ်ပေ။

ထိုအချိန်တွင်၊ လူအများစုသည် စိတ်တွင်းတွင် ရုန်းကန်လှုပ်ရှားနေကြရပြီး သူတို့၏မျက်နှာပေါ်တွင်တုံ့ဆိုင်းနေမှုများကို တွေ့နေရသည်။

ရှင်းလင်းစွာပင်၊ သူတို့က ကျန်းချန်းရွှမ်၏ အကြံပြုချက်ကို သေချာစွာ ဆုံးဖြတ်နေကြခြင်းဖြစ်သည်။

ဖြစ်လာတော့မည့်ကပ်ဘေးတွင်၊ နေခဲ့သင့်သလား (သို့) ထွက်သွားသင့်ပါသလား?

ကျန်းချန်းရွှမ်က အလျင်မလိုပါ။ လူတိုင်း၏ဆုံးဖြတ်ချက်အားတိတ်ဆိတ်စွာစောင့်ဆိုင်းနေသည်။

…

ထိုအခြေအနေအတိုင်းပင်။

၁၅ မိနစ်က ကုန်လွန်သွားသည်။

နာရီဝက်ကုန်လွန်သွားပြီးသည့်နောက် မည်သူမှ စကားမပြောကြချေ။

၎င်းသည် မည်သူမှ ကျန်းနိုင်ငံကိုစွန့်ခွာသွားလို့စိတ်မရှိကြကြောင်းဆိုလိုနေသည်။

စဉ်းစားကြည့်လျှင် အဓိပ္ပာယ်ရှိပါသည်။

သူတို့သည် ထိုနေရာတွင်ပင် နှစ်ထောင်ပေါင်းများစွာနေထိုင်လာခဲ့ပြီးဖြစ်သည်။ မည်သို့လွယ်ကူစွာ လက်လျော့နိုင်လိမ့်မည်နည်း?

အရေးကြီးဆုံးအချက်မှာ၊ သူတို့စွန့်ခွာသွားလျှင်ပင် မည်သည့်နေရာသို့ သွားနိုင်မည်နည်း?

သိရှိထားရမည်မှာ ဤကပ်ဘေးသည် အနှစ်သာရကိုးပါးမသေမျိုးကျင့်ကြံရေးလောက တစ်ခုလုံးတွင်ဖြစ်လာမည့်ကပ်ဘေးဖြစ်သည်။

ကျန်းနိုင်ငံကိုစွန့်ခွာခဲ့သည်ကိုမဆိုထားနှင့်၊ မြောက်ပိုင်းနယ်နိမိတ်တစ်ခုလုံးမှစွန့်ခွာခဲ့လျှင်ပင် ထိုကပ်ဘေးမှ လွတ်မြောက်နိုင်ခြင်းရှိလိမ့်မည်မဟုတ်ပါ။

ကျင့်ကြံရေးလောကများမှ လွတ်မြောက်နိုင်သည့်အစွမ်းမရှိသရွေ့ ဖြစ်သည်။

သို့သော် ၎င်းသည် ဖြစ်နိုင်ပါသလား?

သိသာစွာပင် မဖြစ်နိုင်ပါ။

ထို့ကြောင့်။

ထိုကဲ့သို့ဆိုလျှင်၊ အနည်းဆုံး ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်ကိုသာ အားကိုးနိုင်လိမ့်မည်ဖြစ်သည်။

နောက်ဆုံးတွင်၊ ထိုနှစ်ဦးအပေါ် သူတို့၏နားလည်မှုအရ၊ သူတို့သည် ကိုယ့်လူကိုယ် အမြောက်စာပင် အဖြစ်သုံးမည်သူမျိုးများ မဟုတ်ကြပါ။

ထိုလမ်းတစ်လျောက်လုံးတွင်၊ ထိုစုံတွဲ၏လုပ်ဆောင်ချက်များကို တွေ့မြင်ခဲ့ရပြီးဖြစ်သည်။

သူတို့၏ခန္ဓာကိုယ်များကို ငါးစာအဖြစ်ထားကာ အဆင့် (၅) နတ်ဆိုးဧကရာဇ်အား သတ်ဖြတ်ခဲ့ပြီး နတ်ဆိုးသားရဲအဓိကရုဏ်းကိုအဆုံးသတ်ခဲ့ခြင်း (သို့) ကန်းနန်တိုက်ကြီးအား ပြန်လည်စုစည်းကာ ထူထောင်ခဲ့ခြင်းအားဖြင့် သူတို့ကိုယ်တိုင် ယုံကြည်ရသောသူများအဖြစ် သက်သေပြခဲ့ပြီးဖြစ်သည်။

ထိုကဲ့သို့ လုပ်နိုင်စွမ်းရှိသော ခေါင်းဆောင်များအား မည်သည့်နေရာတွင် တွေ့နိုင်ဦးမည်နည်း?

အကယ်၍ ထိုနတ်ဆိုးကျင့်ကြံသူများအား ရှုံးနိမ့်ခဲ့လျှင်ပင်၊ ရန်သူလက်ထဲတွင် ဂုဏ်သိက္ခာရှိစွာ သေဆုံးရခြင်းဖြစ်သည်။

တစ်နာရီကျော်ကြာ ကုန်လွန်သွားသည်။

မည်သူမှ ထွက်သွားချင်စိတ်မရှိပါ။

ကျန်းချန်းရွှမ်၏ မျက်နှာတွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။

သူက လူတိုင်းကို ခေါင်းညိတ်ပြလိုက်သည်။

"ကြည့်ရတာ ခင်ဗျားတို့အားလုံး ထွက်သွားချင်စိတ်မရှိဘူးပဲ။ ဒီလိုဆို အနာဂတ်မှာ၊ ကျွန်တော်နဲ့ကျွန်တော့်ဇနီးတို့ နတ်ဆိုးကပ်ဘေးကြီးမကျရောက်လာခင်မှာ ကျန်းနိုင်ငံမှာ ရှိနိုင်တဲ့ နတ်ဆိုးကျင့်ကြံသူတွေအားလုံးကို ချေမှုန်းပစ်ဖို့ လုပ်ရာမှာ အားလုံးပဲ ပူးပေါင်းနိုင်ဖို့ မျှော်လင့်ပါတယ်။"

"ကောင်းပါပြီ။ ကျွန်တော်တို့ အမိန့်ကိုနာခံမှာပါ။"

ကျင့်ကြံသူများအားလုံးအမိန့်ကိုလက်ခံရန် ဦးညွှတ်လိုက်ကြသည်။

ထို့နောက်တွင် ကျန်းချန်းရွှမ်က အသေးစိတ် စီစဉ်မှုကို ပြုလုပ်လိုက်သည်။

ထို့နောက်တွင် ကျန်းချန်းရွှမ်က လူတိုင်းကို ထွက်ခွာခွင့်ပေးလိုက်ပြီး သူနှင့်ရင်းနီးသောသူများဖြစ်သည့် လျုလင်းလုံ၊ ကျန်းယွင်ချန်း၊ ကျန်းယွင်ရုံ၊ ရှန်းယွမ်လုံနှင့် ရှန်းတောက်မင် တို့ကို နေခဲ့ရန် ခေါ်ထားလိုက်သည်။

ပြီးနောက် ရှန်းရူယန်နှင့်အတူ၊ သူသည် ခရီးမှရလာသော အကျိုးအမြတ်တစ်ချို့ကို ယူထုတ်လာခဲ့သည်။

အထူးသဖြင့် ရွှေမီးဖိုဂိုဏ်းမှ ရှေးဟောင်းကျောက်စိမ်းပြားများဖြစ်သည်။

ရှိနေသောလူများက ထိုကျောက်စိမ်းပြားများကိုမြင်လျှင်၊ သူတို့၏မျက်နှာများက ထိတ်လန့်မှု၊ ဝမ်းမြောက်မှုများနှင့် ပြည့်သွားသည်။

သူတို့က ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့ ယူထုတ်လာသောအရာများက မည်မျှ တန်ဖိုးရှိကြောင်းကို သိကြသည်။

"အဖိုး၊ အဲ့ဒီကျောက်စိမ်းပြားတွေကို ကျွန်တော်တို့ကို သင်ယူဖို့တကယ်ပေးမလို့လား?"

ကျန်းရန်ယီနှင့် အခြားသူများက ယခုထိ မယုံနိုင်သေးကာ သံသယများနှင့် မေးနေကြသည်။

ကျန်းချန်းရွှမ်က ချက်ခြင်းပင် ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

"သေချာတာပေါ့။

ရူယန်နဲ့ ငါနဲ့ ဒီအရာတွေကိုယူထုတ်လာကတည်းက၊ မင်းတို့သင်ယူချင်တဲ့အရာကို ရွေးပြီး သင်ယူနိုင်ဖို့အတွက်လုပ်စေချင်တာပါ။

နတ်ဆိုးကပ်ဘေးမပြီးဆုံးခင်၊ ငါတို့ရလာတဲ့အရာတစ်ချို့ကို မိသားစုရတနာသိုက်နဲ့ စာကြည့်တိုက်ထဲမှာ ထားထားမယ်။"

ထိုအမွေအနစ်များအား မိသားစု၏စာကြည့်ခန်းထဲ၌ ထားထားလျှင်၊ ကြီးမားသော ပွက်လောရိုက်ခြင်းများကို ဖြစ်စေလိမ့်မည်မှာသေချာသည်။

အထူးသဖြင့် အခြေတည်ဝိဉာဉ်ကျင့်ကြံခြင်းနည်းလမ်းများနှင့် ရုပ်သေးရုပ်များသန့်စင်သည့် နည်းလမ်းများဖြစ်သည်။

သတင်းထွက်သွားသည်နှင့် အခြေတည်ဝိဉာဉ်ဂိုဏ်များ (သို့) ကျန်းမိသားစုအားကြည့်နေသည့် မျက်လုံးများသည် သူတို့အတွက် ပြသနာများဖြစ်စေလိမ့်မည်။

၎င်းသည် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က နတ်ဆိုးကပ်ဘေးကဝိုးတဝါးပေါ်လာနေသည့် အခြေအနေမျိုး၌ ဖြစ်စေချင်သည့်အရာမဟုတ်ပေ။

ရှိနေသောသူတိုင်းက ထိုအရာကို သိကြသည်။

ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့ပြောသည်ကိုမစောင့်တော့ဘဲ သူတို့က ထိုအကြောင်းကိုတစ်ခွန်းမှ ဟမည်မဟုတ်ကြောင်း ကျိန်ဆိုလိုက်ကြတော့သည်။

***

All Chapters