← Chapters

တတိယအဆင့်အခြေတည်ဝိဉာဉ်၊ နတ်ဆိုးအမဲလိုက်နိုင်သည့် အဆင့်(၆) သန့်စင်သောယန်စစ်မှန်ရတနာ၊ နတ်ဆိုးသခင်ကို သတ်ဖြတ်ခြင်း

Vol. 26 Ch. 504

တတိယအဆင့်အခြေတည်ဝိဉာဉ်၊ နတ်ဆိုးအမဲလိုက်နိုင်သည့် အဆင့်(၆) သန့်စင်သောယန်စစ်မှန်ရတနာ၊ နတ်ဆိုးသခင်ကို သတ်ဖြတ်ခြင်း

Vol. 26 Ch. 504

ခနအကြာတွင်။

ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့သည် ရွှမ်းမင်တောင်ထွတ်သို့ အတူပြန်သွားကြသည်။

သို့သော်လည်း ရွှမ်းမင်တောင်ထွတ်သို့ ပြန်ရောက်ပြီးမကြာမီတွင်၊ မတွေ့ရသည်မှာ ကြာပြီဖြစ်သော ဟွမ်းလင်းအာက သူတို့ဆီသို့ ရောက်လာကြသည်။

သူသည် ယခင်ကထပ် ပို၍ ရင့်ကျက်လာခဲ့သည်မှာ သိသာသည်။

သူမ၏ကျင့်ကြံဆင့်မှာ ဤနှစ်များအတွင်း ကျီဖုအဆင့်၏ ဆဠမအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။

ထိုစုံတွဲကိုမြင်လျှင် သူမသည် ယခင်ကအတိုင်းပင် နွေးထွေးစွာနှုတ်ဆက်လိုက်သည်။

"အစ်ကိုကျန်း၊ အမရှန်း။"

"ဟုတ်ပြီ။"

ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က ဟွမ်းလင်းအာလာလည်လိမ့်မည်ဟု မထင်မှတ်ထားပါ။

သို့သော်လည်း သူတို့သည် အကြောင်းရင်းကို အမြန်သိသွားသည်။

ရှန်းရူယန်က စိုးရိမ်စွာ မေးလိုက်သည်။

"လင်းအာ၊ ခုတလော ဘယ်လိုနေလဲ? အားလုံးအဆင်ပြေလား? ငါတို့အကူအညီလိုတာတစ်ခုခုရှိလား?"

ဟွမ်းလင်းအာက ချိုမြိန်စွာပြုံးလိုက်သည်။

"ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်၊ အစ်မရှန်း။ ခုတလောအဆင်ပြေပါတယ်။"

ထိုအချိန်တွင် ဟွမ်းလင်းအာ၏မျက်နှာတွင် တုံ့ဆိုင်းမှုများရှိနေသည်။

ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က သူ့၌ ပြောစရာစကားရှိနေသေးကြောင်းသိလိုက်ကြသည်။

ကျန်းချန်းရွှမ်ကပြုံးကာ ပြောလိုက်သည်။

"လင်းအာ၊ အကယ်၍ ပြောစရာရှိရင် ပြောလိုက်ပါ။ ငါတို့ကိုဘာမှ ဖုံးကွယ်ထားစရာမလိုပါဘူး။"

"ဟုတ်ကဲ့။"

ဟွမ်းလင်းအာက ခေါင်းညိတ်လိုက်သည်။

တုံ့ဆိုင်းမှုမရှိဘဲ၊ သူမသည် ကျန်းချန်းရွှမ်းနှင့် ရှန်းရူယန်တို့အား ကြည့်ကာ ပြောလိုက်သည်။

"အစ်ကို ကျန်း၊ အစ်မရှန်း၊ ကျွန်မ လမင်းကြည့်ဂိုဏ်းကို ခရီးထွက်ပြီး သွားလည်ချင်လို့ပါ။"

"ဟမ်။"

ကျန်းချန်းရွှမ်းနှင့် ရှန်းရူယန်တို့က အံ့ဩသွားရသည်။

ဟွမ်းလင်းအာက သူ့အဖေကို သတိရနေခြင်းဖြစ်သည်ဟု သူတို့ထင်လိုက်ကြသည်။

လွန်ခဲ့သောနတ်ဆိုးသားရဲ အဓိကရုဏ်း ပြီးနောက်မှစ၍ ဟွမ်းဝမ်ယုသည် လုံးဝပျောက်ကွယ်သွားခဲ့သည်။ ယခုအချိန်ထိ သူသည် ဘယ်ဆီဘယ်ဝယ်တွင်ရှိနေကြောင်း သတင်းအစအနပင် မရှိပါ။

အကယ်၍ လမင်းကြည့်ဂိုဏ်းမှ ဝိဉာဉ်မီးအိမ်က လုံးဝငြိမ်းသွားခြင်းမရှိသောကြောင့်မဟုတ်ခဲ့လျှင်၊ လူတိုင်းက ဟွမ်းဝမ်ယုအား ဤကမ္ဘာတွင် မရှိတော့လောက်ဟု ထင်ကြမည်ဖြစ်သည်။

အထူးသဖြင့် အခုတလောတွင်၊ ဟွမ်းဝမ်ယု၏ ဝိဉာဉ်မီးအိမ်က ငြိမ်းသွားတော့မည့်လက္ခဏာများ ခနခနပြနေကြောင်းပြောကြသည်။

နောက်ပိုင်းမှ တဖြည်းဖြည်းပြန်လင်းလာသော်လည်း၊ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသေးသည်။

သမီးတစ်ယောက်အနေဖြင့်၊ ဟွမ်းလင်းအာက စိတ်မပူရန်မှာမဖြစ်နိုင်ပါ။

သို့သော်လည်း နတ်ဆိုးကပ်ဘေးက ဖြစ်လာတော့မည်ဖြစ်သောကြောင့် အပြင်ထွက်ရန် ကောင်းသောအချိန်မဟုတ်ပါ။

ဟွမ်းလင်းအာသည် ကျီဖုအဆင့်၏ ဆဠမအဆင့်တွင်ရောက်နေသော်လည်း၊ သူမသည် တိုက်ခိုက်ရေးအတွေ့အကြုံသိပ်မရှိပေ။

အထူးသဖြင့်၊ ရက်စက်ကြမ်းကြုတ်သည့်နတ်ဆိုးကျင့်ကြံသူများကိုရင်ဆိုင်ရသည့်အချိန်တွင် အကယ်၍ သူမ သတိမထားလျှင်၊ ဆုံးရှုံးမှုကြီးမားစွာတွေ့ကြုံရလိမ့်မည်။

သို့သော်လည်း၊ တစ်ချိန်တည်း၌၊ သူတို့သည် ဟွမ်းလင်းအာထွက်သွားမည်ကို မတားနိုင်ပါ။

နှစ်ပေါင်းများစွာခင်မင်လာခဲ့ကြသော်လည်း၊ နောက်ဆုံး၌ ဟွမ်းလင်းအာက ဧည့်သည်တစ်ယောက်သာဖြစ်သည်။

အိမ်ရှင်တစ်ယောက်အနေဖြင့် ဧည့်သည်တစ်ဦး၏လွတ်လပ်ခွင့်ကို မည်သို့ ပိတ်ပင်နိုင်ပါမည်နည်း?

ထိုအတွေးဖြင့်၊ ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့သည် မတတ်နိင်ဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

နောက်ဆုံး၌ ကျန်းချန်းရွှမ်က ဟွမ်းလင်းအာကို ပြုံးပြကာခေါင်းညိတ်လိုက်သည်။

"လင်းအာ၊ အကယ်၍ မင်းထွက်သွားချင်ရင် ထွက်သွားပါ။

မင်းသိသင့်တာက မြောက်ပိုင်းနယ်နိမိတ်ရဲ့လက်ရှိအခြေအနေပဲ။

မှတ်ထားပါ၊ လုံခြုံရေးက အရာအားလုံးပဲ။"

ပြောရင်းနှင့် ကျန်းချန်းရွှမ်သည် သူ၏လက်ကိုမြောက်ကာ လှန်လိုက်သည်။

အဆင့်(၄) သို့ရောက်ရှိနေပြီဖြစ်သော လူပုံစံရုပ်သေးသည် ရုတ်တရက် ဟွမ်းလင်းအာ၏ ရှေ့တွင် ပေါ်လာသည်။

"လင်းအာ၊ ဒီအဆင့်(၄)ရုပ်သေးက အစ်မရှန်းနဲ့ငါတို့ ဒီတစ်ခေါက်အပြင်ထွက်တဲ့ချိန်မှာ ရခဲ့တာ။ မင်းမထွက်သွားခင်၊ ဒီရုပ်သေးကိုအရင်သန့်စင်သွားနိုင်ဖို့ မျှော်လင့်တယ်။

ဒီလိုဆို၊ ငါတို့လည်း အဆင်ပိုပြေလိမ့်မယ်။"

ကျန်းချန်းရွှမ်ထုတ်လာသော ရုပ်သေးကိုမြင်လျှင် ဟွမ်းလင်းအာက ထိတ်လန့်သွားသည်။

အဆင့် (၄) ရုပ်သေးသည် မည်မျှအဖိုးတန်ကြောင်းမပြောသေးပါနှင့်။ သူ၏အကိုကျန်းက သူမအားထိုရုပ်သေးကို သန့်စင်စေချင်သေးသည်။ မည်သို့... သူမသည်မည်သို့လုပ်နိုင်မည်နည်း?

သို့သော်လည်း၊ ဟွမ်းလင်းအာကမငြင်းပယ်မီ ကျန်းချန်းရွှမ်၏ဘေးမှ ရှန်းရူယန်သည် ပြုံးကာ ဟွမ်းလင်းအာကို ပြောလိုက်သည်။

"လင်းအာ၊ ငါတို့သိလာတာ အနှစ်နှစ်ရာကျော်ပြီ။ ဒီအဆင့် (၄) ရုပ်သေးက အရမ်းအဖိုးတန်ပေမဲ့ ငါနဲ့ နင့်အစ်ကိုကျန်းအတွက်အသုံးမဝင်ဘူး။ မင်းရဲ့ လုံခြုံရေးနဲ့စာရင် ဒီရုပ်သေးက ပြောဖို့မလိုပါဘူး။"

ဟွမ်းလင်းအာက သူ့စကားများကိုခံစားသွားရသည်။

တစ်ချိန်တည်း၌ သူမငြင်းပယ်လိုက်လျင် သူတို့စိတ်ထိခိုက်သွားမည်ဖြစ်ကြောင်းသိလိုက်သည်။

ထို့ကြောင့်၊ သူမသည် ငြင်းပယ်မနေတော့ပဲ နှစ်ဦးလုံးကို ဦးညွှတ်၍ ဂါရဝပြုလိုက်သည်။ သူက ကျေးဇူးတင်စွာပြောလိုက်သည်။

"အစ်မရှန်းနဲ့ အစ်ကိုကျန်း၊ ကျွန်မကိုဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မဒီခရီးမှာ သတိထားဖို့ သတိရပါ့မယ်။ နှစ်ဦးလုံးကို စိတ်ပူရအောင်မလုပ်ပါဘူး။"

"ကောင်းပါပြီ။"

ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့က ပြုံးကာ ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် သူတို့သုံးဦးသည် စကားစမြည်ပြောကြပြီး ဟွမ်းလင်းအာက ထကာ ထွက်သွားသည်။

ခနအကြာတွင်။

ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့က အပေါ်မှ ဂူထဲဝင်လိုက်သည်။

နှစ်ဦးပေါင်းကျင့်ကြံမှုပြီးနောက်တွင်၊ ထိုစုံတွဲသည် ထိုခရီးမှရရှိလာခဲ့သော အရာများကို အစာချေတော့သည်။

ကျန်းချန်းရွှမ်၏ဖက်တွင်။

သူသည် ပထမဆုံးအနေဖြင့် နေရာလပ်မြက်ကို အသုံးပြုကာသူ၏ကျင့်ကြံဆင့်ကို အခြေတည်ဝိဉာဉ်၏ တတိယအဆင့်သို့ရောက်အောင်မြင့်တင်လိုက်သည်။

ဒုတိယအနေဖြင့်၊ သူသည် ယင်ယန်ကျောက်တုံးကိုအသုံးပြုကာ သူ၏မူလဓမ္မရတနာဖြစ်သည့် ယင်ယန်ရေနတ်ဘုရားကျောက်စိမ်းကို အဆင့် (၅) သို့မြင့်တင်လိုက်သည်။

အချက်တစ်ခုမှာ သူတို့သည် ဆံပင်ဖြူဖြူနှင့်လူဖြစ်သော ဟန်တုန်းပင်းအားသတ်ခဲ့သောထိုနေ့က သူ့ထံမှ မြေသလင်းကျောက်ကိုပါရထားခဲ့သည်။

ထိုပစ္စည်းသည် အဆင့်မြင့် မြေဓာတ်ဝိဉာဉ် ပစ္စည်းဖြစ်လေသည်။ ၎င်းသည် သူ၏ မြေနက်လှံကို အဆင့် (၅) ထိရောက်အောင်လုပ်ပေးနိုင်သည်။

***

All Chapters