တတိယအဆင့်အခြေတည်ဝိဉာဉ်၊ နတ်ဆိုးအမဲလိုက်နိုင်သည့် အဆင့်(၆)သန့်စင်သောယန်စစ်မှန်ရတနာ၊ နတ်ဆိုးသခင်ကို သတ်ဖြတ်ခြင်း(၂)
Vol. 26 Ch. 505
သို့သော်လည်း၊ ထိုပစ္စည်းသည် သူ၏မြေနက်လှံနှင့် ပြည့်စုံစွာ အံဝင်ခွင်ကျမဖြစ်ပေ။
အကယ်၍ တွန်းအားပေး၍ သုံးလျှင်၊ မြေနက်လှံ၏ ဖြစ်နိုင်ချေကို လျော့ချသလိုဖြစ်သွားနိုင်သည်။
ထို့ကြောင့်၊ ထိုမြေသလင်းကျောက်အား အခြားအဆင့်(၅)မြေဓာတ်စစ်မှန်ရတနာကို သန့်စင်ရန်သုံးသည်မှာ အကောင်းဆုံးနည်းလမ်းဖြစ်သည်။
ကျန်းချန်းရွှမ်သည် အကြံရှိပြီးသားဖြစ်သည်။
နောက်ဆုံးတွင် အဆင့်(၅) မန္တာန်များကို လေ့ကျင့်ရန်ဖြစ်သည်။
၎င်းသည် ရေရှည်ပန်းတိုင်ဖြစ်နိုင်သည်။
သူ၌အချိန်ရှိလျှင်၊ သူကအဆင့်(၅) မန္တာန်များကို စတင်လေ့ကျင့်နိုင်သည်။
မည်သို့ပင်ဖြစ်ပါစေ၊ သူအားအချိန်အတော်ကြာအလုပ်ရှုပ်နေစေနိုင်သည့် အဆင့်(၅) ဓာတ်ငါးပါးမန္တာန်များကို ရွှေမီးဖိုဂိုဏ်းမှ စုဆောင်းလာခဲ့ပြီးဖြစ်သည်။
သူတို့သည် ဆယ်စုနှစ်အနည်းငယ်အတွင်း မည်သို့လုပ်ချင်ကြောင်းကိုအတည်ပြုပြီးသည့်နောက် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က တုံ့ဆိုင်းမနေတော့ဘဲ စတင်၍ သီးသန့်ကျင့်ကြံကြတော့သည်။
အချိန်က မြှားတစ်စင်းကဲ့သို့ကုန်လွန်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ နှစ်ပေါင်း (၃၀) ကုန်လွန်သွားသည်။
လွန်ခဲ့သော နှစ်ပေါင်း (၃၀)အတွင်း၊ ကျန်းချန်းရွှမ်သည် သူ၏ကျင့်ကဲ့မှုကို ခိုင်မာစွာ မြင့်တင်နိုင်ခဲ့သည်၊ ဒုတိယအဆင့် အခြေတည်ဝိဉာဉ်အဆင့်မှ တတိယအဆင့် အခြေတည်ဝိဉာဉ်အဆင့်ဖြစ်လာသည်။
တစ်ချိန်တည်းမှာပင်၊ သူသည် ယင်ယန်သလင်းကျောက်ကိုသုံး၍ သူ၏မူလစစ်မှန်ရတနာ ယင်ယန်ရေနတ်ဘုရားကျောက်တုံးကို အဆင့်(၅) သို့မြင့်တင်နိုင်ခဲ့သည်။
ပြီးနောက် သူသည် အဆင့်(၅) ဓာတ်ငါးပါးမန္တာန်တွင် ဆရာဖြစ်လာခဲ့သည်။
မီးတောက်နဂါးဟိန်းသံနှင့် ဖရိုဖရဲကျောက်တုံးများကျခြင်း များအပြင် အခြားအဆင့်(၅) ဓာတ်ငါးပါးမန္တာန် နှစ်ခုကို ကျွမ်းကျင်သွားခဲ့သည်။
၎င်းတို့မှာ ရွှေရောင်နတ်ဘုရားအလင်းနှင့် ရေလိပ်အကာအရံ တို့ပင်ဖြစ်သည်။
ရှေ့တစ်ခုမှာ သူသည် အခြေတည်ဝိဉာဉ်ပစ္စည်းဖလှယ်ပွဲတွင် မြေလမ်းလျောက်သူနှင့်လဲလှယ်ခဲ့သော အရာဖြစ်သည်။ နောက်တစ်ခုမှာ ရွှေမီးဖိုဂိုဏ်းမှ ရရှိထားသော အရာဖြစ်သည်။
ရှေ့တစ်ခုသည် သန့်စင်သည့်ခုခံရေးနတ်ဘုရားအလင်းတစ်ခုဖြစ်ကာ၊ နောက်တစ်ခုမှာ အင်အားကြီးသည့် အခြားခုခံရေးမန္တာန်တစ်ခုဖြစ်ပြီး အဆင့်(၅) တိုက်ခိုက်မှုများကိုပင် ကာကွယ်နိုင်ရန် အထိလုံလောက်သည်။
ကျန်းချန်းရွှမ်က မြေသလင်းကျောက်ကို သုံးကာ အခြားအဆင့်(၅)မြေဓာတ်စစ်မှန်ရတနာတစ်ခုကို သန့်စင်ရန်အတွက်လုပ်ရမည် ဖြစ်၍သူ၏နှလုံးက ရုတ်တရက် နှလုံးခုန်မြန်သွားသည်။
ခနအကြာတွင် သူက သီးသန့်ကျင့်ကြံနေသည့် ဂူထဲမှ ထွက်လာခဲ့သည်။
အပြင်၌ လမ်းလျှောက်နေသည့်ရှန်းရူယန်နှင့်တွေ့ခဲ့သည်။
ထိုစုံတွဲက တစ်ဦးကိုတစ်ဦးကြည့်နေကြသည်။
ပြီးနောက် သူတို့၏အကြည့်များသည် အဝေးမှ တောင်ဖက်မိုးကုပ်စက်ဝိုင်းဖက်သို့ ရွှေ့ပြောင်းသွားသည်။
…….
ထိုနေရာတွင်။
မြောက်ပိုင်းနယ်နိမိတ်၏ ကောင်းကင်တစ်ခွင်တွင် ရတနာမှန်မှ ထွက်ပေါ်နေသည့် ရွှေရောင်လင်းအလွှာများသည် ထွန်းလင်းနေသည်။
အင်အားကြီးကာ ရဲရဲတောက်နေသောအရောင်အဝါက ကောင်းကင်ပေါ်တွင် နေလုံးတစ်လုံးကို ချိတ်ဆွဲထားသကဲ့သို့ပင်။
ထိုအချိန်တွင်။
ရွှေအမြုတေအဆင့် (သို့)အခြေတည်ဝိဉာဉ်အဆင့်ဖြစ်စေ ချီသန့်စင်သည့် ကျင့်ကြံသူဖြစ်လျှင်ပင်၊ ကောင်းကင်ပေါ်ရှိရတနာမှန်မှ ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ်ကောင်းသော အစွမ်းများကို အာရုံခံနိုင်ကြသည်။
"ဒါက..."
ကျန်းချန်းရွှမ်က အနည်းငယ် ကြောက်ရွံရိုသေစိတ်ပေါ်ပေါက်လာသည်။
သူ၏လက်ရှိကျင့်ကြံဆင့်နှင့် အင်အားနှင့်ဆိုလျှင်၊ ထိုရတနာမှန်မှ ထုတ်လွှတ်နေသည့် မှော်ဝင်သည့် အင်အားကိုခံစားရာတွင် ထိုရတနာမှန်ရှေ့တွင် သူသည် ပိုးစုန်းကြူးကဲ့သို့အားနည်းလာသလို ခံစားလိုက်ရသည်။
ထိုအချိန်တွင် ရှန်းရူယန်က ပြောလိုက်သည်။
"အကယ်၍ ကျွန်မထင်တာမမှားရင် ဒါကကောင်းကင်သခင်ကျီယန်မီးတောက်နဲ့ အခြားကောင်းကင်သခင်တွေ သန့်စင်ထားတဲ့အဆင့်(၆)သန့်စင်သောယန်စစ်မှန်ရတနာဖြစ်လိမ့်မယ်။"
"အဆင့်(၆)သန့်စင်သောယန်စစ်မှန်ရတနာလား?"
ကျန်းချန်းရွှမ်က ထိတ်လန့်သွားသည်။
ထိုမှန်၏ အရောင်အဝါက အလွန်ဆန်းကြယ်ကာ ကြောက်မက်ဖွယ်ကောင်းနေသည်မှာ အံ့ဩဖွယ်မဟုတ်တော့ပေ။
"ဒါပေမဲ့၊ မူလ အဆင့်(၆)သန့်စင်သောယန်စစ်မှန်ရတနာက အရမ်းအင်အားမကောင်းဘူး။"
ရှန်းရူယန်က မတတ်နိုင်ဘဲဆက်ပြောသည်။
"မှန်က အရမ်းဆန်းကြယ်နေရခြင်းအကြောင်းက ဖြစ်နိုင်တာ ကောင်းကင်သခင်တွေပူးပေါင်း သန့်စင်ထားတာဖြစ်လို့ပဲ။ အဲ့တာကြောင့် မူလအဆင့်(၆)သန့်စင်သောယန်စစ်မှန်ရတနာဆိုရင် ယှဉ်နိုင်မှာမဟုတ်ဘူး။"
"အဲ့လိုလား?"
ကျန်းချန်းရွှမ်းက အဝေးက တောင်ဖက်ပိုင်းရှိကောင်းကင်ကို ထပ်ကြည့်လိုက်သည်။
ထိုအချိန်တွင် ထိုဖက်ခြမ်းမှ ပဲ့တင်ထပ်လာသည့်အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"မကောင်းတဲ့နတ်ဆိုး၊ ငါ့ရဲ့ မဟာနေမှန်ကနေ ပုန်းကွယ်ချင်တယ်ပေါ့? အိမ်မက်မက်နေလိုက်၊ ငါတို့ နတ်ဆိုးအမဲလိုက် စစ်မှန်ရတနာကိုဖန်တီးနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ကောင်းကင်ဘုံကို ယဇ်ပူဇော်ဖို့ အဆင့်(၆) နတ်ဆိုးသခင်၊ မင်းကိုသုံးပေးလိုက်မယ်။"
သူသည် စကားပြောပြီးသည်နှင့်၊ အလွန်ဆန်းကြယ်သော ခရမ်းရောင်ကြိုးပုံသဏ္ဍာန်များက အမြင့်ပေ ၁ သောင်းထိရောက်သွားကာ တောင်တစ်ခုကဲ့သို့ ဖြစ်နေသည်၊ သူသည် အဆုံးမရှိ ရွှေရောင်အလင်းများ ထုတ်လွတ်နေသည့် ရတနာမှန်ကို ကိုင်ထားသည်။
တောက်ပနေသည့် ရွှေရောင်အလင်းက ထွက်လာသည်။
အဝေးရှိ တောင်ဖက်ပိုင်း၏ကောင်းကင်ပေါ်တွင် အဆုံးမရှိ ရွှေရောင်မီးတောက်များဖြင့် လုံးဝပြည့်သွားသည်။ ဂုဏ်ကျက်သရေရှိကာ ဆန်းကျယ်သည့်အရောင်အဝါများက နေမင်း၏ကျယ်ပြောမှုကဲ့သို့ ရုတ်တရက် မြောက်ပိုင်းနယ်နိမိတ်တစ်ခုလုံးကို ဖိနှိပ်ထားလိုက်သည်။
မြောက်ပိုင်းနယ်နိမိတ်တွင် ရှိနေသော ကျင့်ကြံသူအားလုံးက ထိုအချိန်တွင် ရှိန်စရာကောင်းသော အရောင်အဝါတစ်ခုကို ခံစားလိုက်ရကာ မွန်းကျပ်မှုကို ခံစားလိုက်ရသည်။
ကျန်းချန်းရွှမ်းနှင့်ရှန်းရူယန်တို့လည်း ခြွင်းချက်မရှိပါ။
သူတို့သည် ကောင်းကင်တစ်ခုလုံးတွင် ပြည့်နေသည့် ရွှေရောင်အလင်းများကို ကြည့်ကာ မျက်လုံးများပြူးကျယ်လျှက်အံ့ဩနေကြသည်။
ရွှေရောင်အလင်း၏ အလယ်ဗဟိုတွင်၊ ကတ္တရာကဲ့သို့မဲနက်ကာ မှင်ကဲ့သို့အစက်တစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။
ထို့နောက် ထိုအမဲရောင်အစက်သည် ပို၍ ကြီးလာပြီး မျက်စိတမှိတ်အတွင်းတွင်ပင် တောင်တစ်ခုလုံးကို ဖုံးလွမ်းနိုင်သည့်အထိ ကြီးမားသွားသည်။
သို့သော်လည်း၊ ကြီးမားသည့် အမဲရောင်အရိပ်ပိုင်ရှင်သည် ရွှေရောင်အလင်း၏ ကျယ်ပြောမှုအောက်တွင် အကျဉ်းကျခံလိုက်ရသည်။
သူကမည်မျှပင်ရုန်းကန်ကာ ကြိုးစားနေပါစေ၊ သူသည် ရွှေရောင်မီးတောက်၏ ကန့်သတ်ချက်မှ မလွတ်မြောက်နိုင်ချေ။
ဆန့်ကျင်ဘက်တွင်၊ အချိန်များကုန်လွန်လာသည်နှင့်အမျှ၊ အနက်ရောင်အရိပ်က ပို၍သေးငယ်သွားသည်အထိ ပြောင်းလဲလိုက်သည်။
ပေတစ်ရာခန့်အထိ ကျုံလိုက်ပြီးနောက်၊ ရွှေရောင်မီးတောက်က မည်မျှပင် တောက်လောင်နေပါစေ၊ သူတို့သည် ထိုထပ်ပို ကျုံသွားစေရန်မလုပ်နိုင်တော့ပေ။
"ဟားဟားဟား"
တစ်ချိန်တည်းမှာပင်၊ ကျယ်လောင်သည့်ရယ်သံက ရုတ်တရက် အနက်ရောင်အရိပ်ထဲမှ ထွက်လာသည်။
"ကျီယန်မီးတောက်၊ မင်းရဲ့လက်ရှိကျင့်ကြံဆင့်နဲ့များ ငါ့ကို သန့်စင်ချင်သေးတယ်ဟုတ်လား? မင်းကိုယ်မင်းအထင်အရမ်းကြီးနေတာမဟုတ်ဘူးလား?
"ငါတို့လည်း ပါရင်ကော?"
ရုတ်တရက် အစိမ်းရောင်နှင့် အပြာရောင် ပုံရိပ်ျားက ကျီယန်မီးတောက်ကောင်းကင်သခင်၏နောက်မှ ထွက်ပေါ်လာကြသည်။
သူတို့ကလက်များကို ထွန်းလင်းနေသောရွှေရောင်အလင်းကိုကိုင်လိုက်ကြသည်နှင့်
မူလက ပြင်းထန်နေသည့် ရွှေရောင်အလင်းသည် ပို၍ တောက်ပလာသည်။
ရှဲ...
ချက်ခြင်းပင်၊ အစွန်းရောက်လမ်းဟုခေါ်သည့် ထိုနတ်ဆိုးက ရုတ်တရက် မီးမြိုက်ခံရသလိုထင်ရသည်။
သူ၏ဘေးမှ အမှောင်ထုက အမြန်ပင်ပျောက်ကွယ်သွားသည်။
"ရုန်ဟန်ကျီးရှန်း၊ အဆုံးမဲ့ပင်လယ်၊ မင်းတို့..."
နတ်ဆိုး၏ ထိတ်လန့်နေကာ ဒေါသထွက်နေသည့် အသံက ကောင်းပင်ပေါ်မှ ပဲ့တင်ထပ်နေသည်။
"ဘာလို့လဲ? ငါတို့သုံးယောက်ပေါင်းရင် မင်းကိုသန့်စင်ဖို့မလုံလောက်သေးဘူးလို့ထင်လို့လား?" ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းက အစိမ်းရောင်အလင်းဖက်သို့လှည့်ကာ ထေ့ငေ့ါလိုက်သည်။
ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်ကလည်း ဂရုမစိုက်စွာပြောသည်။
"ကောင်းပြီ၊ ငါတို့ရဲ့အသက်ရှုချိန်တွေကို ဒီနတ်ဆိုးအပေါ်ဖြုန်းနေဖို့မလိုအပ်ဘူး။ ငါတို့ ဒီနတ်ဆိုးကို မဟာနေမင်းမှန်ရဲ့မွေးဖွားလာမှုကို ဂုဏ်ပြုဖို့ ဘာပဲဖြစ်ဖြစ် သန့်စင်ရမယ်။"
ဘွန်း။
ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်က စကားပြောပြီးသည်နှင့်၊ ကောင်းကင်ပေါ်ရှိရွှေရောင်မီးတောက်က အလွန်အားကောင်းသည့် အလင်းတန်းများ ပေါက်ထွက်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည့်အရောင်အဝါက ဦးတည်ဖက်ပေါင်းစုံမှ လိမ့်တက်လာကာ၊ လူတိုင်းကို ကြောက်ရွံရိုသေစေခဲ့သည်။
အထူးသဖြင့် နတ်ဆိုးကျင့်ကြံသူများသည် ကြောက်ရွံ့မှုဖြင့် တုန်လှုပ်နေကြသည်။
ထိုကဲ့သိုပင်။
ရွှေရောင်အလင်းတစ်ခုလုံးက လေထဲတွင် ရက်အနည်းငယ် ထွန်းလင်းနေခဲ့သည်။
ခုနစ်ရက်အကြာတွင်။
အဝေးရှိတောင်ဖက်မှကောင်းကင်တွင်၊ သိပ်သည်းသည့် ဝိဉာဉ်ချီဒီရေက ရုတ်တရက်လိ မ့်တက်လာသည်။
၎င်းနှင့်အတူ ဒေါသများ၊ မကျေနပ်မှုများနှင့်ပြည့်နေသော ဟိန်းသံတစ်ခုက ထွက်လာခဲ့သည်။
"ကျီယန်မီးတောက်၊ ရုန်ဟန်ကျီးရှန်း၊ အဆုံးမဲ့ပင်လယ်၊ မင်းတို့ အစောကြီးပျော်မနေကြနဲ့။ ဒီကပ်ဘေးမှာ ငါတို့ နတ်ဆိုးကျင့်ကြံသူတွေက မြောက်ပိုင်းနယ်နိမိတ်က လူတိုင်းကို ထာဝရခံစားသွားရအောင်လုပ်ပေးမယ်။
အကယ်၍ မင်းတို့မှ အဆင့် (၆) ယန်စစ်မှန်ရတနာ ရှိတယ်ဆိုရင်တောင်မှ အသုံးမဝင်ဘူးကွ၊ ဟားဟားဟားဟား။"
ဘန်း။
သူ၏ရိုင်းစိုင်းသောရယ်သံအလယ်တွင် ရှေးဟောင်းနတ်ဆိုးပုံရိပ်က မဟာနေမင်းမှန်မှ ပြာများအဖြစ်သို့ရောက်အောင်လုံးဝ လောင်ကျွမ်းပစ်လိုက်သည်။
သို့သော်လည်း၊ သူ၏နောက်ဆုံးစကားများက ကောင်းကင်သခင် သုံးယောက်၏မျက်နှာများအား မျက်မှောင်ကုပ်သွားစေခဲ့သည်။
နောက်ဆုံးတွင်။
ကောင်းကင်သခင် ကျီယန်မီးတောက်က တိတ်ဆိတ်မှုကိုစတင်၍ ဖြိုခွဲလိုက်သည်။ သူက ရုန်ဟန်ကျီးရှန်းနှင့် အဆုံးမဲ့ပင်လယ်တို့အား ကြည့်ကာပြောလိုက်သည်။
"ကျုပ်အခြားသူတွေ့ရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးပြီး ကျုပ်တို့ရဲ့စိတ်ဓာတ်ကို ပျက်စီးစေချင်တာတော့ မဟုတ်ပေမဲ့၊ အမှန်က ဒီနတ်ဆိုးကပ်ဘေးကို ပေါ့ပေါ့လေးလုပ်နေလို့မရတော့ဘူး။ ခင်ဗျားတို့ကော ကျွန်တော်ကောပြင်ဆင်ထားရတော့မယ်။
အထူးသဖြင့် အဲ့ဒီကြွက်တွေက မြောက်ပိုင်းနယ်နိမိတ်မှာ ပုန်းနေသေးတယ်။ ကျုပ်တို့ သူတို့ကို တတ်နိုင်သမျှ ရှင်းပစ်ရမယ်။
ကျုပ်အကြံပြုချင်တာက၊ ကျုပ်တို့ ပူးပေါင်းပြီး နတ်ဆိုးသုတ်သင်အမိန့်တစ်ခုထုတ်ပြန်ပြီး မြောက်ပိုင်းနယ်နိမိတ်က ကျင့်ကြံသူတွေကို အစွန်းရောက်လမ်းရဲ့ အသိုက်ကိုဦးတည်ပြီး အဲ့ကောင်တွေကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းဖို့ အမိန့်ပေးလိုက်ကြရင်ကော? ခင်ဗျားတို့နှစ်ယောက် ဘယ်လိုထင်ကြလဲ?
"ကျုပ်သဘောတူတယ်။"
ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်နှင့် ကောင်းကင်သခင် ရုန်ဟန်ကျီးရှန်းတို့ နှစ်ဦးလုံး သဘောတူလိုက်ကြသည်။
***