← Chapters

ကျီယန်နေနန်းတော်သို့ ရောက်ရှိခြင်း၊ စံသခင် ဖုန်းယွင်

Vol. 26 Ch. 506

ကျီယန်နေနန်းတော်သို့ ရောက်ရှိခြင်း၊ စံသခင် ဖုန်းယွင်

Vol. 26 Ch. 506

ရက်အနည်းငယ်အကြာတွင်ဖြစ်သည်။

ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့က စံသခင်ရွှမ်းယန်ထံမှ စာတစ်စောင်ရခဲ့သည်။

အကြောင်းအရာမှာ သူတို့လွန်ခဲ့သောရက်အနည်းငယ်က ကြားခဲ့ရသည့်ကိစ္စပင်ဖြစ်သည်။

မြောက်ပိုင်းနယ်နိမိတ်ရှိကျင့်ကြံသူများက အစွန်းရောက်လမ်း၏ ပုန်းအောင်းရာနေရာသို့ သွား၍ အမြစ်ဖြတ်သုတ်သင်ချေမှုန်းမည့်မစ်ရှင်ကို ယူထားကြသည်။

၎င်းသည် မြောက်ပိုင်းနယ်နိမိတ်မှ ကောင်းကင်သခင်သုံးဦး ပူးပေါင်းပြုလုပ်ထားသည့် ဆုံးဖြတ်ချက်ဖြစ်သည်။

သူတို့က မနာခံဘဲ မနေရ နတ်ဆိုးသုတ်သင်မည့် အမိန့်ကိုပါချထားသေးသည်။ အထူးသဖြင့် အခြေတည်ဝိဉာဉ် ကျင့်ကြံသူများအတွက်ဖြစ်ကာ သူတို့သည် ကောင်းကင်သခင်သုံးဦး၏အမိန့်ကို စိတ်ပါလက်ပါ လိုက်နာရမည်ဖြစ်သည်။

ချိုးဖောက်ခဲ့လျှင်၊ အကျိုးဆက်က မြောက်ပိုင်းနယ်နိမိတ်မှ နှင်ထုတ်ခံရမည်ဖြစ်ကာ၊ ပိုမိုပြင်းထန်သော အမှုများအတွက်မူ မျိုးဆက်များပါသုတ်သင်ခံရမည်ဖြစ်သည်။

၎င်းသည် သေချာပေါက် ဟာသတစ်ခုမဟုတ်ပါ။

ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်သည် ကောင်းကင်သခင်များအားစိန်ခေါ်ရလောက်အောင်မမိုက်မဲသေးပါ။

သူတို့သည် စံသခင်ရွှမ်းယန်၏သတင်းကို ရသည်နှင့် သူတို့သည် ကျန်းနိုင်ငံမှ ရွှေအမြုတေဂိုဏ်းများနှင့် မိသားစုများဆီသို့ လက်ဆင့်ကမ်းသတင်းပေးခဲ့သည်။

လူတိုင်းက မှော်ဝင်တိုင်တောင်တွင် စုစည်းကြပြီး၊ ကျန်းချန်းရွှမ်က မိသားစုတစ်ခုဆီတိုင်းကို ထိုအစွန်းရောက်လမ်း၏ပုန်းခိုရာနေရာသို့သွားရောက်မည့် စစ်ဆင်ရေး၌ပါဝင်ရန် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးနှင့် ကျီဖုအဆင့်ကျင့်ကြံသူ သုံးဦး ပို့ပေးဖို့ရန် အမိန့်ပေးလိုက်သည်။

မိသားစုများအားလုံးကလည်း ပူးပေါင်းကြပါသည်။

ခနအကြာတွင်၊ ရွှေအမြုတေအဆင့်ကျင့်ကြံသူ (၁၂)ယောက်၊ ကျီဖုအဆင့်ကျင့်ကြံသူ (၃၆)ယောက်သည် ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့နှင့်ပူးပေါင်းရန် ဆန္ဒရှိကြသည်။

ထိုစုံတွဲကတုံ့ဆိုင်းမနေတော့ဘဲ ကြီးမားသည့် လေသင်္ဘောများကို ထုတ်လိုက်ကြသည်။

လူတိုင်း ထိုလေသင်္ဘောများသို့ တက်ပြီးသည့်နောက်၊ ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့က ယုနိုင်ငံရှိဓားဖုံးနန်းတော်သို့ဦးဆောင်၍ ထွက်ခွာလာကြသည်။

သူတို့သည် အစွန်းရောက်လမ်း၏ပုန်းခိုရာနေရာသို့ အတူတကွ မထွက်ခွာမီ စံသခင်ရွှမ်းယန်နှင့် အခြားသူများအား သွားတွေ့ရန် စီစဉ်ခဲ့ကြသည်။

ဓားဖုံးနန်းတော်ဖက်တွင် အရာအားလုံးက အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ဓားဖုံးနန်းတော်မှ အသင်းကို ဦးဆောင်သူက စံသခင်ရွှမ်းယန်ကိုယ်တိုင်ဖြစ်သည်။

သူ၏နောက်တွင် ဓားဖုံးနန်းတော်မှ အခြားအခြေတည်ဝိဉာဉ်စံသခင် ယန်ဝူရွှမ်းဖြစ်သည်။

မြေပြင်လမ်းလျှောက်သူအနေဖြင့် ဂိုဏ်းကိုစောင့်ရှောက်ရန် နန်းတော်၌ နေခဲ့မည်ဖြစ်သည်။

စကားစမြည်တစ်ချို့ပြောကြပြီးနောက်၊ စံသခင်ရွှမ်းယန်က ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်ကို တစ်ခုပြောခဲ့သည်။

"ဒီတစ်ခေါက် နတ်ဆိုးတွေရဲ့ ပုန်းခိုတဲ့အသိုက်မှာ အန္တရာယ်တွေအများကြီးရှိနိုင်တယ်။ ဂရုစိုက်ဖို့သတိရပါ။

ဒါပေမဲ့၊ အဲ့တာကိုမပြောခင်၊ ကျုပ်တို့ ကျီယန်နေနန်းတော်ကို အရင်သွားရလိမ့်မယ်။

ပထမဆုံး ကျီယန်နေနန်းတော်က ကျုပ်တို့အတွက် အစီအစဉ်လွယ်လွယ်ချနိုင်ဖို့ပဲ၊ ဒုတိယကတော့ ကျုပ်တို့အားလုံးထဲမှာ အဆိပ်အတောက်ပစ္စည်းတွေကနေ နတ်ဆိုးလမ်းစဉ်ရောက်နေတဲ့သူမရှိကြောင်း အတည်ပြုဖို့ပဲဖြစ်တယ်။"

ထိုအရာကိုကြားလျှင်၊ ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့၏ နှလုံးခုန်မြန်သွားသည်။

ကိုယ့်ဘက်မှလူများအား နတ်ဆိုးလမ်းစဉ်မဟုတ်ကြောင်းကိုအတည်ပြုခြင်းသည် အဓိကနှင့် ဦးစားပေးပန်းတိုင်ဖြစ်လိမ့်မည်။

ယခုမှစ၍၊ သူတို့ကြား၌ ပုန်းအောင်းနေသော နတ်ဆိုးကျင့်ကြံသူများအတွက် ဆက်လက်ပုန်းအောင်း နိုင်ရန် အလွန်ခက်ခဲတော့မည်ဖြစ်သည်။

နောက်ဆုံး၌၊ မဟာနေမင်းမှန်၏ရှေ့တွင် ဖုံးကွယ်ထားသောအရာအားလုံးက ပေါ်ထွက်လာလိမ့်မည်။

ထိုအချိန်တွင် ကျန်းချန်းရွှမ်၊ စံသခင် ရွှမ်းယန်နှင့် အခြားသူများက ကျီယန်နေနန်းတော်တည်ရှိသည့် ကျီယန်တိမ်တိုက်နိုင်ငံသို့ဦးတည်၍ အမြန်ပျံသန်းသွားကြသည်။

လမ်း၌ ပို့ဆောင်ရေးအစီအရင်တစ်ချို့သုံးပြီးနောက်၊ နောက်ဆုံး၌လဝက်အကြာတွင် ကျီယန်နေနန်းတော်၏ တောင်ဂိတ်ကိုရောက်ရှိသွားခဲ့သည်။

ဝှစ်...ဝှစ်

သူတို့က ကျီယန်နေနန်းတော်၏ တောင်ဂိတ်သို့ရောက်သည်နှင့် အစိမ်းရောင်အလင်းက သူတို့ဆီသို့ ပျံလာသည်။

အလင်းရောင်က နီးကပ်လာသည်နှင့် ကျန်းချန်းရွှမ်နှင့် အခြားသူများသည် ချက်ခြင်း ထိုပုံရိပ်ကို ရှင်းလင်းစွာ မြင်ခဲ့ကြရသည်။

၎င်းသည် အင်အားကြီးသည့်အရောင်အဝါများထွက်နေသည့် အစိမ်းရောင်ကြိုးများထဲမှ လူတစ်ဦးဖြစ်သည်။

သူလှုပ်ရှားလိုက်ချိန်တိုင်း ဖိအားပါလာပုံပေါ်သည်။

သူက နောက်ဆုံးအဆင့်အခြေတည်ဝိဉာဉ်ကျင့်ကြံသူဖြစ်သည်။

ကျန်းချန်းရွှမ်၊ စံသခင်ရွှမ်းယန်နှင့် အခြားသူများကို မြင်လျှင်၊ သူကပြုံးပြသည်။ ပြီးနောက် သူ၏လက်ကိုမြောက်ကာ လက်များကိုဆုပ်၍ စံသခင်ရွှမ်းယန်ကို ဂါရဝပြုနှုတ်ဆက်လိုက်သည်။

"တာအိုရောင်းရင်းရွှမ်းယန်၊ မတွေ့ရတာကြာပြီနော်။ ခင်ဗျားရဲ့ကျင့်ကြံဆင့်က ထပ်ပြီးမြင့်လာပြန်ပြီ ထင်တယ်။ ဂုဏ်ယူပါတယ်။"

"တာအိုရောင်းရင်းဖုန်းယွင်၊ ခင်ဗျားကောပါပဲ။

စံသခင်ရွမ်းယန်ကလည်း လက်များကိုဆုပ်ကာ ပြန်နှုတ်ဆက်လိုက်သည်။

"ခင်ဗျားရဲ့အရောင်အဝါအရ၊ ခင်ဗျားက အခြေတည်ဝိဉာဉ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်ဖို့မဝေးတော့ဘူးမဟုတ်လား?”

"ဟားဟား၊ ခင်ဗျားနားက ဘာမှ မလွတ်မြောက်နိုင်ဘူး။"

ဖုန်းယွင်ဟုခေါ်သောသူက စိတ်ပါလက်ပါရယ်သည်။

ပြီးနောက် သူက စံသခင်ရွှမ်းယန်၏ ဘေးမှ ကျန်းချန်းရွှမ်နှင့်အခြားလူများကိုလှည့်ကြည့်လိုက်သည်။

စံသခင်ရွှမ်းယန်က ၎င်းကိုမြင်သည်နှင့် အမြန်မိတ်ဆက်ပေးလိုက်သည်။

"တာအိုရောင်းရင်းဖုန်းယွင်၊ ခင်ဗျားကိုမိတ်ဆက်ပေးပါရစေ။"

ဒီနှစ်ယောက်က တာအိုရောင်းရင်း ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်ပါ၊ စီနီယာကျီယန်မီးတောက်က တွေ့ချင်တဲ့ သူတွေပါ။"

သူက ပြောလိုက်ရင်း စံသခင်ရွှမ်းယန်က ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်အားလှည့်ကြည့်လိုက်သည်။

"ဒါက စီနီယာ ကျီယန်မီးတောက်ရဲ့ ကိုယ်ပိုင်တပည့်၊ စံသခင်ဖုန်းယွင်ပါ။ သူကလည်း ဒီစစ်ဆင်ရေးရဲ့ ခေါင်းဆောင်တစ်ဦးပါ။"

ဟမ်? သူတို့က ငါ့ဆရာတွေ့ချင်နေတဲ့ လူတွေလား?

စံသခင်ဖုန်းယွင်သည် စံသခင်ရွှမ်းယန်၏မိတ်ဆက်ပေးသည်ကို ကြားသောအခါ မျက်လုံးများကို ပင့်လိုက်သည်။

သူက ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့အားကြည့်ကာ ယဉ်ကျေးစွာဖြင့်၊

"ဒါဆို ဒီတာအိုရောင်းရင်းနှစ်ဦးက ကျန်းနိုင်ငံကပေါ့၊ တွေ့ရတာဝမ်းသာပါတယ်။"

စကားပြောရင်းနှင့် နှစ်ဦးအား လက်ဆုပ်ကာနှုတ်ဆက်ဂါရဝပြုရန်လည်း မမေ့ခဲ့ပေ။

ထိုအရာကိုမြင်လျင် ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့ကလည်း အမြန် ပြန်နှုတ်ဆက်လိုက်ကြသည်။

သူတို့၏ ရှေ့မှလူသည် သာမန်စံသခင်တစ်ဦးမဟုတ်ကြောင်းကို သိလိုက်ရသည်။

ကောင်းကင်သခင်ကျီယန်မီးတောက်၏ ကိုယ်ပိုင်တပည့်ဖြစ်သောအချက်ကို ဘေးဖယ်ထားလျှင်ပင်၊ သူ၏ အထောက်အထားက အခြေတည်ဝိဉာဉ်နောက်ဆုံးအဆင့်ဖြစ်ခြင်းကပင် လူတိုင်း၏ရှေ့တွင် လေးစားခံရရန် လုံလောက်နေပြီဖြစ်သည်။

***

All Chapters