← Chapters

ကျီယန်နေနန်းတော်သို့ ရောက်ရှိခြင်း၊ စံသခင် ဖုန်းယွင် (၂)

Vol. 26 Ch. 507

ကျီယန်နေနန်းတော်သို့ ရောက်ရှိခြင်း၊ စံသခင် ဖုန်းယွင် (၂)

Vol. 26 Ch. 507

စကားစမြည်ပြောကြပြီးနောက် စံသခင်ဖုန်းယွင်ကိုယ်တိုင် ကျီယန်နန်းတော်၏ လက်ခံသည့်နေရာ‌ တောင်ထိပ်သို့ ဦးဆောင်၍ ခေါ်သွားတော့သည်။

ဤနေရာတွင်။

ကျန်းချန်းရွှမ်နှင့်အခြားသူများက စံသခင်များစွာရောက်ရှိနေပြီဖြစ်ကြောင်းကို တွေ့လိုက်ရသည်။

ယခင်ကတွေ့ဆုံခဲ့ဖူးသော နှင်းပန်းပွင့်စံသခင်လည်းပါကာ၊ ဓားဖုံးနန်းတော်၏လဲလှယ်ရေးပွဲတွင် တွေ့ဆုံခဲ့ဖူးသော ကြယ်ပင်လယ်စံသခင်လည်းပါ၍၊ မင်ကျန်းဂိုဏ်းမှ ဖေ့တောက်ချီလည်းပါသည်။

ထပ်မံ၍ လုနိုင်ငံ လုမိသားစုမှ လုယွမ်ရှန်၊ ယုနိုင်ငံ ချောင်မိသားစုမှ ချောင်ထျန်းရှုန်းနှင့် ဟိုင်နိုင်ငံ လျူမိသားစုမှ လျူကွမ်းယောင်တို့လည်း ရှိနေသည်။

ကျန်းချန်းရွှမ်က ချောင်ထျန်းရှုန်းနှင့်လျူကွမ်းယောင်တို့အား ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။

ထိုစုံတွဲအား မိသားစုသုံးခုမှ တွေ့သည်နှင့် သူတို့သည် ရန်လိုမှုများကို ဖော်ပြနေကြသည်။

သို့သော်လည်း ဤနေရာတွင် မည်သူမှပြသနာမရှာရဲကြသဖြင့် သူတို့ကိုယ်သူတို့ထိန်းနေကြလေသည်။

ကျန်းချန်းရွှမ်က သူ၏နှလုံးသားထဲတွင် လှောင်လိုက်သည်။

သူက ထိုမိသားစုသုံးခုကို လျစ်လျူရှုလိုက်ပြီး စံသခင်ရွှမ်းယန်နှင့် ထိုင်ခုံကိုရှာလိုက်သည်။

မကြာခင်တွင်ပင်။

မြူနှင်းဂိုဏ်းမှ နှင်းပန်းပွင့်စံသခင်နှင့် နက္ခတ်ဂိုဏ်မှ ကြယ်ပင်လယ်စံသခင်တို့က ကျန်းချန်းရွှမ်နားသို့ ချဉ်းကပ်လာကြသည်။

"တာအိုရောင်းရင်းရွှမ်းယန်၊ တာအိုရောင်းရင်းကျန်းနဲ့ တာအိုရောင်းရင်းရှန်း။"

သူတို့နှစ်ဦးဝင်လာသည်နှင့် နှစ်ဖက်စလုံးက စကားများဖလှယ်နေကြသည်။

ခနအကြာတွင်။

စံသခင်ဖုန်းယွင်သည် အခြေတည်ဝိဉာဉ်စံသခင် (၆)ယောက်နှင့်အတူ ကျီယန်နေနန်းတော်ဝတ်စုံ နှင့်အတူ အလယ်သို့လာခဲ့သည်။

စကားပြောနေသည့်စံသခင်များက တဖြည်းဖြည်း တိတ်ဆိတ်သွားကြသည်။

စံသခင်ဖုန်းယွင်က လူတိုင်းကို တစ်ချက်ကြည့်လိုက်ကာ ပြုံးလိုက်သည်။

"တာအိုရောင်းရင်းတို့၊ ပထမဆုံးအနေနဲ့ ကျီယန်နေနန်းတော်ရဲ့ကိုယ်စကားလှယ်အနေနဲ့ လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဒုတိယအနေနဲ့ ဒီစစ်ဆင်ရေးနဲ့ပက်သက်ပြီးအားလုံးက ကောင်းကောင်းသိထားကြပြီလို့ထင်ပါတယ်။

ဘယ်လိုဖြစ်ဖြစ်၊ ထွက်ခွာကြပြီဆိုရင် ကျွန်တော်တို့ထဲမှာ နတ်ဆိုးကျင့်ကြံသူမရှိတာသေချာဖို့ အားလုံးပဲပူးပေါင်းပေးကြပြီး မဟာနေမင်းမှန်ရှေ့မှာ ရပ်ပေးကြဖို့လိုပါတယ်။"

စံသခင်ဖုန်းယွင်၏ စကားများကိုကြားလျှင်၊ ရှိနေသော စံသခင်များက တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။

ထို့နောက် သူတို့က တစ်ဦးနှင့်တစ်ဦးခေါင်းညိတ်ပြလိုက်ကြသည်။

အချက်အလက်များကြောင့် သူတို့နှင့် သူတို့၏ ရောင်းရင်း၊ တပည့်သားများက နတ်ဆိုးရောင်ဝါမှ ကူးစက်မနေကြရန် သေချာချင်ကြသည်။

အချိန်များစွာမကြာလိုက်ခင်တွင်ပင်၊ စံသခင် ဖုန်းယွင်နှင့် ကျီယန်နေနန်းတော်မှစံသခင်များက ကျီယန်နန်းတော်၏ခန်းမအားမျက်နှာမူ၍ ဦးညွှတ်လိုက်ကြသည်။

"ရတနာရှေ့မှာ ရပ်ပေးကြဖို့ ကျွန်တော်တို့ လေးစားစွာဖြင့် တောင်းဆိုပါတယ်။"

ကျီ..

စံသခင်ဖုန်းယွင်နှင့် အခြားသူများပြောပြီးသည်နှင့်၊ လူတိုင်း၏ခေါင်းပေါ်တွင် သာမန်ထပ်လွန်ကဲသော စွမ်းအားများနှင့်ပြည့်နေသော လင်းလက်တောက်ပနေကာ မြင့်မြတ်ထူးကဲသည့်မှန်ဝိုင်းက ရုတ်တရက် ပေါ်လာခဲ့သည်။

ထိုအချိန်တွင်၊ လူတိုင်းက သူတို့ရှိနေသောနေရာတစ်ခုလုံးတွင် မယုံနိုင်စရာကောင်းလောက်အောင် ခမ်းနားကြီးကျယ်၍ ကျယ်ပြန့်သော ရောင်ဝါများပြည့်နေသည်ကို ကွဲပြားစွာခံစားလိုက်ရသည်။

"အားလုံးပဲ၊ ကျေးဇူးပြု၍။"

တစ်ချိန်တည်း၌၊ စံသခင်ဖုန်းယွင်က လူတိုင်းကို တည်ငြိမ်သောအမူအရာဖြင့် ပြလိုက်သည်။

ထိုနေရာတွင် အချိန်အနည်းငယ်တိတ်ဆိတ်သွားလေသည်။

ခနအကြာတွင်။

စံသခင်ရွှမ်းယန်က ပထမဆုံးလျှောက်သွားသည်။

ခြေတစ်လှမ်းနှင့် မဟာနေမင်းမှန်၏ရှေ့တွင် ရောက်သွားသည်။

သေချာပါသည်။

ကျယ်ပြောသည့်နေရောင်မြင့်မြတ်သည့်မှန်ထဲတွင် လူတိုင်းက အစစ်အမှန်ခန္ဓာကိုယ်ကို မမြင်ရသေးပေ။ သို့သော် ရုပ်ပြမှအရိပ်သည် ကျသွားသည်။

သို့သော်လည်း၊ ၎င်းသည် ရုပ်ပြပင်ဖြစ်ပါစေ၊ ၎င်း၏အဆင့်က အဆင့်(၆) သို့ရောက်ရှိနေပြီဖြစ်သည်။

၎င်းသည် ကူးစက်နေသောနတ်ဆိုးကျင့်ကြံသူဖြစ်ကြောင်းကို ဆုံးဖြတ်ရန်လုံလောက်နေပြီဖြစ်ပါသည်။

ကျီ..

ရုတ်တရက်၊ တောက်ပသည့် ရွှေရောင်အလင်းက မှန်ပေါ်တွင် ပုံရိပ်ထင်လာပြီး အချိန်တိုတွင်း စံသခင်ရွှမ်းယန်၏ ပုံရိပ် ထင်ဟပ်လာလေသည်။

ပုံမမှန်သည့်အရာတစ်ခုမှ မရှိပါ။

စံသခင်ရွှမ်းယန် သူ၏နေရာတွင် ပြန်ထိုင်လိုက်သည်။

ထို့နောက်တွင် စံသခင်များသည် ရှေ့ထွက်လာကြပြီး တစ်ဦးပြီးတစ်ဦး စစ်ဆေးရေးကို ဖြတ်ကျော်သွားကြသည်။

ထိုအကြောင်းကိုစဉ်းစားကြည့်လျှင်၊ အဓိပ္ပာယ်ရှိပါသည်။

ကူးစက်နေသည်ကို သိလျှက်နှင့် ထိုနေရာသို့ လာလိမ့်မည်နည်း?

သေချာပါသည်။

ဤနေရာသို့မလာသော အခြားကျင့်ကြံသူများသည် မဟာနေမင်းမှန်ရှေ့တွင် စမ်းသပ်မှုကိုရှောင်နိုင်မည် ဟုဆိုလိုခြင်းမဟုတ်ပါ။

တစ်ခုတည်းသောကွဲပြားမှုက အချိန်ပင်ဖြစ်သည်။

အကယ်၍၊ ထိုအချိန်သို့ရောက်ခဲ့လျှင်၊ သင်သည် တမင်သပ်သပ် မဟာနေမင်းမှန်၏ စစ်ဆေးမှုကိုမခံယူခဲ့ပါက သင်သည် မင်္သကာသူဟု နာမည်တပ်ခံရမည်မှာ သံသယဝင်စရာမရှိပါ။

ထိုအချိန်တွင်၊ အကယ်၍ သင်ကထပ်မံ၍ ပျောက်သွားလျှင်၊ သင်ကအမဲလိုက်ခံရတော့မည်ဖြစ်သည်။ ထိုအတွေးက အခြေတည်ဝိဉာဉ်ကျင့်ကြံသူများ၏စိတ်ထဲ၌ ပေါ်လာစဉ်တွင်ပင်၊ ရုတ်တရက် လူတိုင်း၏နားထဲသို့ အော်သံနှစ်ခု ရောက်လာခဲ့သည်။

လူတိုင်းချက်ခြင်းပင် လှည့်ကြည့်လိုက်ကြသည်။

သူတို့၏နောက်တွင်၊ လျူမိသားစုမှ ရွှေအမြုတေကျင့်ကြံသူနှစ်ဦးက မဟာနေမင်းမှန်ရှေ့တွင် ရပ်လိုက်ချိန်တွင် ရုတ်တရက် အနက်ရောင် နတ်ဆိုးရောင်ဝါများထွက်လာခဲ့လေသည်။

သူတို့သည် တောက်ပနေသည့်ရွှေရောင်အလင်းက ရွှေအမြုတေကျင့်ကြံသူနှစ်ဦးကိုအဆက်မပြတ် ဖျက်ဆီးနေသည်ကိုတွေ့ခဲ့ကြရပြီး၊ သူတို့၏ခန္ဓာကိုယ်များကို အရည်ပျော်နေသော ချော်ရည်များကဲ့သို့ ဖြစ်သည်ထိထိုးချနေကာ သူတို့သည် လောင်ကျွမ်းနေသကဲ့သို့ တရှဲရှဲမြည်နေလေသည်။

လျူကွမ်းယောင်က မျက်နှာမဲ့နေသည်။

သူ၏မျက်လုံးထဲ၌၊ သတ်ဖြတ်ခြင်းရည်ရွယ်ချက်များသည် ရုတ်တရက် ပြင်းထန်စွာ လွမ်းမိုးနေလေသည်။

သူသည် သူ၏မိသားစုမှ ရွှေအမြုတေကျင့်ကြံသူနှစ်ဦးကိုကိုယ်တိုင်သတ်တော့မည့်ဆဲဆဲတွင် အားလုံး၏ရှေ့တွင်ရှိနေသောစံသခင်ဖုန်းယွင်က သူ့အားလက်မြောက်ကာ တားလိုက်သည်။

"တာအိုရောင်းရင်းလျူ၊ ကျီယန်နေနန်းတော်က ဒီနှစ်ယောက်ကို ရင်ဆိုင်ခွင့်ပြုပါလား?" သူက မေးခွန်းမေးနေသောပုံပေါက်သော်လည်း ငြင်းပယ်ခွင့်မရှိကြောင်း လျုကွမ်းယောင်က သိပါသည်။

သူက ခေါင်းညိတ်လိုက်သည်။

"သေချာတာပေါ့။ ဒါပေမဲ့လည်း တာအိုရောင်းရင်း ဖုန်းယွင်၊ အကယ်၍ ခင်ဗျားတစ်ခုခု ရှာတွေ့ရင် သတင်းပေးပါ။ ကျုပ်ရဲ့မျက်စိအောက်မှာ တကယ်ပဲကြွက်တွေရှိနေတာပဲ။ ကျုပ်တကယ်ရှက်မိပါတယ်။

ကျုပ် ဒီအခွင့်အရေးကိုသုံးပြီး ကျုပ်ရဲ့စီရင်မှု‌‌အောက်ကမိသားစုနဲ့ဂိုဏ်းကို ပြန်လည်ပြုပြင်ဖို့ စည်းကမ်းချရမယ်။ တာအိုရောင်းရင်း ဖုန်းယွင်က ဒီတောင်းဆိုချက်ကိုဖြည့်ဆည်းပေးဖို့ မျှော်လင့်ပါတယ်။

စံသခင်ရွမ်းယန်ကလျူကွမ်းယောင်၏တောင်ဆိုချက်ကို သဘောတူလိုက်သည်။

မကြာမီ၊ ထိုသူနှစ်ဦးသည် စံသခင်ဖုန်းယွင်ဘေး၌ ရပ်နေသော အခြေတည်ဝိဉာဉ်များမှ ခေါ်သွားခြင်းခံရလေသည်။

ခနအကြာတွင်။

အခြေတည်ဝိဉာဉ်စံသခင်သည် စံသခင်ဖုန်းယွင်၏ဘေးသို့ရောက်လာကာ သူ့အား စစ်ဆေးရေးရလဒ်ကို ပေးလေသည်။

စံသခင်ဖုန်းယွင်က တင်ပြချက်ကို ယူကာ ကြည့်လိုက်သည်။ ပြီးနောက် သူသည် လျူကွမ်းယောင်ကိုပေးလိုက်ကာ ဂရုမစိုက်စွာ ပြောလိုက်သည်။

"တာအိုရောင်းရင်းလျူ၊ ခင်ဗျားကိုယ်တိုင်ပဲကြည့်လိုက်ပါ။ ကျုပ်ထင်တာ ခင်ဗျားက ဘာလုပ်ရမယ်ဆိုတာပိုသိမှာပါ။"

သူက ပြောရင်း အခြားသူများကို ကြည့်လိုက်သည်။

"လူတိုင်းပဲအချိန်ရောက်ခါနီးပါပြီ။

အကယ်၍ မေးခွန်းမရှိတော့ရင် ထွက်ခွာကြတာပေါ့။"

စံသခင်ဖုန်းယွင်က သူ၏လက်ကို ယမ်းလိုက်သည်။

ချက်ခြင်းပင်၊ မနှိုင်းယှဉ်နိုင်လောက်အောင်ကြီးမားသော တိုက်လေသင်္ဘောများက လူတိုင်း၏ရှေ့တွင် ပေါ်လာသည်။

လေသင်္ဘောတစ်စီးဆီတိုင်းသည် လူထောင်ပေါင်းများစွာဆန့်လေသည်။

တစ်ချိန်တည်း၌၊ ထိုလေသင်္ဘောများသည် ကြီးမားသော ဝိဉာဉ်အမြောက်များတပ်ဆင်ထားပြီးအဆင့် (၅) တိုက်ခိုက်မှုကိုထုတ်လွတ်နိုင်ကာ အခြေတည်ဝိဉာဉ်အဆင့်များကို ချိန်းခြောက်နိုင်ပေသည်။

မကြာမီ။

လူတိုင်းက တိုက်လေသင်္ဘောသုံးစီးပေါ်သို့တက်သွားကြသည်။

စံသခင်ဖုန်းယွင်၏အမိန့်အရ၊

အဆင့်(၅) တိုက်သင်္ဘော သုံးစီးသည် ရက်စက်ကြမ်းကြုတ်သည့် သားရဲကောင်ကြီးကဲ့သို့ မြည်ဟိန်းကာ ချက်ခြင်းပင် ကျီယန်နေနန်းတော်ပေါ်ရှိကောင်းကင်ပေါ်မှ ပျောက်သွားတော့သည်။

ဝှစ်...ဝှစ်...ဝှစ်

စံသခင်ဖုန်းယွင်၏ အင်အားနှင့် တိုက်လေသင်္ဘောသုံးစီးသည် ၎င်းတို့၏ အမြန်ဆုံးအရှိန်သို့ရောက်သွားကြသည်။

ဘွန်း၊

နောက်ဆုံးတွင်၊ ရက်ပေါင်းများစွာကုန်လွန်သွားခဲ့သည်။

တိုက်လေသင်္ဘောသုံးစင်းသည် နက်ရှိုင်းသော နတ်ဆိုးများပုန်းခိုရာအသိုက်ရှေ့တွင်ရပ်သွားသည်။

မျက်စိရှေ့တွင် မြင်မြင်သမျှသည်၊ ပျက်စီးယိုယွင်းနေသော အရာများပင်ဖြစ်သည်။

လေထဲတွင်၊ ကြောက်ရွံထိတ်လန့်ဖွယ်ကောင်း၍ ရှင်းမပြနိုင်သည့် ငိုကြွေးမြည်တမ်းသံများက တစ်စုံတစ်ဦးက အဆုံးမရှိသည့် နှိပ်စက်မှုကို ခံစားနေရသကဲ့သို့ အသံများ ထွက်နေလေသည်။

***

All Chapters