← Chapters

အောင်မြင်ခြင်းကဒ်၊ အဆင့် (၆)အစီအရင်ဖောက်ပုတီးစေ့၊ အဆင့်(၆) နတ်ဆိုးအစီအရင်၊ ကောင်းကင်ဘုံကျီယန်နေမီးအစီအရင်

Vol. 26 Ch. 508

အောင်မြင်ခြင်းကဒ်၊ အဆင့် (၆)အစီအရင်ဖောက်ပုတီးစေ့၊ အဆင့်(၆) နတ်ဆိုးအစီအရင်၊ ကောင်းကင်ဘုံကျီယန်နေမီးအစီအရင်

Vol. 26 Ch. 508

"ဒါက အစွန်းရောက်လမ်းရဲ့ပုန်းခိုရာအသိုက်ပဲ။"

ထိုအချိန်တွင် စံသခင် ဖုန်းယွင်က လူတိုင်းကို ကြည့်ကာ လေးနက်သောအသံဖြင့်ပြောသည်။

"ဒီနေရာမှာ၊ ရှေးဟောင်းနတ်ဆိုးတစ်ကောင်က ပြုလုပ်ထားခဲ့တဲ့ အဆင့်(၆) နတ်ဆိုးအစီအရင် တစ်ခုရှိတယ်။ အဲ့တာကိုဖျက်စီးဖို့၊ ခင်ဗျားနဲ့ ကျုပ်တို့အားလုံး အင်အားကုန်သုံးရမယ်။

မဟုတ်ရင် ကျုပ်တို့ ဒီနေရာရဲ့အဓိကနေရာထဲဝင်နိုင်မှာမဟုတ်ဘူး၊ ပြီးတော့ ကျုပ်တို့ သူတို့ကို အမြစ်ပြတ်သုတ်သင်နိုင်မှာမဟုတ်ဘူး။

ဒါကြောင့်၊

လူတိုင်းပဲ နောက်မဆုတ်ကြပါနဲ့။ တတ်နိုင်သလောက်အမြန်ဆုံး ဒီအဆင့် (၆) နတ်ဆိုးအစီအရင်ကို ချိုးဖောက်ပစ်ကြရအောင်။"

ထိုအချိန်တွင်၊ စံသခင်ဖုန်းယွင်က လူတိုင်းကို လက်ကိုဆုပ်ကာ တည်ငြိမ်စွာ ဂါရဝပြုလိုက်သည်။

ထိုအရာကိုမြင်လျှင် လူတိုင်းကလည်း လက်ကို ဆုပ်ကာ ပြန်၍ ဂါရဝပြုလိုက်သည်။

၎င်းတို့ကဲ့သို့ အခြေတည်ဝိဉာဉ်ကျင့်ကြံသူက ဤအဆင့်(၆) နတ်ဆိုးအစီအရင်အား ချိုးဖောက်နိုင်ခြင်း ရှိပါမည်လားဟု မည်သူမှ မမေးကြပေ။

အကြောင်းမှာ လူတိုင်းအား ကျီယန်နေနန်းတော်က ဤနေရာကိုခေါ်ရခြင်းသည် ကျီယန်နေနန်းတော်၌ ပြင်ဆင်မှုများ လုံလောက်အောင်ပြုလုပ်ပြီး၍ ဖြစ်ကြောင်းကို သိကြသည်။

သူတို့က သူတို့လုပ်သင့်သည့်အရာကိုသာ လုပ်ရမည်ဖြစ်သည်။

ထိုအချိန်တွင်၊ စံသခင်ဖုန်းယွင်သည် သူရှိနေသော တိုက်လေသင်္ဘောတစ်စင်းကို ဖွင့်လိုက်ကာ လူတိုင်းကို အချင်းအရ ကီလိုမီတာထောင်ပေါင်းများစွာရှိသည့် အသိုက်ထဲခေါ်သွားလိုက်သည်။

ဤနေရာတွင် နတ်ဆိုးချီသည်အခြားမည်သည့်နေရာများထပ်မဆို ပို၍ များလေသည်။

မကျေမချမ်းဖြစ်နေသည့်ခံစားချက်၊ နတ်ဆိုးချီ နှင့် သေခြင်းရောင်ဝါများက လေထဲတွင် သိပ်သည်းနေသည်။

ကျန်းချန်းရွှမ်သည် ဤနေရာတွင် ခံစားချက်ကို ရှင်းလင်းစွာ အာရုံခံနိုင်သည်၊ ၎င်းသည် ကျီဖုအဆင့်အောက်ရှိကျင့်ကြံသူများ၏ စိတ်ကို ပြုစားနိုင်ပြီး နတ်ဆိုးကျင့်ကြံသူဖြစ်လာစေရန် လုပ်နိုင်သည်။

ကျီယန်နေနန်းတော်က ကျီဖုအဆင့်အထက်မှ ကျင့်ကြံသူများကိုသာ ဤစစ်ဆင်ရေး၌ ပါဝင်ရန် တောင်းဆိုခြင်းမှာ အံ့ဩစရာမရှိတော့ပါ။

၎င်းတို့၏ရှေ့ရှိ ကြီးမားသည့်အသိုက်ကြီးကို ကြည့်ရင်း လူတိုင်း၏မျက်နှာတွင် တည်ငြိမ်နေသောအမူအရာများပေါ်လွင်နေကြသည်။

ထိုအချိန်တွင်၊ စံသခင်ဖုန်းယွင်က လက်ကို မြောက်လိုက်သည်။

ချက်ခြင်းပင်၊ သူရှိနေသည့် တိုက်သင်္ဘော၏ ဝိဉာည်အမြောက်က ရုတ်တရက် စတင်၍ လင်းလာသည်။

ရှိန်လောက်သောအရှိန်အဝါက ရုတ်တရက် ထိုဝိဉာဉ်စွမ်းအင်အမြောက်များတစ်ခုပြီးတစ်ခု၌ ပေါ်ထွက်လာခဲ့သည်။

ဘွန်း...ဘွန်း...ဘွန်း...

အဆင့်(၅)ဝိဉာဉ်အမြောက် တစ်ဒါဇင်နီးပါးက အသိုက်သို့ဦးတည်၍ဖောက်ခွဲဖျက်ဆီးလိုက်တော့သည်။

ဘွန်း...ဘွန်း...ဘွန်း...

ချက်ခြင်းပင် ကြီးမားသောမီးတောက်ကြီးက ကောင်းကင်ပေါ်တွင် ပျံဝဲနေသည်။

ကျီ...

တစ်ချိန်တည်း၌ပင်။

အနက်ရောင် မှိုပွင့်သဏ္ဍာန်အလင်းအကာအရံက ရုတ်တရက်ပေါ်ထွက်လာကာ၊ အသိုက်ကို ဝိဉာဉ်အမြောက်များမှ ကာကွယ်ထားသည်။

လူတိုင်း၏ သူငယ်အိမ်များ ကျုံ့သွားသည်။

ဒါက...

အဆင့်(၆) နတ်ဆိုးအကာအရံ။

ဘွန်း...ဘွန်း...ဘွန်း...

ထိုအချိန်တွင် တိုက်သင်္ဘောသုံးခုလုံး၌ တောက်ပသည့်အလင်းများ ထွက်ပေါ်လာခဲ့သည်။

နျူကလိယပေါက်ကွဲမှုနှင့် နှိုင်းယှဉ်နိုင်သည့်ပေါက်ကွဲမှုက ထိုနတ်ဆိုးအကာအရံကို ဖြိုခွဲဖျက်ဆီးနေသည်။

သို့ရာတွင်၊ အရာအားလုံးပြီးဆုံးသွားသော်လည်း အဆင့်(၆)နတ်ဆိုးအကာအရံက အကောင်းပကတိပင် ကျန်နေသေးသည်။

စံသခင်ဖုန်းယွင်၏မျက်လုံးများကျဉ်းမြောင်းသွားသည်။

ခနအကြာတွင်၊ သူ၏ခေါင်းပေါ်တွင် အစိမ်းရောင်အလင်းများထုတ်လွတ်နေသည့် ကြီးမားသည့် ဓားပျံကြီးက သူ၏ခေါင်းပေါ်တွင် ရုတ်တရက်ပေါ်လာသည်။

ဓားပျံသည် နက္ခတ်တာရာများနှင့်ပက်သက်သည့်လေများနှင့်ဝန်းရံထားကာ အရာအားလုံးကို ပိုင်းဖြတ်နိုင်သည်။

ဖြူး....

သာမန်ထပ်လွန်ကဲ့သည့် နားထဲစူးရှသွားသည့် ရွှမ်းကနဲမြည်သွားသည့်အသံကို လူတိုင်း၏နားမှ ကြားလိုက်ရသည်။

ပြီးနောက် ကြီးမားသည့် အစိမ်းရောင် ဓားပျံကြီးက နတ်ဆိုးအကာအရံကို ရက်စက်စွာ ထိုးခွဲလိုက်သည်။

အကာအရံက ပေါ်လာပြန်သည်။

တစ်ချိန်တည်း၌ပင်။

စံသခင်ဖုန်းယွင်၏ အရေးကြီးနေသည့် အသံကိုကြားလိုက်ရသည်။

"အားလုံးပဲ၊ အတူတူတိုက်ခိုက်ကြပြီး အကာအရံကိုတတ်နိုင်သမျှအားနည်းအောင်လုပ်ကြတာပေါ့။"

ဘွန်း..ဘွန်း..ဘွန်း..

စံသခင်ဖုန်းယွင်က စကားပြောပြီးသည်နှင့်၊ အခြေတည်ဝိဉာဉ်၊ ရွှေအမြုတေနှင့် ကျီဖုအဆင့် ကျင့်ကြံသူများအတူတူတိုက်ခိုက်ကြသည်။

ထိုအချိန်တွင် အမျိုးမျိုးသော မန္တာန်များ၊ နတ်ဘုရားစွမ်းအားများနှင့် ဓမ္မရတနာများပါကြသည်။

မြေ၊ ရေ၊ မီး၊ လေ၊ မိုးကြိုး၊ ရေခဲနှင့် အခြားဓာတ်များသည် အဆင့်(၆)နတ်ဆိုးအကာအရံဆီသို့ လိမ့်တက်လာကြသည်။

တောက်ပနေသော မီးတောက်က ချက်ခြင်းပင် မိုင်ပေါင်းထောင်ချီထိ ပြန့်နှံ့သွားသည်။

နတ်ဆိုးချီသည် အမြန်ပင် လူတိုင်း၏ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် အငွေ့ပျံ ပျောက်ကွယ်သွားသည်။

ငိုကြွေးမြည်တမ်းသံ၊ အော်မြည်သံနှင့် အခြားအသံများသည် လူတိုင်း၏နားထဲတွင် ကြာရှည်စွာ ဝိုးတဝါးကြားနေရာမှာ ခြေရာပင်မကျန်အောင် ပျောက်ကွယ်သွားတော့သည်။

ထိုမှတဆင့်၊ ပူးပေါင်းတိုက်ခိုက်မှုက မည်မျှအင်အားကြီးကြောင်း သိရှိနိုင်သည်။

သို့သော်လည်း၊ အရာအားလုံးပြီးဆုံးသွားသောအခါ အဆင့်(၆)နတ်ဆိုးအကာအရံက ထိခိုက်ခြင်း မရှိသေးပေ။

၎င်းသည် ရှိနေသည့်လူတိုင်းကို မထင်မှတ်ဘဲ ပင့်သက်ရှိုက်မိစေသည်။

အဆင့်(၆)နတ်ဆိုးအကာအရံသည် အမှန်တကယ်ပင် ကြောက်စရာကောင်းပါသည်။

၎င်းသည် သူတို့၏ အဆင့်(၅)စွမ်းအားမျှဖြင့် ချိုးဖောက်နိုင်လိမ့်မည်လား?

သို့သော်လည်း စံသခင်ဖုန်းယွင်နှင့် စစ်ဆင်ရေးကို ဦးဆောင်နေသည့် အခြားသူများက ထိုကိစ္စအားသတိမပြုမိသလိုပင်နေကာ လူတိုင်းကိုပြောနေသည်။

"တာအိုရောင်းရင်းတို့၊ ဆက်တိုက်ကြ။"

ထိုသို့ပြောပြီး၊ စံသခင်ဖုန်းယွင်က အခြားလက်စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

အစိမ်းရောင်ဓားအလင်းက ဥက္ကာပျံကဲ့သို့ ဖြစ်ကာ အဆင့်(၆)နတ်ဆိုးအကာအရံကို ပစ်လိုက်ပြန်သည်။

ထိုအရာကိုမြင်လျှင် အခြားသူများကလည်း တူညီစွာပင်တိုက်ခိုက်ကြသည်။

ထိုကဲ့သို့ပင်။

ထိုကဲ့သို့ တိုက်ခိုက်မှုသည် ရက်ပေါင်းအနည်းငယ်ဖြစ်လာခဲ့သည်။

အဆင့်(၆)နတ်ဆိုးအကာအရံက နောက်ဆုံး၌ အနည်းငယ်မှေးမှိန်လာသည့်အခါတွင်၊ စံသခင်ဖုန်းယွင်သည် ရုတ်တရက် သူ၏လက်ထဲမှ ပုတီးစေ့တစ်ခုကိုထုတ်လာခဲ့သည်။

ထိုပုတီးစေ့သည် အဝါရောင်အလင်းကိုထုတ်လွှတ်လာသည်။

ကျန်းချန်းရွှမ်နှင့်အခြားသူများက ပုတီးစေ့ကိုမြင်လျှင် သူတို့ မှတ်မိသွားခဲ့သည်။

၎င်းသည် မြေဓာတ်အဆင့်(၆) အစီအရင်ဖျက်ပုတီးစေ့ဖြစ်သည်။

ထို့ကြောင့် ၎င်းသည် စံသခင်ဖုန်းယွင်၏ ထိုအကာအရံကို ဖျက်ဖို့ရန် စစ်မှန်သည့် အောင်မြင်ခြင်းကဒ်ဖြစ်လိမ့်မည်။

ဘွန်း..စံ

သခင်ဖုန်းယွင်က သူ၏လက်ထဲမှ အဆင့်(၆) အစီအရင်ဖျက်ပုတီးစေ့ကို အသက်သွင်းလိုက်သည်။

***

All Chapters