← Chapters

အောင်မြင်ခြင်းကဒ်၊ အဆင့် (၆)အစီအရင်ဖောက်ပုတီးစေ့၊ အဆင့်(၆) နတ်ဆိုးအစီအရင်၊ ကောင်းကင်ဘုံကျီယန်နေမီးအစီအရင် (၂)

Vol. 26 Ch. 509

အောင်မြင်ခြင်းကဒ်၊ အဆင့် (၆)အစီအရင်ဖောက်ပုတီးစေ့၊ အဆင့်(၆) နတ်ဆိုးအစီအရင်၊ ကောင်းကင်ဘုံကျီယန်နေမီးအစီအရင် (၂)

Vol. 26 Ch. 509

ပုတီးစေ့တစ်ခုလုံးသည် ချက်ခြင်းပင် အဝါရောင်အလင်းတိုင်များအဖြစ်ပြောင်းလဲသွားပြီး အဆင့်(၆)နတ်ဆိုးအကာအရံပေါ်သို့ ကျရောက်သွားသည်။

ဂျုန်း....

ကမ္ဘာမြေတစ်ခုလုံးတုန်ခါသွားသည်။

ချက်ခြင်းပင်၊ ယခင်က လူတိုင်း၏တိုက်ခိုက်မှုက မထိရောက်သည့် အဆင့်(၆) နတ်ဆိုးအကာအရံသည် အဆင့်(၆) အစီအရင်ဖောက်ပုတီးစေ့က တိုက်ခိုက်မှုကိုခံရပြီးနောက် မျက်နှာပြင်၌ ထင်ရှားသည့် ကွဲအက်ရာတစ်ခုပေါ်လာခဲ့သည်။

ကျင့်ကြံသူများကလည်း ထိုအခွင့်အရေးကို အဆုံးရှုံးမခံကြပေ။

ချက်ခြင်းပင်၊ အဆင့်(၆)နတ်ဆိုးအကာအရံဆီသို့ တိုက်ခိုက်မှုများက ပို၍ ပြင်းထန်လာခဲ့သည်။

ထိုအချိန်တွင် အဆင့်(၆) နတ်ဆိုးအစီအရင်က သတိပြုမိစေလောက်အောင် အားနည်းလာခဲ့သည်။

ခနအကြာတွင်၊ အနက်ရောင်အလင်းအကာအရံက အက်ကွဲရာများ များစွာပေါ်လာခဲ့ကာ နောက်ဆုံး၌ အနက်ရောက်အကာအရံပေါ်တွင် အက်ကွဲရာများဖြင့် ပြည့်သွားလေသည်။

ဘွန်း...

နောက်ဆုံး၌ အခြားတိုက်ခိုက်မှုတစ်ခုသည် အနက်ရောင်အလင်းအကာအရံပေါ်သို့ကျရောက်သည်နှင့် ထိန်းထားနိုင်ခြင်းမရှိတော့ပေ။ ဘန်းဟူသည့်အသံနှင့်အတူ၊ အနက်ရောင်အလင်းအကာအရံ တစ်ခုလုံးသည် အနက်ရောင်းအလင်းစက်များအဖြစ် ပေါက်ကွဲသွားပြီး ကြေမွပျက်စီးသွားခဲ့သည်။

အဆင့်(၆)နတ်ဆိုးအကာအရံ၊ ကျိုးပျက်သွားပြီ။

ဝှစ်.ဝှစ်..ဝှစ်..

ထိုအချိန်တွင်၊ မရေမတွက်နိုင်သည့် သွေးရောင် အရိပ်များ ရုတ်တရက် အသိုက်မှထွက်လာခဲ့သည်။

နားအူစေသည့် မြည်တမ်းသံများက ရုတ်တရက် လေထဲမှ ထွက်ပေါ်လာသည်။

တိုက်လေင်္ဘော သုံးစင်းပေါ်မှ ရွှေအမြုတေနှင့် ကျီဖုအဆင့် ကျင့်ကြံသူများက ကြောင်အနေကြကာ ကြက်သေ,သေနေကြသည်။

"မကောင်းတဲ့သတ္တဝါတွေ၊ မင်းတို့ကများလုပ်ရဲတယ်ပေါ့။"

ရုတ်တရက် ကျယ်လောင်သည့်အသံကလူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ကျင့်ကြံသူများက ထိုအော်သံကြောင့် ကြက်သီးထကာ နိုးထလာကြသည်။

၎င်းသည် လူတိုင်းက အသိုက်ထဲမှ ထွက်လာသည့် သွေးနီရောင် အရိပ်များထွက်လာသည်ကို မမြင်ရသေးခင်ထိဖြစ်သည်။

သူတို့သည် အမှန်အားဖြင့်၊ စက်ဆုပ်ဖွယ်ဘီလူးများဖြစ်ကြပြီး ခေါင်းများက ဆိတ်ပုံစံ၊ ကျွဲနွားတိရိစ္ဆာန်များ၏ အော်မြည်သံရှိကာ လူပုံစံခန္ဓာကိုယ်ကို သွေးနီရောင် အကြေးခွံများဖြင့် ဖုံးလွမ်းထားပြီး သူတို့၏နောက်ကျောတွင် မြွေသဏ္ဍာန် အမြီးများရှိကြကာ နတ်ဆိုးချီစွမ်းအားများဖြင့် ဝန်းရံထားကြသည်။

သူတို့၏မျက်လုံးများက သွေးကဲ့သို့နီနေကာ အေးစက်နေပြီး အလွန်ရက်စက်ကြမ်းကြုတ်သည့် သဏ္ဍာန်ကို ဖော်ပြနေကြသည်။

၎င်းသည် နတ်ဆိုးသားရဲနှင့် နတ်ဆိုးကျင့်ကြံသူများ ပေါင်းစပ်ထားသည့် ဒဏ္ဍာရီလာ နတ်ဆိုးမကောင်းဆိုးဝါးပင်ဖြစ်သည်။

သူတို့သည် နတ်ဆိုးးသားရဲနှင့် နတ်ဆိုးကျင့်ကြံသူများ၌ရှိသော အသိစိတ်များအားလုံးကို စွန့်ပစ်ထားကြသည်။

သူတို့၏စိတ်ထဲမှ အတွေးသည် သတ်ဖြတ်ရန်နှင့် ဖျက်ဆီးရန်ပင်ရှိသည်။

၎င်းတို့သည် သူတို့ကိုယ်တိုင်မှလွှဲ၍ သတ္တဝါအားလုံးကို လူမဆန်၊ နှလုံးသားမရှိဘဲ ကြမ်းကြုတ်သည့် သတ်ဖြတ်ခြင်းများတွင် ပါဝင်ကြသည်။

သူတို့သည် အမှန်တကယ်ပင် ထိုကဲ့သို့နတ်ဆိုးမကောင်းဆိုးဝါးများက ထိုအသိုက်ထဲမှ ထွက်လာမည် ဖြစ်ကြောင်းကို မမျှော်လင့်ထားကြပေ။

ထို့အပြင်၊ ကြည့်ရသည်မှာ ထိုနတ်ဆိုးမကောင်းဆိုးဝါးများက အနည်းဆုံးအဆင့် (၄)တွင်ရှိလေသည်။

ထိုနေရာတွင် အဆင့်(၅) သို့ရောက်ရှိနေသောနတ်ဆိုးမကောင်းဆိုးဝါး (၁၀) ကောင်မှ အကောင်(၂၀) ထိရှိပေသည်။

၎င်းတို့သည် လူမျိုးနွယ်မှဆိုလျှင် အခြေတည်ဝိဉာဉ်သခင်၊ နတ်ဆိုးသားရဲများမှဆိုလျှင် အဆင့်(၅)နတ်ဆိုးဧကရာဇ်နှင့် ယှဉ်နိုင်လေသည်။

အရေးအကြီးဆုံးအချက်မှာ၊ ထိုနတ်ဆိုးမကောင်းဆိုးဝါးများ၏ သွေးက အလွန် ညစ်ညမ်းပေသည်။

ကျင့်ကြံသူတစ်ဦးက ၎င်းထံမှ မတော်တဆကုတ်ခြစ်ခံရခြင်း (သို့) သတ်ဖြတ်ခြင်းခံရလျှင်၊ သူသည် နတ်ဆိုးမကောင်းဆိုးဝါးဖြစ်လာနိုင်ချေ ၅၀ ရာခိုင်နှုန်းရှိသည်။

ထို့ကြောင့်၊ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတွင် လူသားဖြစ်စေ နတ်ဆိုးဖြစ်စေ အခြေခံအသိရှိကြသည်မှာ နတ်ဆိုးမကောင်းဆိုးဝါးကိုတွေ့သည်နှင့် ရှင်းလင်းသုတ်သင်ပစ်ရမည် ဖြစ်သည်။

ဖွံ့ဖြိုးလာဖို့ရန်နှင့် ရှင်သန်လာဖို့ရန် အခွင့်အရေးလုံးဝပေးလို့မရပါ။

ထိုအချိန်တွင် လူတိုင်းသည် နတ်ဆိုးမကောင်းဆိုးဝါးများစွာကိုတွေ့လိုက်ရသဖြင့် ရုတ်တရက် သူတို့၏နှလုံးသား၌ ထိတ်လန့်မှုများ တိုးမြင့်လာခဲ့ရသည်။

အခြေတည်ဝိဉာဉ်အဆင့်ကို ကျော်လွန်ခဲ့သည့်စံသခင်တစ်ချို့သည်ပင် စိုးရိမ်သည့် အမူအရာများ ရှိနေကြသည်။

ကံကောင်းစွာပင်၊ ထိုအချိန်တွင် စံသခင်ဖုန်းယွင်နှင့် ကျီယန်နေနန်းတော်မှ စံသခင်များက သူတို့၏ လက်ထဲမှ ထောင်ပေါင်းရာချီရှိသည့် အစီအရင်အလံများအား ရုတ်တရက်ပစ်ချလိုက်ကြသည်။

ပြီးနောက် စံသခင်ဖုန်းယွင်က ပြောလိုက်သည်။

"အားလုံးပဲ၊ ခင်ဗျားတို့ရဲ့ ဓမ္မစွမ်းအင်ကို ခင်ဗျားတို့ရဲ့ရှေ့ကအစီအရင် ချပ်ပြားဝိုင်းထဲကို ထည့်သွင်းပြီး ကောင်းကင်ဘုံကျီယန်နေမီးအစီအရင်ကို သုံးပီး ဒီကောင်တွေကို သေသည်အထိ မီးမြိုက်လိုက်ကြရအောင်။"

စံသခင်ဖုန်းယွင်၏စကားများကိုကြားလျှင်၊ ရှိနေသည့် ကျင့်ကြံသူများက သူတို့၏ရှေ့မှ အရာသည် စက်ဝိုင်းပုံစံ အစီအရင်ချပ်ပြားဝိုင်းဖြစ်ကြောင်းသတိပြုမိသွားကြသည်။

စက်ဝိုင်းပုံစံ အစီအရင်ချပ်ပြားဝိုင်းထဲသို့ ဓမ္မစွမ်းအင်များကိုထည့်သွင်းလိုက်သည်နှင့်၊ သူတို့သည် စံသခင်ဖုန်းယွင်နှင့်အခြားသူများပစ်ချထားသည့် အစီအရင်အလံများနှင့် ကောင်းကင်ဘုံ ကျီယန်နေမီးအစီအရင်ကိုဖွဲ့စည်းနိုင်ခဲ့သည်။

ထိုအချိန်တွင် မည်သူမှတုံ့ဆိုင်းမနေကြဘဲ သူတို့၏ရှေ့မှ စက်ဝိုင်းပုံစံအစီအရင်ချပ်ပြားဝိုင်းထဲ ဓမ္မစွမ်းအင်များကို ထည့်သွင်းကြတော့သည်။

ကျီ..ကျီ..ကျီ...

ချက်ခြင်းပင်၊ ခရမ်းရောင်မီးတောက်များက ရုတ်တရက် လိမ့်တက်လာခဲ့သည်။

ကောင်းကင်ပေါ်တွင် ကြီးမားသည့် ခရမ်းရောင်အလင်းတိုင်သုံးခုသည် တိုက်သင်္ဘော သုံးခုမှရုတ်တရက်ထွက်ပေါ်လာသည်။

ချက်ခြင်းပင်၊ ခရမ်းရောင်အလင်းတိုင်းသုံးခုသည် ဖြန့်ကျက်သွားကာအစီအရင်အလံများနှင့် ကြီးမားသည့် အကွင်းကြီးအဖြစ် ဖွဲ့စည်းသွားသည်။

ထိုနေရာတွင် ကျယ်လောင်သည့် ဘန်းဟူသောအသံမြည်သွားသည်။

ကြီးမားသည့်အကွင်းကြီး၏အထဲတွင်၊ ကောင်းကင်ဘုံမီးတောက်က ပြင်းထန်စွာ တောက်လောင်နေသည်။

ချက်ခြင်းပင်၊ နတ်ဆိုးမကောင်းဆိုးဝါးများအား ဝါးမြိုသွားခဲ့သည်။

"အား...."

"အား......"

ခန္ဓာကိုယ်များ လောင်ကျွမ်းနေသည့်အသံများကိုကြားရလေသည်။

၎င်းနှင့်အတူနာကျင်နေသည့် နတ်ဆိုးမကောင်းဆိုးဝါးများ၏ အော်သံများကိုလည်း ကြားရသည်။

ကောင်းကင်ဘုံကျီယန်နေမီးအစီအရင်သည် ထိုနတ်ဆိုးမကောင်းဆိုးဝါးများအတွက် ပြေးမလွတ်နိုင်သည့် အကုသိုလ်ကဲ့သို့ ဖြစ်လေသည်။

ခနအကြာတွင် အဆင့်(၅)အောက်မှ နတ်ဆိုးမကောင်းဆိုးဝါးများသည် ထိုအစီအရင်အောက်တွင် ပြာများအဖြစ်လောင်ကျွမ်းခံလိုက်ရတော့သည်။

ကျန်ရှိနေသည့် အဆင့်(၅) နတ်ဆိုးမကောင်းဆိုးဝါးက ခံနိုင်နေတုန်းဖြစ်သည်။

သို့သော်လည်း မမျှော်လင့်ထားသည်များ မဖြစ်လာခဲ့ပါလျှင်၊ သူတို့၏ သေခြင်းသည် အချိန်သာလိုအပ်ပေသည်။

သို့သော်လည်း ဤလောကတွင် အရာအားလုံးက တခါတရံ၌ ကျေနပ်ဖွယ်ရာမရှိပါ။

လူတိုင်းသည် ကျန်ရှိနေသည့် အဆင့်(၅) နတ်ဆိုးမကောင်းဆိုးဝါးများအား ကောင်းကင်ဘုံကျီယန်နေမီးအစီအရင်ကိုသုံးကာ လောင်ကျွမ်းအောင်လုပ်နေချိန်တွင် အသိုက်ထဲမှ ဒါဇင်ပေါင်းများစွာသော ပုံရိပ်များက ပျံ၍ထွက်လာလေသည်။

ထိုပုံရိပ်များသည် အသိုက်ထဲတွင် ပုန်းအောင်းနေသည့် နတ်ဆိုးကျင့်ကြံသူများ ဖြစ်ကြသည်။

တစ်ဦးဆီတိုင်းသည် အခြေတည်ဝိဉာဉ် ပဏာမ အဆင့်များ ဖြစ်ကြသည်။

သူတို့ကြားထဲတွင်၊ သုံးဦးသည် အခြေတည်ဝိဉာဉ် နောက်ဆုံးအဆင့်သို့ပင်ရောက်ရှိနေပြီဖြစ်သည်။

ထိုသူများပေါ်ထွက်လာသည်နှင့်၊ သူတို့သည် စကားမပြောတော့ဘဲ အစီအရင်အလံများကို ပစ်လိုက်ကြသည်။

အစီအရင်အလံတိုင်းသည်မရေတွက်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးဦးခေါင်းများကို ထွင်းထားသည်။

ထိုအားနည်းသည့်မူလအစဝိဉာဉ်များနှင့် မတည်ငြိမ်သည့် စိတ်များသည် ထိုအလံများကို ကြည့်လိုက်သည်နှင့် ထိုနတ်ဆိုးဦးခေါင်းပုံစံထဲတွင် စုပ်ယူခံလိုက်ရပုံပေါ်သည်။

အချိန်အနည်းငယ်အတွင်း၊ ကျင့်ကြံသူအများစုက နတ်ဆိုးအစီအရင်အလံများမှ သက်ရောက်ခံရပြီး ဓမ္မစွမ်းအင်ထည့်သွင်းနေမှုမှ ရပ်တန့်သွားသည်။

"ဟိန်းသံ..."

အစီအရင်ထဲတွင် ပိတ်မိနေသော အဆင့်(၅)နတ်ဆိုးမကောင်းဆိုးဝါးများက ထိုအစီအရင်၌ နောင့်နှေးမှုများရှိနေသည်ကို အာရုံခံမိပြီး ချက်ခြင်း အင်အားသုံးကာ အစီအရင်ကိုဖျက်ဖို့ရန် ပေါက်ကွဲလာကြသည်။

စံသခင်ဖုန်းယွင်နှင့် အခြားသူများ၏ အမူအရာက ထိုအရာကိုမြင်လျှင် အေးစက်သွားကြသည်။

သူသည် သွားရောက်ကာ လက်များကို လှည့်လိုက်ရာ အဆင့်(၅) အထက်ဆင့် ကောင်းကင်ဘုံကျီယန်နေမီးအဆောင် သူ၏လက်ထဲတွင် ပေါ်လာသည်။

သူသည် ကောင်းကင်ဘုံကျီယန်နေမီးအဆောင်သုံးခုကို အသက်သွင်းလိုက်သည်။

အစီအရင်၏ စွမ်းအားက မူလက အားနည်းနေရာမှ ချက်ခြင်းပင်တိုးတက်လာသည်။

ဘွန်း....

ပေပေါင်းထောင်ချီမြင့်မားသောကျီယန်နေမီးတောက်သည် အစီအရင်ထဲမှ နတ်ဆိုးမကောင်းဆိုးဝါးများကို ဝါးမြိုသွားခဲ့သည်။

ဒါဇင်ပေါင်းများစွာသော နတ်ဆိုးကျင့်ကြံသူ များသည်ပင် သက်ရောက်ခံခဲ့ရသည်။

အချိန်သိပ်မကြာလိုက်ခင်တွင်ပင်၊ ပဏာမအခြေတည်ဝိဉာဉ်နှင့် အစောပိုင်းအခြေတည်ဝိဉာဉ်နတ်ဆိုးကျင့်ကြံသူ (၁၀)ဦးခန့်သည် ကောင်းကင်ဘုံကျီယန်နေမီးမှ ပြာများအဖြစ်သို့ လောင်ကျွမ်းခံလိုက်ရတော့သည်။

နတ်ဆိုးကျင့်ကြံသူများက ထိုအရာအား လုံးဝမျှော်လင့်ထားမိခြင်းမရှိပါ။

သူတို့ တုံ့ပြန်သည့်အချိန်တွင် သူတို့သည် အပေါင်းအဖော်တစ်ဝက်ခန့်ကိုပင် ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ ကျန်ရှိနေသော အဆင့်(၅) နတ်ဆိုးမကောင်းဆိုးဝါးများသည်လည်း ကောင်းကင်ဘုံကျီယန်နေမီးတောက်မှ ဘာမှမကျန်တော့သည်အထိ လောင်ကျွမ်းပစ်လိုက်ပြီဖြစ်သည်။

ပြေး...

ထိုအချိန်တွင်၊ ကျန်ရှိနေသည့် နတ်ဆိုးကျင့်ကြံသူများက ဆက်လက်နေရန် စိတ်မရှိကြတော့ပေ. သူတို့သည် ဓမ္မစွမ်းအင်များကို ပြန်ရုပ်သိမ်းကာ အစီအရင်အလံများကို တတ်နိုင်သမျှ အသက်သွင်းပြီး အလင်းတန်းအဖြစ်သို့ ပြောင်းကာ အဝေးသို့ ပျံသန်းသွားကြလေသည်။

အကယ်၍ ယခင်ကဆိုလျှင် သူတို့သည် မြေအနေအထားကျွမ်းကျင်ခြင်းကို အသုံးပြုကာ စံသခင်ဖုန်းယွင်နှင့်အခြားသူများကို သင်ခန်းစာပေးချင်သေးလေသည်။

သို့သော်လည်း လက်ရှိအခြေအနေတွင် သူတို့က ထိုသို့လုပ်ရန်မတတ်နိုင်တော့ပေ။

အဆင့်(၆) နတ်ဆိုအစီအရင်သည် စံသခင်တိမ် လေနှင့် အခြားသူများကိုတားဆီးခဲ့သော်လည်း၊ နတ်ဆိုးကျင့်ကြံသူများ၏ပြေးဖို့လမ်းကိုလည်း တားဆီးနေခဲ့လေသည်။

တစ်နည်းအားဖြင့်၊ သူတို့က ပြေး၍မရပေ။ အစက သူတို့သည် နတ်ဆိုးမကောင်းဆိုးဝါးများအား သူတို့ထွက်ပြေးရန်အတွက် အချိန်အနည်းငယ်ဆွဲထားခဲ့စေလိုခဲ့သည်။

သို့သော်လည်း ကျီယန်နေနန်းတော်က သူတို့ မျှော်မှန်းထားသည်ထပ် ပိုမိုပြင်ဆင်လာခဲ့ပြီး သူတို့အား အခွင့်အရေးပင်မပေးပါ။

ဝှစ်...ဝှစ်..ဝှစ်...

ကျန်ရှိနေသည့် နတ်ဆိုးကျင့်ကြံသူများသည် အမြန်ပင် ပျံပြေးနေသည်ကို တွေ့ကာ၊ စံသခင် ဖုန်းယွင်နှင့်အခြားသော စံသခင်များက အချင်းချင်းကြည့်လိုက်ကြကာခေါင်းညိတ်လိုက်သည်။

စံသခင်ဖုန်းယွင်က ပြောသည်။

"အားလုံးပဲ၊ အဲ့ဒီ နတ်ဆိုးကျင့်ကြံသူတွေနောက်ကို ကျုပ်နဲ့အတူလိုက်ကြမယ်။ ကျုပ်ဆရာက ပြောထားတယ်။ ဒီနေ့မှာ ဒီကောင်တွေတစ်ယောက်ကိုမှ လွတ်ပေးလို့မဖြစ်ဘူး။"

သူပြောပြီးသည်နှင့် ဦးဆောင်၍ တိုက်ခိုက်တော့သည်။

ကြီးမားသော အစိမ်းရောင်းဓားပျံကြီးက ထွက်လာသည်။

နတ်ဆိုးကျင့်ကြံသူများက လုပ်ထားသော နတ်ဆိုးအစီအရင်၏မျက်နှာပြင်ရှိအလင်းသည် စတင်၍ မှေးမှိန်လာသည်။

အခြားသူများမြင်လျှင်၊ သူတို့က နောက်မဆုတ်ကြပေ။ သူတို့သည်လည်း စစ်မှန်ရတနာများကိုထုတ်ကာ နတ်ဆိုးအစီအရင်ကိုတိုက်ခိုက်ကြတော့သည်။

***

All Chapters