အဆင့်(၆) အဆောင်၊ နတ်ဆိုးအသိုက်ကိုဖျက်ဆီးခြင်း၊ ကောင်းကင်သခင်နှင့် တွေ့ဆုံခြင်း
Vol. 26 Ch. 510
ဘွန်း..ဘွန်း..ဘွန်း,,,
ကြောက်လန့်ဖွယ်ကောင်းသည့်စွမ်းအားက ပေါက်ကွဲထွက်လာသည်။
နတ်ဆိုးကျင့်ကြံသူများဖန်တီးထားသည့် အစီအရင်က ကြာရှည်မခံတော့ဘဲ စံသခင်ဖုန်းယွင် ဦးဆောင်သည့် ကျင့်ကြံသူအဖွဲ့မှ ဖျက်ဆီးခြင်းကို ခံလိုက်ကြရသည်။
တစ်ချိန်တည်း၌၊
စံသခင်ဖုန်းယွင်၊ စံသခင်ရွှမ်းယန်နှင့် ကျီယန်နေနန်းတော်မှ အခြေတည်ဝိဉာဉ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ယောင်ဟိုင်ချုံ တို့သည် အခြေတည်နတ်ဆိုးကျင့်ကြံသူသုံးဦးနောက်သို့ လိုက်သွားလေသည်။
ကျန်ရှိနေသည့် အခြေတည်ဝိဉာဉ်ကျင့်ကြံသူများသည်လည်း သူတို့၏ပစ်မှတ်များကိုရှာကာ နောက်မှ လိုက်ဖမ်းကြတော့သည်။
ဝှစ်...ဝှစ်...
မကြာမီ၊ ပျံသန်းကာထွက်ပြေးနေသည့် နတ်ဆိုးကျင့်ကြံသူများက တဖြည်းဖြည်း ထိုအုပ်စုမှ ဖမ်းမိသွားကြသည်။
ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့သည် အခြေတည်ဝိဉာဉ်နတ်ဆိုးကျင့်ကြံသူနှစ်ဦးကို ကြားဖြတ်တားဆီးလိုက်ကြသည်။
ကံမကောင်းစွာပင်၊ ထိုနှစ်ဦးစလုံးသည် အခြေတည်ဝိဉာဉ် အလယ်ဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့ လိုက်မီလာသည်ကိုမြင်လျှင်၊ သူတို့၏မျက်လုံးများက အန္တရာယ်ပြုမည့်လက္ခဏာနှင့် ကြောက်စရာကောင်းသည့် အကြည့်များကိုဖော်ပြလာကြသည်။
"အခြေတည်ဝိဉာဉ်အစောပိုင်းအဆင့်နှစ်ယောက်ကများ ငါတို့လမ်းကို လာပိတ်ရဲတယ်ပေါ့၊ မင်းတို့ကသေလမ်းရှာနေတာပဲ။"
နှာခေါင်းကောက်သည့်နတ်ဆိုးကျင့်ကြံသူတစ်ဦးက ထေ့ငေါ့သည်။
ခနအကြာတွင်၊ အဆုံးမရှိသော နာကျင်စွာ မြည်တမ်းသံများက သူ၏နောက်မှ ထွက်လာသည်။
ပေတစ်ထောင်ခန့်မြင့်သော ကြီးမားသည့်အလံသည် အဆုံးမရှိသော သေခြင်းနိမိတ်များဖြင့် ရှန်းရူယန်ဆီသို့ဦးတည်လာသည်။
ထိုအချိန်အတောအတွင်းတွင်ပင်။
သူ၏ဘေးမှ ဝါးဦးထုပ်ဆောင်းထားသော နတ်ဆိုးကျင့်ကြံသူကလည်း သူ၏လက်များကိုဆန့်ထုတ်လိုက်သည်။
စီ....
လေထဲတွင် အနက်ရောင်နတ်ဆိုးမီးတောက်များ ဖုံးလွှမ်းနေသည့် ရှည်လျားသည့် ဆေဘာဓားက ပေတစ်ထောင်ခန့်မြင့်ကာ ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိသည့် နတ်ဆိုးသတ္တဝါအဖြစ် ကူးပြောင်းသွားသည်။
ဟိန်းသံများထွက်နေကာ ၎င်းက ကျန်းချန်းရွှမ်ဆီသို့ ဦးတည်၍ လာနေသည်။
"ဟွန့်..."
ထိုအရာကိုမြင်လျှင်၊ ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့က သူတို့၏စိတ်ထဲ ထေ့ငေါ့လိုက်ကြသည်။
ခနအကြာတွင် ရှန်းရူယန်က သူမ၏လက်များကို ပွတ်လိုက်သည်။
ခွပ်...
နတ်ဆိုးများကိုဖိနှိပ်နိုင်သည့် စွမ်းရည်ပါသည့် ရွှေရောင် မိုးကြိုးက ရုတ်တရက် နှာခေါင်းကောက်သည့် နတ်ဆိုးကျင့်ကြံသူ၏ခေါင်းပေါ်တွင် ပေါ်လာခဲ့သည်။
နှာခေါင်းကောက်သည့်နတ်ဆိုးကျင့်ကြံသူ၏ မျက်စိသူငယ်အိမ်သည် ကျုံ့သွားပြီး မတတ်နိုင်ဘဲ အံ့အားသင့်စွာပြောလိုက်သည်။
"နတ်ဘုရားနတ်ဆိုးပျက်စီးမိုးကြိုး၊ မင်း..မင်း..မင်း က တကယ်ပဲ.."
ဘွန်း...
နှာခေါင်းကောက်သည့်နတ်ဆိုးကျင့်ကြံသူ၏စကားမဆုံးသေးခင်ပင်၊ရှန်းရူယန်က နှစ် ၃၀ ဂူပိတ်ကျင့်ကြံရာမှ သဘောပေါက်လာခဲ့သည့် နတ်ဘုရားနတ်ဆိုးပျက်စီးမိုးကြိုးသည် သူ၏ပတ်ပတ်လည်တွင် ပေါက်ကွဲသွားသည်။
ချက်ခြင်းပင်၊ ရွှေရောင်အလင်းက ရောယှက်ကာ နှာခေါင်းကောက်သည့်နတ်ဆိုးကျင့်ကြံသူ ထုတ်လွတ်ထားသည့် ကြီးမားသည့်နတ်ဆိုးအလံရှိနတ်ဆိုးချီက အငွေ့ပျံပျောက်ကွယ်သွားသည်။
ထိုအထဲရှိ မရေတွက်နိုင်သည့် ရန်ငြိုးဝိဉာဉ်များသည် ရှင်းလင်းသွားသည်။
အမှန်မှာ နတ်ဘုရားနတ်ဆိုးပျက်စီးမိုးကြိုးက ဆက်လက် ပေါက်ကွဲနေသည်နှင့် နတ်ဆိုးအလံ၏ မျက်နှာပြင်ကလည်း ကွဲပြားသောအရွယ်အစားများနှင့် အပေါက်များဖြစ်လာလေသည်။
"အား...."
အကြောင်းအရင်းမရှိဘဲနှင့်၊ နှာခေါင်းကောက်သည့် နတ်ဆိုးကျင့်ကြံသူက ချက်ခြင်းပါးစပ်အပြည့် သွေးများအန်ထွက်လာသည်။
ရှန်းရူယန်သုံးသည့် နတ်ဘုရားနတ်ဆိုးပျက်စီးမိုးကြိုးက သူကဲ့သို့ နတ်ဆိုးကျင့်ကြံသူအားဆန့်ကျင်ကာ သက်ရောက်မှုအား အလွန်ပြင်းသည်။
သူသည် သူ၏အင်အား ၅၀ ရာခိုင်နှုန်းကိုပင် မထုတ်နိုင်ခဲ့ပေ။
ဘွန်း...ဘွန်း..ဘွန်း...
တစ်ချိန်တည်း၌ပင်။
ကျန်းချန်းရွှမ်၏ ပုံရိပ်က ရုတ်တရက် ပေ ၅၀၀ ထိကြီးမားသွားသည်။
သူ၏နောက်တွင် နဂါး၊ ဆင်နှင့် ဧကရာဇ် ပုံရိပ်ယောင်များက တစ်ချိန်တည်း၌ ပေါ်လာခဲ့သည်။
အင်အားကြီးသော နတ်ဆိုးဖိနှိပ်သည့်ပထမနည်းလမ်းက ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်နတ်ဆိုးကို နောက်ဆုတ်စေသည်။
သူ၏အားများအကုန်သုံးထားသည့် လက်သီးတစ်ချက်နှင့် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်နတ်ဆိုး ကို ရှုံးနိမ့်သွားစေပြီး နတ်ဆိုးချီများဖုံးလွှမ်းနေသည့် ရှည်လျားသည့်ဆေဘာဓားအဖြစ်သို့ ပြန်ပြောင်းသွားခဲ့သည်။
သို့သော်လည်း ထိုအချိန်တွင် သူ၏နတ်ဆိုးဆေဘာဓားပေါ်တွင် နတ်ဆိုးမီးတောက်က အလွှာပါးပါးသာ ကျန်တော့သည်။
ဆေဘာဓားတစ်ခုလုံးသည် တုန်ရီနေကာ မြည်တမ်းနေကြသည်။
သိသာစွာပင်၊ ၎င်းသည် ပြင်းထန်စွာထိခိုက်သွားခဲ့သည်။
ထိုမြင်ကွင်းက ဝါးဦးထုပ်နှင့် ကျင့်ကြံသူ၏ မျက်စိသူငယ်အိမ်များကိုကျုံ့သွားစေကာ ထိတ်လန့်သွားစေသည်။ သူ၏ပြိုင်ဖက်နှစ်ဦးက နတ်ဆိုးကျင့်ကြံသူများကို တိုက်ခိုက်ရာတွင် ထိုကဲ့သို့ အထူးနည်းလမ်းများရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ဘွန်း..
ရွှီး...
ထိုအချိန်တွင် ကောင်းကင်ပေါ်တွင် အနက်ရောင်တိမ်တိုက်များ စုစည်းလာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည့်မိုးကြိုးများက ကခုန်နေကြသည်။
ရှန်းရူယန်က လက်ဖြင့်စည်းချ အောက်သို့ညွှန်ပြလိုက်သည်။
ဘွန်း..
ချက်ခြင်းပင်၊ ရှန်းရူယန်၏ မူလစစ်မှန်ရတနာ၊ မိုးကြိုးဆင်းကောင်းကင်ဘုံတံဆိပ်တော်က ချက်ခြင်း ကျယ်ပြောသော နတ်ဆိုးများကိုဖျက်ဆီးသည့် မိုးကြိုးများထုတ်လွတ်လိုက်သည်။
ထိုစွမ်းအား၏ကြောက်မက်ဖွယ်ကောင်းမှုနှင့် အဟုန်၏ ခမ်းနားကြီးကျယ်ခြင်းက နှိုင်းယှဉ်၍ပင်မရဘဲ တစ်သက်တာတွင် မြင်ရရန်မှာ ရှားပါးသော အရာပင်ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း၃၀ ကျော်အတွင်း မိုးကြိုးပျားအုံကျောက်တုံးကို သုံးကာ မိုးကြိုးဆင်းကောင်းကင်ဘုံတံဆိပ်တော်အား အဆင့်မြင်တင်ခဲ့ခြင်းကြောင့်လည်းဖြစ်သည်။
ထိုအချိန်တွင်၊ မိုးကြိုးဆင်းကောင်းကင်ဘုံတံဆိပ်တော်က သူမ၏မိုးကြိုးနှင့်ပက်သက်သည့် နတ်ဘုရားစွမ်းအားနှင့် နတ်ဘုရားမိုးကြိုးအမျိုးမျိုးကို ခံနိုင်ရည်ရှိသောအဆင့်သို့ ပြောင်းလဲဖြစ်ပေါ်ခဲ့ပြီဖြစ်သည်။
ထို့အပြင်၊ မိုးကြိုးဆင်းကောင်းကင်ဘုံတံဆိပ်တော်မှ မိုးကြိုးနတ်ဘုရားစွမ်းအားနှင့် မိုးကြိုးသွားအမျိုးမျိုးတို့သည်သာမန်မိုးကြိုးနှင့်လျှပ်စီးတို့ထပ်ပို၍ အင်အားကောင်းသည်။
ချက်ခြင်းနီးပါးပင်၊ နှာခေါင်းကောက်သည့်နတ်ဆိုးကျင့်ကြံသူနှင့် ဝါးဦးထုပ်နှင့်နတ်ဆိုးကျင့်ကြံသူတို့က မိုးကြိုးသွားများ၏ လွှမ်းမိုးခြင်းကို ခံလိုက်ကြရသည်။
"သေစမ်း။"
နှစ်ဦးသား၏ မျက်နှာအမူအရာများသည် တမင်မဟုတ်ဘဲ ပြောင်းလဲသွားကြသည်။
သူတို့သည် ပြန်တိုက်ခိုက်ကြမည်အချိန်တွင်၊ အစိမ်းရောင်၊ အနီရောင်၊ အဝါရောင်၊ အဖြူရောင်နှင့်အပြာရောင်အလင်းများက ရုတ်တရက် သူတို့၏ခန္ဓာကိုယ်တွင် ထွက်ပေါ်လာကြသည်။
ချက်ခြင်းပင်၊ သူတို့၏ခန္ဓာကိုယ်များမှ ဓမ္မစွမ်းအင်များက ချက်ခြင်း အားနည်းသွားသည်။
သူတို့၏ မူလအစဝိဉာဉ်ကပင် မောပန်းမှုများခံစားနေရသည်။
သေမျိုးတို့၏အာရုံအရဆိုလျှင် သုံးရက်ခန့် မအိပ်ရသေးသော သေမျိုးကဲ့သို့ ဖြစ်နေသည်။
ရလဒ်အရ၊ သူတို့ အတင်းအကြပ်ပြုလုပ်သည့်ခုခံမှုများသည် ချက်ခြင်းပင် ရှန်းရူယန်၏ မိုးကြိုးသွားများမှ ချေမွဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
"အား........."
နှစ်ဦးသားသည် မနေနိုင်ဘဲ အော်လိုက်ကြသည်။
ငွေရောင်၊ ရွှေရောင်နှင့် အပြာရောင်မိုးကြိုးသွားများက သူတို့၏ခန္ဓာကိုယ်ကို အကြီးအကျယ် ဖရိုဖရဲပျက်စီးခြင်းသို့ ဆက်လက်ရောက်ရှိစေကာ သူတို့၏ပတ်လည်ရှိ နတ်ဆိုးချီအား အငွေ့ပျံအောင်လုပ်နေသည်။
သူတို့ယူထုတ်လာသည့် နတ်ဆိုးခုခံရေးရတနာများသည်ပင် ရက်စက်စွာ ထိုးနှက်ခံနေရသည်။
"အိုး...မဟုတ်ဘူး..."
နှစ်ဦးသားသည် ကြီးမားသည့် အန္တရာယ်ကို ခံစားနေရသည်။
သူတို့က ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ထွက်ပြေးလွတ်မြောက်ရန်အတွက် ချက်ခြင်းပင် သူတို့၏အခြေတည်ဝိဉာဉ်များကို လောင်ကျွမ်းချင်နေတော့သည်။
***
စာစဉ် ၂၆ ပြီးပါပြီ။